← Chapters

မိစ္ဆာဂိုဏ်း

Vol. 4 Ch. 46

မိစ္ဆာဂိုဏ်း

Vol. 4 Ch. 46

~နောက်တစ်နေ့။

မနက်ခင်း၏ နေရောင်ခြည်ဟာ ကတိစကားတစ်ခုလို နူးညံ့စွာ ကျရောက်နေပေမဲ့၊ နင်ချီ့ရင်ထဲမှာတော့ မနေ့ညက အဖြစ်အပျက်တွေက မြူခိုးတွေလို တစ်လိပ်လိပ်တက်နေတုန်းပင်။ သူ မနက်စောစောထပြီး တာအိုဆရာလုံရှန်းဆီသို့ ခြေဦးလှည့်ခဲ့တော့သည်။

“ကိုးလေး...... ဘာကိစ္စရှိလို့လဲ။”

ဒီလိုအချိန်မျိုးမှာ နင်ချီ ရောက်လာလေ့မရှိတာကြောင့် တာအိုဆရာလုံရှန်း၏ ရင်ထဲမှာတော့ တစ်မျိုးတစ်မည် ထူးဆန်းစွာ တင်းကျပ်သွား၏။

နင်ချီက ညင်သာစွာ ခေါင်းငုံ့ရင်း တုံ့ပြန်သည်။

“စီနီယာ အစ်ကိုရှစ် အကြောင်းပါ ဆရာ။”

ထို့နောက် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို သူတစ်လုံးချင်းစီ ပြန်လည်ပြောပြတော့သည်။

ချင်ယွင်၏ ထူးဆန်းသော အပြုအမူများ၊ ပြီးတော့ သူ့စိတ်ထဲတွင် ထင်မြင်နေမိသည့် ခန့်မှန်းချက်များအဆုံးပေါ့။

‘ညတွင်းချင်းကြီး သွားပြောပြန်ရင်လည်း ငါ့ကို အာရုံနောက်တဲ့ ကလေးဆိုပြီး ထင်သွားမှာ...။ အေး... မနက်လင်းမှပဲ အေးအေးဆေးဆေး ပြောတာကောင်းတယ်။’ ဟု တွေးကာ ဒီမနက်အထိ သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေ၏။

နင်ချီ့စကားကို နားထောင်ရင်း တာအိုဆရာ

လုံရှန်း၏ မျက်နှာက တဖြည်းဖြည်း တည်ကြည်တင်းမာလာခဲ့သည်။

“ရှစ်က မနေ့ညက မင်းဆီကို တိတ်တိတ်လေး ရောက်လာတယ် ဟုတ်လား။ မဟုတ်တော့ဘူး... အခုချက်ချင်း သွားကြည့်မှ ဖြစ်မယ်။ ငါက အစပိုင်းမှာ စီနီယာ အစ်ကိုရှစ် က စိတ်စွဲလမ်းရုံလောက်ပဲ ထင်ထားတာ။ သူ့ရဲ့ နှလုံးသားမိစ္ဆာက ဒီလောက်တောင် နက်ရှိုင်းနေမှန်း မသိခဲ့ဘူး။ ဒါ... တခြားပြင်ပစွမ်းအားတစ်ခုခုရဲ့ လွှမ်းမိုးမှုကို ခံနေရတာတောင် ဖြစ်နိုင်တယ်။”

တာအိုဆရာ၏ စကားကြောင့် နင်ချီပင် အနည်းငယ် အံ့အားသင့်သွားရသည်။

နှစ်ဦးသား ကိုယ်ဖော့သိုင်းကိုသုံးကာ ချင်ယွင်၏ နေအိမ်သို့ ချက်ချင်းပင် အပြေးအလွှား သွားခဲ့ကြတော့၏။

ထိုစဉ်မှာပင် အမောတကော ပြေးထွက်လာသော စုန့်ချန်နှင့် လမ်းမှာ ပက်ပင်းတိုးလေသည်။ စုန့်ချန်က တာအိုဆရာလုံရှန်းကို မြင်သည်နှင့် အလန့်တကြား အော်ဟစ်လိုက်တော့၏။

“ဆရာ... ဒုက္ခပဲ။”

“ကျွန်တော် ဒီမနက် ညီ ရှစ်နဲ့ စကားပြောမလို့ လာတာ... သူ့ကို ရှာမတွေ့ဘူး။ သူ့စားပွဲပေါ်မှာတော့ စာနှစ်စောင် ချထားခဲ့တာကို တွေ့တယ်။”

တာအိုဆရာ၏ မျက်နှာမှာ ပို၍ တင်းမာသွား၏။

သူက စုန့်ချန် လှမ်းပေးသော စာတစ်စောင်ကို ယူလိုက်သည်။ စာအိတ်ပေါ်တွင်...

‘အလေးမြတ်ဆုံး ဆရာ့ထံသို့... ကိုယ်တိုင်ဖွင့်ဖတ်ပါရန်’ ဟု ရေးသားထားလေ၏။

တာအိုဆရာသည် စာကို အလျင်အမြန် ဖွင့်ဖောက်ကာ အထဲမှ စာလွှာကို လျင်မြန်စွာ ဖတ်ရှုလိုက်သည်။ ချင်ယွင် ဘာတွေရေးထားသည်ကိုတော့ ဘယ်သူမှမသိ။ သို့သော် တာအိုဆရာ၏ မျက်နှာကမူ အမျိုးမျိုးပြောင်းလဲသွားရင်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ကိုသာ ချနိုင်တော့သည်။

နင်ချီက ဘေးမှနေ၍ အခြေအနေကို အကဲခတ်နေမိသည်။ ထိုအခိုက်တွင် စုန့်ချန်က စာတစ်စောင်ကို သူ့ထံ လှမ်းပေးလာ၏။

“ကိုးလေး... မင်းအတွက်လည်း စာတစ်စောင်ပါတယ်။”

နင်ချီ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

‘ငါ့အတွက်... ဟုတ်လား။ ဘာများရေးထားပါလိမ့်။’

သူ စာကို ယူကြည့်လိုက်တော့ စာအိတ်ပေါ်တွင် ‘ညီငယ် ကိုးထံသို့... ကိုယ်တိုင်ဖွင့်ဖတ်ပါရန်’ ဟု ရေးထားသည်။

စာအိတ်ကို ဖွင့်လိုက်၏။

စာရွက်ပေါ်မှ လက်ရေးများက ခပ်သော့သော့ ရေးခြစ်ထားသဖြင့် စာရေးသူ၏ စိတ်ရှုပ်ထွေးမှုကို အတိုင်းသား မြင်နေရသည်။ နောက်ဆုံးတော့ ဟိုဖျက်ဒီဖျက်နှင့် ရှုပ်ယှက်ခတ်နေသော စာလုံးများကြားတွင် ပြတ်တောင်းပြတ်တောင်း စာကြောင်းအချို့သာ ကျန်ရစ်ခဲ့တော့၏။

“ကိုးလေး...... မင်းက စာဖတ်တာ ဝါသနာပါတယ်ဆိုတာ ငါသိတယ်။ ငါ့အခန်းထဲမှာ ဒီနှစ်တွေအတွင်း စုထားတဲ့ ကျမ်းစာအုပ်ကောင်းတွေ ရှိတယ်။ မင်း စိတ်မရှိဘူးဆိုရင် အဲ့ဒါတွေ ယူလိုက်ပါကွာ။”

နင်ချီ့မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်တို့ ယှက်သန်းသွားသည်။ လွန်ခဲ့သော နှစ်များဆီက တက်ကြွလန်းဆန်းနေသော ကောင်လေး

တစ်ယောက်၏ ပုံရိပ်ကို သူ မျက်စိထဲ ပြန်မြင်ယောင်လာ၏။

‘အစစ်အမှန် သိုင်းသားတော်

ကိုးယောက်’ ပြန်ဆုံပြီဟေ့ဟု အားရပါးရ အော်ဟစ်ခဲ့သော အစ်ကိုရှစ် ပေါ့။

ကိုယ့်စာကို ဖတ်လိုက်ရုံနှင့်ပင် တာအိုဆရာ့လက်ထဲမှ စာထဲတွင် ဘာတွေ ပါမည်ကို သူ အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။

ဒါ... အစ်ကိုရှစ် ပြန်မလာတော့ဘူး ဟူသော သဘောပဲ ဖြစ်ရမည်။

ချင်ယွင်၏ အတွင်းစိတ်မှ ရှုပ်ထွေးပဋိပက္ခဖြစ်မှုများကို နင်ချီ ခံစားမိနေသည်။ ချင်ယွင်ကိုယ်တိုင်ပင် သူ့စိတ်ထဲမှ မကောင်းဆိုးဝါး အတွေးများကို မထိန်းချုပ်နိုင်တော့သဖြင့် ထွက်ခွာသွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်တန်ရာ၏။

ထိုအခိုက်အတန့်၌...

သတင်းကြား၍ ကျန်လက်ရင်း တပည့်များလည်း ရောက်ရှိလာကြသည်။

“ဆရာ၊ ညီလေး ရှစ် ဘာဖြစ်တာလဲဗျ။”

လော့ဝမ်ထျန်းက လူတိုင်း၏ စိတ်ထဲမှ မေးခွန်းကို ထုတ်မေးလိုက်လေ၏။

တာအိုဆရာ လုံရှန်းက စာကို ချကာ တိတ်ဆိတ်နေပြီး ဘာမှ ရှင်းမပြခဲ့။ နောက်ဆုံးမှ သူ ဖြည်းညင်းစွာ ဆိုလာသည်။

“ဝမ်ထျန်း... ဒီတစ်လောအတွင်း ဂိုဏ်းကိစ္စတွေကို မင်းပဲ ဂရုစိုက်လိုက်တော့။ ငါ... တောင်အောက်ကို တစ်ခေါက်ဆင်းဦးမယ်။”

ထိုသို့ပြောပြီးသည်နှင့် သူက နင်ချီ့ခေါင်းကို အသာပုတ်ကာ ဘာပစ္စည်းမှပင် မယူဘဲ တောင်အောက်သို့ ဆင်းသွားလေတော့သည်။

အားလုံးက တစ်ခုခုတော့ လွဲချော်နေပြီဟု ခံစားမိကာ စိတ်မသက်မသာ ဖြစ်နေကြ၏။

“ကိုးလေး...... မင်း အကြောင်းစုံကို သိလား။”

အားလုံး၏ မျက်လုံးများက နင်ချီ့ထံသို့ စုပြုံကျရောက်လာသည်။

နင်ချီက ခဏတာ တွေတွေလေး စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။

“ဒါ... အစ်ကိုကြီးရဲ့ နှလုံးသားမိစ္ဆာနဲ့ ပတ်သက်နေမယ် ထင်တယ်။”

သူက တိတိကျကျ မပြောခဲ့သော်လည်း အားလုံးကတော့ အခြေအနေကို ရိပ်မိသွားကြဟန်တူသည်။ သူတို့၏ မျက်နှာများ ညှိုးငယ်သွားကာ တာအိုဆရာ ထွက်ခွာသွားရာဘက်သို့ မျှော်ကြည့်ရင်း အရာရာ အဆင်ပြေပါစေဟုသာ ဆုတောင်းနေမိကြတော့၏။

...

တာအို ရှာဖွေခြင်း တာအိုကျောင်းတော်၌...

နင်ချီ သက်ပြင်း တစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။

သူ့ရှေ့တွင် အဖိုးတန် ကျမ်းစာအုပ်များက တောင်လိုပုံနေ၏။

၎င်းတို့ထဲတွင် ဆေးကျမ်းများ၊ အထွေထွေဗဟုသုတဆိုင်ရာ ကျမ်းများ ပါဝင်သော်လည်း အများစုမှာ လျှို့ဝှက် သိုင်းကျမ်းများသာ ဖြစ်သည်။ အတွင်းစွမ်းအင်ကျင့်စဉ်များပင် ပါသေး၏။ အားလုံးက အဆင့်မြင့်ကျမ်းများချည်းဖြစ်ပြီး သိုင်းကျမ်းတိုက်၌ပင် ရှာမတွေ့နိုင်သော အမျိုးအစားများ ဖြစ်ကြသည်။

“ကြည့်ရတာ စီနီယာ အစ်ကိုရှစ် တကယ်ပဲ ကြီးမားတဲ့ ဉာဏ်အလင်းတံခါး တစ်ချပ် ဖွင့်နိုင်ခဲ့ပုံပဲ။ ဒါမှမဟုတ်... တစ်စုံတစ်ယောက်ရဲ့ အမွေအနှစ်ကိုများ လက်ခံ ရရှိခဲ့တာလား။”

နင်ချီ တွေးလိုက်မိသည်။

တည့်တိုး ပြောရလျှင် ဒီကျမ်းစာအုပ်တွေက သူ့အတွက် တော်တော်လေး အသုံးဝင်လှသည်။

ပြီးမှ နင်ချီ အနည်းငယ် သက်ပြင်းချမိပြန်၏။

စီနီယာ အစ်ကိုရှစ် စိတ်ထဲမှ နှလုံးသားမိစ္ဆာက သူ့ကြောင့်ဖြစ်ခဲ့ရသော်လည်း၊ ဒီနှစ်တွေတစ်လျှောက်လုံး သူ့ကို တစ်ခါမှ ရန်မလုပ်ခဲ့သည့်အပြင် ကောင်းတောင် ကောင်းသေးသည် မဟုတ်လား။

“လူ့သဘာဝဆိုတာ ဒီလိုပဲ ထင်ပါရဲ့။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင်

မထိန်းချုပ်နိုင်ဘူး။ ပြီးတော့ ‘ယားဇီ ခန္ဓာကျင့်စဉ်’ဆိုတာကလည်း သိုင်းကွက် တစ်ခုပဲဟာ။ ဒီလောက်ကြီး စွမ်းအားကြီးတာမှ မဟုတ်တာ။ ပြောရရင် စီနီယာ အစ်ကိုရှစ် အဲ့ဒီခန္ဓာကျင့်စဉ်ကို ရွေးချယ်လိုက်တုန်းကတည်းက ဒါက ကံတရားပဲ ဖြစ်မှာ။ ဒါပေမဲ့... ဖြစ်နိုင်တာက အဲ့ဒီနှလုံးသားမိစ္ဆာရဲ့ မျိုးစေ့က ငါ အဲ့ဒီခန္ဓာကျင့်စဉ်ကို လေ့လာလိုက်တဲ့ အချိန်မှာတင် ကြဲပြီးသား ဖြစ်နေလောက်ပြီ။”

“ဆရာက စီနီယာ အစ်ကိုရှစ်ကို ပြန်ခေါ်လာနိုင်မယ်လို့ပဲ မျှော်လင့်ရတာပဲ။ နောင်တစ်ချိန် ငါ့ကျင့်ကြံမှု အဆင့်တွေ မြင့်လာတဲ့အခါ သူ့ရဲ့ နှလုံးသား မိစ္ဆာကို ဖယ်ရှားပေးဖို့ ကြိုးစားကြည့်လို့ ရကောင်းရဲ့။”

သူ ခေါင်းကို ခါယမ်းလိုက်သည်။

နင်ချီ ဒီကိစ္စကို ခေါင်းထဲ ထည့် မစဉ်းစားတော့။

မနေ့ညက သူသာ ချင်ယွင်ကို သွားရှာခဲ့ရင်တောင် ရလဒ်က သိပ်ထူးခြားသွားမည် မဟုတ်။

သော့ချက်က ချင်ယွင် ကိုယ်တိုင်မှာပဲ ရှိသည်။

ချင်ယွင် ပြန်လာချင်စိတ် ရှိလျှင် သူပြန်လာလိမ့်မည်။ ပြန်မလာချင်လျှင်တော့ သူက တောင်အောက် ဆင်းဖို့ အခွင့်အရေးကို

အမြဲရှာနေမည်သာ။ သူ့ကို အကျဉ်းသား တစ်ယောက်လို ချုပ်ထားလို့မှ မဖြစ်ဘဲ။

စိတ်ကို ပြန်လည်စုစည်းရင်း၊ ရှုပ်ထွေးသောအတွေးများကို တဖြည်းဖြည်း ဘေးဖယ်ထားလိုက်သည်။

နင်ချီသည် ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်ရန် စတင်လိုက်တော့သည်။

သူ၏ ‘အားအင်လွှဲပြောင်းခြင်းသိုင်းနည်းစနစ်’ အပေါ် နားလည်သဘောပေါက်မှုက အရေးကြီးဆုံးအချိုးအကွေ့သို့ ရောက်နေပြီဖြစ်ပြီး၊ ချင်ယွင်ထံမှ ရလိုက်သော ဤသိုင်းကျမ်းများက သူ့အတွက် အလွန်အထောက်အကူဖြစ်စေခဲ့သည်။

အချိန်တို့သည် ညင်သာစွာ ကုန်လွန်သွား၏။

လတစ်ဝက်ခန့် ကြာပြီးနောက်...

တာအိုဆရာလုံရှန်းသည် တစ်ယောက်တည်း တောင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။

တပည့်များအားလုံး တောက်ပအလင်းသိုင်းခန်းမဆောင်တွင် စုရုံးရောက်ရှိနေကြသည်။

“ဆရာ... စီနီယာ အစ်ကိုရှစ်ရော ဘယ်မှာလဲ။”

တာအိုဆရာလုံရှန်းက ဖြည်းညင်းစွာ စကားဆိုလာသည်။ သူ၏အသံမှာ အနည်းငယ် ခြောက်ကပ်နေ၏။

“ချင်ယွင်... သူ... မိစ္ဆာဂိုဏ်းထဲ ဝင်သွားပြီ။”

သူ၏ မျက်ဝန်းများမှာ ရှုပ်ထွေးသော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေသည်။

ချင်ယွင် ရေးသွားသော စာထဲတွင် အကြောင်းအရာများစွာ ပါဝင်ပြီး၊ ထိုအခါမှသာ တာအိုဆရာလုံရှန်းသည် သူ၏ အဋ္ဌမမြောက်တပည့်၏ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော စိတ်အခြေအနေကို နားလည်ခဲ့ရသည်။

တောင်အောက်သို့ ဆင်းပြီး မကြာမီမှာပင် သူသည် ချင်ယွင်၏ သဲလွန်စကို ရှာတွေ့ခဲ့သည်။

သို့သော် ချင်ယွင်က တောင်ပေါ်သို့ ပြန်မလိုက်ဘဲ ငြင်းဆန်ခဲ့လေ၏။

ချင်ယွင်သည် တာအိုဆရာလုံရှန်း၏ လက်အောက်တွင် ဒူးထောက်ကာ သေဒဏ်ပေးရန်ပင် တောင်းဆိုခဲ့သည်။ သူက တာအိုဆရာ လုံရှန်းကိုရော၊ ညီအစ်ကိုများကိုပါ မျက်နှာမပြရဲတော့ပေ။

ထိုည...

ဆရာတပည့်နှစ်ယောက်လုံး ရုပ်တုများပမာ တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။

နောက်ဆုံးတွင် တာအိုဆရာလုံရှန်းက မောပန်းစွာ လက်ကို ဝှေ့ယမ်းကာ ချင်ယွင်ကို ထွက်သွားခွင့်ပြုလိုက်တော့သည်။

ထို့နောက်တွင်တော့ ချင်ယွင်သည် မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံ လူသားအဆင့် စွမ်းအားရှင်တစ်ဦး၏ မျက်စိကျခြင်းကို ခံရကာ မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်သွားကြောင်း သတင်းကြားရသည်။ ထိုအချိန်မှစ၍ နောက်ပြန်လှည့်ရန် လမ်းမရှိတော့။ မိစ္ဆာဂိုဏ်းမှ လူများနှင့် ထိပ်တိုက်တွေ့ပြီးနောက် လုံရှန်းလည်း အကူအညီမဲ့စွာ တောင်ပေါ်သို့ ပြန်လာခဲ့ရတော့သည်။

“မိစ္ဆာဂိုဏ်း...”

တပည့်အားလုံး မယုံနိုင်အောင် ဖြစ်သွားကြသည်။ တစ်ချိန်က နေရောင်ခြည်လို တောက်ပခဲ့သော ကောင်လေးသည် ယခင်မင်းဆက်နှင့် ဆက်နွှယ်နေပြီး မကြာသေးမီနှစ်များအတွင်း ပိုမိုလှုပ်ရှားလာသည်ဟု သတင်းကြီးနေသော မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်သွားသည်တဲ့။ မိစ္ဆာဂိုဏ်းနှင့် ပတ်သက်လျှင် ကောင်းသည့်အရာ ဘာတစ်ခုမှ မရှိ။

“ဆရာ... ဆရာ...”

တာအိုဆရာလုံရှန်းက လက်ကို ခါယမ်းကာ ပြောလေသည်။

“မင်းတို့အားလုံး သွားကြတော့။ ဒီနေ့ကစပြီး

အစစ်အမှန်သိုင်းဂိုဏ်းမှာ ချင်ယွင်ဆိုတာ မရှိတော့ဘူး။ မင်းတို့လည်း ဒီကိစ္စကို ထပ်ပြီး စိတ်မပူကြနဲ့တော့။ ငါ ပင်ပန်းနေပြီ... နားချင်ပြီ။”

တပည့်များအားလုံး တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။

တောက်ပအလင်းသိုင်းခန်းမဆောင်မှ ထွက်လာကြပြီးနောက် အားလုံး သက်ပြင်းချမိကြသည်။ ပဉ္စမမြောက်တပည့် ကျန်းပိုင်ရှန်းက အေးစက်စွာ နှာမှုတ်လိုက်၏။

“ဒီသစ္စာဖောက်ကောင်နဲ့ တစ်နေ့နေ့မှာတွေ့လို့ကတော့... အကြောင်းရင်းကို သေသေချာချာမေးပြီး နားရင်းအုပ်ပစ်မယ်။ ဆရာ့ရဲ့ ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးတရားတွေက ဘာမှအရာမထင်တော့ဘူးလား။”

သူ ဒေါသတကြီး လှည့်ထွက်သွားသည်။

ကျန်လူများမှာတော့ (အခြေအနေကို စိတ်ပျက်စွာနှင့်) မချိပြုံး ပြုံးလိုက်ကြသည်။"

လော့ဝမ်ထျန်းက နင်ချီ့အနားသို့ တိတ်တဆိတ်ကပ်လာပြီး...

“ကိုးလေး... ဒီကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ခေါင်းထဲ ထည့်ပြီး အများကြီး မစဉ်းစားနဲ့။”

နင်ချီက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

စီနီယာ အစ်ကိုရှစ်၊ ချင်ယွင်က နောက်ဆုံးမှာ မိစ္ဆာဂိုဏ်းထဲ ဝင်သွားလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့။

လောက၏ အဖြစ်အပျက်တို့သည် လူတစ်ယောက်က ထိန်းချုပ်နိုင်သည့်အရာမှ မဟုတ်ပေ။

ကမ္ဘာမြေအောက်တွင် ပြိုင်ဘက်ကင်းသော သိုင်းသူတော်စင်ပင်လျှင် အကူအညီမဲ့သော ကိစ္စများ ရှိနေသေးသည် မဟုတ်လား။ သို့သော် သူကတော့ နောင်တစ်ချိန် အခွင့်အရေးရလျှင်

စီနီယာ အစ်ကိုရှစ်ကို ကူညီနိုင်ပါက ကူညီပေးဦးမည်ဟု တွေးထားမိသည်။

------

ညနက်သန်းခေါင်ယံ...

တာအိုဆရာလုံရှန်းသည် တာအို ရှာဖွေ ကျောင်းတော်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

လရောင်အောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော နင်ချီ့ကို သူမြင်လိုက်ရ၏။

“ကိုးလေး... ချင်ယွင်ရဲ့ရွေးချယ်မှုက သူ့ဘာသာသူ လုပ်ခဲ့တာပဲ။ သူ့ရဲ့သဘာဝက ဒီလိုပဲ။ မင်းနဲ့ ဘာမှမဆိုင်ဘူး။”

နင်ချီက တာအိုဆရာလုံရှန်းဘက်သို့ လှည့်ကြည့်လိုက်ရာ၊ ချင်ယွင်၏ ကိစ္စကြောင့် အထိခိုက်ဆုံးလူမှာ တာအိုဆရာလုံရှန်းသာ ဖြစ်မည်ဟု သူ ခံစားမိလိုက်သည်။

“ဆရာ... တပည့် စီနီယာ အစ်ကိုရှစ်ကို တစ်ခါမှ အပြစ်မတင်ခဲ့ပါဘူး။ တစ်နေ့မှာ တပည့်က နှလုံးသားမိစ္ဆာတွေကို ဖယ်ရှားနိုင်တဲ့ လျှို့ဝှက်သိုင်းနည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ရင် အဲ့ဒီအခါကျမှ သူ့ကို ပေးလိုက်ပါဆရာ။”

တာအိုဆရာလုံရှန်းက ခေါင်းခါယမ်းကာ ပြောသည်။

“ဒီကိစ္စကို နောက်မှပဲ ပြောကြတာပေါ့။”

“ကိုးလေး... ဒီနေ့ကစပြီး မင်းရဲ့ကျင့်ကြံမှုတိုးတက်ရေးကိုပဲ အာရုံစိုက်တော့။ ငါတောင် မင်းကို သတိပေးစရာ မလိုတော့ပါဘူး။ ဒါက အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ဘဏ္ဍာတိုက်သော့ပဲ။ မင်း လိုအပ်တာရှိရင် ကြိုက်သလိုသာ ယူသုံး။”

သော့တစ်ချောင်းကို ပစ်ချပေးခဲ့ပြီးနောက်

တာအိုဆရာ လုံရှန်း၏ ပုံရိပ်သည် အဝေးသို့ တရိပ်ရိပ် ပျံဝဲပျောက်ကွယ်သွားလေတော့သည်။

ဒီတစ်ခေါက် တောင်အောက်သို့ ချင်ယွင်ကို သွားရှာရင်း သူ့အငယ်ဆုံးတပည့်၏ စွမ်းအားသည် အလွန်အမင်း အစွမ်းထက်သော အဆင့်တစ်ခုသို့ ရောက်နေလောက်ပြီဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။

သူသိသည်။

ထိုအကြောင်းကို လူနည်းနည်းသာ သိလေ၊ ပိုကောင်းလေပင်။ ဖြစ်နိုင်လျှင် သူကိုယ်တိုင်ပင် သိစရာမလို။

နင်ချီကမူ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိသည်။

All Chapters