အခွံကွဲလာခြင်း
Vol. 6 Ch. 85
သူတို့မျိုးနွယ်စုကို ပြန်ရောက်လို့ ဓားသန့်စင်ခြင်း အခမ်းအနားပြီးတဲ့အခါ စစ်သည်တော်တွေအကုန်လုံးက တောင်ပေါ်ကဆင်းကာ သူတို့အိမ်ကို ပြန်သွားကြလေသည်။ ရှောက်ရွှမ် အများအပြားမသတ်နိုင်ခဲ့လေရာ သူအကုန်လုံးကိုသယ်ပြီးတောင်ပေါ်ကချက်ချင်းဆင်းလာလေသည်။
နတ်ဆေးဆရာက အဆင့်မြင့်အဖွဲ့ယူလာတဲ့ အစိမ်းရောင်သူခိုးပင်ကိုလုံးဝအာရုံရောက်နေသည့်အတွက် ရှောက်ရွှမ်ကိုစကားပြောဖို့ ဆွဲမထားတော့ပေ။ သို့ပေမဲ့ ဓားသန့်စင်ခြင်းအခမ်းအနားပြီးတုန်းကတော့ နတ်ဆေးဆရာက ရှောက်ရွှမ်ကိုနောက်ရက်ကျမှ စကားပြောဖို့တစ်ယောက်ယောက်နှင့် ဖိတ်လိုက်မည့်အကြောင်း ပြောလာသည်။
ဒီတစ်ခေါက် အဆင့်မြင့်အဖွဲ့ အမဲလိုက်လာခဲ့တဲ့
သားရဲများမှာ အရင်ကထက်နည်းကာ အရည်အသွေးလည်းသိပ်မကောင်းပါပေ ။ သို့သော် သူတို့အောင်မြင်မှုကအကြီးဆုံးဖြစ်သည်။ ကံမကောင်းတာက အစိမ်းရောင်သူခိုးပင်အကြောင်းကို ပွင့်ပွင့်လင်းလင်းမပြောနိုင်ကြခြင်းဖြစ်ပြီး မျိုးနွယ်စုထဲက လူအနည်းငယ်ကသာ ထိုအကြောင်းကိုသိကြလေသည်။
ထို့ပြင် မျိုးနွယ်စုထဲက ရာထူးရာခံအမြင့်ပိုင်းများနဲ့ အထောက်အပံ့ကြီးကြီးပေးကြတဲ့သူများကသာ ဒီကိစ္စကိုသိကြလေသည်။ လူအများစုက ထိုအကြောင်းကိုမသိကြပဲ သူတို့က ဒီတစ်ခေါက် အဆင့်မြင့်အဖွဲ့က ကြီးမားသည့်အောင်မြင်မှု ရခဲ့သည်ဆိုတာသာ သိကြသည်။
သာမန်လူအများစုကလည်း အဆင့်မြင့်အဖွဲ့ရလာတဲ့အောင်မြင်မှုအကြောင်းကို အသေးစိတ် စပ်စုလိုခြင်းမရှိပေ။ ဒီလူတွေက သူတို့မိသားစုနဲ့မိတ်ဆွေတွေရလာတဲ့အမဲကိုသာစိတ်ဝင်စားကြပြီး ၎င်းကလည်းသူတို့ပြောနေကျ အတင်း
များ၏ခေါင်းစဥ်တစ်ခုထက်မပိုပါပေ။
ပထမက လူအတော်များများက အဆင့်မြင့်အဖွဲ့ရဲ့ပုံစံကြောင့် သိချင်စိတ်များပြင်းပြနေသော်လည်း သူတို့အိမ်ပြန်ရောက်ပြီး သူတို့ရတဲ့အမဲတွေကိုခွဲဝေရင်း အလုပ်ရှုပ်နေကြသည့်အတွက် ထိုအကြောင်းကိုစိတ်မဝင်စားတော့ပါပေ။
ရှောက်ရွှမ် က အသားတွေကို သူ့အိမ်မှာဝင်ထားပြီးတဲ့နောက် လောင်ခဲ့အိမ်ကို ဥနှင့်အသားတချို့ယူကာ အမြန်ပြေးလာသည်။
ရှောက်ရွှမ် တောင်တစ်လျှောက်ဆင်းလာရင်း မိုင်နှင့်လန်ကာ့တို့ကိုလည်း ငှက်ဥနည်းနည်းပို့ပေးခဲ့သေးသည်။ သူ သစ်တောထဲမှာတုန်းက ဥများကို အဝစားခဲ့ပြီးဖြစ်သော်လည်း သူသိမ်းပြီးယူလာခဲ့ရခြင်းမှာ အခြားသူများကို အရသာ မြည်းစမ်းကြည့်ချင်စေလိုသည့်အတွက်ဖြစ်သည်။ သူက အစိမ်းရောင်သစ်တောက ရတဲ့ဥက အခြားနေရာကဥတွေနဲ့ ဘာတွေကွာခြားသလဲ ၊ ဆေးဖက်ဝင်ရဲ့လားကိုသိချင်မိလေသည်။
လောင်ခဲ့အခန်းထဲမှာ ရှောက်ရွှမ်က ဒီခရီးရဲ့အောင်မြင်မှုအကြောင်းကို မြင်သာအောင်ပြောပြနေသည်။ ပြန်ပြောလို့ မရသည့်အကြောင်းများလည်းရှိလေရာ ရှောက်ရွှမ်က အဲ့တာတွေအစား သူထောင်ခြောက်ဆင်ခဲ့တဲ့ အဖြူရောင်အမွေးများအကြောင်းကိုအသေးစိတ်ပြောပြနေသည်။
" အဖြူရောင်အမွေးတွေက အဖြူရောင်ကြိုးရှည်ကြီးဖြစ်အောင် ရက်လို့ရတယ် ၊ ပြီးတော့ ထောင်ခြောက်လုပ်ဖို့လည်း အရမ်းသင့်တော်တယ်၊ အကြာကြီး သုံးလို့မရတာတော့ နှမြောစရာပဲ ၊ ကျွန်တော်ပထမကတော့ တစ်ချက် ကြည့်လို့ရအောင်နည်းနည်းလောက် ယူလာခဲ့ချင်တာ ၊ ဒါပေမဲ့ အကုန်လုံးလမ်းမှာသုံးပစ်လိုက်ရတယ် ၊
ကျွန်တော်တို့ပြသာနာတွေလည်းကြုံရသေးတယ် ၊ ပြီးတော့ ထောင်ခြောက်ဆင်ပြီးနောက်ပိုင်း သုံးပြီးသားကြိုးများက စ ပျက်ဆီးလာတာ၊ ရက်နည်းနည်းလောက်ကြာတော့ သူ့ရုန်းကန်နိုင်စွမ်း
လည်းပျောက်သွားရောလေ တစ်ချက်လောက်ဆွဲလိုက်ရုံနဲ့တင် သူက ပြတ်ထွက်သွားတာ။ ကျွန်တော်တို့မျိုးနွယ်စုဆီ ပြန်ရောက်တဲ့အချိန်ကျ အကုန်လုံး အစိတ်စိတ်အမြွာမြွာ ဖြစ်သွားတယ်။"
ရှောက်ရွှမ် ရှင်းပြတဲ့အချို့စကားလုံးအသုံးအနှုန်းများက လောင်ခဲ့အတွက်စိမ်းနေသော်လည်း သူ အဓိပ္ပါယ်ကိုမှန်းဆကြည့်နိုင်သည့်အတွက် ရှောက်ရွှမ် စကားများကိုသူနားလည်လေသည်။
" အဲဒါ ဆိုးတာပဲ "
လောင်ခဲ့ကပြောလေသည်။ ကုန်ကြမ်းကောင်းများ မရှိခြင်းကလည်း ထောင်ခြောက်ဆင်သည့်စွမ်းရည်ကို လက်ဆင့်ကမ်းဖို့ရာ ခက်ခဲရခြင်း၏ အကြောင်းတစ်ခုလည်းဖြစ်သည်။
" တစ်ယောက်ယောက်ကသာ ဒါတွေတစ်ခုလုံးပြန်ယူလို့ရမယ့်နည်းလမ်းကိုသိရင်ကောင်းမှာပဲ "
ရှောက်ရွှမ်ကပြောလေသည်။ လောင်ခဲ့ကတော့ သူ့ခေါင်းကိုခါလိုက်သည်။
" မင်းကိုယ်မင်းအရမ်းဖိအားမပေးပါနဲ့ "
လောင်ခဲ့အတွက်ကတော့ သူလိုချင်တာက ဒီစွမ်းရည်တွေနဲ့သင့်တော်မည့်တစ်ယောက်ယောက်ကို သူ့အနေနဲ့လက်ဆင့်ကမ်းပေးချင်ရုံပင် ဖြစ်သည်။ ယခု သူ ရှောက်ရွှမ်ကို သူ့အလုပ်သင်အဖြစ်ရရှိထားလေရာ သူနောင်တမရတော့ပါပေ ။ ထို့ထက်ပိုတာက ရှောက်ရွှမ်ကအဆင့်မြင့်အဖွဲ့နဲ့အတူတွဲပါသွားပြီး ဘေးကင်းကင်းပြန်လာခဲ့လေရာ သူ့ကံစွမ်း၊ညဏ်စွမ်းကိုစိတ်ချထားနိုင်ပေသည်။
"ဒါနဲ့ ဒါဘာဥတွေလဲ " လောင်ခဲ့က ရှောက်ရွှမ် အိုးထဲကိုထည့်လိုက်တဲ့ ဥတွေကိုကြည့်ပြီးမေးလိုက်သည်။
" ကျွန်တော် တောထဲကနေယူလာတာ ၊ အဆင့်မြင့်အဖွဲ့ကလူတွေကတော့ ဒါကိုတစ်ခါတလေစား
တတ်ကြလို့ ကျွန်တော်လည်း ယူလာလိုက်တာ "
ရှောက်ရွှမ်အဖြေကိုကြားရတဲ့အခါ လောင်ခဲ့ကဘာမှထပ်မမေးတော့။ ရှောက်ရွှမ်က ဒါကအဆင့်မြင့်အဖွဲ့မှာစားတဲ့အရာလို့ပြောကတည်းက ကောင်းတာတစ်ခုခုပင်ဖြစ်ပေလိမ့်မည်။
ရှောက်ရွှမ် က သူ့အတွက် သုံးလုံးချန်ထားပြီး ကျန်တာကို လောင်ခဲ့ကို ပေးလိုက်လေသည် ။ လောင်ခဲ့အိမ်မှာ ညစာစားပြီးတဲ့နောက် သူက ဆီဆာကို သူ့တဲလေးကို ပြန်ခေါ်သွားသည်။
နေမဝင်ခင်မှာ ရှောက်ရွှမ်က ပထမက သူပြန်ယူလာတဲ့ အသားများနဲ့ ကျွေးဖို့စီစဥ်ထားခဲ့သည်။
အခန်းထဲမှာ ကျောက်အိုးထား ထားသည်။ မီးမွေးပြီးတဲ့နောက်မှာ ရှောက်ရွှမ်က ကျန်နေတဲ့ဥသုံးဥကိုကျောက်အိုးထဲကို ထည့်လိုက်သည်။ သူက ဥတွေကို ခွဲကာ မိဘမဲ့ဂူကို ယူမသွားခင်မှာ အရင်ချက်ပြုတ်သွားချင်သည်။
ရှောက်ရွှမ်က အိုးထဲကို ဥတွေပစ်ထည့်ပြီးတဲ့နောက် အာရုံမထားတော့ဘဲ အသားများကို တဲ အပြင်မှ ပြန်သိမ်းလိုက်လေသည်။ မဟုတ်ပါက ညပျံလွှားများက မှောင်သွားတဲ့အခါ ပြသာနာလာရှာနိုင်လေသည်။
ဆီဆာက သူ့လက်သည်းတွေကြားက အရိုးကိုဝါးနေရင်း တံခါးအပြင်ဘက်မှာဝပ်နေလေသည် ။ ရုတ်တရက် သူ့နားများက လှုပ်ရှားသွားပြီး ကျောက်အိုးအထဲဘက်ကိုလှည့်ကြည့်လိုက်သည်။ သူသေချာနားထောင်ပြီးတဲ့နောက် သူက အထဲကိုကြည့်ဖို့ကျောက်အိုးဆီ ပြေးလာခဲ့သည်။
အိုးထဲမှာ ဥ သုံးလုံးရှိနေပြီး တစ်ခုစီက ရှောက်ရွှမ် လက်သီးစုပ်မျှ ရှိသည်။ သူတို့က ရှောက်ရွှမ် ရသမျှထဲ အကြီးဆုံးလည်းမဟုတ် ၊ အသေးဆုံးလုံးမဟုတ် သလို အကွက်ပေါင်းစုံ ဆုံးလည်းမဟုတ်ပေ။ သူတို့က အရောင်တော့မတူကြပေ။
ဆီဆာက ကျောက်အိုးကို ကြည့်နေတာကို သတိမထားခင်က ရှောက်ရွှမ်က အသားတွေကို ဆား
ရေစိမ်ဖို့ရာအတွက် ကျောက်ခွက်ကြီးထဲသို့ထည့်နေလေသည်။
" ဘာတွေ ကြည့်နေတာလဲ "
ရှောက်ရွှမ်က ကျောက်အိုးဆီသွားကာ အထဲကိုငုံ့ကြည့်လိုက်သည်။
အထဲမှာ ဥတစ်လုံးက အခွံများအက်ကွဲကာ တုန်ခါနေသည်ကိုတွေ့လိုက်ရသည်။
သောက်ကျိုးနည်း
ရှောက်ရွှမ်ကလက်လှမ်းကာ ကွဲနေတဲ့ဥကို ကျောက်အိုးထဲကို ထုတ်လိုက်ပြီး သူ့လက်ဖဝါးထဲဂရုတစိုက်ကိုင်ကာ စစ်ကြည့်နေသည်။
စောစောက အခွံပေါ်မှာ အက်ရာတစ်ခုသာရှိလေသည်။ ကံကောင်းထောက်မစွာပင် ရှောက်ရွှမ်က အမြန်ဆယ်လိုက်တဲ့အတွက် အထဲကိုတော့ ရေမ
ဝင်သွားပါပေ ။ ဥခွံပေါ်က အက်ရာကကြီးသထက်ကြီးလာပြီး အထဲကနေ ကျီကျီကျာကျာ အသံလေးများကိုကြားနိုင်လေသည်။
အကောင်ပေါက်လေးက ဥခွံထဲကနေထွက်လာတော့မည်မှာအသိသာပင်။ ကျောက်အိုးထဲကို ပြန်ကြည့်ပြီး ရှောက်ရွှမ် သူ့အခြားလက်တဖက်နဲ့ အခြားဥနှစ်လုံးကိုပါ အပြင်ထုတ်လိုက်သည်။
ကံကောင်းထောက်မစွာနဲ့ ကျောက်အိုးက အခုမှတင်ထားသည့်အတွက် ရေကအရမ်းမပူသေးရာ မဟုတ်ပါက ငှက်ပေါက်ကလေးများသာ အိုးထဲမှာနည်းနည်းထပ်ကြာရင် ကျက်ပြီးသားဖြစ်သွားနိုင်လေသည်။ ရှောက်ရွှမ် ပြန်ယူလာတဲ့ဘယ်ဥကမှ ဒီလိုအခြေအနေဖြစ်မလာခဲ့ပေ ။ သူအများကြီးစားခဲ့သည်တွင် သန္ဓေသားလေးများပင်မတွေ့ဖူးပါပေ ။
ဥတွေလိုက်ကောက်တုန်းက ရှောက်ရွှမ်က ခဲ့ခဲ့စည်းကမ်းကိုနားထောင်ပြီး အခိုးခံရတာ မကြာသေးပုံပေါက်တဲ့ဥများကိုသာ ကောက်ခဲ့လေ
သည်။ သဘာဝအားဖြင့် ထိုအထဲတွင် ငှက်ပေါက်ကလေးများ မရှိတတ်ပေ ။ ၎င်းက ခဲ့ခဲ့အတွေ့အကြုံပင်ဖြစ်သည်။ ခဲ့ခဲ့က နွေးထွေးတဲ့နှလုံးသားရှိ၍တော့မဟုတ်ပါပေ ။ အစိမ်းရောင်တောထဲမှာ မီးမွေးဖို့ရာ သိပ်အဆင်မပြေလေရာ ခဲ့ခဲ့က ငှက်ပေါက်လေးများကို အစိမ်းစားရမှာ မကြိုက်သည့်အတွက်ဖြစ်ပါသည်။
အခိုးခံရတာမကြာသေးတဲ့ငှက်ဥများက အခြားဥများထက်ပိုသန့်ကြလေပြီး အခိုးခံရတာကြာတဲ့ဥများကတော့ သူတို့အခွံပေါ်မှာ ကုတ်ရာ၊ ခြစ်ရာများရှိတတ်လေသည်။ ဥခိုးငှက်များက သန့်ရှင်းမှုကိုဂရုမစိုက်တတ်ကြပေ ။ သူတို့အသိုက်များက အကြမ်းထည်ဖြစ်ကာရိုးရှင်းလေသည်။ ငှက်ချေးများကလည်း မကြာခဏ အပေါ်အသိုက်ကနေ အောက်အသိုက်ထဲသို့ပြုတ်ပြုတ်ကျတတ်လေသည်။ ဥများအား တစ်ခုပြီးတစ်ခု လှုပ်ကြည့်မယ့်အစား ရှောက်ရွှမ်က သန့်တဲ့ဥများကိုသာ ရွေးချယ်ခဲ့လေသည်။
ထို့ပြင် ထိုအခြေအနေမှာ အထဲတွင် ငှက်ပေါက်
ကလေးများ ရှိခြင်းမရှိခြင်းက အရေးမကြီးပါပေ။ ခဲ့ခဲ့ပြောသလိုပင် စားရတာမကြိုက်ရင် လွှင့်ပစ်နိုင်လေသည်။ အရင်ကတော့ ရှောက်ရွှမ်က သန္ဓေသားဖြစ်တည်နေတဲ့ ဥများကိုပင် မတွေ့ခဲ့ရပေ ။ သူ့မှာအခု ဒီလိုရှိမယ်လို့ ဘယ်သူသိပါ့မလဲ ။
တိရိစ္ဆာန်အနည်းငယ်ကိုသားရေခွာထားသည့်အတွက် ရှောက်ရွှမ် လက်မှာသွေးများရှိနေလေသည်။ ဥပေါ်ကအက်ရာက ပိုကြီးလာကာ ကျီကျီကျာကျာ အသံများကလည်းပိုကျယ်လာသည်။ ရှောက်ရွှမ်ကသူ့လက်ထဲက ဥလေးရဲ့လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်လေသည်။ အကောင်ပေါက်လေးသာအသက်ရှင်ရင် သူက ကြက်တစ်ကောင်ကဲ့သို့မွေးထားလိုက်မည်။ ကြက်များကဲ့သို့ ဥ ဥမည်လား သူမသိပေမဲ့ စ်တနှစ်အတွင်းကြီးလာရင်သူစားပစ်လို့ရသည့်အတွက် ပြသာနာတော့မရှိပေ ။
ဥအခွံလေးက အဝေးကိုတွန်းပို့ခံရပြီး အထဲက ငှက်ပေါက်ကလေးက တဖြည်းဖြည်းပုံပေါ်လာလေသည်။ ရှောက်ရွှမ် အရင်ဘဝကမြင်ဖူးတဲ့
အကောင်ပေါက်လေးများနဲ့တော့ မတူပါပေ ။ အကောင်ပေါက်လေးတစ်ကိုယ်လူံးက စိုရွှဲနေကာ သူ့မျက်လုံးကလည်းပိတ်ထားလေသည်။
မြန်မြန်အရွယ်ရောက်တဲ့အကောင်ပေါက် နှင့် အရွက်ရောက်နှေးတဲ့အကောင်ပေါက်ဆိုပြီး နှစ်မျိုးရှိလေသည်။ မြန်မြန်အရွယ်ရောက်တဲ့အကောင်ပေါက်များက သူတို့အခွံကနေထွက်လာလျှင် မျက်လုံးဖွင့်နိုင်ကြလေသည်။ သူ့ကိုယ်ကိုလည်းအမွေးနုများနဲ့ဖုံးလွှမ်းနေကာ လျှောက်သွားနိုင်ပြီး အစားကိုလည်း ကိုယ့်အားကိုယ်ကိုးကာစားနိုင်သည်။ သို့သော် အရွယ်ရောက်နှေးတဲ့အကောင်များက မွေးပြီးပြီးချင်းမျက်လုံးမဖွင့်နိုင်ဘဲ အမွေးနုများလည်းနည်းနည်းသာရှိလေသည်။ သူကိုယ်တိုင်စားရမည့်အစား မိဘများကကျွေးမွေးရတတ်လေသည်။
ရှောက်ရွှမ် လက်ထဲက အကောင်ကတော့ အရွယ်ရောက်နှေးသည့်အမျိုးအစားဖြစ်ပုံရလေသည်။ ရှောက်ရွှမ်က ငှက်နှုတ်သီးလေးကို သူ့လက်နဲ့စမ်းသပ်ကြည့်လေရာ အသားစားသည့်
နှုတ်သီးမှန်းသိလေသည်။
ရှောက်ရွှမ်ရဲ့လက်က သွေးနံ့က သူ့အာရုံကြောများကို လှုံ့ဆော်လိုက်ပုံရသည်။ ငှက်ပေါက်လေးက ပါးစပ်အကျယ်ကြီးဟကာ ရှောက်ရွှမ်လက်ဖဝါးကို တို့ဆိတ်နေလေသည်။ ရှောက်ရွှမ် လက်ကိုအစာဟုထင်မှတ်ပြီး မျိုချလို့မရတာကိုသိသွားလေသည်။
ရှောက်ရွှမ်ကပတ်ပတ်လည်ကိုကြည့်ကာ သားရေနဲ့လုပ်ထားတဲ့ အခင်းအဟောင်းကြီးကို ထုတ်ပြီး ကျောက်စားပွဲပေါ်တင်လိုက်လေသည်။ သူက အကောင်ပေါက်လေးကို အခင်းပေါ်တင်လိုက်ပြီး ဆားမနယ်ရသေးတဲ့ အသားပိုင်းလေးကိုယူလာလေသည်။ သူက လှီးလိုက်ကာ အမျှင်လေးဖြစ်သွားအောင်နွှာလိုက်ပြီး သစ်ကိုင်းခြောက်အရှည်လေးနှစ်ခုနဲ့ကိုင်ပြီး ငှက်နှုတ်သီးလေးထဲကို ထည့်ပေးလိုက်သည်။
အသားပိုင်းလေးက ရှောက်ရွှမ် လိုက်ခဲ့တဲ့အထဲမှာ အားအနည်းဆုံးတိရိစ္ဆာန်ဆီမှဖြစ်သော်လည်း
အရမ်းတော့အားမနည်းပါပေ ။ ရှောက်ရွှမ်က အကောင်ပေါက်လေးက အသားထဲမှာပါတဲ့စွမ်းအင်ကို စားသုံးနိုင်ပါ့မလားကိုလည်းသေချာမသိချေ။
မထင်ထားပဲငှက်ပေါက်လေးက အသားစကိုချက်ချင်းမြိုချကာ နှူတ်သီးကိုထပ်ဟပြီး အစာထပ်တောင်းနေလေသည်။
အဆင်ပြေပုံရသည်။
သူ့နှုတ်သီးကိုပိတ်ကာ ချက်ချင်းအိပ်မပျော်သွားခင်အထိ ရှောက်ရွှမ်ကသူ့ကိုအစာဆက်ကျွေးနေလေသည်။ ရှောက်ရွှမ်က သားရေအခင်းပေါ်က ငြိမ်နေတဲ့အကောင်ပေါက်ကိုကြည့်ပြီး ကျန်ဥနှစ်လုံးကိုလည်း သူ့နား နားကပ်ပြီးနားထောင်ကြည့်လိုက်သည်။ ဘာသံမှမကြားရသည့်အတွက် ကျောက်အိုးထဲကို ပြန်ထည့်ကာချက်ပြုတ်လိုက်လေသည်။
ငှက်ပေါက်လေးအတွက် ရှောက်ရွှမ် ခေါင်းယမ်း
လိုက်သည်။ အချက်မခံရခင် သူ့ဥခွံကွဲသွားလို့ ကံကောင်းကာအချက်မခံရခြင်းဖြစ်ကာ အချက်ခံရနီးနီးဖြစ်ခဲ့လေသည်။