← Chapters

ငှက်မွေးမြူရေး

Vol. 13 Ch. 188

ငှက်မွေးမြူရေး

Vol. 13 Ch. 188

ခရီးသွားအဖွဲ့သည် နဂိုစီစဉ်ထားသော အစီအစဉ်အတိုင်း ဆက်သွားခဲ့ကြသည်။

မုန့်မျိုးနွယ်စုနှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုနယ်မြေမှ ထွက်ခွာခဲ့ပြီးသည့်နောက် သူတို့သည် နောက်ထပ် ၆ရက်ကြာ ခြေလျင်ခရီးဆက်ခဲ့ကြပြီး လမ်းတွင်တွေ့သော ဈေးအသေးလေးများနှင့် အလယ်အလတ်ဈေးများတွင် ကုန်စည်လဲလှယ်ခဲ့ကြသည်။

ရှောက်ရွှမ်သည်လည်း လမ်းတွင်တွေ့သော နေရာမှန်သမျှကို သူဆွဲထားသော မြေပုံထဲတွင် ထည့်မှတ်နေပြီး မျိုးနွယ်စုတိုင်း၏ အသွင်အပြင်ကိုပင် မြေပုံ၌ ထည့်ဆွဲခဲ့၏။

ခရီးလမ်းတစ်လျှောက်လုံးတွင် သူဘာပစ္စည်းကိုမှ မ

လဲလှယ်ခဲ့ဘဲ မျိုးနွယ်စုသုံး ပစ္စည်းအသေးလေးများနှင့် အမှတ်တရလက်ဆောင်များလောက်ကိုသာ လဲလှယ်ခဲ့သည်။

ခရီးသွားအဖွဲ့သည် လမ်းခရီးတွင် တောတောင်အထပ်ထပ်ကို ဖြတ်သန်းခဲ့ရပြီး တောရိုင်းကောင်းများနှင့် သားရဲကြီးများရန်မှ ထွက်ပြေးခဲ့ရခြင်းမျိုးပင် ရှိခဲ့ကြ၏။ တွေ့ခဲ့ရသော သားရဲကြီးများပမာဏမှာတော့ တောရိုင်းကောင်များလောက် များပြားခြင်း မရှိခဲ့ပေ။ ခရီးသွားအဖွဲ့ထဲမှတစ်ယောက်သည် ရှောက်ရွှမ်သွားလိုသော မီးတောက်ဦးချိုဘိုးဘွားပိုင်နယ်မြေ သို့သွားရာလမ်းတွင် တွေ့ရမည်ဖြစ်သော သားရဲကြီးများကျက်စားရာနေရာများကို မြေပုံပေါ်တွင် ထောက်၍ ပြသခဲ့သည်။

သူပြောသည်မှာ ထိုနေရာတွင် မျိုးနွယ်စုလေးများလည်း ရှ်ိသည်ဟု ဆို၏။ ထိုနေရာသည် တောတောင်ထူထပ်ပြီး သားရဲကြီးများလှည့်လည်သွားလာနေကြကာ အခြားမမြင်ရသော အန္တရာယ်များလည် ရှိသောနေရာဟု ဆိုလေသည်။ ထိုအရပ်သည် ခရီးသွားများ

နောက်ဆုံးမှသွားမည့်နေရာလည်း ဖြစ်၏။

ရှောက်ရွှမ်မှာတော့ ထိုဒေသသို့ အရင်သွားကြည့်ဖို့ အစီအစဉ်ရှိခဲ့သည်။ ဤခရီးတွင် သူထိုဒေသသို့သွားကာ မျိုးနွယ်စုဘိုးဘေးများ၏အရင်နယ်မြေမှ လျှို့ဝှက်ချက်များနှင့် လောင်ဟယ်ပြောခဲ့သော သူတို့၏ ဇစ်မြစ်ဟူသော အရာကိုသူရှာဖွေချင်မိ၏။

သူနှင့်ခရီးသွားအဖွဲ့၏ လမ်းကြောင်းမှာ မတူညီတော့လေရာ ရှောက်ရွှမ်သူတို့နှင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်သည်။

“ခင်ဗျားတကယ်ကြီး အဖွဲ့ကနေထွက်သွားတော့မလို့လား ခင်ဗျားတစ်ယောက်ထဲသာဆို အတော်လေးအန္တရာယ်များမှာနော်” ရှောက်ရွှမ်ထွက်သွားမည်ဟု သိလိုက်ရပြီးသည့်နောက် ယွီ ရှောက်ရွှမ်ကို ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။

“ငါ့အနေနဲ့ မျိုးနွယ်စုကနေထွက်လာတယ်ဆိုတာ ရှားရှားပါးပါးဖြစ်ရပ်မျိုးလေ အဲ့တာကြောင့် ဟိုဟိုဒီဒီသွားကြည့်ချင်သေးတယ် ကြည့်ပြီးရင်တော့ မင်းတို့ခရီးစဉ်မှာ ပြန်လာပေါင်းမှာပါ” ရှောက်ရွှမ်ပြောလိုက်သည်။

လမ်းခရီးတစ်လျှောက်လုံးတွင် ရှောက်ရွှမ် ဗဟိုဒေသအကြောင်းသူသိရသလောက် မြေပုံပေါ်တွင် ဆွဲခဲ့ပြီးဖြစ်၏။ ခရီးသွားအဖွဲ့မရောက်သေးသော ဒေသများစွာကျန်သေး‌ေသာ‌ေကြာင့် ထိုဒေသများကိုတော့ သူ့သားရေပြားမြေပုံပေါ်တွင် အလွတ်သာချန်ထားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ရှောက်ရွှမ်အလျင်မလိုပေ။ ထိုမြေပုံတစ်ခုလုံး ပြည့်စုံသွားစေရန် သူ့တွင်အချိန်များစွာ ရှိနေသေး၏။

အဖွဲ့အားနှုတ်ဆက်ပြီးသည့်နောက် ရှောက်ရွှမ် လောင်ဟယ် သူ့အားပြောခဲ့သော မီးတောက်ဦးချိုမျိုးနွယ် ဘိုးဘွားပိုင်နယ်မြေ ရှိသောအရပ်သို့ ထွက်ခွာခဲ့လေသည်။ ဤအကြိမ်တွင် သူတစ်ယောက်တည်းသာ ထွက်ခွာလာခြင်းဖြစ်၏။

လမ်းခရီးတွင် ကျန့်ကြာမှုမရှိစေရန်အတွက်လည်း သွားရခက်သော တောတောင်များသို့ရောက်သောအခါ သူချာချာကျောပေါ်မှသာ ခရီးဆက်ခဲ့သည်။

ဤသို့ဖြင့် နေ့တစ်ရက်ကုန်သွား၏။

ရှောက်ရွှမ်သူ့လက်ထဲမှ မြေပုံကို ကြည့်လိုက်သည်။ မြေပုံအရ ဤနေရာအနီးတစ်ဝိုက်တွင် ရှိသည့်နယ်မြေမှာ လု မျိုးနွယ်စု၏ နယ်မြေ၊ဖြစ်၏။ သာမန်အားဖြင့် ဤကဲ့သို့ မျိုးနွယ်စုတစ်ခုခု၏နယ်မြေအနီးသို့ ရောက်သောအခါ ရှောက်ရွှမ်ချာချာကို သတိထားခိုင်းလေ့ရှိပြီး မျိုးနွယ်စုများသည် သူတို့ လုံခြုံရေးနှင့်ပတ်သက်လာပါက အတော်လေးတင်းတင်းကြပ်ကြပ်ကိုင်တွယ်တတ်ကြသောကြောင့် ဖြစ်သည်။

သူတို့ ဘိုးဘွားပိုင်မြေသို့ ရောက်ရန်မှာ ဤလူမျိုးနွယ်စု နယ်မြေတစ်ဝိုက်မှ ဖြတ်သွားရန် လိုအပ်၏။ ထိုစဉ်ကောင်းကင်ပေါ်မှ ချာချာသည် အနီးတစ်ဝိုက်

တွင် လူရှိသည်ဟု အော်ဟစ်ပြီး အချက်ပြလိုက်လေသည်။ ရှောက်ရွှမ်လည်း လှုပ်ရှားသံအချို့အား ကြားလိုက်ရ၏။ ထိုလူများသည် သူတို့တည်ရှိမှုအား လူမသိစေချင်ပုံပေါ်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပင် လှုပ်ရှားနေကြသည်။

ထိုလူများသည် လူမျိုးနွယ်စုမှ လူများသာ ဖြစ်ရပေလိမ့်မည်။ ထိုလူများ ဘာကြောင့်ထိုမျှ သတိထားနေရသလဲ ဆိုသည်ကိုတော့ ရှောက်ရွှမ် မသိသေးပေ။ ဘာပဲဖြစ်နေနေ ရှောက်ရွှမ်လည်း ထိုလူများကို ပြန်သတိထားရမည်သာ ဖြစ်၏။

ရှဲ ရှဲ ~~

ထိုစဉ် သစ်ရွက်များနှင့် သစ်ကိုင်းများကိုတိုးဝှေ့ဖြတ်သန်းသွားသော အသံတစ်သံထွက်ပေါ်လာပြီး လူ့ခြေသံနှင့်မတူသော ခြေသံကြီးတစ်ခုမှာ ရှောက်ရွှမ်နှင့် နီးကပ်လာလေသည်။

ရှောက်ရွှမ်လည်း သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး အပေါ်စီးမှ ထိုအသံလာရာဘက်ကို ကြည့်လိုက်၏။ ခရီးသွားအဖွဲ့မှလူများပြောသည်မှာ လုမျိုးနွယ်စုသည် ခြိမ်းခြောက်နိုင်စွမ်းရှိသော မျိုးနွယ်စုတစ်ခုမဟုတ်ဟု ပြောခဲ့ပါသော်လည်း သူသတိထားနေဆဲသာ ဖြစ်သည်။ အကယ်၍ ထိုလူများကသာ သူ့အားရန်သူလိုဆက်ဆံပါက ချာချာကို ခေါ်လိုက်ဖို့လည်း အသင့်ပြင်ထားလိုက်၏။

ဒက်~ ဒက်~ ဒက်~ ဒက်~

ခြေသံများမှာ တဖြည်းဖြည်းပို၍ နီးကပ်လာပါသော်လည်း ရှောက်ရွှမ်ထိုခြေသံပိုင်ရှင်ကို သေချာမမြင်ရသေးချေ။ သို့သော် သစ်ကိုင်းခြောက်များ ကျိုးကြေနေသံကို နားထောင်၍ ထိုကောင်သည် ခပ်သေးသေးအကောင်မျိုး မဟုတ်သည်ကိုတော့ ရှောက်ရွှမ်ပြောနိုင်သည်။

ခြေသံမှာပို၍ နီးကပ်လာသောအခါ ရှောက်ရွှမ်သူ့

ကိုယ်ကို သစ်ပင်ကြီးနောက်တွင် ကွယ်ထားလိုက်ပြီး သစ်ကိုင်းများကြားမှတစ်ဆင့် အောက်ဘက်ကို ငုံ့ကြည့်လိုက်၏။

ဒက်ဒက်ဒက်ဒက် ~~

ထိုကောင်သည် ရှောက်ရွှမ်ပုန်းနေသော သစ်ပင်အောက်သို့ ရောက်သောအခါ တခဏရပ်သွားပြီး နောက်ပြန်လှည့်ကြည့်လိုက်လေသည်။

လက်ထဲတွင် ဓားကိုဆုပ်ကိုင်ထားရင်း ထိုကောင်သူ့အား ရှာတွေ့သွားသည်ကို ရှောက်ရွှမ် အံ့ဩနေမိသည်။ သူ့ဘေးပတ်၀န်းကျင်ရှိ သစ်ပင်များမှာ ခပ်ပုပုအပင်များသာဖြစ်ပြီး ဤအပင်သည်မှာ အတော်လေးမြင့်မားသော အပင်မျိုးဖြစ်သောကြောင့် ရှောက်ရွှမ် ဤအပင်ပေါ်တွင် ပုန်းအောင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သို့သော် သူမည်သို့ ရှာတွေ့ခံလိုက်ရပါသနည်း။

ထိုသို့တွေးနေရင်း ရှောက်ရွှမ်‌သူ့အောက်မှ သစ်ကိုင်းများ ဟသွားသည်ကို မြင်လိုက်ရသည်။ သူငုံ့ကြည့်လိုက်သောအခါ ပါးစပ်ထဲတွင် သစ်သီးတစ်လုံးကိုက်ထားသော ခေါင်းအကြီးအကြီးတစ်လုံး သူ့မျက်စိရှေ့တွင် ပေါ်လာလေသည်။ ထိုသစ်သီးမှာ ဤအပင်မှ အသီးဖြစ်၏။

သိသာစွာပင် ထိုငှက်ကြီးသည် သူ့ဟာသူအပင်မှအသီးကို လာစားခြင်းဖြစ်ပြီး ရှောက်ရွှမ်အားရှာတွေ့သွား၍ လာခဲ့ခြင်းမဟုတ်ပေ။ သူအသီးအား စားရန် သစ်ကိုင်းများကို ဖယ်နေရင်း ရှောက်ရွှမ်ကို တွေ့သွားရခြင်းဖြစ်၏။

လူတစ်ယောက်နှင့် ငှက်တစ်ကောင်မှာ တစ်ယောက်နှင့်တစ်ယောက် ကြောင်ကြည့်နေကြလေသည်။

ရှောက်ရွှမ်ပုန်းနေသော အပင်မှာ အနည်းဆုံး မြေပြင်မှ ၅မီတာလောက်မြင့်သော အပင်ကြီးဖြစ်ပြီး ယခု

အခါ ထိုငှက်‌ခေါင်းသည် သူ့အောက် ၁မီတာလောက် အကွာတွင်သာ ရှ်ိနေလေရာ ထိုငှက်ကြီး၏ အရပ်အမြင့်ကို မှန်းဆကြည့်နိုင်သည်။

အားကွမ်း၏ ငှက်ကုလားအုပ်ကြီးကို သတိရမိပြီး ရှောက်ရွှမ်ထိုသို့ငှက်ကြီးများနှင့် ပတ်သက်ပြီး အတော်လေး သတိထားကာကွယ်တတ်၏။ ထို့ကြောင့်ပင် သစ်ကိုင်းများ ဟလာသောအခါ သူ့လက်ထဲမှ ကျောက်ဓားနှင့် ငှက်ခေါင်းကို ခုတ်ချရန် ပြင်လိုက်လေသည်။

သို့သော်လည်း ရှောက်ရွမ်မခုတ်ရသေးခင် မှာပင် ငှက်ကြီးသည် ကြောက်လန့်တကြားအော်ဟစ်ပြီး သူ့ပါးစပ်ထဲမှ သစ်သီးပြုတ်ကျသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နောက်ပြန်လှည့်၍ ထွက်ပြေးသွားတော့၏။

ရှောက်ရွှမ် ဆွံ့အသွားမိသည်။

ထိုမျှလောက် ခန္ဓာကိုယ်ကြီးနှင့်ငှက်သည် ဒီလောက်ကြောက်တတ်နေလျှင် ထိုခန္ဓာကိုယ်ကြီးကို ဘယ်နေရာတွင် သွားသုံးရတော့မည်နည်း။

အကယ်၍ ထိုငှက်သည်သာ အားကွမ်း၏ ငှက်ကုလားအုပ်ကြီးဆိုပါက သူ့အားမြင်သည်နှင့် ပါးစပ်ဟကာ သူ့နှုတ်သီးကြီးနှင့် ချက်ချင်း ထိုးဆိတ်ပစ်ပေလိမ့်မည်။ သို့သော် ထိုငှက်မှာတော့ သူ့အားမြင်သည်နှင့် ယုန်ဖြူလေးက ဝံပုလွေဆိုးကြီးအား မြင်လိုက်သလိုပင် ကြောက်လန့်တကြားအော်ဟစ်ပြီး ထွက်ပြေးသွားခဲ့၏။

ရှောက်ရွှမ် သူ့ရှေ့မှ သစ်ကိုင်းများကိုဖယ်လိုက်ပြီး ငှက်ကြီးထွက်ပြေးသွားသောဘက်သို့ လိုက်ကြည့်လိုက်သည်။

အားကွမ်း၏ ငှက်ကုလားအုပ်ကြီးလိုပင် ထိုငှက်ကြီးမှာလည်း မပျံသန်းနိုင်ဘဲ သူ့အတောင်များမှာ အပိုပါသော အရာလောက်သာ ဖြစ်၏။ သူ့ခန္ဓာကိုယ်မှာမူ

အားကွမ်း၏ငှက်ကြီးထက်ပင် ပို၀ပုံ ပေါ်ပေသည်။

ဝှစ်ရှ်~~~~

ထိုအခိုက်တွင် ကောင်းကင်ပေါ်မှ ငှက်ကြီးတစ်ကောင်ထိုးဆင်းလာပြီး ပြေးနေသော

ငှက်ကုလားအုပ်ကြီးအား သုတ်ချီသွားလေသည်။

ချာချာ ငှက်ကြီးအား သုတ်ချီသွားသောအခါ တောထဲမှ လူခုနှစ်ယောက် အပြေးအလွှားပင် ထွက်ပေါ်လာကြ၏။ ထိုနေရာသို့ ရောက်ရောက်ချင်းတွင် သူတို့ရှောက်ရွှမ်ကို မမြင်ကြသောကြောင့် ကောင်းကင်ပေါ်မှ ငှက်ကြီးကိုပင် အော်ဟစ်ခြောက်လန့်နေကြလေသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် လက်ထဲမှ လှံဖြင့်ပင် ကောင်းကင်ပေါ်မှငှက်ကြီးကို ပစ်လိုက်သေးသော်လည်း ငှက်ကြီးမှာအလွန်လျင်မြန်လှသောကြောင့် သူ့လှံသည် ပစ်မှတ်

နှင့် နီးပင်မနီးစပ်လိုက်ချေ။

“အဲ့တာကြီးက ချီသွားပြီ”

“ဒီလင်းယုန်ကြီးက ဘယ်ကရောက်လာတာလဲ ငါတော့တစ်ခါမှ မတွေ့ဖူးဘူးနော်”

အော်ဟစ်နေကြသည့် လူများသည် သူတို့ဘေးသို့ ရှောက်ရွှမ်ရောက်လာသောအခါမှသာ ရှောက်ရွှမ်ကို သတိပြုမိသွားကြသည်။

“မင်းကဘယ်သူလဲ” သူတို့ထဲမှတစ်ယောက် သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။

“ကျွန်တော်က ဖြတ်သွားဖြတ်လာတစ်ယောက်ပါပဲ ကောင်းကင်ပေါ်ကလင်းယုန်ကလည်း ကျွန်တော့်ဟာပါ” ထိုလူများသည်သူ့အား အမြင်ကြည်နေပုံမပေါ်ပါ

သော်လည်း လှံများဖြင့် ဆက်မပစ်ကြတော့သောကြောင့် ရှောက်ရွှမ်ချာချာကို လက်ခေါက်မှုတ်၍ ပြန်ခေါ်လုိက်၏။

ငှက်ကုလားအုပ်ကြီးအား ချီထားရင်းပင် ချာချာမြေပြင်ပေါ်သို့ ဆင်းသက်ရန် ပြင်လိုက်သည်။

ထိုလူများသည် ချာချာသူတို့ငှက်အား အမြင့်ကြီးမှ ပစ်ချပလိုက်မည်ကို စိုးရိမ်နေပါသော်လည်း ချာချာမှာ မြေပြင်ပေါ်သို့ရောက်မှပင် ငှက်ကြီးကို ရှောက်ရွှမ်ရှေ့သို့ ချပေးလိုက်ပြီး အလျင်အမြန်ပင် ကောင်းကင်ပေါ် ပြန်တက်သွားခဲ့၏။ သူသည် သူ့အားလှံဖြင့်ပစ်ခဲ့သော သူများအပေါ် အမြင်ကြည်မနေခဲ့ချေ။

မြေပြင်ပေါ်ရှိငှက်ကြီးမှာမူ ကိုယ်ပေါ်တွင် လက်သည်းရာအနည်းငယ်ရှိနေပြီး အနည်းငယ်ကြောက်လန့်နေကာ တုန်ရီနေလေသည်။ တခဏကြာမှပင် သူအကြောက်ပြေသွားပုံပေါ်ပြီး ထွက်

သွားမည့်ဟန်ပြင်လိုက်ပါသော်လည်း သူ့အနားရှိလူများက မသွားနိုင်ရန် ကြိုးဖြင့် ချည်ထားလိုက်‌၏။

“မင်းကတကယ်ပဲ ဖြတ်သွားဖြတ်လာတစ်ယောက်လား” ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပုံပေါ်သောသူသည် မျက်နှာထားချိုချိုနှင့်ပင် ရှောက်ရွှမ်ကို မေးလိုက်သည်။

“ဟုတ်ပါတယ် ကျွန်တော်သစ်ပင်ပေါ်မှာ အနားယူနေတုန်း ဒီငှက်ကြီးကကျွန်တော့်ကိုတွေ့သွားတာပါ” ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

“ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် ငါတို့က ဒီလင်းယုန်ကြီးက ငါတို့မွေးထားတဲ့ငှက်ကို ချီသွားပြီပဲ ထင်နေခဲ့ကြတာ” ထိုလူမှာ ပြုံးရင်းပြောလိုက်၏။ ထိုဒေသတစ်ဝိုက်ရှ်ိ သူတို့အစာများအား သုတ်ချီသွားတတ်သော လင်းယုန်များကို သူမှတ်မိပါသော်လည်း ယခုတစ်ကောင်ကိုတော့ သူတစ်ခါမှ မမြင်ဖူးချေ။ ထို့အပြင် ထိုလင်းယုန်၏ လက်သည်း

တွင် ရေးဆွဲထားသည့်ပုံများရှိနေသည်ကို သူတွေ့လိုက်ပြီး သေချာမမြင်ရပါသော်လည်း ထိုပုံများသည် နတ်အမှတ်အသားများ ဖြစ်လောက်၏။

ပုံမှန်အားဖြင့် လုမျိုးနွယ်စုသည် အခြားမျိုးနွယ်စုကြီးများနှင့် အရမ်းမရင်းနှီးဘူးဆိုလျှင်တောင် သူတို့နှင့် ရန်သူအဖြစ်ခံခြင်းမျိုးတော့ လုပ်လေ့မရှိပေ။ ယခုအခါ သူတို့ရှေ့ရှိ လူငယ်မှာထိုမျှကြီးသော လင်းယုန်ကြီးကို မွေးမြူထားပေရာ မျိုးနွယ်စုကြီးတစ်ခုမှ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူကောင်းကောင်းဆက်ဆံနေခြင်း ဖြစ်၏။

“လုမျိုးနွယ်စုက ယန်ကျိုပါ” ထိုလူသူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်ပါ”

မီးတောက်ဦးချိုမျိုးနွယ်စုလား။ ထိုလူများ တစ်

ယောက်ကိုတစ်ယောက်ပြန်ကြည့်လိုက်ကြပြီး ကြည့်ရသည်မှာ ထိုမျိုးနွယ်စုနာမည်ကို သူတို့ယခုမှ ကြားဖူးခြင်း ဖြစ်ပုံပေါ်သည်။ ထိုမျိုးနွယ်စုသည် ဤဒေသနှင့် အလွန်ဝေးသော အရပ်ဒေသတစ်ခုမှ ဖြစ်နိုင်ပါသလော။

“မင်းကဒီကို ခရီးသွားအဖွဲ့နဲ့ ပါလာခဲ့တာလား” အဖွဲ့ထဲမှတစ်ယောက် မေးလိုက်သည်။

“ဟုတ်ပါတယ် ကျွန်တော်သူတို့အဖွဲ့နဲ့ လမ်းခွဲခဲ့တာ မကြာသေးပါဘူး”

ထိုကောင်လေးသည် အမှန်တကယ်ပင် ဤဒေသနှင့် အတော်လေးဝေးသော အရပ်မှဖြစ်ရမည်ဟု ထိုလူများ တွေးလိုက်ကြလေသည်။

ကောင်းကင်ပေါ်တွင်ပျံဝဲနေသော လင်းယုန်ကြီးကို ကြည့်လိုက်ပြီး ယန်ကျို ရှောက်ရွှမ်ကို ပြောလိုက်၏။

“ရှောက်ရွှမ် ငါတို့ကိုတစ်ခုလောက် ကူညီပေးလို့ရမလား”

“ဘာကူညီပေးရမလဲ”

ယန်ကျိုရှောက်ရွှမ်အား ရှက်ရွံ့နေသည့်ပုံဖြင့် ပြောပြလိုက်သည်။ ဇာတ်လမ်းမှာ လုမျိုးနွယ်စုသည် တိရစ္ဆာန်များအား မွေးမြူကာ အခြားမျိုးနွယ်စုများနှင့် လဲလှယ်သော မျိုးနွယ်စုတစ်ခုဖြစ်ပေသည်။ သို့သော်လည်း ဤမနက်က မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး သူတို့မွေးမြူရေးခြံစည်းရိုး ပေါက်သွားခဲ့ကာ ငှက်အကြီးကြီးတစ်ကောင်သည် စတင်ထွက်ပြေးသွားခဲ့ပြီး ထို့နောက်အခြားကောင်များမှာလည်း နောက်မှလိုက်၍ ထွက်ပြေးသွားခဲ့ကြ၏။

မျိုးနွယ်စုသည် ထိုငှက်များအားလိုက်ရှာရန် အရပ်ငါးမျက်နှာသို့ ငါးဖွဲ့ခွဲ၍ စေလွှတ်ခဲ့ပါသော်လည်း ယခုအချိန်ထိ ငှက်အားလုံးကို ရှာမတွေ့သေးပေ။

“ဆိုတော့လေ မင်းရဲ့လင်းယုန်ကြီးကိုသုံးပြီး ငါတို့ငှက်တွေကို ပြန်ရှာပေးနိုင်မလားလို့ပါ” ယန်ကျို ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး” ထိုအရာသည် ခက်ခဲသောအရာမဟုတ်ပေ။ ရှောက်ရွှမ် ချာချာအား ခေါ်လိုက်ကာ စကားအနည်းငယ်ပြောလိုက်လေရာ ချာချာကောင်းကင်ပေါ် ပြန်တက်သွားခဲ့၏။

ထိုလူများသည် မနက်ကတည်းက ငှက်ရှာထွက်ခဲ့ရခြင်းဖြစ်ပြီး ယခုအချိန်ထိပင် ကောင်းကောင်းမနားခဲ့ရသေးချေ။ ထို့ကြောင့် ယခုအခါ မြေပြင်ပေါ်ထိုင်၍ နားလိုက်ကြပြီး အကယ်၍ လင်းယုန်ကြီးသာ သူတို့ငှက်များကို ရှာမတွေ့ခဲ့ပါက မည်သို့ ငှက်ရှာဆက်ထွက်ကြရမည်ကို တွေးနေလိုက်ကြသည်။

“ဟေး သူပြန်လာနေပြီ” လူတစ်ယောက်သည်

ကောင်းကင်ပေါ်မှ ငှက်ကြီးကိုကြည့်လိုက်ပြီး စိတ်လှုပ်တရှားပြောလိုက်၏။

အတိတ်တုန်းက လင်းယုန်ကြီးများ သူတို့မွေးမြူရေးတိရစ္ဆာန်များကို သုတ်ချီသွားသည်ကိုသာ သူတို့မြင်ဖူးခဲ့ခြင်းဖြစ်ပြီး ယခုတွင်တော့ ထိုလင်းယုန်ကြီးသည် သူတို့ကိုကူညီ၍ သူတို့မွေးမြူရေးတိရစ္ဆာန်များအား ပြန်ရှာပေးနေလေ၏။

ပထမဆုံးအခေါက်တွင်ပင် ငှက်တစ်ကောင်အား ချာချာပြန်ချီလာခဲ့သည်။ ဆယ်မိနစ်ခန့်ကြာသောအခါတွင်မူ နောက်တစ်ကောင်အား ထပ်ချီလာခဲ့၏။ ထိုငှက်ပြီးသောအခါတွင်မူ ချာချာဘယ်ငှက်ကိုမှ ထပ်ချီမလာတော့ပေ။

“ဒီတစ်ဝိုက်မှာတော့ ဘာငှက်မှမရှိလောက်တော့ဘူး မျိုးနွယ်စုကိုပဲပြန်သွားပြီး အခြားသူတွေရှာတွေ့ခဲ့လား ပြန်ကြည့်ကြတာပေါ့” ယန်ကျို သူ့လူများကို ပြောလိုက်သည်။

ရှောက်ရွှမ်အား ကျေးဇူးတင်သည့်အနေဖြင့် ယန်ကျိုသူ့ကို သူတို့မျိုးနွယ်စုဆီသို့ ဖိတ်ခေါ်ခဲ့၏။ သူတို့နှင့် စကားပြောနေစဉ်အတွင်း ရှောက်ရွှမ်လည်း ငှက်မွေးမြူရေးအကြောင်းကို အတော်လေးစိတ်၀င်စားသွားခဲ့လေသည်။ ထိုအရာသည် လုမျိုးနွယ်စုအား ဂုဏ်ယူစေသာအရာလည်းဖြစ်ပေသည်။ သူတို့သည် ငှက်များအား မွေးမြူကာ ပြုစုပျိုးထောင်ကြပြီး ထိုငှက်များကြီးလာသောအခါ ထွက်ပေါ်လာသောရလဒ်ကို အခြားမျိုးနွယ်စုများအား ကြွားရခြင်းကို နှစ်သက်ကြ၏။

“ငါတို့နဲ့လိုက်ခဲ့စမ်းပါ ငါတို့မှာ ဗဟို‌ဒေသရဲ့ အကြီးဆုံးဆိုတဲ့ လယ်ကွင်းကြီးရှ်ိတယ် လူအတော်များများကလည်း ငါတို့နဲ့ ကုန်စည်လဲလှယ်ကြတယ်”

ယန်ကျို ရှောက်ရွှမ်အား သူတို့မျိုးနွယ်စုဆီသို့ခေါ်သွားသည့်လမ်းတွင် သူတို့မျိုးနွယ်စု၏ ငှက်မွေးမြူရေးပြောပြနေရင်း သူ့လေသံတွင်လည်း ဂုဏ်ယူနေ

သည့်အသံများ ပါ၀င်နေလေသည်။

သူတို့ရောက်ရှိသွားသောအခါတွင်မူ ရှောက်ရွှမ်သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်သွားမိ၏။

သူတို့သည် တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေကြခြင်းဖြစ်ပြီး အောက်သို့ငုံ့ကြည့်လိုက်သောအခါတွင်မူ ရာထောင်ချီသော ငှက်များကို တွေ့လိုက်ရလေသည်။ ထိုငှက်များတွင် ရှောက်ရွှမ်မြင်ခဲ့ရသော တစ်ကောင်ကဲ့သို့ပင် ကြီးမားပြီး ကြောက်မက်ဖွယ်ကိုယ်ခန္ဓာကြီးမျိုးရှိပါသော်လည်း သူတို့သည် ယဉ်ပါးကြပြီး အသီးအရွက်များကိုသာ စားသောက်ကြ၏။

ရှောက်ရွှမ်မျက်လုံးထဲတွင် ဤသည်မှာ အသီးအရွက်စားသော အသားတုံးကြီးတစ်တုံးသက်သက်သာ ဖြစ်နေလေသည်။

All Chapters