← Chapters

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 24 Ch. 347

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 24 Ch. 347

အနောက်တံခါးမှ အစောင့်များသည် တံခါးကို အလျင်အမြန်ပိတ်လိုက်ကြသည်။ ရှောက်ရွှမ်က သူ့ခြေလှမ်းများကို အရှိန်တွင်လိုက်သည်။

ရှောက်ရွှမ်သည် နံရံကို ကျော်သွားချင်သော်လည်း မဖြစ်နိုင်ပါ။ နံရံသည် ရှောက်ရွှမ်ခုန်နိုင်သော အမြင့်ထက် ပိုမြင့်နေပေသည်။ ထို့ပြင် နံရံမှာ အရောင်တင်ထားသဖြင့် ချောမွေ့နေ၏။ အခြားကိရိယာပစ္စည်းများကို သုံးလျှင်တော့ ခုန်တက်နိုင်မည် ဖြစ်သော်လည်း အရှိန်နှေးသွားမည်ဖြစ်သည်။ အရှိန်နှေးသွားမည်ဆိုလျှင်၊ နောက်ကလိုက်လာသောသူများ သူ့ကို မီသွားမည် ဖြစ်သည်။

နံရံကို ကျော်တက်၍မရသဖြင့်၊ တိုက်ခိုက်ရုံသာရှိတောသည်။ ထွက်ပေါက်မှာ ထိုတံခါးပေါက်တစ်ခုတည်းသာ ရှိတော့သည်။

ကျူးကျော်လာသူသည် အနောက်တံခါးပေါက်သို့ ပြေးလာသည်ကို မြင်သောအခါ၊ အစောင့်များ အသက်ရှူမှားမတတ် ဖြစ်သွားပါသည်။ ထိုလူသည် လျင်မြန်လွန်းသဖြင့် သူ့ပုံပန်းသဏ္ဍာန်ကိုပင် မမြင်ရပါ။ သားရဲမဟုတ်ဘဲ၊ လူတစ်ယောက် ဖြစ်သည်ဟုသာ ပြောနိုင်ကြသည်။ သို့သော် ရှောက်ရွှမ်ကို ရင်ဆိုင်ရသည်မှာ သူတို့အတွက် သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသလို ဖြစ်နေသည်။

သူတို့ရောက်နေသော နေရာသည် သားသတ်ကွင်းကြီး မဟုတ်သလို၊ ကျူးကျော်ဝင်ရောက်လာသူမှာလည်း လူတစ်ယောက်သာဖြစ်သည်။ သူတို့အနေနှင့် အရမ်းကြောက်ရွံ့နေစရာ လိုပါ။ အားလုံး စုပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင် ထိုကောင်လေးကို မနိုင်စရာအကြောင်းမရှိပါ။ ကောင်လေးသည် နံရံကို ကျော်တက်နိုင်လျှင်တောင်၊ နံရံအပြင်ဘက်တွင် လေး၊မြားများက အသင့်စောင့်နေကြသည်။

ရှောက်ရွှမ်သည် အနောက်တံခါးနှင့် နီးသထက် နီးလာပေပြီ။ အစောင့်များသည် သူတို့ဆီပြေးဝင်လာသော လူရိပ်ကို မျက်ခြည်မပြတ်ကြည့်နေကြပါသည်။ သူတို့၏နှလုံးခုန်သံများမှာလည်း မြန်ဆန်နေကြသည်။

ရန်သူသည် တိုက်ခိုက်တော့မည် ဖြစ်သည်။

အမှန်တကယ်တော့ နန်းတော်နောက်ဘက်တွင် တံခါး၂ပေါက် ရှိပေသည်။ သူတို့သည် ဆူညံသံများကို ကြားသောအခါ တံခါးတစ်ပေါက်ကို ပိတ်လိုက်သော်လည်း၊ နောက်တစ်ပေါက်ကိုတော့ မလိုအပ်ဘူးဟု ယူဆကာ မပိတ်ဘဲ ထားလိုက်၏။ ကျောက်သားတံခါးတစ်ချပ်သည် ကျူးကျော်သူကို တားဆီးရန် လုံလောက်ပေသည်။ သို့သော် ထိုအချိန်တွင် သူ့တို့စိတ်ထဲ၌ တံခါးနောက်တစ်ပေါက်ကို ပိတ်ရန် နောက်ကျသွားပြီဟု တွေးလိုက်မိသည်။

ရှောက်ရွှမ်သည် အနောက်တံခါးဆီသို့ ပြေးရင်းနှင့် ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအင်ကို နှိုးထလိုက်

သည်။ နတ်စွမ်းအင်များ အမြင့်ဆုံးအဆင့်သို့ ရောက်သော်လည်း သူကတော့ မရပ်ပါ။ ထိုအခါ စွမ်းအင်များသည် ခန္ဓာကိုယ်ထဲတွင် လှိုင်းလုံးများလို ဖြစ်နေသည်။ စွမ်းအင်များသည် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ခွင့်မရသဖြင့် ပေါက်ကွဲတော့မည် မီးတောက် တစ်လုံးလို ဖြစ်နေသည်။ ထိုသို့ စွမ်းအင်များ လှိုင်းထနေသဖြင့်၊ ရှောက်ရွှမ်၏ အမြန်နှုန်းသည်လည်း မြန်သထက် ပိုမြန်လာနေသည်။

ရှောက်ရွှမ် ဖြတ်ပြေးသွားသောမြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထင်ကျန်ခဲ့သည်။ အက်ကွဲကြောင်းများဖြစ်ပေါ်လာသော အသံများကိုလည်း ကြားနေရသည်။

ထိုအဖြစ်အပျက်ကို မြင်သောအခါ တံခါးရှေ့တွင် စောင့်နေသော အစောင့်များသည် လျင်မြန်လှသော လူရိပ်ကို ရင်မဆိုင်ရဲဘဲ၊ ဘေးသို့ ရှောင်ထွက်သွားကြသည်။

စွမ်းအင်များ ပေါက်ကွဲထွက်သောအချိန်

ရောက်သောအခါ၊ ရှောက်ရွှမ်သည် မာန်သွင်းအော်ဟစ်လိုက်သည်။ ရှောက်ရွှမ်သည် သူ့ရှေ့က ပိတ်ထားသော တံခါးကို အမြောက်ဆံတစ်ခုလို ပြင်းထန်သော လက်သီးချက်နှင့် ထိုးချလိုက်သည်။

“ဝုန်း”

မြေပြင်လည်း တုန်ခါသွားသည်။

ကျောက်တံခါးကြီးသည် ပြင်းထန်လှသော လက်သီးချက်ကို မခံနိုင်ပါ။ တံခါးချပ်တွင် အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားပြီးနောက်၊ ရှောက်ရွှမ်သည် ထိုအပေါက်မှ တိုးထွက်လိုက်သည်။

အစောင့်တချို့သည် တံခါးပေါက်ပေါ်တွင် ပေါ်ထွက်လာသော အပေါက်ကြီးကို ကြည့်နေကြပါသည်။ ထိုအပေါက်ကြီးကို ကြည့်ရသည်မှာ ဧရာမသားရဲကြီးတစ်ကောင်၏ ဒဏ်ရာတစ်ခုနှင့် တူပေသည်။ ထိုအပေါက်ကို လုပ်လိုက်သူကတော့ သားရဲတစ်ကောင်ထက်ပင် အစွမ်းထက်

ပါ‌သေးသည်။

အလွန်ကြောက်စရာကောင်းသော လူတစ်ယောက်ပင် ဖြစ်သည်။

အစောင့်၁ယောက်သည် နဖူးပေါ်မှ ယိုစီးကျလာသော ချွေးများကို သုတ်လိုက်ပြီး၊ နန်းတော်တံခါးကို ရိုက်ချိုးလိုက်သော အတွင်းအားကို တွေးကြည့်နေမိသည်။ “ဝုန်း”ခနဲ မြည်ဟည်းသံကို အခုထိ ကြားယောင်နေဆဲ ဖြစ်ပြီး၊ နှလုံခုန်သံများမှာ အခုထိ မြန်နေတုန်းပင် ဖြစ်သည်။

နန်းတော်အပြင်ဘက်တွင်တော့၊ လေးမြားများကို ကိုင်ဆောင်ထားသောသူများက နံရံကြီးကို စိုက်ကြည့်နေကြပါသည်။ သူတို့သည်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩနေကြသည်။ ထိုအဖြစ်အပျက် ဖြစ်သွားချိန်တွင်၊ သူတို့အားလုံးသည် နံရံကို ကြည့်နေကြသည်။ နောက်တခဏတွင်တော့၊ သူတို့နှလုံးခုန်သံများကို သူတို့ ပြန်ကြားလိုက်ကြရ၏။ နှလုံးခုန်သံများအပြင် ကျောက်တုံများ အက်ကွဲသံများကိုပါ ကြားလိုက်

ရသည်။ သူတို့ရှေ့တွင် လူရိပ်တစ်ခုက ဖမ်းမမိနိုင်သော အရှိန်ဖြင့် လေတိုက်သလို ဖြတ်သန်းသွားလေသည်။

အနောက်တံခါးမှ အစောင့်များသာမဟုတ်၊ နန်းတော်ထဲတွင် ပုန်းအောင်းသွားလာနေကြသောသူများသည် ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေကြသည်။ ထိုသူများသည်လည်း နှင်းမြို့တော်မှ မဟုတ်ကြပါ။

နန်းတော်ထဲမှ လှုပ်ရှားမှုများကို မကြားခင်ကတည်းက သူတို့သည် နန်းတော်ထဲတွင် တစ်ခုခုထူးခြားနေပြီ ဆိုတာကို သိလိုက်သည်။ နန်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်သော သူတို့၏ အဖွဲ့သားများကို တွေ့သွားပြီလားဟု တွေးနေမိသည်။ နန်းတော်ထဲသို့ မဝင်မီကတည်းက၊ ပိလော်ကို ရှောင်ရန် သခင်လေးက သတိပေးလိုက်သည်။ အခုလို မအောင်မမြင်ဖြစ်သွားလျှင်၊ သူတို့သည် သခင်လေးကို သွားပြန်တွေ့ရဲတော့မည်မဟုတ်ဘဲ၊ ထွက်ပြေးရန်သာရှိတော့သည်။

သို့သော်သူတို့သည် လူတစ်ယောက်က နန်းတော်အနောက်တံခါးကို ချိုးဖျက်ပြီး ထွက်ပြေးလိမ့်မည်ဟုတော့ ထင်မထားပါ။ ဖြတ်သန်းသွားသော ထိုလူကို ကြည့်လိုက်သောအခါ သူတို့အားလုံး တုန်လှုပ်သွားကြသည်။

ထိုလူသည် နှင်းမြို့တော် နန်းတော်ကြီး၏ အနောက်တံခါးကို လက်သီးဖြင့် ထိုးဖောက်ချိုးဖျက်၍ ထွက်ပြေးလာသူဖြစ်သည်။

ထိုလူသည် မည်သူနည်း။ လူရိုင်းတစ်ယောက်များလား။

ထိုအချိန်တွင် နှင်းမြို့တော်ဘုရင်သည် အိပ်ဆောင်ထဲတွင် ရှိနေသည်။

အိပ်ငိုက်နေသော ဘုရင်ကြီးသည် အပြင်က အသံများကို ကြားသောအခါ၊ အိပ်ချင်ပြေသွားသည်။

ဘုရင်ကြီးသည် သူ့လက်အောက်ငယ်သားများ

အစီရင်ခံသည်များကို နားထောင်ရင်း ထွက်ပေါ်လာသည့် ဒေါသများကို ချုပ်ထိန်းထားရသည်။ မျက်နှာထားမှာလည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေပါသည်။ အခန်းကျယ်ကြီးထဲတွင်ရှိသောလူများအားလုံးသည် အာစေးထည့်ထားသလို အသံတိတ်နေကြသည်။

နှင်းမြို့တော်မှလူများသည် အခြားမြို့တော်မှ လူများနှင့် ယှဉ်လျှင် တရားမျှတမှု ပိုရှိကြသည်။ ဆက်တိုက်ကြုံတွေ့နေရသော ရှုံးပွဲများကြောင့် နှင်းမြို့တော်ဘုရင်သည် ဒေါသူပုန်ထနေသည်။ ထိုအချိန်တွင် အပြင်လူတစ်ယောက် နန်းတော်ထဲကို ခိုးဝင်ပြီး၊ ပြန်လည် လွတ်မြောက်သွားသည်ကို ကြားလိုက်ရသောအခါ ၊မျက်နှာကြီးတစ်ခုလုံး နီရဲလာသည်။ မျက်နှာပေါ်မှ သွေးကြောများသည် ပေါက်ထွက်တော့မလို တင်းမာလာသည်။

အစီရင်ခံနေသော ကျွန်များလည်း ပြောစရာရှိသည်များကို ပြောပြီးသွားသောအခါ၊ အနားတွင် တုန်တုန်ယင်ယင်ဖြင့် ဘုရင့်အမိန့်ကို စောင့်နေကြ

သည်။

“ဒီလောက် လူအများကြီးက လူလေးတစ်ယောက်ကိုတောင် ဖမ်းမမိဘူးလား” ဘုရင်ကြီးသည် အံကြိတ်ရင်း မေးလိုက်သည်။

“အဲဒီလူက…အရမ်း…အရမ်း…မြန်နေလို့ လွတ်…လွတ်” ကျွန်တစ်ယောက်က ဖြေလိုက်သည်။ ဘုရင်ကြီးက စူးစိုက်ကြည့်လိုက်သောအခါ၊ သူ့အသံ ပျောက်ကွယ်သွား၏။

ညအချိန်တွင် ကျူးကျော်ဝင်လာမည်ဆိုလျှင်တော့ သူတို့သည် ခိုးဝင်လာသူကို ဖမ်းမိမည် ဖြစ်သည်။ သို့သော် အခုအချိန်တွင်တော့ ညကင်းကျသောသူများ ထိုနေရာတွင်ရှိမနေပေ။ နန်းတော်ထဲမှ အချို့နေရာများသည် အစောင့်အကြပ်နည်းသော နေရာများ ဖြစ်သည်။ သို့သော် ကျူးကျော်ဝင်လာသူမှာလည်း လွန်စွာ အစွမ်းထက်သူ ဖြစ်သည်။ သူသည် နန်းတော်၏ အနောက်တံခါးကိုပင် ချိုးဖျက်သွားသည် မဟုတ်ပါလား။

သူ့ရှေ့တွင် ရှိသောလူကို ခြေထောက်နှင့် ကန်လိုက်ပြီး၊ ဘုရင်ကြီးသည် ဒေါသထွက်နေသောခြင်္သေ့တစ်ကောင်လို ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည် “အဲဒီကောင်ကို အသေသတ်…”။

ထို့ပြင် နှင်းမြို့တော်ဘုရင်သည် မျိုးစေ့ကို ဆုံးရှုံးလိုက်ရသည့်အကြောင်းကိုလည်း ပြန်တွေးမိသွားသည်။ သူသည် စိတ်ဆိုးလွန်းသဖြင့် အသက်ရှုသံများ အလွန်ပြင်းထန်နေသည်။

ထို့နောက်ဘုရင်သည် ကျွန်များဘက်သို့လှည့်၍ “ကျင်းကျားဝေ့…ကျင်းကျားဝေ့အယောက်၂၀၀ကို ခေါ်လိုက်…နန်းတော်ထဲ ကျူးကျော်ခဲ့တူလူကို မသတ်နိုင်ရင် မင်းတို့ ပြန်လာစရာ မလိုတော့ဘူး”

ကျင်းကျားဝေ့တပ်ဖွဲ့မှာ သတ္တုချပ်ဝတ်တန်ဆာနှင့် လက်နက်ကိရိယာများ ပြည့်စုံစွာ တပ်ဆင်ထားသော တပ်ဖွဲ့ဖြစ်သည်။

နှင်းမြို့တော်ဘုရင်သည် ဘုရင်ဖြစ်လာပြီးနောက်တွင်၊ ကျင်းကျားဝေ့ များကို သူကိုယ်တိုင် လေ့ကျင့်ပေးခဲခြင်း ဖြစ်သည်။ ကျင်းကျားဝေ့အားလုံးပေါင်း ၁၀၀၀ရှိပြီး။ ၅၀၀ကို မီးလောင်ကုန်းမြို့တော်နှင့်တိုက်ခိုက်ရန် ရှေ့တန်းသို့ စေလွှတ်ထားသည်။ ကျန်သော လူ၅၀၀ကတော့ မြို့တော်ထဲတွင်သာ ရှိနေသည်။ အခုတော့ နှင်းမြို့တော်ဘုရင်သည် ကျူးကျော်သူကို လိုက်ဖမ်းရန် ကျင်းကျားဝေ့ ၂၀၀ကို ထုတ်သုံးတော့မည် ဖြစ်သည်။ ထွက်ပြေးလွတ်မြောက်သွားသော လူတစ်ယောက်နောက်ကို လိုက်ခြင်းသည် အချိန်ဖြုန်းခြင်းပင် ဖြစ်သည်။ အခြားမြို့တော်တစ်ခုမှ ဆင်လိုက်သော ထောင်ခြောက် ဖြစ်နေလျှင်ကော…။

ဘုရင့်နားတွင်ရှိသော လူများသည် ဘုရင်အား နားချရန် စိတ်ကူးလိုက်သော်လည်း မပြောရဲကြပါ။ သူတို့သည် ဘာမှမသိသလိုသာ ဟန်လုပ်နေရသည်။

ကျင်းကျားဝေ့များ၏ တစ်ယောက်ချင်းတိုက်ခိုက်နိုင်သည့်စွမ်းရည်သည် နန်းတော် အစောင့်များလောက် မမြင့်မားသော်လည်း၊ သူတို့သည် သစ္စာရှိကြသည်။ သူတို့သည် ဘုရင့်အမိန့်များကို ဖြစ်မြောက်အောင် ထမ်းဆောင်နိုင်ကြသူများ ဖြစ်သည်။

နှင်းမြို့တော်ဘုရင်က ဆင့်ခေါ်ပြီးနောက် ကျင်းကျားဝေ့များသည် လက်နက်ကိရိယာများကို ပြင်ဆင်ကြသည်။ ထို့နောက်တွင်တော့ သူတို့၏ ပစ်မှတ်ကို ရှာဖွေရန် သားရဲများကို စီးနင်း၍ ထွက်ခွာသွားကြသည်။ သူတို့နှင့်အတူ ပိလော် အကောင်၂၀လောက်လည်း ခေါ်သွားကြသည်။

အမြဲလိုလို ပိတ်ထားလေ့ရှိသော နန်းတော်ဘေးမှ ကျောက်တံခါးကြီးတစ်ချပ် ပွင့်လာသည်။ ထို့နောက် ထိုတံခါးကြီးမှ သံချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော လူ၂၀၀ ထွက်ပေါ်လာ၏။

“ ကျင်းကျားဝေ့ တွေတောင် ဝင်ပါရပြီဆိုတော့

နန်းတော်ထဲခိုးဝင်တာဘယ်သူများလဲ”

“ငါလည်း မသိဘူး…မင်းကော သိလား”

“ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်မြို့ကပဲ ဖြစ်ဖြစ်၊ ဒီကောင့်နောက်ကို ကျင်းကျားဝေ့တွေ လိုက်တော့မှာ သေချာတယ်…အဲဒီအခွင့်အရေးကို အသုံးချပြီး ငါတို့သခင်လေး ခိုင်းလိုက်တဲ့ ကိစ္စကို ပြီးအောင် လုပ်ရမယ်” တစ်ယောက်က ပြောလိုက်သည်။

တချို့လူများသည် နန်းတော်ထဲမှ လူများနှင့် ဝင်ရောက်ရောနှောနေခဲ့သည်။ သူတို့သည် အခွင့်အရေးရသည်နှင့် နှင်းမြို့တော်ကို အင်အားနည်းသွားအောင် ပြုလုပ်မည် ဖြစ်သည်။

ရှောက်ရွှမ်ကတော့ သူ့ကိုလိုက်ဖမ်းရန် နှင်းမြို့တော်ဘုရင်က အမိန့်ထုတ်ထားသည်ကို မသိပါ။ ရှောက်ရွှမ်သည် ထိုအချိန်တွင် မြို့ထဲက ထွက်သွားရန်သာ စဉ်းစားနေပေသည်။

လူအများစုသည် နန်းတော်ဘက်ဆီမှ လှုပ်ရှားသံများကို ကြားလိုက်ရသည်။ သို့သော် အခုအချိန်သည် စစ်ပွဲဖြစ်နေသည့်အချိန်ဖြစ်သောကြောင့် ထိုကဲ့သို့ အသံမျိုးမှာ မထူးဆန်းပေ။ ထို့ကြောင့် သူတို့လည်း လျစ်လျူပြုထားလိုက်သည်။ နန်းတော်ထဲမှ အစောင့်များသည်လည်း အလုပ်ရှုပ်နေသဖြင့် ထိုအသံကို အာရုံမစိုက်လိုက်မိပေ။

လူများသည် ဖြတ်ပြေးသွားသော လူရိပ်တစ်ခုကို မြင်လိုက်ရသော်လည်း ထိုသူ ဘယ်သူလဲ မသိလိုက်ရပေ။ သူတို့သည် ထိုလူအားတားဆီးလိုသည်ဆိုလျှင်တောင်၊ ထိုလူ၏ အမြန်နှုန်းကို သူတို့ လိုက်မမီပါချေ။ ထို့ပြင် ထိုလူသည် ကြုံတွေ့ရမည့် အတားအဆီးများကို မရရအောင် ဖြတ်ကျော်မည့်သူဖြစ်သည်။

ရှောက်ရွှမ်သည် သူ့ရှေ့တွင် ပိတ်ဆို့ထားသော အတားအဆီးများဆီသို့ ပြေးဝင်သွားသည်။

ထိုအချိန်တွင် ဂိတ်တံခါးမှာ မပိတ်သေးပါ။

အချိန်မှာ နေဝင်ချိန်ဖြစ်နေပြီး ကင်းလှည့်သူများ ပြန်လာတော့မည် အချိန်ဖြစ်နေပါသည်။ ထို့ကြောင့် ဂိတ်တံခါးကို ဖွင့်ထားခြင်း ဖြစ်သည်။

အစောင့်များသည် နန်းတော်ထဲတွင် ဖြစ်သွားသော အဖြစ်အပျက်အကြောင်းကို ပြောဆိုနေကြစဉ် လေတိုးသံတစ်ချက်ကို ကြားလိုက်ရသည်။

လူရိပ်တစ်ခုသည် လေကဲ့သို့လျင်မြန်သော အရှိန်နှုန်းဖြင့် ဖြတ်ပြေးသွားခြင်း ဖြစ်သည်။

“ဘာဖြစ်တာလဲ”

“အခုလေးတင် လူတစ်ယောက် ငါတို့နားက ဖြတ်ပြေးသွားတယ်” သူတို့သည် ထိုလူ့နောက်ကို လိုက်လိုသော်လည်း မြန်လွန်းသဖြင့် မလိုက်နိုင်ပါ။

“အဲဒါ နန်းတော်ထဲကို ဝင်လာတဲ့ သုတ်သင်ရေးသမားလား”

“ဂိတ်တံခါး ပိတ်လိုက်ရမလား”

“အခုမှတော့ လုပ်မနေနဲ့…ဘာမှမထူးတော့ဘူး”

“တခြားသုတ်သင်ရေးသမားတွေရှိနေသေးရင် သူတို့ပါ ဒီဂိတ်ကပဲ ထွက်ပြေးရမှာ မဟုတ်လား”

ဂိတ်တံခါးမှ လူများသည် မည်ကဲသို့လုပ်လျှင် ကောင်းမလဲ စဉ်းစားနေကြသည်။ နောက်ဆုံးတွင်တော့ သူတို့သည် ဂိတ်တံခါးကို ပိတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ကင်းလှည့်သူများ ပြန်ရောက်လာမှသာ၊ ဂိတ်တံခါးကို ပြန်လည် ဖွင့်ပေးမည် ဖြစ်သည်။

သူတို့တံခါးပေါက်ကို ပိတ်လိုက်ပြီး မကြာခင်တွင် ဟိန်းဟောက်သံများ ထွက်ပေါ်လာပေသည်။ အသံထွက်ပေါ်လာရာသို့ ကြည့်လိုက်သောအခါ သူတို့သည် ကြောက်ဒူးများ တုန်သွားကြသည်။

“ ကျင်းကျားဝေ့တွေဟေ့…လုပ်ပါ…တံခါးဖွင့်လိုက်ပါ” ခေါင်းဆောင်သည် ပိတ်လက်စတန်းလန်း ဖြစ်နေသော တံခါးကို ပြေးဖွင့်သည်။

ကျင်းကျားဝေ့၂၀၀သည် တံခါးပေါက်မှ ဖြတ်သွားကြသည်။ သူတို့၏ မျက်လုံးများသည် ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြစ်နေကြသည်။ သူတို့ကို တားဆီးလာသူမှန်သမျှကို ညှာတာခြင်းကင်းမဲ့စွာ သတ်ဖြတ်မည်ဖြစ်သည်။ သူတို့ကိုလာတားဆီးသူမှာ နှင်းမြို့တော်က ဖြစ်နေလျှင်တောင် အလွတ်ပေးမည် မဟုတ်ပါ။

လက်နက်ကိရိယာအချင်းချင်း ထိခိုက်မိသံများနှင့်အတူ နာကျင်စွာအော်ဟစ်လိုက်သံများပေါ်ထွက်လာသည်။ ထိုအသံများသည် ၎င်းတို့၏ ရက်စက်မှုများကို ဖော်ပြနေ၏။ မြို့ထဲမှ ကျွန်များသည် ထိုအသံများကို ကြောက်ရွံ့သဖြင့် အိမ်များထဲတွင် တုန်လှုပ်စွာ ပုန်းအောင်းနေကြလေသည်။ ထိုအသံများကို မကြားရအောင်လည်း နားများကို ပိတ်ထားကြသည်။ ဓားခုတ်သံများ၊ နာကျင်စွာ အော်ဟစ်သံများကို နားထောင်ပြီးနောက်၊ အပြင်မှလူများသည် ကျင်းကျားဝေ့များကို ရှောင်ရန် အချိန်မရသဖြင့် အသတ်ခံနေရပြီဖြစ်ကြောင်း သိရှိနိုင်သည်။

All Chapters