← Chapters

ပိလော်

Vol. 24 Ch. 346

ပိလော်

Vol. 24 Ch. 346

ကျွန်ပိုင်ရှင်များသည် ပင်လယ်ထဲမှ လာခြင်းလား။ ရှောက်ရွှမ် မယုံနိုင်ပေ။ သူတို့သည် ကန္တာရထဲတွင် နေလာသည်မှာ ကြာလှပြီ ဖြစ်သည်။ ပင်လယ်ထဲမှ လာသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။ သူတို့သည် ရေနှင့်နီးစပ်သောနေရာတွင် ဘယ်လိုလုပ်နေထိုင်ဖူးမည်နည်း။ ထို့သို့ဆိုလျှင် ဆင့်ကဲတိုးတက်စရာ အကြောင်းမရှိချေ။

မျက်မမြင်အဖိုးအို၏ စကားကို နားထောင်ပြီးနောက်၊ အစပိုင်းတွင်တော့ ရှောက်ရွှမ်သည် ယုံမလို ဖြစ်သွားသည်။ ခဏကြာသောအခါ မယုံနိုင်ဖြစ်သွားပြန်သည်။

သို့သော် အဖိုးအို၏မျက်နှာမှာ တည်ငြိမ်လေးနက်နေသဖြင့် ရှောက်ရွှမ် မစဉ်းစား တတ်တော့။

“ပင်လယ်ထဲကလာတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ” ရှောက်ရွှမ် မေးလိုက်သည်။

မျက်မမြင်အဖိုးအိုသည် ခေါင်းခါလိုက်ပြီး “ငါလည်း သေချာမသိဘူး…ကျွန်ပိုင်ရှင်တွေက အဲဒီဘက်ကလာတယ်လို့ ကြားဖူးတာပဲ”

ရှောက်ရွှမ်သည် မယုံနိုင်ဖြစ်နေ၏။ ခဏလောက် စဉ်းစားပြီးသောအခါ ရှောက်ရွှမ်သည် အဖိုးအိုထံမှ ကန္တာရမြေပုံတစ်ချပ်ကို တောင်းယူလိုက်သည်။ သူ့ကို စူးကုပေးထားသည့် မြေပုံက နားလည်ရမလွယ်ကူပေ။ ရှောက်ရွှမ်က ပိုပြည့်စုံသော မြေပုံတစ်ချပ်ကို လိုချင်နေခြင်း ဖြစ်သည်။ သူရောက်နေသော နေရာသည် မြို့ကြီးသုံးမြို့ထဲမှ တစ်မြို့ဖြစ်သည်။ ပြည့်စုံသော မြေပုံတချပ်လောက်တော့ ရှိမည် ထင်သည်။

သို့သော် အဖိုးအိုက မြေပုံများအကြောင်း သိပ်မသိပါ။ သူသည် ငယ်စဉ်ကတည်းက မျက်စိကွယ်ခဲ့သူဖြစ်သည်။ သူသည် သူများပြောသည့်

စကားများမှ တဆင့် သင်ယူလေ့လာခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ပန်းချီများ၊မြေပုံများအကြောင်းကို သူမသိပါ။

အဖိုးအိုသည် မြေပုံများအကြောင်းကို မသိသော်လည်း၊ မြေပုံများထားသည့်နေရာကိုတော့ သိပါသည်။ သူသည် စင်တစ်ခုဘေးနားသို့ သွားလိုက်ပြီး လက်နှင့်တစ်နေရာကို ညွှန်ပြလိုက်ကာ “မြေပုံတွေကတော့ အဲဒီနေရာမှာပဲ ရှိမယ်…သွားရှာကြည့်လိုက်” သူသည် မျက်စိမမြင်နိုင်သော်လည်း ဘယ်ပစ္စည်းကို ဘယ်နေရာတွင် ထားသလဲဆိုတာကို သိပါသည်။

ရှောက်ရွှမ်လည်း အဖိုးအို ညွှန်ပြသောနေရာကို သေချာရှာဖွေလိုက်သည်။ နောက်ဆုံးတွင်တော့ မြေပုံနှင့်တူသော သားရေချပ်များကို တွေ့ရပေပြီ။

“အဲဒီပစ္စည်းတွေကို မရွှေ့တာ နှစ်အတော်ကြာပြီ…သတိနဲ့ကိုင်နော်” ဟုအဖိုးအိုက ပြောလိုက်သည်။

အမှန်တော့၊ ထိုမြေပုံများမှာ သက်တမ်းကြာလှပြီ ဖြစ်သည်။ သားရေချပ်များကို သေချာ ထိန်းသိမ်းထားသော်လည်း သားရေချပ်များသည် အရည်အသွေးညံ့သော သားရေချပ်များ ဖြစ်ပါသည်။ နည်းနည်းလောက် ဂရုမစိုက်မိတာနဲ့ ပျက်စီးသွားမည် ဖြစ်သည်။

သားရေချပ်များတွင် ရေးဆွဲထားသော မြေပုံမှာ ရှင်းလင်းပါသည်။ အချိုးအစားကတော့ သိပ်မမှန်ပေ။ မြေပုံထဲတွင် ကန္တာရမြို့တော်များနှင့် အရေးကြီးသောနေရာများကို ဖော်ပြထားသည်။ အနက်ရောင်ခြယ်ထားသောနေရာ များမှာ ပင်လယ်နှင့် တူပေသည်။

ရှောက်ရွှမ်သည် ထိုသားရေချပ်များကို မိတ္တူကူးယူလိုက်ပြီးနောက် ယူထားသည့်နေရာတွင် ပြန်ထားလိုက်သည်။

ထိုအချိန်တွင် အဖိုးအိုသည် မှတ်တမ်းတချို့ကို နေရာရွှေ့ပြောင်းပြီး နေပူလှမ်းနေသည်။ ဆွေးမြေ့ပျက်စီးခြင်းမှ ကာကွယ်ရန် နေပူလှမ်း

ခြင်းပင်။ အဖိုးအိုသည် မျက်စိမမြင်သော်လည်း၊ ထိုအလုပ်များကို နှစ်ပေါင်းများစွာ လုပ်လာခဲ့သူ ဖြစ်သဖြင့်၊ အခက်အခဲ မရှိလုပ်ဆောင်နိုင်ပေသည်။ နေရောင်ခြည်ဘယ်နေရာတွင် ရှိလဲ သူအာရုံခံနိုင်ပါသေးသည်။

“တခြားကိစ္စမရှိရင် ဒီနေရာက မြန်မြန်ထွက်သွားပါ” အဖိုးအိုက ပြောလိုက်သည်။

“ဟုတ်ကဲ့” ရှောက်ရွှမ်ကလည်း နေရန် အစီအစဉ်မရှိပေ။ သို့သော် လက်ရှိအချိန်တွင် နှင်းမြို့တော်၌ ပြဿနာများရှုပ်ထွေးနေသည်။ ထို့ကြောင့် ခဏစောင့်ပြီးမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

“နေဝင်တဲ့အထိ မနေနဲ့…နေဝင်သွားရင် နန်းတော်ထဲမှာ အစောင့်တွေ ပိုများလာလိမ့်မယ်” မျက်မမြင် အဖိုးအိုက အကြံပေးလိုက်သည်။

ရှောက်ရွှမ်၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် တိတ်တဆိတ်လှုပ်ရှားရန် နေဝင်ချိန်ကို စောင့်နေသူဖြစ်သည်။ နှင်းမြို့တော်အနေနှင့် ဘာ

လုပ်မည်ကို သူမသိပေ။ နှင်းမြို့တော်ဘုရင်မှာ ညဘက်တွင် လုပ်ကြံခံလိုက်ရသဖြင့်၊ ညဘက်တွင် အစောင့်များ ထူထဲခြင်းလား။

“သိပါပြီ” ရှောက်ရွှမ်က အဖိုးအိုကို ကျေးဇူးတင်လိုက်သည်။

အဖိုးအို၏ လေသံကို နားထောင်ကြည့်သောအခါ၊ အဖိုးအိုတွင် ကျွန်ပိုင်ရှင်များနှင့် ပတ်သက်၍ ကောင်းသော အမြင်မရှိကြောင်းကို သိနိုင်ပေသည်။ သမိုင်းကြောင်းတွင် သစ္စာဖောက်ဖြစ်ခဲ့သူများကို သူပိုချစ်မြတ်နိုးပါသည်။ သူသာငြိမ်းငြိမ်းချမ်းချမ်းနေရပါက၊ အခုထက် မှတ်တမ်းများကို ပိုလေ့လာနိုင်ပေလိမ့်မည်။

သနားဖွယ်ကောင်းလှပါသည်။

“ခင်ဗျားမျက်လုံးတွေက ဘယ်လိုဖြစ်ပြီး မမြင်ရတော့တာလဲ” ရှောက်ရွှမ်သည် မေးပြီးသွားမှ သူ့မေးခွန်းမှားသွားကြောင်း သတိထားလိုက်မိသည်။

အဖိုးအိုက ဘာမှမပြောသည်ကိုတွေ့သောအခါ၊ ရှောက်ရွှမ်သည် စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်သည်။ သို့သော် အဖိုးအို၏ တည်ငြိမ်သော လေသံကို သူရုတ်တရက် ကြားလိုက်ရသည်။ “ငါငယ်ငယ်လေးကတည်းက နှင်းမြို့တော်ဘုရင်ရဲ့ ကျွန်တစ်ယောက် ဖြစ်လာခဲ့တာ…တစ်နေ့မှာ အမိန့်မရဘဲ ငါ့အကြည့်တွေကို သူ့လက်ပေါ်က လွှဲလိုက်လို့ စိတ်ဆိုးသွားတယ်…အဲဒီနေ့က ဘုရင်က နဂိုကတည်းက စိတ်ဆိုးနေတာ…အဲဒါနဲ့ ငါလည်း အပြစ်ဒဏ်ကို ခံလိုက်တယ်”

အဖိုးအိုသည် ထိုအဖြစ်အပျက်ကို အခုထိမှတ်မိပါသေးသည်။ ဘုရင်သည် သူ၏မျက်လုံးများကို ထိုးဖောက်လိုက်ပြီး၊ သူ့ကို ကျောက်တုံးအခန်းထဲသို့ ထည့်လိုက်ပြီး ပြောခဲ့သည်။ “တော်တော်မကြည့်ချင်တဲ့ကောင်…ဒီနေရာနဲ့ပဲ တန်တယ်”

မျက်မမြင်အဖိုးအိုသည် မှတ်တမ်းများမှ စာ

များကို မဖတ်နိုင်တော့ပေ။ သို့သော် သူသည် အခြားလူများကို တောင်းပန်၍ သူ့အားစာများ ဖတ်ပြစေသည်။ ထို့နောက် သူကြားရသမျှသော မှတ်တမ်းများကို နေ့စဉ်အလွတ်ကျက်ခဲ့သည်။

ရှောက်ရွှမ်သည် အဖိုးအို၏ အဖြစ်ကို နားထောင်ပြီး သနားနေမိပေသည်။

သူမသွားခင်၊ ရှောက်ရွှမ်သည် အဖိုးအိုအား ဆေးမြစ်အနည်းငယ် ပေးခဲ့ရန် စိတ်ကူးလိုက်သည်။ မျက်စိကွယ်နေမှုကို ကုစားနိုင်မည် မဟုတ်သော်လည်း၊ စိတ်ဒဏ်ရာ အချို့ကိုတော့ သက်သာစေမည် ဖြစ်သည်။

သို့သော် မျက်မမြင်အဖိုးအိုက ငြင်းဆိုနေပေသည်။

“မင်းက ငါ့ထက်ပိုလိုမှာပါ” အဖိုးအိုက ပြောလိုက်သည်။

ရှောက်ရွှမ်သည် အဖိုးအိုကို ကြည့်လိုက်သည်၊

ယခုအခြေအနေနှင့်ဆိုလျှင် အဖိုးအိုသည် ကြာကြာခံတော့မည် မဟုတ်ပါ။

“အချိန်သိပ်မရှိတော့ဘူး” အဖိုးအိုက ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်ကာ “သွားတော့…ဒါပေမဲ့ ပိလော်ကိုသတိထားဦး”

“ပိလော်ဆိုတာ ဘာလဲ” ရှောက်ရွှမ်က မေးလိုက်သည်။

“နှင်းမြို့တော်မှာ မွေးထားတဲ့ ကန္တာရသားရဲတစ်မျိုးဆိုပါတော့ … အကောင်သိပ်မကြီးဘူး … ဒီအချိန်လောက်ဆို နန်းတော်ထဲမှာ ချောင်းနေတတ်တယ်…ဒီကောင်တွေက အနံ့ခံအာရုံအရမ်းကောင်းတယ်…ဒီကောင်တွေ မင်းကိုတွေ့သွားပြီဆိုရင် လွတ်အောင်ပြေးဖို့ လွယ်မှာ မဟုတ်ဘူး”

“ကျွန်တော် အလာတုန်းက အဲဒီကောင်တွေနဲ့ မတွေ့ခဲ့ပါဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။

အဖိုးအိုပြောပြသည်မှာ သိပ်မရှင်းလင်းပါ။

အဖိုးအိုသည် သူများပြောသမျှကိုသာ ပြန်ပြောရခြင်းဖြစ်ပြီး၊ နေရသည်မှာလည်း မှတ်တမ်းများထားသည့် အခန်းထဲတွင်သာ ဖြစ်သည်။

“ပိလော်က ဘုရင့်အိပ်ဆောင်နားရောက်နေတာ ဖြစ်မယ်” အဖိုးအိုက ပြောလိုသည် “ဘယ်လိုပဲဖြစ်ဖြစ် သတိတော့ထားပါ”။

“ဟုတ်ကဲ့…စိတ်ချပါ” ရှောက်ရွှမ်က အဖိုးအိုကို ကျေးဇူးတင်လိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားသည်။

ရှောက်ရွှမ် ထွက်သွား‌သောအခါ အဖိုးအိုသည် တိတ်ဆိတ်စွာ ထိုင်နေပါသည်။ သူသည် မျက်စိမမြင်နိုင်သော်လည်း ပြတင်းပေါက်ရှိသည့် နေရာကို သိပါသည်။ ထိုင်နေရင်းနှင့် သူသည် ပြတင်းပေါက်အပြင်ကို လှမ်းကြည့်နေပါသည်။

သူ့ဘိုးဘေးများသည်လည်း ကျွန်များ ဖြစ်ကြသည်။ သူ့ဘိုးဘေးများသည် ဘုရင့်ကိုယ်ရံတော်များဖြစ်ကြသည်။ သူ့လက်ထက်ကျမှ ဒီနေရာတွင် တာဝန်ပေးခံရခြင်း ဖြစ်သည်။ သူ့ကို စာများ

ဖတ်ပြသော အဖိုးအိုတစ်ယောက် ရှိခဲ့ဖူးပါသည်။ ထိုအဖိုအိုမသေခင်က တစ်နေ့နေ့တွင် ယခုစနစ်ပျက်စီးပြီး နောက်စနစ်အသစ်တစ်ခုက အစားထိုးမည်ဟု ပြောခဲ့သည်။

သူသည် အခန်းထဲမှ အခန်းပြင်မထွက်သော်လည်း နန်းတော်ထဲတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ခံစားသိရှိနိုင်ပါသည်။ အခြားလူများပြောသောစကားများကို နား‌ထောင်ပြီး နန်းတော်နှင့် ပတ်သက်သည့် အကြောင်းအရာများကို သိနိုင်ပေသည်။ နှင်းမြို့တော်တွင် မကြာခင် အန္တရာယ်ကျရောက်တော့မည်ဆိုတာကို သူ့စိတ်ထဲမှ အလိုလိုသိနေသည်။

အဖိုးအိုသည် အချိန်မရှိတော့ဘူးဟု ရှောက်ရွှမ်ကို ပြောလိုက်သည်။ ထိုစကားသည် သူ့အတွက်ကိုလည်း ဆိုလိုသလို၊ နှင်းမြို့တော်အတွက်ကိုလည်း ဆိုလိုပေသည်။

ထိုအချိန်တွင် ရှောက်ရွှမ်သည် အခန်းထဲမှ ထွက်လာပြီး၊ အပြင်ရောက်လာသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သောအခါ လူသူသိပ်မရှိပေ။ ထိုနေရာတွင် ကျွန်ပိုင်ရှင် မရှိသောကြောင့် လူနည်းနေခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် ထိုနေရာတွင် တာဝန်ကျသော အစောင့်များသာ ရှိသည်။

ခုနတုန်းက ရှောက်ရွှမ်သည် နန်းတော်၏ ရှေ့တံခါးမှ ဝင်လာခဲ့သည်။ အခုတော့ နန်းတော်၏ အနောက်တံခါးမှ ထွက်ခွာရပေမည်။

နန်းတော်တစ်ခုလုံးကို ထူထဲမြင့်မားသော နံရံကြီးများ ကာရံထားသည်။ အစောင့်များမှာလည်း အတွင်း၊အပြင် စောင့်ကြပ်နေပေသည်။ နန်းတော်ထဲမှ အပြင်ထွက်ရန် မလွယ်ကူချေ။ထို့ကြောင့် ရှောက်ရွှမ်သည် လွတ်နိုင်ခြေရှိသော ထွက်ပေါက်တစ်ခုကို ရှာရမည်။

နန်းတော်ထဲတွင် ပုန်းအောင်းသွားလာရင်း၊ တစ်ယောက်ယောက်က သူ့ကိုကြည့်နေသည်ဟူသော ခံစားချက်ကို ရလိုက်သည်။ သူ့ကို တွေ့သွားကြပြီလား။

ရှောက်ရွှမ်သည် တစ်နေရာကို စိုက်ကြည့်လိုက်မိသည်။ ထိုနေရာတွင် သစ်ပင်တစ်ပင်ရှိပါသည်။ သစ်ပင်၏ သစ်ကိုင်းပေါ်တွင် သူ့လက်သီးဆုပ်လောက်ရှိသော ဘဲဥပုံ သတ္တဝါတစ်ကောင်ကိုတွေ့လိုက်ရပါသည်။ ထိုအချိန်တွင် သစ်ကိုင်းပေါ်မှ ဘဲဥပုံသတ္တဝါသည် ခန္ဓာကိုယ်ကို ဆန့်လိုက်ပါသည်။ သူ့နှာခေါင်းမှာ သူ့ကိုယ်ထက် ရှည်လျားပြီး၊ ရှောက်ရွှမ်ရှိသောနေရာကို အနံ့ခံနေ၏။

ပိုင်လော့…။ ရှောက်ရွှမ်သည် အဖိုးအို ပြောလိုက်သော သတ္တဝါကို ပြန်အမှတ်ရလိုက်မိသည်။

“အဲဒီကောင်ကို သွားမကြည့်နဲ့…သူတို့မင်းကို တွေ့သွားပြီဆိုရင်တော့ အဲဒီကောင်တွေ လက်ကလွတ်ဖို့ မလွယ်တော့ဘူး”ဟု အဖိုးအိုက ပိုင်လော့နှင့် ပတ်သက်ပြီး ရှောက်ရွှမ်ကို မှာလိုက်ပါသည်။

အလင်းရောင်မရှိသော လမ်းထဲသို့ ဝင်ပြေးခြင်းမှာ အန္တရာယ်များသော်လည်း၊ ရှောက်ရွှမ်သည် အချိန်ဖြုန်းမနေတော့ဘဲ၊ စတင်ပြေးလွှား

ပါသည်။

ရှောက်ရွှမ်သည် ပိုင်လော့ကို သတ်ရန် ကြံလိုက်သေးသော်လည်း၊ ထိုနေရာတွင် ပိုင်လော့မှာ ထိုတစ်ကောင်တည်းမဟုတ်ကြောင်း ရှောက်ရွှမ် သတိထားလိုက်မိပါသည်။ ပိုင်လော့များသည် ရှောက်ရွှမ်ကို အာရုံစိုက်မိသွားပြီ ဖြစ်သည်။

နန်းတော်ထဲမှ ပိုင်လော့တိုင်း ဘုရင့်အိပ်ဆောင်နားတွင် နေခြင်းမဟုတ်ပါ။ တချို့ပိုင်လော့များသည် လူသူကင်းရှင်းပြီး တိတ်ဆိတ်သောနေရာများတွင် အိပ်စက်လေ့ရှိပါသည်။ သူတို့သည် ရှောက်ရွှမ်ကို မမြင်ခင်အထိ၊ အေးအေးဆေးဆေးပင်ဖြစ်သည်။ ရှောက်ရွှမ်ကို မြင်သောအခါ၊ နှင်းမြို့တော်မှ လူမဟုတ်ကြောင်းကို သိသွားကြသည်။

“အိ…”

ပိုင်လော့၏ နှာခေါင်းရှည်ရှည်ကြီးမှ ကျယ်လောင်စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံမှာ အချက်ပြသောအသံတစ်ခုနှင့်တူပေသည်။ ထိုအကောင်နားမှ ပိုင်လော့များကလည်း ရှောက်ရွှမ်နားတွင် ပြေးလွှားရင်း ဆူညံစွာ အော်ဟစ်နေကြသည်။

ထိုနားတွင်ရှိသော အစောင့်များသည် ပိုင်လော့များ၏ အသံကို ကြားသွားကြသည်။ သူတို့သည် ပိုင်လော့များရှိသောနေရာကို ရောက်သွားကြသောအခါ “အပြင်လူရောက်နေတယ်” ဟုအော်လိုက်ကြသည်။

သို့သော် ရှောက်ရွှမ်ကလည်း မြန်ပါသည်။ အနီးဆုံးတံခါးပေါက်ရှိသော နေရာကို ကြိုတင်သိထားပြီး ဖြစ်သဖြင့်၊ သူသည် ထိုတံခါးရှိရာသို့ တရှိန်ထိုးသွားလိုက်သည်။

သူတို့ရောက်နေသောနေရာတွင် ကျွန်ပိုင်ရှင်များ မနေကြပါ။ ထိုနေရာတွင် ဘုရင်က မွေးထားသော သားရဲမျိုးစုံကိုသာ ထားပါသည်။ သခင်လေးများလည်း ထိုနေရာတွင် နေထိုင်ကြသည်။

ထိုအချိန်တွင် နှင်းမြို့တော်၏ သခင်လေးတစ်ယောက်သည် ကျွန်များ၏ အကူအညီနှင့် သားရဲတစ်ကောင်ကို လေ့ကျင့်နေပါသည်။ သူသည် အပြင်လူရောက်နေတယ်ဟူသော အော်သံကို ကြားလိုက်ရသောအခါ၊ လူတစ်ယောက်ကို မြင်ယောင်လိုက်မိသည်။ ရုတ်တရက် သူ့သွေးများဆူပွက်လာပြီး၊ ပေါ်လာသည့် အခွင့်အရေးကို အရယူရန် စဉ်းစားလိုက်မိသည်။

“သွားကြ…အပြင်လူကို သွားဖမ်းကြ”

အခြားကျွန်များသည် နှလုံးသားထဲတွင် ခါးသီးမှုများစွာဖြင့်၊ အမိန့်ကို နာခံလိုက်ကြရသည်။ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသူကို ဖမ်းရမည်မှာ အစောင့်များ၏ အလုပ်ဖြစ်သည်။ သခင်လေးတစ်ယောက်အနေနှင့် ဝင်မပါသင့်ပါ။ သို့သော် သခင်လေးက သူတို့ကို အမိန့်ပေးနေသောကြောင့် ရပ်ကြည့်နေလို့မရတော့ပါ။ သူတို့သည် ရှောက်ရွှမ်နောက်သို့ လိုက်ကြပါတော့သည်။

ရှောက်ရွှမ်သည် ဓါးတစ်ချောင်းလို သူ့ရှေ့က အတားအဆီးများကို ဖောက်ခွဲထွက်သွားသည်။ ပြေးနေရင်းနှင့် နောက်လှည့်ကြည့်လိုက်သောအခါ လူတစ်ရပ်ခန့်ရှိသော ကျောက်တုံးကြီးတစ်တုံးကို တွေ့လိုက်ရပါသည်။ ထိုကျောက်တုံးကြီးပေါ်တွင် “သားရဲဥယျာဉ်” ဟုရေးထားသည်ကိုတွေ့လိုက်ရသည်။

ရှောက်ရွှမ်သည် သားရဲဥယျာဉ်လား၊ လူသားဥယျာဉ်လား အရေးမလုပ်ါ။ သူသည် ထိုကျောက်တုံးကြီးကို မ၍ ပစ်ပေါက်လိုက်သည်။

သခင်လေးသည် သူ့သားရဲနှင့် လိုက်နေသဖြင့်၊ အစောင့်များသည် အနားအရမ်းမကပ်ရဲကြပါ။ ဒေါသထွက်နေသော သားရဲသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သို့သော် ထိုသားရဲကြီး ဘာမှမလုပ်ရသေးခင် ကျောက်တုံးတစ်တုံးက သူ့ခေါင်းဆီသို့ ဦးတည်ဝင်လာပါသည်။ ကျောက်တုံးသည် သူ့နှာခေါင်းကို ထိမှန်ပြီး နှာခေါင်းမှ သွေများယိုစီးကြလာပါသည်။

ထို့နောက် ခြေလှမ်းများ ယိုင်သွားပါသည်။ ရှေ့၂ချောင်းမှာ ဒူးထောက်ကျသွားပါသည်။ ခန္ဓာကိုယ်ကြီးကတော့ အ‌ရှိန်မထိန်းနိုင်ဘဲ နံရံများကို ဝင်တိုက်မိသည်။

“ဝုန်း…ဝုန်း”

ထိုနေရာမှ နံရံများသည် သားသတ်ရုံမှ နံရံများလို မဟုတ်ပါ။ သားရဲကြီးနှင့် ဝင်တိုက်မိပြီးခဏအကြာတွင်၊ နံရံများပြိုကျလာသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကျွန်များသည် ထိုအဖြစ်အပျက်ကို မယုံနိုင်ဖြစ်သွားကြသည်။ ကျူးကျော်ဝင်ရောက်လာသူသည် ထိုကျောက်တုံးကြီးကို မပြီး လွှတ်ပစ်နိုင်လောက်အောင် အစွမ်းထက်နေပါသည်။

ကျွန်များထဲတွင်လည်း သန်မာသောကျွန်များရှိသော်လည်း ထိုကဲ့သို့ မလုပ်ဆောင်နိုင်ကြပါ။ ထိုလူနှင့်ယှဉ်ပြီး ထိုကျောက်တုံးကို သူတို့မနိုင်မည်မဟုတ်ပါ။

သားရဲပေါ်မှ ပြုတ်ကျလာသော သခင်လေးသည် သူ့ဒဏ်ရာများကို အ‌ရေးမလုပ်နိုင်သေးဘဲ “အဲဒီလူကို ကြိုးတုပ်ပြီးဖမ်းကြ…သူ့ကို ငါ့ကျွန်ဖြစ်အောင် လုပ်ရမယ်”

လှံနှင့်မြားများက ပလူပျံနေပါသည်။ သို့သော် အခြေအနေများ ပိုမိုရှုပ်ထွေးလာလေ၊ ရှောက်ရွှမ်က ပိုမြန်လာလေ ဖြစ်နေ၏။ အခြားနေရာမှ အစောင့်များရောက်လာသောအခါ၊ ရှောက်ရွှမ်သည် အနောက်တံခါးနားသို့ ရောက်နေပြီ ဖြစ်သည်။

All Chapters