နတ်ဆေးဆရာလော
Vol. 24 Ch. 355
ခွန်အားကြီးမားသူများကို လူများက ကြောက်ရွံ့ကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် သူတို့သည် ရှောက်ရွှမ်ကို အဝတ်စုတ်များ ဝတ်ထားသည်ကို တွေ့လိုက်ရ သောအခါ စက်ဆုပ်ရွံ့ရှာသည့်ဟန်ဖြစ်သွားကြသည်။
မိုးကုပ်စက်ဝိုင်းတွင် နေလုံးကြီးမေးတင်ချိန်ရောက်သောအခါ ရှောက်ရွှမ်သည် မက္ကာမျိုးနွယ်စုဝင်များ နေထိုင်သော နေရာကို မြင်တွေ့ရပြီ ဖြစ်သည်။ မက္ကာမျိုးနွယ်စုဝင်များ၏ ရွာကို ကာရံထားသော ကျောက်တံတိုင်းမှာ သိပ်မမြင့်သဖြင့် အပြင်မှ နေ၍ ရွာထဲမှ ကျောက်တုံးအိမ်များကို မြင်တွေ့နေရသည်။ သိပ်မမြင့်လှသော်လည်း ခိုင်ခံ့မှုတော့ ရှိသည်။ အချို့အိမ်များကလည်း ခြံကို ကျောက်တုံးများဖြင့် ကာရံထားကြသည်။
ဝမ်ဖုသည် သူစိမ်းတစ်ယောက်နှင့် ပြန်လာ
သည်ဖြစ်သော်လည်း မက္ကာမျိုးနွယ်စုဝင်များက သူ့ကို သိပ်အရေးမလုပ်ကြပါ။ သားကောင်၂ကောင်ကို ထမ်းလာသော အဝတ်အစားအစုတ်နှင့် ရှောက်ရွှမ်ကတော့ ထင်သာမြင်သာ ဖြစ်နေသည်။ ဝမ်ဖုနှင့် ရှောက်ရွှမ်၏ အခြေအနေက ထိုကဲ့သို့ ပြောင်းပြန်ဖြစ်နေလေသည်။ မက္ကာမျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်ကိုတွေ့သောအခါ သူတို့ အကြည့်များကို ရှောက်ရွှမ်ပေါ်မှ လွှဲဖယ်မပစ်နိုင်တော့ပါ။ ထိုထူးဆန်းသောသူသည် ဘယ်သူဖြစ်မည်နည်း။
လမ်းတလျှောက်တွင် ရှောက်ရွှမ်သည် ထိုဒေသရှိ မျိုးနွယ်စုများအကြောင်းကို သိရှိလာခဲ့သည်။ မျိုးနွယ်စုအားလုံလိုလိုပင် နတ်ရုပ်၏ဦးဆောင်မှုမရှိတော့ပဲ ပြိုကွဲနေကြပြီဖြစ်သည်။ ပွဲတော်များရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလောက်သာ ရှိတော့ပြီး စွမ်းအင်အရင်းအမြစ်ကို ပေးစွမ်းသော ရိုးရာအခမ်းအနား မျိုးမဟုတ်တော့ပါ။ မိသားစုတစ်စုက သူစိမ်းတစ်ယောက်ကို လက်ခံလိုက်သည်ဆိုပါ
က ထိုသူသည် မျိုးနွယ်စုအရေးများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုသရွေ့ ထိုသူသည် မျိုးနွယ်စုထဲတွင် နေထိုင်နိုင်သည်။ အချိန်ကြာလာပါက မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်လာနိုင်သည်။
မက္ကာမျိုးနွယ်စုဝင်များ၏ ရွာနှင့်နီးလေ ရှောက်ရွှမ်၏ သံသယတို့က ပိုကြီးလာလေ ဖြစ်သည်။ မက္ကာမျိုးနွယ်စုဝင်များ၏ မီးဖိုကြီးထဲတွင် မီးမျိုးစေ့ မရှိသည်ကို ရှောက်ရွှမ်ခံစားမိလိုက်သည်။
မီးဖိုကြီးအကြောင်းကို မေးမိသောအခါ မီးဖိုကြီးတစ်ခုရှိကြောင်း ရှောက်ရွှမ်ကို ပြောကြသည်။ ဘိုးဘေးများက အမွေပေးခဲ့သော ထုံးစံတစ်ခု ဖြစ်မည်။ သူတို့သည် ရိုးရာအခမ်းအနားပွဲများ ပြုလုပ်သော်လည်း သူတို့မျိုးနွယ်စု၏ မီးဖိုကြီးထဲတွင် မီးလုံဝမရှိခြင်းဖြစ်ပေသည်။ ထိုအချက်မှာ အခြားမျိုးနွယ်စုဝင်များနှင့် ကွာခြားသော အချက် ဖြစ်ပေသည်။
ဝမ်ဖုကတော့ ထိုသို့မီးမရှိသည်မှာ သူတို့မျိုး
နွယ်စုတစ်ခုတည်းမဟုတ် အခြားမျိုးနွယ်စုများလည်း ထိုကဲ့သို့ပင် ဖြစ်ကြောင်း ပြောလေသည်။ မီးမျိုးစေ့အကြောင်းကိုတော့ ဘိုးဘေးများက ဘာမှ မပြောခဲ့ပါ။ မီးမျိုးစေ့အကြောင်းနှင့် ပတ်သက်၍ ကလေးများကို ပုံပြင်အနေနှင့် ပြောပြခြင်းလောက်သာ ရှိသည်။ သို့သော် မီးတောက်များ မည်ကဲ့သို့ ပျောက်ကွယ်သွားသည်ကို မည်သူမျှ မပြောပြနိုင်ပါ။ အများစုမှာ လူများ၏ထင်မြင်ချက်များသည ဖြစ်ပြီး အဖြစ်အပျက်များမှာလည်း ရှင်းရှင်းလင်းလင်းမရှိပါ။ ဖြစ်ပျက်ခဲ့သည့်အချိန်များမှာလည်း ကြာပြီဖြစ်သဖြင့် ဘယ်သူမှ လည်းသေချာမသိတော့ပါ။
သူ့အကိုသည် ဝမ်ဖုနှင့်အတူ နေထိုင်သည်။ သူ့အကို အပြင် လူအို၂ယောက်ပါရှိသေးသည်။ ဝမ်ချသည် ရေစက်များကို စုဆောင်းရန် ဝမ်ဖုနှင့် မလိုက်လာပါ။ သူသည် ရေရှာရန် အခြားအရပ်သို့ အခြားအဖွဲ့၁ဖွဲ့နှင့် လိုက်သွားခြင်း ဖြစ်ပါသည်။ သို့သော် အပြန်တွင် ခြောက်ကပ်နေသော သစ်သီးများကိုသာ သယ်ဆောင်လာနိုင်သဖြင့် သူ့ခရီးမှာ သိပ်အကျိုးမရှိခဲ့ပါ။
ရှောက်ရွှမ်သည် မက္ကာမျိုးနွယ်စုဝင်များ၏ နေရာတွင် ယာယီစတည်းချနေလေသည်။ သူသည် ခဏသာ နေမည် ဖြစ်ကြောင်း ဝမ်ဖုအား ပြောထားလေသည်။ ၃၊၄ရက်ကြာလျှင် သူထွက်ခွာသွားမည် ဖြစ်သည်။
ဝမ်ချက သဘောကောင်းသောသူ့ညီနှင့်မတူပါ။ ရှောက်ရွှမ်ကို တွေ့သောအခါ မယုံသင်္ကာဖြင့် သေချာကြည့်နေလေသည်။ ရှောက်ရွှမ်က သားကောင်၂ကောင် သယ်ဆောင်လာသော်လည်း ဝမ်ချကတော့ သူ့သဘောထားကို မပြောင်းလဲပါ။
စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့် ဝမ်ချသည် ရှောက်ရွှမ်ကို အထင်သေးနေသည်။ ထို့ပြင် ကျောက်သားဓားမြောင်ကို သုံးသည်ကို တွေ့ရသောအခါ ဝမ်ချသည် ရှောက်ရွှမ်ကို ပို၍ပင် အထင်သေးသွားသည်။ “ ဒီလူက ကျောက်သားဓားမြောင်ကို အသုံးပြုနေပါလား…ဒါကြောင့် အဝတ်အစားတွေ
က ဒီလောက် စုတ်ပြတ်နေတာကိုး…ကျောက်သားဓားမြောင်တဲ့ကွာ…ဒီကောင့် ဘိုးဘေးဘီဘင်တွေ သုံးခဲ့တဲ့ ဓားမြောင်ဖြစ်မယ်”။ မျိုးနွယ်စုဝင်များသည် သိပ်အစွမ်းမထက်ကြသော်လည်း သတ္တုဓားမြောင်များကိုတော့ ပိုင်ဆိုင်ထားကြသည်။ ဝမ်ချတို့လို လူများ၏ အမြင်တွင် ရှောက်ရွှမ်သည် အားအင်ကြီးမားသော်လည်း သနားစရာလူတစ်ယောက်ဖြစ်နေလေသည်။
ဝမ်ချသည် သူ၏ ပုံပျက်နေပြီဖြစ်သော ဓားကို ရှောက်ရွှမ် ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ ဝမ်ညီနောင်များသာမက ကျန်မက္ကာမျိုးနွယ်စုဝင် အများစုတွင် သတ္တုဖြင့် ပြုလုပ်သော လက်နက်များ ပိုင်ဆိုင်ထားကြသည်။ သစ်သား၊တိရစ္ဆာန်ချိုများနှင့် သတ္တုများကိုလည်း ပေါင်းစပ်၍ လက်နက်အဖြစ် အသုံးပြုကြသည်။ လူအိုကြီးများမှ လွဲ၍ ကျောက်လက်နက်များကို အသုံးမပြုကြတော့ပါ။
လူများသည် သူတို့ကိုယ်သူတို့ ပါးနပ်သည် ဟုထင်မြင်နေကြသည်။ ရှောက်ရွှမ်၏ ထူးခြားသော
ကျောက်သားဓားမြောင်ကို မြင်သောအခါ “ ကြည့်စမ်းပါဦးကွာ…လာပါ…ငါလုပ်ပေးပါ့မယ်” ဟုပြောကြမည်။ သို့သော် ထိုဟန်ဆောင်မှုနောက်ကွယ်တွင်တော့ သူတို့သည် ရှောက်ရွှမ်၏ ကျောက်သားဓားမြောင်နှင့် သူတို့၏ သံချေးတက်နေသော ဓားများကို လဲလှယ်ချင်နေကြသည်။ သို့သော် ရှောက်ရွှမ်ကလည်း ဓားချင်းလဲလှယ်မည် မဟုတ်ပါ။ ရှောက်ရွှမ်သည် ထိုသို့ ပြောလိုက်သောသူကို တည်ငြိမ်စွာကြည့်လိုက်သည်။ ထိုအခါကျမှ ထိုလည်း ရှိုးတိုးရှန့်တန့်ဖြစ်ကာ ပြောထားသော စကားကို ပြန်ရုတ်သိမ်းပြီး ထွက်ခွာသွားလေသည်။
ရှောက်ရွှမ်၏ မျက်လုံးများက တည်ငြိမ်နေသော်လည်း မက္ကာမျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်ကို မျက်နှာချင်းဆိုင်လိုက်လျှင် အသက်ရှူ ကျပ်သလိုခံစားလိုက်ကြရသည်။ သင့်ဦးခေါင်းကို အချိန်မရွေးချေမွပစ်နိုင်သည် လက်ကြီးတစ်ဖက် ဦးခေါင်းနားတွင် ရောက်နေသလိုပင်။
ဝမ်ဖုကတော့ စိတ်သဘောထား ကောင်း
ပါသည်။ သူသည် အဝတ်ဟောင်းတစ်စုံကို ထုတ်ယူလိုက်ပြီး ရှောက်ရွှမ်ဝတ်လို့ရအောင် ရှူရီကို ပုံပြောင်းခိုင်းလိုက်သည်။ အဝတ်အစားအသစ်များတော့ မရှိသဖြင့် မပေးနိုင်ပါ။
ရှောက်ရွှမ်ကတော့ အဝတ်အစားအဟောင်းများ ဝတ်ရသည့်အတွက် မည်သို့မှ မနေပါ။ ယခင်ဝတ်ဆင်ခဲ့ရသော အစုတ်အပြဲများနှင့် စာလျှင် ယခုအဝတ်များမှာ အတော်ကောင်းမွန်နေသည် မဟုတ်ပါလား။
ရှောက်ရွှမ်သည် အစားအသောက်များကို တဝတပြဲကြီး စားလိုက်သည်။ သူရလာသော အမဲ၂ကောင် အနက်၁ကောင်ကို ဝမ်မိသားစုကိုပေးလိုက်ပြီး ကျန်၁ကောင်ကို သူစားလိုက်ခြင်းဖြစ်သည်။ ထို၁ကောင်ကို ၁ရက်တည်းနှင့် ကုန်အောင် စားလိုက်သဖြင့် နောက်တစ်နေ့တွင် အမဲလိုက် ထွက်ရပြန်သည်။ နေ့တိုင်း အမဲလိုက်ထွက်ပြီး ပြန်လာသောအခါ ရလာသောအမဲကို သူစားသောက်ပြီးနောက် ကျန်သည်ကို ဝမ်မိသားစုကို ခွဲဝေပေးလိုက်သည်။
မကြာခဏအမဲလိုက်ခြင်းကြောင့် ရှောက်ရွှမ်ကို နဂိုက မုန်းတီးခဲ့သော လူများပင် ရှောက်ရွှမ်အပေါ်သဘောထားများ ပြောင်းလဲသွားကြသည်။ အထူးသဖြင့် မက္ကာမျိုးနွယ်စုဝင် မိန်းကလေးများဖြစ်ကြသည်။ ဝမ်မိသားစု၏ နေအိမ်ဝင်ပေါက်နားသို့ မိန်းကလေးများ မကြာခဏရောက်လာကြသည်။နေ့တိုင်းလိုပင် လှပစွာ ဝတ်စားထားကြသော လူများက ရှောက်ရွှမ် သွားမည့် လမ်းကို ပိတ်၍ စကားအနည်းငယ်ပြောကြသည်။ အမဲလိုက်ခြင်းကို ထိုမျှကျွမ်းကျင်သူတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရပါက သူတို့တစ်ဘဝလုံး အစာငတ်မည့် အရေးအတွက် စိတ်ပူစရာ မလိုတော့ပါ။
ရှောက်ရွှမ်တစ်ယောက် နာမည်ကြီးလာသောအခါ မက္ကာမျိုးနွယ်စုဝင်လူငယ်များက ရှောက်ရွှမ်ကို ရန်စကြသည်။ ရှောက်ရွှမ်က များသောအားဖြင့် ရှောင်ထွက်သွားလေ့ရှိပြီး ရှောင်ထွက်သွားရန် အချိန်မရပါက လျစ်လျူပြုထားလိုက်သည်။ မက္ကာမျိုးနွယ်စုထဲတွင် အကြီး
တန်းစစ်သည်တော် သိပ်မရှိပါ။ လူငယ်အများစုမှာ ဝမ်ဖုကဲ့သို့ အလတ်တန်းစစ်သည်တော်များသာ ဖြစ်ကြသည်။ ရှောက်ရွှမ်သည် ထိုလူများကို အနိုင်ကျင့်ရန် စိတ်မဝင်စားပါ။
ရှောက်ရွှမ်၏ ခွန်အားကိုသိသွားကြသောအခါ ရှောက်ရွှမ်ကို စိန်ခေါ်သူ ဦးရေ နည်းပါးသွားလေသည်။ အချို့ အကြီးတန်းစစ်သည်တော်များက ရှောက်ရွှမ်ဆီရောက်သွား ကြလေသည်။ ထိုသူများသည် သူတို့မျိုးနွယ်စုထဲတွင် နေထိုင်နိုင်မည့်သူများကို ကြိုဆိုကြသူများ ဖြစ်ကြသည်။ ရှောက်ရွှမ်က ယာယီသာ နေမည်ဖြစ်ကြောင်းကို သိထားသဖြင့် သူတို့သည် ရှောက်ရွှမ်ကို သူတို့ရွာ၌နေစေရန် အကြိမ်ကြိမ်ဆွဲဆောင်ကြလေသည်။ ရလာနိုင်မည့်အကျိုးများဖြင့်လည်း မက်လုံးပေးကြ သေးသည်။ သို့သော် သူတို့သည် ရှောက်ရွှမ်၏ စိတ်ကို ပြောင်းလဲလာအောင် မစွမ်းဆောင် နိုင်ခဲ့ကြပါ။ ရှောက်ရွှမ်ကို သူတို့ဘက်ပါလာအောင် မပြောနိုင်သဖြင့် သူတို့သည် ရက်အတန်ကြာအောင် နောင်တရနေကြသည်။
ရှောက်ရွှမ် ခဏလာနေလိုက်သဖြင့် ဝမ်မိသားစု၏ စားဝတ်နေရေးအခြေအနေသည် တဆင့်မြင့်တက်သွားခဲ့သည်။ မိသားစုထဲမှ ကလေးများနှင့် လူကြီးများကလည်း ပျော်ရွှင်နေကြသည်။ သို့သော် ရေပြဿနာကတော့ ဖြေရှင်းလို့မရသေးဘဲ ရှိနေသည်။ ရှောက်ရွှမ်လည်း သူတို့ကို မကူညီနိုင်ပါ။ ထိုမျှ ခြောက်သွေ့သောနေရာတွင် မိုးကျောက်တုံးသည် ငွေ့ရည်ဖွဲ့ခြင်းကို လုပ်ဆောင်နိုင်မည် မဟုတ်ပါ။
သို့သော် သူတို့ စုဆောင်းခဲ့သော ရေများက ဆယ်ရက်စာတော့ လုံလောက်လေသည်။ ဆယ်ရက်အတွင်း အရာအားလုံးအဆင်ပြေနေမည် ဖြစ်သည်။
ရှောက်ရွှမ်က အသားများနေ့စဉ်ပေးနေသည်ကို တွေ့နေရသောကြောင့် ဝမ်ဖုသည် ရှောက်ရွှမ်ကို ကျေးဇူးတင်နေမိသည်။ ထိုမျှ အသားများကို ရလိမ့်မည်ဟု ဝမ်ဖုမမျှော်လင့်ထားပါ။ ရှောက်ရွှမ်ဆီမှ အသားများကို နေ့စဉ်ယူနေရသည့်အတွက် သူ့စိတ်ထဲတွင် အပြစ်ရှိသည်ဟု ခံစားလာရ
သည်။ ရှောက်ရွှမ်ကတော့ သူတို့ဆီက ဘာမှ မယူခဲ့ရသေးသည် မဟုတ်ပါလား။ရှောက်ရွှမ်က မေးခွန်းတချို့သာမေးမြန်းသဖြင့် ဝမ်ဖုသည် သူ့စိတ်ထဲတွင် အပြစ်ရှိသလို ပိုခံစားလာရသည်။ ရှောက်ရွှမ်မေးသော အရာသည် သူမသိသောအရာဖြစ်ပါက သူသည် တခြားလူများကို လိုက်မေးမည် ဖြစ်သည်။ ထိုမျှလောက်သောအကူအညီက ရှောက်ရွှမ်အတွက် တော်တော်အကျိုးရှိပါသည်။
ထိုနေ့တွင် ရှောက်ရွှမ် မက္ကာမျိုးနွယ်စုထဲတွင် နေခဲ့သည်မှာ ၁၀ရက်ပြည့်ပြီဖြစ်သည်။ ထိုနေရာနှင့် ပတ်သက်သော အခြေခံ ဗဟုသုတများကို သိရှိထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ထိုနေရာတွင် ဆက်လက်နေထိုင် တော့မည်မဟုတ်ပါ။
အိမ်တံခါးဝဆီသို့ လျှောက်သွားရင်း ရှောက်ရွှမ်သည် ကောင်းကင်ပြင်ကို မော့ကြည့်လိုက်သည်။
“ဟေ့…ရှောက်ရွှမ် မင်းဒီနေ့ အပြင်မသွားဘူး
လား” ဝမ်ဖုက အခုမှ အိပ်ရာနိုးလာပြီ ရှောက်ရွှမ် အပြင်မသွားရသေးသည်ကို မြင်သောအခါ အံ့ဩသွားလေသည်။
ခါတိုင်းရက် ဒီလိုအချိန်ဆိုလျှင် ရှောက်ရွှမ်သည် အပြင် ထွက်သွားပြီဖြစ်သည်။ ဝမ်ဖုမိသားစုကတော့ ရိုးနေပြီဖြစ်သည်။ သူတို့သည် အမဲလိုက်ထွက်ကြသော်လည်း နေ့စဉ် အမဲလိုက်ခြင်းတော့ မဟုတ်ပါ။ သို့သော် ရှောက်ရွှမ်ကတော့ အများနှင့် တူသူမဟုတ်ပါ။ စစ်သည်တော်ကောင်းတစ်ယောက်သည် အများထက် ထူးကဲပါသည်။
ရှောက်ရွှမ်ကောင်းကင်ကို မော့ကြည့်နေသည်ကို တွေ့သောအခါ ဝမ်ဖုသည် လွန်ခဲ့သော ဆယ်ရက်က ရှောက်ရွှမ်ပြောခဲ့သည်ကို ပြန်သတိရသွားသည်။ လွန်ခဲ့သော ဆယ်ရက်က နောက်ဆယ်ရက်နေလျှင် မိုးရွာမည်ဟု ရှောက်ရွှမ် ပြောခဲ့ပါသည်။ ထို့ကြောင့် ဝမ်ဖုလည်း တံခါးနားသွား၍ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။
နေကတော့ အတော်မြင့်နေဆဲဖြစ်သည်။ ကောင်းကင်တွင် တိမ်တချို့ရှိသော်လည်း မိုးရွာမည့် အလားအလာတော့ မရှိပါ။ တိမ်များဖွဲ့စည်းပုံမှာ မိုးရွာမည့်ပုံ မရှိပါ။ တိမ်များကြားမှ မိုးခြိမ်းသံများထွက်ပေါ်လာသော်လည်း ခဏအကြာတွင် ကောင်းကင်မှာ ပြန်လည် ရှင်းလင်းသွားပြန်သည်။ မိုးရွာ၊မရွာ မပြောတတ်ပါ။
“ငါဒီနေ့ သွားတော့မယ်…ငါ့ကို ခင်ခင်မင်မင် လက်ခံပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
“နင်သွားတော့မလို့လား” ရှူရီလည်း အံ့ဩသင့်သွားသည်။ ဆယ်ရက်တာကာလအတွင်း မိသားစုအတွင်း ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကို သူမလည်း သိထားသည်။ အိမ်တွင် မစားရသေးသော အသားစိမ်းများစွာ ရှိသလို အိမ်ပြင်တွင်လည်း နေခြောက်လှမ်းထားသော အသားများစွာ ရှိနေသေးသည်။ အခြားလူများက သူတို့အိမ်တွင် ရှောက်ရွှမ်ရှိနေခြင်းကို အားကျနေကြခြင်းဖြစ်သည်။ အခုတော့ ထိုလူက ထွက်သွားတော့
မည် ဖြစ်သည်။ ထို့ပြင် ထိုသူသည် မက္ကာမျိုးနွယ်စု၏ လူသူအရောက်အပေါက်နည်းသောနေရာတွင် အခြေချမည်မဟုတ်ပါ။ သူသည် မြို့တော်များ သို့မဟုတ် မျိုုးနွယ်စုကြီးများဆီသို့ သွားမည်ဆိုလျှင်တောင် လွယ်ကူစွာ အခြေချနေထိုင်နိုင်မည် ဖြစ်သည်။
ရှောက်ရွှမ်ရောက်လာတုန်းက ပစ္စည်းများများမပါသလို ပြန်သောအခါတွင်လည်း ပစ္စည်းများများမပါသွားပါ။ သိသာသော ပစ္စည်းဆို၍ လဲလှယ်ဝတ်ရန် အဝတ်အစားများသာ ဖြစ်သည်။
ထွက်လာသောလမ်းတွင် ရှောက်ရွှမ်သည် အပြင်က ပြန်လာသော မက္ကာမျိုးနွယ်စုဝင် အဖွဲ့တစ်ဖွဲ့နှင့် ဆုံမိသည်။ ထိုအဖွဲ့သည် အဝေးတစ်နေရာသို့ ကုန်ပစ္စည်းဖလှယ်ရန် သွားခြင်းဖြစ်သည်။ သူတို့သည် မျိုးနွယ်စုဝင်များအတွက် သတ္တုလက်နက်များနှင့် အဝတ်အစားသစ်များကို ယူဆောင်လာပေးကြသည်။
ထိုခရီးဝေးသွားသောအဖွဲ့တွင် အကြီးတန်း
စစ်သည်တော် ၃ယောက်ပါသည်။ သက်လတ်ပိုင်းလောက်ရှိသူ ၂ဦးက ကျန်သူများထက် အဆင့်မြင့်သည်။ သို့သော် ရှောက်ရွှမ်က သူတို့ကို မကြောက်ပါ။ သူသာ မျိုးနွယ်စုထဲမှ ထွက်ခွာမည့် အကြောင်းကို မပြောပြထားလျှင် ထိုအဖွဲ့နှင့် တွေ့စရာအကြောင်းမရှိပါ။ ထိုအဖွဲ့ထဲမှ လူများက ရှောက်ရွှမ်ကို သူစိမ်းတစ်ယောက်လို သဘောထားကာ ကြည့်နေကြပါသည်။
ဝမ်ဖုက ရှောက်ရွှမ်ကို မျိုးနွယ်စုနယ်မြေအပြင်သို့ လိုက်ပို့ပါသည်။
“ဝမ်ဖု အဲဒီလူက ဘယ်သူလဲကွ” ခရီးသွားအဖွဲ့ထဲတွင် ဝမ်ဖုနှင့် ရင်းနှီးသူများပါလာသဖြင့် ထိုသူများက ဝမ်ဖုကို မေးမြန်းနေကြသည်။
“သူ့နာမည်က ရှောက်ရွှမ်ပါ။ ကျွန်တော်နဲ့ ရှူရီရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုပါတော့…ကျွန်တော်အိမ်မှာ ၁၀ရက်နေသွားပါတယ်…သူကလူတော်တစ်ယောက်ပါ…နေ့တိုင်း အမဲလိုက်ထွက်နိုင်တယ်” ဝမ်ဖုသည် ရင်းနှီးသော သူငယ်ချင်းများ
နှင့်တွေ့ဆုံတိုင်း ရှောက်ရွှမ်အကြောင်းကို မချွင်းမချန်ပြောပြလေ့ရှိသည်။ ရှောက်ရွှမ်က သူတို့လင်မယားကို ကယ်လိုက်ပုံကို ပို အသေးစိတ်ပြောလေ့ရှိသည်။
“အဲဒီလောက်တောင် တော်တာလား”
“ဟုတ်တယ်…အရမ်းတော်တဲ့လူ” ဝမ်ဖုက ခေါင်းငြိမ့်လိုက်သည်။ သူသည် ရှောက်ရွှမ်နှင့်ပတ်သက်သည့် အကြောင်းရာတစ်ခုကို ပြောသည့်အခါတိုင်း လူများက သူ့ကို မယုံကြည်ကြပါ။ သူသည် ချဲ့ကားလွန်းသည် ဟု ထင်ကြသည်။ သို့သော် ဝမ်ဖုသည် ချဲ့ကားနေခြင်းမဟုတ်၊ အမှန်အတိုင်းပြောပြနေခြင်းဖြစ်လေသည်။
ဝမ်ဖုစကားများကို ကြားလိုက်သော လူအုပ်နောက်နားမှ လူများလည်း ရှိသေးသည်။ သူတို့စိတ်ထဲတွင်တော့ ဝမ်ဖုပြောသွားသော စကားများထဲတွင် အရေးပါသည်ဆိုတာဆိုလို့ စကားလုံးသုံးလုံးသာ ရှိသည်ဟု ထင်သွားကြသည်။ မျိုးနွယ်စုထဲမှ လူငယ်များသည် အဖြစ်အပျက်များကို ချဲ့
ကားပြောဆိုတတ်ကြသည်မှာ ဓမ္မတာပင် ဖြစ်လေသည်။
သို့သော် ခရီးသွားအဖွဲ့ခေါင်းဆောင်က ထိုအချက်ကို စဉ်းစားမိသွားသည်။ သိလိုစိတ်ပြင်းပြနေသော လူအိုကြီးတစ်ယောက်က သူ့ဘေးတွင်ရှိသော လူတစ်ယောက်ကို ကြည့်ရင်းမေးလိုက်သည် “ သားရဲကြီးတစ်ကောင်ကို ကျောက်တုံးကြီးတစ်တုံးနဲ့ ထုလိုက်တဲ့အကွက်ကို ငါဘာလို့ ရင်းနှီးနေတာလဲ”။
“ငါလည်း ရင်းနှီးနေသလိုပါပဲ…ဘယ်နေရာမှာ ကြားဖူးနေလဲ မမှတ်မိတော့တာ” လူအိုကြီး ဘေးမှ လူကလည်း ဝင်ပြောသည်။
“တော်တော်ပြင်းထန်တဲ့ အကွက်ပဲ…တကယ်တော့ အဲဒီအကြောင်း ငါကြားဖူးပါတယ်…မြို့တော်ကို သွားတုန်းက အဲဒီအကြောင်းကို ကြားဖူးနေတာ”
အဖွဲ့ထဲမှ အဆင့်အမြင့်ဆုံးလူ၃ယောက်
စကားပြောနေခြင်းဖြစ်သဖြင့် ကျန်သူများက သိပ်မပြောတော့ပါ။ ကျန်သူများ၏ စိတ်ထဲတွင် ဘယ်လိုရှိရှိ သူတို့သည် လူကြီး၃ယောက်၏ စကားကိုတော့ ငြင်းပယ်မည် မဟုတ်တော့ပါ။
ခဏလောက် နှုတ်ဆိတ်သွားကြပြီးနောက် လူအိုကြီးသည် ဝမ်ဖုကို မေးလိုက်သည် “ သူထွက်သွားတော့မှာကို ငါတို့မြင်လိုက်တော သူမင်းကို ဘာပြောနေတာလဲ”။
ဝမ်ဖုသည် အဖိုးကြီးကို ထူးဆန်းသွာကြည့်နေသည်။ ထိုသူမှာ လက်ရှိ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီး သူ့ဆွေမျိုးများမှာလည်း မျိုးနွယ်စုအတွင်း အဆင့်မြင့်ရာထူးများကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်။ အများက သူတို့ကို ရိုသေလေးစားရသည်။
ထိုမေးခန်းကို ကြားသောအခါ ဝမ်ဖုသည် ခဏတုန့်ဆိုင်းသွားသော်လည်း လေးနက်စွာပြန်ဖြေလိုက်သည် “ လွန်ခဲ့တဲ့ ၁၀ရက် ကျွန်တော်တို့ ရေရှာထွက်တုန်းက ရှောက်ရွှမ်က ပြောခဲ့တယ်…ဒီနေ့
နေ့လယ်မိုးရွာမယ်လို့ ပြောခဲ့တယ်…ကျွန်တော်တို့ အိမ်မှာ အသားခြောက်ထည့်ထားတဲ့ အိုးခွက်တွေကို ဆေးထားဖို့ ပြောသေးတယ်… အဲဒီအိုးခွက်တွေနဲ့ ရေစုဆောင်းရမယ်လို့ ပြောတယ်”
သူပြောလို့ပြီးသွားသောအခါ အချို့လူငယ်များက ကျယ်လောင်စွာ ရယ်နေကြလေသည်။
“သူ့စကားကို မင်းယုံလား…ဘာလဲ…သူ့ကို မှော်ဆရာလို့ ထင်နေတာလား”
ဒီဘက်နယ်မြေတွင် လူများသည် ထိုသို့ လူများကို နတ်ဆေးဆရာဟု မခေါ်ကြပါ။ အမျိုးသားဆိုလျှင် မှော်ဆရာဟုခေါ်ပြီ၊ အမျိုးသမီးဆိုလျှင် မှော်ဆရာမ ဟုခေါ်ဆိုကြသည်။
“မှော်ဆရာဆိုရင် ဒီလိုနေရာမျိုးကို ရောက်နေမလား…မျိုးနွယ်စုပြင်ပမှာ မွေးလာပြီး သူ့မျိုးနွယ်စုက ဘယ်မှာ ရှိလဲတောင် မသိတဲ့ကောင်…သူပြောသမျှက အလိမ်အညာတွေချည်းပဲ” တစ်ယောက်က အော်ပြောလိုက်သည်။
“ဒီကောင့်ကို ရိုက်နှက်ပြီး မောင်းထုတ်လိုက်ကြမယ်”
“မင်းက ဒီကောင့်ကို အရေးပါတဲ့လူလို့ ထင်နေတာလား ဝမ်ဖု…မင်းတော့ အလိမ်ခံရပြီဟေ့”
လူငယ်များမှာ ကျယ်လောင်စွာ အော်ဟစ်နေကြသော်လည်း လူကြီးများကတော့ နှုတ်ဆိတ်နေကြသည်။ သူတို့သည် ဘာစကားမျှ မပြောကြပဲ တစ်စုံတရာကို လေးနက်စွာ တွေးတောဆင်ခြင်နေကြသည်။
အချိန်အတော်ကြာသောအခါ လူအိုကြီးတစ်ယောက်က ပြုံးလိုက်ပြီး “ငါပဲ အတွေးလွန်နေတာ ဖြစ်မှာပါ…ကဲ…အားလုံးပဲ အဲဒါတွေကို ဘေးဖယ်ထားလိုက်”
ဝမ်ဖုက ရှောက်ရွှမ်ကို ကာကွယ်ပြောဆိုရန် ပြင်လိုက်သော်လည်း မျိုးနွယ်စုခေါင်းဆောင်
ကိုယ်တိုင်က ပြောနေခြင်းဖြစ်သဖြင့် ကာကွယ်ပြောဆိုမည့် စကားလုံးများကို မျိုချလိုက်ရသည်။ သို့သော် သူတို့သည် အိမ်ပြန်ရောက်သောအခါ အိုးခွက်ပန်းကန်များကို အသင့်ပြင်ထားလိုက်ကြသည်။
တဖြည်းဖြည်းနှင့် မွန်းတည့်ချိန်သို့ ရောက်ရှိလာပါသည်။
ခရီးဝေးမှ ပြန်ရောက်လာသော ခရီးသွားအဖွဲ့မှ လူငယ်များသည် သူတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ကြွားဝါပြောဆိုနေကြသည်။
အဝေးတစ်နေရာဆီမှ မိုးခြိမ်းသံထွက်ပေါ်လာသည်။
ဒီတစ်ခေါက်တွင်တော့ မိုးကျမည့်အရိပ်အယောင်ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ တကယ်ရွာချခြင်းဖြစ်လေသည်။
“လုပ်ကြပါဟေ့…အိမ်ထဲက အိုးခွက်တွေနဲ့ ရေခံကြဟေ့” တစ်ယောက်က ထအော်သည်။
“မဖြစ်သေးဘူး…ငါ့အိမ်ထဲက အိုးခွက်တွေက ပစ္စည်းတွေပြည့်နေတယ်”
“အထဲက ပစ္စည်းတွေ ဘာလုပ်လိုက်ရမလဲ”
“အကုန်ဆွဲထုတ်လိုက်…မြန်မြန်လုပ်”
ရာသီဥတုမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။ မိုးဘယ်လောက်ထိရွာမည်ဆိုတာကို ဘယ်သူမှ မသိကြပါ။ ထို့ကြောင့် သူတို့သည် မိုးရွာသည့်အခွင့်အရေးကို လက်လွတ်မခံကြပါ။
“ဖောက်…ဖောက်…ဖောက်”
မိုးရေစက်များက မြေပြင်ပေါ်ကျရောက်လာသဖြင့် ဖုန်မှုန့်များလွင့်စဉ်ထွက်ကုန်သည်။ ကောင်းကင်ပြင်သည် တိမ်စိုင်တိမ်လိတ်ကြီးများနှင့် အုံ့မှိုင်းနေပြီဖြစ်သည်။
ခဏအကြာတွင်တော့ မိုးသည်းထန်စွာရွာသွန်းလေပြီ။ ကလေးများက ပျော်ရွှင်စွာ အော်ဟစ်ရင်း ခြေဗလာဖြင့် မိုးရေထဲတွင် ပြေးလွှားနေကြသည်။
ထိုအခါ သူငယ်ချင်းများနှင့် စကားပြောဆိုနေကြသော လူငယ်တစ်စုသည် ကောင်းကင်ကို ကြည့်ရင်း “မမျှော်လင့်ဘဲ မိုးက တကယ်ရွာလာတယ်” ဟုညည်းတွားမိကြသည်။
အခန်းထဲတွင်ရှိသော လူအိုကြီးများ၏ စိတ်ကူးကတော့ တစ်မျိုးဖြစ်သည်။ ထိုလူသည် မိုးရွာမည်ဆိုတာကို တကယ်ခန့်မှန်းပေးသွားခြင်းဖြစ်သည်။
ထိုလူသည် မှော်ဆရာတစ်ယောက်များလား။
ရှောက်ရွှမ်ကို မျိုးနွယ်စုထဲတွင် နေထိုင်ရန် ဆွဲဆောင်ဖူးသူတို့သည် အခုအခါ ပို၍ပင်နောင်တရနေကြသေးသည်။ ရှောက်ရွှမ်သည် ရာသီဥတုကို
ခန့်မှန်းနိုင်သည်ကို သိပါက သူတို့သည် ရှောက်ရွှမ်ကို ထွက်မသွားရန် ခြေသလုံးဖက်၍ တားကြမည်ဖြစ်သည်။ မက္ကာမျိုးနွယ်စုတွင်လည်း နတ်ဆေးဆရာများရှိခဲ့ပါသည်။ သို့သော် သူတို့နတ်ဆေးဆရာမှာ အခြားနတ်ဆေးဆရာများနှင့် ယှဉ်လျှင် အဆင့်နိမ့်နေပါသည်။သူတို့နတ်ဆေးဆရာများ၏ အဆင့်မှာ အလွန်နိမ့်နေသဖြင့် မြို့ပြမှ လူများမြင်ပါက ရယ်မိကြမည်ဖြစ်သည်။ ဆယ်ရက်အတွင်းမိုးရွာမည်ကို ခန့်မှန်းနိုင်သော သူတစ်ယောက်သည် သူတို့ နတ်ဆေးဆရာများထက် အစွမ်းထက်သော သူတစ်ယောက်ပင်ဖြစ်ရမည်။ သူသာထွက်ခွာမသွားဘူးဆိုလျှင်…။
ထိုအချိန်တွင်တော့ ရှောက်ရွှမ်သည် မက္ကာမျိုးနွယ်စုနှင့် အဝေးတစ်နေရာဆီသို့ ရောက်နေပြီဖြစ်သည်။
ထိုနေရာရှိ ရှားစောင်းပင်များသည် မိုးရွာလာသောအချိန်အတွင်းတွင် ၎င်း၏အမြစ်များဖြင့် ရေကို အသည်းအသန်စုပ်ယူနေကြသည်။ ပင်စည်များသည်လည်း ရေကို စုပ်ယူထားသောကြောင့်
ခွေခေါက်နေကြသည်။ ရှားစောင်းပင်များသည် ရေကိုသိုလှောင်သော စက်တစ်ခုနှင့်ပင်တူနေပါသည်။ နောက်နေ့များတွင် မိုးတိတ်သွား၍ ရာသီဥတုပြန်ပူပြင်းလာသောအခါ ထိုရေများကို ပြန်လည် အသုံးချမည် ဖြစ်ပါသည်။
ရှောက်ရွှမ်သည် မိုးရေအောက်မှ လမ်းလျှောက်လာရင်း သူ့မျက်နှာပေါ်စီးကျလာသော ရေများကို သုတ်ပစ်နေ၏။ သူသည် ပေါ့ပါးစွာ ပြုံးရင်းဖြင့် ကောင်းကင်ပေါ်မှ လျှပ်နွယ်လျှပ်ပန်းတို့ကို ကြည့်နေတော့သည်။