← Chapters

မွေးဖွားခြင်း

Vol. 24 Ch. 354

မွေးဖွားခြင်း

Vol. 24 Ch. 354

စုံတွဲ၂ယောက်က နှုတ်ဆိတ်နေသဖြင့် ရှောက်ရွှမ်ကပဲ စကားစလိုက်ရသည်။ “မင်္ဂလာပါ” ရှောက်ရွှမ်က ထိုစုံတွဲကို ကြင်နာစွာ ပြုံးပြလိုက်သည်။ တီကောင်ကြီးကန်တုန်းက ဖြစ်ပေါ်ခဲ့သော ရက်စက်ကြမ်းတမ်းမှုများ ပျောက်ကွယ်သွားပါပြီ။ ရှောက်ရွှမ်၏ စကားသံထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်က ပုံမှန်ဖြစ်သွားသည်။ လူငယ်အမျိုးသားနှင့် အမျိုးသမီးတို့လည်း ထိုအခါကျမှ စိတ်သက်သာရာရသွားသည်။

“မင်္ဂလာပါ” အခြေအနေမှာ အေးဆေးဖြစ်သွားသော်လည်း ထိုလူရွယ်၏ အသံမှာ တုန်ယင်လျက်ရှိနေသေးသည်။ ရှောက်ရွှမ်ကို နှုတ်ဆက်ရသည်မှာ စိတ်ထဲတင်းကျပ်နေသလိုခံစားရသည်။ သို့သော် ရှောက်ရွှမ်က သူတို့ကို ကူညီခဲ့ကြောင်း တွေးလိုက်မိသောအခါ သူပြုံးလိုက်မိသည်။ “ကျေးဇူးတင်ပါတယ်…ကျွန်တော်တို့က မက္ကာမျိုး

နွယ်စုကပါ…ကျွန်တော့်နာမည်က ဝမ်ဖု…သူကရှူရီ…”။

ဝမ်ဖုအပြောအရဆိုလျှင် သူတို့၂ယောက်သည် ညားခါစ လင်မယားများ ဖြစ်ကြသည်။ သူတို့မျိုးနွယ်စုသည် ထိုနေရာနှင့် အတော်လှမ်းသော နေရာတွင် နေထိုင်ကြသည်။ ထိုနေရာသည် လူများနှင့်အလှမ်းဝေးကွာပြီး ခြောက်သွေ့သော နေရာတစ်ခုဖြစ်သဖြင့် ထိုနေရာတွင် နေသော မျိုးနွယ်စု များများမရှိပါ။ သူတို့၏ မက္ကာမျိုးနွယ်စုက ရေအရင်းအမြစ်နှင့် အနီးဆုံးသော နေရာတွင် နေထိုင်ခြင်းဖြစ်သည်။

မိုးမရွာသည်မှာ ကြာပြီဖြစ်သဖြင့် သူတို့၂ယောက်၏ အိမ်တွင် ရေမရှိတော့ပါ။ သူတို့မိသားစုအတွက် ရေမရှိလို့ မဖြစ်သဖြင့် သူတို့သည် ရေရှိနိုင်သည့် အခွင့်အလမ်းများကို ရှာဖွေနေကြခြင်းဖြစသည်။ မြူငွေ့များ ဘယ်အချိန်ပျောက်ကွယ်သွားမည်ကိုလဲ သူတို့မသိပါ။ သို့သော် ရေကို စုဆောင်းရန်အတွက် သူတို့သည်

မြူများကျဆင်းလာမည့်အချိန်ထိ စောင့်ဆိုင်းနေမည် ဖြစ်သည်။ သူတို့အခုတစ်ခေါက်တွင် ကံကောင်းသွားခြင်းဖြစ်သည်။ ထိုနေရာတွင် လွန်ခဲ့သော ၂ရက်ကအထိ မြူများဆိုင်းလာခြင်းမရှိသေးပါ။ ထိုစုံတွဲသည် မြူတောထဲတွင် ရေဓာတ်ပြည့်ဝပြီး စား၍ရသော အပင်များနှင့် ရေအချို့ကို လာရောက် စုဆောင်းခြင်းဖြစ်လေသည်။

“ဒါနဲ့ ခင်ဗျားကကော ဘယ်မျိုးနွယ်စုကလဲ” သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီးနောက် ဝမ်ဖုက ရှောက်ရွှမ်ကိုမေးလိုက်သည်။

“ကျွန်တော့်နာမည် ရှောက်ရွှမ်ပါ…မျိုးနွယ်စုကတော့ ဒီမြေပေါ်မှာ ကျွန်တော့်မျိုးနွယ်စု ဘယ်နားနေလဲ ကျွန်တော်မသိပါဘူး…ကျွန်တော်က ဒီနယ်မြေအပြင်ဘက်မှာ ကြီးပြင်းလာတော့ မျိုးနွယ်စုဆိုတာကို မမြင်ဖူးဘူး…ကျွန်တော့် မိဘတွေ…အဖိုးအဖွားတွေလည်း ဒီနယ်မြေအပြင်ဘက်မှာပဲ ကြီးပြင်းလာကြတာ”

ရှောက်ရွှမ် ပြောသည်မှာ အမှန်ဖြစ်သည်။ သူသည် ထိုနယ်မြေ၏ အပြင်ဘက်တွင် မွေးဖွားလာခြင်းဖြစ်သည်။ ယခုနယ်မြေတွင် မီးတောက်ဦးချိုမျိုးနွယ်စု၏ အခြားနယ်မြေတစ်ခုရှိနေဦးမည်ဆိုလျှင်လည်း ရှောက်ရွှမ်သည် ထိုမျိုးနွယ်စုဘယ်မှာ နေသည်ကို မသိပါ။ ထိုမျိုးနွယ်စုဝင်များကိုလည်း တစ်ယောက်မှ မတွေ့ဖူးပါ။

ရှောက်ရွှမ်စကားများကို ကြားလိုက်သော စုံတွဲ၂ယောက်သည် ရှောက်ရွှမ်ကို သနားသွားကြသည်။

ရှောက်ရွှမ် “…”။

နဂိုတုန်းကတော့ ရှောက်ရွှမ်သည် သူပြောလိုက်သော ခပ်ချာချာစကားကို ထို၂ယောက် ယုံမှယုံပါ့မလားဟု သံသယဖြစ်နေသည်။ သူသည် အစက ပင်လယ်ပြင်၏ ဟိုဘက်ကမ်းက လာတာဖြစ်ကြောင်း ပြောလိုက်မလို့ လုပ်နေခြင်းဖြစ်သည်။ ထိုစကားကို ကြားရသူမှန်သမျှက သူတို့ကြားရသည်မှာ အလိမ်အညာများသာ

ဖြစ်သည်ဟု ထင်ကြသည်။ မျိုးနွယ်စုတစ်ခုကို တစ်ခါမှ မမြင်ဖူးသူဆိုလျှင် လေလွင့်သူများလား။ သို့သော် လေလွင့်သူတစ်ယောက်က ထိုကဲ့သို့ လွန်စွာအစွမ်းထက်သော စွမ်းအင်မျိုးကို ပိုင်ဆိုင်နိုင်ပါ့မလား…လေလွင့်သူတစ်ယောက်က အကြီးတန်းစစ်သည်တော်တစ်ယောက် ဖြစ်လာနိုင်သလား…။ သူတို့သည် ထိုအဓ္ဓိပ္ပါယ်မရှိသောအချက်များအား စဉ်းစားမည့်အစား အခြားအကြောင်းပြချက်များကို စဉ်းစားသင့်သည်။

ဖြစ်ချင်တော့ ထိုလူငယ်စုံတွဲသည် ရှောက်ရွှမ်ပြောသည်ကို ယုံကြည့်သွားပြီး သူတို့မျက်နှာကတွင် သံသယဖြစ်သည့် အမူအရာ မတွေ့ရပါ။ ထိုအခါ ရှောက်ရွှမ်က ထိုစုံတွဲမှာ ဦးနှောက်ကော ကောင်းရဲ့လားဟု သံသယဖြစ်သွားသည်။ ထိုစုံတွဲမှာ သတိဝီရိယနှင့် နေနေသော်လည်း ရှောက်ရွှမ်ကိုတော့ ယုံကြည်သွားသည်။ ထိုကြောင့် သူရောက်နေသော နေရာ၏အခြေအနေများသည် ပင်လယ်၏ဟိုဘက်ကမ်းက အခြေအနေများလို မဟုတ်ကြောင်း ရှောက်ရွှမ်သိသွားသည်။ ရှောက်ရွှမ်သည် လူငယ်စစ်သည်လေး၏ ကိုယ်ပေါ်မှ

နတ်အမှတ်အသားများကို တွေ့သွားသောအခါ ထိုနတ်အမှတ်အသားများက အရောင်ပိုတောက်သည်ကို တွေ့လိုက်ရသည်။ သာမန်သဲဝါရောင်မျိုးပင်ဖြစ်သော်လည်း အရောင်သည် နက်မှောင်သောဘက်သို့မသွားဘဲ အသက်ဝင်လှသော အရောင်ဖြစ်လေသည်။ ထိုနတ်အမှတ်အသားမျိုးကို ရှောက်ရွှမ် ယခင်က မမြင်ဖူးပါ။

မီးတောက်ဦးချိုမျိုးနွယ်စုထဲတွင် ရှောက်ရွှမ်ကလွဲ၍ ကျန်သူများ၏ နတ်အမှတ်အသားများသည် အနက်ရောင်များဖြစ်ကြသည်။

ရှောက်ရွှမ်ယခုရောက်နေသောနေရာသည် တော်တော်ထူးဆန်းပါသည်။

“မီးတောက်ဦးချိုဆိုတာများ ကြားဖူးကြလား” ထို့နောက် ရှောက်ရွှမ်သည် ထို၂ယောက်၏ မျက်နှာအမူအရာကို သေချာကြည့်နေလေသည်။ ယခုနေရာအသစ်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ ရှိမည်ဆိုလျှင်၊အခြားလူများ

မီးတောက်ဦးချိုမျိုးနွယ်စုအပေါ်ထားသော အမြင်ကို ရှောက်ရွှမ်သိချင်မိသည်။

ရှောက်ရွှမ်သည် မြစ်တစ်ဖက်ကမ်းမှာနေတုန်းကဆိုလျှင် ထင်ထင်ပေါ်ပေါ် နေလေ့ရှိသည်။ သူ့မျိုးနွယ်စုအကြောင်းကို ဘယ်တော့မှ လျှို့ဝှက်မထားပါ။ ထိုသို့ ထင်ပေါ်စွာနေထိုင်ပြီး မီးတောက်ဦးချိုမျိုးနွယ်စုနာမည်ကို လူအများသိသွားအောင်လုပ်ရန် နတ်ဆေးဆရာက ရှောက်ရွှမ်ကို မှာထားသည်။ သို့သော် ယခုနေရာတွင်တော့ ရှောက်ရွှမ် သတိထားသင့်သည်။ ယခုနယ်မြေတွင် သူမသိသေး သောအရာများ များလွန်းလှသည်။

ဝမ်ဖုနှင့် ရှူရီတို့သည် မီးတောက်ဦးချိုဆိုသော စကားကို ကြားသောအခါ နည်းနည်း တွေဝေသွားကြသည်။ မီးတောက်ဦးချိုဆိုသော စကားလုံးကို သူတို့မကြားဖူးကြပါ။

“မီးတောက်ဦးချိုမျိုးနွယ်စုဆိုတာ ခင်ဗျားရဲ့ဘိုးဘေးတွေလား” ဝမ်ဖုက မေးလိုက်သည်။ ထိုလူ၂ယောက်၏ တုံ့ပြန်ပုံက ရန်လိုသည့်ပုံမရှိ

သဖြင့် ရှောက်ရွှမ် ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်” ဟုဖြေလိုက်သည်။

ထိုအခါ ဝမ်ဖုက ခေါင်းကုတ်လိုက်ပြီး ရှောက်ရွှမ်ကို တောင်းပန်လေသည် “ကျွန်တော် ကြားတော့ကြားဖူးပါတယ်…မမှတ်မိလို့ပါ”။

“ရပါတယ်…သူတို့ကို ကျွန်တော်နောက်မှ လိုက်ရှာလိုက်မယ်” ရှောက်ရွှမ် အနည်းငယ် စိတ်ပျက်သွားသည်။

ဝမ်ဖုနှင့် ရှူရီတို့သည် ရှောက်ရွှမ်၏ အဖြစ်ကို မြင်ရသောအခါ စိတ်မကောင်းဖြစ်သွားကြသည်။

ရှူရီသည် ထိုလူငယ်ကို မကူညီနိုင်သော်လည်း သူတို့လင်မယားကို ကယ်တင်ခဲ့သော ထိုလူငယ်ကို ရှူရီကိုယ်ချင်းစာမိသည်။ ထို့နောက် သူမသည် ဝမ်ဖု၏ အင်္ကျီစကို ဆွဲလိုက်သည်။

ဝမ်ဖုသည်လည်း ရှူရီ့လိုတွေးမိသဖြင့် ရှူရီက သူ့အင်္ကျီစကို လာဆွဲသောအခါ၊ ရှူရီဆိုလိုချင်

သည့် အဓိပ္ပါယ်ကို သိလိုက်သည်။ သူသည် ရှောက်ရွှမ်ကို မေးလိုက်သည် “ခင်ဗျားမှာ ဘာအစီအစဉ်ရှိလဲ…ကျွန်တော်တို့နဲ့ ပြန်လိုက်ခဲ့ပါလား…ခင်ဗျားသာ မကယ်ရင် ကျွန်တော်တို့လည်း အိမ်ပြန်နိုင်မှာမဟုတ်…ကျွန်တော်တို့ မျိုးနွယ်စုနေတဲ့ နေရာကို လိုက်ခဲ့ပါဗျာ…ကျေးဇူးဆပ်ချင်လို့ပါ”

ရှောက်ရွှမ်ခဏ စဉ်းစားနေလိုက်ပြီး “ကောင်းပြီလေ…ဒါဆိုလည်း လိုက်ရတာပေါ့” ဟုပြောလိုက်သည်။ သူရောက်ရှိနေသာ ထူးဆန်းသည့်တိုက်နယ်မြေကြီးအကြောင်းကို သိရရန် မျိုးနွယ်စုတစ်ခုခုထံမှ စုံစမ်းရမည်။ ထိုတိုက်နယ်မြေကြီးအကြောင်းအပြင်၊ အဝတ်အစားများလည်း လဲသင့်နေပြီဖြစ်သည်။

ရှောက်ရွှမ်ပါလာသောအခါ ဝမ်ဖုနှင့် ရှူရီတို့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ရှောက်ရွှမ်၏ အစွမ်းကို သိထားသဖြင့် သူတို့သည် သိပ်စိတ်ပူမနေတော့ပါ။ ထိုနေရာတွင် အန္တရာယ်ပေးနိုင်သော သားရဲကြီးများလည်း များများစား

စားမရှိပါ။ ခါဆိုင်းဆိုလျှင်လည်း သူတို့ဟာသူတို့ သွားလာနေကျဖြစ်သည်။ ထိုသို့ အန္တရာယ်သိပ်မရှိသော နေရာဖြစ်သောကြောင့်သာ၂ယောက်ထဲ ထွက်လာခဲ့ခြင်းဖြစ်သည်။ တီကောင်ကြီးနှင့် တည့်တည့်တိုးခြင်းကတော့ ကံဆိုးခြင်းပင် ဖြစ်လေသည်။

ရှောက်ရွှမ်က စကားများပြောလာသဖြင့် ဝမ်ဖုသည်လည်း စိတ်ထဲတင်းကျပ်မနေတော့ဘဲ ပြောချင်သည့် စကားများကို ထုတ်ဖော်ပြောမိသည်

“ထွက်လာတုန်းကတော့ မျိုးနွယ်စုဝင်တွေနဲ့အတူတူပေါ့ဗျာ…ဒီနေရာကို ရောက်လာမှ ကျွန်တော်တို့ ၂ယောက်တည်း လူစုကွဲသွားတာ…နောက်တစ်နေရာရောက်မှ သူတို့နဲ့ ပြန်ဆုံတော့မယ်ဗျာ…မိုးမရွာတာ ကြာလှပြီ…နောက်ပြီး တောင်ပေါ်မှ စီးနေတဲ့ စမ်းချောင်းကလေးကလည်း ရေခမ်းသွားပြီဗျ…အဲဒီတော့ ကျွန်တော်တို့သာ ရေထွက်မရှာရင် အားလုံး ဒုက္ခရောက်ကုန်တော့မယ် ဆိုပါတော့…ကျွန်တော်တို့လည်း ဒုက္ခ

တော့ အရောက်မခံဘူးဆိုပြီး ဒီနေရာမှာ ကံလာစမ်းတာပါ”။

ရေညှိများထဲတွင် ဝင်နေသော ရေများကို အိုးတစ်လုံးထဲသို့ ညှစ်ချနေသော ထိုစုံတွဲကို ရှောက်ရွှမ် ကြည့်နေမိသည်။ သူတို့သည် ရေညှိများကို လွှတ်မပစ်ပါ။ ရေညှစ်ပြီးသောအခါ ရေညှိများကို ခြင်းတစ်လုံးထဲ ပစ်ထည့်လိုက်သည်။ ထိုရေညှိများသည် စား၍ ရပါသည်။

ဝမ်ဖုနှင့် ရှူရီတို့နောက်မှလိုက်လာရင်း ရှောက်ရွှမ်သည်လည်း ထိုနယ်မြေတွင် သွားလာမည်ဆိုပါက လိုအပ်သော အခြေခံ ဆောင်ရန်၊ရှောင်ရန်များကို သိရှိသွားသည်။ ဘယ်အရာသည် စား၍ ရသည်၊ ဘယ်အရာကို လက်ဖြင့်မကိုင်ရ စသည်ဖြင့်…။

“မိုးရွာရင်ကောင်းမယ်…အဲဒါဆိုရင် ရေစက်ကလေးတွေ စုဖို့အတွက် ငါတို့ ဒီလောက် အဝေးကြီးကို လာစရာမလိုဘူး” ဝမ်ဖုက ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။

ဝမ်ဖုသည် ခံစားချက်နှင့် ပြောလိုက်သော်လည်း ညည်းတွားမှုတော့ မပြုပါ။ ထိုကဲ့သို့ ခြောက်သွေ့သောနေရာတွင် နေလာသည်မှာ ကြာပြီဖြစ်၍ ထိုအခြေအနေမှာ သူတို့အတွက် ရိုးနေပြီဖြစ်သည်။ သူမှတ်မိသလောက်ဆိုလျှင် အရင်က အခုထက် ကာလ ပိုရှည်လျားသော နွေရာသီတစ်ခုကြုံခဲ့ဖူးသည်။ ထိုနွေတုန်းကလည်း မျိုးနွယ်စုဝင်အားလုံး ရှင်သန်နိုင်ခဲ့သည်။ ရှင်သန်နိုင်ရန်အတွက် ကိုယ်ပိုင်နည်းလမ်းတစ်ခုကိုတော့ လိုအပ်သည်။ အပျင်းကြီးပြီး ဘာမှ မလုပ်လိုသူများကတော့ ရေငတ်ပြီး သေကြမည် ဖြစ်လေသည်။

ဝမ်ဖုနှင့် ရှူရီတို့၏ မျက်နှာ အမူအရာကို ကြည့်လိုက်ပြီး ရှောက်ရွှမ်သည် သူ့နားတွင်ရှိသော သစ်ပင်ကြီးတစ်ပင်မှ တွဲလောင်းကျနေသည့် နွယ်ပင်များကို ကြည့်လိုက်မိသည်။ ခြောက်သွေ့ပူပြင်းသော ရာသီဥတုကြောင့် နွယ်ပင်များနှင့် ယှက်လိမ်နေသော အချို့သစ်ကိုင်းများမှာ ခြောက်သွေ့ကုန်ပြီဖြစ်သည်။

ရှောက်ရွှမ်သည် နွယ်ကြိုးတစ်ချောင်းကို ဆွဲယူလိုက်ပြီး လက်ထဲတွင် ဝှေ့ယမ်းနေသည်။ ကျန်၂ယောက်ကတော့ ရေစက်များ လိုက်လံ စုဆောင်းနေသဖြင့် ရှောက်ရွှမ်၏ လှုပ်ရှားမှုများကို မတွေ့လိုက်ပါ။

ခဏအကြာတွင်တော့ ရှောက်ရွှမ်သည် ကြိုးထုံး ပြုလုပ်ခြင်းပြီးဆုံးသွားသည်။ သူသည် အဖြေကို ကြည့်လိုက်ပြီးနောက် ကြိုးကို လွှတ်ပစ်လိုက်သည်။

“နောက်ဆယ်ရက်ကြာရင် မိုးရွာမယ်…မွန်းတည့်ချိန်မှာ ရွာမှာ” ရှောက်ရွှမ်က ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သောအခါ ဝမ်ဖုနှင့် ရှူရီတို့သည် ရေစုဆောင်းခြင်းကို ရပ်တန့်လိုက်သည်။ သူတို့သည် ရှောက်ရွှမ်ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး “မင်းက ရာသီဥတု ခန့်မှန်းနိုင်တာလား” ဟုမေးလိုက်သည်။

“နည်းနည်းပါ” ရှောက်ရွှမ်က စကားအများကြီး မပြောပါ။

ဝမ်ဖုနှင့် ရှူရီလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး၊ ယုံရကောင်းနိုး မယုံရကောင်းနိုး ဖြစ်နေကြသည်။ သို့သော် ရှောက်ရွှမ်က မည်သို့ ပြောပြော သူတို့ကတော့ ရေစက်များကို ဆက်လက်စုဆောင်းနေကြသည်။ နောက်ဆယ်ရက်နေလျှင် မိုးရွာမည်ဆိုသော်လည်း ထိုဆယ်ရက်အတွင်း ရှင်သန်ရန် လိုအပ်သေးသည် မဟုတ်ပါလား။

အိုးခွက်များကို ရေအပြည့်ဖြည့်ပြီးသောအခါ သုံးယောက်သား ထိုနေရာမှ ထွက်ခွာလာကြပြီး မျိုးနွယ်စုဝင်များနှင့် ချိန်းဆိုထားသောနေရာသို့ ဦးတည်သွားကြလေသည်။

ရှေ့ဆက်သွားလေ မြူများက ပါးသွားလေ ဖြစ်ပြီး လေထုမှာလည်း ပူသည်ထက် ပိုပူလာသည်။ ခြစ်ခြစ်တောက်အောင် ပူလောင်လျက်ရှိသောနေရာတွင် ကုန်းမြေက ခြောက်သွေ့အက်ကွဲ

နေသည်။ မြူငွေ့များ ဖုံးလွှမ်းနေသောနေရာနှင့်တော့ အကွာကြီး ကွာလှသည်။

ချိန်းဆိုထားသောနေရာသို့ လာရာလမ်းတစ်လျှောက်တွင် ဝမ်ဖုက သားကောင်၁ကောင်ရလိုက်သလို ရှောက်ရွှမ်ကလည်း သားကောင်၂ကောင် ရလိုက်သည်။ သူတို့မိလိုက်သော သတ္တဝါများမှာ တီကောင်ကြီးလောက် အဆင့်မမြင့်သော်လည်း အသားကတော့ တီကောင်ကြီးထက် ပိုများလေသည်။ တီကောင်ကြီးသည် ကြောက်မက်ဖွယ်သားရဲတစ်ကောင်ဖြစ်သော်လည်း အသားသိပ်မရှိသဖြင့် စား၍ ရမည် မဟုတ်ပါ။ အပင်များကိုသာ စားနေခဲ့ရသော ရှောက်ရွှမ်ကတော့ ချေးများမနေတော့ပါ။

မိလာသော သားကောင်၂ကောင်အနက် တစ်ကောင်ကို စားပြီး၊ တစ်ကောင်ကို မက္ကာမျိးနွယ်စုဝင်များကို ပေးလိုက်မည်ဟု ရှောက်ရွှမ်စဉ်းစားထားသည်။ သူသည် မက္ကာမျိုးနွယ်စုဝင်များ၏နေရာတွင် နည်းနည်းကြာကြာလေးနေမည်ဟု စိတ်ကူးထားသဖြင့် လက်ဆောင်ယူသွားချင်

နေခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် သူများကပေးသည်ကိုပဲ ယူတတ်သော လူစားမဟုတ်ပါ။

နေစောင်းသွားသောအခါ ရှောက်ရွှမ်သည် စုံတွဲလင်မယားနှင့်အတူ ထွက်လာကြသော မက္ကာမျိုးနွယ်စုဝင်များကို မြင်တွေ့လိုက်ရသည်။ အတော်များများမှာ ဒဏ်ရာရထားကြသော်လည်း သေဆုံးသူတော့ မရှိသေးပါ။ အခြေအနေကောင်းသည်ဟုပင် ဆိုရမည်။

ဝမ်ဖုက ရှောက်ရွှမ်ကို မိတ်ဆက်ပေးသည်။ အစကတော့ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် ရှောက်ရွှမ်ကို မြင်သောအခါ ရွံ့ရှာသွားကြသယောင် ဖြစ်သွားသော်လည်း၊ ရှောက်ရွှမ်လက်ထဲက သားကောင်၂ကောင်ကို တွေ့သောအခါ သူတို့၏ မျက်နှာထားများ ပျော့ပြောင်းသွားကြသည်။ အချို့ မက္ကာမျိုးနွယ်စုဝင်များသည် သားကောင်ရိုင်းများကို အမဲလိုက်ထားသော်လည်း ရှောက်ရွှမ်ရထားသော သားကောင်များလောက်တော့ မကောင်းပေ။

မက္ကာမျိုးနွယ်စုနှင့် အတူလျှောက်လာရင်း ရှောက်ရွှမ်သည် သားကောင်၂ကောင်ကို သယ်ဆောင်လာကာ ဝမ်ဖုနှင့် အေးဆေးစကားပြောနေသည်။ ထိုအဖြစ်အပျက်ကို မြင်သောအခါ သူတို့အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ သို့သော် တီကောင်ကြီးကို ကောင်းကင်ပေါ်ပျံဝဲသွားအောင် ကန်လိုက်သည်ကို မြင်ဖူးထားသော စုံတွဲအတွက်တော့ ထိုမျှ စွမ်းဆောင်မှုမှာ အံ့ဩစရာ စွမ်းဆောင်မှုမျိုး မဟုတ်တော့ပေ။

All Chapters