တွင်းပေါက်ကြီးအဆုံး
Vol. 24 Ch. 351
အရိုးများနာကျင်နေခြင်းဝေဒနာနှင့် အသက်ရှုမဝသောကြောင့် ဖြစ်ပေါ်လာသော မူးဝေခြင်းတို့ကို ရှောက်ရွှမ်သည် အံကြိတ်ခံလိုက်သည်။ မညီညာသော ကျောက်သားမျက်နှာပြင်ကို လက်များဖြင့် အမိအရဖမ်းဆုပ်ထားရသဖြင့် ဝေဒနာကို အံကြိတ်ခံရုံသာတတ်နိုင်သည်။ သူ့လက်များကိုလွှတ်ပစ်လိုက်ပါက ထိုနေရာတွင် ဖြစ်ပေါ်နေသော အားလှိုင်းများကြောင့် ပင်လယ်ထဲမှ ဝဲဂယက်ထဲသို့ ပြုတ်ကျသွားမည်ဖြစ်ပြီး သေဆုံးသွားမည် ဖြစ်သည်။
ထိုနေရာကို မမြင်ရသော ပိုက်ကွန်ကြီးတစ်ခုက ဝိုင်းရံထားသလိုဖြစ်နေပြီး ထိုပိုက်ကွန်ကို ထိမိသော သတ္တဝါမှန်သမျှ ထိုပိုက်ကွန်တွင် ငြိမိနေမည်ဖြစ်သည်။ ခွန်အားကြီးလှသော အားလှိုင်းကြီးအောက်တွင် ရှောက်ရွှမ်သည် သူ့ဒဏ်ရာများကို ကုသနေရန် အချိန်မရပါ။ သွေးထွက်နည်း
သွားစေရန် ဒဏ်ရာနားတဝိုက်တွင် နတ်စွမ်းအင်ကိုသာ လှည့်လည်နေစေလိုက်သည်။
ရှောက်ရွှမ်သာ အဆင့်မြင့် စစ်သည်တော်တစ်ယောက်၏ အားမျိုးကို မပိုင်ဆိုင်ထားပါက၊ ကျောက်တုံးကို မြဲမြံစွာကိုင်ဆွဲမထားနိုင်ပါက ရှောက်ရွှမ်သည် ထိုအခြေအနေမျိုးကို ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပါ။
နောက်ဆုံးတွင် ရှောက်ရွှမ်သည် သတိမေ့မြောမလို ဖြစ်လာပြီး အရာအားလုံးသည် ဇော်ထိုးမိုးမျှော်တွေ ဖြစ်ကုန်သည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားပြီး ပင်လယ်ဆီမှ ဖြစ်ပေါ်နေသော ဖိအားပျောက်ကွယ်သွားသည်ကို ရှောက်ရွှမ်ခံစားလိုက်ရသည်။ ထိုနားတွင် ဖြစ်ပေါ်နေသော အားလှိုင်းကြီးလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထိုအခါကျမှ သူ့ကြွက်သားများနှင့် အရိုးများမှာ သက်သာခွင့်ရသွားသည်။ ရှောက်ရွှမ်သည်
အစောင့်ကို အကျခံလိုက်ခြင်းမဟုတ်ပါ၊သူ့တွင် အားလုံးဝမရှိတော့သောကြောင့် ထိုကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည်။
ရုတ်ခြည်းအတွင်း အပြောင်းအလဲမှာ ပြီးဆုံးသွားသည်။ ခဏတာမျှ စိတ်အေးသွားရပြီ ဖြစ်သောကြောင့် ရှောက်ရွှမ်စိတ်သက်သာရာရသွားသည်။ အခုမှပင် သက်ပြင်းချနိုင်ပြီး အသက်ကို ပုံမှန်ရှူရန် ကြိုးစားနေရသည်။ အခုမှပင် အသက်ရှူဝသွားသည်။
ထိုအခါ ရှောက်ရွှမ်သည် မျက်လုံးဖွင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ သူသည် ပင်လယ်ရေငန်မရှိသော အခြားကမ္ဘာတစ်ခုသို့ ရောက်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်နေလေသည်။ သို့သော် ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သောအခါ သူသည် နဂိုမူလကျောက်တုံးကိုသာ ကိုင်ဆွဲထားကြောင်း သတိပြုမိလိုက်သည်။ သူ့နောက်တွင်လည်း ပင်လယ်ကြမ်းပြင်မှ ထိုးထွက်နေသော ကျောက်ကမ်းပါးစွန်းများရှိနေသေးသည်။ ကွာခြားသောအချက်ဟူ၍ ယခု
ရောက်နေသော နေရာတွင်ရှိသော ပင်လယ်သည် ရေလုံးဝခမ်းခြောက်မတတ်ဖြစ်နေသည်။ထို့ပြင် ရှောက်ရွှမ်၏ အဝတ်အစားများ၊ဆံပင်များနှင့် မြေပြင်ပေါ်ရှိ ကျောက်တုံးပေါ်တွင် ကပ်နေသော ရေညှိများမှာ ခြောက်ကပ်နေပါသည်။
ကျောက်သားမြေပြင်ပေါ်တွင် ကပ်နေသော ရေညိုခြောက်များသည် ထိမိရုံနှင့် ကြေမွသွားလေသည်။ ဘူးထဲတွင်ပါလာသော ရေလက်ကျန်ကို အကုန်သောက်လိုက်သဖြင့် ရှောက်ရွှမ်တွင် သောက်ရေမရှိတော့ပါ။ ရေသောက်လိုက် သော်လည်း ထိုရေပမာဏမျှသည် သူ့ကိုယ်တွင်း အစိုဓာတ်ထိန်းရန် မလုံလောက်ပေ။ သို့သော် သူကတော့ လက်ကျန်ရေကို အလောတကြီး မော့ချလိုက်သည်။
သူ့နားတွင် ဟောင်းလောင်းပေါက်ကြီး တစ်ခုဖြစ်ပေါ်နေသည်။ ထိုဟောင်းလောင်းပေါက်ကြီး၏ အပြင်ဘက်တွင် ပင်လယ်သည် အပေါ်မှအောက်သို့ ဆက်လက်စီးဆင်းနေသော်လည်း ကျောက်သားမြေပြင်အထိတော့ ရောက်မလာ
တော့ပေ။
ပတ်ဝန်းကျင်သည် မှောင်မည်းနေပြီ ဖြစ်သည်။ ပင်လယ်နှင့် အနည်းငယ်အလှမ်းဝေးသော နေရာသို့ရောက်နေသဖြင့် အလင်းရောင်အနည်းငယ်သာ ရှိလေသည်။ ရှောက်ရွှမ်ကတော့ အထူးအမြင်အာရုံကို အသုံးချကာ ကြည့်လို့ရလေသည်။
ရှောက်ရွှမ်သည် ကျောက်သားမြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ရှေ့ဆက် ဘာလုပ်လျှင်ကောင်းမလဲ စဉ်းစားနေမိသည်။
အသက်ရှူမဝသော ဝေဒနာမှာ တဖြည်းဖြည်းလျော့ပါးသွားသည်။ သူရောက်နေသော နေရာသည် အောက်ဆီဂျင်ပမာဏနည်းပါးသော်လည်း ရှောက်ရွှမ်က ခံနိုင်ရည်ရှိပါသည်။ အောက်ဆီဂျင်နည်းပါးခြင်းသည် အောက်ဆီဂျင်လုံးဝမရှိခြင်းထက် တော့ သာပါသေးသည်။
စိတ်များတည်ငြိမ်သွားသောအခါ သူ့ခန္ဓာကိုယ်
မှာလည်း အားအင်များ ပြန်လည်ပြည့်ဝလာသည်။ သူသည် အပြင်ထွက်လိုသော်လည်း ထိုအပြောင်းအလဲသည် ဘယ်အချိန်တွင် ပြီးဆုံးမလဲ သူမသိပါ။ သူသည် ဆက်လက်စောင့်ရကောင်းမလား တွင်းပေါက်ကြီးအတိုင်း လျှောက်သွားလျှင် ကောင်းမလား ဆုံးဖြတ်ရခက်နေသည်။
ကြိုးထုံးဗေဒင်ဟောကြည့်လျှင်ကောင်းမလား။ သို့သော် သူ့တွင် ကြိုးပါမလာပေ။ အင်္ကျီကို ဖြဲပြီး ကြိုးလုပ်လို့ရမည်လား။
အခုတစ်ခေါက်တွင် ရှောက်ရွှမ်သည် အောင်မြင်မည် မအောင်မြင်မည်ကို မသိသဖြင့် ဗေဒင်ပေါ်ချည်းပဲ အားမကိုးတော့ပါ။သူသည် နတ်ဆေးဆရာ၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ “ရွေးချယ်ရခက်တဲ့အချိန်မျိုးဆို နတ်မီးတောက်ဆီကနေ အဖြေတောင်းယူပါ…အမှောင်ထဲရောက်နေချိန်ဆို မီးရောင်က အမှောင်ကို ခွင်းပေးလိမ့်မယ်”။ အခြေအနေက သူကျောက်တုံးတီကောင်များ၏ ဂူထဲတွင် ပိတ်မိနေတုန်းက အခြေအနေနှင့် တူနေသည်။
မျက်လုံးများကို မှိတ်လိုက်ပြီး သူ့စိတ်ထဲမှ နတ်မီးတောက်ကို ခံစားကြည့်လိုက်ပြီး မီးလျှံများ၏ လှုပ်ရှားမှုကို သေချာစောင့်ကြည့်နေလိုက်သည်။ ထိုအချိန်တွင် သူသည် မီးတောက်များနှင့် တသားတည်းဖြစ်သလို ဖြစ်သွားသည်။
မီးတောက်များသည် ကခုန်နေပြီး အရပ်မျက်နှာတစ်ဖက်သို့ ညွှန်ပြနေပါသည်။ ရှောက်ရွှမ်သည် မီးတောက်များ၏ လှုပ်ရှားမှုကို ဆုံးဖြတ်ရာတွင် မှားယွင်းလေ့မရှိပါ။ ထို့နောက် ရှောက်ရွှမ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ရှေ့သို့ ကြည့်နေလိုက်သည်။ ထိုအရပ်မျက်နှာသည် မီးတောက်က ညွှန်ပြနေသော အရပ်မျက်နှာဖြစ်သည်။ အဆုံးသတ်ကို မသိရသေးသလို နောက်တချိန်တွင် မည်သို့လမ်းမျိုးကို လျှောက်နေရမည်လဲဆိုတာကိုလည်း မခန့်မှန်းနိုင်သေးပေ။
အနားတွင် စီးဆင်းနေသော ပင်လယ်ပြင်ကို ကြည့်လိုက်ပြီးနောက် ရှောက်ရွှမ်သည် စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်
ပြီး သူ့ခြေထောက်များကို ရှေ့ဘက်သို့ ဦးတည်လိုက်သည်။
တုန့်ဆိုင်းနေလျှင် အချိန်ကုန်ရုံသာရှိမည်။ ဆုံးဖြတ်ချက်ချပြီးသွားသဖြင့် သူ့ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ရန်သာရှိတော့သည်။
ဟောင်းလောင်းပေါက်ကြီးသည် မည်သည့်အချိန်ထိ ဆက်ရှိနေမလဲကို ရှောက်ရွှမ်မသိပါ။ ထိုဟောင်းလောင်းပေါက်ကြီးသည် လမ်းတစ်ဝက်ရောက်မှ ပျောက်ချင် လည်းပျောက်သွားနိုင်သည်။ သို့သော် နတ်မီးတောက်က ရွေးချယ်ထားသော လမ်းဖြစ်၍ ကြိုးစားသွားကြည့်ရမည်ဖြစ်သည်။ အမှန်တကယ်တော့ မျိုးနွယ်စုနတ်မီးတောက် ဟောကိန်းကို မသုံးလည်း ရှေ့ဆက်သွားရမည်ဆိုတာ ရှောက်ရွှမ်သည် သူ့စိတ်ထဲက အလိုလိုသိနေသည်။
အမှန်တကယ်တော့ အပြောင်းအလဲပြီးဆုံးသည့်အချိန်ထိ ထိုနေရာတွင် စောင့်နေခြင်းက ဘေးကင်းပါသည်။ သို့သော် ရှောက်ရွှမ်က နတ်
မီးတောက်ဟောကိန်း အတိုင်းသာ ဆက်လုပ်ရန် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ နောက်ပြန်လှည့်လို့မရသော လမ်းဖြစ်နေလျှင်လည်း သူကတော့ လက်လျှော့တော့မည် မဟုတ်ပါ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။ ပြင်ပကမ္ဘာမှ အသံများလုံးဝ ပျောက်ကွယ်နေပါသည်။ ထွက်ပေါ်နေသော အသံဆိုလို့ ရှောက်ရွှမ်၏ ခြေသံများပင် ရှိသည်။
ဆာလောင်လာသောအခါ ကျောက်တုံးပေါ်တွင်ကပ်နေသော ရေညှိများကို စားလိုက်သည်။ ထိုပင်လယ်ရေညှိမှာ အလွန်ရှားပါးသော အပင်တစ်မျိုးဖြစ်ပါသည်။ ရေဓာတ်ခမ်းခြောက်နေချိန်မှာပင် ကျောက်တုံးပေါ်တွင် ဆက်လက်ကပ်တွယ်နေနိုင် သေးသည်။ အရသာကတော့ မကောင်းသလို အဟာရလည်း မပြည့်ဝပါ။ သို့သော် ထိုအပင်များရှိနေခြင်းကြောင့် ရှောက်ရွှမ်သည် အစာငတ်၍မသေနိုင်တော့ပါ။
ထိုရေညှိပင်များသည် ရေဓာတ်ခမ်းခြောက်နေ
သော်လည်း ကျောက်တုံးများတွင် ကောင်းစွာ အမြစ်တွယ်နိုင်သည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ အရာအားလုံးပုံမှန် ပြန်ဖြစ်၍ ပင်လယ်ရေများ ပြန်ပြည့်လာချိန်တွင် ထိုရေညှိပင်များသည် ပုံမှန်အတိုင်း ဆက်လက် ရှင်သန်သွားကြမည်ဖြစ်သည်။
ရှေ့ဆက်သွားလေ တွင်းပေါက်ကြီးမှာ မှောင်မည်းလာလေဖြစ်သည်။ အစပိုင်းတွင်တော့ တွင်းပေါက်အပေါ်မှလာသော အလင်းရောင်မှိန်မှိန်လေးရှိသေးသော် လည်း တွင်းနက်ပိုင်းထဲရောက်သောအခါတွင်တော့ အလင်းရောင်လုံးဝ ပျောက်ကွယ်သွားသည်။
ရှောက်ရွှမ်သည် သူထိုတွင်းနက်ကြီးထဲတွင် လမ်းလျှောက်နေသည်မှာ ဘယ်လောက်ကြာပြီ ဖြစ်သလဲ မသိသလို၊ ပင်လယ်ရေညှိများကို စားနေရသည်မှာ ဘယ်လောက်ကြာပြီ ဖြစ်သလဲ မသိပါ။နေ့စဉ်နှင့်အမျှ ရှေ့ကိုဆက်ပြေးသွားသည်၊ ထို့နောက် အနားယူသည် အစာအစားသည်။ ထိုအချိန်တွင် တွင်းပေါက်ကြီးသည် မူလ
အခြေအနေသို့ ပြန်ရောက်သွားပါက ရှောက်ရွှမ်သည် ပင်လယ်ရေပြင်အောက် ရောက်သွားမည်ဖြစ်သည်။ ထိုဘေးအန္တရာယ်ရှိသောကြောင့် ရှောက်ရွှမ်သည် မြန်နိုင်သမျှ မြန်မြန် ရှေ့ဆက်သွားနေသည်။
ကံကောင်းချင်တော့ သူ့ကို ယန်ဆွေ့ပေးလိုက်သော မိုးကျောက်တုံးမှ သောက်ရေကို ရရှိနိုင်ပေသည်။ ထိုကျောက်တုံးတွင် ငွေ့ရည်ဖွဲ့နိုင်သောအစွမ်းရှိသည်။ ထိုတွင်းပေါက်ကြီးထဲတွင် ရေမရှိရခြင်းမှာ ထိုတွင်းပေါက်ကြီး၏ ဖွဲ့စည်းပုံကြောင့် ဖြစ်သည်။ အပြောင်းအလဲပြီးသွားလျှင်တော့ ရေများသည် ပုံမှန်အတိုင်း ပြန်လည် ထွက်ပေါ်လာမည်ဖြစ်သည်။ ထိုနေရာသည် ပင်လယ်အောက်ကြမ်းပြင်မဟုတ်သော် လည်း ရေများရှိခဲ့ဖူးသည့်နေရာဖြစ်သောကြောင့် မိုးကျောက်တုံးသည် ငွေ့ရည်ဖွဲ့ခြင်းကို လျင်မြန်စွာ လုပ်ဆောင်နိုင်ပေသည်။
ထိုကျောက်တုံးပါလာခြင်းမှာ ရှောက်ရွှမ်တစ်ယောက် အလွန်ကံကောင်းခြင်းဖြစ်သည်။ ထို
ကျောက်တုံးသာ မပါပါက ရှောက်ရွှမ်သည် ရေငတ်၍ သေဆုံးတော့မည် ဖြစ်သည်။
ရှောက်ရွှမ်သည် ပင်လယ်ရေညှိများကို အရသာမခံဘဲ စားနေလိုက်သည်။ ထိုအချိန်တွင် အလင်းရောင်မှိန်မှိန်တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင်သည် ခဏပေါ်လာခြင်းလား သို့မဟုတ် တွင်းပေါက်အဆုံးသို့ရောက်ခါနီး၍ ပေါ်လာခြင်းလား ရှောက်ရွှမ်မသိပါ။ တောင်နံရံကြီးတစ်ခုကို မြင်သောအခါမှ ရှောက်ရွှမ်သည် သူလမ်းဆုံးရောက်နေပြီ ဖြစ်ကြောင်း သိရှိသွားသည်။
တွင်းပေါက်ကြီးသည် လမ်းဆုံးသွားပေပြီ…တွင်းပေါက်ကြီး၏ နံရံသည် တောင်နှင့် ဆက်သွယ်လျက်ရှိသည်။ ပတ်ဝန်းကျင်ကတော့ ဘာမှမပြောင်းလဲဘဲ အရင်အတိုင်းပင် ရှိပါသေးသည်။
နောက်ဆုံးအားကိုးရာတစ်ခုအနေနှင့် ရှောက်ရွှမ်သည် ပင်လယ်ကြီး၏ မူလအခြေအနေသို့ ပြန်ရောက်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
သူသည် နေ့စဉ် စားသည်၊ သောက်သည်။ ထို့ပြင် မကြာခင်တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော ဝဲဂယက်တစ်ခုကို ရင်ဆိုဖို့ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှု ရှိနေစရန် အပြေးလေ့ကျင့်သည်။
ခဏအကြာတွင်တော့ ပင်လယ်၏ လှုပ်ရှားမှုမှာ ပြောင်းလဲလာပါသည်။ ခဏအတွင်း လေငြိမ်သွားပြီး ရှောက်ရွှမ်နားတွင် ရှိသော ရေငွေ့များမှာ သိပ်သည်းလာ၏။ ထို့နောက်တွင်တော့ ပြင်းထန်သော အားလှိုင်းကြီး ပြန်ဖြစ်ပေါ်လာသည်။
ရှောက်ရွှမ်ကတော့ အသက်အောင့်ထားလိုက်ပြီး မြေပြင်ပေါ်တွင်ရှိသော ကျောက်တုံးကို မြဲမြံစွာ ကိုင်ထားလိုက်သည်။ အဖြစ်အပျက်များပြီးဆုံးသွားသောအခါ ရှောက်ရွှမ်သည် ရေပြင်ပေါ်သို့ ကူးခတ်လာလေသည်။
“ဗွမ်း…”
ပင်လယ်ရေမျက်နှာပြင်ထက်တွင် ခေါင်းတစ်လုံးထွက်ပေါ်လာသည်။ လေကို ဝအောင် ရှူ
လိုက်သောအခါ ပင်လယ်ရနံ့ကိုပါ ရှူရှိုက်မိသွားသည်။ ပင်လယ်ထဲရှိခဲ့သောအချိန်များအတွင်း ရှောက်ရွှမ်သည် အထူးအမြင်အာရုံကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် အပြောင်းအလဲ ပြီးသွားသောအခါ ရှောက်ရွှမ်သည် တောက်ပနေသော ကမ္ဘာနှင့် အသားကျနေပြီ ဖြစ်သည်။
မျက်လုံများကို ဖွင့်လိုက်သောအခါ နေရောင်ခြည်အလင်းတန်းတို့ကို တွေ့မြင်လိုက်ရသည်။ ထိုအခါ ရှောက်ရွှမ်သည် လေးနက်စွာတွေးမိလိုက်သည်။ ထိုနှစ်သည် ဘာနှစ်ဖြစ်သည်ဆိုသည်ကိုလည်း ရှောက်ရွှမ်မသိပါ။
သူ့ရှေ့တွင် ရှိသည်ကတော့ တောင်ကမ်းပါးစွန်း မဟုတ်ဘဲ ကုန်းမြေပြင်တစ်ခု ဖြစ်လေသည်။
မြေပြင်ပေါ်တွင် ရှားစောင်းပင်များပေါက်နေပါသည်။ ကုလားအုတ်နှင့်တူသော သတ္တဝါများသည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေပြီး ရှားစောင်းပင်မှ ပန်းများကို ကိုက်ဝါးနေ၏။
ရှားစောင်းပင်မှ ပန်းများကို ဝါးနေရင်း ပင်လယ်ကိုကြည့်နေသော ကုလားအုတ် တစ်ကောင်သည် ရေထဲတွင် လူတစ်ယောက်မြောလာသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ၎င်း၏နားရွက်များ တဖြတ်ဖြတ်လှုပ်ခါသွားလေတော့သည်။