← Chapters

ကုန်းမြေအသစ်

Vol. 24 Ch. 352

ကုန်းမြေအသစ်

Vol. 24 Ch. 352

ရှောက်ရွှမ်သည် ပင်လယ်ထဲမှနေ၍ ကမ်းခြေသို့ ကူးခတ်လာခဲ့သည်။ ပင်လယ်ပြင် သည် အပြောင်းအလဲ ဖြစ်ပြီးခါစ ဖြစ်နေ၍ ရှောက်ရွှမ်နားတွင် ဘာသတ္တဝါမှ မရှိပါ။ သို့သော် အချိန်ကြာလာလျှင်တော့ ပင်လယ်နေသတ္တဝါများ ပြန်ရောက်လာမည်ဖြစ်သည်။

ရှောက်ရွှမ်သည် မစွန့်စားရဲသေးပေ။ မြေပြင်ပေါ်သို့ရောက်သောအခါ ရှောက်ရွှမ် စိတ်အေးသွားသည်။ ပင်လယ်ထဲရှိစဉ်အချိန်တုန်းက ကျောက်တုံးများပေါ်တွင် လမ်းလျှောက်ရသော်လည်း သက်တောင့်သက်သာ မဖြစ်ပေ။ ပင်လယ်ရေများ ဝိုင်းနေသော နေရာဖြစ်သဖြင့် မြေသားစင်စစ်ဟူ၍ မရှိပါ။ထို့ပြင် ရှောက်ရွှမ်သည် တွင်းပေါက်ကြီး ပျောက်ကွယ်သွားမည်ကို အချိန်ပြည့်စိုးရိမ်နေရသည်။ ထို့ကြောင့် သူ့နှလုံးခုန်သံများ မြန်ဆန်နေခဲ့ရသလို အာရုံကြော

များမှာလည်း တောင့်တင်းနေခဲ့ရသည်။

အသက်ကိုဝအောင်ရှူလိုက်ပြီးနောက် ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သောအခါ ခြောက်သွေ့သောလေနှင့် သဲတို့၏ ရနံ့များကို ရလိုက်သည်။ တိုက်ခတ်လာသောလေတွင်လည်း ပင်လယ်ရေနံ့များပါဝင်လာပါသည်။ ရှောက်ရွှမ်သည် ဘဝအသစ်ပြန်စလိုက်ရသလို ခံစားလိုက်ရသည်။ ထိုခံစားချက်ကြောင့် ရှောက်ရွှမ်သည် ထအော်မိမတတ်ဖြစ်သွားသည်။ သို့သော် ထိုကဲ့သို့ ထူးဆန်းသောနေရာမျိုးတွင် အသံအကျယ်ကြီးဖြင့် မအော်ရဲပါ။အသံကျယ်လောင်စွာပြုပါက မလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။ထို့ကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုစိတ်ကို ရှောက်ရွှမ်ထိန်းချုပ်ထားလိုက်ရသည်။

ရှောက်ရွှမ်နှင့် မဝေးလှသော ကုန်းမြင့်တစ်နေရာရှိ ရှားစောင်းပင်၏ပန်းများကို ဝါးစားနေသော ကုလားအုတ်ကြီးများသည် ရှောက်ရွှမ်ကို

သတိထားမိသဖြင့် ခေါင်းမော့လာကြသည်။ သူတို့သည် ကုန်းမြင့်ပိုင်းတွင် ရှိနေသည် ဖြစ်သောကြောင့် ရှောက်ရွှမ်ရှိနေသာ မြေနိမ့်ပိုင်းကို လှမ်းမြင်နေရသည်။

သူတို့သည် လူများကို မြင်ဖူးပါသည်။ သို့သော် ထိုနေရာသို့ ရောက်လာသော လူများကိုတော့ မမြင်ဖူးပေ။ မွေးကတည်းက လူမမြင်ဖူးသောကြောင့် ရှောက်ရွှမ်ကို တွေ့သောအခါ အံ့ဩနေကြလေသည်။ အံ့ဩသော်လည်း ထိုသတ္တဝါများ၏ မျက်နှာများ မှာတော့ နဂိုအတိုင်းပင်ဖြစ်သည်။

ပင်လယ်နှင့်နီးသော နေရာဖြစ်သော်လည်း ထိုနားတဝိုက်ရှိ မြေပြင်မှာ ခြောက်သွေ့ နေပေသည်။ ခြစ်ခြစ်တောက်ပူသောနေကြောင် အပင်များမှာ ခြောက်သွေ့နေသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ထိုနေရာတွင် မိုးမရွာသည်မှာ အတော်ကြာပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။

ပင်လယ်၏အခြားတစ်ဖက်တွင်ရှိသော

သဲကန္တာရနှင့် မတူသည့်အချက်ကတော့ ယခုသူရောက်ရှိနေသော နေရာသည် သဲချည်းပဲ သက်သက်ရှိသည် မဟုတ်ပါ။ ကာလကြာရှည်စွာ မိုးခေါင်ခြင်းကြောင့် သဲမြေအပွများတော့ ရှိပါသေးသည်။

တနည်းအားဖြင့်ပြောရလျှင် ထိုနေရာသည် တောင်တစ်လုံးနှင့် တူသည်။ ပင်လယ်နားတွင်ရှိပြီး သိပ်မမြင့်သော တောင်တစ်လုံး ဖြစ်သည်။

ဟိုးရှေရှေတုန်းကဆိုလျှင် ပင်လယ်ရေမျက်နှာပြင်အမြင့်သည် အခုလောက်ရှိချင် မှရှိလိမ့်ဖြစ်သည်။ ထို့ကြောင့်သာ ပင်လယ်၏ အဆုံးဖြစ်သော မြေသားများကို မြင်နေရခြင်းဖြစ်သည်။

မှတ်တမ်းများကို ထိန်းသိမ်းသော နှင်းမြို့တော်၏ ကျောက်သားခန်းမထဲတွင် ဖြစ်သည်။ မျက်စိကန်းနေသော ကျွန်အိုကြီးတစ်ယောက်က ကျွန်ပိုင်ရှင်များမှာ ပင်လယ်ထဲက လာသည်ဟုပြောနေသည်။ သူတို့သည် ဒီဘက်တွင် ရှိ

သော ကျောက်တံတိုင်းလေးကို ဖြတ်ကျော်လာခြင်းဖြစ်ချင်ဖြစ်မည်။

နတ်ရုပ်၏ ရွေးချယ်မှုအတိုင်း နားထောင်မည်ဟူသော အကြံကို ပြန်စဉ်းစားမိသောအခါ ရှောက်ရွှမ်သည် ခန့်မှန်းချက်တစ်ခုကို ပြုလုပ်မိလေသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ပျောက်ကွယ်သွားသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ပင်လယ်ကို ဖြတ်ကျော်ပြီး ယခုသူရောက်ရှိနေသော ကုန်းမြေကို ရောက်လာဖူးကြမည်လား။

ရှောက်ရွှမ်၏အာရုံထဲတွင် မည်သည့်မီးတောက်မှ ပေါ်မလာခြင်းကြောင့် ထိုနေရာကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်ဖူးသည်ဆိုသည်မှာ ဟုတ်ပါ့မလား။ သို့သော် သူသည် စိတ်တော့ပျက်မသွားပါ။ နှစ်တစ်ထောင်ဆိုသောအချိန်အတွင်းတွင် ဘာမဆိုဖြစ်သွားနိုင်သည်။ ထိုအချိန်တုန်းက မျိုးနွယ်စုထဲတွင် အကျပ်အတည်းဖြစ်နေချိန်ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုအကျပ်အတည်းကို ဖြေရှင်းရန်

ကြိုးစားကြသော်လည်း နောက်ပိုင်းတွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပျောက်ကွယ်သွားကြသည်။

ထိုအချက်ကို တွေးမိသောအခါ ရှောက်ရွှမ်သည် ဆက်လက်ရှာဖွေရန် စိတ်အားထက်သန်သွားလေသည်။

ခန္ဓာကိုယ်ပေါ်မှ ရေများခြောက်သွားသောအခါ သားရေအိတ်နှင့်ထည့်ထားသော ရေအနည်းငယ်ကို သောက်လိုက်သည်။ ခရားကတော့ ပင်လယ်ရေအောက်ကြမ်းပြင်တွင် ကွဲသွားပြီဖြစ်သည်။ ထို့ကြောင့် မိုးကျောက်တုံးထည့်ထားသောအိတ်ကို ရေအိတ်အဖြစ် အသုံးပြုနေခြင်းဖြစ်သည်။

ပင်လယ်ထဲတွင် ကြုံတွေ့ရသော ဖိအားများမရှိတော့သဖြင့် သူ့ခန္ဓာကိုယ်အတွင်းမှ ဆဲလ်များသည် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ အားများလည်း ပြန်ပြည့်လာသဖြင့် ရှောက်ရွှမ်သည် သဲပြင်ပေါ်တွင် လမ်းလျှောက်နေသည်။ သိပ်ဝေးဝေးတော့ သူမသွားပါ။ ထို

နေရာတွင် ကြောက်မက်ဖွယ်သားရဲကြီးများနှင့် သူတိုး၍ မဖြစ်ပါ။ ထိုကုန်းမြေကို ဖြတ်သွားမည်ဆိုလျှင် ရှောက်ရွှမ်အနေဖြင့် အားပြည့်လာအောင် အရင်လုပ်ရမည်ဖြစ်သည်။ သို့မှသာ သားရဲကြီးများ၏ ရန်ကို တွန်းလှန်နိုင်မည် ဖြစ်သည်။

ရှောက်ရွှမ်သည် အသားမစားရသည်မှာ ကြာပြီဖြစ်သည်။ အသားစားမျိုးနွယ်ဖြစ်သော မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်ဖြစ်သော ရှောက်ရွှမ်သည် အသားစားချင်လွန်းသဖြင့် သွားများယားနေပါသည်။ ကုန်းမြင့်ကိုလှမ်းကြည့်လိုက်သောအခါ ကုလားအုတ်များက သူ့ကို လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။ ရှောက်ရွှမ်သည် ထိုကုလားအုတ်များကို ကင်စားပစ်ချင်စိတ်များ ပေါက်လာပါသည်။

ရှောက်ရွှမ်သည် ထိုကုလားအုတ်များကို ဖမ်းပြီး ဆာလောင်မှုကို မဖြေဖျောက်မီ အားအရင်မွေးမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သို့သော် ကုလားအုတ်များက ရှောက်ရွှမ်၏စိတ်ကူးကို သိ

နေသည့်အလား လည်ပင်းများကိုလိမ်၍ ထွက်ပြေးသွားကြပါသည်။ ခဏအကြာတွင်တော့ ထိုနေရာတွင် ကုလားအုတ်တစ်ကောင်မှ မရှိတော့ပါ။

ရှောက်ရွှမ် “…”။

ကုလားအုတ်များထွက်ပြေးသွားသည်ကို မြင်လိုက်ရသော်လည်း ရှောက်ရွှမ်သည် ကုလားအုတ်များနောက်သို့ လိုက်မနေတော့ပါ။ ထိုအစား သူသည် ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

ထိုနေရာတဝိုက်တွင် အရာရာသည် ခြောက်ကပ်နေပေသည်။ ရှေ့ဆက်သွားသောအခါ ကန္တာရရှားစောင်းပင်များကို တွေ့ရသည်။ ပင်စည်ပေါ်တွင်ရှိသော ပန်းများကိုတော့ ခုနက ကုလားအုတ်ကြီးများ စားသွားကြသည်။ ထိုမျှခြောက်သွေ့သောနေရာတွင် တိရစ္ဆာန်များနေသည်ဆိုပါက ထိုတိရစ္ဆာန်များသည် သူတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော ရေဓာတ်ကို

ဖြည့်တင်းရမည် ဖြစ်သည်။ သောက်ရေမတွေ့လျှင်ပဲဖြစ်စေ၊ ပင်လယ်ရေကို သောက်၍မရသောကြောင့် သူတို့သည် ပန်းပွင့်များကို ဝါးစားကြခြင်းဖြစ်လေသည်။ ထို့ပြင် ရှားစောင်းပင်များ၏ ပန်းများထဲတွင် သူတို့လိုအပ်သော ရေဓာတ်ပါလေသည်။ ထိုရေဓာတ်ဖြင့် ထိုကုလားအုတ်များ အသက်ဆက်နေရခြင်းဖြစ်သည်။

ရှေ့ဆက်သွားလေ ကန္တာရရှားစောင်းပင်များ ပိုများပြားလာလေဖြစ်သည်။ အပင်များမှာ အရင်အပင်များထက် ပိုမြင့်လာသည်။ ထို့ကြောင့် ကုလားအုတ်များ ခူးရန် မမီသောပန်းများ ထိုအပင်များပေါ်တွင် ရှိနေပေသည်။

ပတ်ဝန်းကျင်တွင် အရာအားလုံးသည် ခြောက်သွေ့နေပါသည်။ မြေပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများက နေရာအနှံ့ပင်။ ထိုနေရာတွင် ဖြစ်ပေါ်နေသော အပူလှိုင်းက မြေပြင်တွင် ရှိသမျှသောရေများကို စုပ်ယူလိုက်သလို ဖြစ်နေသည်။

သို့သော် ခဏအကြာတွင်တော့ ရှောက်ရွှမ်သည် အပြောင်းအလဲများကို ခံစားမိလိုက်သည်။ ပင်လယ်ဘက်မှ တိုက်ခတ်လာသောလေသည် အေးမြလာသည်။ မြေပြင်တွင် ဖြစ်ပေါ်နေသော အပူလှိုင်များနှင့်မတူပါ။ ပတ်ဝန်းကျင်သည် ရုတ်တရက် ပူနွေးနေရာမှ အေးမြသွားသည်။ ရေငွေ့များပါသော လေများတိုက်ခတ်လာပြီးနောက် အဖြူရောင် မြူခိုးများ ဖြစ်ပေါ်လာသည်။

ကုန်မြင့်တွင်ရပ်နေသော‌ ရှောက်ရွှမ်ကတော့ ကမ်းရိုးတန်းနားတွင် အဖြူရောင် မြူခိုးများဆိုင်းလာသည်ကို မြင်နေရသည်။ ပင်လယ်ဘက်မှ လေများတိုက်ခတ်နေသဖြင့် မြူများသည် ကုန်းတွင်းပိုင်းသို့ ရွေ့လျားလာသည်။

ပတ်ဝန်းကျင်တစ်ခုလုံးလည်း လျင်မြန်စွာ မြူများဖြင့် ဖုံးလွှမ်းသွားသည်။ အသက် ရှူလိုက်သောအခါ ရှောက်ရွှမ်သည် လေထုထဲတွင် ရေငွေ့များစွာ ပါဝင်နေကြောင်း သိလိုက်ရသည်။

မြူငွေ့များက ငွေ့ရည်ဖွဲ့သဖြင့် ထိုနားရှိ အပင်များနှင့် အရာဝတ္ထုများပေါ်တွင် ရေစက်လေးများ ဖြစ်ပေါ်လာပါသည်။ ဆူးချွန်များပေါက်နေသော ကန္တာရရှားစောင်းပင် တစ်ပင်ပေါ်တွင် ရေစက်လေးများသည် ပုံဆောင်ခဲတစ်ခုအဖြစ် ခဲသွားသည်ကို တွေ့လိုက်ရသည်။

ရေညှိများကပ်နေသော အပင်များတွင်ပင် ထိုပုံဆောင်ခဲလေးများ ကပ်နေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ ထိုကဲ့သို့ မြူငွေ့များဖြစ်ပေါ်လာလျှင် အပင်များက လေထုထဲတွင် ပါလာ‌သော ရေငွေ့များကို စုပ်ယူထားလိုက်မည် ဖြစ်သည်။ ထိုအဖြူရောင် မြူငွေ့များ မကြာခဏဖြစ်ပေါ်ခြင်းကြောင့်သာ ထိုနားရှိ အပင်များ အသက်ရှင်သန်နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဘေးပတ်ဝန်းကျင်တွင် အရာရာခြောက်သွေ့နေသော်လည်း အပင်များ ရှိနေခြင်းဖြစ်သည်။ ပင်လယ်၏အခြားတစ်ဖက်က ဖုန်းဆိုမြေနှင့် ယခုသူရောက်နေသောနေရာမှာ မတူညီပါ။

ထိုနားတွင် တိရစ္ဆာန်များ တဖြည်းဖြည်းနှင့် များပြားလာသည်။ ထိုကဲ့သို့ နေရာမျိုးတွင် နေထိုင်ကြသော်လည်း တိရစ္ဆာန်များသည် ရှင်သန်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မည်ကဲ့သို့ အသုံးပြုရမည်ကို မသိထားကြပေ။ ငှက်ကလေးများသည် အလျင်စလို ပျံသန်းလာကြပြီး ရှားစောင်းပင်တစ်ပင်ပေါ်တွင် နားလိုက်ကြသည်။ ရှားစောင်းပင်၏ ဆူးများပေါ်တွင် ဖြစ်ပေါ်နေသော ရေစက်ကလေးများကို ငှက်ကလေးများက သောက်သုံးနေကြသည်။

ထိုနေရာသည် မိုးအလွန်နည်းသောနေရာတစ်ခုဖြစ်သည်။ သို့သော် မြူငွေ့များတော့ မကြာခဏဆိုင်းလေ့ရှိသည်။ မြူငွေ့များကြောင့် ရေစက်ကလေးများဖြစ်ပေါ်လာသဖြင့် ထိုနားတွင်ရှိသော တိရစ္ဆာန်လေးများ အသက်ရှင်သန်နိုင်နေခြင်း ဖြစ်သည်။

တိရစ္ဆာန်များရောက်လာသဖြင့် ရှောက်ရွှမ်သတိနှင့် နေလိုက်သည်။ ခဏနေမှ ထိုတိရစ္ဆာန်

လေးများမှာ အကောင်ငယ်လေးများ ဖြစ်ပြီး သူ့ကို ဒုက္ခမပေးနိုင်သော အကောင်လေးများဖြစ်ကြောင်း သူသိသွားသည်။ လက်ရှိအချိန်ထိတော့ ရှောက်ရွှမ်သည် သားရဲကြီးများကို မတွေ့သေးပါ။

ရှောက်ရွှမ်သည်လည်း ရေစက်ကလေးများကို စုဆောင်းလိုက်သည်။ မိုးကျောက်တုံးကိုပဲ အမြဲအားကိုးနေလို့ မဖြစ်သေးပါ။ ပင်လယ်ထဲတွင်တော့ ရေငွေ့များသဖြင့် မိုးကျောက်တုံးသည် ငွေ့ရည်ဖွဲ့ခြင်းကို ကောင်းစွာလုပ်နိုင်သော်လည်း၊ အခုလို ခြောက်သွေ့သောနေရာတစ်ခုတွင်တော့ ငွေ့ရည်ဖွဲ့ခြင်းကို ကောင်းစွာမလုပ်နိုင်တော့ပါ။ ထို့ကြောင့် အခုဖြစ်ပေါ်လာသော ရေစုဆောင်းနိုင်မည့်အခွင့်အရေးကို ရှောက်ရွှမ် လက်လွှတ်မခံနိုင်ပေ။

All Chapters