← Chapters

အခွင့်အရေးကို ဘယ်လိုငြင်းမလဲ

Vol. 10 Ch. 136

အခွင့်အရေးကို ဘယ်လိုငြင်းမလဲ

Vol. 10 Ch. 136

ချင်းရွှမ်ဂိုဏ်းမှတပည့်ဆိုသူမှာ ရှောင်ဖန်ဖြစ်လေ၏။

ဘေးမှ အမျိုးသမီးမှာတော့ ချင်းရွှမ်ဂိုဏ်းမှ မဟုတ်ဘဲ နတ်ဓားဂိုဏ်း လက်ထောက်ခေါင်းဆောင်၏ သမီး ဝူယန်ချန်း ဖြစ်သည်။

“ကံကြမ္မာအရ ရှောင်ဖန်က ဝူယန်ချန်းနဲ့ ပတ်သက်ဦးမှာပဲ… လျှိုဖေးကိုတော့ ထားခဲ့ပြီ ထင်တယ်”

“လျှိုယွမ်ဖုန်က ရှောင်ဖန် ဝူယန်ချန်းဆီ ရောက်သွားတာဆိုတော့ မတတ်သာဘဲ သည်းခံရတယ် ထင်တယ်”

ရှန်မို လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြုံးမိ၏။

ထို့နောက် ရှောင်းဖန်၏ ကံကြမ္မာကို သေချာ ထပ်ကြည့်လိုက်သည်။

ထို့နောက် သူ့အခွင့်အရေးများ တွေ့သောအခါ အလွန် ကျေနပ်သွားလေ၏။

[လတ်တလောအခွင့်အရေး (၁): (၂) ရက်အကြာတွင် ဝူယန်ချန်းနှင့်အတူ မွှေးရနံ့အရင်းအမြစ်ကို ရှာဖွေရင်း ကျောက်ဖြူမြို့ အရှေ့ဘက်ရှိ လူသူရှင်းသော အဆောင်တစ်ခုသို့ ရောက်ရှိမည်။ အိမ်အောက်တွင် မြေ အလယ်အဆင့် ကြာနီကို တွေ့မည်]

[လတ်တလောအခွင့်အရေး (၂): (၅) ရက်အကြာတွင် ကျောက်ဖြူမြို့ နယ်စားမင်းအိမ်တော်၌ မိုင် (၁) ထောင် မွှေးရနံ့ ပျံ့လွင့်မည်။ မြစ်ဖြူဂိုဏ်း၊ မိုးမုန်တိုင်းဂိုဏ်းနှင့် ခရမ်းကြယ်ဂိုဏ်းတို့ တိုက်ခိုက်နေစဉ် အခွင့်ကောင်းယူ၍ ရတနာများ ရယူနိုင်မည်]

[လတ်တလောအခွင့်အရေး (၃):…]

ရှန်မို အံ့ဩမှင်တက်စွာ တောက်ခေါက်မိ၏။

ဒီလူက တကယ်ကံကောင်းခြင်းနဲ့ မွေးဖွားလာတာပဲ။

သူ့အရင်ဘဝကံကြမ္မာ ပြန်မရသေးလျက်ပင် အခွင့်အရေးများ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေ၏။

မွှေးရနံ့ကိုသွားရှာသည့်လမ်း၌ ကြာနီပွင့်ကို တွေ့ဦးမည်။

ထိုကြာနီမှာ ကြာပွင့်အခြေခံ (၉) လွှာအား ဖွဲ့စည်းနိုင်မည့်ရတနာ ဖြစ်၏။

ခန္ဓာကိုယ်အင်အားကို တိုးကာ သွေးစွမ်းအင်လည်း မြင့်စေသည်။

မိုင် (၁) ထောင် အမွှေးရနံ့မှာတော့ ပို၍ ရရှိရန် ခက်ခဲပြီး နှစ် (၁) ရာတိုင် အနှောင့်အယှက်မရှိ ဖွဲ့စည်းမှ ရနိုင်သည်။

အကျိုးသက်ရောက်မှုမှာ စိတ်ဝိညာဉ်စွမ်းအင် လျင်မြန်စွာ ပြန်ကျန်းမာလာစေရန် အထောက်အကူ ပြုပါသည်။

ရှန်မိုကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသူအတွက် ပို၍ပင် အဖိုးတန်၏။

ထိုရတနာမျိုးကို အခြားသူအား ပေးလိုက်ရန်မှာ သူ့အတွက် နှမျောစရာကောင်းလွန်းသည်။

“အခွင့်အရေးက ရောက်လာပြီဆိုတော့လည်း ဘယ်ငြင်းနိုင်မလဲ”

ရှန်မို ပြုံး၍ တွေးမိ၏။

ထို့နောက် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံး ထုတ်၍ ငွေရှင်းကာ ပြန်ထွက်လာသည်။

ဆိုင်ရှင်မှာ အလွန်ပျော်ရွှင် ကျေးဇူးတင်စွာဖြင့် အကြိမ်ကြိမ် ဦးညွှတ်ကာ ကျန်ခဲ့သည်။ သူ့လက်ဖက်ရည်မှာ အိုးတစ်ဝက်မှ ထိုမျှ တန်ကြေးရှိသည်ကို ရှန်မိုက တစ်ခွက်သောက်ရုံဖြင့် ပေးသွားလေသည်။

ထို့ကြောင့် အလွန် ကျေးဇူးတင်စရာပင်။

ရှောင်ဖန်မှာ ထိုထွက်သွားသော နောက်ကျောကို လှမ်းကြည့်ရင်း ကြက်သီးထသွား၏။

“ကြည့်ရတာ ရင်းနှီးနေသလိုပဲ… ရှန်မိုများလား… မ မဟုတ်လောက်ပါဘူး နှင်းဂူထဲမှာ ကျင့်ကြံနေတုန်းလေ”

“ဒီတစ်ခါ ငါထွက်လာတာကိုတော့ သူ လုံးဝ မသိလောက်ဘူး… လိုက်လာစရာ အကြောင်းလည်း မရှိဘူး”

“သူ မဟုတ်ပါဘူး ကျောက်ဖြူမြို့က ရတနာတွေကို ငါပဲ ယူမှာ”

…

ညအချိန်။

ကျောက်ဖြူမြို့၊ ထုံဖူတည်းခိုခန်း။

မိန်းမလှတစ်ဦးမှာ ခေါင်မိုးထပ်တွင်ရပ်ကာ ညကောင်းကင်ကို ငေးကြည့်နေ၏။

သူ့ပုံစံမှာ အလွန်ကျက်သရေရှိ၍ နူးညံ့လှပလွန်းသောကြောင့် အသက်အရွယ်ကို မခန့်မှန်းနိုင်အောင်ပင်။

သူ့အနောက်၌ မြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲ (၃) ဦးရှိသည်။

(၂) ဦးမှာ အသက် (၅၀) ဝန်းကျင်ရှိပြီး မြစ်ဖြူဂိုဏ်းဝတ်ရုံဖြစ်သော အဖြူနှင့်အပြာ စပ်ထားသည်ကို ဝတ်ဆင်ထား၏။

နောက်တစ်ဦးမှာတော့ အနက်ရောင်ဝတ်ထားပြီး တစ်ကိုယ်လုံးကိုလည်း ဖုံးအုပ်ထားလေသည်။

လရောင်အောက်တွင် သူ့ဆံပင်ဖြူများသာ မြင်နိုင်၏။

“ခေါင်းဆောင်”

ကျင့်ကြံသူ (၃) ဦးမှာ ထိုအမျိုးသမီးကို ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။

“အခြေအနေ ဘယ်လိုလဲ”

အမျိုးသမီးမှ ပြန်မေးလိုက်သည်။

“ကျောက်ဖြူမြို့က မွှေးရနံ့သတင်းတွေ ပျံ့သွားတော့ ရှန်မိုလည်း ဂူထဲမှာ ကျင့်ကြံရာကနေ ထွက်ပြီး အခု မြို့ထဲ ရောက်နေပါပြီ… ဒါပေမဲ့ နောက်ယောင်ခံလိုက်တာကို သတိထားမိပြီး မျက်ခြေဖြတ်သွားပါတယ်”

“မီးတောက်ပုံစံ မျက်နှာဖုံးတစ်ဝက် ဝတ်ထားတာပဲ သိလိုက်ရပါတယ်”

အမျိုးသမီးမှ တည်ငြိမ်စွာဖြင့်

“သူ့ကို ရအောင်ရှာ… ငါတို့က ကျောက်ဖြူမြို့မှာ အချိတ်အဆက် အများကြီး ရှိနေပြီမလား”

“အလွတ်တန်းကျင့်ကြံသူတွေကိုလည်း ဝိုင်းရှာဖို့ ပြောလိုက်… (၃) ရက်အတွင်း တွေ့အောင်ရှာရမယ်”

“ဟုတ်ကဲ့ပါ”

“နောက်ပြီး ဒီမွှေးရနံ့ကြောင့် ထိပ်တန်းဂိုဏ်းတွေလည်း ရောက်နေကြတယ်မလား… သူတို့မတိုင်ခင် ငါတို့က အရင် ရတနာကို ရှာတွေ့မှ ဖြစ်မယ်… ဒါက ခေါင်းဆောင်ကျန်း ခြေတည်ဝိညာဉ်အဆင့် တက်ဖို့ အရေးကြီးတယ် လွတ်သွားလို့ မရဘူး”

“နားလည်ပါပြီ”

အမျိုးသား (၂) ဦး အရိုအသေပေးကာ ထွက်သွား၏။ သူတို့ထွက်သွားပြီးနောက် ငြိမ်သက်နေခဲ့သော ဝတ်ရုံနက် အကြီးအကဲမှ

“ရှင်ယွဲ့ တန်ဖိုးကြီးတဲ့ မိုင် (၁) ထောင်မွှေးရနံ့မျိုးကို ကိုယ်တိုင် မလိုချင်ဘူးလား”

မြစ်ဖြူဂိုဏ်းခေါင်းဆောင် လုရှင်းယွဲ့ သက်ပြင်းချ၍

“ကျွန်မက မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးပဲ ရှိသေးတာလေ… အခုထိတော့ မလိုသေးပါဘူး”

“နတ်ရေစင်ဂိုဏ်းကို ပေးလိုက်တာက ပိုအကျိုးရှိပါတယ်”

အကြီးအကဲမှာ မျက်မှောင်ကြုတ်လျက်

“ချင်းရွှမ်ဂိုဏ်းက အဲ့လောက်တောင် အင်အားကြီးလို့လား… ငါ လွန်ခဲ့တဲ့ နှစ် (၄၀) အခန်းပိတ် ကျင့်ကြံတုန်းကတော့ ချင်းရွှမ်ဂိုဏ်းဆိုတာ ဒုတိယအဆင့်ကို ချခံလိုက်ရတာလေ”

“ဦးလေးရယ် အခုက အများကြီး ပြောင်းလဲသွားပြီ… ရှန်မိုက ကျောက်မျက်ကျင့်စဉ်လည်း ရသွားတယ်… သူတို့က ရွှမ်ကျန်းတောင်ပိုင်းက စီးပွါးရေးတွေအကုန် သိမ်းထားပြီ”

“သွေးမြစ်ဂိုဏ်းခေါင်းဆောင် ဖုန်လဲ့ရှန်လေ… သူ့ကိုလည်း ရှန်မိုပဲ သတ်လိုက်တာ”

“ချင်းရွှမ်က ဒီပုံအတိုင်း ဆက်သွားရင် နောက် (၃) နှစ်အတွင်း နတ်ရေစင်ဂိုဏ်းကို ယှဉ်နိုင်ပြီး ထိပ်တန်း (၅) ဂိုဏ်းထဲ ဝင်သွားလိမ့်မယ်”

“အဲ့လိုဆို ကျွန်မတို့ မြစ်ဖြူဂိုဏ်းရော ဘာဖြစ်သွားမယ် ထင်လဲ… အရင်တုန်းက ချင်းရွှမ်ကို သစ္စာဖောက်ဖူးတယ်လေ”

အဘိုးအိုမှာ တိတ်ဆိတ်သွားသည်။

ထို့နောက် အတော်ကြာကြာ ငြိမ်နေပြီးမှ ခပ်ဖြည်းဖြည်း ပြော၏။

“မင်းပြောတာ မှန်တယ်”

လုရှင်းယွဲ့ ခေါင်းငြိမ့်ပြ၍

“အဲ့ဒါကြောင့် ချင်းရွှမ်ဂိုဏ်း တိုးတက်လာလို့ မဖြစ်ဘူး ပြောတာပေါ့”

“အဲ့အတွက် အကောင်းဆုံးနည်းလမ်းက ရှန်မို့ကို ဖမ်းတာပဲ”

“အစက ဖုန်လဲ့ရှန် နှင်းဂူကို အလစ်ဝင်တိုက်တော့ ရှန်မို့ကိုပါ ဖမ်းနိုင်ပြီ ထင်တာ ဒါပေမဲ့…”

အဘိုးအို ပြုံးလျက်

“ဘာမှ မစိုးရိမ်နဲ့ အခု ငါရှိနေပြီပဲ… အဲ့ကောင်လေး ဘယ်လောက် တော်ပါစေ ဖမ်းလို့တော့ ရပါတယ်”

“ဦးလေး အကြာကြီးတော့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး… ကျွန်မတို့က အခြေအနေ ဖန်တီးပေးမယ်… တစ်ချက်တည်း ဖမ်းဖို့သာ ပြင်ထားလိုက်”

“ကောင်းပြီ”

All Chapters