← Chapters

မင်း ဘေးကင်းရင် ရပါပြီ

Vol. 10 Ch. 145

မင်း ဘေးကင်းရင် ရပါပြီ

Vol. 10 Ch. 145

ဂိုဏ်းဝင်ပေါက်၌။

ရှန်မို မြေပြင်ပေါ် ဆင်းသက်လာသည်နှင့် မူယုံးယွဲ့တို့အဖွဲ့ကို တွေ့ရသည်။

“မို နောက်ဆုံးတော့ ပြန်ရောက်လာပြီနော် ငါလေ…”

မူယုံးယွဲ မျက်လုံးများ ရဲတက်လာ၏။

လူရှေ့တွင် ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေဖြင့် ပြောမထွက်သောစကားများ ရှိသော်လည်း ရှန်မို နားလည်မည်ဟု ယုံကြည်ပါသည်။

ရှန်မို ခေါင်းငြိမ့်ပြ၍

“ခေါင်းဆောင် ကျွန်တော် မထင်ထားတာလေးတွေ ကြုံနေလို့ နောက်ကျသွားတာပါ… စိုးရိမ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်… အပြစ်ပေးပါ”

မူယုံးယွဲ့ ခေါင်းယမ်း၍

“မင်း ဘေးကင်းတယ်ဆိုရင် ရပါပြီ… လာ အဆောင်သွားကြမယ်… စကား အေးဆေး ပြောတာပေါ့”

သူ ရှန်မို့လက်ကိုဆွဲကာ သူ့အဆောင်ရှိရာ တောင်ထိပ်သို့ ထွက်သွားလေ၏။

“ခေါင်းဆောင်ငယ် ဘေးကင်းကင်း ပြန်လာပြီဆိုတော့ စိတ်အေးသွားပါပြီ”

အကြီးအကဲလီ သက်ပြင်းချမိသည်။

“ကဲ အားလုံး လူစုခွဲပြီး လုပ်စရာရှိတာ လုပ်ကြတော့”

စုန်းချောင်ဖုန်မှ ပြောလိုက်သည်။

“လုရှင်းယွဲ့က မီးတောက်မျက်နှာဖုံးလူဆီက အသတ်ခံရလို့ မြစ်ဖြူဂိုဏ်းမှာ ရှုပ်ထွေးနေတယ်တဲ့… ကျွန်တော်တို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ရမယ်”

ဝေ့ရှောင်းထီ ခပ်တိုးတိုး ကပ်ပြောသည်။

“ဒါပေါ့ ခေါင်းဆောင်လည်း ဒီလ်ုပဲ တွေးမှာပဲ… အကြီးအကဲတွေစုပြီး ရသလောက် ယူကြတာပေါ့”

အကြီးအကဲလီမှလည်း

“ကျွန်မလည်း လိုက်ခဲ့မယ်လေ… ဟိုးအရင်နှစ်တွေတုန်းက မြစ်ဖြူဂိုဏ်း ကျွန်မတို့ကို လုပ်ခဲ့တာ မမေ့သေးဘူး”

(၃) ယောက်သား စကားတပြောပြောဖြင့် ဂိတ်မှ ထွက်လာကြသည်။

…

ဂိုဏ်းခေါင်းဆောင်အဆောင်၌။

မူယုံးယွဲ့မှာ ရှန်မို့လက်ကို ဆုပ်ကိုင်လျက် စိုးရိမ်တကြီး စစ်ဆေးကြည့်နေသည်။ ဒဏ်ရာတစ်စုံတစ်ရာ မရှိသည်ကိုတွေ့မှ စိတ်အေးသွားပြီး

“မိုရယ် ဒီရက်ပိုင်း ငါ အရမ်း စိတ်ပူနေခဲ့တာ”

“မင်းက ခေါင်းဆောင်ငယ်လေ… ချင်းရွှမ်ရဲ့ အနာဂတ်ပဲ… နောက်ဆို အဲ့လိုတွေ မလုပ်ပါနဲ့”

“ကျောက်ဖြူမြို့က ရတနာမရလာလည်း ကိစ္စမရှိဘူး… လူမထိခိုက်ရင် ရပြီ”

သူ့စကားလုံးများမှာ နွေးထွေး၍ စိတ်ပူနေမှန်း သိသာသည်။

ရှန်မို ကြည့်ရင်း ရယ်မောမိ၏။

မူယုံးယွဲ့ နားမလည်နိုင်စွာဖြင့်

“ဘာရယ်တာလဲ”

“ခေါင်းဆောင်ရဲ့ အခုပုံစံက ခေါင်းဆောင်နဲ့ မတူတော့ဘူး… အစ်မကြီးလိုပဲ”

မူယုံးယွဲ့ ရှက်ကာ ပါးလေးများ ရဲသွားသည်။

“ဘာတွေပြောနေတာလဲ”

သူ ရှန်မို့ကို လှမ်းရိုက်ရန် ပြင်ပြီးမှ အမူအရာ ထိန်းလိုက်ကာ

“ပြောပါဦး… ဒီ (၁၀) ရက်မှာ ဘာတွေ ဖြစ်ခဲ့လဲ… ချင်းရွှမ်ဂိုဏ်းက အချိတ်အဆက်တွေ အားလုံး ဝိုင်းရှာတာလည်း ဘယ်လိုမှ မတွေ့ဘူး”

ရှန်မို ပြုံး၍

“ကျွန်တော် ကျောက်ဖြူမြို့ကိုတော့ သွားပေမဲ့ မျက်နှာဖုံးတပ်ထားတာလေ”

“အဲ့ညက ပန်းရနံ့ကြောင့် အားလုံး တိုက်ခိုက် ရှုပ်ထွေးနေကြတာ… အဲ့ဒါနဲ့ ကျွန်တော်လည်း ဝင်မပါဖို့ဆုံးဖြတ်လိုက်တာပဲ”

“နောက်ဆုံး မီးတောက်မျက်နှာဖုံးလူက လုရှင်းယွဲ့ကို သတ်လိုက်တာလည်း တွေ့ခဲ့တယ်… သူ ကျောက်ဖြူမြို့က ထွက်ပြေးတော့ ကျွန်တော်လည်း သူ့နောက် လိုက်သွားတာပေါ့… ချင်းရွှမ်မှာ အကြီးအကဲပြန်ခန့်ရမလားလို့ တွေးတာလေ”

မူယုံးယွဲ့ လန့်သွားပြီး

“သူက လုရှင်းယွဲ့ကိုတောင် သတ်နိုင်တာဆိုရင် တော်တော် အင်အားကြီးမှာပဲ… သူ့ကို ခေါ်နိုင်ရင် ကောင်းတာပေါ့… အဲ့တော့ မိသွားလား”

ရှန်မို သူ့အမူအရာကြောင့် ရယ်မောမိပြန်သည်။

“သေချာပေါက် ဘယ်မိမလဲ… မမိတဲ့အပြင် သူ့နောက် ဆက်မလိုက်ဖို့ပါ ကြိမ်းသွားသေးတယ်… အဲ့ဒါနဲ့ မတတ်နိုင်ဘဲ ပြန်လာခဲ့ရတာ”

မူယုံးယွဲ့ အနည်းငယ် စိတ်ပျက်သွားသော်လည်း ပြန်အားပေး၏။

“ရပါတယ်… အလွတ်တန်းကျင့်ကြံသူကို အကြီးအကဲ ခန့်ဖို့ လွယ်တာမှ မဟုတ်တာ”

“မင်း ဘာမှမဖြစ်တာပဲ တော်သေးတယ်”

ရှန်မို ပြုံးပြလိုက်သည်။

“ပြီးတော့ရော ဘာဖြစ်သေးလဲ”

“ဘာမှ ထူးထူးထွေထွေ မရှိတော့ပါဘူး… ရွှေတူးကြွက်နောက်လိုက်ရင်း လိုဏ်ဂူတစ်ခု တွေ့တယ်…အဲ့ထဲမှာ ရှေးကျင့်ကြံသူအလောင်းတွေ့ပြီး သန့်စင်တဲ့ အားဖြည့်ဆေး ရလာတယ်”

“ကျန်တဲ့ရက်တွေမှာ ဆေးသောက်ပြီး ကျင့်ကြံရင်း မြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် တက်သွားပါပြီ”

အမှန်တော့ ရှန်မို မြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ရောက်နေသည်မှာ အတော် ကြာလေပြီ။

ယခုအခွင့်အရေးမှ ဖွင့်ပြောခြင်း ဖြစ်၏။

မူယုံးယွဲ့ မှင်တက်နေမိသည်။

“သန့်စင်တဲ့ အားဖြည့်ဆေးလား ဒီလိုရှားပါးဆေးကို ရတာ ကံကောင်းတာပဲ”

ထိုကဲ့သို့ဆေးမှာ ရွှမ်ကျန်းထိပ်တန်း (၅) ဂိုဏ်းအတွင်းသာ လှည့်ပတ်ရောင်းဝယ်လေ့ ရှိသည်။ အပြင်သို့ရောက်နိုင်ရန် အလွန်ရှားပါး၏။

မူယုံးယွဲ့ ရှန်မို့ကိုကြည့်ရင်း ကြည့်ရင်း ကျေနပ်လာမိသည်။

“ကောင်းတယ် ကောင်းတယ် အဆင့်မြန်မြန် တက်လာတာပဲ… မကြာခင် ငါ့ကိုတောင် ကျော်တော့မယ်”

“အဲ့အခါ မင်းက ငါ့နေရာ ယူမယ့်သူပဲ”

ရှန်မို ရယ်မောလျက်

“ခေါင်းဆောင်က ငယ်သေးတာပဲ… ဘာလို့ ခေါင်းဆောင်နေရာကို အစောကြီး စွန့်လွှတ်ချင်ရတာလဲ”

မူယုံးယွဲ့ ခေါင်းယမ်းကာ

“ငါက သဘာဝအတိုင်း နေတာ ပိုကောင်းတယ်… ငါ့အုပ်ချုပ်မှုအောက်မှာ ချင်းရွှမ်က အကောင်းဆုံးတော့ တည်ငြိမ်နေပေမဲ့ အဆင့် မမြင့်လာဘူး”

“ဒါပေမဲ့ မင်းကတော့ ထူးခြားတယ်… မျှော်လင့်ချက် မြင်ရတယ်”

ရှန်မို ရင်ထဲ အလွန် နွေးထွေးသွားသည်။

“အဲ့ဒါ ထားလိုက်ပါဦး… ကျောက်ဖြူမြို့မှာ ဘာဖြစ်တာလဲ… မြစ်ဖြူဂိုဏ်း ကျရှုံးတော့ နတ်ရေစင်ဂိုဏ်းက ဘာမှမလှုပ်ရှားဘူးလား”

ရှန်မို ခပ်အေးအေး မေးလိုက်သည်။

မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၍

“ဟုတ်တယ် သိထားသလောက်ကတော့…”

နတ်ရေစင်ဂိုဏ်း၊ ရှန်ရွှယ် တောင်ထိပ်။

ခေါင်းဆောင် ကျန်းမိုနေထိုင်ရာအဆောင် ဖြစ်သည်။

ပုံမှန်အားဖြင့် ယင်ရွှယ်ကျဲ နေထိုင်ခဲ့ပြီး ယခုအခါ မကျန်းမာ၍ ပိုင်ကျီယွဲ့မှ နေထိုင်၏။

သူ ခြံထဲတွင် ဓားသိုင်းကျင့်လျက် ရှိသည်။

ကျန်းမို လှမ်းကြည့်ရင်း မျက်လုံးအရောင်လေးများ လက်နေ၏။

“ယင်ရွှယ်ကျဲကို ဂရုစိုက်နေတာနဲ့ ပိုင်ကျီယွဲ့လို ပါရမီရှင်ကို မမြင်ခဲ့ဘူးပဲ”

“ခန္ဓာကိုယ် တည်ဆောက်ပုံ အားနည်းပေမဲ့ အလားအလာ ရှိပါတယ်”

“လဝက်အတွင်း ဓားသိုင်းအဆင့်တွေ တက်လာတယ်”

“အစတည်းက မှားသွားတာပဲ”

ဒေါက် ဒေါက် ဒေါက်!

တံခါးခေါက်သံကြား၍ ကျန်းမို အတွေးစ ပြတ်သွား၏။

“ဘာကိစ္စလဲ”

“တင်ပြစရာ ရှိလို့ပါ ခေါင်းဆောင်… မြစ်ဖြူဂိုဏ်းခေါင်းဆောင် လုရှင်းယွဲ့ ဆုံးသွားပါပြီ”

ကျန်းမို မျက်လုံးပြူးကာ

“ဝင်ခဲ့လေ”

အကြီးအကဲတစ်ဦး ဝင်လာ၏။

“ဘယ်လိုဖြစ်တာလဲ”

“ကျောက်ဖြူမြို့က ပန်းရနံ့နဲ့ ရှန်မိုကို မျှားဖို့ မြစ်ဖြူဂိုဏ်းသားတွေ သွားကြတာပါ”

“ဒါပေမဲ့ ရှန်မို့ကိုမမိဘဲနေတုန်း ပန်းရနံ့နေရာ သိသွားကြတော့ တခြားဂိုဏ်းတွေနဲ့ တိုက်ခိုက်ကြပါတယ်… အဲ့အချိန် မီးတောက် မျက်နှာဖုံးနဲ့ လူတစ်ယောက်က ပန်းကိုရသွားပြီး လုရှင်းယွဲ့ လိုက်လုလို့ အဲ့လူဆီက အသတ်ခံရတာပါ… အဲ့လူလည်း လုံးဝ ပျောက်သွားပါတယ်”

All Chapters