← Chapters

အင်အားကြီး ရတနာ

Vol. 10 Ch. 143

အင်အားကြီး ရတနာ

Vol. 10 Ch. 143

မည်းနက်နေသော ညကောင်းကင်တွင် တိမ်မည်းများ လမင်းကို ဖုံးကွယ်သွား၏။

ယခုအခါ လမင်းအသစ် ပေါ်ထွက်လာလေပြီ။

လုရှင်းယွဲ့ ဖြစ်သည်။

ထိုလမင်းအသစ်မှာ အဟောင်းကို အစားထိုး၍ ပိုမို တောက်ပနေ၏။

သာမာန်လူများမှာမူ အရှိန်အဝါကြောင့် မနေနိုင်ဘဲ ဦးညွှတ်ရှိခိုးနေကြသည်။

“ရေခဲနဂါးသွေးတစ်စက် နှစ်စက်တည်းနဲ့ မဖြစ်တော့ဘူးပဲ… ဒါဆိုရင် သုံးစက်ပေါ့”

ရှန်မို့အကြည့်များ တည်ငြိမ်နေသည်။

“ကိုယ့်ကိုယ်ကိုယ် လမင်းအဖြစ် ပြောင်းတယ်ပေါ့လေ… အဲ့လမင်းကို ဖျက်ဆီးရမှာပေါ့”

ဂျစ် ဂျစ် ဂျစ်!

သူ လက်သီးဆုပ်၍ ညှစ်လိုက်သောအခါ သွေးအိတ်များ ထပ်ပေါက်သွား၏။

ယခုတစ်ခေါက်တွင် သွေးအိတ် (၃) အိတ် ပေါက်ကာ နတ်ဆိုးချပ်ဝတ်ထံ သွေးစက် (၉) စက် စိမ့်ဝင်သွားလေသည်။

ခရမ်းရင့်ရောင် ချပ်ဝတ်လည်း ရေခဲပြာရောင် ပြောင်းလဲသွားသည်။

ရှန်မို အင်အားများ စုစည်းကာ လုရှင်းယွဲ့တိုက်ခိုက်မှု ကျရောက်ခါနီးမှ ပြင်းထန်သော အင်အားဖြင့် ထိုးလိုက်၏။

ဘုံး!

ပေါက်ကွဲသံကြီးမှာ ကောင်းကင်ယံအထိ ဟိန်းထွက်လာသည်။

အလင်းရောင်မှာလည်း စူးရှလွန်း၍ သာမာန်လူများ အမြင်အာရုံကွယ်နိုင်သည်အထိ ဖြစ်စေနိုင်သည်။

လျှိုမုန့်ဟူနှင့် ယန်ထျန်ရှင်းတို့ပင် တုန်လှုပ်ကာ အလင်းရောင်အား တိုက်ရိုက် မကြည့်ရဲချေ။

အလင်းသည် ခဏတာဖြစ်ပြီး မကြာမီ အရောင် ပြန်မှိန်ကျသွား၏။

မြစ်ဖြူဂိုဏ်းမှ ဘိုးဘေးလည်း ထိုမြင်ကွင်းကြောင့် စွံ့အနေသည်။ သူတင်မက အားလုံး မျက်လုံးပြူး၍ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။

လေထဲတွင် မီးတောက်မျက်နှာဖုံးနှင့်လူမှာ လုရှင်းယွဲ့၏ တိုက်ခိုက်မှုအား ဖြိုခွင်းလိုက်သည်။

အမြင်အာရုံ လှည့်စားထားခြင်းမဟုတ်။

ဤသို့ဆိုလျှင် အဖြေတစ်ခုသာ ရှိတော့သည်။

ထိုလူ့လက်သီးမှာ လုရှင်းယွဲ့ခန္ဓာကိုယ်ထဲ ဝင်သွားလေပြီ။

“မြစ်ဖြူဂိုဏ်းမှာ ခေါင်းဆောင်အသစ် လိုနေပြီ”

ရှန်မို ဘေးဘီကိုကြည့်ကာ ရေရွတ်လိုက်၏။

ထို့နောက် လုရှင်းယွဲ၏ သိုလှောင်လက်စွပ်အား လှမ်းယူသည်။

အားလုံးပြီးသောအခါ လုရှင်းယွဲ့အလောင်းပေါ်ခုန်၍ အားယူကာ အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

မြစ်ဖြူဂိုဏ်းမှ ဘိုးဘေးမှာ ဒေါသထွက်နေသော်လည်း လုရှင်းယွဲ့အလောင်း ပြုတ်ကျ၍ တစ်စစီဖြစ်သွားမည်အား မကြည့်ရက်၍ အမြန် လှမ်းဖမ်းရင်း ကျန်ခဲ့ရသည်။

“မင်း ဘယ်သူပဲဖြစ်ဖြစ် ရအောင် သတ်မယ်… မင်းကို သတ်ပစ်မယ်လို့ ကျိန်တယ်”

သူ အသက်မဲ့နေသော မြစ်ဖြူဂိုဏ်းခေါင်းဆောင်အား ဖက်လျက် ကောင်းကင်ကိုမော့ကြည့်ရင်း ကြွေးကြော်လိုက်သည်။

ယန်ထျန်ရှင်းနှင့် လျှိုမုန့်ဟူတို့မှာ မီးတောက်မျက်နှာဖုံးလူ နောက်ကျောကို ငေးကြည့်ရင်း လုံးဝ ပျောက်ကွယ်သွားမှ သတိပြန်ဝင်ကာ လုရှင်းယွဲ့၏ အေးစက်နေသည့် အလောင်းကို ကြည့်မိသည်။

ထို့နောက် နှစ်ယောက်သား အချင်းချင်း လှမ်းကြည့်ကာ ထိတ်လန့်တုန်ရီနေသည်။

ဒီလူ လုရှင်းယွဲ့ကိုတောင် သတ်နိုင်ရင် သူတို့ကိုလည်း သတ်နိုင်မည်ဟု နားလည်ပါသည်။

ကံကောင်းစွာဖြင့် ဝင်မပါမိခဲ့၍ တော်သေး၏။

မဟုတ်လျှင် သူတို့လည်း ယခုအချိန် မြေပြင်တွင် လဲလျောင်းနေရလေပြီ။

အခြားကျင့်ကြံသူများလည်း မြေပြင်နှင့် ခေါင်မိုးများပေါ်တွင် အသီးသီး ရပ်ကြည့်ရင်း ထိတ်လန့်နေ၏။

ကြီးကျယ်ခမ်းနားသော မြစ်ဖြူဂိုဏ်းမှ ခေါင်းဆောင် လုရှင်းယွဲ့သည် လမ်းဘေးခွေးကဲ့သို့ ဖြစ်သလို သေဆုံးသွားရသည်။

မြင်ကွင်းမှာ ကြက်သီးထစရာပင်။

“ဒီမီးတောက်မျက်နှာဖုံးနဲ့လူက သာမာန် အလွတ်တန်း ကျင့်ကြံသူဆိုပေမဲ့ အကြီးအကဲတွေရော၊ ဂိုဏ်းခေါင်းဆောင်အထိ သတ်လိုက်နိုင်တာပဲ”

“အလွတ်တန်းကျင့်ကြံသူက အဲ့လောက် အင်အားကြီးပါ့မလား… ဘုရားသခင်”

“ငါတော့ သူ့တပည့်တောင် ဖြစ်ချင်သွားတယ်”

ကျင့်ကြံသူတစ်ဦးမှ နှာခေါင်းရှုံ့၍

“ဟွန့် အဲ့ဒါ ထူးဆန်းတဲ့ ချပ်ဝတ်ကြောင့်လေ… ပြင်ပ လက်နက်အကူအညီကြောင့်ပါ”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ ရယ်မော၍

“အဲ့လို ထင်လို့လား… ဒါဆို နောက်ဆို ဆေးတွေ၊ စိတ်ဝိညာဉ်လက်နက်တွေ မကူဘဲ တိုက်ခိုက်ကြည့်လေ”

ထိုလူ မျက်နှာကြီးနီ၍ ရှက်သွားသည်။

မြစ်ဖြူဂိုဏ်းခေါင်းဆောင် သေဆုံးပြီးချိန်တွင် အလွတ်တန်းကျင့်ကြံသူများအတွက် ပိုင်ဆိုင်မှုများ လုယူရန်အကောင်းဆုံး ဖြစ်သည်။

မီးတောက်မျက်နှာဖုံးလူမှ လုရှင်းယွဲ့ကို သတ်လိုက်သည်ဟူသည့် သတင်းများလည်း တစ်မြို့လုံး ပျံ့သွားတော့၏။

…

ထိုအချိန်တွင်။

ရှန်မို အရှိန်မြှင့်၍ ပြေးရင်း အနောက်တွင် လိုက်လာသူ မရှိသည်မှာ သေချာမှ တောင်တန်းများကြားမှ လိုဏ်ဂူတစ်ခုရှာကာ ဝင်လာသည်။

လိုဏ်ဂူထဲတွင် ပိုင်ရှင် ဝက်ဝံကြီးတစ်ကောင်ရှိနေ၍ ရှင်းထုတ်ရသေး၏။

အားလုံးပြီးမှ အထဲတွင် တင်ပျဉ်ခွေ ဝင်ထိုင်လိုက်သည်။

“ငါ ခုနက သွေးစက် (၉) စက်သုံးလိုက်တာ တော်သေးတယ်… နှမျောပြီး သွေးအိတ် (၂) အိတ်နဲ့ဆို သရေကျနေဦးမှာ”

“ဒီလိုဆို သူတို့ဆီမှာ အဖမ်းခံရမယ့်ကံကြမ္မာက လွတ်ပြီပေါ့”

ရှန်မို သက်ပြင်းချလိုက်မိ၏။

“ရေခဲနဂါးသွေးတွေ အများကြီး သုံးလိုက်ရပေမဲ့ ရတနာကတော့ တန်ပါတယ်”

“မိုင်တစ်ထောင်ကြာပွင့်လည်း ရတယ်၊ လုရှင်းယွဲ့ကိုလည်း သတ်နိုင်တယ်၊ သူ့သိုလှောင်လက်စွပ်လည်း ရလာတယ်”

ရှန်မို ကျေနပ်နေသည်။

လက်စွပ်ထဲ၌ စိတ်ဝိညာဉ်ကျောက်တုံးများစွာနှင့် လက်နက်များ ရှိ၏။ ထိုအရာများမှာ သူ့အတွက် မထူးဆန်းပေ။

သို့သော် ကျောက်စိမ်းဘူးများဖြင့် ရတနာ (၂) ခုကိုတော့ စိတ်ဝင်စားမိသည်။

တစ်ခုမှာ သမင်ဦးချိုကဲ့သို့ အပင်ဖြစ်၏။

နောက်တစ်ခုမှာတော့ ကျားအစွယ်နှင့် ရွှေဝါရောင် သားကောင်သွေးတို့ ဖြစ်သည်။

“သမင်ဦးချိုမြစ်လား… ကြာ (၉) လွှာ တည်ဆောက်တဲ့အခါ လိုမှာ အတော်ပဲ”

“သားကောင်အစွယ်ကတော့…”

သူ ကြည့်နေရင်းပင် အင်အားကြီးအရှိန်အဝါကို ခံစားမိသည်။

သူ ဘူးကို အနည်းငယ်ဟလိုက်သည်နှင့် ဟိန်းဟောက်သံကြီး ပေါ်လာ၏။

လိုဏ်ဂူလည်း တုန်ခါကာ ချက်ချင်း ဘူးကို ပြန်ပိတ်လိုက်ရသည်။

အဆင့် (၆) သားကောင်၏ ရတနာဖြစ်နိုင်သည်။

အချိန်လည်း မကြာသေး၍ သွေးစွမ်းအင် အားကောင်းနေခြင်းပင်။

သူ့နတ်ဆိုးချပ်ဝတ်တွင် ပေါင်းစည်းနိုင်ပါက ရေခဲနဂါးသွေးရလဒ်ထက် ပိုမြင့်နိုင်သေး၏။

All Chapters