ခဏခဏ မသုံးနိုင်ပါဘူး
Vol. 10 Ch. 142
ဘုံး ဘုံး ဘုံး!
ရှန်မို ကျောက်ဖြူမြို့ရှိ အိမ်များ၏ ခေါင်မိုးပေါ်မှ ဖြတ်သန်းကာ ပြေးသွားသည်။
လုရှင်းယွဲ့တို့အဖွဲ့မှာလည်း နောက်မှ ဆက်တိုက်လိုက်၏။
အလွတ်တန်းကျင့်ကြံသူများမှာ ကြည့်နေရင်း အံ့ဩနေမိ၏။
“ဒါက တရားမျှတမှုကို လိုလားတဲ့ မြစ်ဖြူဂိုဏ်းလား”
ရှန်မိုမှာ အတော်လှမ်းလှမ်းသို့ ကျော်နေပြီး လှောင်ရယ်နေသည်။
လုရှင်းယွဲ့ မောပန်းမှုနှင့် ဒေါသများ ရောထွေးနေ၏။
လိုက်သာလိုက်နေသော်လည်း အကျိုးမထူးပေ။ ဆံချည်တစ်မျှင်ပင် မထိနိုင်ဘဲ ဖြစ်နေသည်။
ဘိုးဘေးသည် သူ့အနီးအနားသို့ မကြာခဏ ရောက်လာသလို ရှိသော်လည်း ရှန်မို လျင်မြန်စွာ အရှိန်မြှင့်နိုင်သည်။
လုရှင်းယွဲ့ ကြည့်နေရင်း အားနည်းချက်ကို သတိထားမိကာ လှမ်းပြောသည်။
“သူ အဲ့သိုင်းကွက်ကိုသုံးရင် ညာလက်က ချပ်ဝတ် ခရမ်းရောင် ပြောင်းသွားတယ်… ဒါ အချိန်တိုအတွင်း ချက်ချင်း မသုံးနိုင်တဲ့သဘောပဲ”
“ချီအားဖြည့်ဆေး သောက်ကြဟေ့… ငါတို့ အရှိန်မြှင့်မှ ဖြစ်မယ်”
“သူ လွတ်သွားလို့ မဖြစ်ဘူး”
“ဟုတ်ကဲ့ပါ”
အကြီးအကဲများ ခဏတွေဝေနေပြီးမှ စလှုပ်ရှားလေသည်။
သွေးမြစ်ဂိုဏ်း ပျက်စီးသွားသော်လည်း သူတို့၏ ဆေးများစွာကို ရထားကာ အလွန် အစွမ်းထက်၏။
ဆေးသောက်ပြီးသောအခါ အကြီးအကဲများ ပို၍ အားပြည့်လာပြီး အရှိန်လည်း သိသိသာသာ တိုးတက်လာသည်။
ထိုအချိန်တွင် မီးတောက်မျက်နှာဖုံးဖြင့် ရှန်မိုမှာ ခြေထောက်များတွင် ဒဏ်ရာရပုံပေါ်ပြီး အရှိန်နှေးသွား၏။
ထိုအခါ အကြီးအကဲများ အတော်နီးနီးအထိ ကပ်လာနိုင်သည်။
“တိုက််ိုက်တော့… မလွတ်စေနဲ့”
ဘယ်ဘက်မှအကြီးအကဲမှာ လှံဖြင့်ထိုးရန်ပြင်ပြီး ညာဘက်ရှိအကြီးအကဲသည် နွယ်ပင်များဖြင့် ခြေထောက်ကို လှမ်းဖမ်းရန် ကြိုးစားသည်။
ရှန်မို ပြုံးသွား၏။
သူ ထိုအခြေအနေအတွက် တမင် အရှိန်လျှော့ခဲ့ခြင်းပင်။
“ချီအားဖြည့်ဆေးက အရှိန်ပဲ မြန်တာလေ… အင်အား ရှိလာလို့လား”
“အပိုတွေ လုပ်နေတာပဲ”
ရှန်မို လက်သီးဖြင့် ထိုးချလိုက်သည်။
ချပ်ဝတ်မှာ ရေခဲနဂါးအကြေးခွံများကြောင့် ပိုအင်အားကြီးနေ၏။
လုရှင်းယွဲ့လည်း ကြည့်နေရင်း နင်သွားသည်။
သူ အတွက်အချက် မှားသွားလေပြီ။
ထိုလူသည် ချပ်ဝတ်ကို ချက်ချင်း ပြန်သုံးနိုင်၏။
ဒီနည်းလမ်းက စွမ်းအင်အများကြီး ကုန်မှာ မဟုတ်ဘူးလား။
သူ့ကြည့်ရတာ ပုံမှန်ပဲ။
ရှန်မိုသည် တုံ့ဆိုင်းမှုမရှိ အရပ် (၈) မျက်နှာ လှုပ်ရှားမှုဖြင့် ထွက်ပြေးသွား၏။
ထို့နောက် ရုတ်တရက် အကြီးအကဲ (၂) ဦးရှေ့ ပြန်ပေါ်လာပြီး ထပ်ထိုးရန် ပြင်လိုက်သည်။
အကြီးအကဲများ တစ်ခါခံရပြီး၍ အရူးမဟုတ်ပါ။
“ကာကွယ်ကြ”
သူတို့စကားမဆုံးမီပင် ချပ်ဝတ်လက်သီး ကျရောက်လာပြန်၏။
ဘုံး!
တစ်ချက်တည်းဖြင့် လွင့်ထွက်သွားကြသည်။
လျှိုမုန့်ဟူ ထိတ်လန့်လျက်
“မြုတေဖွဲ့စည်းခြင်း (၂) ယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်နိုင်တယ်… သူ ဘယ်လောက်တောင် အင်အားကြီးတာလဲ”
“ခေါင်းဆောင်လု အခုထိ ကျွန်တော့်ကို ဖမ်းချင်သေးတာလား”
ရှန်မို လေထဲတွင် ပျံဝဲရင်း လုရှင်းယွဲ့နှင့် ဘိုးဘေးတို့ကိုကြည့်ကာ မေးလိုက်သည်။
သူ့အကြည့်များမှာ အေးစက်လွန်း၍ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။
“ဒီလူက ကျွန်မတို့ မြစ်ဖြူဂိုဏ်း အကြီးအကဲ (၂) ယောက်ကို ချက်ချင်း သတ်လိုက်တာ… အပြစ်မပေးရဘဲ မလွှတ်ပေးနိုင်ဘူး”
“ဒီနေ့မှ မသတ်ရရင် ဂိုဏ်းသိက္ခာလည်း ကျလိမ့်မယ်”
အကြီးအကဲမှာ လုရှင်းယွဲ့အနားကပ်၍
“ငါပဲ လိုက်သွားပြီး သူ့လှုပ်ရှားမှုကို ထိန်းလိုက်မယ်… မင်း အပြီးသတ်လိုက်”
လုရှင်းယွဲ့ သက်ပြင်းချကာ
“မဟုတ်ဘူး ကျွန်မမှာ နောက်ထပ်သိုင်းကွက် ရှိသေးတယ်… သူ့ထူးဆန်းတဲ့ချပ်ဝတ်ကို သုံးရင်တောင် ဒီအကွက်ကို ကာနိုင်မှာ မဟုတ်ဘူး”
ဘိုးဘေးမှာ တွေဝေသွားပြီး
“မဖြစ်ဘူး… မင်း အဲ့သိုင်းကွက်သုံးရင် ခန္ဓာကိုယ် ထိခိုက်ပြီး ခြေတည်ဝိညာဉ်ဖွဲ့စည်းနိုင်မယ့်အစွမ်း ကျသွားမယ်”
လုရှင်းယွဲ့မှာတော့ စိတ်ဓာတ်ခိုင်မာစွာဖြင့်
“ထျန်းရွှေဂိုဏ်းကို သစ္စာရှိသရွေ့ မြစ်ဖြူဂိုဏ်းလည်း အချိန်မရွေး ပြန်တောက်ပနိုင်ပါတယ်”
“ကျွန်မ မိုင်တစ်ထောင်ကြာပွင့် ရမှဖြစ်မယ်… ပိုအရေးကြီးတာက သူ့ရဲ့ ထူးဆန်းတဲ့ချပ်ဝတ်ပဲ”
အကြီးအကဲ သက်ပြင်းချ၍
“ကောင်းပြီ မင်းက ဂိုဏ်းခေါင်းဆောင်ဆိုတော့ စီစဉ်တဲ့အတိုင်း လိုက်နာပါမယ်”
သူတို့စကားကို မည်သူမျှ မကြားနိုင်ပေ။
လျှိုမုန့်ဟူနှင့် ယန်ထျန်ရှင်းတို့မှာတော့ အလွတ်တန်းကျင့်ကြံသူများ သုံးမလားဟု ထင်မိ၏။
ထိုစဉ် လုရှင်းယွဲ့ ခန္ဓာကိုယ်အား လရောင်အလွှာဖြင့် လွှမ်းခြုံသွားလေသည်။
အရှိန်အဝါမှာလည်း အတောက်ပဆုံး ဖြစ်နေ၏။
လျှိုမုန့်ဟူနှင့် ယန်ထျန်ရှင်းတို့လည်း မယုံကြည်နိုင်ဘဲ မျက်လုံးပြူးနေမိ၏။
“ဒီသိုင်းကွက်ကို… သူ သုံးရဲတယ်လား”
လျှိုမုန့်ဟူ အထိတ်တလန့် ရေရွတ်သည်။
“သူ့အခြေခံထိခိုက်ပြီး ခြေတည်ဝိညာဉ် တည်ဆောက်ဖို့ ခက်သွားမှာလေ… ဒီကျင့်ကြံသူကို ဖမ်းဖို့လောက်နဲ့ အဲ့လောက်တောင် ရင်းတာလား”
အခြားကျင့်ကြံသူများလည်း အချင်းချင်း တီးတိုး ပြောဆို ဆွေးနွေးနေကြသည်။
“လခန္ဓာကိုယ် ပြောင်းလဲခြင်းက ဘယ်လောက်တောင် အင်အားကြီးတာလဲ”
ကျင့်ကြံသူတစ်ဦးမှ စိတ်ဝင်တစား မေး၏။
“ခဏနေ သိရမှာပေါ့ကွာ”
အကြီးအကဲတစ်ဦးမှ ကောင်းကင်ကို ငေးကြည့်ရင်း ပြန်ဖြေသည်။
လုရှင်းယွဲ့ကိုယ်တိုင် လငယ်လေးကဲ့သို့ လင်းလက်နေသည်။
“သေဖို့သာပြင်”
အေးစက်သော သူ့အသံ ပေါ်ထွက်လာသည်။
ဘုံး!
လုရှင်းယွဲ့ ရှန်မိုအား တိုက်ရိုက် တိုက်ခိုက်လေ၏။
လမင်းတစ်ခုမှ ကျင့်ကြံသူကို ဖျက်ဆီးရန် ရောက်လာသည်။