← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၅၇) ဆားတွင်းများ၏ လျှို့ဝှက်ချက်

မျိုးနွယ်စုဝင်များသည် ဘာကြောင့် ဆားကိစ္စကို အသည်းအသန် ဖြစ်နေကြသနည်း။

ဆားမရှိလျှင်၊လူသားများသည် ရှင်သန်နိုင်မည်မဟုတ်ပါ။ ဆားသည် လူသားများအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်သည်။

သမုဒ္ဒရာ ဟိုဘက်ကမ်းပဲဖြစ်ဖြစ်၊ ဒီဘက်ကမ်းမှာပဲ ဖြစ်ဖြစ် ဆားကိုတန်ဖိုးထားကြသည်သာ ဖြစ်သည်။ ဆားသည် ကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါသည်။ ဆားသည် ၎င်းတို့အတွက်တော့ ကောင်းကင်ဘုံမှ ပေးသောလက်ဆောင်တစ်ခုဖြစ်ပါသည်။

မျိုးနွယ်စုများသည် ပိုင်နက်လုပွဲများ၊ သားကောင်လုပွဲများကို ဆင်နွှဲလေ့ရှိသလို၊ ဆားလုပွဲများကိုလည်း ဆင်နွှဲလေ့ရှိကြပါသည်။

ဝါချာကတော့ ထိုဆားတွင်းကို တွေ့ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဟု ဆိုပါသည်။ ဆားတွင်းကို ပထမဆုံးရှာတွေ့ခဲ့သော မျိုးနွယ်စုများမှာ ဆားတွင်းများကို မကာကွယ်နိုင်သဖြင့်၊ ဆားတွင်းကို လက်လွှတ်ဆုံးရှုံးလိုက်ရပါသည်။ ၎င်းတို့သည် နောက်ဆုံးတွင် မြို့တော်များသို့ ပြောင်းပြေးသွားရပါသည်။ ၎င်းတို့တွင် ရွေးချယ်စရာ မရှိပါ။ မျိုးနွယ်စုကို ဆက်လက်မကာကွယ်နိုင်တော့သဖြင့်၊ မြို့သို့ ပြောင်းပြေးရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်ပြီးနောက် ဆားဇာတ်လမ်းမှာ အရှိန်တက်လာပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကလည်း ဆားကို လိုချင်သဖြင့်၊ ဝေစုရအောင် တိုက်ခိုက်ခဲ့ပါသည်။ သို့သော် ဆားတွင်းကြီးတစ်ခုလုံးကို သူတို့မျိုးနွယ်စုတစ်ခုတည်း အပိုင်ရအောင်တော့ မစွမ်းဆောင်နိုင်ပါ။ သူတို့မျိုးနွယ်စုမှာ လူ၁၀၀၀လောက်သာရှိသော မျိုးနွယ်စုလေး တစ်ခုဖြစ်သည်။ ထိုဝေစုတစ်ပုံရလာ

ရန်ပင် အစွမ်းကုန်ကြိုးစာခဲ့ရသလို၊ ထိုက်ဟယ်မျိုးနွယ်စု၏ အကူအညီကိုလည်း ရယူခဲ့ရပါသေးသည်။ မီးတောက်ဦးချိုမျိုးနွယ်စုများက ထိုက်ဟယ်မျိုးနွယ်စု၏ ကျေးဇူးကို မမေ့ပါ။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ထိုက်ဟယ်မျိုးနွယ်စုနှင့် ကုန်ပစ္စည်းများ ဖလှယ်ကြခြင်း ဖြစ်သည်။

အချိန်များကုန်လွန်သွားသော်လည်း၊ ဆားလုပွဲများကတော့ ရပ်တန့်မသွားပါ။ သို့သော် မျိုးနွယ်စုငါးခုသည် စည်းလုံးမှုရှိသဖြင့်၊ အခြားမျိုးနွယ်စုများ၏ ရန်ကို တွန်းလှန်နိုင်ခဲ့ပါသည်။ အကြောင်းမသိသူများကတော့ ထိုမျိုးနွယ်စု၅ခုသည် အလွန်စည်းလုံးကြသည်ဟု ထင်ကြလိမ့်မည်။ သို့သော် အများမသိသော လျှို့ဝှက်ချက်တစ်ခုရှိပါသည်။

သို့သော် ၎င်းတို့အားလုံး၏ တူညီသော သဘောထားတစ်ခုမှာ၊ ထိုဆားတွင်းကို အခြားမျိုးနွယ်စုများသို့ ခွဲဝေမပေးရေးဖြစ်သည်။

“ဆားတွင်းက အဖိုးတန်ပစ္စည်းတစ်ခုလို ဖြစ်နေတယ်ဆိုပါတော့ဗျာ” ဝါချာက ပြောလိုက်သည်။

ထို့ကြောင့် ဝါချာက ဆားတွင်းများကို အမြန်ပြန်သိမ်းရန် တိုက်တွန်းနေခြင်း ဖြစ်သည်။

“အရှင် ချီလုလူမျိုးဆိုတာ ကြားဖူးလား” ဝါချာက မေးလိုက်သည်။

ချီလုလူမျိုး…။ ရှောက်ရွှမ်သည် ခဏစဉ်းစားလိုက်ပြီး၊ ခေါင်းငြိမ့်ပြလိုက်သည် “အင်း…နာမည်တော့ကြားဖူးတယ်…သူတို့အကြောင်းကို သိပ်တော့ မသိဘူး”။

ချီလုမျိုးနွယ်စုဆိုသည်မှာ ဆားကို ကိုးကွယ်သော မျိုးနွယ်စုတစ်ခု ဖြစ်သည်။ ၎င်းတို့မျိုးနွယ်စုတွင် ဆားနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာရှိပါသည်။ သူတို့၏ အဆိုအရတော့ ဆားများကိုစတင်ရှာတွေ့သူမှာ သူတို့မျိုးနွယ်စုဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့၏ ဘိုးဘေးတစ်ယောက်သည် ထူးခြားသည့် တိရစ္ဆာန်တစ်ကောင်နောက်သို့ လိုက်ရင်း ရေကန်ကြီးတစ်ခုသို့ ရောက်လာခဲ့သည်ဟုဆိုသည်။ ထို့နောက်သူသည် ထူးခြားအံ့ဩဖွယ်ရာ ဆားကန်ကြီးတစ်ခုကို ရှာ

တွေ့ခဲ့သည်။

ချီလုမျိုးနွယ်စု နတ်ရုပ်မှာ “ဆားသားရဲ”ဟုခေါ်သော ထူးဆန်းသည့် သားရဲကြီးတစ်ကောင်ဖြစ်သည်။ ယနေ့ထက်တိုင် မည်သူမှ ထိုသားရဲကြီးကို မမြင်ဖူးကြပါ။ တချို့ကတော့ ချီလုမျိုးနွယ်စုဝင်များသည် လုပ်ကြံဇာတ်လမ်းများကို လျှောက်ပြောနေသည်ဟု စွပ်စွဲကြသည်။ သို့သော် ချီလုမျိုးနွယ်စုကတော့ ထိုသားရဲကြီးတကယ်ရှိကြောင်းကို အခိုင်အမာယုံကြည်ထားကြသည်။

ထိုအကြောင်းအရာများ မှန်မမှန်ကိုတော့ မည်သူမှ မသိပါ။ သို့သော် မြို့ကြီး၆မြို့ပေါ်ပေါက်လာပြီး၊ ကျွန်ပိုင်ရှင်လူတန်းစားပေါ်ထွက်လာသောအခါ၊ မျိုးနွယ်စုများအတွင်းအပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်။

ချီလုမျိုးနွယ်စု၏ ဆားရေကန်ကို မြို့ကြီး၆မြို့မှ သိမ်းပိုက်သွားပြီးနောက်၊၎င်းတို့သည်ဆားရေကန်ကို ပြန်ရယူနိုင်စွမ်းမရှိပါ။ နောက်ပိုင်းတွင်

၎င်းတို့၏ မျိုးနွယ်စုသည် ပြိုကွဲသွားပါသည်။ ချီလုမျိုးနွယ်စုများသည် မြို့တော်များတွင် ဝင်ရောက်နေထိုင်ပြီး၊ မှူးကြီးမတ်ရာများကို ဆားများချက်လုပ်ပေးပါသည်။ ဤသို့ဖြင့် ဆားချက်လုပ်ခြင်းမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်လာခဲ့သည်။ နောက်နှစ်အနည်းငယ်ကြာသောအခါ၊ ကျွန်ပိုင်ရှင်များသည် ဆားထွက်သောစမ်းပေါက်တစ်ခုကိုတွေ့ရှိခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် ချီလုမျိုးနွယ်စုများကို ထိုနေရာသို့ စေလွှတ်ပြီး မြို့များတည်ထောင်စေခဲ့သည်။ နောင်တွင် ထိုမြို့တော်ကို ချီလုမြို့တော်ဟုခေါ်တွင်လာကြပြီး၊ ထိုနေရာသည် လူသူစည်ကားသောမြို့တစ်မြို့ဖြစ်လာခဲ့သည်။

ဟုတ်ပါသည်။ ဝါချာသည် ချီလုမျိုးနွယ်စုများအကြောင်းကို ပြောပြနေခြင်းမှာ အကြောင်းရှိသည်။

“ချီလုမျိုးနွယ်တွေရဲ့ဆားထုတ်လုပ်တဲ့ပညာက ကုန်းကျားမိသားစုရဲ့ ပန်းပဲပညာလိုပဲ အဖိုးတန်တယ်…ချီလုမျိုးနွယ်စုသည် ၎င်းတို့၏ ဆားချက်

ပညာဖြင့် နာမည်ကျော်လာခြင်း ဖြစ်ပါသည်။ ၎င်းတို့ချက်သော ဆားမှာ အလွန်တန်ဖိုးကြီးပါသည်။ ၎င်းတို့သည် မင်းမျိုးမင်းနွယ်များအတွက်သာ ချက်လုပ်ပေးကြခြင်းဖြစ်ပါသည်။ အပြင်လူများသည် ၎င်းတို့၏ ဆားကို လိုချင်ပါက၊ တန်ဖိုးကြီးပေးဝယ်ရပါသည်။

ရှောက်ရွှမ်ကလည်း ထိုအချက်ကို နားလည်ပါသည်။ ချီလုမျိုးနွယ်စုဝင်များ ချက်လုပ်သောဆားများသည် ကျိကျွီ၏နာမည်ကျော်ရွှေကောက်ပဲသီးနှံများလိုပင် အများက လိုချင်တပ်မက်ကြပါသည်။

“ဒါပေမဲ့ ကျွန်တော်တို့တွေ တူးနေတဲ့ဆားတွင်းက ဆားတွေက အခြားနည်းတွေနဲ့ ထွေထွေထူးထူးချက်နေစရာမလိုဘူး…ကျွန်တော်တို့ဆားက သူတို့ဆားတွေထက် အရည်အသွေးပိုကောင်းပါသည်။ ဝါချာ၏ မျက်နှာမှာ ဂုဏ်ယူနေပုံပင်။

ထို့ကြောင့် ထိုဆားတွင်းများအကြောင်းကို

အပြင်တွင်မပြောဘဲ ထိန်ချန်ထားခြင်းဖြစ်ပါသည်။ လူသိနည်းလေ ပိုကောင်းလေ မဟုတ်ပါလား။ ဆားတွင်းတွင် အလုပ်လုပ်သူများမှာ အပြင်လူများကို ဆားရောင်းခွင်းမရှိပေ။ အပြင်လူများသည် ဆားဝယ်လိုပါက ဆားရောင်းဝယ်ရေးအဖွဲ့ဆီသွားရသည်။ မျိုးနွယ်စု၅ခုလုံးသည် ထိုစည်းကမ်းကိုလိုက်နာရပေသည်။

မီးတောက်ဦးချိုမျိုးနွယ်စုအပါအဝင် အခြားမျိုးနွယ်စုလေးခုသည်လည်း ထိုစည်းကမ်းကို လိုက်နာပါသည်။ ၎င်းတို့သည် သူတို့၏ဆားတွင်းအကြောင်းကို လျှို့ဝှက်ထားပါသည်။

အရည်အသွေးမြင့်သောဆားများကို ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ပေသည်။ ၎င်းတို့၏ ဆားသည် ချီလုမျိုးနွယ်စုဝင်များချက်လုပ်သောဆား၏ အရည်အသွေးကိုမီပါသည်။ ၎င်းတို့၏ဆားမှာ မြို့ကြီး၆မြို့တွင် ရောင်းတန်းဝင်ပါသည်။ သို့သော် ဆားရောင်းရသည်မှာ အန္တရာယ်များသော အလုပ်တစ်ခုဖြစ်ပါသည်။

ဆားများကို များများစားစားရောင်းချနေပါက၊ မြို့ကြီး၆မြို့မှ လူများက သတိထားမိသွားမည် ဖြစ်သည်။ ဆားတွင်းအကြောင်းကို သိသွားလျှင် ၎င်းတို့သည် ထိုဆားတွင်းကို လာသိမ်းပိုက်မည်သာဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စု၅ခုသည် ဆားတွင်းအကြောင်းကို လျှို့ဝှက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် မျိုးနွယ်စု၅ခုသည် ဆားတွင်းသို့ နောက်မျိုးနွယ်စုတစ်ခုကို အဝင်မခံရန် သဘောတူညီမှုလုပ်ထားခြင်းဖြစ်သည်။

သို့သော် ဆားတွင်းထဲမှ တူးယူသော နေရာပေါ်မူတည်ပြီး ရလာသော ဆားများမှာ အရည်အသွေးကွာခြားသွားပါသည်။

“ဂူမျက်နှာကျက်ပေါ်က ရလာတဲ့ ဆားတွေကို ကျွန်တော်တို့က သိမ်းထားတယ်…အဲဒီဆားတွေက အရည်အသွေးကောင်းတော့ ကျွန်တော်တို့ မျိုးနွယ်စုတွေ အသုံးပြုဖို့ ထားထားတယ်…အဲဒီဆားတွေရလာရင် ကျွန်တော်တို့က ရွာတွေကို တိတ်

တိတ်လေးပြန်ပို့ကြတယ်…မျက်နှာကျက်က ရတဲ့ဆားက တခြားနေရာကရလာတဲ့ ဆားတွေထက်ပိုကောင်းတာကို ဘယ်သူမှ မသိဘူး”

“ကျွန်တော်တို့စားနေတဲ့ ဆားက မျက်နှာကျက်ကရလာတဲ့ဆားတွေလား” ရှောက်ရွှမ်က မေးလိုက်ပါသည်။

“ဟုတ်တယ်…အဲဒီဆားက အနီရောင်နည်းနည်းသမ်းနေတာ သတိထားမိလား” ဝါချာက မေးလိုက်သည်။

“အင်း…သတိထားမိတယ်” ရှောက်ရွှမ်သည် ထိုဆား၏ ထူးခြားမှုကို သတိထားမိသည်။ သို့သော် အခြားလူများအားလုံးကလည်း ထိုဆားကိုသာသုံးနေသော ကြောင့် သူ့စိတ်ထဲတွင် ထွေထွေထူးထူးမတွေးမိပါ။ ထိုဆားတွင် လျှို့ဝှက်ချက်များ ရှိနေကြောင်းကို ရှောက်ရွှမ်မသိပါ။

“ကျွန်တော်တို့ တူးတဲ့ဆားက ချီလုမျိုးနွယ်စုတွေချက်တဲ့ဆားထက် အရသာပိုလေးတယ်…

ဆားကန်အသစ်ကရလာတဲ့ဆားထက်လည်း ပိုကောင်းတယ်…အသားကင်တွေ ဘာတွေစားရင် အဲဒီဆားကို သုံးရတယ်…အဲဒီဆားကို သုံးလိုက်ရင် တခြားဟင်းခတ်ပစ္စည်းဘာမှ ထည့်စရာမလိုဘဲနဲ့ အရသာရှိသွားတယ်…စားလိုက်တာနဲ့ စိတ်ထဲမှာ ပျော်သွားစေရမယ်…စစ်သည်တော်တွေက အရသာနယ်မထားတဲ့ အသားဆိုရင် မစားဘူးလေ…အန်းပါ့မြို့တော်က ဆားကိုလည်း ကျွန်တော်တို့မြည်းကြည့်ဖူးတယ်…ဒါပေမဲ့ ကျွန်တော်တို့ ဆားလောက် အရသာ မကောင်းဘူး…တခါတလေမှာ ကျွန်တော်တို့ဆားရဲ့အရည်အသွေးအမှန်ကို သိသွားမှာစိုးလို့ သိပ်မကောင်းတဲ့ဆားကို ထုတ်ရောင်းရတယ်” ဝါချာသည် သူတို့ဆားအကြောင်းကို လူများမသိစေလို၍ ဆားအညံ့များကို ရောင်းချပြတတ်ပါသည်။

မျိုးနွယ်စုဝင်များအတွက်တော့ ဆားဆိုသည်မှာ အင်အားပင်ဖြစ်သည်။ ဆားမှာ အသက်သွေးကြောပင်ဖြစ်သည်။

“အဲဒါဆို မျက်နှာကျက်က ဆားတွေက ကျွန်တော်တို့အတွက်ပေါ့…ကျန်တဲ့အပြင်လူတွေအတွက်ကကော” ရှောက်ရွှမ်က မေးလိုက်ပါသည်။

“ရောင်းတာကတော့ ဂူထဲက တခြားနေရာတွေက ရလာတဲ့ဆားတွေကို ရောင်းတယ်…မျက်နှာကျက်က ရတဲ့ဆားလောက်တော့ အရည်အသွေးမကောင်းဘူးပေါ့…တခြားနေရာတွေက ရလာတဲ့ အညံ့စားဆားတွေကို အပြင်လူတွေကို ရောင်းလိုက်တယ်”

ဝါချာတို့သည် အကောင်းစားဆားများကိုတော့ သူတို့အတွက် ချန်ထားပြီး၊ အညံ့စားဆားများကိုသာရောင်းချကြပါသည်။

ကျန်သောမျိုးနွယ်စုလေးခုမှာလည်း ထိုသို့သာ ပြုမူကြပါသည်။

ထို့ကြောင့် ပြင်ပမျိုးနွယ်စုများက ၎င်းတို့၏ဆားတွင်းမှ ဆားများ၏ အရည်အသွေး

အမှန်ကို မသိကြပါ။ ပြင်ပမျိုးနွယ်စုများသည် ဝါချတို့ဆီမှ ဝယ်သွားသော ဆားများကို မြို့တော်များတွင် သွားရောင်းချလေ့ရှိပါသည်။ မြို့တော်က လူများကလည်း သိပ်သတိမထားမိပါ။ အခြားသော ဆားကန်အများစုမှာ မြို့ကြီး၆မြို့မှလူများသာ လက်ဝါးကြီးအုပ်ထားသော ဆားကန်များဖြစ်ပါသည်။ မြို့ကြီး၆မြို့မှလူများသည် ဆားများရရှိရန် တောနက်နက်ထဲစွန့်စားသွားရမည်ကိုလည်း ဝန်မလေးပါ။

ယခုဆားအဓိကရုဏ်းအတွင်းတွင်၊ မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုတို့သည် ဆားကို အသုံးချပြီး မဟာမိတ်များကို ဖိတ်ခေါ်နေပါသည်။ သို့သော် ထိပ်တန်းဆားများကို ပေးခြင်းတော့ မဟုတ်ပါ၊ အလတ်စားဆားများကိုသာပေးခြင်းဖြစ်ပါသည်။ ၎င်းတို့သည်လည်း လျှို့ဝှက်ချက်ကို ဆက်လက်ထိန်းသိမ်းထားပါသည်။

“အရှင်က ဆားကြမ်းကို မမြင်ဖူးဘူးထင်တယ်” ဝါချာသည် ပြောရင်းနှင့် ခါးကြားတွင်ထိုးထားသော အိတ်လေးတစ်လုံးကို ထုတ်လိုက်

သည်။ ထို့နောက်အိတ်ထဲမှ အခဲလေးတစ်ခုကို ထုတ်လိုက်သည်။

ထိုအခဲလေးကို မြင်မြင်ချင်း ရှောက်ရွှမ်မှာ ထိုအခဲလေးကို အသားဖတ်ကြီးဟု ထင်မိသွားသည်။ ထိုအခဲလေးကို ကြည့်ရသည်မှာ အသားဖတ်နှင့် တူနေသောကြောင့်ပင်။

“အဲဒါဆားလား…” ရှောက်ရွှမ်က စိတ်ဝင်စားသွားသည်။ အနီးကပ်ကြည့်လိုက်သောအခါ၊ မာကြောနေသော အခဲလေးမှာ ပုံဆောင်ခဲတစ်ခုနှင့် တူနေပါသည်။ သို့သော် ဂူထဲမှ လတ်ဆတ်သော ဆားပုံဆောင်ခဲများကတော့ ဝါချာပြသော ဆားခဲထက် ပိုမာကြောပါသည်။

ဝါချာက ထိုဆားခဲလေးကို တပ်မက်သော မျက်လုံးများနှင့် ကြည့်နေပါသည်။

“ဒါ ဂူမျက်နှာကျက်ပေါ်က ရလာတဲ့ ဆားပေါ့…ဒီဆားကြမ်းကို ချက်လိုက်ရင် အရောင်ပြောင်းသွားပြီး အရှင်သုံးနေကျဆားလို ဖြစ်သွားလိမ့်

မယ်…ဒါပေမဲ့ ကျွန်တော်တို့ အစောင့်တွေက ဒီဆားကို မချက်ဘူး…ဒီအတိုင်းပဲ သုံးတယ်…အခုလိုတွေမဖြစ်ခင်တုန်းက ဒီဆားခဲလေးကို အိတ်ထဲ ကျွန်တော်ကောက်ထည့်လာတာ…ညီကိုတွေနဲ့ အသားကင်စားမယ်ဆိုပြီး သိမ်းထားတာ” ပြောရင်းနှင့် ဝါချာသည် ဆားတွင်းက တိုက်ပွဲကို ပြန်အမှတ်ရသွားပြီး၊ မျက်နှာ ညှိုးသွားပါသည်။

စစ်သည်တော်များသည် ဆားကို ကိုယ်နှင့်မကွာဆောင်ထားကြပါသည်။ ဆားကို အမျိုးမျိုးအဖုံဖုံ အသုံးချကြပါသည်။ ဆေးအနေနှင့်လည်း သုံးကြသလို၊ တချို့ကလည်း ရေထဲကို ဆားနည်းနည်းခတ်ပြီး သောက်ကြပါသည်။ တိကျသော စမ်းသပ်မှုများ မလုပ်ဖူးသော်လည်း၊ ဘဝပေးသိအရ ၊ ဆားသည် ခန္ဓာကိုယ်အတွက် လိုအပ်ချက်တစ်ခု ဖြစ်ကြောင်းကို သိထားကြပါသည်။

မုဆိုးများသည်လည်း ရလာသော သားကောင်များကို ဆားနယ်လေ့ရှိကြပါသည်။ သို့မှသာ မပုပ်မသိုးဘဲ ရက်ကြာကြာအထားခံမည် ဖြစ်သည်။

တချို့မျိုးနွယ်စုများသည် ဆားကို ပိတ်စများကို ဆေးဆိုးရာတွင် ထည့်သုံးလေ့ရှိသည်။ ဆေးဆိုးရာတွင် ဆားကို ထည့်သွင်းအသုံးချပါက၊ အရည်အသွေးကောင်းမွန်သော ပိတ်စများ ရရှိလာမည်ဖြစ်သည်။

မျိုးနွယ်စုများအတွက်တော့ ဆားသည် မရှိမဖြစ်ပင်ဖြစ်သည်။ ထို့ကြောင့် ဆားလုပွဲများကို ဆင်နွှဲကြခြင်းဖြစ်ပါသည်။ ဆားတွင်းတွင် မီးလျှံသလင်းကျောက်မရှိလျှင်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ ဆားတွင်းကို ပြန်သိမ်းမည်သာ ဖြစ်သည်။

“အရှင်…ဆားတွင်းကို ပြန်သိမ်းပေးပါ…ကျွန်တော်တို့တွေက ဆားကို ဘယ်လောက်မက်မောလဲဆိုရင် အိပ်ရင်းတောင် ဆားအကြောင်း အိပ်မက်မက်တယ်…” ဝါချသည် ဆားခဲလေးကို အိတ်ထဲပြန်ထည့်လိုက်ပြီး၊ လက်ဝါးကို လျာဖြင့် လျက်လိုက်ပါသည်။ ထို့နောက် တစ်စံတရာကို စဉ်းစားမိသွားပြီး “မနေ့ညက မီးလျှံသလင်းကျောက်တွေအကြောင်းကို အိပ်မက်မက်

တယ်…ဒါပေမဲ့ နိုးလာတော့ အဲဒီအကြောင်းကို မေ့သွားတယ်…ဂူထဲက မြေကြီးကို တူးလိုက်ရင် မီးလျှံသလင်းကျောက်တွေ ရလာမယ်ထင်တယ်”

အစပိုင်းတွင် ၎င်းတို့သည် မြေကြီး၏အပေါ်ယံပိုင်းမှဆားများကိုသာ တူးယူကြခြင်း ဖြစ်သည်။ မြေကြီးအပေါ်ယံမှ ဆားများ ကုန်သွားမှ၊ အောက်ခြေကို ဆက်တူးကြပါသည်။ မြေခွေးမျိုးနွယ်စုကတော ထိုသို့မဟုတ်ဘဲ၊ စတူးကတည်းက မြေကြီးအောက်ခြေအထိတူးခြင်းဖြစ်သည်။

ထိုဆားတွင်းထဲမှ ဆားများအရည်အသွေးကောင်းနေခြင်းမှာ၊ မီးလျှံသလင်းကျောက်များကြောင့် ဖြစ်နိုင်ပါသည်။

“အကြီးအကဲပြောတော့ သုံးရက်အတွင်း လှုပ်ရှားမယ်ဆို” ဝါချာက မေးလိုက်သည်။

ဒဏ်ရာများ မပျောက်ကင်းသေးသောကြောင့်၊ ကျန်းလော်က ဝါချာကို မလိုက်ခဲ့စေလိုပေ။ သို့သော် ဝါချာကို ပေးမည့် လက်နက်ကိုတော့

သိမ်းထားပါသည်။ ထိုလက်နက်ကို ဝါချာကျန်းမာသွားသောအခါမှသာ ထုတ်ပေးရန် စိတ်ကူးထားခြင်း ဖြစ်ပါသည်။

“ဟုတ်တယ်…နောက်သုံးရက်ဆို ထိုက်ဟယ်မျိုးနွယ်စုတွေနဲ့ အတူတူ ဆားတွင်းတွေဆီကို သွားတော့မှာ”

ဝါချာသည် ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်သည်။ သူသည် ထိုအခွင့်အရေးကို လက်လွှတ်မခံချင်ပါ။ “အကြီးအကဲဆီကို သွားလိုက်ဦးမယ်ဗျာ…ကျွန်တော်လည်းလိုက်ချင်တာပေါ့”

ဝါချာကတောင်ပေါ်တက်သွားသော်လည်း၊ ရှောက်ရွှမ်ကတော့ လိုက်မသွားပါ။ ရှောက်ရွှမ်သည် ဘဲခြံဘက်သို့ လျှောက်သွားပါသည်။

တံခါးကို ဖွင့်လိုက်သောအခါ၊ ရှောက်ရွှမ်သည် ဥများပေါ်တွင် ဝပ်နေသော ဘဲဝတုတ်ကို တွေ့လိုက်ရပါသည်။ ဥများမှာ မာကြော၍သာတော်သေးသည်။ မဟုတ်လျှင် ဘဲဝတုတ်၏ ကိုယ်

အလေးချိန်ကြောင့် ကွဲကြေကုန်မည် ဖြစ်သည်။

“အတောင်ပံတွေ ဖယ်လိုက်စမ်းပါ…ဘဲဉဘယ်နှလုံးရှိလဲ ကြည့်ချင်လို့” ရှောက်ရွှမ်က ပြောလိုက်သည်။

သို့သော် ဘဲဝတုတ်က ပေကပ်ကပ်လုပ်နေပါသည်။

“မင်းဥတွေကို ယူဖို့ မဟုတ်ဘူး..ဘယ်နှလုံးရှိလဲ ကြည့်ရုံပဲ”

ထိုအခါမှ ဘဲဝတုတ်သည် သူ့အတောင်ပံများကို ဖယ်ပေးလိုက်ပါသည်။

“ထစမ်းကွာ…ဘေးဖယ်ဦး…မင်းကွယ်နေတော့ ဘဲဥတွေကို မမြင်ရဘူး” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

ဘဲဝတုတ်က မဖယ်ချင်၊ဖယ်ချင်နှင့် ဖယ်ပေးလိုက်ပါသည်။

ဥများကို ရေတွက်ကြည့်လိုက်သောအခါ ၃၁လုံးရှိကြောင်းတွေ့လိုက်ရပါသည်။ ဘဲဥများမှာ အရောင်အသွေးစုံလင်ပြီး၊ အရွယ်အစားများလည်းမတူညီကြပါ။ သို့သော် ဘဲဥများမှာ အကောင်ပေါက်ရန် အချိန်ယူရဦးမည် ဖြစ်သည်။ တခြားဘဲများဝပ်သော ဥများကတော့ အကောင်ပင်ပေါက်နေပြီ ဖြစ်သည်။

“ကြိုးစားထား…မကြာခင် အကောင်ပေါက်တော့မယ်”

ဘဲခြံထဲမှ ထွက်လာသောအခါ၊ နှင်းများထူထပ်စွာကျနေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရပါသည်။

ယခုနှစ် ဆောင်းဝင်သည်မှာ စောပါသည်။ ရှောက်ရွှမ်သည် တိုက်ပွဲဆင်နွှဲမည့်နေ့တွင် နှင်းမုန်တိုင်း မကျစေရန် ဆုတောင်းနေမိပေသည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၅၈) ရာသီဥတုပြောင်းလဲခြင်း

တောင်ကုန်းပေါ်တွင် ကျန်းလော်သည် ကောင်းကင်ပေါ်ကို မော့ကြည့်နေပါသည်။

“ဒီနှစ်က အရင်နှစ်တွေထက် ဆောင်းဝင်တာ စောတယ်”

အရင်တုန်းကဆိုလျှင်တော့၊ ယခုလိုအချိန်ရောက်လျှင်၊ ၎င်းတို့သည် အမဲလိုက်ထွက်လေ့ရှိပါသည်။ အရင်နှစ်များတုန်းက ယခုနှစ်လောက် နှင်းများထူထပ်စွာမကျပါ။

ကျန်းလော်၏ဘေးတွင် ရပ်နေသော သုန့်ကန်းတို့မှာ စိတ်ပူနေကြပါသည်။

“နှင်းလေးနည်းနည်းကျတာလောက်ကတော့ ပြဿနာမရှိဘူး… ဒါပေမဲ့ဆားတွင်းမှာ နှင်းမုန်တိုင်းတိုက်မှာကိုတော့ စိုးရိမ်မိတယ်”

ရာသီဥတုဆိုးဝါးနေပါက တိုက်ပွဲဆင်နွှဲ၍ မကောင်းပါ။

ပြောရင်းနှင့် စစ်သည်တော်တစ်ယောက်ရောက်လာပါသည် “အကြီးအကဲ…နတ်ဆေးဆရာမက စိုးရိမ်နေတယ် ဒီနှစ်ရာသီဥတုက ခန့်မှန်းလို့မရဘူးတဲ့…အဲဒီအတွက် ပြင်စရာရှိတာ ကြိုတင်ပြင်ဆင်ထားရမယ်တဲ့”

ကျန်းလော်နှင့် ကျန်သူများအားလုံး၏ မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။ သူတို့ စိုးရိမ်နေသလို ဖြစ်လာမည်ကို တွေးပူနေကြခြင်း ဖြစ်ပါသည်။ နတ်ဆေးဆရာမက ပြောလျှင် လွဲခဲသည် မဟုတ်ပါလား။ အခုဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေမှာ ဆိုးဝါးနေပါသည်။

“သူတခြားဘာမှ လိုက်သေးလဲ” ကျန်းလော်က မေးလိုက်သည်။

စစ်သည်တော်က စိတ်ပျက်လက်ပျက်နှင့် “နတ်ဆေးဆရာမက တခြားကိစ္စတော့ မပြောလိုက်ဘူး…အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားပါလို့တော့ ပြောထားတယ်”

ရာသီဥတုပြင်းထန်ဆိုးဝါခြင်းအပြင်၊ တခြားဘာများ ဖြစ်လာနိုင်မည်နည်း။

သို့သော် ရာသီဥတုဖောက်ပြန်သော်လည်း၊ ၎င်းတို့က အစီအစဉ်အတိုင်းလှုပ်ရှားမည်သာ ဖြစ်သည်။

သုံးရက်ကြာပြီးနောက်…။

နှင်းများက ကျနေဆဲဖြစ်ပါသည်။ ထူထပ်စွာ ကျနေခြင်း မဟုတ်သော်လည်း၊ တောအုပ်ထဲတွင် သွားလာရသည်မှာတော့ မကောင်းတော့ပါ။

ရှောက်ရွှမ်သည် သားရေဖိနပ်ကို သေချာဝတ်ဆင်လိုက်ပြီး၊ ချိန်းဆိုထားသော နေရာသို့

ထွက်ခွာသွားပါသည်။

လူတစ်ထောင်နီးပါးရှိသော အဖွဲ့ကို ကျန်းလော်က ဦးဆောင်မည်ပင်။ ထိုအရေအတွက်မှာ မျိုးနွယ်စုထဲမှ လူဦးရေ၏ လေးပုံတစ်ပုံလောက်ဖြစ်သည်။ အဖွဲ့ထဲတွင် ပါဝင်သူအများစုမှာ အလတ်တန်းအဆင့် စစ်သည်တော်များ ဖြစ်ကြပြီး၊ အဆင့်နိမ့်သော စစ်သည်တော်များ သိပ်မပါပေ။ ထိုအဖွဲ့တွင် ပါဝင်လာသော စစ်သည်တော်များမှာ များသောအားဖြင့် အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြသည်။ ရှောက်ရွှမ်သိသလောက်ဆိုလျှင်၊ တောင်ပေါ်တွင် နေထိုင်သော မျိုးနွယ်စုဝင်များမှာ အားလုံးပေါင်းလိုက်လျှင် ၅၀၀၀နီးပါးရှိမည် ဖြစ်သည်။ ရှေးအချိန်များတုန်းကဆိုလျှင် မြို့ကြီး၆မြို့ပင် လူအင်အားတောင့်တင်းမှုမရှိပါ။ တောအုပ်ထဲမှ ထွက်ခွာပြီးနောက်မှသာ အင်အားကို တိုးချဲ့ကြခြင်း ဖြစ်ပါသည်။

လူ၁၀၀၀ရှိသော အဖွဲ့မှာ အင်အားတောင့်တင်းသည်ဟု ယူဆနိုင်ပါသည်။

မျိုးနွယ်စုသုံးခုတို့သည် တိုင်ပင်ဆွေးနွေးပြီးနောက်၊ လူအင်အားကို ၁၀၀၀ အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မျိုးနွယ်စုသုံးခုသည် လူစုခွဲပြီး ဆားတွင်းဆီသို့ သွားကြမည်ဖြစ်သည်။ ပထမဦးစားပေးမှာ ကိုယ်ပိုင်သည့် ပိုင်နက်ကို ကိုယ်ပြန်လည် သိမ်းပိုက်ရန် ဖြစ်သည်။ ထိုဦးစားပေးကိစ္စပြီးမှသာ မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုကို တိုက်ခိုက်မည် ဖြစ်သည်။

မျိုးနွယ်စုတိုင်းသည် မိမိပိုင်နက်နေရာများကို ရင်းနှီးပြီးသားဖြစ်သည်။ သူတို့ပိုင်နက်ထဲတွင် ထောင်ခြောက်လေးများကိုပင်ထောင်ထားကြပါသည်။ တိုက်ပွဲတွင် အနိုင်ရလိုလျှင်၊ ကိုယ့်ပိုင်နက်ကို ပြန်ရယူရန် အရေးကြီးပါသည်။

သူတို့အဖွဲ့သည် ရွာမှ ထွက်ခွာသောအခါ၊ ဘဲဝတုတ်က ဘဲခြံထဲက ထွက်လာပြီး ကြည့်နေပါသည်။ ထို့နောက် ဥများကိုစောင့်ရှောက်ရန် ဘဲခြံထဲသို့ ပြန်ဝင်သွားပါသည်။

ဥတစ်လုံးသည် လှုပ်ရှားသွားပါသည်။ ဘဲဝတုတ်သည် ထိုဥကို နှုတ်သီးဖြင့် အသာအယာပေါက်လိုက်ပါသည်။ ထို့နောက် ဘဲဥများကို သေချာစီလိုက်ပြီး၊ ဥများပေါ်တွင် ပြန်ထိုင်ချလိုက်ပါသည်။ ရာသီဥတုမှာ နှင်းများကျနေသဖြင့်၊ အစာရှာထွက်ရန်လည်း မလိုအပ်ပါ။လူများက သူ့ကို အစာလာကျွေးကြပါသည်။ ထို့ကြောင့် သူသည် ဥများကို အာရုံစိုက်ပြီးဝပ်နေနိုင်ခြင်းဖြစ်ပါသည်။

ရှောက်ရွှမ်သည် သူ့အဖွဲ့နှင့်အတူ ခရီးဆက်လာခဲ့သည်။ ထို့နောက် နေရာတစ်နေရာသို့ ရောက်သောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ထိုက်ဟယ်မျိုးနွယ်စုတို့သည် လမ်းခွဲသွားပြီး၊ ဆားတွင်းဆီသို့ တစ်လမ်းစီမှ ချီတက်သွားကြပါသည်။ ရှောက်ရွှမ်သည် သူတို့အခုသွားနေသောလမ်းပေါ်ကို တခါမှ မရောက်ဖူးပါ။

ထောင်ကျန်း၏အပြောအရတော့၊ ထိုခရီးလမ်းသည် တောင်များထူထပ်သည်ဟုဆိုပါသည်။ ဆားတွင်းများကို စောင့်ရှောက်သည့်

အတွေ့အကြုံ ရှိသူများသည် နောင်တချိန်တွင် ထိပ်တန်းခေါင်းဆောင်များ ဖြစ်လာမည် ဖြစ်သည်။ ၎င်းတို့သည် ကျန်သူများထက် ဗဟုသုတလည်း ကြွယ်ဝပါသည်။

“နှင်းတွေကျနေတယ်…ဆက်သွားလို့ မလွယ်တော့ဘူး” ဝူကျန်းက ပြောလိုက်ပါသည်။

အားလုံးက နှင်းများရပ်သွားပါစေဟု ဆုတောင်းနေကြပါသည်။ ယခင်နှစ်ဆောင်းတွင်းများကဆိုလျှင်၊ အခုလောက် နှင်းများထူထပ်စွာ မကျပါ။

ထို့ပြင်ခရီးမှာ အခုမှ အစသာရှိသေးသည်။

ဆားတွင်းများသည် ရွာနှင့် အလွန်ဝေးသောနေရာတွင် တည်ရှိပါသည်။ သာမန်အားဖြင့်ဆိုလျှင် ၄၊၅ရက်လောက် သွားရမည့်ခရီးဖြစ်ပါသည်။ အခုတော့ ရာသီဥတုအခြေအနေဆိုးဝါးနေသဖြင့်၊ ၄၊၅ရက်ထက် ကြာမလို ဖြစ်နေပါသည်။

လေးရက်မြောက်သောနေ့အထိတိုင်၊ နှင်းများက ဆက်လက်ကျနေဆဲဖြစ်သည်။ နှင်းများထူထပ်စွာကျဆင်းနေသဖြင့်၊ မြင်မြင်သမျှ အရာအားလုံးတို့သည် နှင်းများဖုံးလွှမ်းနေပါသည်။

ကျန်းလော်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး “ မြန်မြန်လုပ်..ဂူထဲ ရောက်မှ နားကြမယ်”

ရှေ့နားက တောင်ပေါ်တွင် ဂူတစ်လုံးရှိပေသည်။ ထိုဂူသည် ဆားတွင်းအစောင့်များ အနားယူနေကြဂူဖြစ်သည်။ သို့သော် လူများလွန်းသဖြင့်၊ ဂူထဲတွင် ပြည့်ကျပ်နေ၏။

ဂူထဲရောက်သောအခါ၊ မီးမွှေးသူကမွှေး၊ ရေနွေးတည်သူကတည်နှင့် အလုပ်များ ရှုပ်သွားကြသည်။ရေဆူလာသောအခါ၊ ရွှေကောက်ပဲသီးနှံများကို ထည့်လိုက်ကြပြီး အသားခြောက်များကိုလည်း ထည့်လိုက်ကြသည်။

အိုးခွက်များအလုံအလောက်ပါမလာသဖြင့်၊ စစ်သည်တော်များသည် ဖက်ရွက်များဖြင့် ထည့်စားကြပါသည်။ ဖက်ရွက်များမှာ လက်၂ဝါးစာလောက် ရှိပါသည်။ ဖက်များကို လိပ်ပြီး ကတော့ပုံစံလုပ်လိုက်သောအခါ၊ စွပ်ပြုတ်ထည့်စားရန် အဆင်ပြေသွားပေသည်။

ဆန်ပြုတ်နှင့်အသားခြောက်များကို စားလိုက်သောအခါမှ၊ ချမ်းတုန်နေကြသော စစ်သည်တော်များမှာ နွေးထွေးသွားကြပါသည်။ အစားဝင်သွားသောကြောင့်၊ နေလို့ ထိုင်လို့ ကောင်းသွားပေသည်။

ရွှေကောက်ပဲသီးနှံများကို စားလိုက်ရခြင်းကြောင့်၊ ကုန်ဆုံးသွားသော အားအင်များ ပြန်လည်ပြည့်ဝလာပါသည်။ နည်းနည်းလောက်စားလိုက်ရုံနှင့်၊ ပြန်လည်လန်းဆန်းလာကြသည်။

ထို့နောက် စစ်သည်တော်များသည် အချင်းချင်း စနောက်ကြရင်း အပျင်းဖြေနေကြ

ပါသည်။ သို့သော် ကျန်းလော်နှင့် လူကြီးများကတော့ စိုးရိမ်နေကြသည်။ နတ်ဆေးဆရာမပြောလိုက်သောစကားများကိုလည်း ပြန်စဉ်းစားနေကြပါသည်။

“ပိုအေးလာပြီ” သုန့်ကန်းက ပြောလိုက်သည်။

အရင်အခေါက်အမဲလိုက်ခရီးစဉ်များတုန်းက၊ ထိုမျှအေးသော ရာသီဥတုမျိုးကို သူတို့မကြုံဖူးကြပါ။ မနက်ခင်းတွင် နည်းနည်းတော်သေးသော်လည်း၊ နေ့လည်ရောက်သည်နှင့် အရိုးကွဲမတတ်ချမ်းလာပါတော့သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်တို့လို အအေးဒဏ်ကို ခံနိုင်ရည်ရှိသူများပင်၊ ခိုက်ခိုက်တုန်အောင် ချမ်းနေကြပါသည်။ရာသီဥတုမှာ ပြင်းထန်လွန်းလှပါသည်။

“ရာသီဥတုက ဘယ်လိုဖြစ်နေတာလဲ” ကွမ်းယီပင် အံ့ဩနေပါသည်။

ရာသီဥတု ဘာကြောင့်ထိုမျှ ပြင်းထန်နေလဲ မည်သူမှ မသိကြပါ။

လက်ရှိအခြေအနေနှင့် ထူးဆန်းသော ရာသီဥတုတို့မှာ၊ မကောင်းသော နိမိတ်များလား။

ရှောက်ရွှမ်သည် အိတ်ထဲမှ ကြိုးများထုတ်လိုက်ပြီး၊ ကြိုးထုံးများ စတင်လုပ်ပါတော့သည်။ အခြားလူများက ရှောက်ရွှမ်ဘာလုပ်နေသည်ကို မသိသော်လည်း၊ ကျန်းလော်ကတော့ သိပါသည်။ နတ်ဆေးဆရာမက ကျန်းလော်ကို တစ်ခုခုထူးခြားသည်ကို ရင်ဆိုင်ရပါက၊ ရှောက်ရွှမ်စကားကို နားထောင်ရန် မှာလိုက်ပါသည်။

ကြိုးထုံးများကိုလုပ်ပြီးသွားသောအခါ၊ ကျန်းလော်က ခပ်အုပ်အုပ်လေသံဖြင့် “အခြေအနေဘယ်လိုလဲ”ဟုမေးလာသည်။ ကျန်းလော်သည် တခြားစစ်သည်တော်များ ထိတ်လန့်သွားမည်စိုးသောကြောင့် ကျယ်ကျယ်မပြောရဲချေ။ သတင်းဆိုးဖြစ်နေပါက အားလုံး စိတ်ဓာတ်ကျသွားမည်ပင်။

ရှောက်ရွှမ်က ခဏရပ်လိုက်ပြီး၊ ကြိုးထုံးများကို ကြည့်နေပါသည်။ ရှောက်ရွှမ်သည် ထွက်ပေါ်လာသော ရလာဒ်မှ အဖြေကောက်ယူရန် ခက်ခဲနေလေသည်။

“အကောင်းဆုံးက မနက်ဖြန်လောက်မှာ ပြန်ခရီးဆက်တာပဲ…နောက်၂ရက်အတွင်း ဆားတွင်းကို ရောက်အောင်သွားရမယ်…မဟုတ်ရင် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

“၂ရက်အတင်းရောက်အောင် သွားရမှာလား” ၂ရက်အတွင်းရောက်အောင်သွားရန်အတွက်တော့ အခက်အခဲမရှိသော်လည်း “ဘာလို့၂ရက်အတွင်းရောက်အောင်သွားရမှာလဲ” ကျန်းလော်တွေးလိုက်မိသည်။

“နောက်၂ရက်နေရင် ဘာဖြစ်မှာမို့လို့လဲ” ကျန်းလော်က မေးလိုက်သည်။

ရှောက်ရွှမ်က ခေါင်းခါလိုက်ပြီး “ ကျွန်တော်လည်း သေချာမသိဘူး…ဒါပေမဲ့ အချိန်ဆွဲနေရင် မကောင်းတာတစ်ခုခုဖြစ်လာတော့မှာတော့ ကျွန်တော်သိတယ်... ဆားတွင်းဆီကို အမြန်ဆုံးရောက်အောင်သွားဖို့ လိုတယ်”

ရှောက်ရွှမ်၏ စိတ်များလေးလံနေပါသည်။ ရှောက်ရွှမ်သည် သူ၏အတွင်းစိတ်ကို သူယုံကြည်ပါသည်။ ကြိုးထုံးများ၏ အဓိပ္ပါယ်ကို ဖော်၍မရခြင်းမှာ ကောင်းသော လက္ခဏာ မဟုတ်ပါ။

သုန့်ကန်းက မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုများကို သေလောက်အောင်မုန်းတီးနေပါသည်။ သူတို့သာ ပြဿနာမရှာပါက၊ အခုလို ခိုက်ခိုက်တုန်အောင်ချမ်းနေသော အချိန်မျိုးတွင် အိမ်ထဲတွင် နှပ်နေရုံသာ ဖြစ်ပါသည်။

ညရောက်လာသောအခါ၊ ဂူအပြင်တွင် လေများပြင်းထန်စွာ တိုက်ခတ်နေပါသည်။ ဂူအပြင်တွင် ရှိသောအရာဝတ္ထုများအားလုံးကတော့ နှင်းများဖုံးနေသဖြင့်၊ ဖွေးဖွေးလှုပ်နေပြီ ဖြစ်သည်။

အပူချိန်ကလည်း ဆက်လက်ကျဆင်းနေပါသည်။

ကျန်းလော်က သူ့လူများအား ဂူပေါက်ဝကို ကျောက်တုံးကြီးတစ်တုံးနှင့် ပိတ်ခိုင်းလိုက်ပါသည်။ သို့သော် ဂူပေါက်ဝနားတွင် နေရသူကတော့ ချမ်းမြဲချမ်းနေဆဲဖြစ်သည်။

ရှောက်ရွှမ်က ထိုလူကိုသူ့နေရာနှင့် လဲပေးလိုက်ပါသည်။ လေများပြင်းထန်စွာ တိုက်ခတ်နေသောကြောင့် မီးလည်းမွှေး၍မရပါ။ ရှောက်ရွှမ်ကတော့ ထိုကဲ့သို့ ရာသီဥတုမျိုးကို ကြုံတွေ့ဖူးသူ ဖြစ်ပါသည်။

အားလုံးမှာ ရှောက်ရွှမ်၏ အပြုအမူကို ကြည့်ပြီး အထင်ကြီးလေးစားသွားကြပါတော့သည်။

ရှောက်ရွှမ်သည် ဂူပေါက်ဝနားတွင်ထိုင်လိုက်ပြီး၊ ပစ္စည်းတချို့ကို ဆွဲထုတ်လိုက်ပါသည်။ လှုပ်ရှားသံများကြားရသဖြင့် ကြည့်လိုက်

သောအခါ ကျန်းလော်၊ သုန့်ကန်း၊ဝူကျန်း နှင့် ထောင်ကျန်းတို့မှာ ဂူပေါက်ဝနားရောက်နေသည်ကို တွေ့လိုက်ရပါသည်။

“ရှောက်ရွှမ်…မင်းက ဒီလိုရာသီဥတုမျိုးကို ကြုံဖူးတယ်ဆို” သုန့်ကန်းက မေးလိုက်ပါသည်။

ရှောက်ရွှမ်က ပြုံးလိုက်ပြီး “သမုဒ္ဒရာတစ်ဖက်ကမ်းက ကျွန်တော်နေခဲ့တဲ့ ရွာမှာဆိုရင် နှင်းတွေကျလာရင် အိမ်တွေမြုပ်တယ်”

“မချမ်းဘူးလား” ဝူကျန်းက မေးလိုက်ပါသည်။ ဝူကျန်းနှင့် ရှောက်ရွှမ်တို့မှာ အသ်ချင်းမတိမ်းမယိမ်လောက်ဖြစ်ပါသည်။

“ချမ်းတော့ချမ်းတာပေါ့ ဒါပေမဲ့ နေသားကျနေပြီလေ” ရှောက်ရွှမ်က ဂူထဲမှ ကောက်ရိုးပုံပေါ်တွင် အိပ်စက်ခဲ့ရသည်ကို ပြန်အမှတ်ရနေပါသည်။ ဤဘက်ကမ္ဘာကို ရောက်ရောက်ချင်းမှာတော့၊ ရှောက်ရွှမ်သည် ရာသီဥတုနှင့် နေသားမကျပါ။ နောက်ပိုင်းကျမှသာ နေသားကျသွားခြင်း

ဖြစ်သည်။

“ကြားတယ်မလား…မင်းတို့ကတော့ အခက်အခဲလေး နည်းနည်းတွေ့တာနဲ့ စိတ်ညစ်နေကြတယ်” သုန့်ကန်းက ထောင်ကျန်းတို့ကို ပြောလိုက်ပါသည်။

“ဒါပေမဲ့ ရာသီဥတု အခုလို ကြီးကြီးမားမား ပြောင်းလဲတာမျိုးကို ကျွန်တော် မကြုံဖူးဘူး…ဒီပုံအတိုင်းဆိုရင်တော့ တိုက်ပွဲဆင်နွှဲဖို့ လွယ်မှာ မဟုတ်ဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။

အားလုံးက တိတ်ဆိတ်သွားကြပါသည်။ ရာသီဥတုဆိုးဝါးခြင်းက ကြီးမားသော ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည်ကို ၎င်းတို့ သိထားကြသည်။ သို့သော် လုပ်စရာရှိသည်ကိုတော့ လုပ်ကြရပေမည်။

နောက်တစ်နေ့ရောက်သောအခါ ကျန်းလော်သည် အဖွဲ့ကို ဦးဆောင်ပြီး၊ ဆားတွင်းဆီသို့ အလျင်အမြန်ထွက်ခွာသွားပါသည်။

မနေ့ညကထက်စာလျှင်တော့ အချမ်းနည်းနည်းပေါ့သွားသလို၊ နှင်းများလည်း ထူထပ်စွာ မကျတောပါ။ ကောင်းကင်မှာလည်း ကြည်လင်နေသဖြင့်၊ အရာအားလုံးအဆင်ပြေတော့မည်ဟုထင်ရပါသည်။ သို့သော် ရှောက်ရွှမ်၏ စိတ်ထဲတွင်တော့ လေးလံမြဲလေးလံနေဆဲ ဖြစ်သည်။

ခရီးပြင်းနှင်လာသဖြင့်၊ နေ့လယ်လောက်ရောက်သောအခါ၊ ဆားတွင်းနားသို့ရောက်လာပါသည်။ ဆားတွင်းဆီရောက်ရန်တော့ ဆက်သွားရဦးမည် ဖြစ်သည်။

မြေပြင်ပေါ်ရှိဆားများမှာ နေရောင်အောက်တွင် ပြိုးပြိုးပျက်ပျက် လက်နေပါတော့သည်။ နှင်းများကျလာလျှင်တော့ ၎င်းတို့ကို ဖုံးလွှမ်းသွားမည် ဖြစ်သည်။

“အဲဒါဆားပန်းပွင့်တွေပဲ…ဆားတွင်းက ဆားပန်းပွင့်တွေနဲ့ ဒီက ဆားပန်းပွင့်တွေနဲ့ မတူဘူး…ဒီက ဆားပန်းပွင့်တွေက စားလို့မရဘူး”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၅၉) ဗျူဟာမြောက် အကြံအစည်

ဆားမြေပြင်ကို နှင်းများဖုံးလွှမ်းနေသောကြောင့်၊ မြေပြင်မှာ ဖြူဖွေးနေ၏။

မြေပြင်ပေါ်တွင် ရေအိုင်များနှင့် ချိုင့်ဝှမ်းများဖြစ်ပေါ်နေသည်။ ဖြူဖွေးနေသော မြေပြင်ပေါ်တွင် ဆားပုံဆောင်ခဲများမှာ သန္တာကျွန်းတန်းတစ်ခုလို ဖြစ်နေပေသည်။ ပုံဆောင်ခဲများမှာ တစ်ခုနှင့်တစ်ခု အရောင်မတူလို အရွယ်အစားများလည်းမတူညီကြပေ။ ဆားပုံဆောင်ခဲများကို မြင်ရသော မြင်ကွင်းမှာ အိပ်မက်ဆန်နေ၏။ သို့သော် ထိုနေရာအကြောင်းကို သိထားသူများကတော့ ထိုနေရာမှ အလျင်အမြန်ထွက်ခွာသွားချင်နေကြသည်။

ထိုနေရာမှ ဆားများသည် အဆိပ်ရှိသော ဆားများ ဖြစ်သည်။ ထိုဆားကို စားမိပါက အသက်ဆုံးရှုံးရမည်သာ။ ထိုနေရာသည် အန္တရာယ်

နယ်မြေတစ်ခုဖြစ်ပေသည်။ ချီလုမျိုးနွယ်စုကတော့ သူတို့ကိုးကွယ်သော သားရဲကြီးမှာ ထိုနေရာတွင် သေဆုံးသွားသည်ဟုဆိုပါသည်။ ချီလုမျိုးနွယ်စုဝင်များက ထိုနေရာကို ဖြတ်ကျော်မိသူများကို အပြစ်ပေးအရေးယူမည် ဖြစ်ပါသည်။ ထိုနေရာသည် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု ဖြစ်ပါသည်။

ထိုစဉ် မြေပြင်ပေါ်၌ အက်ကွဲကြောင်းများဖြစ်ပေါ်လာပါသည်။

ရှောက်ရွှမ်သည် ရေမျက်နှာပြင်အပေါ်သို့ တိုးထွက်လာသော လိမ္မော်ရောင်ပုံဆောင်ခဲကြီးတစ်လ့ုးကို မြင်တွေ့လိုက်ရပါသည်။ ထိုပုံစံခဲကြီးမှာ သာမန်ပုံစံခဲတစ်ခုသာဖြစ်ပြီး၊ ကြည့်ရသည်မှာ ကြည်တောက်နေပါသည်။ လူတစ်ယောက်အရပ်လောက်ရှိသော အမြင့်သို့ ရောက်သောအခါ၊ ရေပြင်ပေါ်တိုးထွက်နေခြင်းမှ ရပ်တန့်သွားသည်။ ထိုပုံဆောင်ခဲကြီးသည် အခြား ဆားပန်းပွင့်များနှင့် အရောင်ခြင်း မတူပါ။

ထိုပုံဆောင်ခဲကြီးမှာလည်း ဆားပွင့်လာခြင်းဖြစ်ပါသည်။ ရေအိုင်များထဲတွင်လည်း ဆားပုံဆောင်ခဲမျိုးစုံရှိပါသည်။ အရောင်အသွေးများမှာလည်း အနီ၊အစိမ်း၊အနက် ရောင်စုံသာ ဖြစ်ပါသည်။

ထိုပုံဆောင်ခဲများမှာ လှပသည့်အသွင်ကို ဆောင်နေသော်လည်း၊ အကြောင်းသိသူများကတော့ ကြည့်ပြီး ကြက်သီးထနေကြပါသည်။

“သွားကြမယ်…အဲဒီပုံဆောင်ခဲတွေကို မစားမိကြစေနဲ့ဟေ့” ကျန်းလော်က ပြောလိုက်ပါသည်။

ဆားပြင်ပေါ်သို့ ဖြတ်သန်းသွားရင်း၊ ခြေထောက်အောက်မှ ဖြစ်ပေါ်လာသော အက်ကွဲသံများကို ကြားနေရပါသည်။ အသံများမှာ တော်တော်ကျယ်လာပါသည်။ တဖြည်းဖြည်းနှင့် ၎င်းတို့သည် အန္တရာယ်ဆားပြင်ကို ဖြတ်ကျော်လာခဲ့ပါသည်။

ရှောက်ရွှမ်တို့အဖွဲ့သည် ခြေထောက်များကို ရေစိုမည်စိုးသောကြောင့် ကုန်းမြင့်ပေါ်မှ လျှောက်လာခဲ့ကြသည်။ ရေစိုနေသော ဖိနပ်များခြောက်သွားသောအခါ၊ ဆားပွင့်များကျန်နေခဲ့ပါသည်။ ထိုဆားများမှာ အဆိပ်ရှိသော ဆားများ ဖြစ်ပါသည်။

“ခြေရာတွေ” သုန့်ကန်းက အရပ်မျက်နှာတစ်ဖက်သို့ ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ထင်ကျန်ခဲ့သော ခြေရာများမှာ တော်ရုံနှင့် ပျောက်ကွယ်မသွားပါ။ ရာသီဥတုပူလာသောအခါများတွင်ပင်၊ ထိုဆားများမှာ အရည်ပျော်မသွားပါ။

“ဒီနေရာကို ဖြတ်သွားတဲ့ လူ၂၀၀၊၃၀၀လောက်ရှိမယ်…ခြေရာတွေကို ကြည့်ရတာတော့ ဒီကောင်တွေ ဒီက ဖြတ်သွားတာ လေးရက်လောက်ရှိပြီ ထင်တယ်” ဝါချာက ဆားပြင်များအကြောင်းကို ကျွမ်းကျင်သူဖြစ်သောကြောင့်၊ ခြေရာများကို ကြည့်ပြီး ခန့်မှန်းချက် ထုတ်လိုက်ပါသည်။

“မြေခွေးမျိုးနွယ်စုက စစ်ကူခေါ်ထားတဲ့လူ

တွေ ဖြစ်မယ်…” စူးရှက ပြောလိုက်ပါသည်။

မြေခွေးမျိုးနွယ်စုဝင်များသည် စနစ်တကျချီတက်သွားကြခြင်းဖြစ်ပြီး၊ ရှန်မျိုးနွယ်စုဝင်များကတော့ ဖြစ်သလိုသာ ချီတက်သွားပုံရသည်။ ထိုခြေရာများမှာ သူတို့မျိုးနွယ်စု၂ခု၏ ခြေရာများမှ လွဲပြီး တခြားမျိုးနွယ်စုများ၏ ခြေရာများ မဖြစ်နိုင်ပါ။

ရှောက်ရွှမ်တို့သည် စွပ်ပြုတ်၊ဆန်ပြုတ် ပြုတ်ရန် အချိန်မရတော့သဖြင့်၊ အေးခဲနေသော အသားခြောက်များကိုသာ စားလိုက်ရပါသည်။ သွားလေရာနေရာတိုင်းတွင်၊ ဆားရနံ့များကို ရနေပါသည်။ လေတိုက်သံများထက်၊ ဆားများကို ခြေထောက်နှင့် နင်းမိသောကြောင့် တကျွိကျွိ၊တဂျွတ်ဂျွတ်အသံများသာ ထွက်ပေါ်နေပါသည်။

ထိုညတွင် လေလည်း သိပ်မတိုက်သလို၊ နှင်းလည်း သိပ်မကျပါ။ အရင်ညများထက်စာလျှင် အတော်တိတ်ဆိတ်သော ညတစ်ညဖြစ်ပါသည်။

ရာသီဥတုကောင်းမွန်နေသောကြောင့်၊ အားလုံး စိတ်သက်သာရာရသွားပါသည်။ သို့သော် ကျန်းလောကတော့ သူ့လူများကို အမြန်ချီတက်ရန်သာ နှိုးဆော်နေပါသည်။ စစ်သည်တော်များသည်လည်း အထွန့်မတက်ဘဲ၊ အကြီးအကဲ၏ စကားကိုသာ နားထောင်ကြပါသည်။ အကြီးအကဲစကားကို နားထောင်ခြင်းက မမှားနိုင်ဟု အားလုံးက လက်ခံထားကြသည်။

ဆားတွင်းကြီး၏ တစ်နေရာ…။

မြေခွေးမျိုးနွယ်စုဝင်များနှင့် ရှန်မျိုးနွယ်စုဝင်များသည် ဆားဂူထဲတွင် ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်နေကြပါသည်။

ထိုနေရာမှာ မြေခွေးမျိုးနွယ်စု၏ ဂူဖြစ်သည်။

ထိုမိုင်းတွင်းထဲသော ဆားများမှာ အထပ်ထပ်ဖြစ်နေပါသည်။ ကျောက်သားတစ်လွှာ၊ ဆားတစ်လွှာ ဖြင့် တည်ရှိနေပါသည်။ သို့သော် ၎င်းတို့သည် ဆားတစ်လွှာမကုန်ခင်မှာပင်၊ နောက်တစ်

လွှာကို တူးယူကြပါသည်။ ထိုသို့တူးရင်းနှင့် သူတို့သည်တစုံတရာကို တွေ့မြင်ခဲ့ကြသည်။

အချိန်အတော်ကြာစဉ်းစားပြီးသောအခါ၊ မြေခွေးမျိုးနွယ်စုဝင်များသည် ရှန်မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်ပါသည်။ တောင်လေမျိုးနွယ်စုဝင်များကတော့ ထူးခြားသည့် စိတ်နေသဘောထား ရှိသူများ ဖြစ်ပါသည်။ ထို့ကြောင့် မြေခွေးများက တောင်လေများကို စိတ်မဝင်စားပါ။ မီးတောက်ဦးချိုများနှင့် ထိုက်ဟယ်များကတော့ အတော်ရင်းနှီးကြသည်။ ထို့ကြောင့် မြေခွေးများသည် အထက်ပါမျိုးနွယ်စုသုံးခုကို မရွေးဘဲ၊ မဟာမိတ်ဖွဲ့ရန် ရှန်မျိုးနွယ်စုကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ တခါတရံတွင် ရှန်လူမျိုးများမှာ မောက်မာတတ်ကြသည်။ သို့သော် အခုကိစ္စသည် မီးလျှံသလင်းကျောက်များ ရရှိရေး ဖြစ်နေသောကြောင့်၊ ၎င်းတို့သည် မာနများကို လျှော့ချသွားပါသည်။

ထိုအချိန်တွင် မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုမှ အရေးပါသူ၆ယောက်တို့သည် စားပွဲကြီး

တစ်လုံးတွင် ဝိုင်းထိုင်နေကြပါသည်။ စားပွဲပေါ်တွင်တော့ လူတစ်ယောက်မျက်လုံးလောက် ရှိသော မီးလျှံသလင်းကျောက်များကို တင်ထားပါသည်။

“ဒါဒီနေ့တူးယူလို့ရလာတာ…အောက်ခြေမှာ အများကြီးရှိသေးတယ်…ဒါပေမဲ့ အောက်ခြေကို နက်လေ၊ တူးရတာ ခက်လေပဲဗျာ…အချိန်မရရင် အကုန်လုံးကုန်အောင် တူးနိုင်မှာမဟုတ်ဘူး…တူးလို့မပြီးသေးခင် မီးတောက်ဦးချိုတွေနဲ့ ထိုက်ဟယ်တွေ ရောက်လာမှာ စိုးရိမ်ရတယ်” မျက်နှာပေါက်ခပ်ဆိုးဆိုးနှင့် အညိုရောင်သားမွေးအင်္ကျီကို ဝတ်ဆင်ထားသော လူတစ်ယောက်က ပြောလိုက်သည်။ ထိုလူမှာ ရှန်မျိုးနွယ်စုက လူဖြစ်ပါသည်။

“ကျုပ်တို့ ရထားတဲ့ သတင်းတွေအရတော့၊ တောင်လေမျိုးနွယ်စုတွေက မီးတောက်ဦးချိုမျိုးနွယ်စုရယ် ထိုက်ဟယ်မျိုးနွယ်စုရယ်နဲ့ မဟာမိတ်ဖွဲ့လိုက်တယ်တဲ့…ဆားကို မက်လုံးပေးပြီး စစ်ကူတွေခေါ်ထားတယ်ဆိုပေမယ့် ကျုပ်တို့ကလည်း

ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမယ်…မီးတောက်ဦးချိုတွေက ရင်ဆိုင်ရတာ မလွယ်ဘူး” မြေခွေးအကြီးအကဲက ပြောလိုက်သည်။

“ရာသီဥတုက ဒီလောက်ဆိုးနေတာ ဒီကောင်လာပါ့မလား” ရှန်တစ်ယောက်က မေးလိုက်သည်။

“ဒီလောက် ရာသီဥတုဆိုးနေတာတောင် ရောက်အောင်လာတယ်ဆိုရင်တော့ လျှို့ဝှက်ချက်ကို သိနေလို့ပဲ နေမယ်” မြေခွေးအကြီးအကဲ၏ မျက်နှာပေါ်တွင် နာကျည်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာပါသည်။ ၎င်းသည် မီးလျှံသလင်းကျောက်ကို ရှန်များကို တဝက်ခွဲပေးလိုက်ရကတည်းက ရင်ထဲမကောင်း ဖြစ်နေခြင်း ဖြစ်ပါသည်။ အခြားမျိုးနွယ်စု၃ခု၏ ရန်ကိုသာ မစိုးရိမ်ရလျှင်၊ ရှန်များကိုလည်း ခွဲပေးနေစရာမလိုပါ။ ထို့ကြောင့် သူတို့သည် ရှန်များအပြင်၊ တခြားမျိုးနွယ်စုဝင်များကို မီးလျှံသလင်းကျောက်များ ခွဲပေးတော့မည် မဟုတ်ပါ။

ရှန်များ၏ သဘောထားကလည်း သူတို့နှင့် အတူတူပင် ဖြစ်ပါသည်။

“ကူး…”

ဂူအပြင်မှ ထူးဆန်းသော အသံတစ်ခုထွက်ပေါ်လာသည်။

ရှန်တစ်ယောက်သည် သူ့လက်ကို မြှောက်လိုက်ပါသည်။မီးခိုးရောင် အရိပ်တစ်ခုသည် သူ့လက်မောင်းပေါ်တွင် လာနားခိုနေပါသည်။

မီးခိုးရောင်အရိပ်မှာ ကြောက်မက်ဖွယ်ငှက်ရဲတစ်ကောင် ဖြစ်ပါသည်။ အကောင်တော့ သိပ်မကြီးမားပါ။

ထိုငှက်သည် တကူးကူးအော်ရင်း ရှန်မျိုးနွယ်စုဝင်ကို စကားများပြောနေပါသည်။

ရှန်မျိုးနွယ်စုဝင်၏ မျက်နှာမှာ ပြောင်းလဲသွားပါသည်။ “ ထိုက်ဟယ်တွေ ဆားတွင်းနားကို

ရောက်နေပြီ…ဆားပြင်ကို ဖြတ်လာကြပြီတဲ့…ဒီကောင်တွေ မီးလျှံသလင်းကျောက်အကြောင်းကို သိနေကြပြီ ထင်တယ်”

“ထိုက်ဟယ်တွေလာပြီဆို မီးတောက်တွေလည်း ပါလာမှာပဲ…တောင်လေတွေ ပြောလိုက်လို့ ဒီကောင်တွေ မီးလျှံသလင်းကျောက်အကြောင်းကို သိသွားတာ ဖြစ်မယ်…ကျုပ်ထင်တာမမှားဘူးဆိုရင် ဒီကောင်တွေ နောက်၂ရက်လောက်နေရင် ရောက်လာလိမ့်မယ်” မြေခွေးအကြီးအကဲက ပြောလိုက်ပါသည်။

“နောက်၂ရက်နေရင် ဟုတ်လား…နောက်သုံးရက်ကြာရင် ရာသီဥတု ပြောင်းလဲသွားမှာ ကျုပ်စိုးရိမ်မိတယ်…ကျုပ်တို့ရဲ့ အစီအစဉ်ကို ပြောင်းမှ ဖြစ်မယ်”

မြေခွေးမျာလည်း စိတ်ညစ်သွားကြပါသည်။ ၎င်းတို့သည် ဗျူဟာမြောက် အစီအစဉ်များကို ရေးဆွဲထားပြီးသား ဖြစ်ပါသည်။ သို့သော် ရာသီဥတု ဆိုးဝါးနေသော ကြောင့် အစီအစဉ်များ

အားလုံး ပျက်သုဉ်းသွားပါသည်။ ရှန်မျိုးနွယ်စုဝင်များသည် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲအသေးစိတ်ကအစ သတိပြုမိနိုင်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် တောအုပ်ထဲမှ ရနံ့များကို ခံပြီး၊ ဖြစ်ပေါ်လာနိုင်မည့် ရာသီဥတုအပြောင်းအလဲများကို ခန့်မှန်းနိုင်ကြသူများ ဖြစ်ကြသည်။ ၎င်းတို့က ပြောလာပြီဆိုလျှင်၊ လွဲမှားလေ့သိပ်မရှိပါ။

“ဒီကောင်တွေကို ထိပ်တိုက်ရင်ဆိုင်လို့တော့မရဘူး…မီးတောက်ဦးချိုက ကောင်တွေက အကြမ်းပတမ်းတွေ” မြေခွေးအကြီးအကဲ ရန်ဘက် မျိုးနွယ်စု၃ခု၏ အင်အားကို ခန့်မှန်းကြည့်နေပါသည်။

“အဲဒါဆို ဘယ်လိုလုပ်ကြမလဲ” ရှန်မျိုးနွယ်စုဝင်က မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။

မြေခွေးအကြီးအကဲနားတွင်ထိုင်နေသော အမျိုးသမီးတစ်ယောက်က ဣန္ဒြေကြီးသော အပြုံးကို ပြုံးလိုက်ပြီး “သိပ်လည်း စိတ်မပျက်ကြ

ပါနဲ့”

အားလုံး သူမကို ကြည့်လိုက်ကြသည်။

သူမသည် အနီရောင်သားမွှေးအင်္ကျီကို ဝတ်ဆင်ထားပါသည်။ သူမ၏ ရင်ခွင်ထဲတွင်တော့ အဖြူရောင်မြေခွေးတစ်ကောင်ကို ပိုက်ထားပါသည်။ “နောက်၂ရက်အတွင် ရာသီဥတုက မယုံနိုင်လောက်အောင် ပြောင်းလဲသွားလိမ့်မယ်”

သူမ၏ မြေခွေးက သူမ၏ စကားကို ထောက်ခံလိုက်သည့်အလား အော်သံတချက်ကို ပေးလိုက်ပါသည်။

“နောက်၂ရက်နေရင် ဟုတ်လား…ခင်ဗျားက ဘယ်လိုလုပ်သိလဲ” ရှန်များက မယုံသင်္ကာဖြင့် မေးလိုက်ပါသည်။

“ကျွန်မဘယ်လိုသိတာလဲ ရှင်တို့ သိဖို့ မလိုပါဘူး…ဒါပေမဲ့ နောက်၂ရက်နေရင် အပြောင်းအလဲ ဖြစ်လာမယ်ဆိုတာကတော့ အာမခံတယ်”

သူမ၏ လေသံမှာ တည်ငြိမ်နေသည်။

“ရာသီဥတုပြောင်းလဲသွားတော့ကော ဘာဖြစ်လာမှာလဲ”

“အဖြေကတော့ ရှင်းရှင်းပါတယ်…လူတွေက ရာသီဥတုအပြောင်းအလဲကို တားနိုင်စွမ်းမရှိဘူးလေ…အဲဒီလိုဖြစ်လာရင် ကျွန်မတို့ ပုန်းဖို့ နေရာတစ်ခုရှာရမယ်…ဆားတွင်းထဲမှာက ပုန်းစရာ ဆားဂူတွေပဲ ရှိတယ်”

“ခင်ဗျားပြောချင်တာ…” သူမ၏ ဆိုလိုရင်းကို အားလုံးသဘောပေါက်သွားကြပါသည်။ ပုန်းစရာဂူဆို၍ သူတို့ ဆားများကို တူးယူသော ဂူတစ်လုံးသာ ရှိပါသည်။ ရာသီဥတုဖောက်ပြန်လာပါက၊ ထိုဂူထဲတွင် ပုန်းအောင်းကြမည် ဖြစ်သည်။

“ ဟိုကောင်တွေကတော့ ရာသီဥတုဖောက်ပြန်လာရင် ပုန်းစရာနေရာ ရှိမှာ မဟုတ်ဘူး”

“ဒီကောင်တွေက နောက်သုံးရက်လောက်နေမှ

ရောက်လာမှာပါ…သူတို့ရောက်မလာခင် သူတို့ပိုင်တဲ့ ဂူတွေကို ဖျက်ဆီးပစ်လိုက်ရုံပေါ့…ငါတို့တွေ ဂူထဲကနေ ခုခံရင် ဒီကောင်တွေ လွယ်လွယ်နဲ့ ထိုးဖောက်လာမှာ မဟုတ်ဘူး…” မြေခွေးအကြီးအကဲကပြောလိုက်ပါသည်။

“ဟုတ်တယ်” အမျိုးသမီးက ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်ပါသည်။

“ဒါပေမဲ့ ဒီကောင်တွေရဲ့ ဂူတွေကို ဖျက်ပစ်လိုက်ရင် ကျုပ်တို့ ခေါ်ထားတဲ့ စစ်ကူတွေကို ဘယ်နားသွားထားမလဲ”ရှန်မျိုးနွယ်စုဝင်က မေးလိုက်ပါသည်။

“ရှန်တွေရဲ့ ဂူထဲမှာ ခဏထားလိုက်ပေါ့…အရေးအကြီးဆုံးက ဟိုကောင်တွေရဲ့ ဂူကို စောင့်ကြည့်နေဖို့ပဲ” အမျိုးသမီးက ပြောလိုက်ပါသည်။

ရှန်များအနေနှင့် ၎င်းတို့၏ ဂူထဲတွင် စစ်ကူများကို ထားရန်ပြဿနာမရှိပါ။ မီးလျှံသလင်းကျောက်များရရှိမည် ဖြစ်သောကြောင့် ထို

လောက်တော့ အလျှော့ပေးရမည်သာ ဖြစ်သည်။ “ဒါပေမဲ့ ဟိုကောင်တွေက တခြားဂူတွေကို အပိုင် သိမ်းသွားရင်ရော”

“အဲဒီတော့ကော ဘာဖြစ်လဲ…အပိုင်သိမ်းနိုင်တယ်ဆိုရင်တောင် သူတို့တော်တော် အထိနာသွားမှာပဲ…ဘာများကြောက်စရာရှိလို့လဲ” အမျိုးသမီးက ပြောလိုက်ပါသည်။ ရှန်များ၏ ဂူကို ရန်သူများက သိမ်းသွားမည်ဆိုလျှင်တောင်၊ အသက်ပေးရမည့်သူများမှာ သူတို့၏ စစ်ကူများသာဖြစ်သည်။ မြေခွေးမျိုးနွယ်စုဝင်များ သေဆုံးမည် မဟုတ်ပါ။ မီးတောက်ဦးချိုတို့အဖွဲ့သည်လည်း ထိုဂူကို သိမ်းချင်သည်ဆိုပါက အနာခံပြီးတိုက်ရမည်ဖြစ်သည်။ ထိုဂူကို တိုက်ခိုက်ပြီးသွားပြီဆိုလျှင်၊ ၎င်းတို့၏ အင်အားနည်းသွားမည်ဖြစ်သည်။

ဤသို့ဖြင့် မြေခွေးများနှင့် ရှန်များသည် ဆုံးဖြတ်ချက်ချလိုက်ပါသည်။

သို့သော်၊ ရန်သူမျိုးနွယ်စုသုံးခုထဲမှ မျိုးနွယ်စုတစ်ခု၏ စဉ်းစားပုံမှာ အများနှင့် မတူကြောင်း သူ

တို့သတိမထားလိုက်မိပါ။ ထိုမျိုးနွယ်စုသည် ညအချိန်မှသာ လာရောက်တိုက်ခိုက်မည် ဖြစ်သည်။

(ဆက်ရန်…)

All Chapters