← Chapters

ရေခဲနဂါးချပ်ဝတ်

Vol. 10 Ch. 141

ရေခဲနဂါးချပ်ဝတ်

Vol. 10 Ch. 141

လေထဲတွင်။

လရောင်ခြည် (၆) စင်းကို ရင်ဆိုင်နေသော ရှန်မို့မျက်နှာမှာ တည်ငြိမ်နေသည်။

ဒီသိုင်းကွက်က အင်အားကြီးမှာလား။

သူ တစ်ချက်တွေးရုံဖြင့် ညာဘက်လက်တွင် ခရမ်းရင့်ရောင် နတ်ဆိုးသံချပ်ကာ ပေါ်လာသည်။

ထို့နောက် လက်သီးပြင်းပြင်း ထိုးချလိုက်ပြီး လက်ဖဝါးထဲမှ သွေးအိတ် ပေါက်ထွက်သွား၏။

ရေခဲနဂါးသွေးမှာ သံချပ်ကာထဲ စိမ့်ဝင်သွားလေသည်။

သူ ဖုန်လဲ့ရှန်နှင့် တိုက်ခိုက်စဉ်က သိုလှောင်လက်စွပ်ထဲမှ ရေခဲနဂါးသွေးကို ထုတ်ရသည်မှာ ကြာသည်ဟု ထင်မိသည်။ ထို့ကြောင့် သူ့အင်္ကျီလက်နား၌ အိတ်ငယ်တစ်ခု ပြုလုပ်၍ သွေး (၃) စက်မျှ ထည့်ထားလိုက်၏။

ထိုအိတ်မှာ သာမာန်လှုပ်ရှားရုံဖြင့် မပေါက်ထွက်ဘဲ သူကိုယ်တိုင် ခပ်ပြင်းပြင်းထိုးမှသာ ရမည်ဖြစ်သည်။

ဤသို့ဖြင့် အချိန်ကုန်သက်သာစေနိုင်သည်။

ကျင့်ကြံသူများအချင်းချင်း တိုက်ခိုက်ရာ၌ စက္ကန့်ပိုင်းမျှ အချိန်ဖြင့် ရလဒ်ကို ပြောင်းလဲသွားစေ၏။

ဘုံး!

မျက်စိတစ်မှိတ်အတွင်း ခရမ်းရင့်ရောင် ချပ်ဝတ်မှ ကြက်သီးထစရာ အရှိန်အဝါဖြင့် ရေခဲအကြေးခွံများ ပေါ်လာသည်။

ထိုမြင်ကွင်းကို အားလုံး သေချာမြင်လိုက်ကြပြီး ထူးဆန်းသော ချပ်ဝတ်မီ ကြောက်စရာ အရှိန်အဝါကို ခံစားရသည်။

“အဲ့ဒါ ဘာကြီးလဲ… စိတ်ဝိညာဉ်လက်နက် တစ်မျိုးလား”

လျှိုမုန့်ဟူ ခေါင်းကုတ်ရင်း ရေရွတ်မိသည်။

“ဒါပေမဲ့ တစ်ကိုယ်လုံးမဟုတ်ဘဲ ဘာလို့ ညာဘက်လက်တစ်ခုတည်းလဲ”

ယန်ထျန်ရှင်း မျက်မှောင်ကြုတ်ကာ

“စိတ်ဝိညာဉ်လက်နက် အပိုင်းအစ ဖြစ်မှာပေါ့”

ထိုစဉ် ရှန်မိုမှာ ခြေလှမ်းတစ်ဝက်ခန့်ဆုတ်၍ လက်သီးအားကို ယူနေသည်။

လရောင် (၆) စင်း သူ့အပေါ် ကျရောက်တော့မည့်အချိန်၌ ချက်ချင်း ပြန်ထိုးချလိုက်၏။

ဘုံး!

လေထဲတွင် အလင်းရောင် ပေါက်ကွဲကာ လှိုင်းအချို့ လွင့်သွားသည်။ ထိုအခါ ပတ်ဝန်းကျင်မှ အဆောက်အဦများ ပျက်စီးကုန်၏။

တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော နယ်စားမင်း အိမ်တော်မှာလည်း အောက်ခံတိုင်များသာ ကျန်တော့သည်။

အားလုံး ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ လရောင်ခြည်များ ဖန်သားကဲ့သို့ ကွဲကြေသွားသည်ကို မြင်ရ၏။ ထို့နောက် စွမ်းအင်များ ပျောက်ပျက်သွားတော့သည်။

သို့သော် မီးတောက်မျက်နှာဖုံးတစ်ဝက် ဝတ်ထားသည့် ကျင့်ကြံသူမှာ ခပ်အေးအေးပင်။

အားလုံး မျက်လုံးပြူးကာ မယုံနိုင်စွာ ကြည့်နေကြသည်။

လျှိုမုန့်ဟူနှင့် ယန်ထျန်ရှင်းတို့လည်း အလွန် ထိတ်လန့်နေ၏။

မြုတေဖွဲ့စည်းခြင်းအဆင့်များဖြစ်၍ သာမာန်ကျင့်ကြံသူများနှင့်မတူဘဲ အတွေ့အကြုံ များစွာ ရှိသော်လည်း ထိုအင်အားကို နားမလည်နိုင်ပေ။

ထို့အပြင် လုရှင်းယွဲ့ မည်မျှအင်အားကြီးကြောင်း ကိုယ်တိုင် သိထား၏။

ဒါဆို သူ့ကို ငါတို့လည်း မယှဉ်နိုင်တဲ့သဘောပေါ့။

လုရှင်းယွဲ့မှာမူ တစ္ဆေတစ်ကောင်တွေ့သကဲ့သို့ ဖြူဖျော့သွားသည်။

သူ့အင်အားအကြီးဆုံးတိုက်ကွက်မှာ ထိုလူအတွက် နည်းနည်းမှ မသက်ရောက်ချေ။

ထို့နောက် ညာဘက်လက်မှ ချပ်ဝတ်ကို လှမ်းကြည့်မိသည်။

သူ့တွင်ရှိသော အဖိုးအတန်ဆုံး ရတနာထက် ပိုစွမ်းဦးမည် ထင်ရ၏။

“ခေါင်းဆောင်လု ကျွန်တော့်ကို ဆွဲထားချင်သေးတာလား”

ရှန်မို အေးစက်စက် ဆို၏။

လုရှင်းယွဲ့ အံကြိတ်ကာ ထအော်လေသည်။

“သူ့ကို ဝိုင်းထားကြ… ညာဘက်လက် ချပ်ဝတ်ကမှ တကယ့်ရတနာပဲ”

ဝှစ် ဝှစ် ဝှစ်!

ကျင့်ကြံသူအချို့ ရှန်မို့အနား ဝိုင်းလာကြသည်။

မြစ်ဖြူဂိုဏ်းမှ အကြီးအကဲများ ဖြစ်၏။

ထိုထဲမှတစ်ဦးမှာ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး မျက်နှာနှင့် ခန္ဓာကိုယ်အား လုံးဝ ဖုံးအုပ်ထားသည်။

ရှန်မို မျက်ခုံးပင့်မိကာ ပြုံးလိုက်သည်။

ထင်ထားသည့်အတိုင်း ဂိုဏ်းခေါင်းဆောင်မှာ အလွယ်တကူ မလွှတ်ပေးပေ။

ထိုလူမှာလည်း တစ်ကိုယ်လုံးကို ဖုံးကွယ်ထားသောကြောင့် တော်ရုံလူ မဟုတ်လောက်ချေ။

သူ့ စနစ်ကံကြမ္မာကို ဖျတ်ခနဲ အမြန်ကြည့်လိုက်ပြီး ရှန်မို သဘောပေါက်သွား၏။

မြစ်ဖြူဂိုဏ်းမှ ဘိုးဘေးဖြစ်လေသည်။

“လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါတို့ မြစ်ဖြူဂိုဏ်းမှာ ဒီလိုမျိုး လက်အပိုင်းချပ်ဝတ် ပျောက်သွားဖူးတယ်… အဲ့တုန်းက သူခိုးထဲ မင်းပါတယ်မလား”

လုရှင်းယွဲ့အကြည့်များ ပိုစူးရှလာပြီး

“အဲ့ရတနာကို ပြန်ပေးပြီး အမိန့်ချဖို့ ဂိုဏ်းကို လိုက်ခဲ့ပါ”

ရှန်မို ပြုံးမိ၏။

ဂိုဏ်းခေါင်းဆောင် ပီသပါပေတယ်။

တစ်ခုခု ခိုးရန်ပြင်ရင်း တစ်ဖက်လူကို အရင် အပြစ်ပုံချနေသည်။

လျှိုမုန့်ဟူနှင့် ယန်ထျန်းရှင်းတို့ အချင်းချင်းကြည့်ကာ သဘောပေါက်သွား၏။

အချို့မှာ သူ့စကားကို နှာခေါင်းရှုံ့ကြသော်လည်း ကျင့်ကြံသူအချို့မှာလည်း လုရှင်းယွဲ့စကားကို ယုံ၏။

မည်သို့ပင်ဖြစ်စေ မြစ်ဖြူဂိုဏ်းတွင် တစ်ချိန်က ချပ်ဝတ်တစ်ကိုယ်လုံးစာတစ်စုံ ပျောက်သွားဖူးသည်။

“ခိုးတာက ခိုးတာပဲ”

ရှန်မို ရယ်မောကာ

“ဒါပေမဲ့ ဒီလူတွေက ကျွန်တော့်ကို တကယ်ဖမ်းနိုင်မယ်လို့ ခေါင်းဆောင်လု ထင်နေတာလား”

လုရှင်းယွဲ့ နှာခေါင်းရှုံ့ကာ

“မင်းက အင်အားကြီးတယ်ဆိုပေမဲ့ ငါကရော မိုင်တစ်ထောင်ကြာပွင့်ကို ဘာအစီအစဉ်မှ မရှိဘဲ လာယူမယ် ထင်လား”

“အားလုံး တိုက်ခိုက်ကြတော့”

သူ့အသံ ကြားသည်နှင့် ကျင့်ကြံသူများ ရှန်မို့အနီး ရောက်လာသည်။

ဝတ်ရုံနက်လူမှာလည်း ရုတ်တရက် ဝတ်ရုံကိုချွတ်ကာ သရုပ်မှန် ဖော်ပြလာ၏။

လျှိုမုန့်ဟူနှင့် ယန်ထျန်းရှင်းတို့လည်း တုန်လှုပ်သွားသည်။

“ဘိုးဘေး… ဒါ အခန်းပိတ်ကျင့်ကြံနေတဲ့ မြစ်ဖြူဂိုဏ်းရဲ့ ဘိုးဘေးပဲ”

“သူက ဘယ်လိုလုပ် ရောက်လာတာလဲ… မထွက်လာသေးဘူးဆို… မြစ်ဖြူဂိုဏ်းက အားလုံးကို လှည့်စားတာပဲ”

သူတို့တင်မက အခြားကျင့်ကြံသူများလည်း တုန်လှုပ်နေကြသည်။

“မြစ်ဖြူဂိုဏ်းကနေ ဘိုးဘေးအထိ ခေါ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ… မီးတောက်မျက်နှာဖုံးနဲ့လူတော့ သွားပြီ”

“သူက အင်အားကြီးပေမဲ့ ဘိုးဘေးကို ယှဉ်နိုင်ဖို့တော့ မဖြစ်နိုင်ဘူး”

“ထူးဆန်းတဲ့ ချပ်ဝတ်ကတော့ နှမျောစရာပဲ… မြစ်ဖြူဂိုဏ်းဆီ ရောက်တော့မယ်”

ရှန်မိုမှာတော့ ပြုံး၍ အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုဖြင့် စတင်လေသည်။

မြစ်ဖြူဂိုဏ်းမှ ဘိုးဘေးနှင့် ထိပ်တိုက်တွေ့စရာ မလိုချေ။

ဝှစ်!

မျက်စိတစ်မှိတ်အတွင်း ရှန်မို တိုက်ခိုက်မှုများကို ရှောင်ကွင်းသွား၏။

“သူက တကယ်မြန်တာပဲ… ဒီအခြေအနေကို ကြိုသိနေသလိုပဲ”

ယန်ထျန်ရှင်း ရေရွတ်မိသည်။

“သူ့နောက်လိုက်ကြ… ငါတို့ သူ့လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ဘိုးဘေးက သတ်ပေးလိမ့်မယ်”

လုရှင်းယွဲ့ လှမ်းအော်လိုက်၏။

“ဟုတ်ကဲ့ပါ”

All Chapters