← Chapters

ရှီရှူနှင့်ချေးပိုးထိုးများ

Vol. 23 Ch. 340

ရှီရှူနှင့်ချေးပိုးထိုးများ

Vol. 23 Ch. 340

အခြေအနေမှာ ရှီရှူမျှော်လင့်ထားသည်ထက် ပိုဆိုးနေသည်။ ရှီရှူကိုကြည့်လိုက်လျှင် လူအများကို အထက်စီးက ဆက်ဆံနိုင်သော လူတစ်ယောက် ဖြစ်ကြောင်းသိနိုင်သည်။ ကြုံတွေ့ခဲ့ရသော အခြေအနေများကိုလည်း ထိန်းသိမ်းနိုင်ခဲ့သော လူတစ်ယောက် ဖြစ်သည်။ သို့သော် အခုအခြေအနေကို မြင်လိုက်ရသောအခါ ရှီရှူတုန်လှုပ်သွားသည်။ အခုလိုအခြေအနေမျိုးကို သူ့အနေနှင့် အခုမှ ကြုံတွေ့ဖူးခြင်းဖြစ်သည်။

ရှောက်ရွှမ်၏ မျက်နှာပေးကတော့ မထုံတတ်တေးပင်။ ရှောက်ရွှမ်၏ မျက်နှာတွင် ခံစားချက်များ မဖော်ပြသော်လည်း သူ၏နှလုံးခုန်သံကတော့ ကျယ်လောင်လာသည်။

ကျွန်ပြုခြင်းဥပဒေသအတိုင်း ကျွန်ပြုလိုက်သော ချေးပိုးထိုးတစ်ကောင်က အခုလို ဖြစ်လာ

မည်ဟု ရှောက်ရွှမ်မျှော်လင့်မထားပါ။ ထိုချေးပိုးထိုးလေးသည် သားရဲမြို့တော်တွင် နေခဲ့စဉ်က သူနှင့် မျိုးတူချေးပိုးထိုးလေးများနှင့် မိတ်ဆွေဖွဲ့ခဲ့သည်။ အခုတော့ ထိုချေးပိုးထိုးလေးသည် ချေးပိုးထိုးတပ်မတော်ကြီးတစ်ခုကို ဦးဆောင်လာပြီ ဖြစ်သည်။

သားရဲကြီး၂ကောင်သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ ခလောက်မြွေကြီးသည် သူ့ပေါ်တက်လာသော ချေးပိုးထိုးများကို ခါချပစ်နေသည်။ သဲထဲမှ နောက်ထပ်ချေးပိုးထိုးများ ထွက်ပေါ်လာပါသည်။ ၎င်းတို့သည် သားရဲကြီးများကို ကြောက်ရမှန်းလည်းမသိပါ။ သားရဲကြီးများလည်း ပိုးကောင်များကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသည်။

ဝတ်ရုံခြုံထားသောသူသည် စုရုံးရောက်ရှိလာသော ချေးပိုးထိုးများကို ကြည့်နေပါသည်။ သူမသည် သတ္တိကောင်းသူတစ်ယောက် ဖြစ်ပါက၊ ချေးပိုးထိုးတပ်မတော်၏ တန်ဖိုးကို ချီးကျူးမိ

မည်ဖြစ်သည်။ သို့သော် အခုတော့ သူမ စိတ်တွေလှုပ်ရှားနေပါသည်။ သူမသည် ကြောက်ကြောက်နှင့် ချေးပိုးထိုးများကို ခြေထောက်နှင့်လိုက်ကန်နေ၏။ ထို့နောက် သူမ၏သားရဲကြီး ကျောပေါ်တွင် တက်နေသော ချေးပိုးထိုးများကို ဖယ်ရှားရန် ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ထို့နောက်သည် သူမသည် သားရဲကြီး၏ကျောကုန်းပေါ်သို့ ခုန်တက်လိုက်သည်။ သူမ မတ်တပ်ရပ်ခဲ့သော နေရာကတော့၊ အချိန်ခဏအတွင်း ချေးပိုးထိုးများနှင့် ပြည့်နှက်သွားသည်။

နန်းတော်ကြီး တုန်ခါသွားလောက်အောင် ပြင်းထန်သော သားရဲကြီး၏ ခွာပေါက်ချက်များသည်အခုအချိန်တွင် အသုံးမဝင်ပါ။ မြေကြီးအောက်မှ ထွက်လာသော ပိုးကောင်များသည် ခွာနှင့်ပေါက်သတ်ခံရခြင်းကို ကြောက်ရမည်မှန်းမသိပါ။

ရှီရှူသည် တလိပ်လိပ်တက်လာသော ချေး

ပိုးထိုးများကြည့်ရင်း၊ အကြံတစ်ခုရလိုက်သည်။ ရှီရှုသည် သူ့အိတ်ထဲမှ အသားခြောက်တစ်ဖတ်ကို ဆွဲထုတ်လိုက်သည်။ ခရီးဝေးသွားလျှင် စားလို့ရအောင် စီမံထားသော အသားခြောက် ဖြစ်သည်။

ရှောက်ရွှမ်တို့စားသော အသားခြောက်များနှင့် သူစားသော အသားခြောက်မှာ မတူပါ။ သူ့အသားခြောက်မှာ အသားကို အပြားလုပ်ထား၍ လိပ်ထားခြင်းဖြစ်သည်။

ရှီရှူသည် အသားခြောက်လိပ်ကို ဖြည်လိုက်ပြီး လက်ဝါးအရွယ်ခန့် တစ်ဖဲ့ဖဲ့ကာ ချေးပိုးထိုးများဆီသို့ ပစ်ပေးလိုက်သည်။

အသားပြားလေးမှာ မြွေကြီးနှင့် မီတာ၂၀အကွာလောက် နေရာတွင် ပြုတ်ကျသွားသည်။

ထိုအခါ တည်ငြိမ်နေသော ချေးပိုးထိုးအုပ်ကြီးမှာ လှိုင်းထသွားပြီး အသားခြောက်ရှိရာသို့ သွား

ကြလေသည်။

ချေးပိုးထိုးလှိုင်းကြီး အသားခြောက်ရှိရာသွားသည်ကို ကြည့်ရင်း ရှီရှူတစ်ယောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ သူသည် ချေးပိုးထိုးများထွက်ပေါ်လာသော ကြောင့် စိတ်ပူနေဆဲဖြစ်သည်။ ချေးပိုးထိုးအုပ်ကြီးကို ထိန်းချုပ်နိုင်မည် ဆိုပါက ထိုချေးပိုးထိုးများ အသီးအရွက်စားသလား၊အသားစားသလား စိတ်ပူနေစရာ မလိုပါ။ သူသည် ထိုကဲ့သို့ ချေးပိုးထိုးများကို ကျောက်သင်္ချိုင်း မြို့တော်တွင် မြင်ဖူးခဲ့ပေသည်။ သို့သော် အခုလို ချေးပိုးထိုးများနှင့် ရင်ဆိုင်ရခြင်းကတော့ သူကံဆိုခြင်းပင်။

ထိုချေးပိုးထိုးများသည် အသားစားသတ္တဝါများ ဖြစ်ကြသည်။

သားရဲကြီးတစ်ကောင်ကို ထိုချေးပိုးအုပ်အလယ်သို့ ချပေးလိုက်ပါက အချိန်ခဏအတွင်း ရှီရှူချပေးလိုက်သော အသားစလိုဖြစ်သွားမည် ဖြစ်သည်။ စဉ်းစားကြည့်ရုံနှင့် ကျောချမ်းစရာ

ကောင်းလှပေသည်။

အသားစလေးတစ်စနှင့် ချေးပိုးထိုးအုပ်ကြီးမှာမကျေနပ်နိုင်ပါ။ ထို့ကြောင့် ချေးပိုးထိုးများမှာ ပို၍ လှုပ်လှုပ်ရွရွဖြစ်လာပြီး ပိုကြောက်ဖို့ကောင်းလာသည်။

တိုက်ခိုက်ရန် အမိန့်ကို စောင့်နေရင်း၊ ချေးပိုးထိုးများသည် သားရဲကြီး ၂ကောင်နားတွင် လှည့်ပတ်နေသည်။ ဆာလောင်နေသော သရဲတစ္ဆေများ အစာကို လှည့်ပတ်ချောင်းမြောင်းနေသည်နှင့်ပင် တူနေပါသည်။ သူတို့သာ စကားပြောတတ်မည်ဆိုပါက “ ကျွန်တော်တို့ မစောင့်နိုင်တော့ဘူး အရှင်…ညီနောင်တို့ရေ…စားလိုက်ကြစို့ဟေ့” ဟုပြောနေမည်သာ။

ဝတ်ရုံကို ခြုံထားသော သူ၏ ဓားကိုင်ထားသော လက်မှာ အနည်းငယ်တုန်လှုပ်နေသည်။ သဲကန္တာရထဲခရီးသွားခဲ့စဉ်က လူများသည် အန္တရာယ်ရှိသော ကန္တာရ သားရဲကြီးများနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ကြသည်။ သူမကျ

တော့ ကန္တာရထဲမှ အကောင်အသေးလေးများကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ အုံလိုက်ကျင်းလိုက်နှင့်ဆိုလျှင် ပို၍ကြောက်စရာ ကောင်းပါသေးသည်။ သူမသည် အကြားအမြင်ဗဟုသုတနှင့် ပြည့်စုံသူတစ်ယောက် ဖြစ်သော်လည်း ထိုကဲ့သို့ ချေးပိုးထိုးအုပ်ကြီးကိုတော့ မမြင်ဖူးပါ။

သူတို့နှင့် စိတ်ချင်းဆက်သွယ်ပြီး စကားပြောကြည့်မလား။

အဓိပ္ပါယ်မရှိပေ။

ဘာပြောပြော အသုံးဝင်မည် မဟုတ်ပါ။ ထိုချေးပိုးထိုးများတွင် လူစကားကို နားလည်နိုင်သည့် ဥာဏ်ရည်မရှိပေ။

သင်တတ်နိုင်သော အရာဟူ၍ ချေးပိုးထိုးများ၏ ခေါင်းဆောင်နှင့် ညှိနှိုင်းရန်သာ ရှိသည်။

ဝတ်ရုံခြုံထားသောလူသည် ချေးပိုးထိုးအုပ်ကို ကြည့်လိုက်ပြီးနောက် ရှောက်ရွှမ်ကို လှမ်းကြည့်

လိုက်သည်။ နောက်ဆုံးတွင်တော့ ရှောက်ရွှမ် ခြေရင်းမှ အပြာရောင် ချေးပိုးထိုးကို ကြည့်နေပါသည်။

သူ့တွင် လေးနှင့်မြားသာ ရှိနေသေးပြီး၊ ထိုအပြာရောင်ချေးပိုးထိုးကို မြားနှင့်ပစ်လိုက်မည်ဆိုလျှင် အခြေအနေပြောင်းလဲသွားမည်လား။

သူမထိုအတွေးကို တွေးနေစဉ်တွင် ရှောက်ရွှမ်က သူမကို လှမ်းကြည့်သည်။

ရှောက်ရွှမ်၏ အမြင်တွင်တော့ ဝတ်ရုံခြုံထားသောသူသည် ရှီရှူကို လှမ်းကြည့်လိုက်သည်။ ရှီရှူက ခေါင်းခါပြသည်ကို မြင်မှ သူမသည် မြားနှင့်ပစ်မည့် အကြံကို လက်လျော့လိုက်ခြင်း ဖြစ်သည်။

ရှောက်ရွှမ်က သူတို့ကို မျက်ခြည်မပြတ် အကဲခတ်နေသည်။ သူမမြားနှင့် ပစ်ခြင်းမအောင်မြင်လျှင် ထိုချာတိတ်က သူတို့၂ယောက်လုံးကို သတ်သွားနိုင်၏။ သူမ မနေ

နှင့် တကိုယ်တော်လှုပ်ရှားခြင်းမျိုး မပြုလုပ်လိုပေ။

“သားသတ်ရုံကြီးမှာ အဓိကရုဏ်းဖြစ်အောင် လုပ်တာ မင်းလား” ရှီရှူက တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။

ထိုနေ့က သားရဲကြီးများကို ထိန်းသိမ်းထားသော နေရာတွင် အနက်ရောင် ချေးပိုးထိုးတစ်ကောင်ကို လူအတော်များများတွေ့လိုက်ကြသည်။ သို့သော် အားလုံးက ပေါ့ပေါ့တန်တန်ပင် သဘောထားကြသည်။ လူများ၏ အမြင်တွင် ထိုချေးပိုးထိုးလေးတစ်ကောင်မှာ အရေးစိုက်လောက်စရာ မဟုတ်ပေ။

ရှောက်ရွှမ်က ငြင်းလည်း မငြင်း၊ ဝန်လည်းမခံပါ။ “ခင်ဗျားကျတော့ အပြစ်မရှိတဲ့လူကျနေတာပဲ…ပြောနေလိုက်တာ…ကန္တာရစစ်ပွဲဖြစ်တာ ခင်ဗျားကြောင့် ဖြစ်တာဗျ…ပိုင်ရှီမြို့တော်ဘုရင်ကို လုပ်ကြံဖို့ လူလွှတ်လိုက်တာ ခင်ဗျား မဟုတ်လား” ရှောက်ရွှမ်က မေးလိုက်သည်။

ရှီရှူ ရယ်လိုက်သည်။ သူသည်လည်း စွပ်စွဲမှုကို ငြင်းလည်းမငြင်းသလို၊ ဝန်လည်းမခံပါ။

“ထားလိုက်ပါတော့…ဒီနေ့လာတဲ့ကိစ္စကိုပဲ ပြောရအောင်…မင်းမှာ အဲဒီလို အစွမ်းမျိုးရှိမယ်လို့ ငါထင်မထားဘူး…ဒါပေမဲ့ နောင်တချိန်မင်းငါ့ကိုလာရှာချင်ရင် ကျောက်သင်္ချိုင်းမြို့တော်ကိုလာခဲ့ပါ” ရှီရှူသည် ရှောက်ရွှမ်ကို ပြောရင်း မြို့တော်တံဆိပ်နှိပ်ထားသော ရွှေရောင်ကတ်ပြားလေးတစ်ခုကို ပစ်ပေးလိုက်သည်။

နဂိုတုန်းကတော့ ရှီရှူသည် ထိုကတ်ပြားကို ပေးမည် မဟုတ်ပါ။ သို့သော် အခြေအနေများက သူမျှော်လင့်ထားသည်ထက် ပိုဆိုးနေသည်။ ထို့ကြောင့် ရှီရှူသည် စိတ်ပြောင်းလဲသွားပြီး ရှောက်ရွှမ်ကို ကူညီရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရှောက်ရွှမ်က ရှီရှူပစ်ပေးလိုက်သော ကတ်ပြားလေးကို ဖမ်းလိုက်သည် “ ကျုပ်မှာခင်ဗျားကို လာရှာစရာ အကြောင်းမရှိပါဘူး…ဒီကကိစ္စတွေ ပြီး

ရင် ကျုပ်က မျိုးနွယ်စုဆီကို ပြန်မှာ…ခင်ဗျားတို့ ကန္တာရစစ်ပွဲတွေထဲမှာ ကျုပ်ဝင်မပါချင်ဘူး…”

ရှီရှူက “တောက်ယွီဘာဖြစ်လို့ ကျွန်ဖြစ်မယ့်လမ်းကို ရွေးခဲ့လဲ သိလား…မျိုးနွယ်စုဝင်တွေကိုကော ဘာလို့အထင်သေးလဲ သိလား” ဟုမေးလိုက်သည်။

ရှောက်ရွှမ်က “ ကျုပ်သိတာကတော့ တောက်ယွီဆိုတာ သစ္စာဖောက်ပဲ…သတ်ကိုသတ်ပစ်ရမယ်”ဟုသာ ပြန်ပြောလိုက်ပြီး ရှီရှူဆက်ပြောမည့် စကားကို စောင့်နေလိုက်သည်။

ရှီရှူက ချေးပိုးထိုးများကြောင့် ဂဏှာမငြိမ်ဖြစ်နေသော သူ၏ ခလောက်မြွေကြီးကို စုတ်သပ်ရင်း ချော့မြူနေသည်။ “ဘာလို့လဲဆိုတော့ ကျွန်ပိုင်ရှင်တွေက အင်အားပိုကြီးလာပြီး မျိုးနွယ်စုတွေက ပျောက်ကွယ်သွားတော့မှာ မလို့ပဲ”

ရှောက်ရွှမ်ကတော့ မယုံပေ “အဓိပ္ပါယ်မရှိတာ” မည်သည့်မျိုးနွယ်စုဝင်မဆို ထိုစကားကို

ကြားလိုက်လျှင် ဒေါသထွက်သွားမည်သာ ဖြစ်သည်။

“ငါမင်းကို ညာနေတာ မဟုတ်ဘူး…မျိုးနွယ်စုတွေ အားနည်းလာတာကို မင်းမသိဘူးဆိုတာတော့ ငါမယုံဘူး…နောက်ပြီးတော့ မျိုးနွယ်စုတွေရဲ့ တချို့စွမ်းရည်တွေ ပျောက်ကွယ်ကုန်ပြီ မဟုတ်လား”

ထိုစကားကိုကြားသောအခါ ရှောက်ရွှမ်သည် မိုးမျိုးနွယ်စုကို အမှတ်ရသွားသည်။ ယန်ဆွေ့က‌ ပြောဖူးသည်။ သူတို့ မျိုးနွယ်စုနတ်ဆေးဆရာသည် အခုအချိန်တွင် မိုးခေါ်နိုင်သေးသော်လည်း နောင်တချိန်တွင် ထိုအစွမ်းသည် ပျောက်ကွယ်သွားလိမ့်မည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

ရှောက်ရွှမ်၏ အမူအရာ ပြောင်းလဲသွားသည်ကို တွေ့သောအခါ ရှီရှူပြုံးလိုက်ပြီး “တကယ်တော့ အဲဒီအချက်တွေကို သတိပြုမိတဲ့လူတွေရှိပါတယ်…ထုတ်သာမပြောရဲတာပါ”

ရှောက်ရွှမ် ဘာမှမပြောပေ။ ရှီရှူက ဆက်ပြော

လာ၏။

“မင်းတို့မျိုးနွယ်စုဝင်တွေ ဥာဏ်မရှိဘူး…ဒါပေမဲ့ အဲဒါကို ဝန်မခံချင်ကြဘူး…ခေါင်းမာတယ်…ရှေးရိုးစွဲဆန်တယ်...ဥာဏ်မရှိဘူး…အချိန်ကြာလာလေ မျိုးနွယ်စုတွေရဲ့ အခြေအနေပိုဆိုးလေ ဖြစ်နေတာကို မသိကြဘူး…နည်းနည်းပါးနပ်တာဆိုလို မီးတောက်ဦးချိုမျိုးနွယ်စု ပဲရှိတယ်…ဒါတောင် တစ်ဝက်ကပဲ ဥာဏ်ရှိတာ…နောက်တစ်ဝက်ကတော့ ပျက်စီးမှာပဲ”

ရှောက်ရွှမ်သည် ရှီရှူကို ကြည့်နေလိုက်သည်။ ရှီရှူပြောသော ပါးနပ်သောတစ်ဝက်ဆိုသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ဝက်ကို ပြောခြင်းလား။ သူပြောသည့် ပါးနပ်သော တစ်ဝက်ဆိုသည်မှာ ယနေ့ခေတ်တွေ့မြင်နေရသော မီးတောက်ဦးချိုမျိုးနွယ်စုကို ပြောခြင်းလား။ ဖြစ်နိုင်သည်မှာ တစ်ခုသာရှိပါသည်…မီးတောက်ဦးချိုအဖွဲ့သည် လွန်ခဲ့သော နှစ်၁၀၀၀က ၂ပိုင်းကွဲသွားပြီး၊ ကျန်သော တစ်ဝက်အကြောင်းကို အခုထိသူတို့မသိရသေးပေ။

သူနှင့် အတူနေသော မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများသည်လည်း ထုံထိုင်းအနသူများ ဖြစ်သည်ဟု အားရွှမ် တွေးလိုက်မိသည်။

All Chapters