← Chapters

ကမ္ဘာပေါ်က အလှပဆုံးသော စကားလုံး

Vol. 1 Ch. 8

ကမ္ဘာပေါ်က အလှပဆုံးသော စကားလုံး

Vol. 1 Ch. 8

ဤတစ်ကြိမ်တွင် ရှောက်ရွှမ် ဆွဲယူလိုက်သည့် ငါးကြီးသည် ပထမအကြိမ်မှငါးထက် ပို၍ကြီးမားနေခဲ့သည်။ သို့သော် ရှောက်ရွှမ်သည် ထိုငါးကြီးကို စစ်သည်တော်များ၏ အကူအညီကို မယူပဲ သူကိုယ်တိုင် ကျောက်တုံး ဓါးတိုလေးဖြင့် သတ်ဖြတ်လိုက်လေသည်။ မည်သို့ပင် ဖြစ်စေ ငါးသည် ရေမရှိပဲနှင့် ကြာရှည်အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

ငါးကို သစ်ပင်ပေါ်တွင် ကြိုးဖြင့်ချိတ်ဆွဲ ထားလိုက်ပြီး ရှောက်ရွှမ် ယခင်က ငါးအသေးကို ယူလိုက်သည်။

သူ့ဘေးပတ်လည်ကို ကြည့်လိုက်ချိန်တွင် သူ့ကိုကြည့်နေခဲ့သည့် စစ်သည်တော နှစ်ဦးကို မြင်တွေ့လိုက်ရသည်။ သို့နှင့် သူသူတို့နှစ်ယောက်ကို လက်ဝှေ့ယမ်း ပြလိုက်လေသည်။

စစ်သည်တော်နှစ်ယောက်တို့သည် သူတို့၏ ကင်းစောင့်သည့်နေရာဆီသို့ ပြန်ရောက်နေခဲ့ကြပြီ ဖြစ်သည်။ သို့သော် သူတို့သည့် သိလိုစိတ်ဖြင့် ရှောက်ရွှမ်ဆီသို့ ပြန်လာခဲ့ကြသည်။

“ မင်းဘာတွေလုပ်နေတာလဲ အားရွှမ် .... ။ မင်းက ဒီငါးကို စားမလို့လား။ မင်းငါတို့ရဲ့ အကူအညီကို လိုအပ်သေးလား “ စစ်သည်တော် တစ်ဦး မေးလိုက်၏။

သူတို့သည် ငါးများကဲ့သို့သော သတ္တဝါများကို ကြောက်တတ်ကြပေသည်။ ငါးသည်သေဆုံးနေပြီးသား ဖြစ်သဖြင့် အစောင့်သည် ကြောက်ရွံ့နေခြင်း မရှိတော့ပေ။ သူတို့၏ စိတ်ထဲတွင် စပ်စုလိုစိတ်များသာ ကျန်ရှိနေခဲ့သည်။

“ ငါမင်းကို ကူညီပေးမယ် “ အခြားစစ်သည်တော်တစ်ဦး ရှေ့သို့ထွက်လာခဲ့ပြီး ငါးကို ကိုင်ဆွဲလိုက်သည်။ သူသည် သူ၏ ကျောက်တုံးဓါးကို အသုံးပြုလိုက်ပြီး ငါးကို ရင်ခွဲလိုက်ကာ အတွင်းမှ ကလီစာများကို ထုတ်ယူရန် ပြင်လိုက်သည်။ ထိုအချိန်တွင် သူသည် သူ၏ အဖော်ဖြစ်သူနှင့် ဆွေးနွေးနေခဲ့လေသည်။

“ ဝိုး..... ဒါတွေက အူတွေများလား.... တိုတိုလေးပဲ .... “

“ ဒါကအစာအိမ်လား .... “

“ မဟုတ်ဘူး.... ဒါက အစာအိမ်မဟုတ်ဘူး..... ဒါကမှ အစာအိမ်..... ငါသေချာတယ် “

“ သတိထား.... အဲ့ဒါ ဘာလဲ...... အဲ့ဒါကို မကွဲစေနဲ့..... အဆိပ်ရှိချင် ရှိနေမှာ.... “

“ သူ့ရဲ့နှလုံးကကော ဘယ်မှာလဲ ..... ။ မင်းဓါးကို ဟိုဖက်တိုးကြည့်..... အား မင်းက ဒီနေရာမှာ သိပ်မတော်ဘူးပဲ.... ငါမင်းကိုလုပ်ပြမယ်...... မင်းသွေးမပေအောင် လက်တွေကို သတိထား.... “

စစ်သည်တော်များသည် တက်ကြွစွာပင် ဆွေးနွေးနေခဲ့ကြသည်။ ရှောက်ရွှမ်သည် ဘေးတွင်သာ မတ်တပ်ရပ်နေလိုက်ပြီး ဆွံ့အစွာဖြင့် ကြည့်နေမိလေသည်။

သူတို့က တကယ်ပဲ အမဲလိုက် စစ်သည်တော်တွေကော ဟုတ်ရဲ့လားဟ...........။ သူတို့က မှုခင်း ဆရာဝန်တွေလို လုပ်နေကြတာ.......။

သူတို့ကို ကြည့်ရတာ ခန္ဓာဗေဒ ကျောင်းသားတွေ ကျနေတာပဲ .....။

သူတို့မည်သို့ပင် လုပ်ဆောင်နေကြသည်ဖြစ်စေ....... သူတို့သည် ခန္ဓာဗေဒတွင် ပါရမီပါသူများ ဖြစ်ကြကြောင်း သိသာနေခဲ့သည်။ သူတို့အနေဖြင့် ငါးတစ်ကောင်ကို အမဲဖျက်ခြင်း သည် ပထမဆုံးသော အကြိမ်ဖြစ်သော်လည်း သူတို့သည် အလျင်အမြန်နှင့် သန့်သန့်ရှင်းရှင်းလုပ်နိုင်ကြလေသည်။ သူတို့ အမဲဖျက်နေကြစဉ်တွင် ရှောက်ရွှမ်ကို အမဲလိုက်ရာတွင် မည်သည်များကို လုပ်ရမည်၊ မည်သည်တို့ကို ရှောင်ကျဉ််ရမည် ဆိုသည့် အချက်များကို သင်ကြားပေးနေခဲ့ကြသည်။ အချို့သော သတ္တဝါများ၏ အူများသည် အဆိပ်ရှိတတ်ပြီး အချို့သော သတ္တဝါများ၏ ခန္ဓာကိုယ်များထဲတွင် အဆိပ်အိတ်များ ပါရှိနေတတ်သည်။ အချို့သော သတ္တဝါများမှာမူ ကိုယ်တွင်း အင်္ဂါများသည် အရသာရှိနေတတ်ကြသည်။ ထိုအချက်ကို သိသည့် လူများသည် စားရမည့် သတ္တဝါနှင့် မစားရမည့် သတ္တဝါတို့ကို ခွဲခြားတတ်မှ သာဖြစ်ပေမည်။

မကြာမီတွင် ငါးတစ်ကောင်လုံးသည် ခွဲစိတ်ပြီးသား ဖြစ်သွားခဲ့ပြီး ၎င်း၏ အတွင်းအင်္ဂါများနှင့် အူများကို သန့်ရှင်းရေးလုပ်ပြီးသား ဖြစ်သွားခဲ့သည်။

“ စားလို့ရနိုင်တဲ့ အပိုင်းတောင် သိပ်မကျန်တော့ဘူး။ ကံကောင်းတာက ငါးက တော်တော်လေး ကြီးနေတာပဲ “ စစ်သည်တော်သည် သူ့ဓါးတွင် ပေပွနေသည့် သွေးများကို သုတ်လိုက်ပြီး ပြောလိုက်လေသည်။

မည်သူမှ ရေအနားတွင် မနေချင်ကြတော့သဖြင့် သူတို့သည် သစ်ရွက်များဖြင့်သာ ငါးထံမှ သွေးများကို သုပ်လိုက်ကြလေသည်။ ထို့နောက်တွင် သစ်ရွက်များဖြင့်ပင် ငါး၏ အတွင်းကလီစာများကို ထုပ်ပိုးလိုက်ပြီး မြေကြီးထဲတွင် မြုပ်ထားလိုက်သည်။ မဟုတ်လျှင် ငါးသွေးနံ့သည် မလိုလားအပ်သည့် အန္တရာယ်များကို ဖိတ်ခေါ်မိမည်ကို သူတို့ စိတ်ပူနေခဲ့ကြသည်။ ထို့အပြင် သွေးညီနံ့ကို အာရုံံခံနိုင်စွမ်းမြင့်မားသည့် သတ္တဝါများစွာ ရှိနေပေသည်။ သူတို့သည် ရှောက်ရွှမ်ကို နောက်တစ်ကြိမ်အမဲလိုက်ခဲ့လျှင် ထိုကဲ့သို့သာ လုပ်‌ဆောင်ရန် သင်ပေးလိုက်ကြသည်။

မီးဖို ဖိုသည့် ကိရိယာများသည် ရှောက်ရွှမ်ထင်ထားသလောက် ရှေးကျနေခြင်း မရှိကြပေ။ ထိုအရာသည် အမျိုးအမည် မသိရသည့် အမှုန့်တမျိုးသာ ဖြစ်လေသည်။ မျိုးနွယ်စု စစ်သည်တော်များသည် ထိုအမှုန့်များကို သယ်ဆောင်နိုင်ခွင့် ရှိကြလေသည်။ ထို့နောက် တွင် စစ်သည်တော် တစ်ယောက်သည် ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် ဇွန်းတစ်ချောင်း ကိုထုတ်ယူလိုက်ပြီး အမှုန့်များကို ဇွန်းထဲထည့်လိုက်ကာ ကြိတ်ချေလိုက်သည်။ ထိုအခါတွင် မီးတောက် တစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုမီးတောက်နေသည့် ဇွန်းဖြင့် ကိုယ် မီးမွေးလိုသည့် အရာကို တို့ထိလိုက်ယုံသာ ဖြစ်သည်။

လိုဏ်ဂူထဲသို့ အစားအသောက် လာပို့ပေးတတ်သည့် ကော သည် ထိုဇွန်းနှင့် အမှုန့်များဖြင့် မီးမွှေးသည်ကို တွေ့လိုက်ရစဉ်က ရှောက်ရွှမ် အတော်လေး အံ့သြသင့်ခဲ့ရသည်။ သူသည် အးက မျိုးနွယ်စုမှ လူများ မီးမွေးရန်အတွက် ကျောက်တုံးများကို ထုခြင်း၊ သစ်ကိုင်းခြောက်များကို ပွတ်တိုက်ခြင်း တို့ကို ပြုလုပ်လိမ့်မည်ဟု တွေးထင်ခဲ့မိသည်။ သူ့အနေဖြင့် သူတို့ ထိုသို့ သက်တောင့်သက်သာရှိသည့် ကိရိယာ တစ်ခုကို အသုံးပြုတတ်လိမ့်မည် ဟု မထင်ထားခဲ့ပေ။ သို့သော် မျိုးနွယ်စုမှ လူများထဲတွင် မျိုးနွယ်စု စစ်သည်တော်များသာ ထိုမီးမွှေးသည့် အမှုန့်များကို ရရှိနိုင်ခြင်းဖြစ်သည်။

တစ်ခါတစ်ရံတွင် ရှောက်ရွှမ်သည် မျိုးနွယ်စုမှ လူများကို ကြည့်ပြီး ဒွိဟများ ဖြစ်နေခဲ့မိသည်။ သူတို့၏ အရည်အချင်း များသည် သူတို့၏ တိုးတက်ခြင်း နှင့် တိုက်ရိုက်မပတ်သက်နေသောကြောင့် သူ့အတွက် ဇဝေဇဝါ ဖြစ်နေစေခဲ့သည်။

ရှောက်ရွှမ်အနေဖြင့် ယခုတွင်တော့ ထိုအကြောင်းများကို တွေးနေခြင်း မရှိတော့ပေ။

စစ်သည်တော်တစ်ဦးသည် ကင်ထားသည့် ငါးကင်ကို စားကြည့်လိုက်ပြီး စား၍ရမရ စမ်းသပ်ကြည့်လိုက်သည်။ သို့နှင့် လူသုံးယောက်နှင့် ဝံပုလွေတစ်ကောင်သည် ငါးကင်တစ်‌ကောင်ကို ဝေမျှ စားသုံးလိုက်ကြလေသည်။ စစ်သည်တော်နှစ်ယောက်တို့သည့် ထိုမျှသော ငါးလောက်မျှဖြင့် ဗိုက်ပြည့်လိမ့်မည် မဟုတ်ပေ။ ဆီဆာမှာမူ မီးဖြင့် ချက်ပြုတ်ထားသည့် အစားအသောက်များကို ကြိုက်နှစ်သက်ခြင်း မရှိလှပေ။ ထို့ကြောင့် ဆီဆာသည် အနည်းငယ်သာ စားသုံးလိုက်လေသည်။ ရှောက်ရွှမ် တစ်ဦးတည်းသာ ငါးကို အရသာခံပြီး စားနေနိုင်ခြင်း ဖြစ်သည်။

စားသောက်ပြီးနောက်တွင် စစ်သည်တော်နှစ်ယောက်တို့သည် ငါး၏ အရိုးများကို တိုက်ပွဲအောင် အထိမ်းအမှတ်အဖြစ် တောင်းယူသွားကြလေသည်။ သူတို့သည် သူတို့၏ အမဲလိုက်အဖွဲ့ကို ပြန်ကြွားရန်အတွက် ငါးအရိုးများကို တောင်းယူခြင်းဖြစ်ကြောင်းကို ရှောက်ရွှမ် သိနေခဲ့သည်။

ထို့နောက်တွင် စစ်သည်တော်နှစ်ယောက်တို့သည် သူတို့ကင်းစောင့်ရမည့် တာဝန်နေရာဆီသို့ ပြန်သွားလိုက်ကြလေသည်။ ရှောက်ရွှမ်သည်လည်း လက်တစ်ဖက်တွင် ကျန်သည့် ငါးတစ်ကေဦင်ကို ကိုင်လိုက်ပြီး ဆီဆာကို ခေါ်လိုက်ကာ လိုဏ်ဂူဆီသို့ ပြန်သွားလိုက်သည်။

ကောင်းကင်သည် မှောင်မဲနေခဲ့ပြီ ဖြစ်ကာ လိုဏ်ဂူထဲမှ ကလေးတချို့သည်ပင်လျင် အိပ်မောကျနေခဲ့ကြပြီ ဖြစ်သည်။ သို့သော် အချို့သော ကလေးများသည် ရှောက်ရွှမ်ပြန်လာမည်ကို စောင့်နေခဲ့ကြလေသည်။

ညနေတိုင်းတွင် ‘ကော ‘သည် မီးပုံတစ်ခုကို လိုဏ်ဂူထဲတွင် ဖိုပေးခဲ့တတ်သည်။ ထိုမီးပုံသည် ကလေးများ နွေးထွေးစေရန်နှင့် အစားအသောက်များကို ချက်ပြုတ်နိုင်ရန်အတွက် ဖြစ်သည်။ ကူသည် သူမအိပ်မှီတွင် ထိုမီးပုံကို စောင့်ကြပ်ရသည့် တာဝန်ရှိခဲ့သည်။ အနာဂတ်တွင် ရှောက်ရွှမ်သည် ထိုမီးပုံကို တာဝန်ယူ ရလိမ့်မည် ဖြစ်သည်။

ဝင်ပေါက်တွင် ရပ်နေလိုက်ပြီးနောက် ရှောက်ရွှမ် ဆီဆာကို ငါးကိုကိုက်ချီခိုင်းထားလိုက်ကာ အသက်ဝဝရှုလိုက်လေသည်။

သူဝင်လာသည့်အခါတွင် နှိုးနေကြသော အသက်ကြီးကြသည့် ကလေးများသည် မီးပုံဘေးတွင် တစ်စုံတစ်ခုကို တွေးတောနေကြသည်ကို တွေ့လိုက်ရလေ၏။ ရှောက်ရွှမ် ဝင်သွဦးသည်နှင့် မျက်လုံးများသည် ရှောက်ရွှမ်ကိုသာ ကြည့်နေခဲ့ကြလေသည်။ ရှောက်ရွမ်သည် သူတို့၏ အမုန်းတရာများကို ခံစားမိနေခဲ့သည်။ သူတို့သည် သူတို့လိုချင်နေခဲ့သည့် နေရာကို ရှောက်ရွှမ် ယူသွဦးသဖြင့် မကျေမနပ် ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။

ခြေလှမ်း အနည်းငယ် လျှောက်လိုက်ပြီးနောက်တွင် ဝင်ပေါက်နှင့် သိပ်မဝေးသည့် နေရာတွင် ရှိနေသည့် ကျောက်တုံးအမြင့်တစ်ခုပေါ်သို့ သူတက်လိုက်သည်။ ထိုနေရာသည် လိုဏ်ဂူတစ်ခုလုံးတွင် အမြင့်ဆုံးသောနေရာဖြစ်ပြီး ဂူထဲမှာ အရာအားလုံးကို ကောင်းစွာ မြင်နိုင်သည့် နေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာသည် ကူအစားအသောက်များကို ဖြန့်ဝေပေးသည့် နေရာလည်း ဖြစ်သည်။

အသက်ကြီးကြသော ကလေးများ ချည်းကပ်လာခဲ့ကြသည်။ ရှောက်ရွှမ် သူတို့ကို ကြည့်လိုက်ပြီး လက်ခုပ်တီးလိုက်သည်။ “ ထကြတော့ လူတိုင်းပဲ ..... မင်းတို့အိပ်ပျော်နေတာ မဟုတ်ဘူး ဆိုရင် ထကြ “

အလွန်အမင်း အိပ်မောကျနေကြသည့် လူများမှလွဲလျှင် ဂူအတွင်း မှလူများသည် တဖြေးဖြေး ချည်းကပ်လာခဲ့ကြလေသည်။

ကလေးအများစု ရောက်လာပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည့်အချိန်တွင် ရှောက်ရွှမ် စတင်ပြီး စကားပြောလိုက်သည်။ အထူးသဖြင့်သူသည် ရှေ့ဆုံးတွင် ရှိနေခဲ့ကြသည့် အသက်ကြီးသည့် ကလေးများကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ “ ငါက ခူ နေရာမှာ အစားဝင်ရတာကို မင်းတို့မကျေမနပ်ဖြစ်နေကြတယ် ဆိုတာကို ငါသိတယ်။ မင်းတို့ငါ့ကို ဆွဲချချင်နေကြတယ် ဆိုတာကိုလည်း ငါသိတယ်။ မင်းတို့ ခူ ရဲ့ နေရာကို လိုချင်ရင် ရတယ်နော်။ မင်းတို့မအိပ်ပဲ ငါ့ကိုစောင့်နေကြတာက ဒီလိုလုပ်ဖို့အတွက် မဟုတ်ဘူးလား။ ဒါပေမယ့် မင်းတို့သိထားရမှာက ဦးလေး ကောက ငါ့ကို ဒီနေရာအတွက် တာဝန်ပေးခဲ့တယ် ဆိုတာပဲ။ မင်းတို့ တကယ်လို့ မကျေနပ်ဘူးဆိုရင် ဦးလေး ကော ကို သွားပြောလို့ရတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း သွားပြောလို့ရတယ်။ ငါ့ကို ဒုက္ခပေးမယ်ဆိုရင်တော့ ဒီပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး “

ရှေ့ဆုံးနေရာတွင် ရပ်နေခဲ့ကြသည့် ကလေးများ မျက်မှောင်ကြုတ်လိုက်မိကြသည်။ သူတို့သည် ကော ကိုသွားပြောလျှင် ကြုံရနိုင်သည်များကို တွက်ဆနေကြဟန် တူသည်။ သူတို့ ကော နဲ့ သွားဆွေးနွေးသင့်လား ........။ ကော များ စိတ်ဆိုးသွားမလား .......။ သူစိတ်ဆိုးသွားလို့ ငါတို့ကို အစားအသောက်တွေ မပေးတော့ရင်ကော ......။ ဒါဆိုရင် သူတို့အားလုံး ငတ်ပြီးတော့ သေသွားမှာ မဟုတ်ဘူးလား .......။ ဒီလိုလုပ်လို့ မဖြစ်နိုင်ဘူး ထင်တယ်......။ ကလေးကြီးများသည် ကလေးငယ်များထက် တွေးတောစရာများ ပိုရှိနေခဲ့ကြသည်။

ရှောက်ရွှမ် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည် “ ငါဘာလို့ ခူ ရဲ့ နေရာကို ရတယ်လို့ မင်းတို့ ထင်လဲ .......။ ငါက မင်းတို့ထက် အသက်လည်း ငယ်သလို အရပ်လည်း ပုတယ်။ ပြီးတော့ မင်းတို့လောက်လည်း မသန်မာဘူး ......။ ဒါကို ဦးလေး ကောက ဘာလို့ ငါ့ကို ခေါင်းဆောင်နေရာကို ပေးတာလဲ “

“ ဘာလို့လည်း ဆိုတော့ ငါကမင်းတို့ထက် ပိုပြီး အရည်အချင်းရှိလို့ပဲ ...... “ ရှောက်ရွှမ် တိကျစွာပင် ပြောလိုက်လေသည်။ သူသည် မျက်တောင်ခတ်ခြင်း နှစ်ခါပြန်စဉ်းစားခြင်းကိုပင် မပြုလုပ်တော့ပဲ တိုက်ရိုက်ပြောချလိုက်ခြင်း ဖြစ်သည်။ ရှောက်ရွှမ်သည် ကောနှင့် လူကိုယ်တိုင် ဆွေးနွေးရန်ကိုလည်း စဉ်းစားထားပြီးသား ဖြစ်သည်။ သို့သော် သူပထမဆုံး လုပ်ရန် လိုအပ်နေသည်မှာ ဤညအတွက် ထို ‘ ဝံပုလွေ ကလေးများ ‘ ကို အရင်ဆုံး ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ မဟုတ်လျှင် သူသည် သူ့နောက်ကျော မလုံဖြစ်နေရပြီး ကောင်းစွာအိပ်စက်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ ပူးပေါင်းခဲ့ကြပြီး သူ့ကို ရင်ဆိုင်ခဲ့သော် မည်သို့လုပ်ရမည်နည်း .......။

ရှောက်ရွှမ် အခြားနည်းများကို စဉ်းစားကြည့်ခဲ့သော်လည်း ထိုကလေးများသည် ကြမ်းတမ်းလွန်းကြသည်။ သင်သည် မည်မျှ ပြောသည်ဖြစ်စေ သူတို့ကို အကျိုးသင့် အကြောင်းသင့်ဖြစ်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ကော ၏ ဆုံးဖြတ်ချက်သည်လည်း အချိန်တိုအတွင်းပြောင်းလဲ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ရှောက်ရွှမ်သည် ထိုကလေးများကို ကိုယ်တိုင် ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။

ရှောက်ရွှမ်၏ စကားများကြောင့် ရှေ့ဆုံးတန်းမှ ကလေးများ ဒေါသထွက်သွားကြလေသည်။ သို့သော်လည်း သူတို့ မည်သို့မျှ မပြောနိုင်မှီမှာပင် ရှောက်ရွှမ် အော်ပြောလိုက်ပြန်သည်

“ မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြဦး “

ထို့နောက် ရှောက်ရွှမ် အော်ဟစ်လိုက်သည်

“ ဆီဆာရေ “

ဆီဆာသည် အပြင်တွင် စောင့်နေခဲ့ပြီး ရှောက်ရွှမ် ခေါ်လိုက်သည်နှင့် ငါးကို တရွတ်တိုက် ဆွဲယူလာခဲ့သည်။

မျက်လုံးအားလုံးသည် ဆီဆာပေါ်တွင် ရှိနေခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် အခြားအရာတစ်ခုကို သတိပြုလိုက်မိကြလေသည်။

“ ဒါကိုမြင်ကြလား .... ငါက ဒါကို ကိုယ်တိုင် အမဲလိုက်ခဲ့ပြီးတော့ ပြန်ယူလာခဲ့တာပဲ “

ရှောက်ရွှမ် ကြိုးကို လွှတ်ချလိုက်ပြီး ငါးတစ်‌ကောင်လုံးကို ဖော်ပြလိုက်သည်။ ထို့နောက်တွင် သူသည် ငါးကို မတင်ပြလိုက်ပြီး ကလေးများအားလုံးမြင်နိုင်အောင် ပြလိုက်လေသည်။

ငါးများစွာသည် မျက်ခွံများ မရှိကြသဖြင့် ထိုငါးသည်လည်း ပြူးကျယ်သောမျက်လုံးများ ဖြင့် ရှိနေခဲ့သည်။

ခပ်မှိန်မှိန် အလင်း‌ရောင်အောင်တွင် ငါး၏ အနီ‌ရောင်မျက်လုံးများသည် ပြူးကျယ်နေခဲ့ပြီး ကလေးများအားလုံး ထိုငါးကို မြင်လိုက်ကြရသည်။ ရှောက်ရွှမ် သူ့လက်ကို ဝှေ့ယမ်းနေသဖြင့် ငါးသည် ပါးစပ် ဟစိဟစိဖြစ်နေခဲ့သည်။ ၎င်း၏ပါးစပ်ထဲတွင် များစွာသော သေးငယ်သည့် သွားများကို မြင်တွေ့နိုင်ပေသည်။

ရှေ့ဆုံးတန်းမှ ကလေးများ နောက်သို့ ပြန်ဆုတ်မိလိုက်ကြသည်။ ယခင်က သူတို့သည် ရှောက်ရွှမ်ကို ကြောက်မက်ဖွယ် စိုက်ကြည့်နေခဲ့ကြ၏။ ယခုတွင် သူတို့၏ အကြည့်များသည် ထိတ်လန့်ခြင်း မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။

မျိုးနွယ်စုသည် သန်မာသည့်လူများကို လေးစားကြပေသည်။ သန်မာသည့် စစ်သည်များသည် မျိုးနွယ်စု၏ လေးစားမှုကို ခံယူကြရ၏။ မျိုးနွယ်စုတွင် အငြင်းပွားဖွယ်ကိစ္စများ ဖြစ်လာကြသည့်အချိန်တိုင်းတွင်လည်း သူတို့သည် တိုက်ခိုက်ကြခြင်းဖြင့်သာ ဖြေရှင်းကြလေ့ရှိသည်။ သန်မာသော စစ်သည်တော်သည် တိုက်ခိုက်နိုင်စွမ်းတွင် အစွမ်းထက်ပါက သူပြောသည့်စကားသည် အမှန်ပင် ဖြစ်လေသည်။

လက်ရှိတွင်မူ ဂူထဲရှိ ကလေးများသည် မျိုးနွယ်စုစွမ်းရည် နှိုးထခြင်းမရှိကြသေးသည် ကလေးများဖြစ်ကြလေသည်။ ဆိုလိုသည်မှာ သူတို့အားလုံးသည် ပြင်ပတွင် အမဲလိုက် ထွက်နိုင်ကြသေးခြင်း မရှိဟု ဆိုလိုနေပေသည်။ သူတို့အနေဖြင့် လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အခြားကလေးများထံမှ လုယက်ခြင်းပင် ဖြစ်သည်။ အမဲလိုက်ဖို့ရန် အတွက်မူ သူတို့အတွက် လုံးဝမဖြစ်နိုင်သေးပေ။

ရှောက်ရွှမ် ယူလာခဲ့သည့်ငါးသည် ကြမ်းတမ်းသည့် ငါးတစ်ကောင် ဖြစ်နေသည်မှာ ထင်ရှားပေသည်။ ငါးရဲ့ သွားတွေကို ကြည့်လိုက်စမ်းပါဦး........။ တစ်စုံတစ်ယောက်သည် အလွယ်တကူပင် ထိုသွားများဖြင့် ကိုက်ဖြတ်ခြင်းကို ခံရနိုင်ပေသည်။

“ မင်းတို့ အမဲလိုက်နိုင်လို့လား.... မင်းတို့ အမဲလိုက်ပြီးတော့ သားကောင် ယူပြန်လာနိုင်လား...

မင်းတို့ စားလို့ရတဲ့ အရာတွေကို ရှာဖွေနိုင်ပြီလား..... မင်းရော.... မင်းရော..... မင်းတို့ ထဲက ဘယ်တစ်ယောက်များ ဒီလိုမျိုးလုပ်နိုင်လဲ.... “

ရှောက်ရွှမ်၏ လက်ညိုးထိုးပြခြင်းကို ခံလိုက်ရသည့် ကလေးများသည် နောက်သို့ပြန်ဆုတ်သွားကြလေသည်။ ထို့နောက်တွင် သူတို့အားလုံး ခေါင်းများကို ခါယမ်းလိုက်ကြသည်။

“ သိသာနေတာပဲ ၊ မင်းတို့တစ်ယောက်မှ အမဲမလိုက်နိုင်သေးဘူးမလား......... ဒါကြောင့် မင်းတို့ တိတ်တိတ်လေးပဲ နေလိုက်စမ်းပါ .... “ ရှောက်ရွှမ်အနေဖြင့် သူတို့ကို စိတ်ဓါတ်အားဖြင့် အနိုင်ယူပြီးသည့် နောက်တွင် ဆုပေးရန်လည်း လိုအပ်ပေသေးသည်။

သူနောက်တစ်ကြိမ် ငါးကို မြှောက်ပြလိုက်သည်။

“ ဒီနေ့က ငါခေါင်းဆောင် ဖြစ်တဲ့ပထမဆုံးနေ့ဆို‌တော့ ဒီငါးကို မင်းတို့ကို လက်ဆောင်ပေးလိုက်မယ် “

သူ့စကားများကြောင့် လူအုပ်ကြီးတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်တွင် ကလေးအချို့ တုန်ယင်နေသည့် လေသံဖြင့် မေးလိုက်လေသည်။

“လက်ဆောင် ဆိုတာ ဘာကိုပြောတာလဲ “

အခြားအသက်ကြီးသည့် ကလေးတစ်ယောက်မှ မေးလိုက်ပြန်သည်

“စားလို့ရတယ်လား “

ရှောက်ရွမ် ဆွံ့အသွားမိပြီး ပြန်ဖြေလိုက်သည်။

“အေးလေ .....”

လိုဏ်ဂူအတွင်း မှ လေထုသည် အနည်းငယ်ပူနွေးလာခဲ့သည်။

အကြမ်းဖက်လိုမှု၊ မနာလိုမှု စသည့် ခံစားချက်များအားလုံး လေထုထဲတွင်ပင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

သူတို့၏ အမြင်တွင် ‘ စား၍ရသည် ‘ ဟူသည့် စကားလုံးသည် တစ်လောကလုံးတွင် အလှပဆုံးသော စကားလုံးတစ်ခု ဖြစ်နေခဲ့လေသည်။

All Chapters