← Chapters

စိတ်အားထက်သန်စရာကောင်းသော အဆင့်မြှင့်ခြင်း

Vol. 50 Ch. 746

စိတ်အားထက်သန်စရာကောင်းသော အဆင့်မြှင့်ခြင်း

Vol. 50 Ch. 746

ရဲ့လင်းချန်၏ စိတ်အခြေအနေက တစ်ခဏအတွင်း အလွန် တိုးတက်သွားခဲ့သည်။ သူ့တွင် သားရဲယဉ်ပါးခြင်း ရှိသဖြင့် ငါးဘာသာစကားမှနေ၍ တခြား တိရစ္ဆာန်များ၏ ဘာသာစကားအထိကို အသုံးချ၍ ထိုတိရစ္ဆာန်များအား သူ၏ သူလျှိုများ သို့မှဟုတ် ရှေ့ပြေးများအဖြစ် အသုံးချနိုင်သည်။

အထူးသဖြင့် ဆန်းကြယ်ကျွန်းကဲ့သို့သော စိမ်းသက်သည့် နေရာတွင်ပင်။ တိရစ္ဆာန်များကို စကားပြောနိုင်သည့် မှော်ဆန်သော စွမ်းရည်ရှိခြင်းက သူ့အား နတ်ဘုရားအဆင့်နီးပါးသို့ ရောက်ရှိသွားစေသလိုပင်။

စနစ်မှ ထုတ်လုပ်လိုက်သည့် မည်သည့်အရာမဆိုသည် အရည်အသွေးပိုင်းတွင် သေချာပေါက် သံသယဖြစ်စရာ မရှိပေ။

ရဲ့လင်းချန် စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့ရင်ထဲက ဖိအားအများစု ပျောက်ကွယ်သွားခဲ့လေပြီ။ ထို့ကြောင့် … နောက်တစ်ကြိမ် ကံစမ်းမဲနှိုက်ရန် အချိန်တန်လေပြီ။

ရေပန်းစားမှု အမှတ်တစ်သိန်းကို ထပ်မံ အသုံးပြုလိုက်သည်။

အဝါရောင် အလင်းတန်းသည် အခြေခံ စွမ်းရည်များအားလုံးအပေါ်သို့ လျှင်မြန်စွာ နောက်တစ်ကြိမ် ဖြတ်ပြေးသွားလေသည်။

*လုပ်လိုက်စမ်းပါ၊ ဘာဖြစ်လာမလဲ*

အလင်းတန်းသည် တဖြည်းဖြည်း နှေးကွေးလာပြီး ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။

“ဒင်”

ညင်သာသော အသံပြီးနောက် အလင်းတန်းက လေခွင်းကန်ချက်အပေါ်၌ ရပ်သွားလေသည်။

*ကွန်ဖူးပဲ၊ ဒါ လေခွင်းကန်ချက်ပဲ*

ရဲ့လင်းချန်၏ ရင်ထဲ၌ ဝမ်းသာအားရ အော်ဟစ်နေမိသည်။

သူ၏ ခန့်မှန်းချက်များအရ လေခွင်းကန်ချက်သည် လျင်မြန်စွာပြေးခြင်း စွမ်းရည်နှင့် အဆင့်တူ သို့မဟုတ် အထက်တွင် ရှိပေသည်။ လေခွင်းကန်ချက်ကို အဆင့်မြှင့်တင်လိုက်သည်နှင့် အရည်အသွေးပိုင်း ခုန်ပျံကျော်လွှားမှု ဖြစ်ပေါ်လာမည်ဖြစ်ပြီး သူ၏ ခွန်အားသည်လည်း အလွန်အမင်း တိုးတက်လာမည်၊ အထူးသဖြင့် ထွက်ပြေး လွတ်မြောက်ရာတွင် ယုံကြည်မှု ပိုမိုမြင့်မားလာမည်ဖြစ်သည်။

အလင်းတန်း လင်းလက်ပြီးနောက် လေခွင်းကန်ချက်ကို စွမ်းရည်အသစ်ဖြင့် အစားထိုးသွားလေသည်။

လေအလျင် ခြေလှမ်းသိုင်း (အခြေခံအဆင့်): ဤ ခြေလှမ်းသိုင်းသည် လေ၏အရှိန်ကို ကျော်လွန်နိုင်ပြီး နတ်ဘုရားများကိုပင် ဖမ်းဆီးနိုင်စွမ်းရှိသည်။

လေ၏အရှိန်ကို ကျော်လွန်နိုင်သည်ဆိုသည်မှာ သူ၏ လျင်မြန်မှုကို ဆိုလိုပြီး နတ်ဘုရားများကို ဖမ်းဆီးနိုင်စွမ်း ရှိခြင်းမှာ သူ၏ တိုက်ခိုက်မှုများကို ဆိုလိုပေသည်။ လေခွင်းကန်ချက်သည် ပေါ့ပါးသော ခွန်အားနှင့် တိုက်ခိုက်မှုတို့ ပေါင်းစပ်ထားသော သိုင်းတစ်ခု ဖြစ်ပြီး အဆင့်မြှင့်တင်ပြီးနောက်တွင်လည်း တိုနည်းတူပင် ဖြစ်သည်။

လေအလျင် ခြေလှမ်းသိုင်း။ နာမည်နှင့်တင် စွမ်းရည်က မည်မျှ အံ့ဩစရာကောင်းကြောင်း ပြသနေသည်။

တစ်ခဏအကြာတွင် အချက်အလက်များစွာက ရဲ့လင်းချန်၏ စိတ်ထဲသို့ စီးဝင်လာပြီး ပုံရိပ်တစ်ခုက ဆက်တိုက် လှုပ်ရှားနေသလိုပင်။ သူ၏ ခန္ဓာကိုယ် ပုံရိပ်က မခန့်မှန်းနိုင်ဘဲ ဆက်တိုက် လှုပ်ရှားနေကာ သူ ဖြတ်သွားသည့် နေရာတိုင်း၌ ပုံရိပ်ယောင်များ ကျန်ခဲ့လေသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ရဲ့လင်းချန် မျက်လုံးပြန်ဖွင့်လိုက်ပြီး အားရကျေနပ်သလို ခံစားလိုက်ရသည်။ သူ လေ့ကျင့်နိုင်မည့် နောက်ထပ် သိုင်းပညာတစ်ခု ထပ်တိုးလာလေပြီ။

သူသည် လေအလျင် ခြေလှမ်းသိုင်း၏ သီအိုရီပိုင်းအားလုံးကို ကျွမ်းကျင်သွားပြီ ဖြစ်ကာ နောက်တစ်ဆင့်မှာ သူ၏ ခြေထောက်များကို လေ့ကျင့်ပြီး သူ၏ ခြေထောက်များမှ စိတ်ဝိညာဉ်စွမ်းအင်၏ အစွမ်းကို ထိန်းချုပ်ရန် လေ့ကျင့်ရပေမည်။

ရဲ့လင်းချန် ပြုံးနေပြီး တုံ့ဆိုင်းခြင်းမရှိ ဆက်၍ အဆင့်မြှင့်တင်နေလိုက်သည်။

တတိယအကြိမ်၌ ရုရှားဘာသာစကားမှ ဝက်ဝံ ဘာသာစကား (အခြေခံအဆင့်) သို့ ပြောင်းလဲသွားသည်။

စတုတ္ထအကြိမ်တွင် မြေတူးဖော်ခြင်းမှ မြေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်) ဖြစ်သွားလေသည်။ ယင်းက ရဲ့လင်းချန်ကို အမှန်တကယ် အံ့ဩသွားစေမိသည်။ ထိုမြေတူးဖော်ခြင်း စွမ်းရည်က မည်သည့်အချိန်က တစ်ရာ ရာခိုင်နှုန်း ဖြစ်သွားခဲ့မှန်း သူ မသိခဲ့ပါ။ ၎င်းက တူးမြောင်းများ တူးဖော်ခြင်း၊ တောင်ဖောက်ခြင်း အစရှိသည့် အရာများ ဖြစ်နိုင်လေမလား။ ၎င်းက မထင်မှတ်ဘဲ မြေဝိညာဉ် ခန္ဓာကိုယ်သို့ ဆင့်ကဲ ပြောင်းလဲသွားခဲ့လေသည်။

ပဥ္စမမြောက် စွမ်းရည်အတွက် အင်ဒိုနီးရှား ဘာသာစကားမှ နွားဘာသာစကား (အခြေခံအဆင့်)။

ဆဋ္ဌမမြောက်မှာ ထိုင်းဘာသာစကားမှ ဝက်ဘာသာစကား (အခြေခံအဆင့်)။

ထိုဆက်တိုက် ဘာသာစကား အဆင့်မြှင့်တင့်မှုနှစ်ခုမှ ဝက်ဘာသာစကားနှင့် နွားဘာသာစကား ပေါ်လာခြင်းအား ရဲ့လင်းချန် ဝေပင် မဝေဖန်နိုင်တော့ပါ။ နိုင်ငံတစ်နိုင်ငံ၏ ဘာသာစကားနှင့် ဆက်စပ်နေသော စွမ်းရည်များ၏ အချိုးအစားက အခြားစွမ်းရည်များထက် ပိုများသော်လည်း စနစ်က သူ့အား လှည့်စားနေသလိုပင်။

သတ္တမမြောက်စွမ်းရည်အတွက် ဗီယက်နမ် ဘာသာစကားမှ ဆင်ဘာသာစကား (အခြေခံအဆင့်) သို့ ပြောင်းလဲသွားလေသည်။

*လခွမ်းပဲဟေ့*

ရဲ့လင်းချန် စိတ်ပျက်လာလေသည်။

*ဘာသာစကားက အသုံးဝင်တယ်လို့ ငါ စတွေးမိလာတယ်ဆိုပင်မယ့် ငါ့ကို အဲ့လိုကြီးတော့ လာမစားစမ်းပါနဲ့ကွာ*

ရှစ်ကြိမ်မြောက်တွင် စနစ်က ရဲ့လင်းချန်၏ စောဒကတက်ခြင်းကို ကြားသွားပုံရသည်။ အဘယ်ကြောင့်ဆိုသော် ယင်းက သူ့အား ဘာသာစကားများ ပေးနေခြင်းကို ရပ်တန့်သွားရ ဖြစ်သည်။

၎င်းမှာ နည်းပညာ ဖြစ်နေ၏။

နည်းပညာက အဆင့်မြင့် ဉာဏ်ရည်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

အချက်အလက်ပေါင်းများစွာက ရဲ့လင်းချန်၏ စိတ်ထဲသို့ အဆက်မပြတ် စီးဝင်လာနေပြီး ဒေတာများ စုပြုံကျလာခြင်းဟုသာ ပြောနိုင်တော့သည်။

ဘာသာစကား အခြေခံသော အချက်အလက်များစွာက သူ့ဦးနှောက်ထဲသို့ အစောပိုင်းက ဝင်ရောက်ခဲ့သော်လည်း သူ၏ ဦးနှောက်က အလွယ်တကူ လက်ခံနိုင်ခဲ့သည်။ သို့သော် အဆင့်မြင့် ဉာဏ်ရည်အတွက်မူ ရဲ့လင်းချန် တစ်ခဏမျှ ငြိမ်သက်သွားပြီး နာရီဝက်အကြာမှ နိုးလာခဲ့လေသည်။

ဤနည်းပညာသည် နားလည်ရန် အလွန် အဆင့်မြင့်လွန်းနေပြီး လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ ထိုကဲ့သို့သော နည်းပညာသည် လက်ရှိ လူသားမျိုးနွယ်၏ ကန့်သတ်ချက်များကိုပင် ကျော်လွန်နေပြီး မျက်မှောက်ခေတ် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာ နယ်ပယ်ကိုပါ ကျော်လွန်နေခြင်း ဖြစ်သည်။

ရဲ့လင်းချန် နားမလည်နိုင်သေးသော ဗဟုသုတ ဧရိယာများစွာ ကျန်ရှိနေသေးသည်။ ဉာဏ်ရည်မြင့် ထုတ်ကုန်များစွာသည် ကနဦးအဆင့်တွင်သာ ရှိနေသေးသော်လည်း သူ၏ စိတ်မှာ အလွန် ရှင်းလင်းနေခဲ့ပြီး သူ့အတွက် ဖိစီးနေခဲ့သည့် ပြဿနာများကိုလည်း ချက်ချင်း ဖြေရှင်းနိုင်လေပြီ။ ကြီးမားသော တိုးတက် ပြောင်းလဲမှုများပင် ဖြစ်လာနိုင်ချေ ရှိသည်။

ဥပမာအားဖြင့် ဉာဏ်ရည်မြင့် အိမ်စောင့် စက်ရုပ်တစ်ခုကို လူတစ်ဦးနှင့် ဆင်တူအောင် ပြုလုပ်ပြီး ၎င်းသည် ယခင်ကဲ့သို့ ခက်ထန်ခြင်းနှင့် စိတ်မပါဝင်စားခြင်း လက္ခဏာများ ကင်းမဲ့သွားပေမည်။ အရေပြား တပ်ဆင်လိုက်ပါက လူသားတစ်ဦးနှင့် ၎င်း၏ ဆင်တူမှုသည် ပိုမို ထင်ရှားလာမည်ဖြစ်သည်။

Iron Man ကို အမြဲတမ်း စွဲလမ်းနေသည့် ရဲ့လင်းချန်အတွက် ထိုအရာက အရိပ်အမြွက်ပြသလိုလည်း ဖြစ်နေသည်။ ၎င်းကို ချက်ချင်းလက်ငင်း ထုတ်လုပ်နိုင်စွမ်း မရှိသေးသော်ငြားလည်း ရိုးရှင်းသော စက်ပစ္စည်းကိရိယာများကို တည်ဆောက်နိုင်ပေသည်။ ထိုသို့သော ပစ္စည်းကိရိယာများသည် ဆန်းကြယ်ကျွန်း၏ ကာကွယ်ရေး အရည်အသွေးများကို ပိုပြီး မြှင့်တင်ပေးနိုင်ပြီး နောင်အနာဂတ်တွင် ဆန်းကြယ်ကျွန်းအား နည်းပညာဆိုင်ရာ ကျွန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။

ကံစမ်းမဲနှိုက်ခြင်းက ကိုးကြိမ်မြောက်အထိ ရောက်သွားလေသည်။

ထိုအခါ နောက်တစ်ကြိမ် အံ့ဩစရာ ဖြစ်ပေါ်လာ၏။

ပစ္စည်းကိရိယာ ထုတ်လုပ်ခြင်းက တိုက်ခိုက်ရေး ပစ္စည်း သန့်စင်ခြင်း (အခြေခံအဆင့်) သို့ ပြောင်းလဲသွားသည်။ ၎င်းနှင့်ဆိုလျှင် ပစ္စည်းများ သန့်စင်ခြင်းအတွက် သူ၏ စွမ်းရည်များ ပြည့်စုံသွားလေပြီ။

ထို့အပြင် သန့်စင်ခြင်းကို အဆင့်မြင့်ဉာဏ်ရည်နှင့် ပေါင်းစပ်နိုင်ပြီး ခံစစ်နှင့် တိုက်စစ် ပိုကောင်းသော စက်ပစ္စည်းများ ဖန်တီးနိုင်လေပြီ။

သန့်စင်ခြင်းနှင့် အဆင့်မြင့် ဉာဏ်ရည်တို့ ဆက်လက်၍ အဆင့်တက်လာပါက လျှပ်စစ်စွမ်းအင်အား စိတ်ဝိညာဉ်ကို အသုံးပြုနိုင်သည့် နည်းလမ်းကို သေချာပေါက် ကျွမ်းကျင်လာလိမ့်မည်ဟု ရဲ့လင်းချန် ခံစားရနေသည်။ ထိုသို့ဆိုလျှင် သူသည် ဟင်းလင်းပြင်နယ်မြေထဲသို့ Iron Men အဖွဲ့တစ်ဖွဲ့ ခေါ်သွားနိုင်မှာ ဖြစ်သည်။

အခြေခံ ဗဟုသုတများစွာကို အဆင့်မြှင့်နေခြင်းသာ ဖြစ်သော်လည်း အကျိုးအမြတ်များက ကြီးမားပြီး သူ၏ ရေပန်းစားမှုအမှတ်ကို အလွန်အကျွံ သုံးစွဲရန် မလိုအပ်ခဲ့ပေ။ ကုန်ကျစရိတ်နှင့် စွမ်းဆောင်မှု အချိုးအစားက အလွန် မြင့်မားနေခဲ့သည်။

ကံမကောင်းသည်က … တရုတ် တိုင်းရင်းဆေးပညာကို လက်လှမ်းမမီနိုင်သေးခြင်း ဖြစ်သည်။

သူ အံကြိတ်၍ ဆက်ကာ ကံစမ်းနေမိသည်။

ဆယ်ကြိမ်မြောက်၌ ကိုယ်ယောင်ဖျောက်ခြင်းမှ အသက်ရှူ ထိန်းချုပ်ခြင်း (အခြေခံအဆင့်) သို့ အဆင့်မြှင့်တင် သွားလေသည်။

ကိုယ်ယောင်ဖျောက်ခြင်းသည် စစ်သည်တော်ဌာနရှိ လေ့ကျင့်ရေး ဘာသာရပ်များထဲမှ တစ်ခု ဖြစ်သည်။ ၎င်းသည် လူတစ်ယောက်ကို ပတ်ဝန်းကျင်အမျိုးမျိုး၌ ပုန်းကွယ်စေနိုင်ပြီး ချုံခိုတိုက်ခိုက်မှုများကို ပို၍ ကောင်းမွန်စွာ ရှောင်တိမ်းနိုင်စေပြီး ရန်သူအား မိမိကို ရှာဖွေရ ခက်ခဲအောင် ပြုလုပ်ပေးနိုင်သည်။ ဥပမာအားဖြင့် သူတို့သည် တောအုပ်ထဲမှ သစ်ပင်တစ်ပင်၌ ပုန်းအောင်နေခြင်း သို့မဟုတ် မြက်ခင်းပြင်ပေါ်၌ ဦးထုပ်အစိမ်း‌ရောင် ဆောင်းပြီး လှဲနေခြင်းတို့ ပြုလုပ်နိုင်ပေသည်။

အဆင့်မြှင့်တင်မှုသည် သာမန်လူများအတွက် မထူးခြားဟု ထင်ရပေသည်။ အကြောင်းမှာ ၎င်းသည် ကိုယ်ပျောက်ခြင်း မဟုတ်သောကြောင့်ပင်။ သို့သော် သိုင်းပညာရှင်များအတွက်မူ အခြေအနေက လုံးဝ ကွဲပြားလေသည်။

သိုင်းပညာရှင်များသည် သူတို့၏ အမြင်အာရုံကို အသုံးပြုရရုံသာမက သတိကိုပါ ပို၍ အားထားရသည်။ သစ်ပင် တစ်ပင်၌ ပုန်းနေသော လူတစ်ယောက်ကို သိုင်းပညာရှင်များက အလွယ်တကူ ရှာတွေ့နိုင်သည်။ အသက်ရှူ ထိန်းချုပ်ခြင်းနှင့်ဆိုလျှင် ရဲ့လင်းချန်သည် သူ၏ ချီစွမ်းအင်ကို အတိုင်းအတာတစ်အခုထိ ထိန်းချုပ်ထားနိုင်မှာ ဖြစ်သဖြင့် သိုင်းပညာရှင်များ သူ့ကို ရှာဖွေတွေ့ရှိရန် ပို၍ ခက်ခဲပေလိမ့်မည်။

ရဲ့လင်းချန်၌ ထိုစွမ်းရည်သာ စောစောစီးစီး ရှိထားခဲ့ပါက အစောပိုင်းက သူ ပင်လယ်ပြင်၌ ပုန်းနေချိန်တွင် လီဆောင်းယွန်းထံ၌ ဖမ်းမိခြင်း ခံရမည် မဟုတ်ပါ။

ထိုစွမ်းရည်က အထင်ကြီးစရာ ကောင်းသော်လည်း တရုတ် တိုင်းရင်းဆေးပညာကို သူ မရသေးသည်က စိတ်မကောင်းစရာပင်။

*မထူးပါဘူးကွာ၊ ဆယ့်တစ်ကြိမ်မြောက် လုပ်ကြည့်တာပေါ့*

ရဲ့လင်းချန် ပင့်သက်ရှိုက်၍ ထပ်မံ၍ ကံစမ်းလိုက်သည်။ သူ တရုတ် တိုင်းရင်းဆေးပညာကို အဆင့်မမြှင့်နိုင်မခြင်း ရပ်မည် မဟုတ်ပါ။

အဝါရောင် အလင်းတန်းက ဖြတ်ပြေးနေ၏။ ၎င်းက ရဲ့လင်းချန်၏ အကြည့်အောက်၌ အရှိန်နှေးလာပြီး နောက်ဆုံး၌ ရပ်တန့်သွားလေသည်။

ထိုသို့သောအချိန်၌ ရဲ့လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အသက်ရှူသံက လျှင်မြန်လာသည်။

*တရုတ် တိုင်းရင်းဆေးပညာ*

သူ လုပ်ခဲ့သမျှ အရာအားလုံးက အကျိုးရှိပြီဟု ရဲ့လင်းချန် ခံစားလိုက်ရသည်။ သူ တကယ် ရလာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။

အလင်းတန်းတစ်ချက် တောက်ပလာပြီးနောက် တရုတ် တိုင်းရင်းဆေးပညာကို အဂ္ဂိရတ်ပညာက အစားထိုးသွားသည်။

အဂ္ဂိရတ်ပညာ (အခြေခံအဆင့်): အခြေခံ အဂ္ဂိရတ်၏ ရိုးရာ ဆေးကုသခြင်းနှင့် သန့်စင်ခြင်း နည်းလမ်းများကို ကျွမ်းကျင်ခြင်း။

*အဂ္ဂိရတ်၊ ဒါက အဂ္ဂိရတ်ပဲ*

သူ၏ ဆေးစံအိမ်ကို အခြား မည်သည့်အရာကမှ ပိုကောင်းအောင် မဖြည့်စွက်ပေးနိုင်ပေ။

ရဲ့လင်းချန်၏ ရင်ထဲ၌ ပီတိဖြစ်နေပြီး အဂ္ဂိရတ်နှင့် ပတ်သက်သော သတင်းအချက်အလက်များစွာကို လက်ခံ ရရှိလိုက်သည်။

အဆိပ်ဖြေဆေးပြား၊ အရိုးအဆစ် သန်မာခြင်း ဆေးပြား၊ ခွန်အားဖြည့် ဆေးပြားနှင့် အခြား များစွာသေ ဆေးပြားများက ရဲ့လင်းချန်၏ စိတ်ထဲ၌ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာသည်။ အချိန်တစ်ခု ကြာပြီးနောက် ရဲ့လင်းချန် မချင့်မရဲနှင့် မျက်လုံးဖွင့်လိုက်သည်။

အကျိုးအမြတ်များက ကြီးမားလွန်းလှပေသည်။

ထိုဆေးဖော်စပ်နည်းများအတွက် လိုအပ်သော ဆေးပင်များက ဟင်းလင်းပြင်နယ်မြေ၌သာ သီးသန့်ရရှိနိုင်သော အရာများ မဟုတ်ပေ။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ သူ၏ အဂ္ဂိရတ်ပညာက အခြေခံအဆင့်၌သာ ရှိနေသေး သောကြောင့်ပင်။ ထို့ကြောင့် နှစ်တစ်ရာ ဂျင်ဆင်း၊ တောက်တဲ့ လက်ဝါးပင်၊ နှစ်တစ်ထောင် ဂျင်ဆင်း နှင့် ကုံကုမံ တို့သည် အဓိက ပါဝင်ပစ္စည်းများထဲ၌ ပါဝင်နေ၏။ ၎င်းတို့ကို ဆေးအဖြစ် သန့်စင်ပြီးသည်နှင့် ထိုဆေးပင်များ၏ အာနိသင်က အမြင့်ဆုံးအထိ ရောက်ရှိသွားမည် ဖြစ်ပြီး ၎င်းတို့၏ အကျိုး သက်ရောက်မှုသည်လည်း အရည်အသွေးပိုင်း၌ ပြောင်းလဲမှုများ ဖြစ်လာပေလိမ့်မည်။

All Chapters