← Chapters

ရိုးရာအခမ်းအနားက အပြောင်းအလဲများ

Vol. 15 Ch. 223

ရိုးရာအခမ်းအနားက အပြောင်းအလဲများ

Vol. 15 Ch. 223

မျိုးနွယ်စုထဲကဆောင်းရာသီမှာ နှင်းထူထပ်ပြီး အလွန်အေးလေသည် ။ တောင်ပေါ်က ယန်ကျစ်နဲ့အခြားသူများက ဒီလိုရာသီဥတုမှာ သူတို့ကိုယ်တိုင်ရှင်သန်ရပ်တည်ဖို့ မဖြစ်နိုင်ပေ ။ သို့သော်ကံကောင်းထောက်မစွာနဲ့ သူတို့ကို စောင့်ရှောက်ပေးမယ့်သူများရှိလေသည် ။

မျိုးနွယ်စုက လူတွေက ဆောင်းရာသီအကုန်နဲ့ပတ်သက်ပြီးတော့ ဘယ်တုန်းကမှ ဒီလောက်အများကြီး မျှော်လင့်ထားခဲ့ခြင်းမရှိကြပေ ။ ဆောင်းတွင်းပြီးတဲ့နောက်မှာ ရိုးရာအခမ်းအနားပွဲရှိသည် ။ မျိုးနွယ်စုကိုအခုမှပြန်ရောက်လာတဲ့ လေလွင့်သူများ စွမ်းအင်နိုးထလာကြမည်ဖြစ်ပြီး အားလုံးမျှော်လင့်နေကြတဲ့ မီးလျှံသလင်းကျောက်များလည်းရှိလေသည် ။

စစ်သည်တော်အားလုံးက ထိုအတွက်ကြိုတင်ပြင်ဆင်နေကြပြီး သူတို့က ဆောင်းတွင်းမှာပင် ဆက်ပြီးလေ့ကျင့်နေကြသည် ။ သူတို့ဝေးဝေးကို မသွားနိုင်သော်လည်း သူတို့အိမ်မှာ သူတို့ခန္ဓာကိုယ်ကိုကျောက်တုံးများကိုမကာ ကြံ့ခိုင်အောင်ပြုလုပ်နေသည် ။

ရိုးရာအခမ်းအနားပွဲကျင်းပတဲ့အခါမှာ သူတို့ခန္ဓာကိုယ်ကို သူတို့ကအကောင်းဆုံးအနေအထားမှာရှိချင်သည်။ သူတို့က ဆောင်းတွင်းပြီးတဲ့နောက်မှာ ခွန်အားနည်းနေသည့် အဖြစ်မျိုးကိုမလိုလားပေ ။

ရှောက်ရွှမ်လည်း မကြာမကြာတောင်ပေါ်သို့တက်ပြီး နတ်ဆေးဆရာ ၊ အကြီးအကဲတို့နဲ့ ဘိုးဘွားပိုင်မြေသို့ အပြန်ခရီးအတွက်အစီအစဉ်များ ရေးဆွဲနေကြသည်။ အမြဲတမ်း သူတို့ကသူ့ကို သူတို့နဲ့အတူလာရောက်ပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်တတ်သည် ။

ရှောက်ရွှမ် အားတဲ့အချိန်မှာ သူကဆေးကုသဆောင်

သို့သွားပြီး ဆေးပင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ကွေ့ဇယ်ကို ကူညီပေးတတ်သည်။

ဆေးကုသဆောင်မှာဆိုရင် ဆေးပင်ကစွန့်ပစ်ပစ္စည်းတွေကို စားသုံးတဲ့ လိပ်ကြီးကလည်း ပိုပြီးကြီးထွားလာသည်။ သူ့အခွံကပင် နှစ်မီတာအမြင့်လောက် ရှိနေသည်။ ဘယ်သူကမှ သူ ဘာလို့ဒီလောက်ကြီးထွားလာပြီးတော့ အားကောင်းလာသလဲကိုမသိကြပေ။ ထိုအပြင် သူ့အခွံပေါ်ကဒေါင်လိုက် အချွန်အတက်များမှာလည်း ပိုပြီးထင်ရှားလာကာ ဗုံမျိုးနွယ်စုက မိကျောင်းများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည် ။

ရှောက်ရွှမ် အဲ့ဒီကိုလာတဲ့အချိန်တိုင်းမှာ သူ့ကိုကိုက်ဖို့ လိပ်ကြီးက အကြိမ်ပေါင်းများစွာကြိုးစားတတ်သည် ။ သို့ပေမယ့်လည်း ရှောက်ရွှမ်က ဓါးနဲ့အမြဲတမ်း ထောင့်ဘက်ကို ရိုက်လွှတ်တတ်လေသည် ။

လများပျောက်ကွယ်သွားပြီး ဆောင်းတွင်း

ရောက်လာသောအခါမျိုးနွယ်စုက လူများသည် ပြီးစိတ်လှုပ်ရှားလာကြသည် ။

လောင်ခဲ့က ဆောင်းတစ်တွင်းလုံး အနားယူနေရသည့်အတွက် သူ ့မျက်နှာမှာ နီကြင့်ကြင့် ဖြစ်နေသည် ။ သူကပိုပြီးနုပျိုလာသည် ။

ရိုးရာအခမ်းအနားပွဲမှာ ရှောက်ရွှမ် ကမနှစ်ကလုပ်ခဲ့တဲ့ ဧရာမဝက်ဝံသားရေဝတ်စုံကိုထုတ်လိုက်ပြီး ကပွဲမှာဝတ်ဖို့ပြင်လေသည် ။ ဒီဝက်ဝံကိုအမဲလိုက်ဖို့အတွက် ရှောက်ရွှမ်ကသူနဲ့၁၀ရက်ကြာပင်တိုက်ခိုက်ခဲ့ရသည် ။

“ အဝတ်အစားကို ဘယ်လိုပြင်ဆင်ထားလဲ ၊ ဝက်ဝံသားရေပေါ်က အင်းဆက်တွေကိုရော ဖယ်ပြီးပြီလား “

“ အားလုံးပြီးပါပြီ ၊ လောင်ခဲ့ ကျွန်တော်ဒီဝက်ဝံလက်သည်းတွေကိုတကယ် မဖယ်နိုင်ဘူး။ ဒါတွေကို

ကျွန်တော်ဝတ်ထားတဲ့အချိန်မှာဆို သက်တောင့်သက်သာမဖြစ်ဘူး “

သူကဝက်ဝံလက်သည်းလက်အိတ်ကို ဝတ်လျှင် သူကသူ့လက်ချောင်းများကို မမြင်ရတော့ပေ။ အကယ်၍ တယောက်ယောက်ကသာ သူ့ကိုကြည့်လျှင် ပထမဆုံးမြင်မိမည့်အရာက အမည်းရောင်ဝက်ဝံလက်သည်းများဖြစ်သည်။

“ မလိုပါဘူး။ လက်သည်းတွေကကြည့်လို့ကောင်းပါတယ် “

“ ကောင်းပါပြီ “

“ ဝက်ဝံရဲ့သွားတွေနဲ့ လုပ်ထားတဲ့လည်စွဲရှိတယ် ၊အဲဒါကိုမမေ့နဲ့ “

လောင်ခဲ့က ဝက်ဝံသွားလည်စွဲကို ရှောက်ရွှမ်လည်ပင်းမှာမြန်မြန်ဝတ်ဆင်ပေးလိုက်သည်။

တစ်ခုပြီးတခု ဝက်ဝံသွားများက မုန်လာဥနီအကြီး

တစ်ခုကဲ့သို့ကြီးပြီး သူ့လည်ပင်းပတ်ပတ်လည်မှာ ဝတ်ဆင်ထားရာ အမြင်ဆန်းနေသည် ။ သူ့လည်တိုင်မှာ သွယ်ပြီး သူက လည်ဆွဲထူထူကြီးကိုဝတ်ထားသည် ။ မျိုးနွယ်စုကြားထဲမှာတော့ ဒါကလုံးဝထူးဆန်းမနေပါပေ ။

“ ကျနော်တောင်ပေါ်ကို အရင်တက်လိုက်ပါမယ် ၊

ဆီဆာနဲ့ နောက်က လိုက်လာခဲ့ပေါ့။ ပြီးတော့ ချာချာ အပျော်လျှောက်သွားနေလို့ရတယ်။ အဝေးကြီးကိုတော့ မသွားမိစေနဲ့ “

ရှောက်ရွှမ် ကောင်းကင်ပေါ်ကလင်းယုန်ကြီးကို အော်ပြောလိုက်သည် ။

“ ကောင်းပြီ ၊ တောင်ပေါ်ကိုမြန်မြန်တက်

နတ်ဆေးဆရာနဲ့အကြီးအကဲမှာ မင်းကိုပြောဖို့အရေးကြီးတာတစ်ခုခုရှိနေလောက်တယ် “

ရှောက်ရွှမ်ရဲ့နောက်မှာ လောင်ခဲ့က လိုက်ကာ တောင်

ပေါ်ကိုတက်သွားကြသည်။ အားလုံးက ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြပြီး အနီးကပ်သာမကြည့်ဘူးဆိုရင် ဘယ်သူဆိုတာ ခွဲခြားဖို့မလွယ်လှပေ။

ရှောက်ရွှမ်က ရိုးရာအခမ်းအနားပွဲများကို များစွာပါဝင်ခဲ့ဖူးသော်လည်း သူအခမ်းအနားမှာ ပါဝင်ရတဲ့အချိန်တိုင်း ဒါကိုသားရဲများပွဲတော်ကို ခံစားရသည် ။

ပတ်ပတ်လည်ကိုကြည့်လိုက်ရင် သားရေအပေါ်ထပ်များ၊ ချိုများ ၊အရိုးအဆင်တန်ဆာများ၊ မြွေသားရေခါးပတ်များနဲ့ သားရဲအရိုးမျက်နှာဖုံးများကို တွေ့ရပေမည်။ ယန်ကျစ်နဲ့ အခြားသူများ ပတ်ပတ်လည်မှာ လူများစွာ မတ်တပ်ရပ်နေကြသည်ကို ရှောက်ရွှမ် တွေ့ရသည် ။

ယန်ကျစ်နဲ့အခြားသူများအတွက် ရိုးရာပွဲမှာပါဝင်ရခြင်းက ဒါပထမဆုံးအကြိမ်ဖြစ်လေသည့်အတွက် သူတို့က အလွန်သတိထားနေကြသည် ။

သို့သော်လည်း သူတို့မျက်နှာများက အလွန်စိတ်လှုပ်ရှားပုံပေါက်လေသည် ။

“ အရမ်းမိုက်တာပဲ “

သူတို့ကယခုအချိန်အထိ သူတို့ စွမ်းအင်နိုးထလာခြင်းမရှိသေးပေ။ သူတို့က သူတို့၏ကိုယ်ပိုင်သားရဲဝတ်ရုံများဝတ်ဆင်ထားခြင်းမရှိပေ။ သူတို့ကို မျိုးနွယ်စုထဲကလူတွေ ပေးထားတဲ့အဝတ်အစားများကိုဝတ်ထားကြပြီး ၎င်းတို့ကို သာမန်သားရဲသားရေများဖြင့်ပြုလုပ်ထားသည် ။

ရှောက်ရွှမ်က သူ့၏ဝက်ဝံလက်သည်းများကို ယန်ကျစ်နဲ့အခြားသူများကိုတွေ့တဲ့အခါ သူတို့ကိုနှုတ်ဆက်ဖို့ဝှေ့ယမ်းပြလိုက်သည်။ လက်သည်းများမှာအလွန်ကြီးလေသည် ။

မျိုးနွယ်စုထဲကလူအားလုံးကဒါကိုအသုံးမဝင်ဘူးလို့ ယူဆထားသော်လည်း သူ့အတွက်ကတော့ ဒါတွေကိုရအောင်လုပ်ဖို့မလွယ်ခဲ့ပေ။

ယန်ကျစ်နဲ့အခြားသူများက သူ၏အပေါ်ထပ်ကို အားကျစွာကြည့်လိုက်သည်။

“ ကောင်းလိုက်တာ “

“ ရှောက်ရွှမ်လား ၊ မင်းတို့သူ ဟေးစစ်ဖုန်းအပေါ်ထပ် ဝတ်တာမမြင်ဘူးလို့ ၊ အဲ့တစ်ခုကပိုပြီးတော့အံ့သြစရာကောင်းတယ်လို့ထင်တယ် “

လူတစ်ယောက်က သူတို့ကို ကျော်တက်သွားပြီးတော့ ရယ်မောရင်းပြောလေသည် ။

ဧရာမဝက်ဝံအပေါ်ထပ်မှာ ဟေးစစ်ဖုန်းအပေါ်ထပ် ထက် အရည်အသွေးမနိမ့်ပေမဲ့ ဟေးစစ်ဖုန်းအပေါ်ဝတ်က ဝက်ဝံ အပေါ်ဝတ် ပိုပြီးတော့ ကြောက် စရာကောင်းသည် ။

“ သူများတွေကိုအားမကျပါနဲ့။ ကိုယ်တိုင်အစွမ်းနိုးထလာရင် အမဲလိုက်အဖွဲ့နဲ့လိုက်ပြီး အမဲလိုက်လို့ရပါ

တယ်။ အဲဒါဆိုရင်မင်းကိုယ်ပိုင်ရိုးရာ သား ရေဝတ်စုံ ရလာလိမ့်မယ် “

ထိုလူကပြောလေသည် ။

“ ကျွန်တော်တို့မှာလည်း ရှောက်ရွှမ်ဝတ်ထားသလိုမျိုး ဝတ်စုံတွေရှိ ရှိလာမှာပါ ၊ ဟုတ်တယ်မလား “

ကျောက်ဝူ ကသူ့လက်သီးကိုကျစ်ကျစ်ပါ အောင် စုတ်လိုက်သည်။ “ “ ဒါကတော့ မင်းခွန်အားပေါ်မှာမူတည်တာပေါ့။ လူနည်းစုကပဲရှောက်ရွှမ်လောက်သန်မာကြတာ ၊ ဘာပဲဖြစ်ဖြစ် မင်းပထမဆုံးစွမ်းအင် နိုးထလာဖို့လိုတယ် “

“ ဟုတ်ကဲ့ပါ “

သူတို့ကသူတို့အစွမ်းများနိုးထလာပြီး မျိုးနွယ်စုစစ်သည်တော်အစစ်များဖြစ်လာကြတော့မည်။ဒီနှစ်မှာတော့ သူတို့ကို အခြားသူများပြင်ဆင်ပေးတဲ့ သူများနဲ့ယှဉ်လျှင်အနည်းငယ်နိမ့်ကျသည့်

အဝတ်အစားများဝတ်ခဲ့ရသည်။ သို့ပေမဲ့ နောက်နှစ်ကျရင်၊ လာမယ့်နှစ်တွေကျရင် မျိုးနွယ်စုရိုးရာအခမ်းအနားမှာပါဝင်ဖို့ အကောင်းဆုံးသားရဲများနဲ့ပြုလုပ်ထားသောဝတ်စုံများကိုဝတ်ဆင်နိုင်တော့မည်။

ရှောက်ရွှမ်ကပထမက နတ်ဆေးဆရာကိုရှာဖို့ လာခဲ့ခြင်းဖြစ်သည် ။ အတူတကွကနေတဲ့အခြားသူများကဲ့သို့ပင် သူ့မျက်နှာမှာလည်းအမှတ်အသားတချို့ရေးဆွဲခဲ့သည် ။ ထို့နောက်မှာတော့ သူကမီးတွင်းဆီသို့ သွားလိုက်သည် ။

“ ဒီနှစ်တော့ လူတွေအများကြီး စွမ်းအင်နိုးထလာကြလိမ့်မယ် “

ရှောက်ရွှမ်ကပြောသည် ။

“ ဟုတ်တယ် ၊ မနှစ်ကဆိုရင် စွမ်းအင်နိုးထဖို့ ၇ယောက်တောင်မအောင်မြင်ခဲ့ဘူး။ ဒီနှစ်တော့ ယန်ကျစ်နဲ့အခြားသူတွေအပါအဝင် တစ်ရာကျော်လောက် စွမ်းအင်တွေရကြလိမ့်မယ် “

သားရဲအရိုးမျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ ထွော်ကပြောသည် ။

သူက သူ့မျက်နှာပေါ်မှာအမှတ်အသားတွေရေးဆွဲဖို့ ထိုမျက်နှာဖုံးကိုချွတ်လိုက်သည်။ နောက်မှ တစ်ခေါက်ပြန်ဝတ်လိုက်သည် ။

သူ့အရိုးမျက်နှာဖုံးမှာ သားရဲဦးခေါင်းခွံနှင့်ပြုလုပ်ထားခြင်းဖြစ်သည် ။ ခေါင်းကိုဖြတ်ကာ ပြုတ်ထားခြင်းဖြစ်သည် ။

အသားများကိုလှီးထုတ်ကာ သွားနဲ့အရိုးများကိုချန်ခဲ့ပြီး အထူးပြုလုပ်၍ထားခြင်းဖြစ်သည် ။ ထိုသွားအချွန်များဟာအလွန်အရေးပါသည်။ ကျိုးနေတဲ့သွားမရှိတဲ့ မျက်နှာဖုံးဟာ မျိုးနွယ်စုထဲကအကောင်းဆုံးမျက်နှာဖုံးမှာ တစ်ခုဖြစ်သည်။

ထို့ပြင်အကသမားများကလည်း သင့်တင့်သော အဝတ်အစားများဝတ်ဆင်ထားကြသည် ။

ရှောက်ရွှမ်ကသူ့ရဲ့မျက်နှာကို ပါးစပ်ပေါက်က ချွန်နေတဲ့သွားများကြားကသာ မြင်ရခြင်းဖြစ်သည် ။

ညရောက်လာပြီး အားလုံးကတောင်ထိပ်မှာစုဝေးလာကြသည် ။

နတ်ဆေးဆရာကြီး မိန့်ခွန်းပြီးတဲ့နောက် သူကမီးတွင်းဘေးသို့ထွက်သွားသည် ။

နတ်ဆေးဆရာက ဂါထာရွတ်လိုက်သည်။

မီးတွင်းထဲမှာသေးသေးလေးကနေစပြီးတော့ အားပြင်းလာသည် ။ထိုနောက် မီးတွင်းတခုလုံးအပြည့်ဖြစ်အောင်ပြန့်ကားသွားသည် ။

အရင်က ကြုံသမျှထက် အများကြီးအားပြင်းနေသည် ။

အခြားသူများမဆိုထားနှင့် ၊ နတ်ဆေးဆရာ

ကိုယ်တိုင်ပင် မှင်သက်သွားပြီး ခဏမျှတွေဝေသွားသည် ။ ဂီတသံမှာ မြူးကြွစွာထွက်ပေါ်လာပြီး ရိုးရာအကသမားများကလည်း စတင်ကခုန်ကြသည် ။

လေးလံသော ဝက်ဝံသားရေ ဝတ်ဆင် ထားပြီး ရှောက်ရွှမ်ကအခြားသူများနဲ့အတူ သူ၏လက်နဲ့ခြေကိုရမ်းကားကခုန်၍နေသည် ။ ကနေစဉ်မှာ သူက ထူးဆန်းတဲ့မိန်းမောခြင်းဖြစ်သွားလေသည် ။

မီးတွင်းထဲမှာ သူကအခြေခံကျတဲ့ ထူးဆန်းတဲ့ဝတ်စုံများဝတ်ဆင်ထားတဲ့ လူများ ၊သူ့လိုပင်သူတို့လက်နဲ့ခြေကိုလွှဲကာ မီးပုံကိုပတ်ကနေသည်ကို တွေ့လိုက်ရသည် ။ အဲဒီအပြင် ကျောက်အိမ် မြင့် မြင့်များလည်း တွေ့လိုက်ရသည်။

မီးတွင်းထဲမှာ မီးတောက်ကပိုပိုပြီးတော့ အရှိန်ပြင်းလာသည် ။

မီးတောက်ဦးချိုများနတ်ရုပ်ကိုပင် မီးတောက်များနဲ့

ဖုံးလွှမ်း၍သွားလုနီးနီး ဖြစ်လာသည် ။ တောင်ထိပ်တခုလုံးမှာ မီးကဲ့သို့အလင်းရောင်တွေဖုံးထားသည် ။

မီးတွင်းထဲကထွက်လာတဲ့မီးများဟာ အရင်ကထက်ပိုပြီးအရှိန်ပြင်းလေသည်။

တစ်ချိန်တည်းမှာပဲ မီးတောက်ဦးချိုများမျိုးနွယ်စုနဲ့အဝေးကဘိုးဘွားပိုင်မြေတွင်...

ဘိုးဘွားပိုင် မြေမှ အရင်ကမီးတွင်းဖြစ်ခဲ့တဲ့နေရာမှာ မီးတောက်လေးတစ်ဖန်ပြန်ပေါ်လာသည် ။

ပထမက အလယ်မှာလင်းနေတဲ့အစက်ကလေးရှိပြီး ထိုအစက်ကလေးကနေ မီးတောက် အကိုင်းခြောက်ခုအဖြစ်ခွဲထွက်သွားပြီး မတူညီတဲ့ဦးတည်ရာခြောက်ခုသို့ ခွဲထွက်၍သွားသည် ။

အနားကအပင်ပေါ်မှာ အိပ်မောကျနေတဲ့ငှက်များက လန့်နိုးသွားသည် ။ သူတို့က အသိုက်မှ ပျံထွက်ကာ တကျီကျီအော်ရင်း မီးတွင်းနဲ့အဝေးကို ပျံထွက်သွားကြသည် ။

ထိုနယ်ပယ်ထဲကိုဝင်လာတဲ့ ညမှာကျက်စားတဲ့သားရဲဟာ ဟိန်းဟောက်လိုက်ပြီး တစ်ဖက်ကိုလှည့်ကာ မြန်မြန်ပြန်ပြေးသွားသည်။

မြေပေါ်မှာ မီးဟာပျံ့နှံ့နေပြီး သွေးဆာနေတဲ့ နွယ်ပင်များက မရေမတွက်နိုင်တဲ့ သတ္တဝါများကို အကူအညီမဲ့အောင် ဖမ်းလိုက်ပြီး မြန်မြန်ဆန်ဆန်ဖျက်ဆီးပစ်လိုက်သည် ။

ဒီနေရာမှာကျန်ရှိခဲ့တဲ့ ငှက်များ၊အင်းဆက်များကလည်း တိတ်ဆိတ်သွားကြသည် ။ တီးလုံးသံလည်းမရှိသလို အကသမားများလည်းမရှိပေ။ ထိုနေရာမှာ ဘာမှမရှိတော့ဘဲ ညအမှောင်ကောင်းကင်အောက်မှာ မြေပေါ်ကမီးလျှံများက အပျက်အစီးများ

ကြားမှာ ထွန်းလင်းနေသည် ။

All Chapters