ပြောင်းလဲသွားသောအရာများ
Vol. 16 Ch. 238
ရှောက်ရွှမ်က သူနဲ့အတူနေခဲ့ကြသည့်လေလွင့်သူများကို ယန် ရှော နဲ့အတူသွားခေါ်လိုသည် ။ မူလလမ်းကြောင်းတွင် ထိုနေရာကမပါဝင်ပေ။ ထိုနေရာကို သူတို့ဖြတ်သွား ခြင်းမရှိပေ။ သို့ပေမယ့် ဒီနေရာမှာ မြစ်ခွဲပေါင်းများစွာရှိရာ ထို့ကြောင့် မျိုးနွယ်စုရေတပ်က မတူညီသည့် လမ်းကြောင်းများကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်သည်။
သူတို့မထွက်ခွာခင်မှာ ထွက်ခွာနေခြင်းကို နတ်ဆေးဆရာက တားလိုက်သည်။ နတ်ဆေးဆရာက ရေတပ်ကို ယန် ရှောတို့ တစ်ခါတုန်းက နေခဲ့တဲ့နေရာကို ဖြတ်သွားဖို့ပြောလေသည်။ ထိုနေရာမှာ ဘဝကြမ်းတမ်းသော လေလွင့်သူအများအပြားနဲ့ကျွန်များ ရှိလေသည် ။
“ အဲဒီကိုသွားပြီး တစ်ချက်လောက်ကြည့်လိုက်ကြရအောင် “
ဒါက ထိုအချိန်တုန်းက နတ်ဆေးဆရာပြောသောစကားဖြစ်သည် ။သူက သီးသန့်ဖြစ်နေသည့် မီးတောက်ဦးချိုမျိုးနွယ်စုကလူများကို မျိုးသုဥ်းသွားသည့်လူမျိုးများမှ လေလွင့်သူများနှင့်ကျွန်များ တို့၏ဘဝများအကြောင်းကို သင်ယူစေလိုသည် ။
နတ်ဆေးဆရာက မီးတောက်ဦးချိုမျိုးနွယ်စုကလူများကို သင်ခန်းစာပေးလိုသည် ။
သူတို့မြစ်ကိုဖြတ်သွားကတည်းက နတ်ဆေးဆရာ၏အာရုံကို မဖမ်းစားပါပေ ။ အရင်တုန်းကဆိုလျှင် ကိစ္စတော်တော်များများသည် အကြီးအကဲနဲ့နတ်ဆေးဆရာတိုင်ပင်ပြီး ဆုံးဖြတ်ကြခြင်းဖြစ်သည် ။ သို့ပေမယ့် နောက်ပိုင်းတွင် နတ်ဆေးဆရာက ပါဝင်ပတ်သက်ခြင်းသိပ်မရှိတော့ဘဲ အော့ကသာအမိန့်များပေးခဲ့ခြင်းဖြစ်သည်။
နတ် ဆေးဆရာက ယခု သူ့အမြင်ကို ပြောလာလေရာ မည်သူကမှသူ့ကို ဆန့်ကျင်ခြင်းမရှိပေ ။ ရေတပ်
အဖွဲ့မှာ ပိုရှည်သောလမ်းကြောင်းကို ပြောင်းလိုက်ပြီး နဂိုစီစဉ်ထားသည့်လမ်းကြောင်းနှင့် မတူတော့ဘဲ ပုမျိုးနွယ်စုက ခရီးသွားအဖွဲ့သွားသည့်ရေလမ်းကြောင်းကို လာခဲ့ကြသည် ။
….
နောက်တစ်နေ့မှာ Yပုံစံမြစ်ခွဲဘေးက ကုန်းပေါ်တွင် အလုပ်လုပ်ဖို့ရန်အတွက် မနက်စောစောတွင် ကျွန်များ တစ်ယောက်ပြီးတစ်ယောက်အိပ်ရာထလာကြသည်။
မြစ်ထဲမှာ ဖောင်အရွယ်အစားအစုံရှိနေပြီး ကျွန်များမှာငါးများဖမ်းနေကြသည် ။ သူတို့ထိုနေရာမှာရှိနေရင် လေလွင့်သူတွေက ဘာပစ္စည်းကိုမှမယူရဲဘဲ သူတို့နဲ့လည်းမတိုက်ခိုက်ရဲပါပေ ။ အကြောင်းမှာ သူတို့ အဝိုင်းခံရမှာကိုကြောက်သောကြောင့်ဖြစ်သည် ။ ကမ်းစပ်မှာဆိုလျှင် တချို့ ကြာပွတ်များနှင့် ကြီးကြပ်သူတွေက ကျွန် တွေအလုပ်လုပ်နေတာကို
ကြည့်ဖို့ နဲ့ လေလွင့်သူတွေကို သတိထားဖို့ မြစ်ကိုအမြဲကြည့်နေတတ်သည် ။
ကြီးကြပ်သူတွေရဲ့ဘဝက အနိမ့်ဆုံးအဆင့်က ကျွန်၏ဘဝထက် အနည်းငယ်တော့ပိုကောင်းနေသည် ။ သူတို့က ကျွန်များကိုအမိန့်မပေးနိုင်သော်လည်း သူတို့ကအနည်းဆုံးတော့ကျွန်ပိုင်ရှင်များပေးထားသည့် ခွန်အားအနည်းငယ်ရှိသည် ။ သူတို့က စွမ်းအင်မနိုးထသေးသူများထက် ပိုပြီးခွန်အားကြီးကြသည့်အတွက် သူတို့ဒီမှာတည်ရှိမှုက ပြဿနာရှာချင်သည့်လေလွင့်သူများ၏ရန်ကိုကာကွယ်ပေးနိုင်သည် ။
ကြီးကြပ်သူအဖြစ်ရာထူးတိုးသွားလျှင် သူတို့အားလုံးကို သူတို့၏အမြင်တွင် သတိထားစောင့်ကြည့်နေကြသည် ။ ကျွန်များနှင့်အနည်းငယ်ဝေးသောနေရာတွင် အချို့သောလေလွင့်သူများက ထကြွလာကြသည် ။
အဝတ်အစားကောင်းကောင်းတွေဝတ်ဆင်ထားသ
ည့် အချို့သောလေလွင့်သူများက မြစ်ဖက်ကို ဖြည်းဖြည်းချင်းလမ်းလျှောက်လာကြသည် ။ သူတို့က ရေအနည်းငယ်ကိုသောက်ကာ သူတို့မျက်နှာကိုမြင်ထဲကရေနဲ့ဆေးလိုက်ပြီး အရက်မူးပြေသွားအောင်လုပ်လိုက်သည် ။
အလုပ်လုပ်နေတဲ့ကျွန်များကိုကြည့်ပြီးတော့ ခေါင်းဆောင်က ထိုနေရာမှာ တံတွေးထွေးလိုက်သည် ။
“ ဆရာ မကြာသေးခင်က တချို့လေလွင့်သူတွေ ထကြွလာကြတယ်မလား “
တစ်ယောက်ယောက်ကမေးလေသည် ။
“ လေလွင့်သူတွေပိုပြီးများလာရင် ငါတို့ကျွန်တွေဆီကနေအလုပ်နည်းနည်းရနိုင်မယ်မလား “
တခြားလူတစ်ယောက်ကပြောသည် ။
ခေါင်းဆောင်ကမတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာကိုသုတ်လိုက်သည် ။
“ မျက်စိရှင်ရှင်ထားကြ “
ယခုလေလွင့်သူများနယ်ပယ်ထဲတွင် သူတို့ကိုပြန်ပြီး တိုက်ခိုက်နိုင်သူမှာ ယန် ရှောဒီကိုအတူခေါ်လာသောလူများ ဖြစ်သည်။ နှစ်ဖက်လုံးက တန်းမတိုက်ခိုက်ကြလေရာ သူတို့ကအချင်းချင်းစောင့်ကြည့်၍နေကြသည်။
“ သူတို့ နောက်ကျရင် ထွက်သွားမှာပဲလို့ ပြောတာ မင်းမကြားဘူးလား ၊ သူတို့က ယန် ရှောတို့မျိုးနွယ်စုကိုသွားမှာ “
တယောက်ယောက်ကပြောလေသည် ။
သူတို့ဘေးမှာထိုင်နေတဲ့မုတ်ဆိတ်မွေးနဲ့လူက ပြောလေသည် ။
“ ထွက်သွားမယ်ဟုတ်လား “ နှာခေါင်းရှုံ့လိုက်သည် ။
“ သူတို့က ဒီမှာသာဒီစကားပြောတာပါ။ သူတို့သာထွက်သွားမယ်ဆိုရင် သူတို့က ဘယ်လောက်ကြာကြာအသက်ရှင်နိုင်မှာမို့လို့လဲ ၊ သူတို့ကို သားရဲတွေစားပစ်ရင် စား မဟုတ်ရင် အခြားမျိုးနွယ်စုတွေသတ်ပစ်ကြလိမ့်မယ် “
“ ဟုတ်တယ် “
ခေါင်းဆောင်က ထောက်ခံသည့်အနေဖြင့်ခေါင်းညိတ်ပြသည် ။
“ သူတို့ကထွက်သွားပြီးတဲ့နောက် ရှင်သန်ရပ်တည်ဖို့စွမ်းအင်မရှိတာကို ထားလိုက်ပါ ၊ ထွက်ခွာသွားခဲ့
တယ်ဆိုရင်တောင်မှပဲ သူတို့က မီး တောက်ဦးချိုမျိုးနွယ်စုနဲ့တွေ့မှာပေါ့၊ အဲဒါဘာလဲ။ဘယ်သူသိလို့လဲ။ လေလွင့်သူတွေက မျိုးနွယ်စုတစ်ခုအုပ်ချုပ်မှုအောက်မှာနေရမှာ ၊ အဲဒီတော့ပိုပြီးတောင်ဘဝကခက်ခဲဦးမယ် ၊
မျိုးနွယ်စုထဲကလူတွေက သူတို့မကြိုက်တဲ့သူဆိုရင် တန်းပြီးသတ်ပစ်တာ ၊ အထူးသဖြင့် ဒီလိုအစားအစာလုံလောက်မရှိတဲ့ မျိုးနွယ်စုအငယ်လေးကလူတွေဆိုရင်တော့..သူတို့က လေလွင့်သူတွေကိုအစာအဖြစ်နဲ့စားပစ်ကြလိမ့်မယ်။ ငါတို့အရင်ကဒါမျိုးမြင်ဖူးပါတယ်။ အဲဒီအစား ဗဟိုဒေသက မျိုးနွယ်စုကြီးတစ်ခုဆီကိုသွားပေါ့ “
“ ဗဟိုဒေသက သင်္ဘောကြီးတွေက ဘယ်လိုပုံစံမျိုးလဲ “
လူငယ်လေးက မေးလေသည် ။
ခေါင်းဆောင်မှာ ရုတ်တရက် အားရကျေနက်စွာ သူ့
မေးကိုမော့လိုက်ပြီး သူ့အနားကအရာများ အဝေးသို့ဖယ်ပေးဖို့ လက်ဟန်ခြေဟန်ပြလိုက်လေသည် ။ သူက ကျောက်တုံးမြင့်မြင့်ပေါ်မှာ ထိုင်ကာ သူ အပြင်ဘက်ကို ခရီးသွားရတုန်းက မြင်ရသည့်မြင်ကွင်းအချို့ကို ပြောပြလေသည် ။
ပြောရလျှင် သူ မမှတ်မိတော့သော မြင်ကွင်းများလည်း ရှိသေးသည် ။ သူ့အမှတ်တရများမှာ အလွန်မှေးမှိန်သွားပေမဲ့ ကိစ္စတော့မရှိပေ ။ သူက သူ့လက်အောက်ငယ်သားများ အံ့သြသွားဖို့သာ လိုလေသည် ။
“ အထူးသဖြင့် လုံကျိုးမျိုးနွယ်စုဝင်တွေပဲ ၊ သူတို့က သင်္ဘောတည်ဆောက်တာ တကယ်တော်ကြတယ် ၊ သူတို့ သင်္ဘောကြီးတွေက ငါတို့အိမ်တွေထက်ကြီးပြီး ကျွန်တွေသုံးတဲ့ဟာမျိုးတွေနဲ့မတူဘူး ၊
ဒါတွေက ရိုးရိုးနဲ့ ကျိုးပဲ့လွယ်သည့် ဖောင်တွေ ၊ ဒီခရီးသွားမျိုးနွယ်စုတွေက သင်္ဘောတွေကလည်း ဒီလောက်မကောင်းဘူး “
စကားပြောနေချိန်မှာ ခေါင်းဆောင်က သူတို့ကို သူအချိန်အကြာကြီး ပြောမိခဲ့သည် ဆိုပေမဲ့ သူတို့က မပြောင်းမလဲ ငြိမ်ငြိမ်လေး နားထောင်နေကြ သေးသည်ဆိုတာ သတိထားလိုက်မိသည် ။ အထို့ပြင် တယောက်ချင်းစီတိုင်းက အခြားနေရာကို ကြည့်နေကြသည် ။ ငါးတွေကို ပိုက်ကွန်နဲ့ ဖမ်းနေကြတဲ့ကျွန်တွေကို သူတို့ ကြည့်နေကြတာလား ။
“ ဘာတွေကြည့်နေတာလဲ “
ခေါင်းဆောင်က မကျေမနပ်ဖြစ်လာသည် ။
“ မဟုတ်ဘူး ၊ ဆရာ ၊ ဟိုမှာ သင်္ဘောတစင်း “
သူတို့ထဲက တစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးပြလေသည် ။
“ ငါ မင်းတို့ကို ဘယ်နှစ်ကြိမ်ပြောရမလဲ ၊ ဒီကျွန်တွေက သင်္ဘောပေါ်မှာ မဟုတ်ဘူး ၊ လှေပေါ်မှာပါ လို့ “
ထိုလူက ပိုပြီးပင် ဒေါသထွက်လာသည် ။
“ ဟုတ်ပါတယ် “
အခြားသူများက ခေါင်းညိတ်ကြသည် ။
ငါတို့အိမ်ထက် ကြီးတယ်လား ၊
ကျောက်တုံးပေါ်မှာခြေချိတ်ထိုင်နေသော ထိုလူက လှည့်ကြည့်လိုက်ပြီး သူတို့ညွှန်ပြသည့်နေရာကို ကြည့်လိုက်သည် ။
သူမြင်လိုက်သည့်အရာကို သူ့ခါးများ လိမ်သွားအောင်ပင် သူက ထိတ်လန့်သွားလေသည် ။
ခပ်လှမ်းလှမ်းက မြစ်ဆီမှာ သင်္ဘောများတစ်စီးပြီးတစ်စီးလာနေကြသည် ။ တစီးချင်းစီတိုင်းက သူတို့နေတဲ့အိမ်များထက်မြင့်ကျပြီးအထူးသဖြင့် အကြီးဆုံးသုံးခုက အတော်လေးမြင့်ကြသည် ။
ထိုလှေများကခေါင်းဆောင်ဖြစ်သူ၏ ဝေဝါးဝါးမှတ်ဉာဏ်များထဲမှ သူ့လုံကျိုးမျိုးနွယ်စုနှင့်ဆုံခဲ့ရသည့်အချိန်ကို သတိရသွားစေသည် ။
“ လုံကျိုးမျိုးနွယ်စုလား “
ခေါင်းဆောင်ဖြစ်သူက ပြောမိသည် ။
“ မဟုတ်ဘူး..မဟုတ်ဘူး။ လုံကျိုးမျိုးနွယ်စုမှာ ဒီလိုနတ်အမှတ်အသားမျိုးမရှိဘူး ၊ ဒါက... “
ခေါင်းဆောင်ဘေးက ခပ်ပိန်ပိန်လူက အကြာကြီးမညှပ်ခဲ့ထားသည့် မုတ်ဆိတ်မွေးရှည်များကိုကိုင်ပြီး ပြောလေသည် ။
“ သင်္ဘောပေါ်ကအမှတ်အသားကို ကျွန်တော် ရင်းရင်းနှီးနှီးမြင်ဖူးတယ် “
“ ငါလည်းမြင်ဖူးတယ်လို့ထင်တယ် “
အခြားတစ်ယောက်ကဖြေသည် ။
“ လေလွင့်သူများနယ်ပယ်က “
“ လေလွင့်သူများနယ်ပယ်ကလား ၊ မဖြစ်နိုင်တာ “
“ လာကြ ၊ သူတို့ဒီမှာရပ်မှာလား ၊ သူတို့ဒီမှာရပ်ရင် ငါတို့ပြဿနာတက်လိမ့်မယ်ဟုတ်တယ်မလား “
ပထမဆုံးမြင်မြင်ချင်းပင် သူတို့က သူတို့ကို ရန်မစသင့်မှန်းသိလေသည် ။ သူတို့က ပစ္စည်းများလုကြမည့်အကြံကို ချက်ချင်း လက်လျှော့ပေးလိုက်ကြ
သည် ။ သူတို့က သူတို့မျက်လုံးထဲမှာအနားကပ်လာသောရေတပ်များကိုသာ ကြည့်နေလိုက်သည် ။
မြစ်ထဲမှာတော့ ကျွန်များဟာအော်ဟစ်နေကြပြီး သူတို့၏ဖောင်များကို ကမ်းဘက်သို့ ကပ်လာလေသည် ။ ဖောင်များဟာ မြစ်ထဲမှာကျန်ခဲ့လျှင် သူတို့က လမ်းပိတ်သွား ပေမည် ။ သူတို့က ဖောင်ပေါ်မှာ သွားလာနေတဲ့ခရီးသွားများကိုပင် မ စော်ကားရဲကြလေရာ ဒီလိုရေတပ်မျိုးဆိုလျှင် ပြောရန်ပင်မလိုပေ။
ကြီးကြပ်သူက ကြာပွတ်ကို မသုံးနိုင်ခင်မှာ ကျွန်တစ်ယောက်စီတိုင်းက ပြဿနာထဲမှာဝင်မပါမိစေရန် အတတ်နိုင်ဆုံး အမြန်ရှောင်ရှားကြသည်။
ရေတပ်ကြီးပေါ်လာခြင်းသည် အဓိကဖြစ်ရပ်ဟု သတ်မှတ်နိုင်သည့်အတွက် သတင်းပို့ရန် လိုအပ်လေသည် ။ ကြီးကြပ်သူများကခေါင်းဆောင်များကို မြစ်ထဲမှာ ဖြစ်နေသည်တို့ကို အော်ပြောကြသည်။ ကျွန်ပိုင်ရှင်များ ဒီနေရာမှာမရှိလေရာ သူတို့ကတာဝန်ကျ
သူကို ပြောကြလေသည် ။
လေလွင့်သူများနယ်ပယ်မှာနေကြသည့်သူများက မြစ်ကမ်းနားကိုကပ်လာကြသည် ။ သူတို့က ရုတ်တရက်ပေါ်လာတဲ့ ရေတပ်ကြီးကိုကြည့်နေကြသည်။ သူတို့ထဲက တော်တော်များများက ဒီနေရာကိုရောက်နေပြီးဖြစ်လေရာ ဒီလိုသင်္ဘောကြီးများကို တစ်ခါမှမမြင်ဖူးကြသည့်အတွက် သူတို့က အလွန်ရှားပါးသည်ဟု ခံစားရသည်။
ရေတပ်ကြီးမှာ တဖြည်းဖြည်း ကမ်းကပ်လာသည် ။ လှိုင်းလုံးများမှာ ကမ်းစပ်မှသဲများကို ရိုက်ပုတ်သွားသည် ။
ကျွန်များသည် ထိုနေရာမှစောင့်နေကြပြီး ကြာပွတ်ကိုင်ထားသည့် ကြီးကြပ်သူများမှာ မျက်နှာအမူအရာ အမျိုးမျိုးဖြစ်နေကြသည် ။ သူတို့က ကြမ်းတမ်းနေပုံမပေါက်တော့ပါပေ ။ ထိုအစား သူတို့က ဘုရားများကို ဆုတောင်းနေပုံပေါက်သည် ။ သူ
တို့သာ ကောင်းကောင်း ပြုမူလျှင် သူတို့ကို ဆုချခံရမည် ။
သင်္ဘောများ ကမ်းကပ်ကြပြီးနောက် သူတို့က လှေကားကိုမချသေးပေပဲ့ သင်္ဘောပေါ်မှ စစ်သည်တော်များ တယောက်ပြီးတယောက် ခုန်ဆင်းလာကြသည် ။ အရှေ့ဆုံးကတယောက်ကတော့ ယန်ရှော ဖြစ်သည် ။
ရင်းနှီးပေမဲ့ ထူးဆန်းသည့်နေရာကို ကြည့်ပြီး ယန်ရှော စိတ်ရှုပ်သွားရသည် ။
ကြီးကြပ်သူက ကြာပွတ်ကို နောက်ကိုလွှဲလိုက်ကာ ရှေ့သို့တိုးပြီး တခုခုကို ပြောချင်နေသည် ။ သို့ပေမဲ့ သူ ယန်ရှောကို မြင်သည့်အခါ သူဘာမှမပြောတော့ပေ ။
သူက ယန်ရှောအခြားသူများနဲ့ ထွက်သွားကြတုန်း
က သူ မြစ်ကမ်းပါးမှာ မတ်တပ်ရပ်နေသည့်အတွက် သူ ယန်ရှောကို သိသည်။
ယန်ရှောက ပတ်ပတ်လည်ကို ကြည့်ပြီး သူနဲ့သိပ်မဝေးသည့်နေရာမှကျောက်တုံးများကဲ့သို့ ငြိမ်နေကြသော လေလွင့်သူအချို့ကို ခေတ္တမျှ စိုက်ကြည့်နေလိုက်သည် ။ ထို့နောက် သူက လေလွင့်သူများနယ်ပယ်ကို ကြည့်လိုက်သည်။
“ ဒါ မင်းနေတဲ့နေရာ ဟူတ်တယ်မလား “
အခြား ခုန်ချလာသည့်စစ်သည်တော်တယောက်က ယန်ရှောကိုမေးလေသည် ။
“ ဟုတ်တယ် ၊ အများကြီးပြောင်းလဲသွားတယ် “
စကားပြောနေရင်း ယန်ရှောက သူနဲ့ဒီမှာနေခဲ့ကြသည့် သူ့မိတ်ဆွေများကိုရှာဖွေနေသည် ။
ရှောက်ရွှမ်ကတော့ အောက်ကို မဆင်းတော့ဘဲ သူက အဝေးက ဆယ်မီတာအမြင့်ရှိသည့် အိမ်များကို ကုန်းပတ်ပေါ်မှာရပ်ပြီးကြည့်နေသည် ။ သူထွက်သွားတုန်းက ထိုအိမ်များ မဆောက်ရသေးပေ ။ဒါ ပြီးခဲ့တဲ့နှစ်များမှာ ကျွန်များကို အမိန့်ပေးကာ ဆောက်လုပ်ထားပြီး ကျွန်ပိုင်ရှင်များ ပိုင်ဆိုင်ကြလေသည် ။
လေလွင့်သူများဟာ ရိုးရိုးတဲများမှာသာ နေကြပြီး ကျွန်များနေကြသည့်နေရာများက ပိုဆိုးဝါးလေသည် ။
“ ကျွန်ပိုင်ရှင်တွေက အရမ်းလောဘကြီးကြတယ်ထင်တယ် “
ရှောက်ရွှမ်က တွေးလိုက်သည် ။ သူတို့က ဒီကိုလူတချို့လာခေါ်ကြခြင်း ဖြစ်ပြီး ဒီလို စခန်းပုံကျောက်တုံးအိမ်များတွေ့ရမည် ထင်မထားမိပါပေ ။
အကယ်၍ ကုန်းပတ်ပေါ်မဟုတ်ဘဲ မြေပေါ်မှာရပ်နေရလျှင် သူက သစ်ပင်များကြောင့် ထိုအိမ်များကို မြင်ရမည်မဟုတ်ပေ ။
ယန်ရှော လူဆယ်ဂဏန်းလောက် ခေါ်လာခြင်းမှာ သိပ်မကြာခဲ့ပေ ။ သူက သူတို့အထဲက အချို့နှင့် ရင်းနှီးပြီးသားဖြစ်သည် ။ ပြီးခဲ့သည့် နှစ်နှစ်အတွင်းမှာ သူတို့က အဖွဲ့ငယ်လေးများ ဖွဲ့နေကြသည် ။ သူတို့အားလုံးကို မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ထွက်သွားလိုသည် ။ အော့က ခွင့်ပြုပါသည် ။
သူတို့မှာ ဘဝသစ်တခု ရလာသည့်အတွက် သင်္ဘောပေါ်ခေါ်လာခံရသူများမှာ ပျော်လွန်း၍ ငိုပင်ငိုကြသည် ။ မြစ်ကမ်းပါးမှာ ရပ်နေသူများက ထွက်ခွာသွားသူများကို ကြည့်ကာ မနာလိုကြပေ ။
မထင်ထားဘဲ ဒီ ထူးဆန်းသည့်သူများက ဒီလိုတွေ့ကြုံကြရလေသည် ။ မည်သူကမှ ဇနီးနဲ့သားသမီးများနှင့် ပင်ပန်းသည့်ဘဝဖြတ်သန်းနေရသ
ည့် ဒီလိုခေါင်းမာသည့်လူက မျိုးနွယ်စုစစ်သည်တော် ဖြစ်လာမည်ဟု မထင်ထားကြပေ ။
မဖြစ်နိုင်သည့်အရာ မရှိပါပေ ။
မီးတောက်ဦးချို မျိုးနွယ်စုကသူများ က သူတို့ခေါ်ရမည့်သူများကို ခေါ်ပြီးသည်နှင့် အကြာကြီးမနေကြပဲ တန်းထွက်ခွာသွားကြသည် ။ နတ်ဆေးဆရာက သူ့မျိုးနွယ်စုဝင်များကို လေလွင့်သူများနဲ့ကျွန်များ၏ ကြမ်းတမ်းသော ဘဝကို လေ့လာစေလိုပြီး သင်ခန်းစာယူစေလိုသည် ။
နတ်ဆေးဆရာ၏ ရည်ရွယ်ချက် အောင်မြင်လေသည် ။
ယန်ရှောနဲ့ လေလွင့်သူများနယ်ပယ်သို့ လိုက်သွားသူများတင်မဟုတ်ပဲ ကြာပွတ်နဲ့ အရိုက်ခံရပြီး အလုပ်ပင်ပင်ပန်းပန်းလုပ်နေရသည်ကို ကုန်းပတ်ပေါ်ကနေ ကြည့်နေကြသူများပါ အားလုံး ထိတ်လန့်သွားကြလေသည် ။
စစ်ပွဲထဲမှာ ရှုံးနိမ့်သူများမှာ သေလျှင်သေ ၊ မသေပါက ထိုသို့သော ဘဝမျိုးရကြရပေမည် ။
ထို့ကြောင့် အနာဂါတ်မှာ ဘာပဲရင်ဆိုင်ရပါစေ သူတို့လုံးဝရှုံးလို့မဖြစ်တော့ပေ ။
မီးတောက်ဦးချိုမျိုးနွယ်စုက ဒီနေရာကိုရောက်လာပြီးနောက်ထွက်ခွာသွားကြသည် ။ သူတို့က သူတို့စီစဥ်ထားသည့်လမ်းကြောင်းအသစ်အတိုင်း ဆက်လက်ရွက်လွှင့်ကြသည် ။ ထိုနေရာက လေလွင့်သူများနှင့် ကျွန်များက ချိုနှစ်ခုပါသည့် နတ်အမှတ်အသားကို မီးတောက်များရစ်ပတ်ထားသည့်ပုံကို ရွက်ပေါ်မှာ မြင်ပြီး မီးတောက်ဦးချိုမျိုးနွယ်စု၏ အမည်ကို မှတ်မိသွားကြသည် ။
ကျွန်များကိုအမိန့်ပေးဖို့ ကျွန်ပိုင်ရှင်များ ထိုနေရာမှာ နေခိုင်းသည့်သူမှာ ရေတပ်များထွက်သွားပြီးနောက် ပြန်သွားလေသည် ။ သူက ကျွန်ပိုင်ရှင်ထားခဲ့သည့်
သေတ္တာလေးထဲမှ သားရေစာလိပ်ကိုထုတ်လိုက်ပြီး တိရိစ္ဆာန်မွေး စုတ်တံလေးကို အရောင်ထည့်ထားသောခွက်ထဲသို့ နှစ်လိုက်လေသည်။ ကျွန်ပိုင်ရှင်က အကယ်၍ မီးတောက်ဦးချို မျိုးနွယ်စု ဒီကိုရောက်လာလျှင် သူ့ဆီကို စာရေးဖို့ မှာထားလေသည် ။
မီးတောက်ဦးချို မျိုးနွယ်စုက တကယ်ရှိလေသည် ။