← Chapters

အရသာ စမ်းသပ်ခြင်း

Vol. 24 Ch. 359

အရသာ စမ်းသပ်ခြင်း

Vol. 24 Ch. 359

အဖိုးအိုသည် ထိုကြွက်ကို အသည်းအသန် ဖြစ်နေသည်မှာ ထိုကြွက်သည် ရွှေကောက်ပဲသီးနှံနှင့် သက်ဆိုင်နေ၍လား။ မကြာမီတွင် ရှောက်ရွှမ်သည်လည်း ထိုကြွက် နောက်သို့ လိုက်လေတော့သည်။

ကြွက်သည် လျင်မြန်စွာပြေးလွှားနေပြီး၊ တစ်ခါတရံတွင် ပြေးလွှားနေရာမှ ရပ်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို သတိဖြင့် လေ့လာအကဲခတ်ပြီး ဘာအန္တရာယ်မှ မရှိကြောင်း သေချာမှ ရှေ့သို့ဆက်သွားသည်။

ရှောက်ရွှမ်သည် အပင်ပုလေးများနှင့် နည်းနည်းရှည်သော မြက်ပင်များကို အကာအကွယ်ယူရင်း ကြွက်နောက်သို့လိုက်လာသည်။ ထိုနေရာသည် အပင်သိပ်မပေါက် သဖြင့် ရှောက်ရွှမ်ပုန်းခိုရန် နေရာသိပ်မရှိပါ။

ရှောက်ရွှမ်အတွက်တော့ ကြွက်နောက်ကို လိုက်ရသည်မှာ ခက်ခဲသော်လည်း အောင်မြင်စွာ လိုက်နိုင်ခဲ့သည်။ သို့သော် အဖိုးအိုကတော့ သူ့လိုမဟုတ်ပါ။ အဖိုးအို၏ ပုန်းအောင်းနိုင်သော စွမ်းရည်မှာ ရှောက်ရွှမ်လောက်မကောင်းသဖြင့် ကြွက်ရှိရာနေရာနှင့် အလှမ်းကွာနေသေးသည်။ သို့သော် အဖိုးအိုအတွက် ကြွက်ကို မျက်ခြည်ပြတ်သွားမည်ကို စိုးရိမ်စရာမလိုပါ။ သူသည် ရှောက်ရွှမ်နောက်ကို လိုက်နေရုံသာ ဖြစ်သည်။

မိနစ်၂၀လောက်ကြာသောအခါ ကြွက်ရိုင်းသည် ပြေးနေရာမှ ရပ်လိုက်သည်။ ရှောက်ရွှမ်သည် ထိုနားတစ်နေရာတွင် ရပ်နေပြီး ထိုကြွက် အစာစားနေသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် အနောက်တွင်ရှိသော အဖိုးအိုကိုလှည့်ကြည့်လိုက်ပြီး လက်ဖြင့်ဝှေ့ယမ်းအချက်ပြလိုက်သည်။

ထိုအပင်ကို ရှောက်ရွှမ်မသိသော်လည်း ထိုအပင်မှာ အဖိုးအိုရှာနေသော ရွှေကောက်ပဲသီးနှံဆိုတာ ရှောက်ရွှမ်စိတ်ထဲက သိနေသည်။ ထိုအပင်သည် အမြင့်၁မီတာလောက်ရှိသော ချုံပင်လေးဖြစ်ပြီး လပ်သည်းခွံအရွယ်လောက်ရှိသော အသီးများ သီးနေပါသည်။ ရှောက်ရွှမ်တို့ လိုက်နေသော ကြွက်မှာ ထိုအသီးများကို စားနေခြင်း ဖြစ်သည်။

ထိုအသီးများကို ကြွက်စားနေသည်ကို တွေ့သောအခါ အဖိုးအိုသည် သက်ပြင်းချ လိုက်ပြီး “ စိတ်ပျက်စရာပဲ” ဟုပြောလိုက်သည်။

အဖိုးအိုသည် နဂိုကတည်းက အများကြီး မမျှော်လင့်ထားပါ။ ရွှေကောက်ပဲသီးနှံကို လွယ်လွယ်နှင့် ရှာတွေ့မည် မဟုတ်ဟု သိထားသဖြင့် အဖိုးအိုသည် ကြိုတင်ပြင်ဆင်ထားပါသည်။

စားသောက်ပြီးသောအခါ ကြွက်သည် ဦးတည်ရာပြောင်းပြီး ဆက်လက် ပြေးလွှားလေသည်။ သို့သော် ခုနတုန်းကလောက်တော့ မမြန်

တော့ပါ။

သစ်သီးများကို စားရန် စာကလေးထက် သေးငယ်သော ငှက်ကလေးများ ကောင်းကင်တွင် ပျံဝဲနေကြသည်။

ငှက်များမခူးမီ အဖိုးအိုသည် ထိုအသိးများကို ခူးလိုက်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

သစ်ပင်ဘေးတွင် ကျောက်တုံးကြီး တစ်တုံးရှိသည်။ အဖိုးအိုသည် ထိုကျောက်တုံးပေါ်တွင် ထိုင်ကာ တောအုပ်ထဲကို မျက်စိကစားရင်း အသီးကို စားနေလေသည်။

“အဲဒီအပင် ဘာပင်လဲသိလို့လား” ရှောက်ရွှမ်က မေးလိုက်သည်။

“မသိဘူး…အခုမှ ပထမဆုံး စစားဖူးတာ” အဖိုးအိုက ပြန်ပြောသည်။

ရှောက်ရွှမ်သည် မျက်မှောင်ကြုံ့လိုက်ပြီး ခြုံ

ပုတ်ကလေးမှ သစ်သီးအချို့ကို ခူးဆွတ်လိုက်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ နည်းနည်းချိုသော်လည်း အရသာမှာ အဆင်ပြေပါသည်။ ထို့ကြောင့် သူတို့လိုက်နေသောကြွက်သည် ထိုအပင်ရှိရာနေရာသို့ အသည်းအသန်ပြေးလာခြင်းဖြစ်သည်။

တောင်ပေါ်တွင် အမဲလိုက်စဉ်တုန်းကဆိုလျှင် စစ်သည်တော်များသည် သူတို့မသိသော အသီးများဆိုလျှင် လက်ဖျားနှင့်ပင် မတို့ပါ။ အခြားတိရစ္ဆာန်များ စားသည်ကို မြင်သောအခါမှ အနည်းငယ် မြည်းစမ်းကြည့်ကြသည်။ ထို့နောက်မှ စား၍ရသည်ဟု ဆုံးဖြတ်လိုက်ကြသည်။ အဆိပ်ဖြေနိုင်စွမ်းရှိသော အဖိုးအိုကတော့ ထိုအသီးများအကြောင်းကို ဘာမှမသိဘဲ စားလိုက်ခုင်းဖြစ်သည်။ သို့သော် ကြွက်နှင့် ငှက်များ လာရောက်စားသောက်သည်ကို မြင်သော ကြောင့် အဖိုးအိုလည်း ထိုအသီးကို စားလိုက်ခြင်းဖြစ်သည်ဟု ရှောက်ရွှမ်က ယူဆသည်။

“လောင်ကျွီ…ခင်ဗျားက ဘာဖြစ်လို ဒီအပင်တွေ

အသီးတွေ အကုန်လုံးကို လိုက်စားကြည့်နေတာလဲ…ခင်ဗျားအတွက် အဆိပ်ရှိ၊မရှိ သိချင်လို့လား” ရှောက်ရွှမ်က မေးလိုက်သည်။

“ဟုတ်တယ်…အဆိပ်ပင်ပဲဖြစ်ဖြစ်…ဆေးပင်ပဲဖြစ်ဖြစ် အကြောင်းမသိသေးခင် စမ်းစားကြည့်တာကောင်းတယ်…နောင်တချိန်မှာ တွေ့ရမယ့်အပင်တွေလည်း အများကြီး ရှိသေးတယ်…ငါတို့မိသားစု…ငါတို့ရဲ့ဘိုးဘေးတွေက အကြိမ်မရေမတွက်နိုင်အောင် ကြိုးစားပြီး အဲဒီလို အပင်တွေကို စမ်းစားကြည့်ခဲ့ကြတယ်…ငါတို့က ဘာမဆိုစားတယ်…အပင်တွေကို စမ်းသပ်စားပေးပြီးတော့ တခြားပစ္စည်းတွေကို ငါတို့အတွက် ရအောင် ယူတယ်…ဓားတွေ…ခြင်းတောင်၊အိပ်ရာ၊အိပ်ရာခင်း၊ခေါင်းအုံး၊ လက်ဖက်ခြောက်၊ဝိုင်၊ရှာကလကာရည်၊သကြား၊ဆီ…ငါတို့ဘိုးဘေးတွေ မစားဖူးတာ ဘာများရှိဦးမလဲ မသိဘူး…” အဖိုးအိုသည် ထိုစကားများကို ပြောသောအခါ သူ့မျက်လုံးတွင် ချစ်ကြောက်ရိုသေသော အရိပ်အယောင်များ ဖြတ်သန်းနေသည်။ သစ်သီးကို စားတုန်းကပင် ထိုကဲ့သို့သော ခံစားချက်မျိုးမဖြစ်ပေါ်ပါ။ “ငါ့ရဲ့

နောက်မျိုးဆက်အဆင့်ဆင့်ဟာ ဘိုးဘေးတွေရဲ့ အလိုဆန္ဒကို အကောင်အထည် ဖော်လိမ့်မယ်…နောင်တချိန်ရောက်လာမယ့် အနာဂတ်က တောက်ပနေပြီ…ငါတို့တွေဟာ ခေတ်ပေါင်းစုံရဲ့ ကျက်သရေဆောင်တွေပဲ”။

ရှောက်ရွှမ်သည် စိတ်အားထက်သန်စွာ ပြောဆိုနေသော အဖိုးအိုကို ကြည့်နေသည်။ လူတစ်ယောက်က ဘိုးဘေးများကို ရှိခိုးနေခြင်းဖြစ်သည်။ အဖိုးအို၏ ယနေ့အတွက် အရေးအကြီးဆုံး မျှော်မှန်းချက်မှာ ဘိုးဘေးများ၏ မှတ်တမ်းများတွင် ဖော်ပြထားသော ရွှေကောက်ပဲသီးနှံကို ရှာဖွေတွေ့ရှိရေးဖြစ်သည်။

“မျက်စိနဲ့ ခဏလေးမြင်လိုက်ရရင်တောင် ငါကျေနပ်ပါတယ်” အဖိုးအိုက ပြောလိုက်သည်။

အဖိုးအိုသည် ဘိုးဘေးများ၏ မှတ်တမ်းထဲက ထိုရွှေကောက်ပဲသီးနှံ အကြောင်းကို ဖတ်ပြီးကတည်းက ထိုအကြောင်းကို မတွေးဘဲ အဖိုးအိုသည် မအိပ်နိုင်ပါ။ အခုတော့ နေရာတိုင်းလိုလို

တွင် မိုးခေါင်ရေရှားမှုဖြစ်နေပြီး ကောက်ပဲသီးနှံ အထွက်နှုန်းကလည်း မကောင်းပါ။ အခုလိုအချိန်များတွင် ဘယ်သူကမှ အမဲမလိုက်ခြင်ကြပါ။ အမဲလိုက်ခြင်းဖြင့် အသားကျခဲ့သော သူများကလည်း လယ်ကွင်းများထဲတွင် လယ်စိုက်ခြင်းဖြင့် အသားကျကုန်ပြီ ဖြစ်သည်။ ဝေးလံသော နေရာဒေသများရှိ တောတောင်များထဲမှ သားရဲများနှင့် သတ်ပုတ်လိုသောသူမှာလည်း သိပ်များများစားစားမရှိပါ။ ထို့ပြင် လူအများနေကြသော နေရာဒေသများမှာလည်း သားရဲများ သိပ်မရှိပါ။ ထိုသူများက အမဲလိုက်လိုလျှင်ပင်၊ ခရီးအတန်ဝေးသော နေရာများ သို့ သွားရမည် ဖြစ်သည်။ ထို့ပြင် စိမ်းလန်းသော တောတောင်များကို အားကြီးသော မျိုးနွယ်စုများက အပိုင်စီးထားလေသည်။

ထို့ကြောင့် သူတို့သည် မိုးခေါင်ရေရှားမှုဒဏ်ကို ခံနိုင်သော စားပင်ကို ရှာတွေ့မည် ဆိုပါက သူတို့အခုရင်ဆိုင်နေရသော ပြဿနာများ လျော့ပါးသွားမည်ဖြစ်သည်။ ရှောက်ရွှမ်ကတော့ မိုးနှင့် ပတ်သက်၍ ယခုလို ယူဆသည်။ လူများသည်

နှစ်စဉ်မိုးခေါ်ပွဲ များကျင်းပကြသည်။ သို့သော် မိုးမရွာသည်ကတော့ စိတ်ပျက်စရာပင်။ သူတို့ကိုယ် သူတို့ ရှေးဟောင်းနတ်ဆေးဆရာမျိုးရိုးမှ ဆင်းသက်လာသည်ဆိုသော နတ်ဆေးဆရာများသည် ပိုက်ဆံကိုသာ မြန်မြန်သိမ်းတတ်ရုံသာမက မိုးမရွာခြင်းအတွက်လည်း အကြောင်းပြချက် မျိုးမျိုးပေးတတ်သည်။ တကယ်သုံးစားမရသော နတ်ဆေးဆရာများဖြစ်ကြသည်။

ခဏနားပြီးနောက် ရှောက်ရွှမ်နှင့် အဖိုးအိုတို့သည် လမ်းမကြီးအတိုင်းဆက်‌ လျှောက်လာကြသည်။ ရံဖန်ရံခါတွင်တော့ တောင်ကုန်းတစ်ခုကို ဖြတ်ကျော်ရသည်။

နောက်၂ရက်ကြာသည့်တိုင်အောင် ရွှေကောက်ပဲသီးနှံ၏ အရိပ်ကို ပင်မမြင်ရပါ။

ထို၂ရက်အတွင်းတွင် အဖိုးအိုသည် ထူးဆန်းသောအပင်များကို စားကြည့်သဖြင့် အဆိပ်လေးကြိမ် မိခဲ့သည်။ တစ်ကြိမ်တွင် မိသောအဆိပ်မှာ သွေးအန်သည်အထိ ပြင်းထန်

သည်။ ရှောက်ရွှမ်သည် အဖိုးအိုအနေဖြင့် ထိုအဆိပ်ကို ကျော်လွှားရန် အတော်ကြိုးစားရမည်ဟု ထင်လိုက်မိသည်။ သို့သော် အဖိုးအိုကတော့ နေ့တဝက် အမောဖောက်နေရုံလောက်သာ ဖြစ်ခဲ့သည်။ နေ့တဝက်ကျော်လွန်သောအခါ ပြန်ကောင်းသွားပြီး ရွှေကောက်ပဲသီးနှံကို ဆက်လက်ရှာဖွေလေသည်။

ရှောက်ရွှမ်သည် အဖိုးအိုခံနိုင်ရည်နှင့် အဆိပ်ဖြေနိုင်သည့် စွမ်းရည်တို့အကြောင်း စဉ်းစားပြီးနောက် သက်ပြင်းချလိုက်မိသည်။

ခရီးစဉ်တလျှောက်တွင် ရှောက်ရွှမ်သည် အဖိုးအိုပြောသည်များကိုသာ နားထောင်လာသည်။ ရံဖန်ရံခါမှ စကားပြောသည်။ များသောအားဖြင့် သူက နားထောင်သမား သက်သက်သာ။ အဖိုးအို၏ စကားများကို နားထောင်ရင်း ရှောက်ရွှမ်သည် တစ်စုံတရာကိုတွေးမိသည်။ အဖိုးအိုကိုကြည့်ရသည်မှာ မျိုးနွယ်စုတစ်ခုခုမှ လာခြင်းမဟုတ်ဘဲ၊ ကျွန်ပိုင်ရှင်တစ်ယောက် အုပ်ချုပ်သော မြို့တော်တစ်ခုခု မှ လာခြင်းဖြစ်မည်။ အဖိုး

အိုကို ကြည့်ရသည်မှာ ကျွန်ပိုင်ရှင်တစ်ယောက်နှင့် တူနေပါသည်။

ထိုကဲ့သို့သော ကျွန်ပိုင်ရှင်မျိုးကို ရှောက်ရွှမ်အခုမှ တွေ့ဖူးခြင်း ဖြစ်ပါသည်။ ထိုအဖိုးအိုတစ်ယောက်သာ ပင်လယ်ဟိုဘက်ကမ်းမှ ကျွန်ပိုင်ရှင်များနှင့် တူခြင်းဖြစ်ပါသည်။ အခုအချိန်ထိတော့ ပင်လယ်ဟိုဘက်ကမ်းမှလို ကျွန်ပိုင်ရှင် များကိုတော့ မတွေ့ရသေးပါ။

“ကဲ…ဒါဆိုရင် ငါအရင်နားလိုက်ဦးမယ်…မင်းနည်းနည်းသတိထားလိုက်ဦး” အဖိုးအိုသည် တောင်နံရံကို တုတ်ဖြင့်ထောက်ရင်း ထိုင်ချလိုက်သည် “ဒီအဖိုးကြီးက အိုနေပါပြီကွာ…ပြန်လည်း ငယ်တော့မှာ မဟုတ်ပါဘူး…အဲဒီတော့ ငါအရင်နားလိုက်မယ်နော်”

“ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့…မြန်မြန်နားလိုက်ပါ” ရှောက်ရွှမ်က ပြောလိုက်သည်။

ရှောက်ရွှမ်သည် အဖိုးအိုနှင့် လာခဲ့သော

ခရီးစဉ်တလျှောက်တွင် သူ့ခြေလှမ်းများကို အရှိန်လျှော့၍ လျှောက်လာခဲ့သည်။ နောက်ပြီးတော့ သူတို့သည် ဖြတ်လမ်းများကို မသုံးခဲ့ပါ။ ၂ရက်လောက် လျှောက်လာပြီးနောက်တွင်လည်း၊ ထိုတောအုပ်လေးနားတွင် အပြောင်းအလဲ တစ်စုံတရာကို ရှောက်ရွှမ်မတွေ့ပါ။ တောနည်းနည်းထူသော တောအုပ်ကလေးကို တွေ့ရဖို့ မည်မျှဆက်လျှောက်ရဦးမည်လဲ ရှောက်ရွှမ်မသိပါ။

သူသည် အဖိုးအိုနှင့် အတူသွားရန် သဘောတူညီထားသဖြင့် ရှောက်ရွှမ်သည် အဖိုးအိုကို လမ်းတဝက်တွင် မထားခဲ့ပါ။ အလျင်လိုစရာလည်းမရှိသဖြင့် ရှောက်ရွှမ်သည် ဖြည်းဖြည်းသာသွားရသော်လည်း စိတ်မရှည်မဖြစ်ပါ။

ထိုဖုန်းဆိုးမြေတွင် ရှောက်ရွှမ်သည် သားရဲကြီး တစ်ကောင်တလေကို ပင်မတွေ့ပါ။ သို့သော် လူအရိုးစု တချို့ကိုတော့ တွေ့ပါသည်။

ဘေးဘီကို ကြည့်လိုက်ပြီးနောက်၊ ရှောက်ရွှမ်သည် သူ့ကို အဖိုးအိုက အပင်များအကြောင်း ရှင်း

ပြသော နေ့အကြောင်းကို ပြန်မှတ်မိသွားသည်။ ရှောက်ရွှမ်သည် မျက်လုံးမှိတ်လိုက်ပြီး အဖိုးအို၏ သင်ကြားမှုများကို ပြန်စဉ်းစားနေမိသည်။

ရှောက်ရွှမ်စဉ်းစားနေစဉ်မှာပင် ပြေးသံတစ်ခုထွက်ပေါ်လာသည်။ ခြေသံမှာ သိပ်မကျယ်ပါ။ ခြေသံကို သေချာနားထောင်ပြီးနောက် သူတို့ လိုက်ခဲ့သော ကြွက်ရိုင်း ဖြစ်မည်ဟု ရှောက်ရွှမ်ထင်လိုက်မိသည်။

သို့သော် ခုနတုန်းကတော့ ကြွက်ရိုင်းမှာ တစ်ကောင်တည်း ဖြစ်ပြီး၊ အခုခြေသံများမှာ တစ်ကောင်တည်း၏ ခြေသံများမဟုတ်ပါ။

သူတို့ ကြွက်ရိုင်းများ၏ အသိုက်ရှိရာသို့ ရောက်နေခြင်းလား။ ရှောက်ရွှမ်သည် ထိုင်ရာမှ ထလိုက်ပြီး အသံလာရာသို့ ကြည့်လိုက်မိသည်။

နေရာအသီးသီးမှာ ကြွက်ရိုင်းများသည် နေရာတစ်ခုတည်းကို ဦးတည်ပြေးသွားနေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ သူတို့ပြေးလာပုံမှာ

အသက်ဘေးကြောင့် ပြေးလာပုံမဟုတ်ဘဲ အစာဇောကြောင့် ပြေးလာခြင်းနှင့် တူနေပါသည်။

“လောင်ကျွီ…ထပါဦး…ဒီမှာ ဘာဖြစ်နေတာလဲ မသိဘူး” ရှောက်ရွှမ်သည် အိပ်ပျော်နေသာ အဖိုးအိုကို လှုပ်နှိုးလိုက်သည်။

“ဘာဖြစ်တာလဲ” ရှောက်ရွှမ် စောင့်ရှောက်ပေးနေသဖြင့် အဖိုးအိုက ရှားရှားပါးပါး အိပ်မောကျနေခြင်းဖြစ်ပါသည်။ သို့သော် ကောင်းကောင်းမှ မအိပ်ရသေးမီ ရှောက်ရွှမ်က သူ့ကို နှိုးနေပါသည်။ ထို့ကြောင့် အဖိုးအိုသည် ခဏလောက် ကြောင်တောင်တောင် ဖြစ်သွားပါသည်။

ရှောက်ရွှမ်သည် သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို အဖိုးအိုအား ပြောပြရန် ပြင်ဆင်နေသည်။ သို့သော် ရှောက်ရွှမ် ပါးစပ်မဟရသေးမီ ၊ အဖိုးအို၏နားရွက်များသည် အသံတစ်ခုကို ကြားလိုက်ရသဖြင့် လှုပ်ခါသွားသည်။ ထိုအရာမှာ အဖိုးအို၏ ကျွမ်းကျင်မှု ပင် ဖြစ်ပါသည်။ သူ့နားထဲသို့ အခြားအသံများဝင်လာပါက ကျော်

လိုက်မည်ဖြစ်သည်။ ထူးခြားသော အသံအချို့သာ အဖိုးအို၏ အာရုံကြောများကို အချိန်တိုအတွင်း လှုံ့ဆော် ပေးနိုင်ခြင်းဖြစ်သည်။

ထို့နောက် အဖိုးအိုသည် အိပ်နေရာမှ ထလိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။ ထို့နောက် တုတ်ကောက်အဖြစ် သုံးသော တုတ်ချောင်းကိုလွှတ်ပစ်လိုက်ပြီး တောင်နံရံကို တွယ်တက် လေတော့သည်။

သူရောက်နေသောနေရာမှ ဘာမှမမြင်ရပါ။ ထို့ကြောင့် ပိုမြင့်သော နေရာကို ဆက်တက်သွားသည်။ ထိုနားတွင် ကြည့်လိုက်သောအခါ အဝေးကိုကြည့်ရန် တက်စရာ မြင့်မားသော အပင်များ မရှိသဖြင့် နံရံကိုတွယ်တက်ရန်သာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် အဖိုးအို နံရံကို ခက်ခဲစွာ တွယ်တက်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အကူအညီလိုအပ်ပါက ပေးရန် အသင့်ပြင်ထားလိုက်သည်။

တောင်နံရံပေါ်သို့ ရောက်သောအခါ အဖိုးအို၏

ရေဒါနှင့်တူသော မျက်လုံးများက ဘေးပတ်ဝန်းကျင်ကို သေချာအကဲခတ်နေသလို နားရွက်များကလည်း အသံကို နားစွင့်ထားသည်။ သူ့နားရွက်များသည် ကြားနေရသော အသံပေါင်းစုံထဲမှ ကြားလိုသော အသံတစ်မျိုးတည်းကို ရွေး၍ နားထောင်နိုင်စွမ်းရှိပေသည်။

အဖိုးအို၏ ရူးသွပ်မှုမှာ တရားမလွန်ချေ။

All Chapters