နတ်ဆိုးချပ်ဝတ်လူ ချင်းရွှမ်ဂိုဏ်းတွင် ကျင့်ကြံနေခြင်း
Vol. 10 Ch. 148
ထိုအချိန်တွင် ရှန်မိုတစ်ယောက် ရှုပ်ထွေးနေ၏။
လက်ထဲမှ မိုးကြိုးဓားမှာ ပို၍မြန်ဆန်စွာ လှုပ်ရှားလာသည်။
မျက်စိတစ်မှိတ်အတွင်း မိုးကြိုးတစ်ခုကဲ့သို့ ပြင်းထန် မြန်ဆန်ကာ သာမာန်မျက်စိဖြင့် လိုက်မမှီလောက်အောင် ဖြစ်၏။
ချွမ်!
ရှန်မို ရုတ်တရက် ခုတ်ချလိုက်သည်။
လျှပ်စီးများ တလက်လက်တောက်ပ၍ ကျောက်စိမ်းဝါးကို အလယ်မှ ဖြတ်ပိုင်းလိုက်လေ၏။
ထို့နောက် လေတစ်ချက်ေဝှေ့သောအခါ ဝါးပင်သည် နှစ်ပိုင်းကျိုးသွားတော့သည်။
ဖြတ်ရာမှာ အလွန်တိကျ၍ အနည်းငယ်မှ အစွန်းအစ ထွက်နေခြင်းမရှိပေ။
ဤသည်မှာ မိုးကြိုးအရိပ်ဓားသိုင်း၏ အင်အားအကြီးဆုံး ဖြစ်၏။
မိုးကြိုးအရိပ်များ ဆက်တိုက် ပေါ်လာသည်။
ပုံမှန်ကြည့်လျှင် ဓားချက် (၁) ချက်တည်းဟု ထင်ရသော်လည်း အမှန်တော့ (၉) ချက် ဖြစ်၏။
မည်မျှ မာကျောသောပစ္စည်းဖြစ်ပါစေ နှစ်ပိုင်းကျိုးသွားမည် ဖြစ်သည်။
ထို့အပြင် အနှေးအမြန် ဓားသိုင်းဖြင့် ပေါင်းစပ်လိုက်ပါက ပို၍ ခန့်မှန်းရခက်ကာ အကျိုးရှိပေမည်။
“မိုးကြိုးအရိပ်ဓားသိုင်း တတိယအဆင့်… အောင်မြင်သွားပြီ”
ရှန်မို ကျေနပ်စွာ ပြုံးမိ၏။
သူ လက်တစ်ချက် ယမ်းရုံဖြင့် မိုးကြီးမှုကို တစ်ယောက်တည်းအတွက် တားဆီးစေကာ ဝတ်စုံလည်း ခြောက်သွေ့နေလေသည်။
…
ရက်အနည်းငယ် ကြာပြီးနောက်။
ရှန်မို တောင်တန်းတစ်ဝက်တွင်ရပ်၍ လောင်ရွှမ်ဟန်တို့အား ကြည့်နေသည်။
ရှန်မို့ဘေးတွင် မူယုံးယွဲ့လည်း ရှိ၏။
မူယုံးယွဲ့ မျက်မှောင်ကြုတ်လျက်
“သတ်မှတ်ထားတဲ့ အချိန် (၆) လ ပြည့်သွားပြီ… သူတို့ ဆုလာဘ်တွေ လာပေးတာလို့ ထင်ရပေမဲ့ လှည့်ကွက်ရှိလောက်မယ်နော်”
ရှန်မို ခေါင်းယမ်းကာ
“ကျီရှီလုံ ဒီလောက်နဲ့တော့ လှည့်စားမှာ မဟုတ်ဘူး… သူက မြို့စားမင်း ဖြစ်နေပြီလေ”
မူယုံးယွဲ့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။
ရှန်မို လောင်ရွှမ်ဟန်၏ ကံကြမ္မာအား ကြည့်လိုက်၏။
[လတ်တလောအခွင့်အရေး (၁): ကျီရှီလုံ၏အမိန့်ဖြစ်သော နတ်ဆိုးချပ်ဝတ်ဟူသည့် လူနောက်လိုက်သော်လည်း ရှာမတွေ့ဘဲ ဖြစ်နေမည်။ (၂) လအကြာမှ ဖေးယူမြို့ကိုဖြတ်ရင်း လိုအပ်သော ပစ္စည်းများကို ဈေးသက်သာစွာ ရရှိပြီး ရေပယင်းဖြင့် ပေါင်းစပ်သောအခါ မိုးကြိုးစွမ်းအင် ရရှိမည်။]
[လတ်တလောအခွင့်အရေး (၂): နတ်ဆိုးချပ်ဝတ်ဟူသည့်လူကို ဆက်ရှာရင်း (၄) လ အကြာ ဆူးတောကို ဖြတ်သောအခါ ကောင်းကင်ယံအထိ တက်နေသော ဓားစွမ်းအင်ကို ရှာတွေ့သွား၏။ ရတနာဆက်ရှာရန် ပြင်ရင်း မျက်နှာဖုံးတပ်ထားသည့် ရှောင်ဖန်ကို တွေ့မည်။ နှစ်ယောက်သား တိုက်ခိုက်သောအခါ လောင်ရွှမ်ဟန် အသာစီးရနေသော်လည်း ရှောင်ဖန်မှ နတ်ဆိုးသားကောင် သုံး၍ လောင်ရွှမ်ဟန်အား ထိခိုက်စေကာ တောအုပ်ဓားသိုင်းကို ခိုးယူနိုင်မည်]
ရှန်မို ဖတ်နေရင်း ပျော်ရွှင် ကျေနပ်နေ၏။
မိုးကြိုးစွမ်းအင်အဆီအနှစ်မှာ အလွန် တန်ဖိုးကြီးသောအရာ ဖြစ်သည်။
ထိုကဲ့သို့ ပတ်သက်သောကျင့်စဉ်များ ကျင့်ကြံရာ၌ နားလည်နိုင်စွမ်း ပိုမြင့်၏။
အပူဒဏ် ခံနိုင်သော မိုးကြိုးကျောက်မျက်များမှာ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင် ပြည့်ဝသည့် အဆီအနှစ် အဖြစ် ပြောင်းလဲသွားတတ်သည်။
သို့သော် သူ အရင်က (၂) ခေါက် ရပြီးတည်းက နောက်ပိုင်း ထပ်မတွေ့တော့ချေ။
ဖေးယွီမြို့ လေလံပွဲမှ ရခဲ့ခြင်းဖြစ်ပြီး အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှု နားလည်စေရန် သုံးခဲ့၍ (၂) လအတွင်း အဆင့် (၈) အထိ တတ်ကျွမ်းခဲ့သည်။
တောအုပ်ဓားသိုင်းမှာတော့ အပိုင်း (၃) ခုမျှသာ နားလည်သေးသည်။
“တောအုပ်ဓားသိုင်း (၄) ပိုင်းလုံးသာ စုစည်းနိုင်ရင် ဘယ်လောက် အင်အားကြီးမလဲ မသိဘူးနော်”
ရှန်မို ရုတ်တရက်ပြုံး၍
“စဉ်းစားကြည့်ရင် အမှန်တော့ ဒါ ရှောင်ဖန့်အခွင့်အရေးပဲ… ငါက တစ်ဝက်တစ်ပျက်နဲ့ ရသွားမယ်လို့ ဘယ်သူက ထင်မှာလဲ”
“ကံကြမ္မာဆိုတာ သူ့လမ်းနဲ့သူ ရှိတာပဲ”
ရှန်မို ရယ်မော၍ တွေးမိလေ၏။
…
မျက်စိတစ်မှိတ်အတွင်း အချိန် (၂) လ ကုန်ဆုံးသွားသည်။
ရွှမ်ကျန်းဒေသမှ ဂိုဏ်းအသီးသီးနှင့် အစိုးရမှာလည်း မီးတောက်မျက်နှာဖုံးဖြင့် အလွတ်တန်း ကျင့်ကြံသူအား ဝိုင်းဝန်းရှာဖွေနေဆဲဖြစ်၏။
အစက ထိုသူကို နာမည်အမျိုးမျိုးပေး၍ ပြောကြသော်လည်း နောက်ဆုံး နတ်ဆိုးချပ်ဝတ်ဟုသာ ခေါ်ကြတော့သည်။
နတ်ဆိုးချပ်ဝတ်အား ထိပ်တန်း (၅) ဂိုဏ်းမှလည်း အပြိုင်အဆိုင် ခေါ်ယူနိုင်ရန် ကြိုးစားနေကြသည်။
ထိုလူကိုသာ ခန့်နိုင်လျှင် ဂိုဏ်း၏ အင်အားလည်း အလွန် တိုးတက်သွားလိမ့်မည်။
အနည်းဆုံး အခြားထိပ်တန်းဂိုဏ်းများနှင့် ယှဉ်သောအခါ ပို၍ ယုံကြည်မှုရှိပါသည်။
သို့သော် နတ်ဆိုးချပ်ဝတ်လူအစစ်မှာ လွန်ခဲ့သော (၂) လတည်းက ချင်းရွှမ်ဂိုဏ်းထဲတွင် အခန်းပိတ် ကျင့်ကြံလျက် ရှိ၏။
ထို့ကြောင့် မည်သို့ ရှာနိုင်မည်နည်း။
ဝါးတော ခြံထဲတွင်။
ရှန်မို ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ ခန္ဓာကိုယ်မှ အရိုးတဂျွတ်ဂျွတ်အသံ ကြားရသည်။
(၂) လလုံး အားဆေးများသာ သောက်၍ ကျင့်ကြံနေခဲ့ပြီး လုံးဝ မလှုပ်မယှက် နေခဲ့သည်။
“အဲ့ဒါကြောင့် ကျင့်ကြံနေရင် နှစ်တွေကြာသွားလည်း မသိတာလို့ ပြောကြတာပေါ့”
“(၂) လကုန်သွားပေမဲ့ ငါ့ကျင့်ကြံမှုက သိပ်မသိသာဘူးပဲ”
“အမြဲတမ်း ခြေတစ်လှမ်းလိုနေသလို ခံစားရတယ်”
ရှန်မို စိတ်ပျက်လက်ပျက် ရေရွတ်မိ၏။
“ငါးပျံမြို့ကို သွားရမယ့်အချိန်ပဲ”
သူ မည်သူမျှ မပြောဘဲ ချင်းရွှမ်ဂိုဏ်းမှ တိတ်တိတ်လေး ထွက်လာခဲ့သည်။
လမ်းတစ်ဝက်ရောက်မှ ရေလှိုင်းပုံစံ မျက်နှာဖုံးတစ်ဝက်အား တပ်ကာ ဆက်သွားလေသည်။
…
ငါးပျံမြို့။
ထိုမြို့ရှိ နယ်ခံအချို့မှာ တံငါသည်အလုပ်ဖြင့်သာ အသက်မွေးကြ၏။
ပုံမှန် ငါးနှင့်ပုစွန်များအပြင် အဆင့်မြင့်အကောင်များမှာ ကျင့်ကြံသူများအတွက် ရောင်းချသည်။
ထို့နောက် မြစ်ကိုဖြတ်၍ ရွှမ်ကျန်းဒေသတစ်ခုလုံးအထိ ကုန်သွယ်လေသည်။
ထို့ကြောင့် အသင့်အတင့်ပြေလည်ကြ၏။
အရင်က ငါးပျံမြို့မှာ ချောင်းချီဂိုဏ်း လက်အောက်တွင် ရှိခဲ့သော်လည်း ယခုတော့ ချင်းရွှမ်အောက် ရောက်သွားလေပြီ။
ရှန်မို မြို့ထဲရောက်ချိန်၌ ညနေပင် စောင်းနေလေပြီ။
ရှန်မို လေလံအိမ်ရှေ့ လျှောက်လာ၏။
အိမ်ဝင်ပေါက်တွင် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူ (၂) ဦး ရပ်နေပြီး ချင်းရွှမ်ဂိုဏ်းမှ တပည့်များသာ ဖြစ်သည်။
“စည်းမျဉ်းတွေကတော့ အရင်အတိုင်းပါပဲ… ဝင်ခွင့်ရဖို့ လက်မှတ်ရှိရပါမယ်… လက်မှတ်မရှိရင် စိတ်ဝိညာဉ်ကျောက်တုံးပြပြီး ငွေကြေးအင်အားကို စစ်ဆေးခွင့်ပြုရပါမယ်”
“အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ရှိရင် အလယ်အဆင့်ခန်းမထဲ ဝင်ခွင့်ရှိပြီး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) နဲ့ဆိုရင် အဆင့်မြင့်အခန်းဆီ သွားရမှာပါ”