← Chapters

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁) စိတ်ဝင်စားစရာ

အချို့လူများသည်လည်း တဲများနားသို့ ရောက်လာသော ထိုလူကြီးကို သတိထားမိကြပါသည်။ ထိုလူကြီး တွန်းထုတ်သည်ကို ခံရသောလူများသည် ရန်တွေ့ရန်ပြင်လိုက်သော်လည်း၊ ထိုလူကြီးကို တွေ့သောအခါ ပြောမည့်စကားများကို မျိုသိပ်ထားလိုက်ကြသည်။

ထိုနေရာကို ရောက်နေသူအများစုသည် ထိုလူကြီးကို သိကြသည်။ သူသည် ဝက်ဝံနက်ဟု နာမည် ကျော်ကြားသောလေလွင့်သူတစ်ယောက် ဖြစ်ပါသည်။ အညိုရောင် သားရေအင်္ကျီထူထူကြီးကို ဝတ်ဆင်ထားသဖြင့်၊ နာမည်နှင့်လူမှာ လိုက်ဖက်သလို သူ့ကိုကြည့်ရသည်မှာ ဝက်ဝံနက်တစ်ကောင်နှင့် တူနေပေသည်။

ဝက်ဝံနက်က ရှောက်ရွှမ်ဆီကို သွားသောအခါ ဝိုင်းနေသော လူများ နောက်သို့ ဆုတ်သွားသည်။

ရှောက်ရွှမ်ကတော့ ဝက်ဝံနက်ကို သတိမထားမိသလို၊ လူအုပ်ကြီးကိုလည်း သတိမထားမိပါ။ သူ့စိတ်ထဲတွင် သူထုဆစ်နေသော ကျောက်တုံးသာရှိပါသည်။ သူ့နားတွင် လူပေါင်များစွာရှိနေသည်ကို သိထားသော်လည်း၊ လူများမှာ သူထင်ထားသည်ထက် များနေပါသည်။

ရှောက်ရွှမ်သည် သားရေချပ်များကို လူစိတ်ဝင်စားလာအောင်အတွက် ကျောက်သားကို ထုဆစ်ပြနေခြင်းဖြစ်သည်။ လူစိတ်မဝင်စားလျှင်လည်း ထုဆစ်ပြီးသွားသော ကျောက်တုံးကို ကြော်ငြာအနေဖြင့် ထားနိုင်မည် ဖြစ်သည်။ ထိုနေရာတွင် ရှောက်ရွှမ်ကဲ့သို့ မည်သူမျှ မလုပ်ကြပါ။

ရှောက်ရွှမ်၏ ကျောက်ထွင်းခြင်းနည်းစနစ်တွင် အရောင်တင်ခြင်းလည်း ပါဝင်ပါသည်။ ထိုကျောက်ထွင်းခြင်းနည်းစနစ်များကို လောင်ခဲ့သင်ပေးခဲ့ခြင်း ဖြစ်သည်။ နည်းနည်းမှားသည်နှင့်

လောင်ခဲ့က ထိုအမှားကို ထောက်ပြပြီး ရှောက်ရွှမ်က ပြင်ရပါသည်။ အမှားလုံးဝမရှိသည်အထိ လုပ်ဆောင်ရပါသည်။

ပရိသတ်က ကျောက်ထွင်းခြင်းကို ပိုစိတ်ဝင်စားလာသဖြင့် ရှောက်ရွှမ်သည် ကျောက်ထွင်းခြင်းကို သေချာလုပ်ကိုင်ပါတော့သည်။ ပုံကြမ်းပေါ်လာပြီဖြစ်သလို ရှောက်ရွှမ်သည် တူတစ်လက်၊ဓားတစ်ချောင်းနှင့် သူလုပ်စရာရှိသည်ကို ဆက်လုပ်နေလေသည်။

ရှောက်ရွှမ်သည် ကျောက်ထွင်းခြင်းကို သေချာအာရုံစိုက်လိုက်ပါသည်။ တတောက်တောက်မြည်နေသံများ ပျောက်ကွယ်သွားပြီး၊ အားလုံးက ရှောက်ရွှမ်လက်ထဲမှ ကျောက်တုံးကို ကြည့်ချင်နေကြပြီဖြစ်သည်။ ကျောက်မှုန်များကွာကျသွားသောအခါ၊ ရုပ်လုံးပေါ်လာ၏။

ထိုနေရာသို့လာသော ကုန်သည်များသည် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော အမဲလိုက်နည်းများကို စွန့်ပယ်ထားကြသည်။ အချို့

ကုန်သည်များဆိုလျှင် သားကောင်ကြီးများကိုပင်မလိုက်ကြတော့ပါ။ ထို့ကြောင့် ကျောက်တုံးတစ်တုံးနှင့် သားကောင်ကြီးတစ်ကောင်ပုံ ထုဆစ်နေသည်ကို မြင်သောအခါ သူတို့အတွက် အထူးအဆန်းဖြစ်နေပေသည်။

“ဧရာမဝက်ဝံရုပ်လား” ရှောက်ရွှမ်ဘေးတွင် အခြားသော မီးတောက်ဦးချိုမျိုးနွယ်စုမှ စစ်သည်တော်များ စကားပြောနေကြသည်။

“ဧရာမ”ဆိုသော စကားကို ကျန်သူများက ကြားလိုက်သောအခါ၊ တခြားလူများသည်လည်း ထိုဧရာမဝက်ဝံကြီးအကြောင်းကို ပြောဆိုကြပါတော့သည်။ သူတို့သည် ဧရာမဝက်ဝံကြီးများကို အမဲလိုက်ဖူးသော်လည်း၊ ဝက်ဝံရုပ် အသေးစိတ်ကိုတော့ မလုပ်တတ်ကြပါ။

အခြားလူများသည် ကြေးများနှင့်ပြုလုပ်သော လက်မှုပစ္စည်းများကို လုပ်ဖူးကြသော်လည်း၊ ထိုမျှအသက်ဝင်သော ကျောက်ဆစ်ရုပ်ကိုတော့ မမြင်ဖူးကြပါ။ ကျောက်ဆစ်ရုပ်လေးမှာ သေးငယ်

သော်လည်း၊ အသက်ဝင်သဖြင့် ဝက်ဝံက ဟိန်းဟောက်နေသလို ထင်ရပေသည်။

“ကျောက်ဆစ်ရုပ်လေးက ဘယ်လောက်လဲ” ထုဆစ်၍ မပြီးသေးခင်တွင် တစ်ယောက်က မေးလိုက်သည်။

မျိုးနွယ်စုဝင် တိုင်းရင်းသားများသည် လေလွင့်သူများလုပ်သလို ပစ္စည်းများကို ဒဲ့လဲလှယ်လေ့ရှိသည်။ သူတို့သည် မျိုးနွယ်စုဝင်များ၏ လိုအပ်ချက်များကို သိထားသဖြင့် တချို့လူများဆိုလျှင် ကျောက်ဆစ်ရုပ်နှင့်လဲလှယ်ရန် ကြေးဓားတစ်ချောင်းကိုပင် ဆွဲထုတ်နေကြသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ၊ နောက်လူတစ်ယောက်က ထိုသူများထုတ်လိုက်သော ဓားထက် နည်းနည်းပိုကြီးဓားတစ်ချောင်းကို ထုတ်လိုက်ပါသည်။ ထို့နောက် သူတို့သည် သုန့်ကန်းနှင့် တိုက်ရိုက်ဆွေးနွေးလိုက်ကြသည်။

မီးတောက်ဦးချိုမျိုးနွယ်စု၏ အဖွဲ့ခေါင်းဆောင်

မှာ ထိုနားတွင်ရပ်နေသော လူဖြစ်ကြောင်း သူတို့သိကြပါသည်။ ကုန်ပစ္စည်းဖလှယ်ရန်၊ ဩဇာအရှိဆုံးလူနှင့် ဆွေးနွေးခြင်းက အသင့်တော်ဆုံးဖြစ်သည်။ ကျောက်တုံးကို ထုဆစ်နေသော ကောင်လေးကတော့ ဘာလို့ ခေါင်းဆောင်အမိန့်ကို နာမခံလည်း သူတို့မသိပါ။

ထို့ကြောင့် ကိုယ့်ကိုယ်ကို ပါးနပ်သည်ဟုထင်ထားသူမျးက သုန့်ကန်းနှင့် စကားသွားပြောကြသည်။

ထိုအချိန်တွင် ရှောက်ရွှမ်ရှေ့တွင် ရပ်နေသော ဝက်ဝံနက်ကတော့ မလှုပ်ရှားပါ။ သူ့မျက်လုံးများက ရှောက်ရွှမ်က လက်များကိုသာ စူးစိုက်ကြည့်နေ၏။

အနီးကပ်သေချာကြည့်လျှင် ကျောက်ထွင်းသူ၏ အတွင်းစိတ်ကို သိနိုင်ပါသည်။ ဝက်ဝံနက်သည် ကျောက်ဆစ်ရုပ်ကို ကြည့်လိုက်သောအခါ၊ ကျောက်ဆစ်ရုပ်ဆီမှ စွမ်းအင်များ စီးထွက်နေသလို ခံစားလိုက်ရပါသည်။ အသက်ဝင်လွန်း

သဖြင့် ဝက်ဝံရုပ်တုလေးသည် ဟိန်းဟောက်နေသော အသွင်ကို ဆောင်နေပါသည်။

ရှောက်ရွှမ်သာ အခြားသော သားရဲပုံထုဆစ်မည်ဆိုလျှင်၊ ဝက်ဝံနက်က စိတ်ဝင်စားမည် မဟုတ်ပါ။ ဝက်ဝံနက်သည် ဘာကြောင့် ဝက်ဝံများကို သဘောကျရသနည်း။ သူတို့၏ ဘိုးဘေးများသည် ဝက်ဝံများနှင့်၎င်းတို့၏ စွမ်းအင်များကို ကိုးကွယ်ကြသည်။ သို့သော် ၎င်းတို့ကို ဝက်ဝံလိုက်သမားများဟုလည်း ခေါ်ဆိုကြသည်။ အခုတော့ သူတို့မျိုးနွယ်စုသည် ကန္တာရခရီးသွားများ ဖြစ်လာသဖြင့် ဝက်ဝံကြီးများကို အမဲလိုက်ရန် တောင်တန်းများဆီသို့ မသွားနိုင်ကြတော့ပါ။ ဝက်ဝံများအပေါ် ချစ်ခင်စွဲလမ်းစိတ်ကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။ ဝက်ဝံဆိုသည်မှာ ၎င်းတို့၏ မျိုးနွယ်စုနတ်ရုပ်ပင် ဖြစ်သည်။

ဝက်ဝံနက်သည် ကျောက်ဆစ်ရုပ်ကို ပုံဖော်နေသော ရှောက်ရွှမ်၏ လက်များကိုသာ အသဲအမဲကြည့်နေပါသည်။

“သားရေချပ် အခု၂၀လိုချင်တယ်” ဝက်ဝံနက်က အော်လိုက်ပါသည်။

ကျောက်ဆစ်ရုပ်ဝယ်ရန် ဈေးညှိနေသော အခြားလူများနှင့်ယှဉ်လျှင်၊ ဝက်ဝံနက်က ပို၍ ပြောဆိုတတ်ပါသည်။

အခြားလူများနှင့် စကားပြောနေသော သုန့်ကန်းသည် ဝက်ဝံနက်၏ စကားကို ကြားသောအခါ သားရေချပ်များကို ရေတွက်ရန် သူ့လူများကို အမိန့်ပေးလိုက်ပါသည်။ ဝက်ဝံနက်၏အကြောင်းကို သိထားသဖြင့် အရည်အသွေးကောင်းသော သားရေများကိုသာ ယူလာရန်လည်းမှာလိုက်ပါသည်။ အခြားသောကိစ္စများအတွက် မည်သို့ပင်သဘောထားသည်ဖြစ်စေ၊ ကုန်ပစ္စည်းဖလှယ်ရာတွင်တော့ သုန့်ကန်းသည် ကပ်စေးမနည်းသလို ရိုးသားမှုလည်း ရှိပေသည်။

သားရေချပ်များကို အမျိုးအစားခွဲခြားထား

ပါသည်။ သားရေချပ်ကြီးများမှာ ကြီးမားလှပါသည်။ သို့သော် တကယ့်သားရဲအစစ်ကတော့ ထိုမျှမကြီးမားပါ။ ပုံမှန်ဆိုလျှင် သားရေချပ်ကြီးများကို သေးငယ်သွားအောင် ဖြတ်တောက်ကြပါသည်။ သားရဲကြီးတစ်ကောင်၏ တကိုယ်လုံးစာသားရေဆိုလျှင် အလွန်ကြီးမားနေမည် ဖြစ်ပြီး၊ ရောင်းချရ လွယ်ကူမည် မဟုတ်ပါ။ လူများ အဝတ်အစားများ ချုပ်လုပ်ရန် သားရေချပ်များကို ဝယ်ယူခြင်းဖြစ်ပြီး၊ အရမ်းကြီးနေပါက အဝတ်အစားချုပ်၍ ရမည် မဟုတ်ပါ။ ထို့ကြောင့် သေးငယ်အောင် ဖြတ်တောက်ပစ်လိုက်ရသည်။

အချိန်ကြာလာသောအခါ၊ ကုန်သည်များက အများဆန္ဒအတိုင်း သားရေချပ်များ၏ အရွယ်အစားကို သီးခြားကန့်သတ်ချက်တစ်ခု ပြုလုပ်လိုက်သည်။ မြို့တော်ထဲသို့ဝင်မည် ဆိုလျှင် သားရေချပ်များသည် ကန့်သတ်ချက်နှင့် ပြည့်မီရမည် ဖြစ်သည်။

သားရေချပ်၂၀ကို ရွေးထုတ်ပြီးသွားပါသည်။

စုပုံထားသော သားရေချပ်များကို သုန့်ကန်းက ဝက်ဝံနက်ကို ပေးလိုက်၏။

သားရေချပ်များကို လက်ခံပြီးသွားသောအခါ၊ ဝက်ဝံနက်သည် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး “သားရေအချပ်၂၀ရယ်၊အဲဒီကျောက်ဆစ်ရုပ်ရယ်ဆို ရွှေထည်ဘယ်လောက်ပေးရမလဲ”

ရွှေထည်ဟုခေါ်သောပစ္စည်းများမှာ များသောအားဖြင့် ကြေးနှင့်ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ကြေးထည်ပစ္စည်းများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အဓိကလိုချင်သော ပစ္စည်းများပင်။

ထိုအချိန်တွင် ရှောက်ရွှမ်သည် ကျောက်ဆစ်ရုပ်ထုလုပ်ခြင်း ပြီးသွားပြီ ဖြစ်သည်။ သူသည် ဝက်ဝံနက်ပြောလိုက်သည်ကို ကြားလိုက်ပါသည်။ ရှောက်ရွှမ်သည် ဝက်ဝံနက်ကို မော့ကြည့်လိုက်ပြီး “၃၀”ဟုပြောလိုက်သည်။

ဝက်ဝံနက်သည် သုန့်ကန်းနှင့် ရှောက်ရွှမ်တို့ကို

ကြည့်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေပါသည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ နောက်၁၀ခုထပ်ယူမယ်…ဝက်ဝံသားရေပဲရရင် ကောင်းမယ်…ဝက်ဝံသားရေမရရင် သူနဲ့ နီးစပ်တာ ယူခဲ့”

သုန့်ကန်းသည် ပြုံးလိုက်ပြီး နောက်သားရေချပ် ၁၀ခုထပ်ယူခဲ့ရန် သူ့လူများကို အချက်ပြလိုက်သည်။ သားရေချပ်များကို သန့်ရှင်းရေးလုပ်နေကြစဉ်၊ ဝက်ဝံနက်သည် ကျောက်ဆစ်ရုပ်ကို ကျေနပ်စွာ ကြည့်နေပါသည်။ ကျောက်ဆစ်ရုပ်ကို သားရေအိတ်တစ်ခုထဲသို့ ထည့်လိုက်ပါသည်။ ထို့နောက် ရှောက်ရွှမ်နှင့် သုန့်ကန်းတို့ ဘက်သို့ လှည့်လိုက်ပါသည်။

ဝက်ဝံနက်သည် ကုတ်အင်္ကျီအောက်မှ ဓားများ၊ပုဆိန်များနှင့် ကြေးထည်ပစ္စည်းများကို ထုတ်ယူလိုက်သည်။ တချို့က သူ၏ အဝတ်အစားများကို စိတ်ဝင်စားကြသည်။ တချို့က သူ၏ ဓားများ၊ပုဆိန်များကို သဘောကျကြသည်။

ရှောက်ရွှမ်က စကားမပြောဘဲ ခန့်မှန်းချက်ထုတ်လိုက်ပါသည်။

ဝက်ဝံနက်ယူလာသော ပစ္စည်းများမှာ စိတ်ဝင်စားစရာကောင်းသောကြောင့် လူအများစိတ်ဝင်စားသည်မှာ အဆန်းမဟုတ်ပါ။

ထိုမျှလေးလံသောပစ္စည်းများကို သူဘယ်လိုယူလာသနည်း။ ဝက်ဝံနက်သည် လက်နက်များကို သယ်ဆောင်လာသော လူသားယန္တရားတစ်လုံး ဖြစ်နေပါသည်။

ဝက်ဝံနက်သည် အလွန်သန်စွမ်းသဖြင့် ထိုမျှများပြားသော ပစ္စည်းများကို သယ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။ ခွန်အားဗလနည်းသူဆိုလျှင် ထိုပစ္စည်းများကို အချိန်ကြာကြာ သယ်ဆောင်နိုင်မည် မဟုတ်ပါ။

ပစ္စည်းမျိုးစုံကို မြင်ရသောအခါ သုန့်ကန်း၏ မျက်လုံးများ အရောင်လက်သွားပါသည်။ ပစ္စည်းများမှာ သူတို့အတွက် အသုံးဝင်သော ပစ္စည်းများ

ဖြစ်ပါသည်။ သားရေချပ် ၁၀ခုနှင့်ဆိုလျှင် ပစ္စည်းတော်တော်များများ လဲလှယ်ရရှိနိုင်မည် ဖြစ်ပါသည်။ သုန့်ကန်းစိတ်ကျေနပ်သွားပါသည်။

အပေးအယူပြီးဆုံးသွားသောအခါ၊ အနားတွင်ရှိသော လူများက ကုန်ပစ္စည်းများ ဖလှယ်ရန် အော်ဟစ်နေကြပါသည်။ဝက်ဝံနက်က ဝယ်သွားသောကြောင့် သူတို့သည် သားရေချပ်များကို ဝယ်ယူကြတော့မည် ဖြစ်သည်။ အခုဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သားရေချပ်များ အရည်အသွေးကောင်းမကောင်း စိတ်ပူနေစရာ မလိုတော့ပါ။

ဝက်ဝံနက်ဝယ်သွားလျှင် မကောင်းသောပစ္စည်းမရှိသည်ကို အားလုံးက သိထားကြသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုကို မသိလျှင်တောင်၊ ဝက်ဝံနက် ဝယ်သလို လိုက်ဝယ်၍ အမှားရှိမည် မဟုတ်ပါ။

ထိုသူများသည် ဝက်ဝံနက်လောက် လက်မဖွာသော်လည်း ဝယ်ယူအားပေးသူများသဖြင့် သုန့်

ကန်းတစ်ယောက် အပျော်လွန်နေပါသည်။ ထိုလူများသည် ကျောက်ဆစ်ရုပ်ကိုပါ ဝယ်လိုသော်လည်း၊ ကျောက်ဆစ်ရုပ်က ရောင်းပြီး ဖြစ်နေပြီ ဖြစ်သည်။

တစ်ရက်ကုန်သွားသောအခါ ရှောက်ရွှမ်တို့တွင် ပါလာသော သားရေချပ်များ တစ်ဝက်လောက်ကုန်သွားပြီဖြစ်သည်။ သုန့်ကန်းကတော့ ပျော်ရွှင်နေပါသည်။ ယနေ့ မမျှော်လင့်ဘဲ အရေအတွက်များစွာ ရောင်းချနိုင်ခဲ့သည့်အတွက် ရှောက်ရွှမ်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။

ထိုနှုန်းအတိုင်းသာဆက်ရောင်းရပါက၊ ၁၀ရက်လောက်ဆို ပါလာသော ပစ္စည်းများ ကုန်သွားမည် ဖြစ်ပြီး ရွာသို့ ပြန်နိုင်မည် ဖြစ်သည်။

ညနေခင်းတွင်တော့ သူတို့သည် တဲထဲတွင် အနားယူကြပါသည်။ ရှောက်ရွှမ်သည် ကျောက်တုံးတစ်တုံးကို ယူ၍ ကျောက်ဆစ်ရုပ်ထုလုပ်ပြန်ပါသည်။ ယခုတကြိမ်တွင်တော့ ဝက်ဝံရုပ်မဟုတ်

ဘဲ၊ တခြားသားရဲတစ်ကောင်ပုံကို ထုလုပ်မည် ဖြစ်သည်။

နောက်၂ရက်လောက်ထိ ရှောက်ရွှမ်သည် ကျောက်ဆစ်ရုပ်ထုလုပ်ခြင်းကို နေ့စဉ်ပြုလုပ်ပါသည်။ ပထမနေ့ကလိုပင် လူအများ၏ စိတ်ဝင်စားမှုကို ရယူခဲ့ပြီး သားရေချပ်များကို ရောင်းချနိုင်ခဲ့သည်။ ကျောက်ဆစ်ရုပ်ထုလုပ်ခြင်းကို လူတော်တော်များများ စိတ်ဝင်စားကြသည်။ သားရေချပ်များ မဝယ်နိုင်လျှင်တောင် ရှောက်ရွှမ်တို့တဲနားတွင်လာပြီး ကျောက်ဆစ်ရုပ်ထုလုပ်သည်ကို လာကြည့်ကြပါသည်။ ကျောက်ဆစ်ရုပ်ထုလုပ်ခြင်းကြောင့် သားရေချပ်များစွာ လဲလှယ်လိုက်ရပြီ ဖြစ်သည်။ ကုန်သည်များက ဝယ်သလို ကျွန်ပိုင်ရှင်များကလည်း လူများ စေလွှတ်၍ ဝယ်ခိုင်းပါသည်။

၅ရက်မြောက်သောနေ့တွင် သူတို့ယူလာသော သားရေချပ်များအားလုံး ကုန်လုနီးပါး ဖြစ်သွားပါသည်။ ပါလာသော ကုန်ပစ္စည်းများကို ကြေးလက်နက်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့်

လဲလှယ်လိုက်သည်။ ထိုက်ဟယ်မျိုုးနွယ်စုကတော့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ပါ။ သူတို့သည် ကုန်ပစ္စည်းများ အမြန်ရောင်းချရရန်အတွက်၊ ရှားပါးဆေးမြစ်များကို ယူလာခဲ့သော်လည်း၊ ရှောက်ရွှမ်ကြောင့် သူတို့ပစ္စည်းများကို လူသိပ်စိတ်မဝင်စားတော့ပါ။

သားရေချပ်များ သိပ်မကျန်တော့သဖြင့်၊ ရှောက်ရွှမ်သည် ကျောက်ဆစ်ရုပ်ထုလုပ်ခြင်းကို နားလိုက်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုတွင် ရောင်းစရာပစ္စည်း သိပ်မကျန်တော့သောအခါ၊ ရှောက်ရွှမ်သည် ကိုယ်ပိုင်ကျောက်တုံးများကို ထုတ်ယူလိုက်ပါသည်။ ကျောက်တုန်းများကို နေပူထဲတွင် ထားထားသဖြင့်၊ ကျောက်တုံများသည် တနေကုန်အရောင်တောက်နေပါသည်။ နည်းနည်းလောက်မှောင်သောနေရာတွင် ထားလိုက်လျှင်၊ ထိုကျောက်တုံးများမှာ သိသိသာသာ တောက်ပနေပေသည်။

ထိုရက်များအတွင်း မျိုးနွယ်စုဝင်တိုင်းရင်းသားများစွာတို့သည် အန်ဘမြို့တော်သို့

ရောက်လာကြပြီး တစ်မြို့တော်လုံး ၎င်းတို့၏ အသံများဖြင့် ဆူညံနေ၏။ ခိုက်ရန်ဖြစ်ပွားမှုများမှာ မမြင်ချင်မှ အဆုံးပင်။

ရှောက်ရွှမ်ကတော့ ထိုသူများလို လိုက်အော်ဟစ်မနေပါ။ ရှောက်ရွှမ်သည် အရောင်တောက်သော ဆေးဖြင့် စာများရေးထားသော သစ်သားပြားတစ်ခုကို ပြုလုပ်လိုက်ပါသည်။ သစ်သားပြားပေါ်တွင် “နေရောင်ခြည်ကို စုပ်ယူမယ့် ရှားပါးကျောက်တုံး…ရေနေကျောက်တုံး” ဟုရေးထားလေသည်။

လရောင်ကြောင့် ဖြစ်ပေါ်လာသော ကူမျိုးနွယ်စု၏ ကျောက်တုံးကို ရေလကျောက်တုံးဟု ခေါ်ဆိုကြသဖြင့်၊ ရှောက်ရွှမ်က သူ့ကျောက်တုံးကို ရေနေကျောက်တုံးဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။

သစ်သားပြားကို တိုင်တစ်ခုတွင် ချည်လိုက်ပြီး၊ ထိုတိုင်ကို မြေပြင်တွင် စိုက်ထူလိုက်ပါသည်။ သူ့နေရာသို့ လူများရောက်လာရန်၊ ရှောက်ရွှမ်အနေဖြင့် အော်ဟစ်နေစရာ မလိုပါ။ ရှောက်ရွှ

မ်ပြုလုပ်ထားသော ဆိုင်းဘုတ်ပြားသည် ထင်သာမြင်သာရှိသဖြင့် ဆိုင်းဘုတ်ပြားပေါ်တွင် ရေးထားသော စာများကို မြင်နေရသည်။

ပစ္စည်းအသစ်အဆန်းဆိုလျှင် လူအများ စိတ်ဝင်စားကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုမှ သားရေချပ်များ ကုန်သွားပြီဟု ကြားသဖြင့် အခြားမျိုးနွယ်စုများသည် စိတ်သက်သာရာရရုံ ရှိသေးသည်၊ အခုတော့ မီးတောက်ဦးချိုမျိုးနွယ်စုနားတွင် လူအများဝိုင်းအုံနေပြန်ပြီ ဖြစ်သည်။

“မဖြစ်နိုင်ဘူး…ဒီဆိုင်းဘုတ်က ဘာတွေများ ဒီလောက်တောင် ကောင်းနေလို့လဲ”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၃၉၂)

ကျောက်တုံးများကို ထုတ်ယူလိုက်သောအခါ အများက စိတ်ဝင်စားသွားကြပါသည်။ သစ်သားဆိုင်ဘုတ်ပေါ်တွင် ရှင်းလင်းစွာ ရေးထားသဖြင့် ၂ခါပြန်ကြည့်ရန် မလိုပါ။ သစ်သားဆိုင်းဘုတ်နားတွင် လူအုပ်ကြီး ဝိုင်းလာပါသည်။

“ဘာတွေလဲ…အရောင်တောက်နေတာဘာလဲ”

“အဖိုးမတန်တဲ့ပစ္စည်းတော့မဟုတ်လောက်ပါဘူးနော်”

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ နေတဲ့နေရာက ရလာတဲ့ကျောက်တုံးတွေဖြစ်မယ်…သူတို့ရဲ့ သားရေတွေလည်း ရောင်းကုန်သွားပြီ”

“သွားကြည့်ကြဟေ့…တကယ်ဟုတ်မဟုတ် သိရအောင် သွားကြည့်ကြ”

သူတို့အားလုံး သိချင်နေကြပြီဖြစ်သည်။ အချိန်ကုန်မည်ကို မစိုးရိမ်ဘဲ မကြည့်လိုက်ရမည်ကိုသာ စိုးရိမ်နေကြသည်။ ကျွန်ပိုင်ရှင်များလွှတ်လိုက်သော အဝယ်တော်များသည် သူတို့သာ ရှားပါးပစ္စည်းတစ်ခုခုကို ဝယ်ယူလာနိုင်ပါက ဆုချခံရမည်ကို သိနေသည်။ သွားလာနေကြသော ကုန်သည်များသည်လည်း ရှားပါးပစ္စည်းများကို ရောင်းချနိုင်ကြပါသည်။

လူများသည် မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ကုန်ပစ္စည်းဖလှယ်ရန် ရောက်ရှိလာကြပါသည်။ သလင်းကျောက်ကို ထုတ်ယူလိုက်သောအခါ၊ ရှောက်ရွှမ်နားတွင် လူများကြိတ်ကြိတ်တိုးနေသဖြင့်၊ ရှောက်ရွှမ်သည် သတိထားနေရသည်။ ထိုသို့ လူကြပ်ခြင်းကို အခွင့်ကောင်းယူသည့် သူခိုးများ ရှိပါသည်။

ရှောက်ရွှမ်သည် သူ့တွင် ကျောက်တုံး၁၀တုံးပါလာသော်လည်း ၁တုံးသာ ထုတ်လိုက်ပါသည်။

ရာသီဥတုမှာ အုံ့မှိုင်းလာပါသည်။ လူများသည် သားရေဖြင့် ချုပ်ထားသော ဝတ်ရုံကြီးများကို ဝတ်ဆင်ကြပါသည်။ ပတ်ဝန်းကျင်က မှောင်ကျသွားသဖြင့် ကျောက်တုံးသည် အရောင်ပိုလက်လာပါသည်။ သူတို့သည် သလင်းကျောက်ကို သူတို့၏ အင်္ကျီများနှင့် ဖုံးအုပ်ထားရသည်။ အနားတွင် စောင့်ကြည့်နေသူများရှိသောကြောင့် ခိုးယူမည့်သူပေါ်မလာပါ။

လူအုပ်ထဲမှ သားရေအင်္ကျီဝတ်ဆင်ထားသော လူရိပ်ကြီးတစ်ခုသည် သလင်းကျောက်ကို ကိုင်ထားသော ရှောက်ရွှမ်နားကို ချဉ်းကပ်သွားသည်။ မှိန်ဖျော့သော အလင်းရောက်အောက်တွင် သလင်းကျောက်လေးမှ စာဖတ်နိုင်လောက်သော အလင်းရောင်ကို ထုတ်ပေးနေပါသည်။

ရှောက်ရွှမ်သည် ထိုလူကြီးဆီမှ သလင်းကျောက်ပြန်ယူလိုက်ပြီး နောက်လူတစ်ယောက်ကို ဆက်ပြပါသည်။

လူများကြည့်ပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် သလင်းကျောက်ကို အိတ်ထဲတွင် ပြန်သိမ်းလိုက်ပါသည်။ ထို့နောက် ပရိတ်သတ်အား “ကျေနပ်ကြပြီလား”

တချို့က ခေါင်းညိတ်ပြကြသည်။ တချို့ကတော့ ဘာမှမပြောပါ။ သို့သော် အားလုံးသည် ရှောက်ရွှမ်ကို စိုက်ကြည့်နေကြသည်။သူတို့သည် ရှောက်ရွှမ် ဘာဆက်ပြောမလဲ စိတ်ဝင်စားနေကြသည်။

သို့သော် ရှောက်ရွှမ်က ဘာမှမပြောပါ။ ပြောရေးဆိုရေးကို တာဝန်ယူထားသည်မှာ သုန့်ကန်းဖြစ်ပြီး၊ သုန့်ကန်းသည် လူများကို အမှန်အတိုင်းမပြောြပပါ။ ထိုသလင်းကျောက်များကို အမဲလိုက်ထွက်ရင်း၊ ပင်လယ်နှင့်ထိစပ်နေသော မြစ်တစ်ခုထဲမှ တူးယူလာသည်ဟုသာ ပြောထားခဲ့သည်။ လိမ်လည်ခြင်းတော့ မဟုတ်ပါ။ မြစ်ထဲတွင် ရေမရှိခြင်းသာ ရှိပါသည်။

သူတို့က ကျောက်တုံးအရေအတွက်ကို မေး

သောအခါ ရှောက်ရွှမ်က ၅တုံးဟုသာ ပြောလိုက်သည်။ သုန့်ကန်းတို့နှင့် တိုင်ပင်ထားသည့်အတိုင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။

ဤမြို့တော်သို့ လာကြသော တချို့လူများသည် သုန့်ကန်းကို သိကြသည်။ ထို့ကြောင့် သုန့်ကန်းသည် လိမ်လည်ခြင်းမဟုတ်ကြောင်း သူတို့ယုံကြည်ကြပေသည်။

သုန့်ကန်းက သလင်းကျောက်ကို ပြသနေချိန်တွင်၊ သုံးရက်လုံးပျောက်နေသော ဝက်ဝံနက်သည် အိမ်တစ်လုံးထဲတွင် ရွှံ့ခွက်ကြီးတစ်လုံးကို ကိုင်ထားပါသည်။ သူသည် အသားပြုတ်တစ်ပန်းကန်ကြီး စားပြီးပြီဖြစ်သည်။ နောက်ပန်းကန်တချပ်ထဲတွင် အသားကင်ကြီးတစ်ချောင်းကို တွေ့ရသည်။ ဝက်ဝံနက်သည် နောက်ထပ် ၂ကိုက်၃ကိုက်လောက် စားလိုက်ပြီးမှ စိတ်ကျေနပ်သွားသည်။

ဝက်ဝံနက် စားသောက်နေစဉ်၊ လူကြီးတစ်ယောက် ဝင်လာပါသည်။

“ဆရာ…တိုင်းရင်းသားတွေက တစ်ခုခုထူးခြားနေတယ်” ရောက်လာသူက ပြေးရင်း အော်ပြောလိုက်ပါသည်။

နှစ်တိုင်းလိုလို တိုင်းရင်းသားများ ရောက်လာသောအခါ သူတို့သည် ရှားပါးပစ္စည်းများကို ဝယ်ယူကြစမြဲဖြစ်သည်။ ဝက်ဝံနက်က ကုန်ပစ္စည်းများကို ကိုယ်တိုင်သွားမကြည့်ဘဲ လူလွှတ်၍ ကြည့်ခိုင်းလေ့ရှိသည်။

“ငါကိုယ်တိုင်သွားကြည့်စရာလိုလား” ဝက်ဝံနက်က စွပ်ပြုတ်တဇွန်းခပ်သောက်လိုက်ပြီး မေးလိုက်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်က အရောင်တောက်တဲ့ ကျောက်တုံးတစ်မျိုးရောင်းနေတယ်…တကယ်ကိုအရောင်တောက်နေတာ…ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရတာ” သတင်းလာပို့သူက ဝက်ဝံနက် မယုံမှာစိုးသဖြင့် သူကိုယ်တိုင် မြင်ခဲ့ရသည်စု ပြောလိုက်ခြင်း ဖြစ်သည်။

“လာပြန်ပြီ ဒီမီးတောက်ဦးချိုမျိုးနွယ်စု” ဝက်ဝံနက်က ရေရွတ်လိုက်သည်။ ထို့နောက် ကုတ်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး ကုန်ပစ္စည်းများ ဖလှယ်ရာနေရာကို ထွက်ခွာသွားသည်။

လူများစည်ကားနေသောနေရာတွင်၊ သုန့်ကန်းသည် ရောင်းချမည့် စည်းကမ်းများကို ပြောပြနေပါသည်။ သလင်းကျောက်၅တုံးကို တခါတည်း လေလံတင်၍ ရောင်းချမည် ဖြစ်ပါသည်။

ထိုသို့ ကြေညာလိုက်သဖြင့် အများက ပိုစိတ်ဝင်စားသွားကြသည်။ ခွဲရောင်းနေပါက သူတို့အတွက် အချိန်ပိုကြာနေမည်ဖြစ်သည်။ အားလုံးကို စုပေါင်းပြီး ရောင်းချလျှင် သူတို့အတွက် အမြတ်ပိုရမည် ဖြစ်သော်လည်း အန္တရာယ်ကလည်း ရှိနေပါသည်။ ရောင်းချပြီးပါက ဤနေရာမှ မြန်မြန်ဆန်ဆန် ထွက်ခွာသွားခြင်းက စိတ်ချရမည် ဖြစ်သည်။ သုန့်ကန်းသည် ထိုက်ဟယ်မျိုးနွယ်စုနှင့်လည်း တိုင်ပင်ပြီးသားဖြစ်သည်။ သူတို့နှင့် ပူးပေါင်းဆောင်ရွက်သဖြင့် သုန့်ကန်းသည်

ထိုက်ဟယ်မျိုးနွယ်စုများကို ကုန်ပစ္စည်းအချို့ ပေးလိုက်ပါသည်။

သုန့်ကန်းသည် သူလဲလှယ်ထားသော ပစ္စည်းများထဲမှ ကြေးဓားတစ်ချောင်းကို ထုတ်လိုက်သည်။ တချက်ကြည့်လိုက်လျှင် ထိုဓား၏ တန်ဖိုးကို သိနိုင်ပါသည်။ သုန့်ကန်းသည် ထိုဓားတစ်ချောင်းကို သလင်းကျောက်ငါးလုံး၏ ကြမ်းခင်းဈေးအဖြစ် သတ်မှတ်လိုက်သည်။

“ဓားတစ်ချောင်းနဲ့ ကောက်ပဲသီးနှံတစ်အိတ်”

“ဓား၂ချောင်း”

“ဓား၂ချောင်းနဲ့ သားရေချပ်၅ခု…သားရေချပ်တွေ မယူချင်ဘူးဆိုရင် ဒီနှစ်မှ ခူးထားတဲ့ ကောက်ပဲသီးနှံတအိတ်ရမယ်”

“ဓား၂ချောင်းနဲ့ သီးနှံဆယ်အိတ်”

“ဓား၃ချောင်း”

ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံနေသလို လူများ၏ ဈေးပေးနှုန်းများကလည်း မြင့်တက်လာပါသည်။ သုန့်ကန်းသည် စိတ်ထဲက ကြိတ်ပျော်နေလေသည်။

“ဆရာ…ကျွန်တော်တို့ ကော လေလံဝင်ဆွဲမှာလား” ဝက်ဝံနက်ဘေးမှ လူက အလျင်အမြန် ပြောလိုက်သည်။ ထိုသလင်းကျောက်သည် ဓား၅ချောင်းသာ တန်သည်ဆိုပါက အတော်ဈေးပေါသည်ဖြစ်သည်။ ဘုရင့်မြို့တော်တွင် လဲလှယ်မည်ဆိုပါက၊ ထိုထက်ဈေးပိုရမည် ဖြစ်သည်။

ဝက်ဝံနက်သည် ရှောက်ရွှမ်နှင့် သုန့်ကန်းတို့ကို တချက်ကြည့်လိုက်ပြီးနောက်၊ “၃ချောင်းထောက်ကြေးဒယ်အိုးကြီးတစ်လုံး”ဟု အော်ပြောလိုက်ပါသည်။

ဓားများ၊ကောက်ပဲသီးနှံများနှင့် အပြိုင်အဆိုင်ဈေးပေးသံများကြားတွင် ဒယ်အိုးတစ်လုံးနှင့် ဈေးဝင်ဖြတ်သံကပေါ်လာသည်။

လူအုပ်ကြီးသည် အသံလာရာသို့ ကြည့်လိုက်သောအခါ အရပ်မြင့်မြင့်နှင့် လူလေးယောက်ကိုတွေ့လိုက်ရသည်။ သူတို့၏နောက်တွင် ငွေရောင်သားရေအင်္ကျီကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် လိုက်လာပါသည်။ ထိုသူသည် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေကြီးပေါ်တွင် ခြေရာကြီးများ ထင်ကျန်ခဲ့ပါသည်။ သူသည် အလွန်လေးလံသော ပစ္စည်းတစ်ခုခုကိုသယ်လာပုံပေါ်ပါသည်။ မည်သည့် ပစ္စည်းဖြစ်မည်နည်း။ ၃ချောင်းထောက် ဒယ်အိးကြီးများ ဖြစ်နေမလား။

ထိုသူများခြေလှမ်းလှမ်းလိုက်သောအခါ မြေပြင်သည် တုန်ခါသွားပါသည်။

“ဝုန်း”

ဒယ်အိုးကြီးကို ရှောက်ရွှမ်နှင့် သုန့်ကန်းတို့နားတွင် ချထားလိုက်ပါသည်။ မြေကြီးပေါ်သို့ ကျသောအခါဒေါင်ခနဲ အသံထွက်ပေါ်လာပါသည်။ ထိုအသံကို ကြားလိုက်ရသူများသည် စိတ်

လှုပ်ရှားသွားကြပါသည်။

“အဲဒါ…” တစ်ယောက်က ထိုလူငယ်လေးသည် မည်သူဖြစ်မလဲ ခန့်မှန်း ကြည့်နေသည်။

ထိုသို့ ဝင့်ကြွားမောက်မာလေ့ရှိသူများမှာ အန်ဘမြို့တော်၏ ကျွန်ပိုင်ရှင်များသာ ဖြစ်သည်။ မြို့တော်မှ လူများကတော့ သူ့ကို သိကြပါသည်။

လူငယ်သည် သူသားရေအင်္ကျီပေါ်မှ ဖုန်များကို ခါထုတ်ရင်း၊ ဖြည်းညှင်းစွာ လျှောက်လာပါသည်။ ထို့နောက် “ သုံးချောင်ထောက် ကြေးဒယ်အိုးကြီးတစ်လုံးပေးမယ်…မင်းတို့တိုင်းရင်းသားတွေ ကြေးကို သဘောကျတယ် မဟုတ်လား…ငါပေးတဲ့ ပမာဏနဲ့ဆိုရင် ဓားတွေအများကြီးလုပ်လို့ရပါတယ်” ဟုမောက်မာသောလေသံနှင့် ပြောလိုက်ပါသည်။

သုန့်ကန်းသည် ထိုလူကို ထိုးမိမတတ်ဖြစ်သွားပါသည်။ သူ့လေသံကို နားထောင်လျှင် တိုင်းရင်သားများကို အထင်သေးနေကြောင်း သိနိုင်

ပါသည်။

“ကြေးဓားတစ်ချောင်းလုပ်ရတာ လွယ်တယ်များ မှတ်နေလား…ငါတို့ကို သူငယ်နှပ်စားလေးတွေများ မှတ်နေသလား မသိဘူး”

လူငယ်၏ လူများသည် အဝတ်စကြီးကို ဆွဲဖယ်လိုက်သောအခါ နေရောင်ထဲတွင် အရောင်လက်နေသော ကြေးဒယ်အိုးကြီးတစ်လုံးပေါ်လာသဖြင့် အားလုံးမျက်စိကျိန်း သွားကြသည်။

ဒယ်အိုးကြီးကို မြင်သောအခါ အရည်အသွေးကောင်းမွန်သော ပစ္စည်းဖြစ်ကြောင်း သိသွားကြပါသည်။ သို့သော် ဒယ်အိုးကြီး၏ ခြေထောက်၃ချောင်းမှာ အတိုအရှည်မညီပါ။

ဒယ်အိုး၏ ခြေထောက်၂ချောင်းမှာရှည်လျားပြီး၊ တချောင်းက လိမ်နေပါသည်။ မြေပြင်ပေါ်ချလိုက်သောအခါ၊ ဒယ်အိုးကြီးမှာ လှုပ်နေပါသည်။ ဒယ်အိုးပေါ်မှ ပန်းချီများကတော့ ဆေးများပြယ်နေပြီ ဖြစ်ပါသည်။

ကျွန်ပိုင်ရှင်များသည် ထိုဒယ်အိုးကြီးကို တန်ဖိုးထားကြပါသည်။ သူတို့၏ ပွဲတော် အခမ်းအနားမျိုးတွင် ထိုသို့ အောက်ခြေမငြိမ်သော သုံးချောင်ထောက်ဒယ်အိုးမျိုးကို အသုံးပြုမည် မဟုတ်ပါ။ “ဒီကောင်က ပစ္စည်းအစုတ်အပြတ်နဲ့ လူလည်လာကြဦးမယ်”

ထိုလူငယ်၏အပြုအမူသည် သူတောင်းစားကို အမှိုက်ပစ်ပေးလိုက်သော လူတစ်ယောက်လို ဖြစ်နေပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကျွန်ပိုင်ရှင်များကို မနှစ်သက်ကြပါ။ ကျွန်ပိုင်ရှင်များနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ တန်ဖိုးထားကြသည့်အရာများ မတူညီကြပါ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုသာ အတော်ဆုံးဟုထင်နေကြသော ကျွန်ပိုင်ရှင် များကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက မနှစ်သက်ကြပါ။ သို့သော် ကျွန်ပိုင်ရှင်များတွင် သူတို့လိုချင်သော အရာများရှိပါသည်။ ကျွန်ပိုင်ရှင်များဆီမှ ဗဟုသုတများ၊

အတတ်ပညာများကို ရရှိနိုင်ပါသည်။

ကျွန်ပိုင်ရှင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ဉာဏ်နည်းပြီး ခေါင်းမာသူများ အဖြစ် သတ်မှတ်ထားသည်။

ကံမကောင်းချင်တော့၊ ထိုသခင်လေးသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ စိတ်နေစိတ်ထားကို နားမလည်ရှာပါ။

“မလဲနိုင်ဘူး…ဓား သို့မဟုတ် ပုဆိန်တွေပဲ လက်ခံတယ်” သုန့်ကန်းက ပြောလိုက်ပါသည်။

ငြင်းပယ်ခံရမည်ဟု မမျှော်လင့်ထားသဖြင့် သခင်လေးသည် မျက်မှောင်ကြုံ့သွားပြီး “ဒယ်အိုးကို မလိုချင်ဘူးလား” ဟုမေးလိုက်ပါသည်။

“ဒယ်အိုးတွေ မလိုချင်ဘူး” သုန့်ကန်းက သေချာထပ်ပြောလိုက်ပါသည်။

သခင်လေးက ပြုံးလိုက်ပါသည်။သို့သော် သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် သမ်းသွားပြီး “မရဘူး…မင်းတို့ယူရမယ်”ဟုပြောလိုက်ပါသည်။

ထို့နောက် ဒယ်အိုးကို သယ်လာသူသည် ဒယ်အိုးကြီးကို ရှောက်ရွှမ်နှင့် သုန့်ကန်းတို့ဆီသို့ တွန်းထုတ်လိုက်သည်။ ဒယ်အိုးကြီးသည် အရှိန်ပြင်းးစွာနှင့် သလင်းကျောက်ကို ကိုင်ထားသော ရှောက်ရွှမ်ဆီသို့ ပြေးဝင်သွားပါသည်။

သုန့်ကန်းက ပြန်လည်တိုက်ခိုက်မည်ဟု ဝက်ဝံနက်က ထင်ထားသည်။ ရန်ပွဲများဖြစ်လျှင် အဖွဲ့ခေါင်းဆောင်က တာဝန်ယူရသည် မဟုတ်ပါလား။ အဖွဲ့ခေါင်းဆောင်သည် မျိုးနွယ်စုတစ်ခုလုံးကို ကိုယ်စားပြုပါသည်။ သူ့ဆုံးဖြတ်ချက်သည် တဖွဲ့လုံး၏ သဘောထားပင် ဖြစ်သည်။

တုံ့ပြန်မလား…ကျေအေးမလား။ ဘေးမှလူများက ရပ်ကြည့်နေကြသည်။

ထိုအချိန်တွင် အားလုံးအံ့ဩသွားကြသည်။ ရှောက်ရွှမ်သည် ဒယ်အိုးကြီးကို မရှောင်ဘဲ ဒီအတိုင်းရပ်နေပါသည်။

သူ့နားသို့ ဒယ်အိုးကြီးရောက်လာသောအခါ၊ ခါးကိုနှိမ့်လိုက်ပြီး ဒူးကို ကွေးလိုက်ပါသည်။ သူ့ကိုယ်သည် မြေကြီးထဲတွင် စိုက်ထူထားသော တောင်တစ်လုံးလို ဖြစ်သွားပါသည်။ ထို့နောက် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဒယ်အိုးကြီးကို လက်သီးနှင့် ထိုးချလိုက်သည်။

“ဗုန်း…”

လက်သီးနှင့် ဒယ်အိုးတို့ထိတွေ့မိသောအခါ၊ ဗုံတီးလိုက်သလို အသံကြီးက နားကွယ်မတတ် ထွက်ပေါ်လာပါသည်။ သုံးချောင်းထောက်ဒယ်အိုးကြီးမှ ထွက်ပေါ်နေသော အလင်းရောင်များပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

နားကွဲလုမတတ်အသံကြီးကို ကြားလိုက်ရပြီးနောက်၊ အားလုံးသည် အားလှိုင်းတစ်ခု၏

ရိုက်ခတ်မှုကို ခံစားလိုက်ရပါသည်။

“ဘာတွေဖြစ်ကုန်တာလဲ”

ဝက်ဝံနက် မျက်မှောင်ကြုတ်သွား၏။ ထိုချာတိတ်လေးသည် သူ့ကိုယ်သူ ကာကွယ်နေနိုင်ပေသည်။

“ဗုန်း”

နောက်ထပ် အသံကြီးတစ်သံထွက်ပေါ်လာသည်။ သို့သော် ခုနက ထွက်လာသောအသံနှင့်တော့ မတူပါ။ လေးလံသော ဒယ်အိုးကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသံဖြစ်သည်။

လူတစ်ရပ်လောက်မြင့်သော် ဒယ်အိုးကြီးသည် ရှောက်ရွှမ်ရှေ့နားတွင် ပြုတ်ကျလာပြီး ဖုန်တထောင်းထောင်းထသွားပါတော့သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၃၉၃) ကုန်ပစ္စည်းဖလှယ်မှုဆိုင်ရာ စည်းကမ်းများ

ကျွန်များနှင့် သူ့လူများက ဝိုင်းကာပေးထားသောကြောင့်၊ မောက်မာစွာထိုင်နေသော အန်ဘမြို့တော်မှ သခင်လေးသည် ဘာမှမဖြစ်ပါ။ သို့သော် ကျယ်လောင်သော အသံကြီးကြောင့် နားအူသွားလေသည်။

အန်းပင်သည် သူ့ရှေ့တွင်ရပ်နေသောလူကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ပါသည်။ ထို့နောက်သူသည် အခြားသူများ၏ နတ်အမှတ်အသားများကို လိုက်ကြည့်နေသည်။ သူသည် ထိုနတ်အမှတ်အသားများကို မြင်ဖူးနေသော်လည်း၊ ဘယ်နေရာတွင် မြင်ဖူးသလဲတော့ သူမမှတ်မိပေ။

ထိုနေ့သည် အန်းပင်စိတ်မကြည်သော နေ့တစ်နေ့ဖြစ်သည်။ မနက်အိပ်ရာနိုးလာသောအခါ၊

သူမှာထားသော ပစ္စည်းတစ်ခုကို သွားစစ်ဆေးကတည်းက ကံဆိုးနေခြင်းပင်။ ထိုပစ္စည်းကို သူမှာထားသည်မှာ ကြာလှပြီဖြစ်သည်။ သို့သော် သူ့အမှာသည် မှားယွင်းသွားပေသည်။ ဒေါသထွက်လာသဖြင့် သူသည် ကျွန်များကို ဒယ်အိုးကြီးအား သယ်လာစေပါသည်။ သူ့အိမ်တွင် ထိုကဲ့သို့ ဒယ်အိုးများ ရှိပါသေးသည်။ ဒယ်အိုးကြီးကို အိမ်တွင် လုပ်နိုင်သဖြင့်၊ ဘာကြောင့် အပြင်လူများကို သွန်းလုပ်ခိုင်းရမည်နည်း။ ကိုယ့်ဟာကိုယ်ပြုလုပ်ခြင်းက စရိတ်လည်း သက်သာပေသည်။

သို့သော် ပန်းပဲဆရာဆီမှ ထွက်ခွာလာသောအခါ၊ လွတ်လပ်စွာ ကုန်ပစ္စည်းဖလှယ်နိုင်သောနေရာတစ်ခုရှိကြောင်း ပြောနေကြသံများကို အန်းပင်ကြားလိုက်ရသည်။ ထိုအခါ သူအသုံးမဝင်သော ပစ္စည်းများဖြင့် အဖိုးတန်သော ပစ္စည်းများကို လဲလှယ်ရန် အကြံနှင့် သူ့လူများကို ခေါ်၍ ထွက်လာခဲ့သည်။ ကုန်ပစ္စည်းဖလှယ်ပွဲသို့ သွားပြီး၊ သူ၏အသုံးအစွဲကြမ်းပုံများကို လူအများသိအောင် ပြ၍ရပါသည်။ အခြားအဖွဲ့များက

မျက်နှာမပေးလျှင်၊ သူကဖိအားပေးမည်ဖြစ်သည်။

လူများဝိုင်းအုံနေသော မျိုးနွယ်စုသည် မီးတောက်ဦးချိုမျိုးနွယ်စုဖြစ်သည်။ ထိုနာမည်ကို အန်းပင်ကြားဖူးထားသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ မျက်လုံးများနှင့် ဆုံမိသောအခါ၊ သခင်လေးမှာ ရင်ထိတ်သွားပါသည်။ သို့သော် မကြောက်ဟန်ဆောင်ပြီး မျက်နှာလွှဲလိုက်ပြီးနောက်၊ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားပါသည်။

သူ့ထံသို့ ဒယ်အိုးကြီးဝင်လာသောကြောင့် ထိုင်နေသော ရှောက်ရွှမ်သည် မတ်တပ်ရပ်လိုက်ရပါသည်။ မြေပြင်ပေါ်တွင် မြဲမြံစွာရပ်လိုက်ပြီး၊ ဒူး၂ဖက်ကို ကွေးလိုက်ပါသည်။ ရှောက်ရွှမ်တစ်ယောက် မြေပြင်ပေါ်တွင် မြဲမြံစွာ ရပ်နေသည်ကို တွေ့လိုက်ရသောအခါ၊ လူများသည် သားရဲကြီးတစ်ကောင်အိပ်စက်နေရာမှ ရန်စခံရသဖြင့် နိုးထလာသည့်ပုံစံကို မြင်ယောင်လိုက်မိသည်။ အန်ဘ

မြို့တော်မှ လူများကတော့ မျိုးနွယ်စုဝင်များသည် သားရဲများလို အရိုင်းဆန်သည်ဟု ယူဆကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည်လည်း ထိုနည်းတူပင်ဖြစ်သည်ဟု သူတို့ ခံစားလိုက်ရသည်။

အန်ဘမြို့တော်မှ သခင်လေး၏ အမြင်တွင်တော့၊ အရိုင်းဆန်သော သားရဲသည် ကြောက်မက်ဖွယ်ကောင်းနေပါသည်။ သာမန်သားရဲတစ်ကောင်ဆိုလျှင် ထိုသို့ လုပ်မည် မဟုတ်ပါ။ ရှောက်ရွှမ်၏ပုံစံမှာ ကြောက်မက်ဖွယ်သားရဲတစ်ကောင် ဒေါသထွက်နေသလို ဖြစ်နေသည်။

ခဏလောက်တိတ်ဆိတ်သွားပြီးနောက်၊ လူအုပ်ကြီးထဲတွင် စကားသံများ ပြန်ဆူလာပါသည်။ ထိုသို့ ရပ်နေသူသည် သုန့်ကန်းသို့မဟုတ် ကွမ်းယီဖြစ်မည်ဟု ထင်နေကြသည်။ သို့သော် ထိုလူမှာ ငယ်ရွယ်သော ချာတိတ်လေး ဖြစ်နေမည်ဟု သူတို့မမျှော်လင့်ထားပါ။

“အဲဒါ ဘယ်သူလဲ”

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တိုင်း အဲဒီလို အစွမ်းရှိတာလား”

“အန်ဘမြို့တော်က သခင်လေးမျက်နှာကို ကြည့်ပါဦး…ကြည့်ရတာတော့ တိုက်ခိုက်တော့မယ် ထင်တယ်”

“တိုက်ပွဲဖြစ်ရင်ကောင်းတာပေါ့…ကုန်ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ဝယ်လို့ရမယ်…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေမှာ ကုန်တွေ အများကြီးပါလာတယ်လို့ ငါကြားထားတယ်”

လူအများက ထိုကဲ့သို့တွေးနေကြသော်လည်း၊ အတွေးများကိုတော့ အပြင်သို့ ထုတ်မပြောကြပါ။ အားလုံး၏ မျက်လုံးများက ကွင်းပြင်ကို ကြည့်နေကြပြီး အခွင့်အရေး ရမည့်အချိန်ကို ချောင်းနေကြသည်။

အန်းပင်သည် ခဏလောက်ကြာသည်အထိ ဘာပြောရမလဲ မသိဖြစ်နေ၏။

သူတို့၏ သခင်လေးက မလှုပ်ရှားသဖြင့် တစ်ယောက်က အခွင့်ကောင်းယူပြီး သခင်လေးကိုဖားရန် ရှေ့သို့တိုးလာသည်။ သူသည် ရှေ့သို့တိုးလာပြီး ရှောက်ရွှမ်နှင့်သူ့လူများကို “မင်းတို့တွေ မြို့ကြီး၆မြို့ထဲက၊ တစ်မြို့ဖြစ်တဲ့ အန်းဘမြို့တော်နဲ့ ရန်သူတွေ ဖြစ်သွားချင်လို့လား” ဟုမေးလိုက်ပါသည်။

၎င်းတို့သည် တစ်ချိန်တုန်းက အင်အားအကောင်းဆုံးသော မျိုးနွယ်စု၆ခုထဲတွင် အပါအဝင်ဖြစ်ခဲ့ပြီး၊ ရွာမှ မြို့တော်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း ၎င်းတို့သည် အန်ဘမျိုးနွယ်စုဝင်များသည် ဖြစ်သည်။ သို့သော် အန်ဘမြို့တော်မှလူများသည် သူတို့ကိုယ်သူတို့ မြို့ကြီး၆မြို့ထဲတွင် ပါဝင်သည်ဟု ပြောဆိုပြီး ဂုဏ်ယူကြသည်။

သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ မြို့ကြီး၆မြို့တွေ၊၇မြို့တွေ မသိပါ။ သူတို့တိုက်ခိုက်လျှင် ပြန်တိုက်ခိုက်မည့်လူများ

ဖြစ်သည်။

ရှောက်ရွှမ်သည် အန်းပင်တို့ကိုကြည့်လိုက်ပြီး “ခင်ဗျားတို့ အန်းဘလူမျိုးတွေက သုံးချောင်းထောက်ဒယ်အိုးကြီးတွေကို သဘောကျတာ ကျွန်တော်ကြားဖူးပါတယ်…ခင်ဗျားတို့ ကြိုက်နှစ်သက်တဲ့ ပစ္စည်းကို မယူချင်လို့ ပြန်ပေးလိုက်တာပါ”

ရှောက်ရွှမ်၏လက်သည် ဒယ်အိုးကြီးနှင့် နှိုင်းယှဉ်လိုက်သောအခါ သေးသေးလေး ဖြစ်သွားပါသည်။ သို့သော် သူ့လက်မှ ထွက်ပေါ်လာသောအားကတော့ ဒယ်အိုးကြီးကို လွင့်ပျံထွက်သွားစေပါသည်။

“ဝုန်း…”

ဒယ်အိုးကြီးသည် ကျယ်လောင်သောမြည်သံကြီးနှင့် အတူလွင့်စဉ်ထွက်သွားပါသည်။ စူးရှသောအသံကြီးနှင့်အတူ ဒယ်အိုးကြီးသည် မြေကွက်လပ်ဆီသို့ ပြေးဝင်သွားသည်။

ဒယ်အိုးကြီးသည် ခုန်ရှောင်လိုက်သောလူဆီသို့ တိုးဝင်သွားပါသည်။ တိုးဝင်လာသော အရှိန်မှ မြန်လွန်းသဖြင့်၊ ထိုလူနှင့် ဒယ်အိုးကြီးဝင်တိုက်မိပါသည်။ ထိုလူ၏ အရေပြားများ စုတ်ပြဲသွားပြီး ဒဏ်ရာများမှ သွေးများထွက်လာပါသည်။ ထို့နောက် ထိုသူ၏လက်ကျိုးသွားသံထွက်ပေါ်လာပါသည်။ ထိုသူ၏ကိုယ်မှ သွေးများထွက်လာသည်ကို အားလုံးမြင်တွေ့လိုက်ရသည်။

ဒယ်အိုးကြီးသည် အောက်ခြေမညီသောကြောင့် မြေပြင်ပေါ်လဲသွားပါသည်။ မြေပြင်ပေါ်လဲကျသွားပြီးနောက်တွင်တော့ ရပ်တန့်သွားပါသည်။

ဝက်ဝံနက်သည် မြေပေါ်ပြုတ်ကျသွားသော ဒယ်အိုးကြီးကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်နေပါသည်။ ထိုသို့ပစ္စည်းမျိုးကို သူတို့ မနှစ်မြို့ပေ။ ထိုဒယ်အိုးနှင့် ကုန်ပစ္စည်းဖလှယ်ရန် ကြိုးစားသည့် ငတုံးကောင်ကို သူလက်သီးနှင့် ထိုးချင်သွားသည်။

ဝက်ဝံနက်သာမက၊ ကျန်သူများလည်း ထိုသခင်လေးကို လက်သီးနှင့်ထိုးချင်သွားကြပါသည်။ မျိုးနွယ်စုဝင်များသည် ထိုသို့ အသုံးမဝင်သော ပစ္စည်းမျိုးကို လက်ခံလောက်သည်အထိ မတုံးအပါ။

ရပ်ကြည့်နေသူများသည် ရန်ပွဲထဲတွင် ဝင်မပါချင်ကြသော်လည်း၊ ထွက်ခွာမသွားကြပါ။ အန်းဘမြို့တော်တွင် အန်းဟူသော မျိုးရိုးနာမည်နှင့် ကျွန်ပိုင်ရှင်များကို ကုန်ပစ္စည်းလာရောင်းသော တိုင်းရင်းသားများက မျက်နှာသာပေးရသည်။ အခုတော့ မီးတောက်ဦးချိုမျိုးနွယ်စုနှင် အန်းဘသခင်လေး ပြဿနာတက်သည်ကို သူတို့သည် ကျေနပ်စွာကြည့်နေကြသည်။

သူ့ဒယ်အိုးကြီး မြေပြင်ပေါ်လဲသွားသဖြင့်၊ အန်းပင်၏မျက်နှာ ရှုံ့မဲ့သွားသည်။ ထိုလုပ်ရပ်သည် အန်းဘမြို့တော်၏ ဩဇာအာဏာကို ထိပါးခြင်း ဖြစ်သည်။

အန်းပင်သည် ထိုင်မနေနိုင်တော့ဘဲ၊ သူ့လူများကို လက်ဝှေ့ယမ်းပြပြီး “တိုက်ကြတော့” ဟုအမိန့်ပေးလိုက်သည်။ အရောင်တောက်သော သလင်းကျောက်များကိုလည်း ယူဆောင်လာရန် မှာလိုက်သည်။

အန်းပင်၏လူများသည် ရှောက်ရွှမ်နားသို့ ရောက်လာကြသည်။

သို့သော် ရှောက်ရွှမ်ကတော့ မလှုပ်ရှားပါ။ အန်းပင်၏ လူများ ရှေ့နောက်ဝဲယာသို့ ရောက်လာသောအခါ၊ သုန့်ကန်းနှင့် ကွမ်းယီတို့သည် ရှေ့သို့တိုးလာပါသည်။

“ဒီကောင်တွေ ငါတို့ကို မမြင်ဖူးလား”

သုန့်ကန်းတို့အနေနှင့် အရာရာ ရှောက်ရွှမ်ကိုသာ အားကိုးနေမည်ဆိုလျှင်၊ ရွာသို့ ပြန်ရောက်လျှင် နတ်ဆေးဆရာမနှင့် အကြီးအကဲတို့က သူတို့ကို ဆူမည် ဖြစ်သည်။

သတ္တုချင်းထိမိသံများ၊ လက်သီးချင်းထိမိသံများထွက်ပါလာသည်။ လက်သီးနှင့်ထိုးသံများထွက်ပေါ်လာပြီးနောက်တွင် အရိုးကျိုးသံများထွက်ပေါ်လာပြီး လူရိပ်တစ်ခုက မြေပေါ်လဲကျသွားသည်။

လူရိပ်များတစ်ခုပြီးတစ်ခု မြေပေါ်လဲကျသွားပါသည်။ ထိုအသံများကို ကြားရသောအခါ၊ အန်းပင်၏မျက်နှာ ရှုံ့မဲ့သွားပါသည်။ သို့သော် သူသည် ကိုယ်တိုင် ထွက်တိုက်ရဲသော သတ္တိမရှိပါ။

အန်းပင်၏နောက်ဆုံးလူမြေပြင်ပေါ်သို့လဲကျသွားသောအခါ၊ သုန့်ကန်းနှင့် သူ့လူများသည် ရှောက်ရွှမ်နားသို့ ပြန်ရောက်လာကြသည်။ သုန့်ကန်းသည် ပုဆိန်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ရှောက်ရွှမ်ကို ပစ်ပေးလိုက်ပါသည်။

ရှောက်ရွှမ်သည် ပုဆိန်ကို ဖမ်းယူလိုက်ပြီး၊ လက်ကိုင်ရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သူတို့သည် အန်းပင်နှင့် သူ့လူများကို စိုက်ကြည့်နေကြပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ရွှံ့နွံများလိမ့်ကျံမထားပါက၊ သူတို့၏ မီးတောက်နှင့်တူသော နတ်အမှတ်အသားများကို မြင်တွေ့ရမည်ဖြစ်သည်။ အခုတော့ ကြောက်မက်ဖွယ်သားရဲအုပ်ကြီး နိုးထလာသလို ဖြစ်နေပါသည်။

လူ၁၀၀လောက်သည် နေရာတစ်နေရာတွင် မီးစွဲနေသော ပုဆိန်တစ်လက်လို စုရုံးနေကြပါသည်။ ထိုပုဆိန်သည် အတားအဆီးမှန်သမျှကို အကြောက်အရွံ့ကင်းမဲ့စွာ တိုက်ခိုက်သွားမည် ဖြစ်သည်။ရပ်ကြည့်နေသူများသည် ထိုပုဆိန်မှ ထွက်နေသော စွမ်းအားကို ခံစားလိုက်မိပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စု၏ စည်းကမ်းများက ရှင်းပါသည်။ ပစ္စည်းတစ်စုံတစ်ခုလိုချင်လျှင် သူတို့နှင့် သတ်မှတ်ထားသော စည်းကမ်းများအတိုင်း ရိုးသားစွာ လဲလှယ်ရမည်။ သတ်မှတ်ထားသော တန်ဖိုးထက် လျော့နည်းနေပါက၊ တိုက်ခိုက်ခံရမည် ဖြစ်သည်။

အခြေအနေများက တင်းမာလာပါသည်။ ရပ်ကြည့်နေသူများသည် အသံမထွက်ရဲတော့ပါ။

ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဘာတွေဖြစ်နေတာလဲ”

အသံထွက်ပေါ်လာသောအခါ၊ လူအုပ်ကြီးသည် လမ်းဖယ်ပေးလိုက်ပါသည်။

ရောက်လာသောသူသည် အန်းပင်လို ရှိုးမများသော်လည်း၊ အန်းပင်ထက်ပို၍ ထင်ထင်ရှားရှားရှိပါသည်။ ကုန်ပစ္စည်းလာဖလှယ်သော မျိုးနွယ်စုဝင်များသည် ထိုလူကို သိကြပါသည်။ အန်းပင်သည် နမော်နမဲ့နိုင်သော ခေါင်းဆောင်ဖြစ်ပြီး၊ ယခုရောက်လာသောသူမှာ မြင့်မြတ်သော ခေါင်းဆောင်တစ်ယောက်ဖြစ်ပါသည်။ ထိုသူသည် အန်းဘမြို့တော်၏ အရေးအကြီးဆုံးသော လူတစ်ယောက်ဖြစ်ပါသည်။

တည်ငြိမ်သောလေသံကို ကြားလိုက်ရသောအခါ၊ အန်းဘ၏မျက်နှာထား ပြောင်းလဲသွားသည်။ မျက်နှာထားကိုပြင်လိုက်သော်လည်း၊ ကြောက်ရွံ့နေသော မျက်လုံးများကိုတော့ ဖုံးကွယ်ထား၍ မရပါ။ ခဏလောက်စဉ်းစားပြီးသောအခါ သူ့အဖြစ်အပျက်ကိုပြောပြရန် ဆုံးဖြတ်လိုက်ပါသည်။

အန်းဘသည် တည်ငြိမ်သောလေသံပိုင်ရှင်ကို ဆင်ခြေပေးရန် ပြင်လိုက်သည် “အဲဒီအရိုင်းအစိုင်းတွေက…”

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာမက အခြားမျိုးနွယ်စုဝင်များ၏ မျက်ခုံးများ မြင့်တက်သွားကြသည်။

အရိုင်းအစိုင်းများဆိုပါလား…။သူတို့သည် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာခဲ့ကြသူများ ဖြစ်သည်။ မလိုက်နာသူမှာ အန်းပင်ဖြစ်သည်။

အန်းယန်သည် တိတ်ဆိတ်စွာရပ်နေပြီး အန်း

ပင်၏ဆင်ခြေကို နားထောင်နေလိုက်သည်။ မျက်နှာထားကတော့ မပြောင်းမလဲ၊ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။

ရုတ်တရက် အန်းပင်၏ ခန္ဓာကိုယ်သည် လွင့်စဉ်ထွက်သွားပါသည်။ ထို့နောက် သွေးများကို အန်ထုတ်လိုက်ပါသည်။

ရပ်ကြည့်နေသော လူအုပ်ကြီးက ရှောင်ပေးလိုက်သဖြင့်၊ အန်းပင်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။အန်းယန်သာမရှိပါက၊ ရပ်ကြည့်နေသော သူများသည် အန်းပင်ကို တက်နင်းကြမည်ဖြစ်သည်။

အန်းယန်သည် အန်းပင်ကို အရေးမစိုက်ပါ။ အန်းဘမြို့တော်အနေနှင့် ထိုသို့ သူမျိုးကို ပျိုးထောင်ခဲ့ခြင်းမှာ မိုက်မဲခြင်းဖြစ်သည်။ အန်းယန်ဆိုလျှင်တော့ ထိုကဲ့သို့ သူမျိုးကို ပျိုးထောင်ရန် စိတ်ကူးမည်မဟုတ်ပါ။

ကုန်ပစ္စည်းဖလှယ်သောနေရာမှ မျိုးနွယ်စုဝင်

များ ဒေါသထွက်နေကြောင်းကို အန်းယန်သိလိုက်ပါသည်။ အန်းပင်ကို အပြစ်ပေးလိုက်လျှင် မျိုးနွယ်စုဝင်များ အနည်းငယ်ကျေနပ်သွားမည် ဖြစ်သည်။ အန်းပင်၏အဖြစ်ကို မြင်လိုက်ပြီးသောအခါ၊ မျိုးနွယ်စုဝင်များဒေါသများ အနည်းငယ်ပြေလျော့သွားပါသည်။

အနည်းငယ်ပြုံးလိုက်ပြီး အန်းယန်သည် “ကွန်တော်ကတော့ အန်းဘမြို့တော်က အန်းယန်ပါ…ကျွန်တော်တို့တွေဟာ စည်းကမ်းတွေကို လေးစားပါတယ်…ကုန်ပစ္စည်းလာရောင်းတဲ့ ခင်ဗျားတို့အနေနဲ့လည်း စည်းကမ်းတွေကို လိုက်နာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟုပြောလိုက်ပါသည်။

ရှောက်ရွှမ်နှင့်သူ့လူများကို လှမ်းပြောလိုက်ပြီးနောက်၊ သူ့လူများအား သေတ္တာကြီးတစ်လုံး သယ်ဆောင်လာရန် အချက်ပြလိုက်သည်။ ထို့နောက် အန်းယန်က ဆက်လက်ပြီး “အဲဒီသလင်းကျောက်အတွက် ဓား၅ချောင်းနဲ့ ကောင်ပဲသီးနှံ၅အိတ်ပေးပါ့မယ်…အဲဒီလောက်တန်ဖိုးဆို

အဆင်ပြေမလား” ဟုမေးလိုက်ပါသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ငြင်းဆိုလိုက်ချင်သော်လည်း၊ အကြောင်းအကျိုးများကို ဆင်ခြင်ပြီးနောက် ငြင်းဆိုမနေတော့ပါ။ ပထမအချက်အနေနှင့် ထိုမျှတန်ဖိုးကြီးသော ကမ်းလှမ်းမှုမျိုးကို သူတို့မရဖူးပါ။ ဒုတိယအချက်အနေနှင့် သူတို့သည် အန်းဘမြို့တော်၏ သခင်လေးနှင့် မတိုက်ခိုက်လိုပါ။ အန်းယန်သည် လိုက်လျောညီထွေရှိသော လူတစ်ယောက်ဖြစ်နေသဖြင့်၊ ရှောက်ရွှမ်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိတော့သည်။

(ဆက်ရန်…)

All Chapters