← Chapters

ထူးဆန်းသောအဖိုးအို

Vol. 24 Ch. 356

ထူးဆန်းသောအဖိုးအို

Vol. 24 Ch. 356

မက္ကာမျိုးနွယ်စုမှ ထွက်ခွာလာသောအခါ ရှောက်ရွှမ်သည် ပြင်ပတွင်သွားလာနေ ကြသော မျိုးနွယ်စုများကို တွေ့ရလေသည်။ သို့သော် ရှောက်ရွှမ်က သူတို့နှင့် မပူးပေါင်းပေ။ ထိုလူများတွင် ကုန်ပစ္စည်းများပါလာပါသည်။ ကုန်ပစ္စည်းများကို ရှောက်ရွှမ်ခိုးသွားမည် စိုးရိမ်သောကြောင့် သူတို့သည် ရှောက်ရွှမ်ကို သေချာစောင့်ကြည့်နေကြသည်။

ရှောက်ရွှမ်သည် ခရီးသွားအတွေ့အကြုံရှိသူတစ်ယောက်ဖြစ်သည်။ လူစိမ်းများနှင့် တွေ့သောအခါ ထိုလူစိမ်းများသည် သူ့ကို ရှောင်ထွက်သွားမည်ဆိုတာကို ရှောက်ရွှမ်သိထားသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် သူတို့နားကို မကပ်ပါ။ ထိုသူများကို မေးခွန်းမေးရန် မီတာ ၂၀အကွာတွင် ရပ်လိုက်သည်။

အခြားဖက်မှလူများသည် ရှောက်ရွှမ်တစ်ယောက် ရှေ့ဆက်တိုးမလာသည်ကို မြင်သောအခါ မေးခွန်းကို မဖြေချင်ဖြေချင်နှင့် ဖြေသွားပြီး ထွက်ခွာသွားလေသည်။

ရှောက်ရွှမ်က ထိုဒေသ၏ ပထဝီသွင်ပြင်အနေအထားကို မေးလိုက်ခြင်းဖြစ်သည်။ သို့သော် တစ်ဖက်မှ ပေးသွားသော အဖြေက တိုလွန်းလှသည်။ သူအခုရလိုက်သော အဖြေနှင့် မက္ကာမျိုးနွယ်စုဆီမှ ရလာသော ဗဟုသုတတို့ကို ပေါင်းစပ်ပြီး သူသွားသင့်သည့်နေရာကို စဉ်းစားကြည့်နေသည်။

သူရောက်နေသော ဒေသတွင် ကျွန်ပိုင်ရှင်များ၏ စီရင်မှုအောက်တွင် နေထိုင်ကြသော မျိုးနွယ်စုများရှိသည်။ သို့သော် မျိုးနွယ်စုဝင်များနှင့် ကျွန်ပိုင်ရှင်တို့သည် ပတ်သက်ဆက်နွယ်မှု မရှိပါ။ သူရောက်ရှိနေသော နေရာသည် ပင်လယ်၏ အခြားဘက်ကမ်းလို မဟုတ်၊ အမြဲလိုလို ပဍိပက္ခများဖြစ်နေသည်။ မျိုးနွယ်စုဝင်များသည် ကျွန်

ပိုင်ရှင်များ၏ စီရင်မှုအောက်တွင် ရှိသော မြို့များတွင် ကုန်စည် ဖလှည်ကြသည်မှာ အဆန်းမဟုတ်တော့ပါ။ ဥပမာအနေဖြင့် မက္ကာမျိုးနွယ်စုတွင် အနီးစပ်ဆုံးမြို့ကို သွားပြီး ကုန်ပစ္စည်းများနှင့် အဝတ်များ၊ကြေးနီလက်နက်များ အစရှိသော အသုံးဆောင်ပစ္စည်းများကို လဲလှယ်ကြသော ခရီးသွားအဖွဲ့တစ်ဖွဲ့ ရှိလေသည်။

ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်များ၏ ပိုင်နက်တွင် လျှောက်သွားရန် မရည်ရွယ်ထားပါ။ သူသိချင်သည်မှာ ကျန်သော မီးတောက်ဦးချိုမျိုးနွယ်စုဝင် တစ်ဝက်သည် ထိုနေရာတွင် ရှိ၊မရှိပင် ဖြစ်သည်။

လူများ၏ ရွေးချယ်မှုမပြောင်းလဲပါက၊ သူတို့အနေဖြင့် တောအုပ်ထဲတွင်သာ နေရတော့မည်ဖြစ်သည်။ ကြောက်မက်ဖွယ်သားရဲများဖြင့် ပြည့်နှက်နေသော တောအုပ်တစ်ခုဖြစ်သည်။ ထိုနေရာကို လူအများကြီးနှင့်သွားပါက တိရစ္ဆာန်များနှင့် သားရဲများက ရှောင်ဖယ်သွားကြမည် ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်က ကံစမ်းသည့်အနေဖြင့်

လူနည်းသော တောင်ပေါ်သို့ သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ပတ်ဝန်းကျင်မြေအနေအထားကို မေးပြီးသောအခါတွင် ရှောက်ရွှမ်သည် နေရာကို ရွေးချယ်ရန် ကြိုးထုံး‌ဗေဒင်ကို အသုံးပြုလိုက်သည်။ ထို့နောက် ထိုနေရာသို့ ထွက်ခွာသွားလေတော့သည်။ သူသည် သွားရမည့်လမ်းကို အကြမ်းအားဖြင့်လောက်သာ သိထားပြီး အကွာအဝေးအတိအကျကို မသိထားပါ။ ထို့ကြောင့် သူသည် ရှေ့တည့်တည့်သို့သာ လျှောက်နေလေသည်။

ခရီးစဉ်အစပိုင်း၊ ၂ရက်လောက်ကြာသည်အထိ လူများကို မြင်တွေ့နေရပါသေးသည်။ နောက်ပိုင်းတွင်တော့ တဖြည်းဖြည်း နည်းသွားပါသည်။ တဖြည်းဖြည်းနှင့် လူနေအိမ်ခြေကင်းမဲ့လာပါသည်။ ဘေးပတ်ဝန်းကျင်မှ တောင်တန်းများမှာ ပိုမိုကျယ်ပြန့်လာပါသည်။ မြေဆီလွှာကြောင့်လားမသိ၊ ထိုနားတွင် ပေါက်သော အပင်များမှာ စိမ်းစိုမှုမရှိပါ။ သန်မာသော သစ်ပင်များပင် စိမ်းစိုမှုမရှိပါ။

အပေါ်ကို မော့ကြည့်လိုက်သောအခါ လူသူအရောက်အပေါက်မရှိသော တောတန်းကြီးများက ကာရံထားသည်။ ရှောက်ရွှမ်သည် လမ်းကြောင်းပြောင်းလိုက်ရန် စိတ်မကူးပါ။ သူလျှိုမြောင်များကြားမှ ဖြတ်သွားရန် ဆုံးဖြတ်ထားပါသည်။ သွား‌နေရင်းနှင့် နားကလည်း ငှက်များနှင့် သား‌ကောင်အငယ်များ၏ အသံမဟုတ်သော အသံများကို နားစွင့်ထားလေသည်။ သို့သော် အန္တရာယ်ရှိသော အသံများကို မကြားရပါ။ တောကောင်အော်သံများနှင့် ငှက်အော်သံများက သာယာနေပါသည်။ ထို့ကြောင့် သူရောက်‌နေသော နေရာသည် ဘေးကင်းသည် ဟုဆိုနိုင်ပေသည်။

တချို့နေရာများတွင် လျှိုမြောင်များကြားမှ စမ်းချောင်းများ စီးဆင်းနေသည်။ ရှောက်ရွှမ်သည် သူရွေးချယ်ထားသော လမ်းကြောင်းအတိုင်း လမ်းလျှောက်လာပါသည်။ စမ်းချောင်းတစ်ခုဆီသို့ လျှောက်လာရင်းနှင့် စမ်းချောင်းနားတွင် လဲကျနေသူ တစ်ယောက်ကို ရှောက်ရွှမ်တွေ့

လိုက်ပါသည်။ ထိုသူနားသို့ ကပ်သွားသူသောအခါ၊ ထိုသူ၏ မီးခိုးရောင်ဆံနွယ်များသည် စမ်းချောင်ရေထဲတွင် ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

ထိုသူသည် သေဆုံးနေသည်ဆိုပါက ရှောက်ရွှမ်ဘာမှ တတ်နိုင်မည် မဟုတ်ပေ။ သို့သော် ထိုလူသည် အသက်ရှူနေပါသေးသည်။ သတိလည်း အနည်းငယ်ရှိနေသည်။

ခဏအကြာတွင်တော့ ထိုလူမှာ မျက်နှာတွင် အရေးအကြောင်းများစွာရှိသော အဖိုးအိုတစ်ယောက် ဖြစ်နေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ အခုရှေ့မှ မြင်လိုက်ရသောအခါ နောက်မှမြင်ရတုန်းကထက် ပိုအိုနေသလို ဖြစ်နေသည်။ ထိုလူတွင် လက်မောင်းရိုးအက်သော ဒဏ်ရာမှအပ အခြားပြင်းထန်သော ဒဏ်ရာမရှိပါ။ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများမှာလည်း အကောင်းအတိုင်းရှိသေးသည်။

ထိုလူကြီး၏ အဝတ်အစားများမှာ အရောင်

လွင့်ပျယ်နေပြီဖြစ်ပြီး ဝတ်ထားသည်မှာ ဘယ်လောက်ကြာပြီလဲ ဘယ်သူမှ မသိနိုင်ပါ။ အဝတ်အစားများမှာလည်း စုတ်ပြတ်နေပြီး၊ ထိုတိုက်နယ်မြေသို့ ရှောက်ရွှမ်စ ရောက်တုန်းက အခြေအနေထက် အနည်းငယ်ပဲ သာလေသည်။ သို့သော် ထိုလူကြီးတွင် ကြေးနီဓား အမြောက်အများရှိလေသည်။ ဓားများမှာ အခြားဓားများနှင့်မတူဘဲ အလွန်သေးငယ်ပါသည်။ ဓားပုံကိုကြည့်ရသည်မှာ လက်နက်ပုန်းအနေနှင့် အသုံးပြုရသော ဓားဟုတ်ဟန်မတူပါ။ ထိုဓားကို ဘာအတွက်သုံးလဲ ရှောက်ရွှမ်မသိပါ။ ထိူလူအိုကြီး၏ ခါးတွင်လည်း အိတ်တစ်လုံး ပတ်ထားသည်ကို တွေ့ရသည်။ ထိုအိတ်ကို အဆင့်မြင့် သားရဲကြီးတစ်ကောင်ကောင်၏ သားရေဖြင့် ချုပ်လုပ်ထားခြင်း ဖြစ်သည်။ သာမန်အိတ်ဆိုလျှင် ထိုမျှ ခိုင်ခံ့မည်မဟုတ်ပါ။

သေချာစွာ စစ်ဆေးပြီးနောက် ရှောက်ရွှမ်သည် ထိုလူအိုကြီးကို မှောက်လျက်နေရာမှ လှဲလျက်ဖြစ်သွားအောင် ပြုလုပ်ပေးလိုက်ပြီး စမ်းချောင်းနှင့် ဝေးရာသို့ ရွှေ့ပေးလိုက်သည်။

ထိုအဖိုးအိုကတော့ အော်ခေါ်သော်လည်း နိုးမလာပါ။ လှုပ်နှိုးမှ နိုးမည် ထင်ပါသည်။ ထိုအဖိုးအိုသည် အိပ်ရာမှ နိုးမလာကြောင်းကိုတွေ့သောအခါ ရှောက်ရွှမ်သည် ထိုအဖိုးအိုခါးတွင် ပတ်ထားသော အိတ်ကို ကြည့်လိုက်မိသည်။ ရှောက်ရွှမ်သည် အိတ်ကို လက်နှင့် ပုတ်ကြည့်ရန် လှမ်းလိုက်သည်။ ထိူလူအိုကြီးသည် စမ်းချောင်းနံဘေးတွင် လဲနေစဉ်က ကောင်းနေသော လက်တစ်ဖက်ဖြင့် ထိုအိတ်ကို ကာကွယ်ထားသည်။ အပေါ်အောက်လှန်လိုက်သည့်အချိန်တွင်လည်း သူ့လက်က ထိုအိတ်ကို မလွှတ်ပေ။ သူ့မသိစိတ်က အိတ်ကို ကာကွယ်နေခြင်းဖြစ်ပြီး ထိုသားရေအိတ်သည် ထိုအဖိုးအိုအတွက် အရေးပါသော ပစ္စည်းဖြစ်ပေလိမ့်မည်။

သား‌ရေအိတ်ကို ရှောက်ရွှမ်လက်နှင့်ထိလိုက်သောအခါတွင်လည်း ထိုလူနိုးမလားပါ၊ သို့သော် မျက်နှာတော့ တစ်ချက်တွန့်သွားသည်။

နောက်တစ်ကြိမ်ထပ်ထိလိုက်သောအခါတွင်

တော့ ထိုလူ၏မျက်လုံးများ ပွင့်လာလေသည်။ သွေးဆာနေသော မျက်လုံးများ ပွင့်လာသည်။ သူသည် ရှောက်ရွမ်နားမှ ဝေးအောင် လျင်မြန်စွာ လှိမ့်ထွက်သွားသည်။ ထို့နောက် သူ့ခေါင်းသည် ဘေးမှ ကျောက်တုံးကြီးတစ်တုံးနှင့် ဝင်ဆောင့်မိသည်။ ရှောက်ရွှမ်သည် ထိုလူ၏ ဝေဒနာကို ခံစားကြည့်လိုက်သည်။ “ခင်ဗျားဘာတွေ စိတ်လှုပ်ရှားနေတာလဲ”။

နောက်ဆုံးတွင်တော့ အဖိုးအိုသည် အသိစိတ်ပြန်ဝင်လာပြီ ဖြစ်သည်။ နာကျင်ခြင်းကြောင့် ခဏငြီးတွားနေပြီး ကျောက်တုံးနှင့် ဆောင့်မိထားသော သူ့နဖူးကို ပြန်စမ်းနေမိသည်။ ထိုအချိန်တွင် ညာဘက်လက်မောင်းမှ ဒဏ်ရာက နာလာသည်။ သူသည် သားရေအိတ်ကို ကိုင်ထားသော ဘယ်ဘက်လက်မောင်းကို လှုပ်ရှားမလိုလုပ်ပြီးမှ မလှုပ်ရှားတော့ဘဲ နဂိုအတိုင်း သား‌ရေအိတ်ကို ဆက်ကိုင်ထား‌လေသည်။ သူ၏ နဖူးပေါ်မှ သွေးများ‌ယိုစီးကျနေသည်။ မျက်လုံးများကတော့ ရှောက်ရွှမ် ကိုကြည့်လျက်သား…သူ့ကိုကြည့်ရသည်မှာ ရှောက်ရွှမ် သူ့နားကပ်လာမည်ကို

ကြောက် နေသည့်ပုံဖြစ်နေသည်။

“စိတ်မပူပါနဲ…ကျွန်တော် ခင်ဗျားကို ဓားပြတိုက်နေတာ မဟုတ်ပါဘူး” ရှောက်ရွှမ်သည် ထိုလူကို အာမခံစကားပြောလိုက်သည်။

ထိုအသက်အရွယ်ကြီးရောက်မှ စမ်းချောင်းနံဘေးတွင် ဘာကြောင့်မှန်းမသိ လဲကျနေပြီး နိုးလာသောအခါ ခေါင်းနှင့် ကျောက်တုံးဆောင့်မိတာ ခံလိုက်ရသဖြင့် ထိုအဖိုးအိုလည်း စိတ်ထဲတွင် အံ့ဩသွားလိမ့်မည်။

ရှောက်ရွှမ်၏ စကားကိုကြားလိုက်မှ ထိုအဖိုးအိုမှာ အနည်းငယ် စိတ်အေးသွားပုံ ရသည်။ သို့သော် လက်ကတော့ သား‌ရေအိတ်ကို ကိုင်ထားဆဲ။

“ကျွန်တော်သာ ပစ္စည်းတွေလိုချင်တယ်ဆို ခုနကတည်းက ယူသွားမှာပေါ့…ဘာလို့ အခုချိန်ထိစောင့်နေမှာလဲ…နောက်ပြီးတော့ ကျွန်တော်က ပစ္စည်းတွေလိုချင်တယ်ဆို ခင်ဗျားက တားနိုင်လို့

လား” ရှောက်ရွှမ်က ပြောလိုက်သည်။

မှန်သည်။ မီးခိုး‌ရောင်ဆံပင်နှင့် အဖိုးအို၏ အမူအရာ ပြောင်းသွားသည်။ လူသတ်လိုစိတ်ပေါက်နေသည်များပျောက်သွား‌သော်လည်း ခေါင်းတော့ နည်းနည်းမူးနေသည်။ တဖြည်းဖြည်းနှင့် ထိုအဖိုးအိုသည် အခြေအနေကို သဘောပေါက်လာပြီး ရှောက်ရွှမ်ကို မေးလိုက်သည် “မင်းမှာ အသားပါလာလား”

အသား ပါ၊မပါ မေးလိုက်ခြင်းဖြစ်သော်လည်း အဖိုးအိုက ရှောက်ရွှမ်တွင် အသားပါလာသည်ကို သိနေသလိုပင်။

ရှောက်ရွှမ်လည်း အိတ်ထဲမှ အသားခြောက်တစ်ဖတ်ကို နှိုက်ယူလိုက်ပြီး အဖိုးအို ဆီပစ်ပေးလိုက်ရင်း “ခင်ဗျားက ဒီမှာဘာလို့လာ သတိလစ်နေတာလဲ”။

ရှောက်ရွှမ်ပစ်ပေးလိုက်သော အသားခြောက်ကို အဖိုးအိုသည် လျင်မြန်စွာ ဖမ်းယူလိုက်သည်။

အသားခြောက်ကို အနံ့ခံပြီးသောအခါ မျက်လုံးများတွင် သိပ်မကြိုက်သည့်ဟန် ဖြတ်သန်းသွားသော်လည်း လှုပ်ရှားမှုကတော့ နှေးကွေးမသွားပါ။ အသားခြောက်ကိုဝါးရင်း ရှောက်ရွှမ်ကို မပီသသော အဖြေတစ်ခု လှမ်းဖြေလိုက်သည် “ဗိုက်ဆာလို့…”။

ရှောက်ရွှမ် မူလကထင်သည်မှာ အဆိပ်မိနေခြင်း ဖြစ်မည်ဟုဖြစ်သည်။ သို့သော် ဆာလောင်ခြင်းကြောင့် မူးလဲနေမည်ဟုတော့ ရှောက်ရွှမ် မမျှော်လင့်ထားပါ။

တခဏအတွင်း ရှောက်ရွှမ်ပေးလိုက်သော အသားစမှာ ကုန်သွားသည်။ အဖိုးအိုသည် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး “ရှိသေးလား” ဟုမေးလာသည်။

ရှောက်ရွှမ်သည် အသားခြောက် နောက်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ချက်ချင်းမပေးသေးဘဲ “ကျွန်တော်မေးတဲ့ မေးခွန်းတွေကို ဖြေပါ၊ ဖြေပြီးရင် အသားခြောက်ပေးမယ်”

အဖိုးအိုသည် ဘာစကားမှ မပြောဘဲ မျက်မှောင်ကြုံ့သွားသည်။ စိတ်ပျက်သွားသည်နှင့်တူသည်။ သို့သော် ရှောက်ရွှမ်ကတော့ အရေးမလုပ်ပါ။ အရပ်မျက်နှာတစ်ဖက်ကို ညွှန်ပြရင်း “ အဲဒီလမ်းအတိုင်းသွားမယ်ဆိုရင် တောအုပ်ထူထူဆီရောက်ဖို့ ဘယ်လောက်ကြာမလဲ” ဟုမေးလိုက်သည်။

ရှောက်ရွှမ်၏ မေးခွန်းကို ကြားလိုက်သောအခါ အဖိုးအိုသည် မျက်မှောင်ကြုံ့ထားရာမှ စိတ်သက်သာရာရသွားသည်။ ရှောက်ရွှမ်သည် သူ့ကို ခက်ခဲသော အရာများမေးတော့မည်ဟု ထင်ထားရမှာ အခုတော့ ရှောက်ရွှမ်မေးသော အရာမှ ထိုမျှသာ ဖြစ်နေသည်။

“ငါမသိဘူး…အဲဒီနေရာကို ငါမရောက်ဖူးဘူး…ဒီနေရာကိုတောင် အခုမှ ရောက်ဖူးတာ…ငါသိသလောက်တော့ နောက်၂ရက်လောက်သွားရင်တောင် တောနက်တဲ့နေရာကို ရောက်ဦးမှာ မဟုတ်ဘူး…”အဖိုးအိုက ပြန်ဖြေလိုက်သည် “ဒီ

နေရာက နာမည်ကျော် ဖုန်းဆိုးမြေတစ်ခုပဲ…ဒီနားတဝိုက်မှာ ဘယ်မျိုးနွယ်စုမှ လာမနေကြဘူး...အဲဒီလမ်းအတိုင်းသွားမယ်ဆို နောက်၂ရက်လောက်အထိ ဘယ်သူနဲ့မှ တွေ့ရမှာ မဟုတ်ဘူး”။

အဖိုးအိုကို အသားခြောက်ပေးလိုက်ပြီးနောက် ရှောက်ရွှမ်သည် စမ်းချောင်းတွင် မျက်နှာသစ်လိုက်သည်။ ထို့နောက် သူ့လမ်းကို သူဆက်သွားလေသည်။ အဖိုးအိုသည် အသားခြောက်ကို စားလိုက်ပြီး ခွန်အားများပြန်ပြည့်လာပါသည်။ သူသည် ရှောက်ရွှမ်နောက်သို့ လိုက်ပြီး ရှောက်ရွှမ်ကို နှောင့်ယှက်မည် မဟုတ်ပါ။

သို့သော် ရှောက်ရွှမ်ခြေလှမ်း ငါးလှမ်းလောက်မရောက်မီ အဖိုးအို၏ အသံထွက်ပေါ်လာသည်။

“နေပါဦး…ညီလေး…”

အစကတော့ ရှောက်ရွှမ်ကို သူခိုးဟု ထင်ခဲ့သော်လည်း အခုတော့ ညီလေးတဲ့။ မသိလျှင် အလွန်ရင်းနှီးကြသောသူများပမာ။ အဖိုး

အို၏အပြောအဆို ထိုမျှနူးညံ့သွားရခြင်းမှာ အကြောင်းရင်းတော့ ရှိရမည်။

ရှောက်ရွှမ်က နောက်ပြန်လှည့်လိုက်ပြီး အဖိုးအိုကို ကြည့်လိုက်သည်။ ထိုအခါ အဖိုးအိုသည် ထိုင်နေရာမှ ထလာပြီး မျက်လုံးများက ဘေးပတ်ဝန်းကျင်ကို ကြည့်ရှူနေလေသည်။ တစ်နေရာအရောက်တွင် လှုပ်ရှားနေသော မျက်လုံးများ ငြိမ်သက်သွားသည်။ ထို့နောက် နေရာတစ်နေရာကို ညွှန်ပြလိုက်ပြီး “အဲဒီမှာပဲ…အဖြူရောင်အစင်းလေးတွေပါတဲ့ မြက်ပင်လေး…အဲဒီမြက်ပင်လေးကို ငါ့အတွက် ခူးပေးစမ်းပါ” ဟုပြောလိုက်သည်။

အဖိုးအို၏ လေသံကို နားထောင်ကြည့်လျှင် အမိန့်ပေးသည့် အသံဖြစ်ကြောင်း သိနိုင်ပါသည်။ ရှောက်ရွှမ်သည် အဖိုးအို ညွှန်ပြသောနေရာကို ထပ်ကြည့်လိုက်သည်။ မြေပြင်မှ မီတာ၃၀လောက်ရှိသော အမြင့်တွင် တစ်လံလောက်ရှည်လျားသော အဖြူရောင် အစင်းကြောင်းများပါသည့် မြက်ပင်များ ပေါက်နေလေသည်။

အဖိုးအို၏လေသံကို မကြိုက်သဖြင့် ရှောက်ရွှမ်သည် လှည့်ထွက်သွားချင်ခဲ့သည်။ သို့သော် ရှောက်ရွှမ်သည် အဖိုးအိုနှင့် သူ့လေသံကို လျစ်လျူပြုထားရန် ဆုံးဖြတ်လိုက်သည်။ ရှောက်ရွှမ်သည်လည်း ထိုအဖြူရောင်အစင်းကြောင်းများပါသော မြက်သည် ဘာမြက်လဲ သိချင်သည်။

ထိုကဲ့သို့ ထူးဆန်းသော နေရာတစ်ခုတွင် ဗဟုသုတ ပိုမိုပြည့်ဝလေ ပိုကောင်းလေဖြစ်သည်။

All Chapters