နေထွက်လာခြင်း
Vol. 4 Ch. 50
သတိထားသည်မှာ ပိုကောင်းပေမည်။
ခနအကြာတွင် နောက်ထပ် တောင်ပြိုမှုတစ်ခု ဖြစ်လာခဲ့သော်လည်း ယခင်တစ်ခုလောက်တော့ ပြင်းထန်ခြင်း မရှိတော့ပေ။
ရှောက်ရွှမ်သည် နေမထွက်လာမချင်း ထိုနေရာမှ ထွက်မသွားချင်ခဲ့ပေ။ သို့နှင့်သူတို့နှစ်ယောက်လုံး ထိုနေရာတွင်ပင် နေထွက်လာသည်အထိ စောင့်နေခဲ့ကြသည်။ သူတို့အနေဖြင့် မှောင်နေဆဲအချိန်တွင် လမ်းကြောင်းရွေးခြင်း နေရာပြောင်းခြင်းသည် အကြံကောင်းတစ်ခု မဟုတ်ပေ။
သူတို့အနေဖြင့် ကြမ်းတမ်းသောသားရဲနှင့် နှင်းတောင်ပြိုမှုတို့ဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အချိန်အတန်ကြာ ထွက်ပြေးနေခဲ့ရသဖြင့် သူတို့ သက်တောင့်သက်သာ မနေခဲ့ရပေ။
သူတို့သည် ဆာလောင်နေခဲ့ကြပြီး ပင်ပန်းနေခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း မလိုလားအပ်သော အန္တာရယ်များကိုမူ မေ့လျော့ထား၍ မရသေးပေ။ ထို့ကြောင့်ပင် ရှောက်ရွှမ်သည် ပြသနာ ရှာထားခဲ့သည့် အားဖေးကို ရင်ထဲမှ အကြိမ်များစွာ ကျိန်ဆဲနေခဲ့ခြင်း ဖြစ်လေသည်။
အစပိုင်းတွင် သူတို့နှင့်အတူ အသားခြောက်များ ပါလာကြသေးသည်။ သို့သော်လည်း ထွက်ပြေားကြသည့်အချိန်တွင် ထိုအသားခြောက်များကို ဆုံးရှုံးလိုက်ကြရသည်။ ရှောက်ရွှမ် သူ့အိတ်ထဲသို့ ရှာကြည့်လိုက်ရာ လှံခေါင်းတစ်ခုနှင့် သေးငယ်သော ဘူးသီးခြောက်လေး တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုဘူးသီးခြောက်ထဲတွင် တောဝက်ရိုင်း၏ သွေးများ ရှိနေခဲ့ပြီး အနည်းငယ် ကျန်နေသေးသည်။ မိုင်နှင့်အခြားသူများသည် မြက်ပင် များမှ အဆီအနှစ်များကို ထိုအထဲသို့ ထည့်ထားခဲ့ကြသည်။ သို့ဆိုလျှင်သွေးများ အလွယ်တကူ ခဲသွားတော့မည် မဟုတ်ပေ။
တောက်ဝက်သွေးအနည်းငယ်ကို သောက်လိုက်ပြီး နောက် ရှောက်ရွှမ် သူ့လက်ထဲမှ ဘူးသီးခြောက်ကို မောင်ကို လှမ်းပေးလိုက်သည်။ ထိုကောင်လေးသည် သူ့ထက်ပင် ပိုဆိုးသော အခြေအနေတွင် ရှိနေခဲ့သည်။ သူ့ပစ္စည်းများ အားလုံးသည် လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီးဖြစ်သည်။ သူ့ထံတွင် လှံတိုများနှင့် ကျောက်တုံး ဓါးတစ်ချောင်းသာ ကျန်နေတော့၏။
အသားများမရှိသော်လည်း အစွယ်လေးစုံ တောဝက်ရိုင်း၏ သွေးသည် သူတို့ကို အတိုင်းအတာတစ်ခုအထိ အားဖြစ်စေသည်။ မောင် ဘေးဖက်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရှောက်ရွှမ်ကို မေးလိုက်သည် “ မိုင်နဲ့ တခြားလူတွေက ငါတို့ကို လာရှာလိမ့်မယ်လို့ မင်းထင်လား “
“ ငါလည်းမသေချာဘူး ....... “ အကယ်၍ သူတို့သည် အခြားနေရာများသို့ ရောက်နေခဲ့လျှင်၊ ဥပမာ တောင်ကြားတစ်ခုခုထဲသို့ ရောက်နေခဲ့လျှင် မိုင်နှင့် အခြားသူများသည် သူတို့၏ ခြေရာလက်ရာများကို ခြေရာခံပြီး သူတို့နောက်သို့ လိုက်လာကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် နှင်းခဲများနှင့်ရေခဲများ ဖုံးလွှမ်းနေခဲ့သဖြင့် သူတို့၏ ခြေရာလက်ရာများသည် ဖုံးလွမ်း ခံလိုက်ရပြီဖြစ်သည်။ ထို့အပြင် သူတို့သည် ဟေးစစ်ဖုန်း၏ လိုက်လံခြင်းကို လည်း ခံခဲ့ရသည်။ သူတို့သည် တည့်တည့်သွားရမည့်အစား တောင်ကိုပတ်ပြီး သွားခဲ့ကာ ဤနေရာသို့ ရောက်လာခဲ့ကြခြင်းလည်း ဖြစ်နေသည်။
ညဖက် အပူချိန်သည် နေ့ခင်းဖက်ထက် အေးစက်သည်။ သူတို့ တောင်ကို တက်လာသည့်အချိန်က နေ့လည် လောက်တွင်ဖြစ်သည်။ သို့သော်လည်း သူတို့သည် အေးစက်မှာကို ခံစားကြရပြီး ယခုတွင် ညလယ်ရောက်နေပြီဖြစ်သဖြင့် ပို၍ အေးလာခဲ့သည်။
ဖြစ်နိုင်သည်မှာ သူတို့ စွမ်အားများကို အသုံးချမှုများသွားဟန်ရသည်။ တောဝက်၏ သွေးများကို စုပ်ယူခြင်းသည် ယခင်ကထက် မြန်ဆန်နေခဲ့သည်။ မောင်သည် ဆက်တိုက်ပင် သွေးသုံးငုံခန့် သောက်ချလိုက်လေသည်။
သူတို့၏ နတ်စွမ်းအားများသည် လှည့်ပတ်နေခြင်း ရပ်တန့်သွားခြင်း မရှိပေ။ အကယ်၍ ထိုနတ်စွမ်းအင်သာ မရှိနေခဲ့လျှင် သူတို့နှစ်ယောက်လုံး အေးခဲသွားကြပြီဖြစ်သည်။ သို့ဖြစ်သောကြောင့် သူတို့နှစ်ယောက် ထိုစွမ်းအားများကိုလှည့်ပတ်နေကြရလေသည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက် အနည်းငယ်တည်ငြိမ်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း မောင်သည် ရှောက်ရွမ်ကို မည်သည့်စကား ပြောရမည်ကို မသိနေခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ရှောက်ရွှမ်နှင့် ပြဿနာအချို့ရှိခဲ့ဖူးသည်။ အစွယ်လေးစုံ တောဝက်၏ သွေးများကို သောက်လိုက်ပြီးနောက် မောင် အနည်းငယ် အိပ်ငိုက်လာခဲ့သည်။ အာရုံကြောများသည် တင်းကျပ်နေခဲ့ပြီး အဆုံးမရှိသည့် လေအေးများသည် သူ့ကို ပိုပြီးအိပ်ငိုက်စေသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အမှောင်မှလွဲပြီး မည်သည့်အရာကိုမှ မမြင်နိုင်ကြောင်း သူတို့သိလိုက်ရသည်။ ထို့နောက် မောင်သည် ရှောက်ရွှမ်ကို အမှောင်ထဲတွင် မြင်နိုင်သလောဟု မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရှောက်ရွှမ်ကို လှည့်ကြည့်လိုက်သည့်အချိန်တွင် ရှောက်ရွှမ်သည် တောဝက်သွေးများကို နောက်တစ်ငုံ သောက်နေသည်ကို မြင်လိုက်ရပြန်သည်။
ဒါက ငါးငုံမြောက်ပဲ ........။
သာမန်အားဖြင့် ဆိုလျှင် မိုင်သည် သူတို့ကို သွေး တစ်ငုံကိုသာ သောက်ခိုင်းခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုသွေးများမှ စွမ်းအားများကို သူတို့ အစာချေနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ အကယ်၍ မိုင်ကိုယ်တိုင် ပင်ပန်းနေခဲ့လျှင်ပင် သူသည် သွေး သုံးငုံခန့်ကိုသာ သောက်လေ့ရှိသည်။ ထိုအရာသည် မိုင်အတွက်ပင် အကန့်အသတ်ရှိသော အရာ ဖြစ်၏။ အကယ်၍ တစ်ကြိမ်တည်းဖြင့် စွမ်းအားများ ဆောင့်တိုးတက်လာခဲ့ပါက ထိန်းချုပ်နိုင်ရန် ခက်ခဲနိုင်ပြီး ထိန်းချုပ်မှုလွတ်သွားခဲ့လျှင် ခန္ဓာကိုယ်အတွင်းမှ ရုန်းကန်လှုပ်ရှားနေသည့် စွမ်းအားများကြောင့် ဒဏ်ရာရသွားနိုင်ပေသည်။ သို့သော်လည်း ရှောက်ရွမ်သည် ရပ်တန့်မည့်ပုံမပေါ်ပဲ သွေးများကို ဆက်သောက်နေခဲ့၏။ သူ့အပြုအမူအရ သူသည် ခြောက်ငုံမြောက် သွေးကိုပင် ဆက်သောက်မည့်ပုံ ရှိသည်။
“ မင်းအဆင်ပြေရဲ့လား .... အဲ့လောက်အများကြီး သောက်တာ အဆင်ပြေပါ့မလား “ မောင် မေးလိုက်သည်။
“ အခုလောလောဆည်တော့ အဆင်ပြေတယ် “ တောဝက်သွေးမှ စွမ်းအားများသည် အချိန်တို တစ်ခုသာ ခံသည်ကို ရှောက်ရွှမ် သိလိုက်ရသည်။ ပင်ပန်းနွမ်းနယ်မှုသည် သူ့ထံတွင် ပြန်ပြန်ဖြစ်လာနေခဲ့၏။ ထို့ကြောင့် သူ့အနေဖြင့် သွေးနောက်တစ်ငုံကို ယူသောက်နေရခြင်းဖြစ်လေသည်။ သို့သော်လည်း ရှောက်ရွှမ် မည်သည့် ဘေးထွက်ဆိုးကျိုးကိုမှ မတွေ့ခဲ့ရပေ။ သို့နှင့် သူ့ခံစားချက်အတိုင်း လိုက်လုပ်လိုက်ပြီး သွေးအငုံများစွာကို သောက်နေမိခဲ့ခြင်း ဖြစ်သည်။
မောင်သည် ဘူးတစ်ဝက်ရှိသော ဘူးထဲမှ သွေးသုံးငုံကိုသာ သောက်သုံးခဲ့သည်။ ကျန်သည့် သွေးများ အားလုံးကို ရှောက်ရွှမ် သောက်လိုက်ခြင်းဖြစ်သည်။ ဘူးသီးခြောက်ထဲတွင် တောဝက်သွေးများ မကျန်တော့သည့်အခါ မိုးကုတ်စက်ဝိုင်းတွင် ရောင်နီလင်းလာခဲ့ပြီဖြစ်သည်။
မောင်သည် ရှောက်ရွှမ်ကို သားရဲတစ်ကောင်ကို ကြည့်လိုက်သကဲ့သို့ ကြည့်နေခဲ့သည်။ သူသည် ရှောက်ရွှမ် ထိုမျှများပြားသော တောဝက်သွေးများကို သောက်သုံးလိုက်ပြီး သာမန်အခြေအနေတွင်သာ ရှိနေသေးသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ ပို၍ပင် ကျန်းမာသန်စွမ်းနေဟန် ရသည်။
အကယ်၍ သူသာ မျိုးနွယ်စုမှ လူများကို ပြောပြခဲ့လျှင် မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
“ ငါတို့သွားကြတော့မလား “ မောင် မေးလိုက်သည်။
နှင်းခဲများ ကျဆင်းနေမှုရပ်တန့်သွားခဲ့သည်မှာ ကြာနေပြီဖြစ်သည်။ ထို့အပြင် ရောင်နီထွက်လာပြီလည်း ဖြစ်သဖြင့် အပူချိန်သည် တဖြေးဖြေး ပြန်တက်လာခဲ့လေပြီ။ နေထွက်လာသည့်အချိန်တွင် သူတို့ ၏ နတ်စွမ်းအားများကို လှည့်ပတ်နေရန် မလိုအပ်တော့ပေ။
“ ခနလောက် ထပ်စောင့်လိုက်ရအောင် “ ရှောက်ရွှမ် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
တိမ်များသည် အနည်းငယ်ကျဲပါးနေပြီး ရှောက်ရွှမ် တိမ်များကို ကြည့်နေခဲ့သည်။ ထို့အပြင် အဝေးတစ်နေရာရှိ တောင်ထွတ်များကိုလည်း မြင်နေရပြီဖြစ်သည်။ နောက်ဆုံးတွင် နေထွက်လာခဲ့ပြီဖြစ်ပြီး အေးစက်သော လေညင်းများ အနည်းငယ် သက်သာသွားလေပြီ။
သူတို့၏ ဒူးခေါင်းများ အထိ နှင်းများ နှစ်မြုပ်နေခဲ့သည်။ သူတို့၏ မြင်ကွင်း တစ်လျှောက်တွင်လည်း ဖြူဖွေးသော နှင်းများကိုသာ မြင်နေခဲ့ရသည်။ ကောင်းကင်နှင့် မြေကြီးတို့သည် အတူတကွ ပူးပေါင်းသွားဟန် ရသည်။ တောင်ထိပ်မှ အောက်သို့ငုံ့ကြည့်လိုက်လျှင် အောက်ဖက်ရှိကမ္ဘာကြီးသည် မြူခိုးများကြားတွင် နှစ်မြုပ်နေသည်ကို မြင်တွေ့နိုင်သည်။
တစ်စုံတစ်ယောက်သည် အဖြူရောင် ကမ္ဘာကြီးထဲတွင် လမ်းပျောက်နေသည်ဟု ခံစားရသည်အထိ နေရာတိုင်း နှင်းများသာ ရှိနေခဲ့သည်။
တောင်တန်းများကြားမှ တောင်တန်းတစ်ခုကို ရှောက်ရွှမ် လှမ်းကြည့်လိုက်သည်။ တောင်ပေါ်မှ ကြည့်လိုက်ခြင်းဖြစ်သည့်အတွက် မိုင်ထောင်ပေါင်းများစွာတွင် ရှိနေသည့် တောင်ထွတ်များစွာကို မြင်နိုင်ပေသည်။
“ ဒီနေရာက ဘာများလဲ “ မောင်သည် ထူးဆန်းသည့် ရှုခင်းကို ကြည့်လိုက်ပြီး မေးလိုက်သည်။ သူရောက်နေသည့်နေရာကို သူသိပါသည်။ သို့သော်လည်း ယခုတွင် အနီးပတ်ဝန်းကျင်မြင်ကွင်းသည် ကြီးစွာ ပြောင်းလဲနေခဲ့လေပြီ။ သူမြင်နေရသည့် အရာများကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိပဲ ဖြစ်နေရလေ၏။
သူတို့ထွက်ပြေးနေကြစဉ်က အဝေးသို့ မရောက်ဟုပင် ထင်နေခဲ့ကြသည်။ သို့သော် ယခုလက်ရှိ အခြေအနေကိုကြည့်လျှင် သူတို့ထင်သကဲ့သို့ မဟုတ်နေပေ။ သူတို့အနေဖြင့် ဤနေရာတွင် အချိန်အတန်ကြသည်အထိ နေနိုင်ကြလိမ့်မည် မဟုတ်ပေ။ ရှောက်ရွှမ် တောင်အောက်သို့ အရင်ပြန်ဆင်းရန် စဉ်းစားလိုက်သည်။ အနည်းဆုံး သူတို့အနေဖြင့် နွေးထွေးမှုကို ခံစားရမည် ဖြစ်သည်။
သူ့နှလုံးသားထဲတွင်မူ ရှောက်ရွှမ်သည် လောင်ခဲ့ပေးထားခဲ့သည့် အစွယ်သွား ဓါးကို သတိရနေဆဲဖြစ်သည်။ သူသည် လောင်ခဲ့၏ ရှေ့တွင် ထိုဓါးကို သေချာဂရုစိုက်မည် ဖြစ်ကြောင်းကို ကတိပေးခဲ့သေးသည်။ သို့သော် ယခုတွင် ဓါးမရှိတော့ပေ။
သူတို့ တောင်အောက်ဆီသို့ ပြန်ဆင်းလိုက်ကြသည်။ သို့နှင့် မြူများကို ဖြတ်သန်းလာခဲ့ပြီး တောင်ခြေ ဒေသရှုခင်းများ သူတို့၏ မြင်ကွင်းထဲ ပေါ်လာခဲ့၏။
ထိုတောင်တန်းများ အကြားတွင် နှင်းများ သာ ဖုံးလွှမ်းနေခဲ့ပြီး သစ်ပင် စားပင်များ ပေါက်ရောက်ခြင်း မရှိပေ။ သို့သော်လည်း တောင်အောက်ဒေသမှ ရှုခင်းများမှာမူ သီးပင်စားပင်များ သစ်ပင်များ ရှိနေခဲ့သည်။
ဤအရာသည် လုံးဝမတူညီသည့် သီးခြားကမ္ဘာနှစ်ခုသာ ဖြစ်လေသည်။
အချိန်အတန်ကြာ လမ်းလျှောက်လာခဲ့ကြပြီးနောက် နေရောင်အောက်တွင် အရည်ပျော်နေသည့် နှင်းခဲ အလွှာများကို မြင်တွေ့လိုက်ရသည်။ ထိုနှင်းများ၏ အောက်တွင် ..... အမဲရောင် အကြေးခွံများ ရှိနေလေသည်.......။
ထိုးစိုက်နေခဲ့သော ဓါးကညွှန်ပြနေသည်မှာ ထိုအရာသည် ဟေးစစ်ဖုန်းသာ ဖြစ်သည်ဟု ညွှန်ပြနေခဲ့လေသည်။
နှင်းခဲများ အရည်ပျော်မှုကြောင့် ရေများ စီးဆင်းနေခဲ့ပြီး ထိုအထဲတွင် အနီရောင် တစွန်းတစကို တွေ့နိုင်၏။ ရှောက်ရွှမ် အနီးကပ်ကြည့်လိုက်သည့်အချိန်တွင် ဓါးသည် ယခင် သုံးပုံတစ်ပုံသာ စိုက်ဝင်နေခဲ့ရာမှ ယခုတွင် တစ်ဝက်ကျော်ခန့် စိုက်ဝင်နေသည်ကို တွေ့လိုက်ရလေသည်။ ဓါးအနီးတဝိုက်တွင် အေးခဲနေသည့် သွေးများကို တွေ့ရ၏။
ဟေးစစ်ဖုန်း စိတ်လှုပ်ရှားသည့် အချိန်တွင် ဆူးချွန်များနှင့် အကြေးခွံများ ထောင်မတ်လာတတ်ပြီး ထိုအရာသည် ခမ်းနားသည့် မြင်ကွင်းတစ်ခုဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုဆူးချွန်များသည် လှုပ်ရှားခြင်း မရှိကြတော့ပေ။
မောင်ကို မလှုပ်ရှားရန် ညွှန်ပြလိုက်ပြီးနောက် ရှောက်ရွှမ် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူမျက်လုံး ပြန်ဖွင့်လိုက်သည့်အချိန်တွင် သူ့အမြင်တွင် ကြီးမားသည့် အရိုးစုကြီးကို တွေ့မြင်နေရပြီဖြစ်သည်။ မနေ့ကနှင့်မတူသည်မှာကြီးမားသည့် သားရဲကြီးထံတွင် ကျိုးနေသော အရိုးအချို့ကို တွေ့နေရခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ၎င်းသည် တစ်စုံတစ်ခုနှင့်ပြင်းထန်စွာ ရိုက်မိခဲ့ပုံပေါ်သည်။ အကယ်၍ ၎င်းသာ အသက်ရှိနေသေးလျှင်လည်း ပြင်းထန်စွာ ဒဏ်ရာရနေ ခဲ့ပြီဖြစ်သည်။ ဓါးသည် ဦးခေါင်း ခွံအတွင်းနက်ရှိုင်းသည့်နေရာတွင် စိုက်ဝင်နေဆဲဖြစ်သည်။
အကယ်၍ ဓါးကြောင့်သာမဟုတ်ခဲ့လျှင် ရှောက်ရွှမ် တုံ့ဆိုင်းနေခြင်း မရှိပဲ တောင်အောက်သို့ ပြန်ဆင်းပြေးပြီဖြစ်သည်။ ဟေးစစ်ဖုန်း အသက်ရှိနေသေးသလော၊ မရှိတော့လောဟု သူပြန်စစ်ဆေးဖြစ်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ၎င်းသာ အသက်ရှိနေသေးလျှင် ရှောက်ရွှမ်၏ လက်ရှိအခြေအနေအရ ၎င်းကို ရင်ဆိုင်နိုင်မည့် ယုံကြည်ချက်များ မရှိနေပေ။
ရှောက်ရွမ်း ဘေးနားမှ နှင်းများကို စုစည်းလိုက်ပြီး နှင်းဘောလုံးတစ်ခုကို ပြုလုပ်လိုက်လေသည်။ ထို့နောက် နှင်းဘောလုံးကို ဓါးထံ ရည်ရွယ်ပြီး ပစ်လိုက်သည်။
ဓါး တုန်ယင်သွားသည်။ သို့သော်လည်း ကြမ်းတမ်းသော သားရဲကြီးသည် လှုပ်ရှားလာခြင်း မရှိပေ။
အကြိမ်အနည်းငယ် စစ်ဆေးလိုက်ပြီးနောက် ရှောက်ရွှမ် နောက်ဆုံးတွင် အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ ထိုကြမ်းတမ်းသော သားရဲကြီး အစာကွင်းဆက် ထိပ်ဆုံးတွင် ရှိနေသည့် သားရဲကြီးသည် နောက်ဆုံးတွင် အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။