← Chapters

ရွှေကောက်ပဲသီးနှံ

Vol. 24 Ch. 357

ရွှေကောက်ပဲသီးနှံ

Vol. 24 Ch. 357

တောင်နံရံသည် မတ်စောက်လွန်းသဖြင့် လူအတော်များများအတွက်တော့ တောင်ပေါ်တက်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် ထိုအရာသည် ရှောက်ရွှမ်အတွက်တော့ စာမဖွဲ့လောက်ပါ။ သူသည် မျိုးနွယ်စုထဲမှာ နေခဲ့စဉ်အချိန်တုန်းက ထိုတောင်မျိုးကို အမဲလိုက်ထွက်ရင်း တက်ဖူးသည်။

အဖိုးအိုသည် ရှောက်ရွှမ် မြေပြင်ပေါ်မှ ခုန်ထလာသည်ကို ကြည့်နေလေသည်။ သူသည် တောင်နံရံကို တောက်တဲ့တစ်ကောင်တွယ်ကပ်သလို တွယ်တက်လာသည်။ တောင်တက်ရသည်မှာ သူ့အတွက် ဘာအခက်အခဲမှ မရှိသလိုပင်။ထိုအဖြစ်အပျက်ကို မြင်လိုက်သောအခါ အဖိုးအို၏မျက်ခုံးမွှေးများ မြင့်တက်သွားပြီး ရှောက်ရွှမ်ကို မီးတောက်မတတ် စိုက်ကြည့်နေလေတော့သည်။

တောင်နံရံကို တွယ်တက်လာသော ရှောက်ရွှမ်သည် တစ်စုံတရာကို အာရုံခံလိုက်မိသည်။ ရှောက်ရွှမ်သည် ခဏရပ်လိုက်ပြီး အဖိုးအိုကို ပြန်လှည့်ကြည့်သည်။

အဖိုးအိုက ထူးဆန်းစွာ ပြုံးလိုက်ပြီး ရှောက်ရွှမ်ကို လက်ဝှေ့ယမ်းပြသည်။ ထို့နောက် တောင်နံရံမှ မြက်ပင်များကို ညွှန်ပြရင်း “ဆက်သွားပါ” ဟုပြောလိုက်လေတော့သည်။

ရှောက်ရွှမ်သည် မေးခွန်းများမေးချင်သော်လည်း မမေးတော့ဘဲ တောင်ပေါ်သို့ ဆက်တက်သွားသည်။ ထို့နောက် မြက်ကို လက်လှမ်းမီသောအခါ ဆွဲနှုတ်ရန် ဟန်ပြင်လိုက်သည်။

“ဟေ့…မဆွဲနဲ့…မဆွဲနဲ့…အမြစ်ပါအောင် တူးခဲ့…အဲဒီအပင်က အမြစ်ပါမှ ရေရှည်ခံတာ…ငါ့ဓားနဲ့တူးလိုက်ကွာ…ရော့” အဖိုးအုသည် သားရေအိတ်ထဲမှ ထူးဆန်းသော ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ရှောက်ရွှမ်ကို ပစ်ပေးလိုက်သည်။

အဖိုးအို၏ ပစ်ချက်မှာ တိကျပါသည်။ ရှောက်ရွှမ်၏ လက်တစ်ဖက်က တောင်နံရံကို ကုတ်တွယ်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ဓားကို ဖမ်းလိုက်ပါသည်။ ထို့နောက် ထိုဓားဖြင့် အဖြူရောင် အစင်းကြောင်းများပါသော မြက်ပင်ကို တူးတော့သည်။

ဓား၏ပုံစံမှာ ထူးဆန်းသည် သို့သော် တောင်ပေါ်တွင် ပေါက်နေသော မြက်ပင်များကို တူးရန်တော့ အလွန်သင့်လျှော်သော ဓားတစ်ချောင်းဖြစ်လေသည်။ မကြာခင်တွင် မြက်ပင်၏ အမြစ်ကို တူးမိသွားသည်။

“ပြီးပြီ” ရှောက်ရွှမ်က မြက်ပင်နှင့် ဓားကို အောက်သို့ ပစ်ချပေးလိုက်သည်။

အဖိုးအိုသည် ပြုတ်ကျလာသော ဓားကို ဂရုမစိုက်ဘဲ မြက်ပင်များကို သာသေချာဖမ်းယူလိုက်သည်။

ထို့နောက် ရှောက်ရွှမ်သည် တောင်ပေါ်မှ ဆင်းလာသည်။ အဖိုးအိုသည် မြက်တစ်ပင်ကို လှီးကာ ပါးစပ်ထဲထည့်လိုက်သည်ကို တွေ့လိုက်သဖြင့် ရှောက်ရွှမ်က “အဲဒီမြက်ပင်ကို ဘာအတွက် သုံးတာလဲ”ဟုမေးလိုက်သည်။

“ဆေးအနေနဲ့ သုံးတာ..အရိုးကျိုးရင် ကုတဲ့နေရာမှာ သုံးတယ်” အဖိုးအိုက စကားအများကြီးမပြောပါ။ ထိုမျှသာ ပြောပြီး သစ်ရွက်များကို ဆက်လက်ဝါးနေလေသည်။ မြက်ပင်များကို ဝါး၍ မျိုချလိုက်ပြီးသည့်တိုင်အောင် အဖိုးအိုက အာသာမပြေသေးချေ၊နောက်ထပ် သစ်ရွက်အသေးလေးတစ်ခုကို လှီးဖြတ်ပြီး ဆက်ဝါးနေလေသည်။

အဖိုးအို၏ ပုခုံးပေါ်မှ ဒဏ်ရာကို သတိရသွားသောအခါ ရှောက်ရွှမ်သည် မြက်ပင်ကို သေချာကြည့်လိုက်မိသည်။ ထိုအရွက်များကို ဝါးနေရင်းဖြင့် အဖိုးအိုသည် ဒဏ်ရာမှ တဖြည်းဖြည်းသက်သာလာသည်ကို တွေ့ရသည်။ ရှောက်ရွှမ်က “ဘယ်လိုအရသာရှိလဲ” ဟုမေးလိုက်သည်။

အဖိုးအို ကစကားသိပ်မပြောဘဲ သစ်ရွက်အသေးလေးတစ်ခုကို လှီးဖြတ်ကာ ရှောက်ရွှမ်ကို လှမ်းပေးလိုက်ရင်း “မြည်းကြည့်ပါလား” ဟုပြောလိုက်သည်။

“ဒဏ်ရာမရထားဘဲ စားလို့ရလို့လား”

“အများကြီးမစားဘူးဆိုရင် ရတယ်…ဘာမှမဖြစ်ဘူး”

“အဲဒါဆို နည်းနည်းစားကြည့်မယ်” ရှောက်ရွှမ်သည် သစ်ရွက်များကို လှမ်းယူလိုက်သည်။ မြက်ပင်ကိုတူးတုန်းက ရှောက်ရွှမ်သည် အပင်ကို သေချာမကြည့်ခဲ့ပါ။ အခုသေချာကြည့်မှ မြက်ပင်၏ အစာကြော၊ရေကြောများသည် ကွေးညွတ်၍ ရသည်ကို တွေ့လိုက်ရသည်။ သို့သော်ထိုမြက်ပင်သည် ထင်ထားသည်ထက် ပိုမာနေပါသည်။ အဖြူရောင်အစင်းကြောင်းများ သို့မဟုတ် အစာကြော၊ရေကြောများရှိရာ အစိတ်အပိုင်းက အမာကြောဆုံးဖြစ်သည်။ မာ

လွန်းသဖြင့် ထောက်ခနဲ ချိုးလိုက်၍ ရမည်ဟု ထင်ရသည်။

အရွက်ထိပ်ဖျားလေးကို အနည်းငယ်စားလိုက်ပြီးနောက်‌ ပါးစပ်ထဲတွင် အနည်းငယ် ခါးသွားသည်။ ခန္ဓာကိုယ်တွင်တော့ ဘာအပြောင်းအလဲမှ မဖြစ်ပေ။ ထို့နောက် သစ်ရွက်ကို တစ်ဝက်ဝါးစားလိုက်သည်။ နောက်ဆုံးတွင်တော့ တစ်ရွက်လုံးဝါးစားလိုက်လေသည်။ အစာကြောရေကြောများပါသောနေရာကို ဝါးစားလိုက်ပြီးနောက် အခါးဓာတ် နည်းနည်းသက်သာသွားသည်။

ထို့ကြောင့် အဖိုးအိုသည် ထိုမြက်ပင်များကို ဝါးစားစဉ်က မျက်နှာကြီး ရှုံ့မဲ့နေခြင်း ဖြစ်ပေလိမ့်မည်။

အဖိုးအိုသည် ခါးလွန်းသဖြင့် ရှောက်ရွှမ်မျက်နှာ ရှုံ့မဲ့သွားသည် ကို မြင်လိုခြင်းဖြစ် သည်။ သို့သော် ရှောက်ရွှမ်သည် မျက်မှောင်ကြုံ့ရုံသာ ကြုံ့လိုက်ပြီး မျက်နှာကတော့ ပုံမှန် အတိုင်းပင်။

အရသာမရှိဘူးလား။ အဖိုးအို စိတ်ထဲက တွေးလိုက်မိသည်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးအရသာကို အရသာမခံတတ်ဘူးဆိုတော့ ဒီကောင်လေးဟာ အတော်သနားစရာကောင်းတာပဲ။

အဖိုးအို၏ထင်မြင်ချက်များကို အရေးမလုပ်ဘဲ ရှောက်ရွှမ်သည် သစ်ရွက်တစ်ခုလုံးကို ဝါးစားလိုက်သည်။ထို့နောက် ခါးသောအရသာ တဖြည်းဖြည်းပျောက်ကွယ် သွားပြီး ပါးစပ်ထဲတွင် အေးမြပြီး ကျန်နေခဲ့သည်။ မောပန်းမှုများ သက်သာသွားသလိုခံစားလိုက်ရသည်။ သူ့တွင် အရိုးနှင့်ပတ်သက်သော ဒဏ်ရာမရှိသည်အတွက်ကြောင့် အရိုးနှင့်ပတ်သက်သော အကျိုးသက်ရောက်မှုကိုတော့ ထင်ထင်ရှားရှားမမြင်ရပါ။ သို့သော် သူ့အရိုးများအတွင်းတွင် စွမ်းအင်တစ်မျိုး စီးဆင်းနေသည်ကိုတော့ ခံစားလိုက်ရသည်။

အခုဆိုလျှင် အဖိုးအိုလည်း အဆင်ပြေသွားပြီ ဖြစ်သည်။ ရှောက်ရွှမ်လည်း ထွက်ခွာသွားရန် ပြင်

လိုက်သည်။ သို့သော် အဖိုးအိုက သူ့ကို အလျင်အမြန်တားလိုက် သည်။

“နေပါဦး…မင်းအဲဒီဘက်ကို သွားမှာ မဟုတ်လား…ငါလည်း မင်းနဲ့လိုက်ခဲ့မယ်” အဖိုးအိုသည် ကိုယ်ကို မတ်လိုက်ပြီး မြက်ပင်များကို သားရေအိတ်တစ်အိတ်ထဲသို့ သေချာထည့်လိုက်သည်။

ရှောက်ရွှမ်သည် အဖိုးအိုကို လှည့်ကြည့်လိုက်သည်။ ရှောက်ရွှမ်သည် စကားမပြောဘဲ အဖိုးအိုဘာဆက်ပြောမလဲ စောင့်နေလိုက်သည်။

“ငါလည်း ဒီနေရာမှာ ပစ္စည်းတစ်ခုလာရှာတာ…ငါက ဒီနယ်မြေကို မကျွမ်းကျင်ဘူးဆိုပေမဲ့ ဒီနေရာအကြောင်းကို မင်းထက်တော့ ပိုသိတယ်…ဒီနေရာမှာ ဘာမှမရှိဘူးလို့ မထင်နဲ့…အဆိပ်ရှိတဲ့အပင်တွေ အများကြီးရှိတယ်…မင်းတစ်ခုခုဖြစ်သွားရင် ငါကူညီလို့ရတာပေါ့” ဟု အဖိုးအိုက ပြောလိုက်သည်။

“နောက်ပြီးတော့ကော” ရှောက်ရွှမ်က စောင့်နေလိုက်သည်။

“နောက်ပြီးတော့ ငါရှာနေတဲ့ ပစ္စည်းကို တွေ့အောင် မင်းအကူအညီကို ယူလို့ရတာပေါ့” အဖိုးအိုက ထိုစိတ်ကူးကောင်းသည်ဟု တွေးလိုက်သည် “ ဟုတ်တယ်…အဲဒါပဲ”။

ရှောက်ရွှမ်ကတော့ အဖိုးအိုက အရေးမလုပ်ဘဲ သူစီစဉ်ထားသော လမ်းအတိုင်း ဆက်သွားလေသည်။ အဖိုးအိုကတော့ ရှောက်ရွှမ်ကို သူနှင့်အတူဆက်သွားရန် သွေးဆောင်နေလေသည်။

အဖိုးအို၏ တံတွေးများခြောက်လုမတတ်ဖြစ်လာသောအချိန်တွင် ရှောက်ရွှမ်က မေးလိုက်သည် “ခင်ဗျား ဒီနေရာမှာ ဘာလာရှာတာလဲ”။

“ငါလာရှာတာက…” အဖိုးအိုသည် ရုတ်တရက် စကားဖြတ်လိုက်သည်။ သူသည် ထိုအကြောင်းကို မပြောချင်သည့်ပုံပေါက်နေသည်။

“မပြောချင်လည်း ထားလိုက်ပါတော့”

ရှောက်ရွှမ်တစ်ယောက်ရှေ့သို့ ဆက်လျှောက်သွားသည်ကို မြင်လိုက်ရသောအခါ အဖိုးအိုသည် နောက်က လိုက်သွားသည်။ ထို့နောက် သက်ပြင်းချလိုက်ရင်း “ရွှေကောက်ပဲသီးနှံ ဆိုတာ မင်းမကြားဖူးဘူးလား” ဟုမေးလိုက်သည်။

“ရွှေကောက်ပဲသီးနှံ…”

နာမည်တွင် ရွှေပါသော်လည်း ရွှေသတ္တုကို ဆိုလိုခြင်းမဟုတ်ပါ။ အဖိုးအိုရှာနေသည်မှာ အပင်တစ်ပင်ဖြစ်ပါသည်။ နာမည်တွင် ရွှေထည့်ထားခြင်းမှာ ၎င်း၏တန်ဖိုးကို ဖော်ပြလို၍ ဖြစ်သည်။

ခဏစဉ်းစားလိုက်ပြီးနောက် ရှောက်ရွှမ်က ခေါင်းခါလိုက်ပြီး “တခါမှ မကြားဖူးဘူး” ဟုပြောလိုက်သည်။

ရှောက်ရွှမ်အား ဗဟုသုတ နည်းရန်ကော ဟူသည့်အကြည့်မျိုးဖြင့် အဖိုးအိုက ကြည့်လိုက်

သည်။ “ငါဒီနေရာကိုလာတာ ရွှေကောက်ပဲသီးနှံ လာရှာတာ…မှတ်တမ်းတွေအရဆိုရင်တော့ ရွှေကောက်ပဲသီးနှံပင်တစ်ပင်မှာ အဆန်၁၀၀၀ပါတယ်လို့ဆိုတယ်…မိုးခေါင်ရေရှေားတဲ့ အရပ်ဒေသတွေမှာ စိုက်ပျိုးလို့ရတယ်”။

စားပင်လား…?

“ဒါဆိုခင်ဗျားက ဒီနေရာကို ကံစမ်းဖို့ လာတာဆိုပါတော့” ရှောက်ရွှမ်က မေးလိုက်သည်။ ထိုနေရာသည် သီးပင်စားပင်များ မဖြစ်ထွန်းသောနေရာဖြစ်သည်။ သို့သော် တောင်ပေါ်တွင်တော့ စမ်းချောင်းလေးတစ်ခုရှိလေသည်။ ထိုအရပ်ဒေသသည် မိုးသိပ်ရွာလေ့ရှိဟန်မတူပါ။

“ဟုတ်တယ်…ငါတို့လယ်ယာတွေမှာ ကောက်ပဲသီးနှံတွေ စိုက်ခဲ့တယ်…ဒါပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်အတွင်း မိုးက အရမ်းနည်းတယ်…မိုးခေါင်မှုက နှစ်တွေအများကြီးကြာ ဦးမယ်လို့ ငါကြားထားတယ်” အဖိုးအိုသည် စိတ်ခံစားချက်ပြင်းစွာနှင့် ပြောနေသည်။ သို့သော် ရာသီဥတုကို

ပြစ်တင်ပြောဆိုနေ၍လည်း အလကားပင်ဖြစ်သည်။ ထို့ကြောင့် မိုးခေါင်မှု ဒဏ်ကို ခံနိုင်သော စားပင်တစ်မျိုးကို လာရှာခြင်းဖြစ်သည်။

“ခင်ဗျားတို့မှာ မှော်ဆရာတို့၊မှော်ဆရာမတို့ မရှိဘူးလား…သူတို့က မိုးမခေါ်နိုင်ကြဘူးလား” ရှောက်ရွှမ်က ထပ်မေးလိုက်သည်။ သူရောက်ရှိနေသော နေရာအသစ်တွင် နေကြာသော မျိုးနွယ်စုများတွင် မိုးခေါ်နိုင်သော မျိုးနွယ်စုများ ရှိ၊မရှိ သူမသိပါ၊ခန့်မှန်း၍ ပြောဆိုလိုက်ခြင်းဖြစ်လေသည်။ ထိုနေရာတွင် မျိုးနွယ်စု၏ နတ်ဆေးဆရာအပြင် မည်သည့် မျိုးနွယ်စုနှင့်မှ မသက်ဆိုင်သော နတ်ဆေးဆရာများလည်း ရှိပါသည်။ လူများက ထိုနတ်ဆေးဆရာများကို ငွေများဖြင့် ပူဇော်ကြပါသည်။ နတ်ဆေးဆရာများက လူများ၏ပြဿနာများကို ဖြေရှင်းပေးခြင်းဖြင့် ပြန်လည် ကူညီပါသည်။

အဖိုးအိုသည် နားထောင်ရင်းဖြင့် သူ့မျက်နှာမှာ စိတ်ဆိုးဟန်ပေါက်လာပါသည်။ “အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့…ပြောတော့ ရှေးဟောင်းမှော်

ဆရာမျိုးရိုးက ဆင်းသက်လာတယ်ဆိုပြီးတော့ မိုးရွာအောင်တောင်လုပ်မပေးနိုင်ဘဲနဲ့များ…အလကား အသုံးမကျတဲ့ကောင်တွေ”

ရှောက်ရွှမ် “…”။

ထိုအဖိုးအိုသည် နတ်ဆေးဆရာတွေကို အသုံးမကျတဲ့ကောင်တွေဟု ခေါ်ဆိုရဲလေသည်။ ယခုမှပင် နတ်ဆေးဆရာတစ်ယောက်ကို ပြစ်တင်ရှုတ်ချသော စကားမျိုးပြောသည်ကို ရှောက်ရွှမ်ကြားဖူးခြင်း ဖြစ်လေသည်။ မက္ကာမျိုးနွယ်စုဝင်များပင် နတ်ဆေးဆရာကို အသုံးမကျပါဟု မပြောရဲကြပါ။ ရှောက်ရွှမ်မြင်တွေ့ဖူးသမျှ လူတိုင်းသည် နတ်ဆေးဆရာဆိုလျှင် ကိုးကွယ်စရာဟု မြင်သောလူများသာဖြစ်ကြသည်။ အခုအဖိုးအိုကတော့ ထိုကဲ့သို့ မဟုတ်ပါ။

မိုးပြဿနာမဖြေရှင်းနိုင်လျှင် ကောက်ပဲသီးနှံပြဿနာကို ဖြေရှင်းရန်သာရှိတော့သည်။ အဖိုးအိုမည်မျှစိတ်ဆိုးနေသည်ဖြစ်ပါစေ ထိုပြဿနာကို ဖြေရှင်းရန်အတွက် မိုင်၁၀၀၀လောက်ရှိသော ခရီး

ကို ထွက်လာသော အဖိုးအိုသည် လေးစားဖွယ်တော့ကောင်းပါသည်။

“အဲဒီရွှေကောက်ပဲသီးနှံဆိုတာ ဘယ်လိုပုံစံရှိလဲ” ရှောက်ရွှမ်ကမေးလိုက်သည်။

“ရွှေကောက်ပဲသီးနှံကို ငါကိုယ်တိုင်မမြင်ဖူးဘူး”

“မမြင်ဖူးဘဲနဲ့ ဘယ်လိုလုပ်ရှာမလဲ”

“မြင်လိုက်ရရင် ငါသိသွားမှဦပါ” အဖိုးအိုက ဘာမှမဖြစ်သလို ပြန်ဖြေလိုက်သည်။

“ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ” အဖိုးအိုက မေးလိုက်သည်။

“ရှောက်ရွှမ်ပါ…ခင်ဗျားကရော”

“ငါ့နာမည် ကျွီ” အဖိုးအိုသည် သူ့နာမည်ကို မြေပြင်ပေါ်တွင် စုတ်တံတစ်ချောင်းဖြင့် ရေးဆွဲလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

အဖိုးအိုသည် ရှောက်ရွှမ်ကို မည်သည့်မျိုးနွယ်စုကလဲ ဟုမမေးပါ။ ရှောက်ရွှမ်မည်သည့်မျိုးနွယ်စုက ဖြစ်သည်ကို အဖိုးအိုသည် စိတ်ဝင်စားဟန်မရှိပါ။

ရှောက်ရွှမ်က အဖိုးအိုထံမှ မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်း မေးမြန်းခြင်နေသေးသည်။ ထိုစဉ်အဖိုးအိုက ရုတ်တရက် “ငါ့အတွက် ရွှေကောက်ပဲသီးနှံ လိုက်ရှာပေးပါ” ဟုပြောလာသည်။

“မရှာပေးနိုင်ဘူး…ကျွန်တော် ခင်ဗျားကျွန်မဟုတ်ဘူး” ရှောက်ရွှမ်သည် ပြောပြီးနောက် နောက်ပြန်မလှည့်တော့ဘဲ ရှေ့သို့ဆက်ထွက်ခွာသွားသည်။

ရှောက်ရွှမ် အဝေးသို့ရောက်သောအခါမှ အဖိုးအိုသည် သူ့ပြောလိုက်သော လေသံကို သူပြန်သတိထားမိသွားသည်။ သူသည် လေသံကို လျှော့ချလိုက်ပြီး ရှောက်ရွှမ်ကို ဆွဲထားကာ “ကျေးဇူးပြုပြီး ငါ့ကို ကူညီပါကွာ…ရွှေ

ကောက်ပဲသီးနှံ လိုက်ရှာပေးပါ” ။

All Chapters