အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
အခန်း (၄၂၁) လောကနိယာမ
ထိုငှက်ကို မြင်သည်နှင့် အရိုင်းမဟုတ်မှန်း ရှောက်ရွှမ်သိပါသည်။ ရှောက်ရွှမ်သည် ငှက်ပေါင်းများစွာကို မြင်ဖူးခဲ့ပါသည်။ ထို့ကြောင့်ငှက်များ၏ မျက်လုံးကို ကြည့်ပြီး အရိုင်းလား၊ အယဉ်လား ခွဲခြားနိုင်ပါသည်။ ထိုငှက်၏ မျက်လုံးနက်နက်များထဲတွင် ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်များတွေ့နေပါသည်။
အစတွင်တော့၊ ရှောက်ရွှမ်သည် ထိုဘဲနောက်လိုက်သွားပြီး၊ ဘဲကို မွေးမြူသူအားလိုက်ရှာရန် စဉ်းစားမိသည်။ သို့သော် ထိုဘဲမှာ သူ့ကို မျှားခေါ်သော ထောင်ခြောက်ဖြစ်နေပါသည်။ တခြားသာမန်လူများဆိုလျှင် သိမည် မဟုတ်သော်လည်း၊ ရှောက်ရွှမ်ကတော့ ထောင်ခြောက်များနှင့် ရင်းနှီးနေသူဖြစ်သဖြင့်၊ သိခြင်း ဖြစ်ပါသည်။
မမျှော်လင့်ဘဲ ရုတ်တရက် တိုက်ခိုက်ခံရပါက၊ ရှောင်ထွက်သွားမည်ဟု ရှောက်ရွှမ်စဉ်းစားထားပါသည်။ သို့သော် ရန်သူများကို မြင်ရသောအခါ၊ ရှောက်ရွှမ်သည် စိတ်ပြောင်းလဲသွားသည်။
သူသည် ပုန်းအောင်းနေသောသူကို အရင်တိုက်ခိုက်လိုက်ပြီး၊ ကျန်သူများအား ကြောက်လန့်သွားအောင် ပြုလုပ်လိုက်ပါသည်။ ရှောက်ရွှမ်သည် တိုးပွားလာသော သူ၏ နတ်စွမ်းအင်များကို အသုံးပြုကြည့်ချင်သော ထိုသူများကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
အခုတော့ ရန်သူများအားလုံးသေဆုံးကုန်သလို၊ သူ့ကို မျှားခေါ်လာသော ဘဲကိုလည်း ကြိုးနှင့် တုပ်ထားပြီးပြီ ဖြစ်သည်။
အစိမ်းရောင်ဘဲ၏ မျက်လုံးများမှာ တောက်ပနေပါသည်။ ၎င်းသည် အော်ဟစ်ချင်နေသော်လည်း၊ ရှောက်ရွှမ်က လည်ပင်းကို ညှစ်ထားသောကြောင့် အသံမထွက်နိုင်ပါ။
ထိုသတ္တဝါသည် ရှောက်ရွှမ်ပြောသည်ကို နားလည်ဟန်ရှိပြီး ကြောက်လည်းကြောက်နေပါသည်။
၎င်း၏အတောင်ပံများကို ရှောက်ရွှမ်က ကြိုးနှင့်တုပ်ထားသော်လည်း၊ သူသည် ကြိုးစားပြီး ရုန်းကန်ကြည့်နေပါသည်။
ရှောက်ရွှမ်သည် လည်ပင်းကို ညှစ်ထားရာမှ အနည်းငယ်လျှော့ပေးလိုက်သည်။ သို့သော် သူ့ကို နှုတ်သီးနှင့် ပေါက်ရန် ကြိုးစားပါက၊ ရှောက်ရွှမ်သည် ထိုဘဲကို လည်လိမ်ပြီး သတ်ပစ်လိုက်မည် ဖြစ်သည်။
သို့သော် ဘဲကလည်း လည်ပါသည်။ ရှောက်ရွှမ်ကို နှုတ်သီးနှင့်မပေါက်ဘဲ ရှောက်ရွှမ် ဘာပြောမလဲ စောင့်ဆိုင်းနေပါသည်။
“နောက်ထပ်ရန်သူတွေရှိသေးလား” ရှောက်ရွှမ်က မေးလိုက်သည်။
ထိုအခါ ဘဲသည် ခေါင်းငြိမ့်ပြပါသည်။
“ဘယ်နှယောက်ရှိတာလဲ”
ထိုအခါ ဘဲမှာ ငြိမ်သက်သွားလေသည်။ ၎င်းသည် မရေတွက်တတ်ပေ။ ‘ဟုတ်တယ် မဟုတ်ဘူး’ အစရှိသည့် မေးခွန်းများကိုသာ ဖြေဆိုနိုင်ခြင်း ဖြစ်သည်။ ဘယ်နှယောက်လဲဟု မေးသောအခါ၊ သူမဖြေတတ်တော့ချေ။
ထိုအခါ ရှောက်ရွှမ်သည် ထိုဘဲဆီမှ အဖြေထပ်မရနိုင်တော့ကြောင်း သိသွားတော့သည်။
“ငါ့ကို အဲဒီကို လိုက်ပို့”
ထိုအခါ ဘဲက ခြေထောက်ကို ထောင်ပြလိုက်ပြီး၊ လမ်းမလျှောက်နိုင်ကြောင်း အမူအရာနှင့် ပြလာသည်။
ရှောက်ရွှမ်သည် ၎င်း၏လည်ပင်းတွင်
ကြိုးကွင်းတစ်ကွင်းစွပ်ပြီး၊ အတောင်ပံများကို ဖြေလွှတ်ပေးလိုက်သည်။ သို့သော် ၎င်း၏မျက်လုံးများကတော့ အိန္ဒြေမရဘဲ၊ လွတ်လမ်းကို လိုက်ရှာနေပါသည်။
လဲကျနေသော သစ်ပင်ကြီးနားကို ရောက်လာသောအခါ၊ သစ်ပင်အောက်တွင် သေဆုံးသွားသူသည် အစိမ်းပုပ်ရောင်သို့ ပြောင်းလဲသွားသည်ကို ရှောက်ရွှမ်သတိရသွားသည်။ တော်တော်ကြောက်စရာကောင်းသည့် အဆိပ်ပင်ဖြစ်သည်။ အလောင်း၏ကိုယ်မှ စူးရှရှအနံ့များ ထွက်နေပါသည်။
ရှောက်ရွှမ်သည် အဆိပ်ရှိသော အပင်ငယ်လေးများကို ကြည့်လိုက်ပါသည်။ ရန်သူများအားလုံးကို ရှင်းပြီးလျှင်၊ ထိုအပင်များအကြောင်းကို လေ့လာမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ မျိုးနွယ်စုစစ်သည်တော်တစ်ယောက်ကို သတ်နိုင်သော အဆိပ်သည် သာမန်တော့ မဟုတ်ပါ။
ဘဲသည် ရှောက်ရွှမ်ပြောစကားကို နားထောင်
ပါသည်။ ၎င်းသည် ရှောက်ရွှမ်အား ထောင်ခြောက်များမရှိသည့်၊ ဘေးကင်းသော လမ်းမှ ခေါ်ဆောင်သွားပါသည်။ ထိုအခါ ဘဲအပေါ်ထားသော ရှောက်ရွှမ်၏ စိတ်ထားပြောင်းလဲသွားပါသည်။
ကြည့်ရသည်မှာ ထိုဘဲသည် ရှောက်ရွှမ်၏ ရန်သူတော်များနှင့် သိပ်အဆင်ပြေဟန် မရှိပါ။ ရှောက်ရွှမ်က သူ့လူ၃ယောက်ကို သတ်လိုက်သော်လည်း၊ ထိုဘဲသည် စိတ်ဆိုးဟန် မပြပါ။ လွတ်လမ်းကို ချောင်းနေသော်လည်း၊ ၎င်းသည် ရှောက်ရွှမ်အား ဘေးအကင်းဆုံးလမ်းမှ ခေါ်ဆောင်လာပါသည်။ သူ့ကို ခိုင်းစားသောသူများအား ရှောက်ရွှမ်က သွားတိုက်ခိုက်တော့မည်ကို ထိုဘဲသည် သဘောကျနေဟန်ရှိပါသည်။
နည်းနည်းလောက်လျှောက်သွားပြီးသောအခါ၊ လူသားများ၏ ခြေရာလက်ရာများကို တွေ့လိုက်ရပါသည်။ ခြုံပုတ်ထဲတွင် ချက်ပြုတ်ထားသော အရိုးများအား ပစ်ထားသည်ကို တွေ့လိုက်ရပါသည်။ ကြည့်ရသည်မှာ လူအရိုးများနှင့် တူ
ပါသည်။
ဘဲ၏ခြေလှမ်းများသည် ပိုမိုသွက်လက်လာပါသည်။ စခန်းနှင့် နီးလာပြီ ဖြစ်သည်။ ၎င်းသည် သူ့လူများအား အော်ပြီး သတိပေးနိင်သော်လည်း၊ ထိုကဲ့သို့ မလုပ်ပါ။
ရှောက်ရွှမ်သည် သူနှင့် ခပ်လှမ်းလှမ်းတွင် သစ်သားအိမ်တစ်လုံးကို တွေ့လိုက်ရပါသည်။ အိမ်ထဲတွင် သစ်ပင်များ၊ခြုံနွယ်များပေါက်နေပါသည်။ တအိမ်လုံးကို အစိမ်းရောင်လွှမ်းခြုံထားသဖြင့်၊ ရုတ်တရက်ကြည့်လျှင် မမြင်ရပါ။ သစ်ပင်များအောက်တွင် ချက်ပြုတ်ထားသော အရိုးများနှင့် သုံးပြီးသားမီးသွေးခဲများကို တွေ့ရပါသည်။
အိမ်ထဲတွင် လူတစ်ယောက်ရှိနေပါသည်။ အသံများကို နားထောင်ပြီးနောက်၊ အိမ်ထဲတွင် လူတစ်ယောက်သာရှိကြောင်း ရှောက်ရွှမ်သိလိုက်ပါသည်။ သို့သော် ထိုလူ၏ အတွင်းအားကို ရှောက်ရွှမ်ခန့်မှန်း၍ မရပါ။
ထိုလူသည် တစ်စုံတရာကို ဗလုံးဗထွေးပြောဆိုနေပါသည်။ ထို့နောက် တဒုတ်ဒုတ် ခုတ်နေသံများ ထွက်ပေါ်လာပါသည်။
အနားတွင် လူမရှိကြောင်း သေချာသွားသောအခါ၊ ရှောက်ရွှမ်သည် ဘဲကို သစ်ပင်တစ်ပင်တွင် ချည်ထားခဲ့ပါသည်။ ချည်ထားသောကြိုးကို ကိုက်စားပစ်မည်ကို ရှောက်ရွှမ် စိုးရိမ်မနေပါ။ အခုတောင်မကိုက်သေးလျှင်၊ တကောင်တည်းထားခဲ့သောအခါ တွင်လည်း ကိုက်မည် မဟုတ်ပါ။
ရှောက်ရွှမ်သည် အပင်ပေါ်သို့ တိတ်တဆိတ်တက်သွားပြီး၊ လင့်အိမ်ထဲသို့ ဝင်သွားပါသည်။
အထဲတွင် ခါးကုန်းနေသော အဖိုးအိုတစ်ယောက်ကို တွေ့ရပါသည်။ အဖိုးကြီး၏ ခန္ဓာကိုယ်သည် အရိုးပေါ်အရေတင် ဖြစ်နေပြီး၊ စိတ်လည်းမှန်ပုံမရပါ။ တစ်ယောက်တည်း ဒေါသတကြီးနှင့် စကားများ ပြောဆိုနေပါသည်။ သူနား
တွင်တော့ လှီးလက်စ အသားများကို တွေ့ရပါသည်။ ဘာသားများလဲတော့ ရှောက်ရွှမ်လည်း မသိပါ။
လှုပ်ရှားသံကို ကြားရသောအခါ၊ အဖိုးအိုသည် နောက်သို့လှည့်လာပြီး “မင်းတို့ ပြန်ရောက်လာ…ဟင်…မင်းဘယ်သူလဲ”ဟုမေးလိုက်ပါသည်။
အဖိုးအိုသည် သူစိမ်းတစ်ယောက်ကိုမြင်သောအခါ၊ သတိအနေအထားဖြစ်သွားပါသည်။ မျက်လုံးများမှာလည်း အရောင်တလက်လက်တောက်ပလာပါသည်။ သူ့လူ၃ယောက်ဘာဖြစ်သွားလဲ၊ ဘာကြောင့် ပြန်မလာလဲ သူသိချင်နေပါသည်။
သို့သော် ရှောက်ရွှမ်ကို မြင်သောအခါ၊ အဖိုးအိုသည် ကြောက်ရွံ့သွားပါသည်။
“မင်း…ဘာလာလုပ်တာလဲ”
“ကျွန်တော့်ကို သိလား” ရှောက်ရွှမ်က အိမ်ထဲသို့
ဝင်လာပြီး အဖိုးအိုကို ကြည့်နေပါသည်။
အိမ်ထဲတွင် လူခေါင်းခွံများကို ချိတ်ဆွဲထားပါသည်။ ခေါင်းခွံများပေါ်တွင် ဓားဒဏ်ရာများကို တွေ့ရပါသည်။
“ဟင့်အင်…ငါမင်းကို မသိဘူး” အဖိုးအိုက ကပျာကယာ ငြင်းဆိုလိုက်ပါသည်။
ရှောက်ရွှမ်လက်ထဲမှ ဓားသည် အရောင်လက်ခနဲ ဖြစ်သွားပြီး၊ အဖိုးအို၏ ပုဆိန်ကို ခတ်ထုတ်ပစ်လိုက်ပါသည်။ ထို့နောက် အဖိုးအိုအား ဓားဖြင့်ထောက်ပြီး၊ “ဒီမှာ ခင်ဗျားတစ်ယောက်တည်းနေတာလား” ဟုမေးလိုက်ပါသည်။
“နောက်…နောက်…နောက်ထပ်သုံးယောက်ရှိသေးတယ်” အဖိုးအို၏ လေသံက တုန်ယင်နေပါသည်။
“ခင်ဗျား ကျုပ်ကို ဘယ်လိုသိတာလဲ” ရှောက်ရွှမ်က ထပ်မေးလိုက်ပါသည်။
“ငါမင်းကို မသိဘူး” ဓားဦးချွန်သည် သူ့လည်မျိုနှင့် တဖြည်းဖြည်းနီးကပ်လာသဖြင့် အဖိုးအိုသည် တုန်တုန်ယဉ်ယဉ် ဖြစ်နေပါသည်။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားပြီး “ငါမင်းကို မသိဘူး…ငါ့ကောင်တွေက သူတို့ပစ်မှတ်က ချာတိတ်လေးတစ်ယောက်လို့ ပြောနေသံကြားတာပဲ”ဟုဖြေလိုက်ပါသည်။
“ခင်ဗျားတို့တွေ ဘယ်ကလာကြတာလဲ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။ ထို့နောက် ခုံတစ်လုံးကို ဆွဲယူပြီး ထိုင်လိုက်ပါသည်။
အဖိုးအိုသည် ရှောက်ရွှမ်အား ကြောက်လန့်နေသည့် မျက်လုံးများ မော့ကြည့်ရင်း “တခြားလူ၃ယောက်ဘာတွေ ဖြစ်ကုန်တာလဲ”ဟုမေးလိုက်ပါသည်။
“သေပြီ”
အဖိုးအိုသည် ပိုမိုကြောက်ရွံ့သွားပါသည်။ ရှော
က်ရွှမ်က စိတ်မရှည် ဖြစ်နေသည်ကို တွေ့သောအခါ၊ အဖိုးအိုသည် အချိန်မဆွဲတော့ဘဲ “မင်းမေးတာကို ဖြေရင် ငါ့ကို အသက်ချမ်းသာပေးမှာလား”ဟုမေးလိုက်ပါသည်။
ရှောက်ရွှမ်သည် သစ်သားခုံတစ်လုံးကို ဓားနှင့်၂ပိုင်းဖြစ်အောင် ပိုင်းလိုက်ပါသည်။ အပိုင်း၂ခုလုံးမှာ လွင့်စင်ထွက်သွားပြီး၊ နံရံကို သွားထိမှန်ပါသည်။ ဝုန်းခနဲမြည်သွားသောအသံကြောင့် အဖိုးအိုမှာ ထပ်မံတုန်လှုပ်သွားပါသည်။
ရှောက်ရွှမ်သည် ဓားကို သိမ်းလိုက်ပြီး၊ အဖိုးအိုရှေ့မှ ကြမ်းပြင်ကို ညွှန်ပြလိုက်ပါသည်။ ထို့နောက် “ကျုပ်မေးတာကို ဖြေရင် မသတ်ဘူး…မဖြေရင်တော့ ခင်ဗျားလူတွေနောက်လိုက်သွားဖို့သာ ပြင်ပေတော့” ဟုအေးစက်စွာ ပြောလိုက်ပါသည်။
အဖိုးအိုသည် တုန်တုန်ယင်ယင်ဖြင့် ခေါင်းငြိမ့်လိုက်ပြီး “ဟုတ်ကဲ့…ပြောပါ့မယ်…အကုန်လုံးပြောပြပါ့မယ်” ဟုအဖြေပေးလိုက်ပါသည်။
အဖိုးအိုသည် ရှောက်ရွှမ်ကို သူတို့၏ ဇစ်မြစ်အကြောင်းကိုပြောပြပါသည်။ ထိုလူမှာ သေမှာကို ကြောက်နေသောသူဖြစ်သည်။ ထို့ကြောင့် သိပ်ဖိအားပေးနေစရာမလိုဘဲ၊ အမှန်တရားများအား ထိုသူဆီမှ သိနိုင်ပါသည်။ သူသည် တချို့တလေကို လျှို့ဝှက်ထားရန် စိတ်ကူးလိုက်သော်လည် ရှောက်ရွှမ်ကို ကြောက်သဖြင့် မလျှို့ဝှက်ထားရဲတော့ပါ။ ထို့နောက် သူ့ကို အသက်ချမ်းသာပေးရန် ရှောက်ရွှမ်အား အသနားခံနေပါသည်။
အဖိုးအိုသည် မျိုးနွယ်စုထဲမှ လူတစ်ယောက်ကို အဆိပ်ခတ်ပြီး သတ်လိုက်သောကြောင့်၊ သူ့မျိုးနွယ်စုက နှင်ထုတ်ထားခြင်း ဖြစ်ပါသည်။ အဖိုးအိုသည် သူ့မျိုးနွယ်စုဆီမှ ကျောက်မျက်ရတနာများကို ခိုးယူလာပြီး ကျွန်ပိုင်ရှင်များဆီတွင် သွားရောင်းစားခဲ့ပါသည်။ သူသည် ရတနာများနှင့် လွတ်မြောက်အောင် ထွက်ပြေးချင်သော်လည်း လမ်းတွင် ဓားပြတိုက်ခံလိုက်ရပါသည်။ သေမလိုဖြစ်ခဲ့ပြီးမှ ယခု
တောအုပ်ထဲသို့ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်ပါသည်။ အဖိုးအိုသည် သူ့မျိုးနွယ်စုဆီကိုလည်း ပြန်မသွားနိုင်တော့ပါ။ သူ့လိုအခြေအနေမျိုးနှင့်ဆိုလျှင် တောအုပ်ထဲတွင် အသက်ရှင်သန်ရန် မလွယ်ကူပါ။
ကံကောင်းချင်သောကြောင့်၊၎င်းသည် ကုန်းကျားတောင်တန်းကိုလိုက်ရှာနေသော လူတစ်စုနှင့် ဆုံမိခဲ့သည်။ သူသည် ထိုတောအုပ်ကို ကျွမ်းသဖြင့်၊ ထိုလူများနှင့်အတူ လမ်းပြအဖြစ်လိုက်ပါလာခဲ့ပါသည်။
ကုန်းကျားတောင်တန်းကို ရှာဖွေရင်း သူတို့အဖွဲ့ထဲမှ သေသည့်လူလည်း သေကုန်သည်။ တချို့က ဒဏ်ရာအနာတရ ဖြစ်ကုန်သည်။ နောက်ဆုံးတွင် အဖိုးအိုအပါအဝင် လူ၈ယောက်သာ ကျန်ပါတော့သည်။ ကျန်သောလူများသည် ကုန်းကျားတောင်တန်းကို လိုက်ရှာမနေတော့ပါ။ ကုန်းကျားတောင်တန်းကို ရှာတွေ့သူများဆီမှ ပစ္စည်းများလုယူရန်သာ ကြံစည်ပါတော့သည်။
သူတို့ကို ပြန်တိုက်ခိုက်နိုင်မည့်လူများဆိုလျှင်၊ ၎င်းတို့က ဓားပြမတိုက်ပါ။ သို့သော် အချဉ်လေးများကို တွေ့လျှင်တော့၊ ဝမ်းသာအားရ ဓားပြတိုက်လေတော့သည်။ သို့သော် ကုန်းကျားတောင်တန်းကို လာရှာသူများထဲတွင် အချဉ်တစ်ယောက်မှ မပါပါ။ ဓားပြတိုက်ခြင်းအောင်မြင်သောအခါ၊ လူများကို သတ်ပြီး ခေါင်းခွံများကို သူ့အိမ်ထဲတွင် ချိတ်၍ အလှဆင်ထားပါသည်။ သူ့ဘက်မှ လူများလည်း သေသည့်အခါ သေကုန်ကြသဖြင့် လူ၈ယောက်မှ ၄ယောက်သာ ကျန်ပါတော့သည်။ လူအင်အားနည်းသောအခါ ၎င်းတို့သည် ဓားပြတိုက်ရန် ပစ်မှတ်ကို သေချာစွာ ရွေးချယ်ကြပါတော့သည်။ သို့သော် အခုတလော ၎င်းတို့သည် ဓားပြမတိုက်ရသည်မှာ ကြာပြီ ဖြစ်သည်။
၎င်းတို့အမြင်တွင် ရှောက်ရွှမ်မှာ သာမန်သာဖြစ်သည်။ ပြီးတော့ ရှောက်ရွှမ်နှင့် အတူပါလာသော ရှားလူမျိုးကိုလည်းမတွေ့မိပါ။ ကုန်းကျားတောင်တန်းကို ရှာတွေ့သောကြောင့်သာ ရှားလူမျိုးသည် ပျောက်ကွယ်နေခြင်းဖြစ်မည်ဟု ၎င်း
တို့က ယူဆသလို ရှောက်ရွှမ်သည်လည်း ကုန်းကျားတောင်တန်းမှ ပြန်လာကြောင်းကို ၎င်းတို့ခန့်မှန်းမိသွားပါသည်။ ရှားလူမျိုးကို ရှောက်ရွှမ်ပင် သတ်ခဲ့သလားဟု ၎င်းတို့က တွေးမိပါသည်။ မည်သို့ပင်ဆိုစေ ထိုချာတိတ်လေးဆီမှာ ရတနာပစ္စည်းများစွာ ပါလာသည်မှာ သေချာပါသည်။
လောဘဇောတက်လာသဖြင့်၊ ၎င်းတို့သည် ရှောက်ရွှမ်ကို သတ်ရန် ကြံစည်ပါတော့သည်။ ထို့ကြောင့် ၎င်းတို့သည် သူတို့မွေးထားသော ဘဲနှင့် ရှောက်ရွှမ်ကို မျှားခေါ်ခြင်း ဖြစ်သည်။
အဖိုးအိုက ထိုဘဲကို လေ့ကျင့်ပေးထားခြင်းဖြစ်သည်။ ထိုအဖိုးအိုသည် ငှက်များကို လေ့ကျင့်ပေးရာတွင် ထူးချွန်သူဖြစ်ပါသည်။ ၎င်းသည် ငှက်များကို လေ့ကျင့်ပေးပြီး၊ ပစ္စည်းများကို ခိုးယူခိုင်းလေ့ရှိသည်။ ထိုသို့ ပစ္စည်းခိုးတတ်သောကြောင့်၊ ၎င်းကို မျိုးနွယ်စုက နှင်ထုတ်ထားခြင်း ဖြစ်သည်။
အဖိုးအိုသည် ဓားပြများကို မျက်နှာလုပ်ပြီး၊ ထို
ဘဲလေးကို လေ့ကျင့်ပေးခြင်း ဖြစ်သည်။ နှစ်ဝင်လောက်ကြာသောအခါ၊ ထိုဘဲသည် ပစ်မှတ်များကို မျှားခေါ်လာနိုင်သည်အိ ကျွမ်းကျင်လာပါသည်။ အမှန်ဆိုလျှင် ဘဲတစ်ကောင်ကို ထိုမျှ ခိုင်း၍ ရရန် ၂နှစ်၃နှစ်လောက် လေ့ကျင့်ပေးရမည် ဖြစ်သည်။ အကောင်းဆုံးမှာ ဥမှ ပေါက်ကတည်းက လေ့ကျင့်ပေးခြင်းဖြစ်သည်။ သို့သော် အဖိုးအိုကတော့ သူ့တွင် ရှိတာနှင့် ဖြစ်အောင်လုပ်ရခြင်း ဖြစ်သည်။ ထိုဘဲသည် အချိန်မရွေး သူ့ကို ပြန်ရမူနိုင်သော်လည်း၊ အဖိုးအိုကတော့ ထိုဘဲကို အသုံးချချင်နေပါသည်။ ဓားပြများကိုလည်း သူရှိသမျှ အစွမ်းလေးကို ပြသချင်နေပါသည်။
သူတို့နေသော တောအုပ်ထဲတွင် သားကောင်သိပ်မရှိသောကြောင့်၊ အစားအသောက်ရှားပါးပါသည်။ မည်သူမဆို ထိုဘဲကို မြင်လျှင် သွားရည်ကျမိမည် ဖြစ်ပါသည်။
ရှောက်ရွှမ်ကလည်း ထိုအချက်ကို နားလည်ပါသည်။ ထိုဘဲသည် ထိုလူများကို မနှစ်သက်
သည်မှာ အဆန်းမဟုတ်ပါ။ စလေ့ကျင့်ကတည်းက ၎င်းသည် အမိန့်ကို ဖီဆန်တတ်သည့် သတ္တဝါတစ်ကောင် ဖြစ်ခဲ့ပါသည်။
အဖိုးအိုသည် ပြောစရာရှိသည်ကို ပြောပြီးသွားသောအခါ၊ ရှောက်ရွှမ်ကို သေချာကြည့်နေပါသည်။ သူ့ကို မသတ်ပါစေနဲ့ဟုလည်း ဆုတောင်းနေပါသည်။
ရှောက်ရွှမ်သည် တုန်ယင်နေသော အဖိုးအိုကို ကြည့်ပြီး “နံရံပေါ်မှာ စာရေးသွားတဲ့လူတွေကိုရော ခင်ဗျားတို့ ဓားပြတိုက်တာပဲလား” ဟုမေးလိုက်ပါသည်။
“ဟုတ်…ဟုတ်…တိုက်မိပါတယ်” အဖိုးအိုက ဝန်ခံလိုက်ပါသည်။ ထို့နောက် “အဲဒီလူတွေကို ငါသတ်တာမဟုတ်ပါဘူး…ဟိုကောင်တွေ သတ်တာပါ…ဟိုကောင်တွေလက်ချက်ပါ”ဟုပြောလိုက်ပါသည်။
ရှောက်ရွှမ်က အဖိုးအိုကို စိုက်ကြည့်နေသည်။
အဖိုးအိုမှာ သူ့အပြစ်များကို စဉ်းစားမိပြီး၊ ချွေးများပြန်နေပါသည်။ ရှောက်ရွှမ်သည် အိမ်ထဲသို့အကဲခတ်လိုက်ပြီး၊ ကြေးထည်ပစ္စည်းတချို့ကို ယူကာ ထိုနေရာမှ ထွက်ခွာသွားပါသည်။ ဓားပြများသည် ခရီးသည်များဆီမှ ပစ္စည်းအတော်များများကို ရထားပါသည်။ ဆေးဝါးများ၊ ရတနာများ၊ လက်နက်များ အစုံပင် ဖြစ်ပါသည်။ လောကကြီးတွင် အားကြီးသူက အားနည်သူကို အနိုင်ယူတတ်စမြဲပင် မဟုတ်ပါလား။ ရှောက်ရွှမ်သည် သူယူစရာရှိသည်များကို ယူပြီး ထွက်ခွာသွားပါသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၂၂) လူသားများကို ခင်တွယ်သူ
ရှောက်ရွှမ်သည် အဖိုးအိုကို ဘာမှမလုပ်ဘဲ၊ ပစ္စည်းများကိုသာ ယူ၍ ထွက်ခွာသွားပါသည်။
ဝဋ်ဆိုသည်မှာ ဘဝမကူးဘဲ လည်တတ်ပါသည်။ သူများကို ဓားပြတိုက်ပြီး ပစ္စည်းများလုယူခဲ့လျှင်၊ တချိန်ချိန်တွင် ကိုယ်လည်း ပြန်ဓားပြအတိုက်ခံရမည် ဖြစ်သည်။
သစ်ပင်ပေါ်မှဆင်းလာသောအခါ၊ ဘဲဝတုတ်ကို မတွေ့ရတော့ပါ။ ၎င်းကို ချည်ထားသော ကြိုးသည် ပြတ်ပြီး မြေပြင်ပေါ်တွင် ကျနေသည်ကို တွေ့ရပါသည်။
ထိုဘဲ ဘယ်ရောက်သွားသလဲကို ရှောက်ရွှမ်စိတ်မဝင်စားတော့ပါ။ ရှောက်ရွှမ်သည် ဓားပြများဆီသို့ ပြန်ရောက်လာပါသည်။ မြေပြင်ပေါ်တွင် လဲကျနေသောသူ၏ မျက်နှာမှာ အရည်ပျော်နေ
သော ဖယောင်းလို ဖြစ်နေပါသည်။ ကြည့်ရသည်မှာ ကျောချမ်းစရာကောင်းလှပါသည်။
ရှောက်ရွှမ်သည် အဆိပ်ပင်လေးများကို လေ့လာရန် တူးယူလိုက်ပါသည်။ သို့သော် အဆိပ်ပင်လေးများသည် အတူးခံလိုက်ရသည်နှင့် တပြိုင်နက် ညှိုးခြောက်သွားပါသည်။ ထိုအဆိပ်ပင်လေးများကို အမဲလိုက်ရာတွင် အသုံးပြုကြည့်သောအခါ၊ ထိုအဆိပ်သည် အဆင့်မြင့်စစ်သည်တော်တစ်ယောက်ကို သေစေနိုင်သည်အထိ ပြင်းထန်ကြောင်း ရှောက်ရွှမ်သိသွားပါသည်။ သို့သော် ညှိုးခြောက်သွားလျှင်တော့ အာနိသင်သိပ်မပြင်းတော့ပါ။ လုံးဝညှိုးခြောက်သွားလျှင်တော့၊ ဘာအာနိသင်မှ မရှိတော့ပါ။
ထို့ကြောင့် ထိုအပင်ကို ဆောင်ထားရန် ကြံနေသော ရှောက်ရွှမ်လက်လျှော့သွားပါသည်။ ကြည့်ရသည်မှာ ထိုအဆိပ်ပင်လေးများသည် ထိုနေရာတွင်သာ ပေါက်ရောက်ခြင်း ဖြစ်မည်ထင်ပါသည်။
ရှောက်ရွှမ်သည် အဖိုးအိုရှိရာသို့ ပြန်လျှောက်သွားပါသည်။ လင့်အိမ်ကိုမြင်သောအခါ၊ ဝုန်းခနဲ ပြုတ်ကျသံကြီးကို ကြားလိုက်ရပါသည်။ အသံမှာ သစ်သားပြားကြီးများ မြေပေါ်သို့ ကျရောက်သည့် အသံမျိုး ဖြစ်ပါသည်။ ထို့နောက် အဖိုးအို၏ ဆဲဆိုသံများနှင့် ဘဲဝတုတ်၏ အော်ဟစ်သံများကို ကြားလိုက်ရပါသည်။ အဖိုးအိုနှင့် ဘဲဝတုတ်မှာ ရန်ဖြစ်နေသည်နှင့် တူပါသည်။
“သေစမ်း…သေစမ်း” အဖိုးအိုက အသံကုန်အော်ဟစ်နေပါသည်။
ရှောက်ရွှမ်သည် အဖိုးအို၏ အိမ်လေးကို မကြည့်တော့ဘဲ၊ သူရထားသော ပစ္စည်းများကို ယူပြီးထွက်ခွာသွားပါသည်။
သစ်ပင်ပေါ်မှ အိမ်သည်လည်း ပြိုကျသွားပြီ ဖြစ်ပါသည်။
ရှောက်ရွှမ်ထွက်ခွာသွားသောအခါ၊ အဖိုးအိုသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ဆဲဆိုနေပါသည်။ သို့သော် ရှောက်ရွှမ်ကြားသွားမည်ကို စိုးရိမ်သောကြောင့်၊ အကျယ်ကြီး မဆဲရဲပါ။ သူသည် အသက်ဘေးမှ လွတ်မြောက်လာသဖြင့်၊ စိတ်သက်သာရာရသွားသည်။ထို့နောက် အိမ်ထဲသို့ ပျံဝင်လာသော အစိမ်းရောင် အရိပ်တစ်ခုကို တွေ့လိုက်ပါသည်။ ထိုအရိပ်သည် အဖိုးအို၏ ဦးခေါင်းကို ကုတ်ခြစ်ပြီးနောက် အိမ်ပြင်သို့ ပြန်ထွက်သွားပါသည်။
အဖိုးအို၏ ဦးရေပြားစုတ်ပြဲသွားပြီး၊ ဆံပင်များ ကျွတ်ထွက်ကာ သွေးများထွက်လာပါသည်။ ဘဲဝတုတ်၏ လက်သည်းများသာ ထိုထက်ရှည်ပြီး ချွန်ထက်နေမည်ဆိုပါက၊ အဖိုးအို၏ခေါင်းကွဲသွားမည် ဖြစ်သည်။
အဖိုးအိုသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ ပုဆိန်ကို ဝှေ့ယမ်းနေပါသည်။ သူ့ကို သူမွေးထားသော ငှက်က ပြန်တိုက်ခိုက်နေသဖြင့်၊ အဖိုးအိုသည် အံ့ဩနေပါသည်။ အဖိုးအိုသည် နားရွက်မှ
မီးခိုးများထွက်မတတ် စိတ်ဆိုးသွားပါသည်။ ထို့ကြောင့် သူ့ပုဆိန်ဖြင့် ဘဲဝတုတ်ကို လိုက်ခုတ်နေခြင်း ဖြစ်သည်။
သို့သော် ဘဲဝတုတ်ကလည်း လျင်မြန်စွာ အိမ်ထဲတွင် ပတ်ပြေးနေပါသည်။ အဖိုးအိုမှာ ဘဲဝတုတ်ကို ခေါင်းမဖြတ်နိုင်ဘဲ၊ အိမ်ထဲမှ သူ့ပစ္စည်းများကိုသာ ခုတ်မိနေပါသည်။
သစ်လုံးအိမ်လေးမှာ ခနော်ခနဲ့သာ ဖြစ်သောကြောင့်၊ ပုဆိန်ဒဏ်များကို မခံနိုင်တော့ဘဲ၊ သစ်ပင်ပေါ်မှ ပြုတ်ကျလာပါတော့သည်။
အဖိုးအိုသည် အပျက်အစီးပုံထဲမှ ထလာပြီး၊ သူ့ပုဆိန်ကို ကိုင်ကာ ဘဲနောက်သို့ ဆက်လိုက်ပါသည်။ သို့သော် ဘဲဝတုတ်သည် တောထဲသို့ ရောက်သောအခါ၊ ပို၍ မြန်ဆန်လာပါသည်။
ဘဲဝတုတ်မှာ အဖိုးအိုကို စိတ်ဆိုးအောင်လုပ်ရသည်ကို ပျော်နေဟန်ရှိပါသည်။ ဘဲဝတုတ်သည် အဖိုးအိုခိုင်းသည်ကို လုပ်နေခြင်းမှာ၊ ဓားပြများ
ကို ကြောက်၍သာ ဖြစ်သည်။ အဖိုးအိုသည် ဓားပြအဖွဲ့ထဲတွင် အားအနည်းဆုံးသူဖြစ်သည်။ အခုဆိုလျှင် ဓားပြများအားလုံးသေကုန်ပြီ ဖြစ်ပြီး၊ အဖိုးအိုတစ်ယောက်သာ ကျန်တော့ပါသည်။ ထို့ကြောင့် ဘဲဝတုတ်မှာ အဖိုးအို၏ စကားကို နားမထောင်တော့ဘဲ၊ လွတ်မြောက်နိုင်သည့် အခွင့်အရေးကို အမိအရ အသုံးချပါတော့သည်။
အဖိုးအိုသည် အရူးတစ်ယောက်လို ဘဲဝတုတ်နောက်သို့ ပြေးလိုက်နေပါသည်။ ဘဲဝတုတ်သည် အဖိုးအိုကို ထောင်ခြောက်များ ရှိသောနေရာသို့ မျှားခေါ်လာပါသည်။ အဖိုးအိုက ထိုအချက်ကို သတိမထားမိပါ။ သူ၏ခြေထောက်တစ်ဖက်သည် သံထောင်ခြောက်တွင် ညှပ်မိသွားသဖြင့်၊ ကျယ်လောင်စွာအော်ဟစ်လိုက်ပါသည်။ ရှောက်ရွှမ်ကြားလိုက်သော အော်သံမှာ ထိုအသံဖြစ်ပါသည်။
အဖိုးအိုသည် ထောင်ခြောက်တွင် မိနေပြီ ဖြစ်သည်။ ပုဆိန်လည်း ပါမလာသဖြင့်၊ ထောင်ခြောက်မှ လွတ်အောင် မစွမ်းဆောင်နိုင်ုတော့ပါ။
အဖိုးအို၏ အဖြစ်ကို မြင်သောအခါ၊ဘဲဝတုတ်မှာ လျင်မြန်စွာ ထွက်ခွာသွားပါတော့သည်။
ထိုဘဲထွက်သွားပြီး မကြာခင်၊ ကောင်းကင်တစ်ခုလုံး တဖြည်းဖြည်း မှောင်မည်းလာပါသည်။ ထိုအချိန်တွင် သစ်ပင်ပေါ်မှ အရိပ်မည်းတစ်ခုက အောက်မှ အဖိုးအိုကို ကြည့်နေပါသည်။ မကြာခင်တွင် ဘဲဝတုတ်နှင့် အလားတူ ငှက်တစ်ကောင် ရောက်လာပါသည်။ ၎င်းတို့မှာ ညတွင် အစာရှာထွက်သော သတ္တဝါများဖြစ်ပြီး၊ အသားပုပ်များကို ကြိုက်နှစ်သက်ကြပါသည်။ အသားပုပ်များမရှိလျှင်လည်း၊ ရှိအောင်လုပ်မည် ဖြစ်ပါသည်။
အဖိုးအိုက ထိုငှက်များအကြောင်းကို သိပါသည်။ အဖိုးအိုသည် ထိုငှက်များအား လူအသား အကြွင်းအကျန်များကို ကျွေးဖူးပါသည်။ အခုတော့ ထိုငှက်များကို သစ်ပင်ပေါ်တွင် မြင်လိုက်ရသောအခါ၊ အဖိုးအိုသည် သေချင်စိတ်ပေါက်သွားပါသည်။
တိတ်ဆိတ်နေသော တောအုပ်ထဲတွင်၊ နာကျင်
စွာ အော်လိုက်သံတစ်ခု ထွက်ပေါ်လာပါသည်။ ထို့နောက် ငှက်အော်သံများထွက်ပေါ်လာပြီး၊ နာကျင်စွာ အော်ဟစ်သံမှာ ပိုကျယ်လာပါသည်။
တောထဲတွင် ပုန်းနေသော သားကောင်များမှာ သွေးနံ့ကို ရာသဖြင့်၊ သွေးနံ့ထွက်ပေါ်ရာနေရာကို အနံ့ခံပြီးလိုက်ရှာနေပါသည်။
ရှောက်ရွှမ်ကတော့ သူလာခဲ့သည့်လမ်းအတိုင်း ပြန်သွားနေပါသည်။ သို့သော် ဂူထဲတွင် အနားမယူဘဲ၊ သစ်ပင်တစ်ပင်ပေါ်တွင်သာ အနားယူနေ၏။
ရှောက်ရွှမ်သည် မအိပ်ခင်၊ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါသည်။ ထိုအခါ သစ်ပင်တစ်ပင်ပေါ်၏ သစ်ရွက်များကြားတွင် အရိပ်တစ်ခုကို တွေ့လိုက်ရပါသည်။ ထိုသတ္တဝါကတော့ သူ့ကို မည်သူမျှ မမြင်ရဟုထင်နေသည်။
ရှောက်ရွှမ်သည် ထိုသားကောင်ကို အရေးလုပ်မနေတော့ဘဲ။ သူသည် ဓားပြ၃ယောက်နှင့် တိုက်ခိုက်ခဲ့ရသဖြင့် ပင်ပန်းနေပြီ ဖြစ်သဖြင့်၊
အနားယူချင်နေ၏။
နောက်တစ်နေ့ အိပ်ရာနိုးသောအခါ၊ ရှောက်ရွှမ်သည် ဆက်လက် ခရီးဆက်လေသည်။
ဘဲဝတုတ်က သူ့နောက် မလှမ်းမကမ်းမှ လိုက်လာပါသည်။ ရှောက်ရွှမ်က လှည့်ကြည့်သောအခါ၊ ၎င်းသည် ခြုံပုတ်များကြားတွင် ပုန်းနေပါသည်။ ရှောက်ရွှမ်ဆက်သွားသောအခါ၊ ၎င်းက ဆက်လိုက်လာပါသည်။
ရှောက်ရွှမ်သည် ထိုဘဲကို နားမလည်နိုင်ပေ။ “ဒီကောင်ဘာဖြစ်ချင်နေတာလဲ”
ဆက်သွားသောအခါ၊ ကြောက်လန့်တကြား အကူအညီတောင်းခံသော အော်သံကို ကြားလိုက်ရပါသည်။
ဘဲဝတုတ်ကို သူ့ထက်ကြီးသော ငှက်တစ်ကောင်က လက်သည်းများနှင့် တိုက်ခိုက်လိုက်သည်။ ထိုအခါ ဘဲမွှေးများ ကျွတ်ထွက်ကုန်လေ
သည်။
ဘဲဝတုတ်သည် သစ်ကိုင်းတစ်ခုပေါ် ပြုတ်ကျသွားပါသည်။ ထိုအခါ၊ မြွေတစ်ကောင်က ၎င်းကို ရစ်ပတ်လိုက်ပါသည်။ ဘဲဝတုတ်၏ လက်သည်းလေးများမှာ မြွေ၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပါ။ မြွေက ဘဲ၏လည်မျိုကို ခဲထားသောကြောင့်၊ အသံမထွက်နိုင်တော့ပါ။
ရှောက်ရွှမ်သည် မြွေကို ဓားဖြင့် ပိုင်းချလိုက်ပြီး၊ ဘဲကို ခြေထောက်မှ ဆွဲကိုင်လိုက်ပါသည်။ ဘဲမှာ သတိလစ်နေပါသည်။ မြွေဆိပ်မိသွားသောကြောင့်၊ မကြာခင် သေဆုံးတော့မည်ဖြစ်သည်။
ရှောက်ရွှမ်သည် သတိလစ်နေသော ဘဲ၏ခြေထောက်ကို ကြိုးဖြင့် ချည်ထားလိုက်ပြီး၊ သူနှင်အတူသယ်သွားပါသည်။ မြွေကိုလည်း ကောက်ယူလိုက်ပါသည်။ ရှောက်ရွှမ်သည် မြွေကို မီးကင်စားတော့မည် ဖြစ်သည်။
တောအုပ်ထဲတွင် အဆိပ်ရှိသော မြွေများစွာ ရှိပါသည်။ ထိုဘဲ အသက်ရှင်မလား၊ သေမလားတော့ ရှောက်ရွှမ်လည်း မသိပါ။ ထိုဘဲသည် အဆိပ်မိနေသဖြင့်၊ စား၍လည်း မရတော့ပါ။
ထိုညတွင်၊ ရှောက်ရွှမ်သည် ဂူတစ်လုံးထဲတွင် အနားယူနေပါသည်။ ထိုနေရာသည် ကုန်းကျားဟုန်ရှာတွေ့ထားသော နေရာဖြစ်သည်။ အရင်အခေါက် နားခဲ့စဉ်က၊ ရှောက်ရွှမ်သည် ကျောက်အိုးတစ်လုံးကို ထိုဂူထဲတွင် ထားခဲ့ပါသည်။
ရှောက်ရွှမ်သည် အသားအချို့ကို ကင်လိုက်ပြီး၊ မြွေကိုတော့ စွပ်ပြုတ်လုပ်လိုက်ပါသည်။ ထိုနောက် ဘဲကို ကြည့်လိုက်သောအခါ၊ ပြန်သတိရနေကြောင်းတွေ့လိုက်ရပါသည်။ ဘဲသည် ခေါင်းလေးထောင်လာပြီး၊ ရှောက်ရွှမ်ကို ကြည့်နေပါသည်။
“ဂတ်…” ကြည့်ရသည်မှာ မြွေဆိပ်တက်နေဟန်တူပါသည်။ ပျံသန်းရန်၊လမ်းလျှောက်ရန် အားမရှိ
တော့သဖြင့်၊ မြေပေါ်တွင်သာ လှိမ့်နေ၏။
ရှောက်ရွှမ် ကြည့်နေသဖြင့်၊ ထိုဘဲမှာ ကြောက်လန့်ပြီး တုန်ယင်နေပေသည်။ ကြောက်ရွံ့သော်လည်း အကူအညီလိုချင်သဖြင့် “ဂတ်”ခနဲ ထပ်အော်လိုက်သည်။
ရှောက်ရွှမ်သည် စွပ်ပြုတ်အိုးကို တုတ်တစ်ချောင်းနှင့် မွှေနေပါသည်။ အိုးထဲမှ မြွေမှာ အဆိပ်အပြင်းဆုံးမြွေမဟုတ်သော်လည်း၊လျှော့တွက်၍တော့ မရပါ။ အဆင့်မြင့် စစ်သည်တော်တစ်ယောက်ပင် သတိထားရမည် ဖြစ်သည်။ သို့သော် ဘဲသည် အဆိပ်ဖြေဆေးမစားဘဲ ပြန်လည်သတိရလာပါသည်။
တချို့နေရာများတွင် အဆိပ်ပင်များက အဆိပ်ရှိသတ္တဝါများထက် ပိုကြောက်ဖို့ ကောင်းပါသည်။ ထိုတောအုပ်ထဲတွင် နေသော ဘဲသည် အဆိပ်ပြီးနေဟန်တူပေသည်။
ရှောက်ရွှမ်သည် မြေပြင်ပေါ်တွင် လဲကျနေ
သောဘဲကို ကြည့်ပြီး၊ ဘာလုပ်ရမလဲ ဖြစ်နေပါသည်။ သူ့တွင် စားစရာ အစားအသောက်လည်း ပြည့်စုံသွားပြီ ဖြစ်သည်။ ဘဲကတော့ မြွေဆိပ်အရှင်းမပြေသေးသဖြင့်၊ အစားအသောက်များကို စိတ်မဝင်စားပါ။ ထို့နောက်ဘဲသည် အိပ်ပျော်သွားပါသည်။
နောက်တစ်နေ့တွင် ရှောက်ရွှမ်သည် ဘဲအော်သံကြောင့် နိုးလာပါသည်။
ဘဲသည် သူ့ခြေထောက်ကို ချည်ထားသော ကြိုးကို ဖြတ်ပစ်ပြီး၊လျင်မြန်စွာ ထွက်ပြေးသွားပါသည်။ ရှောက်ရွှမ်ကလည်း ထိုဘဲနောက်ကို လိုက်မနေတော့ပါ။
ဂူကို ပိတ်ရန် သုံးသော ကျောက်တုံးကြီးကတော့ ရှိနေဆဲပင် ဖြစ်ပါသည်။ ဘဲဝတုတ်သည် အပေါက်ကျဉ်းကျဉ်းလေးတွင် တစ်နေပါသည်။
ရှောက်ရွှမ်သည် ကျောက်တုံးကြီးကို တွန်းဖယ်
လိုက်ပြီး အပြင်ကို ကြည့်လိုက်ပါသည်။ ဘဲဝတုတ်ကတော့ အားအင်များ ပြန်လည် ပြည့်ဝနေပြီဖြစ်ပါသည်။
ကြည့်ရသည်မှာ အဆိပ်များ လုံးဝပြေသွားပြီ ထင်ပါသည်။ ထိုဘဲသည် ဗိုက်ဆာနေသဖြင့် အစာလိုက်ရှာနေပါသည်။ သို့သော် ရှောက်ရွှမ်ကတော့ ထိုဘဲကို အရေးလုပ်မနေပါ။
မနေ့ညက ကျန်သော အသားများကို စားပြီးနောက်၊ ရှောက်ရွှမ်သည် ခရီးဆက်ပြန်ပါသည်။
ထိုအခါ ခြုံပုတ်ထဲတွင် အစာရှာနေသော ဘဲသည် ရှောက်ရွှမ်နောက်မှ လိုက်လာပြန်ပါသည်။ အခုတစ်ခေါက်တွင် ဘဲသည် ရှောက်ရွှမ်နှင့် ခပ်လှမ်းလှမ်းမှလိုက်ပါလာပါသည်။
မျောက်တထောင်တောအုပ်ကို ဖြတ်ကျော်ပြီးသောအခါ၊ ရှောက်ရွှမ်သည် မြစ်ကြီးဆီသို့ ပြန်ရောက်လာပါသည်။ မြစ်ထဲသို့ ကြည့်လိုက်သောအခါ၊ ဧရာမမိချောင်းကြီးကို မမြင်ရပါ။
ရှောက်ရွှမ်သည် စွန့်စားရတော့မည်ဖြစ်သည်။ မြစ်ကို ဖောင်နှင့် ဖြတ်ကူးရန်လည်း သူစိတ်မကူးပါ။
ရှောက်ရွှမ်သည် သစ်သားဝီစီလေးတစ်လုံးကို ထုတ်ယူလိုက်ပါသည်။ ကုန်းကျားဟုန်က ထိုဝီစီမှုတ်နည်းကို သူ့အား သင်ပေးထားပါသည်။ သို့သော် ဟမ်းမားက ရှောက်ရွှမ်အမိန့်ကို နာခံ၊မနာခံတော့ ကုန်းကျားဟုန်လည်း မသိပါ။
ရှောက်ရွှမ်သည် ဟုန်သင်ပေးထားသလို ဝီစီကို မှုတ်လိုက်ပါသည်။
မကြာခင်တွင် မြစ်တစ်ဖက်ကမ်းမှ ငှက်တစ်ကောင် ပျံသန်းလာပါသည်။ သို့သော် ရှောက်ရွှမ်ကို မြင်သောအခါ၊ မြေပေါ်သို့ ချက်ချင်းဆင်းမလာပါ။ ထိုငှက်ကို အစားနှင့် ချော့ခေါ်မှသာ မြေပြင်ပေါ်သို့ ဆင်းလာပါသည်။
ဟမ်းမားက ရှောက်ရွှမ်ကျွေးသောအစာကို စားနေစဉ်၊ ဘဲဝတုတ်သည် မြေပြင်ပေါ်သို့ ဆင်းလာ
ပါသည်။ ဘဲဝတုတ်သည် ရှောက်ရွှမ်နောက်တွင် ပုန်းနေပြီး ဟမ်းမားကို စိတ်ဝင်စားစွာ ကြည့်နေပါသည်။ ဟမ်းမားသည် ဘဲဝတုတ်ထက် အဆပေါင်းများစွာ ကြီးပါသည်။
အစာကို ဝအောင်စားလိုက်ရသဖြင့်၊ ဟမ်းမားသည် စိတ်ကျေနပ်သွားပြီး၊ ရှောက်ရွှမ်ခိုင်းသမျှလုပ်ရန် အဆင်သင့် ဖြစ်သွားပါသည်။ ဘဲဝတုတ်ကတော့ နောက်မှ လိုက်နေဆဲ ဖြစ်သည်။ ဟမ်မားကတော့ ဘဲဝတုတ်ကို အဖက်ပင်မလုပ်ပါ။
မြစ်ကို ဖြတ်ကူးသောအခါ၊ ဧရာမမိချောင်းကြီးကို မတွေ့ရတော့ပါ။
ရှောက်ရွှမ်သည် ဆက်လက် ခရီးမဆက်မီ၊ ကုန်းကျားဟုန်၏နေရာတွင် ၂ရက်လောက် ထပ်အနားယူနေပါသည်။ ရှောက်ရွှမ်သည် ဟုန်၏ အိမ်ထဲသို့ မဝင်ဘဲ သစ်ပင်ပေါ်မှ အိမ်ထဲတွင်သာ အနားယူပါသည်။
ဘဲဝတုတ်ကတော့ အိမ်အပြင်တွင် အနားယူနေ
ပါသည်။
ဘဲဝတုတ်သည် ရှောက်ရွှမ်နောက်သို့ လိုက်လာလျှင် အစားခံရနိုင်သည်ကို တွေးမိသော်လည်း နောက်မှလိုက်နေဆဲ ဖြစ်ပါသည်။ ၎င်းသည် တောအုပ်ထဲတွင် ရှင်သန်နိုင်ရန် အစွမ်းမရှိသောကြောင့် ရှောက်ရွှမ်နောက်သို့ လိုက်နေခြင်းဖြစ်သည်။ အဖိုးအိုနှင့် အတူနေသည်မှာ ကြာသွားပြီဖြစ်သောကြောင့်၊ လူများအပေါ်အားကိုးသော စိတ်က အရိုးစွဲသွားပြီဖြစ်သည်။ သူအားကိုးသောလူများလည်း မရှိတော့သဖြင့် ရှောက်ရွှမ်နောက်သို့ လိုက်လာခြင်းဖြစ်သည်။
သို့သော် ရှောက်ရွှမ်နောက်သို့လိုက်လာခြင်းမှာ သူ့အတွက် အန္တရာယ်ပိုပင်များသေးသည်။ ကောင်းကင်တွင် ပျံသန်းနေသော ငှက်များသည် သူ့လိုဘဲမျိုးကို တချက်တည်းနှင့် အသေသတ်နိုင်ပါသည်။
ထိုဘဲဝတုတ်သည် ရန်သူကို ချစ်ခင်တတ်သော ရောဂါများ ဖြစ်နေသလား။ ဒါမှမဟုတ် လူသား
များအပေါ်ခင်တွယ်နေသလား ရှောက်ရွှမ်လည်း မပြောတတ်တော့ပေ။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၂၃) ရွာသို့ ခေါ်လာခြင်း
ရှောက်ရွှမ်သည် ဘဲဝတုတ်ကို အကဲခတ်နေပါသည်။ ထိုဘဲသည် ရှောက်ရွှမ်ကို ကြောက်နေသော်လည်း၊ အခြားအန္တရာယ်များတွေ့သောအခါ အော်ဟစ်ပြီး ရှောက်ရွှမ်ဆီသို့ ပြေးလာပါသည်။
ထိုဘဲကို ရွာသို့ ပြန်ခေါ်လာလျှင် ကောင်းမလား၊ ချက်စားရင် ကောင်းမလား ရှောက်ရွှမ်စဉ်းစားနေမိသည်။
သေချာလေ့ကျင့်ပေးလိုက်ပါက ဘဲဝတုတ်သည် သူတို့အတွက် အကျိုးရှိလာနိုင်မည်ဖြစ်သည်။ ၎င်း၏အမြီးပိုင်းကိုကြည့်လိုက်သောအခါ၊ အထီးတစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်။ ရွာသို့ ပြန်ခေါ်လာလျှင်လည်း၊ ဥဥနိုင်မည် မဟုတ်ပါ။ စားပစ်လျှင်ကောင်းမလား။ ရွာတွင် ဘဲအမလည်း မရှိပါ။
စဉ်းစားပြီးသောအခါ၊ ရှောက်ရွှမ်သည် ထိုဘဲကို တစ်ကောင်တည်းထားခဲ့ရန် ဆုံးဖြတ်လိုက်ပါသည်။ ဘဲဝတုတ်က ရွာသို့ လိုက်လာမည်ဆိုလျှင်လည်း၊ မွေးထားလိုက်ရုံသာ ရှိတော့သည်။
ကုန်းကျားဟုန်၏ စခန်းတွင် ခဏအနားယူပြီးနောက်၊ ရှောက်ရွှမ်သည် ခရီးဆက်ပါသည်။
အခုတစ်ခေါက်တွင်တော့၊ ရှောက်ရွှမ်သည် ရေများဖုံးလွှမ်းနေသော စိမ့်တောကို မဖြတ်တော့ပါ။ စိမ့်တောကို ရှောင်ကွင်းသွားရသဖြင့်၊လမ်းကြောင်းကတော့ ပိုရှည်သွားသည်။ သူသည် နယ်မြေများကို လေ့လာရင်း၊ မြေပုံကို ဖြည့်စွက်ရန် စိတ်ကူးနေပါသည်။
ဘဲဝတုတ်ကတော့ သူ့နောက်မှ လိုက်လာပါသည်။ ရှောက်ရွှမ်ကိုလည်း သိပ်မကြောက်တော့ပါ။ ရှောက်ရွှမ်က သူ့ကို ရိုက်လည်း မရိုက်သဖြင့်၊ ဘဲဝတုတ်သည် ရှောက်ရွှမ်နားမှ မခွာတော့ပါ။
သူကျွမ်းကျင်သောတောအုပ်ထဲသို့ ရောက်လာမှ ရှောက်ရွှမ်စိတ်သက်သာရာရသွားသည်။ ရှောက်ရွှမ်သည် ခပ်သုတ်သုတ် ခရီးနှင်လာပါသည်။
တောအုပ်ထဲတွင် လှုပ်ရှားမှုတစ်ခုကို တွေ့လိုက်ရပြီး၊ စကားပြောသံများကို ကြားလိုက်ရပါသည်။ မုဆိုးများအမဲလိုက်နေခြင်း ဖြစ်မည်ထင်သည်။
“ဝှစ်”
သစ်ပင်များကြားမှ မြားတစ်ချောင်းပြေးထွက်လာပြီး၊ ရှောက်ရွှမ်ဆီသို့ ပြေးဝင်သွားသည်။ ဘဲဝတုတ်မှာ ကံမကောင်းရှာသဖြင့် ထင်သာမြင်သာ ဖြစ်နေပါသည်။ ဘဲဝတုတ်၏ ဘဝမှာ မုဆိုးများ သနားမှ ချမ်းသာရာရမည့် ဘဝဖြစ်နေပါသည်။ ခရီးအရှည်ကြီးနှင်လာရသောကြောင့်၊ ယခင်ထက်လည်း အားပိုနည်းနေပါသည်။ ထို့ကြောင့် ၎င်းထံဝင်လာသောမြားကိုလည်း ရှောင်နိုင်မည် မဟုတ်ပါ။
ရှောက်ရွှမ်သည် မြားတံကို သူ့ဓားဖြင့် ခတ်ထုတ်လိုက်ပါသည်။
“ဘယ်သူလဲ” တောအုပ်ထဲမှ အော်သံတစ်ချက်ထွက်ပေါ်လာပြီး၊ လူများစွာရောက်လာပါသည်။
၎င်းတို့မှာ ထောင်ကျန်း၊ကျွေ့နှင့် ကျန်မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဖြစ်သည်။ ယခုတောအုပ်သည် သူတို့အဖွဲ့အမဲလိုက်နေကျနေရာဖြစ်သည်။ မြားတံကို တစ်စုံတစ်ယောက်က ဓားနှင့်ခတ်ထုတ်လိုက်သောအခါ၊ အခြားမျိုးနွယ်စုဝင်တစ်ယောက်၏ လက်ချက်ဖြစ်မည်ဟု ထင်သွားကြပါသည်။
သို့သော် ရှောက်ရွှမ်ကို မြင်သောအခါ၊ စိတ်သက်သာရာရသွားကြပါသည်။
“ရှောက်ရွှမ်…”
“ပြန်လာပြီလား”
ရှောက်ရွှမ်သည် အရေးကြီးကိစ္စဖြင့် ရွာမှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်သည်။ ထွက်ခွာသွားသည့် အကြောင်းရင်းကို တချို့လူများက သိသော်လည်း၊ တချို့က မသိပါ။ ရှောက်ရွှမ်ထွက်သွားကတည်းက၊ အကြီးအကဲသည် စိတ်များ ပူပင်နေရပါသည်။ အမဲလိုက်ထွက်သည့်အခါတိုင်းလည်း၊ ရှောက်ရွှမ်ကို ရှာရန်၊ တွေ့လျှင်သူ့ကို ချက်ချင်းလာ အကြောင်းကြားရန် အကြီးအကဲက မှာထားပါသည်။
“အကြီးအကဲဆီ သတင်းသွားပို့ရမလား” ထောင်ကျန်းက မေးလိုက်ပါသည်။
ရှောက်ရွှမ်က ခေါင်းခါလိုက်ပြီး “မသွားပါနဲ့…ကျွန်တော်သွားနိုင်ပါတယ်…အကိုတို့လုပ်စရာရှိတာ ဆက်လုပ်ပါ” ဟုပြောလိုက်ပါသည်။
“အရှင်ရှောက်ရွှမ်…အရှင့်နောက်ကပါလာတာ ဘာကောင်လဲ…အရှင်ဖမ်းလာတာလား” အဖွဲ့ထဲမှ လူငယ်တစ်ယောက်က မေးလိုက်သည်။ ထို
လူငယ်မှာ မြားနှင့် ဘဲဝတုတ်ကို ပစ်လိုက်သူ ဖြစ်သည်။ သို့သော် ဘဲဝတုတ်မှာ ဝါစဉ်ကြီးပုဂ္ဂိုလ်က ဖမ်းလာခြင်း ဖြစ်သောကြောင့်၊ ထိုလူငယ်သည် စိတ်ပျက်သွားပါသည်။
ရှောက်ရွှမ်သည် သစ်ပင်နားတွင် အနားယူနေသော ဘဲကို ကြည့်လိုက်ပြီး၊ ထောင်ကျန်းတို့ဘက်လှည့်လိုက်ကာ “ဆိုပါတော့”ဟု ပြောလိုက်သည်။
ရှောက်ရွှမ်ထမ်းလာသော သားရေအိတ်ကြီးကို အားလုံးက စိတ်ဝင်စားနေကြသည်။
“အထဲမှာ ဘာတွေပါလဲ” ထောင်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ပါသည်။
“ရွှေထည်ပစ္စည်းတွေ” ရှောက်ရွှမ်က ဖြေလိုက်ပါသည်။
ရှောက်ရွှမ်၏စကားကို ကြားသောအခါ၊ အားလုံး စိတ်ဝင်စားသွားကြသည်။ သို့သော် အခုအချိန်တွင် ၎င်းတို့၏ သိချင်စိတ်များကို ချိုးနှိမ်
ပြီး၊ အမဲလိုက်ထွက်ရဦးမည် ဖြစ်သည်။
ထောင်ကျန်းတို့ကို နှုတ်ဆက်ပြီးနောက်၊ ရှောက်ရွှမ်သည် သားကောင်၂ကောင်ကို ဖမ်းပြီး ရွာသို့ ပြန်လာပါသည်။
ရွာသို့ရောက်သောအခါ၊ နတ်ဆေးဆရာမနှင့် အကြီးအကဲက တောင်ပေါ်ဆင်းလာပြီး ရှောက်ရွှမ်ကို လာကြိုကြပါသည်။
“အာ…ဒီငှက်က…” ကျုံးဘေးတွင် စောင့်နေသော တစ်ယောက်က အော်လိုက်ပါသည်။ ၎င်းသည် ကျုံးဘေးမှ သစ်ပင်ပေါ်တွင် နားနေသော ငှက်ကို လက်ညှိုးထိုးပြနေပါသည်။
ဘဲဝတုတ်သည် မီးတောက်ဦးချိုမျိုုးနွယ်စုဝင်များကို လေ့လာနေပါသည်။
“လူတွေကို အန္တရာယ်မပေးဘူးဆိုရင် သူ့ဟာသူနေပါစေ” ရှောက်ရွှမ်က ကျုံးနားမှ လူများကို ပြောလိုက်ပါသည်။
ရှောက်ရွှမ်၏ ငှက်ဖြစ်နေသောကြောင့်၊ အားလုံးက လက်ရှောင်သွားကြပါသည်။
ရှောက်ရွှမ်က သူ့အတွေ့အကြုံများကို ရှင်းပြချင်နေသော်လည်း၊ နတ်ဆေးဆရာမက သူ့ကို တောင်ပေါ်သို့ ဆွဲခေါ်သွားပါသည်။ ရှောက်ရွှမ်ကလည်း အပိုတွေ စဉ်းစားမနေတော့ဘဲ၊ နတ်ဆေးဆရာမ နောက်သို့ လိုက်သွားပါသည်။
ရှောက်ရွှမ်သည် သူရလာသော သားကောင်များကို အိမ်တံခါးဝတွင် ပစ်ချခဲ့ပြီး၊ တောင်ကုန်းပေါ်သို့ တက်သွားပါသည်။ရှောက်ရွှမ် အလုပ်ရှုပ်နေသဖြင့်၊ သူ့အိမ်နီးချင်းများက သားကောင်များကို ဝိုင်းဖျက်ပေးပါသည်။ ထိုသူများကို ကျေးဇူးတင်စကားပြောပြီးနောက်၊ ရှောက်ရွှမ်သည် နတ်ဆေးဆရာဆီသို့ သွားပြီး သူ့အတွေ့အကြုံများကို ရှင်းပြလိုက်ပါသည်။
ကုန်းကျားမျိုးနွယ်စုဝင်မဟုတ်သူများသည် ကုန်းကျားတောင်တန်းကို ဝင်ခွင့်မရှိသည်ကို သိ
သွားသောအခါ၊ နတ်ဆေးဆရာမနှင့် အကြီးအကဲတို့သည် သက်ပြင်းချလိုက်မိကြပါသည်။ သို့သော် ရှောက်ရွှမ် ကူးယူလာသော သားရေချပ်များကို တွေ့ရသောအခါ၊ ၎င်းတို့၏ မျက်နှာများ ဝင်းထိန်သွားပါသည်။
ကျန်းလော်သည် သားရေချပ်တစ်ခုကို အလျင်အမြန်ထုတ်ယူလိုက်ပြီး၊ အရေးကြီးသော အချက်များကို ကူးယူထားလိုက်သည်။ သူသည် ထိုစာများကို ရွာမှ ပန်းပဲဆရာကို ပြချင်လှပြီဖြစ်သည်။ ကျန်းလော်သည် ပန်းပဲပညာရပ်ကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏ နည်းပညာများမှာ လိုအပ်ချက်များ ရှိနေသဖြင့်၊ ပန်းပဲပညာတွင် ကျွမ်းကျင်မှု သိပ်မရှိကြပါ။
ရှောက်ရွှမ်၏ မှတ်စုများမှာ ရှင်းလင်းနေသောကြောင့် အကြီးအကဲသည် လွယ်လွယ်နားလည်သွားပါသည်။ အကြီးအကဲ၏ အသိပညာများကို နှိုးဆွပေးလိုက်သလို ဖြစ်သွားပါသည်။
“ဒါတွေကို ကြည့်ပါဦး…သံချေးတက်နေတဲ့ ပစ္စည်းဆိုရင် ပြန်ပြီး အရည်ကျိုလို့ မရဘူးတဲ့” ရှောက်ရွှမ်သည် ဓားပြများဆီမှ လုလာသောပစ္စည်းများကို ကျန်းလော်အား ပေးအပ်လိုက်ပါသည်။
လက်နက်များ၏ အရည်အသွေးမှာ အစားစားပင် ဖြစ်သည်။ တချို့မှ ချက်ချင်း သုံး၍ရသော်လည်း၊ တချို့မှ ပြန်ပြင်ရဦးမည် ဖြစ်သည်။
ကျန်းလော်သည် ရှောက်ရွှမ်ပေးသော လက်နက်များကို ယူပြီး၊လျင်မြန်စွာ ထွက်ခွာသွားပါသည်။
ရှောက်ရွှမ်နှင့် နတ်ဆေးဆရာမသာ အိမ်ထဲတွင် ကျန်နေခဲ့ပါသည်။ ရှောက်ရွှမ်က သူသည် ဘိုးဘေးများ၏အရိုးမှ စွမ်းအင်ကို နှိုးထနိုင်ကြောင်း နတ်ဆေးဆရာမကို ပြောပြလိုက်ပါသည်။
“သိပ်ကောင်းတယ်…” နတ်ဆေးဆရာမသည် ဝမ်းသာလွန်းသဖြင့် ပြုံးပြုံးကြီးဖြစ်နေပါသည်။ “အဆင်ပြေတယ်ဆိုရင် မင်းလေ့ကျင့်ဖို့ ရွာထဲမှာ နေရာတစ်ခု စီစဉ်ပေးမယ်….တောထဲမှာ လေ့ကျင့်တာထက် ရွာထဲမှာ လေ့ကျင့်တာက ပိုကောင်းတာပေါ့…ရွာထဲမှာဆိုတော့ ဘေးအန္တရာယ်တွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူး”
ရှောက်ရွှမ်သည် ခဏလောက်ဆက်နေပြီးနောက်၊ သူ့အိမ်သို့ ပြန်သွားပါသည်။
အိမ်ပြန်ရောက်သောအခါ၊ သားကောင်၂ကောင်မှာ ဖျက်ပြီးသားဖြစ်နေပါသည်။ ချီချီကလည်း အိမ်တံခါးဝတွင် သူ့ကို စောင့်နေပါသည်။
ချီချီတစ်ယောက် ပြုံးပြုံးကြီးဖြစ်နေသောအခါ၊ ထောင်ချီရွှေကောက်ပဲသီးနှံများ အခြေအနေကောင်းမည်ကို ရှောက်ရွှမ်သိလိုက်သည်။
“ဝါစဉ်ကြီးရှောက်ရွှမ်ပြန်လာပြီ…ထောင်ချီရွှေကောက်ပဲသီးနှံတွေ အခြေအနေကောင်းတယ်…လာကြည့်ပါဦး” ချီချီက သူ့ကို ခြံနောက်သို့ ခေါ်သွားပါသည်။
ခြံနောက်သို့ ရောက်သောအခါ၊ သူ့ခြံကို ချဲ့ထွင်ထားကြောင်း ရှောက်ရွှမ်သတိထားလိုက်မိပါသည်။ အပြင်လူများ အထဲကို မမြင်ရအောင်လည်း၊ ခြံစည်းရိုးကို မြှင့်ထားကြပါသည်။
ရှောက်ရွှမ်သည် သုံးမီတာလောက် အမြင့်ရှိသော အပင်လေးများကို ကြည့်ရင်း တုန်လှုပ်သွားပါသည်။
သူမြင်ဖူးခဲ့သော တောင်ကုန်းပေါ်မှ အပင်များသည်၊ ယခုအပင်များလောက် မမြင့်ပါ။
သူထွက်သွားတုန်းက ခြံထဲတွင် အပင်၄၀လောက်ကျန်ခဲ့ပါသည်။ ထိုအချိန်တုန်းကဆိုလျှင်၊ အပင်များသည် သူ့ပုခုံးလောက်သာ မြင့်ပါသည်။ အခုတော့ ၂၃ပင်သာ ကျန်တော့
သော်လည်း၊ အပင်များမှာ သန်စွမ်းကြပါသည်။ အပင်များမှာ လူတစ်ယောက်ထင်မြင့်ရုံသာမက၊ အရွက်ကြီးများမှာလည်း ကြီးမားလှပါသည်။ ပင်စည်များမှာ လက်ကောက်ဝတ်လောက် ဖြစ်နေပါသည်။
အရေးအကြီးဆုံးကတော့ အပင်တွင် သီးနေသော သီးနှံများဖြစ်ပါသည်။
အပင်များအကြောင်းနားမလည်သူတစ်ယောက်ပင် ထိုအပင်များမှာ ကျန်းမာသန်စွမ်းနေကြောင်း သိနိုင်ပါသည်။ ရိတ်သိမ်းပြီးသွားလျှင်တော့ သီးနှံများ ဘာဖြစ်လာမလဲ သူတို့လည်း မသိပါ။ သူတို့အတွက် အသုံးဝင်မည်ဆိုပါက၊ ရှောက်ရွှမ်သည် သူ့တွင် ကျန်နေသော မျိုးစေ့များကို ထပ်စိုက်မည် ဖြစ်သည်။
ခြံထဲတွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များကို တွေ့နိုင်ပါသည်။သူတို့သည် အပင်များနားတွင် ရပ်နေပြီး၊ မပျင်းနိုင်မရိနိုင် ကြည့်နေကြပါသည်။ အရင်
တုန်းကတော့ တစ်ရက်လျှင်၂ကြိမ်သာ ခြံထဲသို့ လာသည်ဖြစ်သော်လည်း၊ အခုဆိုလျှင် ၎င်းတို့သည် ခြံထဲတွင်ပင် အိပ်စက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ခြံဝင်းကို ထပ်မံချဲ့ထွင်ထားခြင်း ဖြစ်သည်။
“အကုန်လုံးက အပင်တွေကို ကြည့်ချင်ကြတယ်လေ…ဒါပေမဲ့ ခြံထဲမှာက နေရာမရှိတော့ဘူး…အဲဒါကြောင့် နတ်ဆေးဆရာမက ခြံကို ချဲ့ခိုင်းထားတာ” ချီချီက ရှောက်ရွှမ်၏ မျက်နှာကို စိုးရိမ်စွာကြည့်နေပါသည်။ ရှောက်ရွှမ်စိတ်မဆိုးသည်ကိုတွေ့မှ စိတ်သက်သာရာရသွားပါသည်။
“အခုလို ကြိုးစားပေးထားတဲ့အတွက် ကျေးဇူးပါဗျာ” ရှောက်ရွှမ်က ပြောလိုက်သည်။
“ရပါတယ်…အခုလည်း ကြိုးစားရကျိုးနပ်ပါတယ်” ချီချီက ဂုဏ်ယူစွာ ပြောလိုက်ပါသည်။
ရှောက်ရွှမ်သည် ရွာသို့ ပြန်ရောက်လာပြီဖြစ်
သောကြောင့်၊ ထိုညတွင် စိတ်ချလက်ချ အိပ်နိုင်ပြီ ဖြစ်ပါသည်။
နောက်ရပ်များတွင်၊ ကျန်းလောက ရှောက်ရွှမ်ကို ခေါ်ပြီး ပန်းပဲပညာအကြောင်းများကို မေးနေပါသည်။ ရှောက်ရွှမ်သည် ရှားလူမျိုးတစ်ယောက်နှင့် တွေ့ဆုံပြီး၊ကုန်းကျားတောင်တန်းကို ရောက်သွားသူ ဖြစ်ပါသည်။ ထို့ကြောင့် ပန်းပဲဆရာများအားလုံးသည် ရှောက်ရွှမ်၏ အတွေ့အကြုံများကို နားထောင်ချင်နေကြသည်။ သူတို့နားမလည်သည့်အရာများကို ရှောက်ရွှမ်အားမေးကြပြီး၊ အဖြေများကို ချရေးမှတ်ထားကြပါသည်။ရှောက်ရွှမ်က ပင်မမီးမျိုးစေ့ ဖြစ်ပေါ်လာပုံနှင့် ရှားလူမျိုးများအကြောင်းကို ရှင်းပြလိုက်သဖြင့်၊ အားလုံးနားလည်သွားကြပါသည်။
ရက်အနည်းငယ်ကုန်ဆုံးသွားသောအခါ၊ ရှောက်ရွှမ်သည် တောင်အောက်သို့ ဆင်းသွားပါသည်။
ထိုနေ့တွင် ရှောက်ရွှမ်သည် ဘဲဝတုတ်ကို သွား
ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
တောင်အောက်တွင် နေသူများနှင့် ကင်းလှည့်နေသူများအားလုံးသည် ထိုဘဲဝတုတ်အကြောင်းကို သိနေကြပြီ ဖြစ်သည်။ ဘဲဝတုတ်သည် ဝါစဉ်ကြီးရှောက်ရွှမ်၏ သားကောင်ဖြစ်ပါသည်။ ထို့ကြောင့် မည်သူမျှ ဘဲဝတုတ်ကို မသတ်ရဲကြပါ။ မသတ်ရဲသည့်အပြင် အစာများပင်ကျွေးထားကြပါသည်။
ရောက်ခါစတုန်းကတော့ ဘဲဝတုတ်သည် ပတ်ဝန်းကျင်နှင့် အသားမကျသေးသဖြင့် တုန်လှုပ်နေပါသည်။ ကြောက်လည်းကြောက်နေပါသည်။ နောက်ပိုင်းမှ လူများသည် သူ့ကို အန္တရာယ်မပေးကြောင်းနားလည်သွားပါသည်။ သူ့ကို ဘာမှမလုပ်သည့်အပြင် အစာများပင် ကျွေးကြပါသည်။ ဘဲဝတုတ်သည် လူများကျွေးသည် အစာများကို မကြိုက်သော်လည်း၊ ကျေတော့ကျေနပ်သွားသည်။
ဒုတိယနေ့တွင် ဘဲဝတုတ်သည် ရေကူးရန်
ကြိုးစားပါသည်။ ရွာပတ်လည်တွင် တူးထားသော ကျုံးမြောင်းထဲတွင် ရေးဆင်းကူးနေပါသည်။ သို့သော် လူရိပ်မြင်သည်နှင့် ၎င်းသည်တောအုပ်ထဲသို့ ပြေးဝင်သွားပါသည်။ လူမရှိမှ ပြန်ထွက်လာပါသည်။
တဖြည်းဖြည်းနှင့် ရက်များ ကုန်ဆုံးသွားပါသည်။
ရှောက်ရွှမ် ရောက်လာသောအခါ၊ ဘဲဝတုတ်သည် ကျုံးထဲတွင် ပျော်ရွှင်စွာ ဒိုင်ဗင်ထိုးနေပါသည်။ အခြားလူတစ်ယောက် ရောက်လာလျှင်တော့၊ ထိုလူကို သတိနှင့် အကဲခတ်နေတတ်ပါသည်။ ရှောက်ရွှမ်ရှိနေသောကြောင့် ထွက်တော့ မပြေးတော့ပေ။
ကြည့်ရသည်မှာ ဘဲဝတုတ်သည် ရွာတွင် ပျော်နေပုံရသည်။
ဘဲဝတုတ်က ကောင်းကောင်းနေသဖြင့်၊ ရှောက်ရွှမ်သည် ၎င်းကို မောင်းမထုတ်တော့။ ဘဲဝတုတ်
ကို စောင့်ကြည့်ရန် ရှောက်ရွှမ်သည် ရွာသားတစ်ယောက်ကို မှာထားလိုက်သည်။
တစ်နေ့တွင်တော့ မြစ်ထဲတွင် ဘဲမများ ရေကူးနေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရတော့သည်။
(ဆက်ရန်…)