မိတ်ဆွေဟောင်းကြီး
Vol. 24 Ch. 348
နှင်းမြို့တော်မှ ထွက်ပြေးလာပြီးသောအခါ ရှောက်ရွှမ်သည် အခန်းထဲတွင် တွေ့ခဲ့သော မြေပုံများကို ပြန်စဉ်းစားကြည့်နေသည်။ သူသည် ကန္တာရထဲမှ အခြားမြို့များသို့ သွားရန် စိတ်ကူးမရှိပါ။ အခုအချိန်တွင် ဘယ်မြို့မှ မအေးချမ်းပါ။ ထို့ပြင် ကျွန်ပိုင်ရှင်များသည် မျိုးနွယ်စုဝင် တိုင်ရင်းသားဆိုလျှင် အကောင်းမမြင်ကြပေ။ စူးလွင်ပင်လျှင် သူ့အကျိုးရှိ၍ ရှောက်ရွှမ်နှင့် ပူးပေါင်းနေခြင်း ဖြစ်သည်။
ထို့ကြောင့် ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်များ ထိန်းချုပ်ထားသော မြို့များနှင့် ဝေးကွာသောလမ်းကြောင်းအတိုင်း ခရီးဆက်လာခဲ့သည်။ သူသည် ထိုဒုက္ခများနှင့် ရင်မဆိုင်လိုပါ။
နဂိုတုန်းကတော့ ရှောက်ရွှမ်သည် ပင်လယ်ဘက်သို့ သွားကြည့်ချင်နေပါသည်။ သူသွားနေ
သော လမ်းကြောင်းအတိုင်း ဆက်သွားမည်ဆိုလျှင် နှင်းမြို့တော်နှင့်အနီးဆုံးသော ပင်လယ်ကို ရောက်သွားမည် ဖြစ်သည်။ သို့သော် ရှောက်ရွှမ်သည် သူ့နောက်မှ လူ၂ယောက်လိုက်လာသည်ကို သတိထားလိုက်မိသည်။ ထိုအခါ အတွေးများကို ဖြတ်ပြီး ထိုလူ၂ယောက်ကို မျက်ခြည်ဖြတ်လိုက်ပါသည်။
ကျင်းကျားဝေ့ပေါင်း၂၀၀ရှိပါသည်။ ရှောက်ရွှမ်သည် သူတို့ကို ရင်ဆိုင်ချင်သည်ဆိုပါက ရင်ဆိုင်နိုင်သော်လည်း ထိုအုပ်စုသည် ကျင်းကျားဝေ့အုပ်စု ဖြစ်သည်။ သူတို့သည် တစ်ဦးချင်းတိုက်ခိုက်လေ့မရှိပါ။ သူတို့သည် သူတို့၏ အားနည်းချက်များကို သိထားပါသည်။ ကျင်းကျားဝေ့များသည် အုပ်စုလိုက်သာ တိုက်ခိုက်လေ့ရှိသဖြင့် ရှောက်ရွှမ်အနေဖြင့် ပြန်တိုက်ခိုက်ရန် အခွင့်အရေးရမည် မဟုတ်ပါ။
ထို့ပြင် ထိုကျင်းကျားဝေ့များကို ကြည့်ရသည်မှာ လူသေများနှင့် တူနေပါသည်။ သူတို့ကို
ပေးအပ်သော တာဝန်ကျေပွန်အောင် ဘာမဆိုလုပ်မည့်သူများ ဖြစ်သည်။
ပိလော်ပြဿနာကိုလည်း ဖြေရှင်းနိုင်သော နည်းလမ်းရှိမည်ဆိုလျှင်၊ ရှောက်ရွှမ်နောက်သို့ မည်သူမှလိုက်လာမည်မဟုတ်ပါ။ သို့သော် ပိလော်များသည် အလွန်ပါးနပ်ပြီး ကျင်းကျားဝေ့များအနားတွင်သာ နေကြသည်။ မသင်္ကာစရာတစ်ခုခု တွေ့လျှင် သူတို့သည် ကျင်းကျားဝေ့တပ်ဖွဲ့ထဲတွင် ဝင်ပုန်းလိုက်ကြ၏။
အတော်ခက်ပေသည်။
ကန္တာရထဲရောက်လာသည့်အချိန်မှစ၍ ရှောက်ရွှမ်သည် တခါမှ အမဲလိုက်မခံရဖူးပါ။ သူသည် လျင်မြန်စွာ ထွက်ပြေးသွားသော်လည်း ပိလော်များက သူ့ကို ရှာတွေ့သွားသည်ချည်းဖြစ်ပါသည်။ ခြေရာဖျောက်ရန် မည်မျှ ကြိုးစား၊ကြိုးစား၊ ပိလော်များကို မျက်ခြည်မဖြတ်နိုင်ပါ။
ထို့ကြောင့် မျက်မမြင်အဖိုးအိုက သတိပေး
လိုက်ခြင်း ဖြစ်မည်။ ပိလော်များလိုက်သည်ကို ခံရပါက လွတ်မြောက်ရန် မလွယ်တော့ပါ။
ရှောက်ရွှမ်သည် ပိလော်များလက်မှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစား၍ မရသေးပါ။ အကျပ်ရိုက်နေခြင်းကို ဖြေရှင်းရန် တတ်နိုင်သမျှ မြန်မြန်သွားရန်သာ ရှိပေသည်။
ရှောက်ရွှမ်သည် ထိုအဖွဲ့ကို တခြားမြို့များသို့ခေါ်သွားပြီး အချင်းသတ်ဖြတ်အောင် လုပ်ရန် ကြံစည်နေ၏။ သို့သော် ရှောက်ရွှမ်တစ်ယောက် ဘာမှမလှုပ်ရှားနိုင်ခင်၊ ရှချီမြို့တော်နှင့် ကောင်းကင်ရထားမြို့တော်မှ လူများ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ အဖြစ်မှာ ရှောက်ရွှမ်ထင်ထားသည်နှင့် တက်တက်စင်အောင် လွဲသွားသည်။ ထိုအဖွဲ့၂ဖွဲ့နှင့် ရှောက်ရွှမ်နောက်ကို လိုက်နေသော အဖွဲ့တို့သည် ဆက်လက်မတိုက်ခိုက်တော့ဘဲ၊ ပူးပေါင်းသွားပြီး ရှောက်ရွှမ်နောက်သို့ အတူတူလိုက်ကြလေတော့သည်။
ရှောက်ရွှမ် တော်တော်အကျပ်ရိုက်သွားသည်။
မြို့၂မြို့မှ လူများသည် သူတို့၏ ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး ကျင်းကျားဝေ့များ နောက်သို့ လိုက်ပါသည်။ နှင်းမြို့တော်အနေနှင့် ကျင်းကျားဝေ့များကို ထိုလူနောက်သို့ လိုက်ခိုင်းခြင်းမှာ၊ ထိုလူသည် တော်တော်အရေးပါ၍ ဖြစ်မည်ဟု သူတို့ တွေးမိလိုက်ကြသည်။
ထိုသူသည် ဘာများထူးခြားနေသနည်း။ နှင်းမြို့တော်မှ တန်ဖိုးရှိသော ပစ္စည်းများကို ခိုးယူလာခြင်းလား။
လူတိုင်းကတော့ ကိုယ်ကျိုးလိုချင်ကြသည့် လူများဖြစ်သည်။ ရှချီမြို့တော်နှင့် ကောင်းကင်ရထားမြို့တော်မှ လူများသည် အချင်းချင်း မတိုက်ခိုက်ကြတော့ပေ။ သူတို့ရှေ့တွင်ရှိသော လူကို ဖမ်းရန်၊ ထိုလူခိုးလာသော ရတနာပစ္စည်းကို သူတို့ဘုရင်အား ဆက်သရန် စဉ်းစားနေကြသည်။ ထိုသို့ပြုလုပ်ခြင်းက သူတို့အတွက် အကျိုးပိုရှိမည် မဟုတ်ပါလား။
ရှောက်ရွှမ်သည် သူ့နောက်ကို လိုက်နေသူများကို ကြည့်လိုက်သောအခါ၊ ထိုသူများသည် ဆက်လက် မတိုက်ခိုက်တော့ကြောင်းကို တွေ့လိုက်ရသည်။ ရှောက်ရွှမ်သည် လက်ရှိအကျပ်အတည်းမှ လွတ်မြောက်ရာ၊လွတ်မြောက်ကြောင်းကို စဉ်းစားနေပေသည်။
သူသည် နှင်းမြို့တော်အုပ်ချုပ်သော နေရာဒေသမှ ထွက်ခွာလာသည်မှာ ကြာပြီဖြစ်သည်။ နှင်းများမကျတော့သဖြင့်၊ ကန္တာရထဲတွင် အလွန်ပူလောင်နေပေသည်။
ရှောက်ရွှမ်သည် သဲသောင်ကုန်းများ၏ အရိပ်အောက်တွင် ခဏနားလိုက်သည်။ သို့သော် အချိန်ကြာကြာ အနားယူ၍ မရပေ။
“ရှပ်…ရှပ်…ရှပ်”
သဲသောင်ကုန်းများမှ သဲများ ၊ အောက်ဘက်သို့ လျောဆင်းသွားပေသည်။
ရှောက်ရွှမ်သည် အရင်ပုန်းအောင်းလိုက်ပြီး အသံလာရာသို့ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မတွေ့ရပေ။ ရှောက်ရွှမ်သည် ကန္တာရထဲမှ သားရဲအကုန်လုံးကို မသိပါ။ တချို့သားရဲများသည် သဲပြင်အောက်တွင် ပုန်းအောင်းနေတတ်ကြသည်။ ပိရိစွာပုန်းအောင်းတတ်သဖြင့် ရှောက်ရွှမ်ပင်လျှင် တခါတလေ သတိမထားမိဘဲ၊ ထိုသားရဲများပေါ် တက်နင်းမိတတ်ကြသည်။
သို့သော် အခုတစ်ခေါက်ကတော့ အကောင်ငယ်လေးများမဟုတ်ပါ။ သဲသောင်ကုန်းအောက်မှ ထွက်လာသော သတ္တဝါမှာ ဧရာမအကောင်ကြီး တစ်ကောင် ဖြစ်ပေသည်။
ရှောက်ရွှမ်သည် လှုပ်ရှားမှုတွေ့လိုက်သောအခါ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
သားရဲကြီးသည် နှာမှုတ်လိုက်သောအခါ နှာခေါင်းပေါက်ထဲမှ သဲများ အပြင်သို့ ထွက်လာသည်။
ရှောက်ရွှမ်သည် ထိုသားရဲကြီးကို ကြည့်ရင်း ရင်းနှီးသလို ခံစားမိပေသည်။
တစ်ရေးအိပ်ပြီးနောက် သဲအောက်မှ ထလာသော သားရဲကြီးမှာ သူ့နားတွင် တစ်ယောက်ယောက် ရောက်နေကြောင်းသိလိုက်သည်။ ထိုအခါ သားရဲကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သို့သော် ရှောက်ရွှမ်ကို တွေ့သောအခါ၊ ဟိန်းဟောက်သံ ပျောက်သွား၏။
ချိုတစ်ချောင်း တောက်တဲ့ကြီးသည် အော်သံ တစ်ဝက်တစ်ပျက်နှင့် ရပ်သွားသည်။
ရှောက်ရွှမ်သည် အခုလို အကျပ်အတည်းနှင့် ကြုံနေရသည့်အချိန်မဟုတ်ပါက၊ ထိုတောက်တဲ့ကြီးကို နှုတ်ဆက်မိမည် ဖြစ်သည်။
ထိုသားရဲကြီးမှာ ရှောက်ရွှမ်နှင့် သားသတ်ရုံကြီးထဲတွင် ဆုံခဲ့သော သားရဲကြီးဖြစ်ပေသည်။ အခုတစ်ခေါက်တွင်တော့ ၎င်း၏မျက်လုံးနားတွင်
အနီရောင်အမှတ်အသားများကို မတွေ့ရပေ။
သားရဲမြို့တော်တွင် ဖြစ်ခဲ့သော ရုန်းရင်းဆန်ခတ်မှုကြောင့် ပိုင်ရှင်မဲ့သားရဲများသည် သားသတ်ရုံကြီးအပြင်ဘက်သို့ ထွက်ပြေးလာကြသည်။ ရှောက်ရွှမ်သည် ချိုတစ်ချောင်းတောက်တဲ့ကြီးကို ဤနေရာတွင် တွေ့ရမည်ဟု မမျှော်လင့်ထားပေ။
ရှောက်ရွှမ်သည် ထိုတောက်တဲ့ကြီး သူ့ကို လက်စားချေမှာ စိုးရိမ်နေသဖြင့် ရှောင်ထွက်သွားချင်နေသည်။ သို့သော် တောက်တဲ့ကြီးက ရှောက်ရွှမ်ထက်ပင် စိုးရိမ်နေပါသေးသည်။ သားသတ်ရုံကြီးထဲတွင် ဖြစ်ပေါ်ခဲ့သော အကြောက်တရားက ၎င်း၏ စိတ်ထဲတွင် ပြန်ပေါ်လာသည်။ သားရဲကြီးသည် အသက်ကိုပြင်းထန်စွာ ရှူနေရသည်။
လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကဲခတ်နေကြသည်။ ထိုအချိန်တွင် မြေကြီးအောက်မှ အပြာရောင် ချေးပိုးထိုးလေး တစ်ကောင် ထွက်ပေါ်လာ
သဖြင့် တင်းမာနေသော အခြေအနေသည် လျော့ပါးသွားသည်။
ချိုတစ်ချောင်းတောက်တဲ့ကြီးသည် အခွင့်အရေးကို အရယူကာ ထွက်ပြေးသွားပါသည်။ ထိုအခါမှ ရှောက်ရွှမ်လည်း သက်ပြင်းချလိုက်နိုင်ပြီး နီလာကို ကြည့်လိုက်သည်။
ကျွန်ပြုခြင်းအောင်မြင်ပြီးခါစက၊ ထိုချေးပိုးထိုးသည် မစင်လုံးများကိုသာတွန်းနေလေ့ရှိပါသည်။ အခုတော့ ၎င်း၏ ကျောကုန်းသည် ရတနာတစ်ခုလို တောက်ပနေပြီး၊ ပုန်းလျှိုးကွယ်လျှိုးသွားလာရာတွင်လည်း ရှောက်ရွှမ် ထက်ကျွမ်းကျင်နေပြီ ဖြစ်သည်။ နီလာတစ်ကောင် မြေအောက်တွင် ဘာသတ္တဝါနှင့် ရင်ဆိုင်လာရသလဲ ရှောက်ရွှမ်မသိပါ၊ သူ့ကျောပေါ်တွင် ဒဏ်ရာတစ်ခု ရှိနေသည်။ ထိုဒဏ်ရာသည် အခုထက် အနည်းငယ်သာ ပိုနက်ပါက၊ အသက်အန္တရာယ်ကို စိုးရိမ်ရမည် ဖြစ်သည်။ လက်ရှိဒဏ်ရာသည် အသက်အန္တရာယ်ကို စိုးရိမ်စရာ မလိုသော်လည်း ၊ အတော်ပြင်းထန်သည့် ဒဏ်ရာ
တစ်ခုဖြစ်သည်။ အတောင်ပံများလည်း ကျိုးနေသောကြောင့်၊ မပျံနိုင်တော့ပါ။
နီလာသည် မြေပြင်ပေါ် သို့မဟုတ် သဲပြင်အောက်တွင်သာ ကျက်စားလြေရှိသော်လည်း အရေးကြီးသော အချိန်များတွင် အသက်အန္တရာယ်မှ ရှောင်ရှားရန် ပျံလေ့ရှိသည်။ အခုတော့ နောက်တစ်ကြိမ်သားရဲကြီးများနှင့် ရင်ဆိုင်ရလျှင် ပျံသန်းနိုင်တော့မည် မဟုတ်ပါ။
နီလာသည် အခြားချေးပိုးထိုးများစွာနှင့် အဖွဲ့ကျနေကြောင်း ရှောက်ရွှမ် သိထားပါသည်။ သို့သော် ထိုချေးပိုးထိုးများသည် နီလာ့နောက်သို့ ဆက်မလိုက်နိုင်တော့ကြပါ။
ရှောက်ရွှမ်သည် နီလာ၏ ချေးပိုးထိုးနောက်လိုက်များ မည်မျှများသည်ကို မသိပါ။ ပြီးခဲ့သောတစ်ခေါက်က အရေအတွက်လောက်နှင့်ဆိုလျှင်တော့ ကျင်းကျားဝေ့၂၀၀ကို တားနိုင်မည်မဟုတ်ပါ။ ကျင်းကျားဝေ့၂၀၀အပြင်၊ မြို့၂မြို့မှလူများလည်း ရှိပါသေးသည်။
နီလာ၏ ဒဏ်ရာကို ကြည့်လိုက်ပြီးသောအခါ၊ ရှောက်ရွှမ်သည် ဘာလုပ်ရမှန်း မသိပါ။ ဝံပုလွေတို့၊ခြင်္သေ့တို့လို သတ္တဝါများဆိုလျှင်တော့ သူကုသတတ်သည်။ သို့သော် ပိုးမွှားများကိုတော့ သူမကုတတ်ပါ။
“ဒီဒဏ်ရာကို ငါတို့ဘယ်လိုလုပ်ကြမလဲ” ရှောက်ရွှမ်သည် နီလာ၏ ကျောပေါ်မှ ဒဏ်ရာကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
နီလာသည် ရှောက်ရွှမ်၏ ဘေးနားသို့ရောက်လာသည်။ ၎င်းသည် စိတ်ခံစားချက်များကို ထုတ်မပြောတတ်သဖြင့် ရှောက်ရွှမ်နားတွင်သာ တဝဲလည်လည် ဖြစ်နေသည်။
နီလာ၏ စိတ်ထဲတွင် ဘာဖြစ်နေလဲ ရှောက်ရွှမ် နည်းနည်း နားလည်လိုက်သည်။
“အဆင့်မြှင့်ပေးရဦးမှာလား” ရှောက်ရွှမ်သည် သိပ်တော့ မသေချာပါ။ ဒုတိယအကြိမ် အဆင့်
မြှင့်တင်ပေးခြင်း ပြုလုပ်ထားသည်မှာ သိပ်မကြာသေးပါ။ တတိယအကြိမ် အဆင့်မြှင့်တင်ပေးခြင်းကို၊ နီလာ ခံနိုင်ရည်ရှိပါ့မလား။ စွမ်းအင်ကို မထိန်းချုပ်နိုင်ပါက သေသွားမည် ဖြစ်သည်။
သို့သော် နီလာ၏ဒဏ်ရာကိုကြည့်ပြီးသောအခါ ရှောက်ရွှမ်သည် သူ၏ဆန္ဒကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်သည်။
ဆီဆညဒဏ်ရာရတုန်းကတော့ ရှောက်ရွှမ်သည် လျှို့ဝှက်သောနည်းဖြင့် နာမည်ရေးထွင်းခဲ့သည်။ အခုအဆင့်မြှင့်ခြင်းသည်လည်း နီလာ့အသက်ကို ကယ်ချင်ကယ်နိုင်လိမ့်မည်။
သို့သော် စွန့်စားရမည် ဖြစ်သည်။ နည်းနည်းလောက်လွဲသွားသည်နှင့် ၊ လုပ်သမျှ အလကားဖြစ်သွားမည် ဖြစ်သည်။
ခဏအကြာတွင် ရှောက်ရွှမ်၏ လက်ထဲတွင် အပြာရောင်မီးတောက် ပေါ်လာပါသည်။ အဆင့်မြှင့်ရန်အတွက် ရှောက်ရွှမ်သည် အာရုံစူးစိုက်ပြီး
စွမ်းအင်များကို ထိန်းချုပ်လိုက်သည်။
စိတ်လှုပ်ရှားနေသော အပြာရောင် ချေးပိုးထိုးလေးကို ကြည့်ရင်း၊ ရှောက်ရွှမ်သည် “ကံကောင်းပါစေကွာ”ဟု ဆုတောင်းနေမိသည်။