← Chapters

နတ်ဆိုးချပ်ဝတ်ကို ရှာကြ

Vol. 10 Ch. 146

နတ်ဆိုးချပ်ဝတ်ကို ရှာကြ

Vol. 10 Ch. 146

သူ့သတင်းကိုကြားသောအခါ ရှန်မို အတော်လေး တုန်လှုပ်သွား၏။

လုရှင်းယွဲ့ မည်မျှအင်အားကြီးကြောင်း သူ ကောင်းကောင်း သိပါသည်။

ရှန်မို့ကိုကျောက်ဖြူမြို့ထံ မျှားခေါ်ခြင်းမှာ သူကိုယ်တိုင် ပူးပေါင်း အကြံပေးခြင်း ဖြစ်၏။

ရှန်မို ငါးစာမချိတ်လျှင်လည်း အခြားအကြံ ရှိပါသေးသည်။

သို့သော်… ရှန်မို ပျောက်သွားရုံသာမက လုရှင်းယွဲ့လည်း အလွတ်တန်းကျင့်ကြံသူတစ်ဦးထံတွင် အသတ်ခံလိုက်ရသည်။

အခြေအနေမှာ ပိုရှုပ်ထွေးသွား၏။

“မြစ်ဖြူဂိုဏ်းက ဘိုးဘေးရော… သူက ဝင်မပါဘူးလား”

ကျန်းမို ထပ်မေး၏။

အကြီးအကဲမှ

“ပါတာပေါ့… ဟိုကျင့်ကြံသူက သူ့ရှေ့တင် လုရှင်းယွဲ့ကို သတ်လိုက်တာ”

“ဘိုးဘေးလည်း ခြေတစ်လှမ်းလောက် နောက်ကျသွားတာပေါ့”

ကျန်းမို စိတ်ထဲတွင် ရှုပ်ထွေးကာ ဂယောက်ဂယက် ဖြစ်နေသည်။

နတ်ရေစင်ဂိုဏ်းလက်အောက်မှ ထိပ်တန်း (၃) ဂိုဏ်းစလုံး ပျက်စီးသွားလေပြီ။ နှင်းပျံဂိုဏ်းကို ချင်းရွှမ်ဖျက်ဆီး၍ သွေးမြစ်ဂိုဏ်းခေါင်းဆောင်အား ရှန်မို သတ်လိုက်သည်။

ယခု မြစ်ဖြူဂိုဏ်းခေါင်းဆောင်ကိုလည်း မည်သူမှန်းမသိသော ကျင့်ကြံသူမှ သတ်သွားပြန်၏။

ဆိုးလိုက်တာ။

“သူ့ပုံစံက ဘယ်လိုမျိုးလဲ”

ကျန်းမို စိတ်ပြန်ထိန်းကာ မေးလိုက်သည်။

အကြီးအကဲ ခဏစဉ်းစား၍

“သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တယ်… မျက်နှာမှာ မီးတောက်ပုံစံ မျက်နှာဖုံးတစ်ဝက် အုပ်ထားတယ်”

“အသံကတော့ ခပ်ဩဩပဲ”

“ဒါပေမဲ့ အထူးဆန်းဆုံးက သူ့ညာလက်က နတ်ဆိုးချပ်ဝတ် ခရမ်းရောင်ပဲ”

ကျန်းမို နားထောင်ရင်း အမူအရာ ကင်းမဲ့နေသည်။

“ငါ့အမိန့်ကို လွှင့်လိုက်… အဲ့ကျင့်ကြံသူကို ရွှမ်ကျန်းဒေသတစ်ခုလုံး မွှေနှောက်ပြီး ရအောင်ရှာလို့”

“ဟုတ်ကဲ့ ရှာပြီး သတ်ပစ်လိုက်ပါမယ်”

ကျန်းမို မျက်မှောင်ကြုတ်လျက်

“ဘယ်သူက သတ်ခိုင်းလို့လဲ”

အကြီးအကဲ စွံ့အသွားသည်။

ကျန်းမို တည်ငြိမ်စွာဖြင့်

“လုရှင်းယွဲ့ကိုသတ်ပြီး ထွက်ပြေးသွားနိုင်တယ်ဆိုတော့ သူ့အရည်အချင်းက သာမာန် မဟုတ်ဘူး… အဲ့တော့ အသုံးချနိုင်ရင် ပိုကောင်းမယ်”

“နားလည်ပါပြီ”

“အရင်ဆုံး ညှိပြီးမှ လှုပ်ရှားပါ အဲ့ဒါ မမေ့နဲ့နော်”

ကျန်းမို ထပ်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

“မြစ်ဖြူဂိုဏ်းကလူတွေလည်း ရှုပ်ထွေးနေမှာ… သေချာစောင့်ကြည့်ထားပြီး နတ်ရေစင်ဂိုဏ်းအပေါ် သစ္စာရှိတဲ့သူပဲ အင်အားကြီးအောင်လုပ်လိုက်”

“ဟုတ်ကဲ့ပါ ကျွန်တော် ကိုင်တွယ်လိုက်ပါမယ်”

အကြီးအကဲ ထွက်သွားပြီးနောက် ကျန်းမိုမှ

“ကျီယွဲ့ လာပါဦး”

ပိုင်ကျီယွဲ့ ဓားကိုချ၍ တရိုတသေ ရောက်လာသည်။

“ခေါင်းဆောင် ဘာများ ပြောစရာရှိလို့လား”

ကျန်းမို ပြုံးကာ

“ဒီနေ့ကစပြီး ခေါင်းဆောင်လို့ မခေါ်နဲ့တော့… ဆရာမပဲခေါ်”

ပိုင်ကျီယွီ ခဏမှင်တက်နေပြီးမှ မျက်နှာလေး ဝင်းလက်သွားသည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာမ”

ကျန်းမိုမှ

“ချင်းရွှမ် ဘာလို့ အရမ်းတိုးတက်လာလဲ သိလား”

ပိုင်ကျီယွဲ့ ကျန်းမိုမျက်နှာကို ဂရုတစိုက်ကြည့်နေ၏။

ခဏနေမှ ရည်ရွယ်ချက်ကို သဘောပေါက်သွားလေသည်။

“ဆရာမ ကျွန်တော် တွေးထားတာရှိပေမဲ့ ပြောသင့်ရဲ့လား မသိဘူး”

“ပြောပါ ရပါတယ်”

ပိုင်ကျီယွဲ့ ခေါင်းငြိမ့်ပြ၍

“ကျွန်တော်တို့ နတ်ရေစင်ဂိုဏ်းက တိုက်ရိုက် လှုပ်ရှားဖို့ လိုနေတာပါ”

“အခုဆိုရင် အားကောင်းတဲ့ မိတ်ဖက်ဂိုဏ်းတွေလည်း ပျက်စီးသွားပြီဆိုတော့ ချင်းရွှမ်ဂိုဏ်း ပိုမတိုးတက်လာခင် လှုပ်ရှားရပါမယ်”

“မဟုတ်ရင် နောက် (၂) နှစ်အတွင်း ချင်းရွှမ်က ကျွန်တော်တို့နေရာ ယူသွားလိမ့်မယ်”

ထို့နောက် ခေါင်းငုံ့၍ ကျန်းမို တုံ့ပြန်မှုကို စောင့်နေသည်။

သူ့စကားမှာ မှန်သော်လည်း နေရခက်နေ၏။

ကျန်းမို ရုတ်တရက် သူ့ခေါင်းလေးကို ပုတ်၍

“မင်း မမှားပါဘူး”

“ဒါပေမဲ့ တိုက်ရိုက်လှုပ်ရှားဖို့ မလွယ်ဘူး”

“အကြောင်းပြချက်ကောင်းကောင်း ရှိမှဖြစ်မယ်”

ပိုင်ကျီယွဲ့မှ

“ချင်းရွှမ်ဘက်က ကျွန်တော်တို့ဆီက အရေးကြီးတဲ့လူကို သတ်တာဖြစ်ဖြစ်၊ ကျွန်တော်တို့လူက ချင်းရွှယ်ပိုင်နက်ထဲ ပျောက်သွားတာဖြစ်ဖြစ်ပေါ့”

ကျန်းမို ပြုံးကာ

“မင်းတွေးထားတဲ့သူ ရှိလား”

သူ ငြိမ်ကျ၍ နာမည်တစ်ခု တွေးမိသည်။

သို့သော် ခေါင်းယမ်း၍

“ကျွန်တော် မသိပါဘူး”

“မင်းက ယင်ရွှယ်ကျဲထက် တကယ်တော်တာပဲ”

ထို့နောက် လက်ယမ်းပြ၍

“ကဲ သွားနားတော့လေ… မင်း အဆင့် (၉) ဓားသိုင်း တတ်သွားရင် ကောင်းကင်မြစ်ရေသိုင်း သင်ပေးမယ်”

ပိုင်ကျီယွဲ့ အလွန် ဝမ်းသာသွားသည်။

“ဟုတ်ကဲ့ ကြိုးစားပါမယ် ဆရာမ”

ထို့နောက် ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွားလေသည်။

…

မြစ်ကြီးမြို့၊ ရွှမ်ကျန်းဒေသ အစိုးရရုံး။

ကျီရှီလုံ ငြိမ်သက်စွာ နားထောင်နေသည်။

“သူ့အဓိကစွမ်းရည်က နတ်ဆိုးချပ်ဝတ်အင်အား ဖြစ်မယ်ထင်တယ်… နတ်ဆိုးချပ်ဝတ်လို့ပဲ ခေါ်တာပေါ့”

“သူ့ကို ရအောင်ရှာဖို့ အမိန့်ပေးလိုက်”

“ဒီလို အရည်အချင်းရှိတဲ့သူကို လွတ်သွားရင် နှမျောစရာပဲပေါ့”

“ဟုတ်ကဲ့ပါ”

…

အခြားဂိုဏ်းများတွင်လည်း ထိုသတင်းပျံ့နှံ့သွားပြီး အလွတ်တန်းကျင့်ကြံသူအား ကြောက်ရွံ့နေကြလေသည်။

All Chapters