အခန်း (၁၇၄၇-၁၇၄၉)
Vol. 117 Ch. 1747-1749
အခန်း(၁၇၄၇)
မဟာမြေရိုင်းနယ်မြေသည် နတ်ဘုရားနယ်မြေ၏ တောင်ဘက် အစွန်ဆုံးတွင် ရှိပြီး နယ်မြေဒါဇင်ပေါင်း များစွာဖြင့် ဖွဲ့စည်းထားသော ဧရိယာတစ်ခု ဖြစ်သည်။
ထိုဧရိယာ၏ဗဟိုချက်မှာ မဟာမြေရိုင်းနယ်မြေ ဖြစ်သည်။
ပတ်၀န်းကျင်ရှိ နယ်မြေအားလုံးထဲတွင် မဟာမြေရိုင်းနယ်မြေသည် နတ်ဘုရင်အဆင့် အင်အားစုကို ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသောနယ်မြေ ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေသည် ကျယ်ပြန့်သော ဧရိယာရှိပြီး စုစုပေါင်း နယ်မြေ၁၃ခုအဖြစ် ပိုင်းခြားထားကာ နယ်မြေတစ်ခုချင်းစီ၏ ဧရိယာသည် ရှေးဟောင်းနဂါးကုန်းမြေထက် မနိမ့်ကျပေ။
နန်လီနယ်မြေသည် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေ၁၃ခုအနက်မှ တစ်ခု ဖြစ်ပြီး မဟာမြေရိုင်းနယ်မြေ၏ တောင်ဘက်အစွန်အဖျားတွင် တည်ရှိသည်။
နန်လီနယ်မြေ၏ အလယ်ဗဟိုရှိ အကြီးဆုံးမြို့ ဖြစ်သော နန်လီမြို့တွင် ထာ၀ရဘုရားကျောင်းနှင့် အနည်းငယ် ဆင်တူသော ရဲတိုက်တစ်ခု ရှိသည်။
ရဲတိုက်အတွင်းရှိ တည်နေရာ ရွှေ့ပြောင်းခြင်း ပလက်ဖောင်းပေါ်တွင် အနက်ရောင်ပုံရိပ် တစ်ခုသည် လေထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုသူမှာ တခြားသူမဟုတ်ပေ။
ထာ၀ရဘုရားကျောင်းကနေ တည်နေရာ ရွှေ့ပြောင်းလာခဲ့သော ကျန်းချန်ပင် ဖြစ်၏။
ကျန်းချန်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပလက်ဖောင်းထဲမှ ထွက်လာပြီးနောက်တွင် ရဲတိုက်တစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုနေရာတွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ပလက်ဖောင်းကို စောင့်ကြပ်နေသော ပုံရိပ်၁၀ခုကျော် ရှိ၏။
ခေါင်းဆောင်လုပ်သူမှာ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
"ဆရာက ထာ၀ရဘုရားကျောင်းမှာ ရန်ဖုန်းကို အနိုင်ယူပြီး ၁၀ပွဲဆက်တိုက် အောင်ပွဲကို ရယူခဲ့တဲ့ ကျန်းချန် မဟုတ်လား"
ခေါင်းဆောင်ဖြစ်သည့် မီးခိုးရောင်၀တ်စုံ၀တ် အဘိုးအိုက အစီအရင် ပလက်ဖောင်းထဲကနေ ထွက်လာသည့် ကျန်းချန်ကိုကြည့်ကာ ပြုံး၍ မေးလိုက်သည်။
ကျန်းချန်က တစ်ခဏမျှ အံ့အားသင့်ကာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ် ကျွန်တော်ကကျန်းချန်ပါ"
"ခန်းမသခင်က ဆရာ့အတွက် အကူအညီ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပြီး ဒီမဟာမြေရိုင်းနယ်မြေရဲ့ နယ်မြေကို ပေးလိုက်ဖို့အမိန့်ပေးခဲ့ပါတယ်"
မီးခိုးရောင်၀တ်စုံ၀တ် အဘိုးအိုက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မြေပုံစာလိပ် တစ်လိပ်သည် ကျန်းချန်၏ ရှေ့သို့ တိုက်ရိုက်ပင် ပျံသန်းလာခဲ့သည်။
"ဒါက မဟာမြေရိုင်းနယ်မြေရဲ့ မြေပုံလား"
ကျန်းချန်က သူ၏ရှေ့တွင် ပျံဝဲနေသော မြေပုံကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သူက ဤနေရာကို ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်၍ မဟာမြေရိုင်းနယ်မြေနှင့် ပတ်သက်လျှင် လုံး၀ မသိသလောက်ပင်။
သို့ဖြစ်ရာ မဟာမြေရိုင်းနယ်မြေ၏ မြေပုံကိုသာ ရရှိမည်ဆိုလျှင် မလိုလားအပ်သော ပြဿနာများကို များစွာ လျှော့ချနိုင်လိမ့်မည်မှာ သေချာ၏။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ.. ကျန်းချန်က ခန်းမသခင်ရဲ့ကျေးဇူးကို မှတ်သားထားပါ့မယ် "
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက်တွင် မီးခိုးရောင်၀တ်စုံ၀တ် အဘိုးအိုကို လက်သီးဆုပ်၍ ဂါ၀ရပြုကာ သူ၏ ရှေ့မှ မြေပုံကို လက်လှမ်း၍ ယူလိုက်သည်။
ယင်းနောက်တွင် ကျန်းချန်သည် မီးခိုးရောင်၀တ်စုံ၀တ် အဘိုးအိုကို နှုတ်ဆက်ကာ ရဲတိုက်ထဲကနေ ထွက်လာခဲ့တော့သည်။
ရဲတိုက်၏အပြင်တွင် ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့ ရှိနေခဲ့သည်။
ထိုမြို့သည် ထာ၀ရဟင်းလင်းပြင်ပေါ်တွင် တည်ဆောက်ထားသော ထာ၀ရဘုရားကျောင်းထက်ပင် ၁၀ဆပိုမို ကြီးမားသည်။
မြို့က အရွယ်အစားအားဖြင့် ခမ်းနားရုံသာမက အလွန်တရာလည်း စည်ကား၏။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကိုပင် နေရာတိုင်း၌ မြင်တွေ့နေရသည်။
ထို့ပြင် ကျန်းချန်သည် နယ်မြေနတ်ဘုရားများ၏ အရှိန်အဝါကိုလည်း ခပ်ရေးရေး ခံစားမိခဲ့သည်။
"ဒါက မဟာမြေရိုင်းနယ်မြေရဲ့ နယ်မြေ ၁၃ခုထဲက တစ်ခုဖြစ်တယ် နန်လီနယ်မြေက နန်လီမြို့တော်ပဲ ဖြစ်ရမယ်"
ကျန်းချန်က ပတ်၀န်းကျင် အခြေအနေကို ကြည့်ရှူပြီးနောက်တွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျန်းချန်က မဟာမြေရိုင်းနယ်မြေ၏ မြေပုံကို လက်၀ယ်ရရှိသွားပြီ ဖြစ်သောကြောင့် တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် သူဘယ်နေရာသို့ ရောက်နေသည်ကို ခန့်မှန်းသိရှိခဲ့သည်။
"ရှေးဟောင်းနဂါး မျိုးနွယ်စုက တည်ထောင်ထားတဲ့ ဌာနခွဲကလည်း နန်လီမြို့မှာပဲ ဆိုတော့ ငါ့အတွက် အဆင်ပြေသွားပြီ"
သူက နန်လီမြို့တွင် ရှိနေမှန်း သိလိုက်ရလျှင် ကျန်းချန်သည် အလွန်တရာ ကျေနပ်သွားခဲ့သည်။
ထာ၀ရဘုရားကျောင်းကနေ နန်လီမြို့ကို တိုက်ရိုက် ရောက်ရှိလာခြင်းသည် သူ့အတွက် ပြဿနာများစွာကို သက်သာစေခဲ့သည်။
ကျန်းချန်က အနည်းငယ် စဉ်းစားလိုက်သည်။
သူက မဟာမြေရိုင်းနယ်မြေနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာ သိရှိထား၍ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ရှာဖွေပြီးမှသာလျှင် အစီအစဉ်များကို ချမှတ်ရန် စဉ်းစားလိုက်သည်။
သို့သော်လည်း နန်လီမြို့ရှိ ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် သာမာန်လောက်သာ ဖြစ်ပုံရပြီး နာမည်ဂုဏ်သတင်း ကြီးမားပုံမရပေ။
ကျန်းချန်က မေးမြန်း စုံစမ်းခဲ့သော်လည်း ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် ပတ်သက်၍ တစ်ယောက်မှ မကြားဖူးခဲ့ပေ။
"ဒီက မိတ်ဆွေလေး.. သတင်းအချက်အလက်တွေ စုံစမ်းချင်တယ်ဆိုရင် ထျန်းကျီမျှော်စင်မှာ သွားစုံစမ်းလို့ရတယ်"
လူတစ်ချို့ကို ဆက်တိုက် မေးမြန်း စုံစမ်းခဲ့သော်လည်း ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် ပတ်သက်၍ စုံစမ်း၍ မရခဲ့သောကြောင့် စိတ်ပျက်နေသော အချိန်မှာပင် ကောင်းကင်နတ်ဘုရား ပထမအဆင့် အဘိုးအိုတစ်ဦးသည် ကျန်းချန်ကို ရုတ်တရက် အကြံပေးလိုက်သည်။
ကျန်းချန်က တစ်ခဏမျှ အံ့အားသင့်သွားပြီးမှ ပြောလိုက်သည်။
"ထျန်းကျီမျှော်စင် ဟုတ်လား"
"ထျန်းကျီမျှော်စင်က မဟာမြေရိုင်းနယ်မြေမှာ အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သူတို့ဆီမှာ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ရှိတယ်.. ပြောရရင် ထျန်းကျီမျှော်စင် မသိတဲ့ကိစ္စက မရှိသလောက် နည်းပါးတယ်
.. သတင်းအတွက် ကျသင့်မဲ့တန်ဖိုးကို ပေးဆောင်နိုင်သ၍ ထျန်းကျီမျှော်စင်က မင်းလိုချင်တဲ့ သတင်းအချက်အလက် မှန်သမျှကို ပေးနိုင်မှာ အမှန်ပဲ"
အဘိုးအိုက ပြုရွှင်စွာဖြင့် ကျန်းချန်ကို ရှင်းပြလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်"
ကျန်းချန်က အဘိုးအိုကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင် ထျန်းကျီ၏ မျှော်စင်၏ တည်နေရာကို မေးမြန်းလိုက်ကာ သတင်းစုံစမ်းရန် အတွက် ထျန်းကျီမျှော်စင်သို့ သွားရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်ပင် ကျန်းချန်သည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
သူက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကွေကျုံဂိုဏ်းမှ အဘိုးအို၏ ပုံရိပ်သည် သူ၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
"ငါထင်ထားတဲ့အတိုင်း ဒီအဘိုးကြီးက တည်နေရာရွှေ့ပြောင်းပြီး ငါ့နောက်ကို လိုက်လာတာပဲ"
ကျန်းချန်က သူ၏ နောက်ရှိ မလှမ်းမကမ်းက အနက်ရောင်၀တ် အဘိုးအိုကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုအဘိုးအိုက သူ့နောက်ကို လိုက်လာနေသဖြင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို တိုက်ရိုက်သွားလိုက်လျှင် ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် ပြဿနာများ ဖြစ်စေနိုင်မည် မဟုတ်ပါလော။
"အဘိုးကြီး.. မင်းက သေမင်းတံခါး၀ဆီ ကိုယ်တိုင် ရောက်လာမှတော့ ငါမင်းကို ကောင်းကောင်းကြီး ဆော့ကစားပေးမယ်"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
သူက ချက်ချင်းပင် နောက်လှည့်ကာ နန်လီမြို့၏ မြို့တံခါးပေါက် ဆီသို့ ဦးတည်၍သွားခဲ့သည်။
"ငါနောက်ကနေ လိုက်နေတာကို သိရဲ့သားနဲ့ မြို့ထဲကနေ ထွက်ပြေးဖို့ စဉ်းစားနေတယ်တဲ့လား.. ကောင်လေး မင်းကကိုယ့်သေတွင်း ကိုယ်တူးမှတော့ ငါမင်းကို ကူညီပေးမယ်"
ကျန်းချန်၏ အခြေအနေကို စောင့်ကြည့်ရင်း အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်၀န်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ကျန်းချန် နောက်ကနေ လိုက်ပါသွားခဲ့သည်။
ကျန်းချန်က နန်လီမြို့၏ အနောက်ဘက်မြို့တံခါးမှ ထွက်ကာ လေထဲသို့ ပျံတက်သွားခဲ့ပြီး လူသူ နည်းပါးသော တောင်တန်းတစ်ခုဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။
သူ၏အနောက်ရှိ မိုင်ရာချီအကွာကနေ အနက်ရောင် ၀တ်စုံ၀တ်အဘိုးအိုက အလျန်အမြန်ပင် လိုက်ပါလာခဲ့၏။
ခဏအကြာတွင် ကျန်းချန်သည် သစ်တောတစ်ခုတွင် ရပ်တန့်လိုက်ပြီး သူ၏နောက်မှ အနက်ရောင်၀တ် အဘိုးအိုကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။
ခဏအကြာမှာပင် အနက်ဝတ် အဘိုးအို၏ ပုံရိပ်သည် ကျန်းချန်နှင့် ပေ၁၀၀၀ အကွာတွင် ပေါ်လာခဲ့၏။
ကျန်းချန်က အနက်ရောင်၀တ်အဘိုးအိုကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
"အဘိုးကြီး ခင်ဗျားက တကယ်ပဲ ကျုပ်နောက်ကို လိုက်လာတာကိုး.. ခင်ဗျား ဘာမှစိတ်မပူနဲ့.. ကျုပ်ထွက်ပြေးမှာ မဟုတ်ဘူး"
"ကောင်လေး.. မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသားပဲ"
အနက်ရောင်၀တ် အဘိုးအိုက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"နောက်က လိုက်လာတာကို သိလျက်နဲ့တောင် ဒီနေရာထိ ခေါ်လာရဲတယ် "
နန်လီမြို့သည် နန်လီနယ်မြေရှိ နန်လီမျိုးနွယ်စု အခြေစိုက်သောနေရာ ဖြစ်သည်။
ကျန်းချန်သာ နန်လီမြို့တွင် ဆက်လက် နေထိုင်ခဲ့လျှင် သူ့အနေဖြင့် ကျန်းချန်ကို တစ်စုံတစ်ရာ လုပ်ဆောင်လိုပါက နန်လီ မျိုးနွယ်စုကို သတိထားရလိမ့်မည် ဖြစ်သည်။
ယခု ကျန်းချန်က သူ့ကို မြို့ပြင်ရှိ လူပြတ်သော နေရာသို့ ခေါ်လာခဲ့ရာ သူ့အတွက် ပြဿနာများစွာကို သက်သာစေခဲ့၏။
ကျန်းချန်က နှခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
"အဘိုးကြီး.. ကျုပ် ခင်ဗျားနဲ့ လိုက်တန်းပြေးတန်း ကစားဖို့ စိတ်မ၀င်စားဘူး.. ကျုပ်ကို ပွင့်ပွင့်လင်းလင်းပြောပါ.. ခင်ဗျား ဘာလိုချင်တာလဲ "
"ကောင်လေး ငါ့ရဲ့စိတ်ရှည်မှုကို စိန်ခေါ်ဖို့ မကြိုးစားနဲ့.. နောက်ဆုံးအနေနဲ့ ငါမင်းကို အခွင့်အရေးပေးမယ် ကွေကျုံဂိုဏ်းကို ၀င်တာနဲ့ မင်းကို သေဒဏ်ကနေ ငါ အလွှတ်ပေးမယ်"
အနက်ရောင်ဝတ် အဘိုးအိုက ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျုပ်က သဘောမတူဘူး ဆိုရင်ကော"
ထိုစကားကိုပြောနေရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"အခြေအနေကို နားမလည်ဘူး ဆိုမှတော့ ငါ့လက်ထဲမှာပဲ သေလိုက်တော့"
စကားဆုံးသည်နှင့် အနက်ရောင်၀တ် အဘိုးအိုက ကြောက်မက်ဖွယ်ရာ ကောင်းသော ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည့် အနက်ရောင်အလင်းကို ထုတ်ဖော် လိုက်ရာ ၎င်းက အနက်ရောင်လှိုင်းလုံး ကဲ့သို့ ကျန်းချန်ဆီ သက်ရောက်လာခဲ့သည်။
"ဒီအဘိုးကြီးက တကယ်ပဲ ဝိညာဉ်လမ်းစဉ်မှာ တော်တော်လေး ပေါက်မြောက်ထားတာကိုး"
ကျန်းချန်၏ မျက်၀န်းများက လေးနက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကနေ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် သူ၏ ကျောဘက်၌ ရွှေရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ကာ သူ့ဆီသို့ သက်ရောက်လာသော အနက်ရောင် အလင်းလှိုင်းလုံးများကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
"ဝုန်း.."
ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်ဖြစ်သည့် ရွှေရောင်ဓားပုံရိပ်သည် အနက်ရောင် အလင်းအများစုကို ချက်ချင်းဆိုသလို ချေဖျက်လိုက်သော်လည်း အနက်ရောင် အလင်းလှိုင်းလုံး၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသည် ကျန်းချန်ဆီသို့ လျင်မြန်စွာ သက်ရောက်လာခဲ့သည်။
အခန်း(၁၇၄၇)ပြီး၏။
အခန်း(၁၇၄၈)
"ဝိညာဉ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်"
ကျန်းချန်က သူ၏ အနီးသို့ သက်ရောက်လာသော လက်ကျန် အနက်ရောင် အလင်းလှိုင်းလုံးကို ဝိညာဉ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဖြင့် ချေဖျက်လိုက်သည်။
ဝိညာဉ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် လူသားမျိုးနွယ်စု၏ လူသားဧကရာဇ် စည်းတံဆိပ်လည်း ဖြစ်သည်။
ကျန်းချန်၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ ဝိညာဉ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ စွမ်းအားသည်လည်း ပိုမို၍ ထူးခြားလာခဲ့သည်။
ပကတိ နတ်ဘုရားအဆင့်ကို မထိုးဖောက်မီက ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်ကို ပကတိနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်သာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးသောအခါတွင် လူသားဧကရာဇ်စည်းတံဆိပ်၏ စွမ်းအားသည် ပကတိနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်များထက် များစွာ ပို၍ ကောင်းမွန်သည်ကို တွေ့ရှိခဲ့သည်။
ယခု သူက ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်သွားပြီဖြစ်သည့်တိုင် လူသားဧကရာဇ်စည်းတံဆိပ်၏ စွမ်းအားသည် ကောင်းကင်နတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်များထက် လုံး၀ သာလွန်နေသည်ကို ခံစားမိခဲ့သည်။
ထို့ပြင် လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံးစည်းတံဆိပ်ဖြစ်သော ဝိညာဉ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဉ်လမ်းစဉ်၏ စွမ်းအားကို အမြစ်ဖြတ် ချေမှုန်းနိုင်သော စွမ်းအား ဖြစ်သည်။
ထို့ကြောင့် အနက်ရောင်၀တ်စုံ၀တ် အဘိုးအို တိုက်ခိုက်လိုက်သော ဝိညာဉ်စွမ်းအားသည် ကျန်းချန်၏ ဝိညာဉ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်အောက်တွင် လုံး၀ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က သူ၏တိုက်ခိုက်မှုကို ဤမျှလောက်ထိအလွယ်တကူ ချေဖျက်လိုက်သည်ကို မြင်လျှင် အနက်၀တ်စုံ၀တ် အဘိုးအို၏ မျက်နှာထက်တွင် အံ့အားသင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဖြစ်သည့်အပြင် ဝိညာဉ်လမ်းစဉ်တွင်လည်း အတော်လေး ပေါက်မြောက်ထားသောကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည် သာမန် ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်များထက်ပင် ပိုမို၍ အားကောင်းသည်။
သိုသော်လည်း သူ၏ရှေ့မှ ကောင်လေးကမူ ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ရှိသော်လည်း သူ၏ တိုက်ခိုက်မှုကို အထိအခိုက်မရှိ တားဆီးနိုင်ခဲ့သည်။
သိထားရမည့်အချက်မှာ သူတို့ ကွေ့ကျုံဂိုဏ်းမှ ပါရမီရှင်ထဲမှာပင် ကောင်းကင်နတ်ဘုရား တတိယအဆင့်ဖြင့် သူ၏ တိုက်ခိုက်မှုကို ပိတိဆို့နိုင်သူမှာ တစ်ယောက်နှစ်ယောက်ခန့်သာ ရှိခြင်းပင်။
"ကောင်လေး မင်းက တကယ်ကို အရည်အချင်းရှိသားပဲ.. ငါ့ကို မြို့ပြင်ဆီ ခေါ်ထုတ်ရဲတာ အံ့ဩစရာ မရှိတော့ဘူး"
အနက်၀တ်စုံ၀တ် အဘိုးအို၏ မျက်၀န်းများက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။
ဤကောင်လေး၏ ပါရမီနှင့် ခွန်အားသည် သူထင်ထားသည်ထက်ပင် များစွာ ပို၍ အားကောင်းနေပုံရ၏။
မူလက အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုသည် သူ၏ ဝေလငါးကို ကျန်းချန်နှင့် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အဘိုးအိုတို့က ပူးပေါင်းသတ်ဖြတ်ခဲ့သည်ဟု ထင်မှတ်ခဲ့သည်။
ယခုအခါတွင်မူ ဤကောင်လေး တစ်ယောက်ထဲ၏ လက်ချက်မှန်း ပို၍ သေချာသွားခဲ့၏။
ဤကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်တွင် ရှိနေသည့်တိုင် တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်နတ်ဘုရား ပဥ္ဓမအဆင့် ကျင့်ကြံသူ များစွာထက်ပင် ပို၍ အားကောင်းနေခဲ့သည်။
ထိုကဲ့သို့ အဆင့်နှစ်ဆင့် ကျော်လွန်ကာ တိုက်ခိုက်နိုင်သောပါရမီရှင်သည် မဟာမြေရိုင်း နယ်မြေတစ်ခုလုံးမှာပင် အထွတ်အထိပ် ပါရမီရှင်ဟု သတ်မှတ်၍ ရနေခဲ့ပြီ ဖြစ်၏။
"အဘိုးကြီး ခင်ဗျားရဲ့ဝေလငါးကို ကျုပ်တစ်ယောက်တည်း သတ်ဖြတ်ခဲ့တာပဲ.. ခင်ဗျား အခု ကျုပ်ရှေ့ကနေ ထွက်သွားမယ် ဆိုရင် ခင်ဗျားရဲ့ အသက်ကို ကယ်တင်ဖို့ အချိန်မီကောင်း မီနိုင်သေးတယ်"
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
"ဟမ့်.. ကောင်းကင်နတ်ဘုရား တတိယအဆင့်ပဲ ရှိသေးတဲ့ ကောင်လေးက ငါ့ရှေ့မှာ စကားကြီးစကားကျယ် ပြောရဲတယ်လား"
အနက်ကောင်၀တ်စုံ၀တ် အဘိုးအိုက ဒေါသထွက်ကာ အေးစက်စက် ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများသည် လေထုထဲတွင် ပြည့်နှက်လာခဲ့၏။
သူက ခံစားချက်ကင်းမဲ့သော မျက်၀န်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
"နောက်ဆုံးအနေနဲ့ မင်းကို ရွေးချယ်ခွင့်ပေးမယ်.. ငါနဲ့အတူ ကွေကျုံဂိုဏ်းကို လိုက်ခဲ့မလား ဒါမှမဟုတ် ဒီမှာပဲ အသေခံမလား"
အနက်ရောင်၀တ်စုံ၀တ် အဘိုးအို၏ စကားသံကြောင့် ကမ္ဘာကြီးက တုန်ခါသွားခဲ့ပြီး လေထုထဲတွင် နေရာလွတ် လှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့သည်။
ဤအချိန်တွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ၏ စွမ်းအားသည် သံသယဖြစ်စရာမရှိ ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။
ထိုကဲ့သော ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိအားအောက်တွင် ကျန်းချန်သည် အသက်ရှူရ ကျပ်လာသလိုပင် ခံစားခဲ့ရ၏။
"ဒီအဘိုးကြီးက သွေးအဆိပ် အဘိုးအိုထက် အများကြီးပိုမိုအားကောင်းတာပဲ"
ကျန်းချန်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
ထိုအဘိုးအိုကို ရင်ဆိုင်ဖို့အတွက် ဆိုလျှင် သူ့အနေဖြင့် လေလမ်းစဉ်ဥပဒေသ၏ ပြီးပြည့်စုံသော စွမ်းအားကို ကမ္ဘာ့စွမ်းအားအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့်ကို ထိုးဖောက်နိုင်မှသာ ဖြစ်နိုင်လိမ့်ဟု သူတွေးမိခဲ့သည်။
"ဟားဟား အဘိုးကြီး.. ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ "
ကျန်းချန်က ခပ်ယဲ့ယဲပြုံးလိုက်ပြီး အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုကို မထင်မဲ့မြင် ကြည့်လိုက်သည်။
"ခင်ဗျားရဲ့ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံမှုလောက်နဲ့ ကျုပ်ရှေ့မှာ ဒီလိုစကားမျိုးပြောဖို့ အရည်အချင်း မပြည့်မီသေးဘူး"
"ကောင်လေး မင်းဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
အနက်ရောင် ၀တ်စုံ၀တ် အဘိုးအိုက ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး လမ်းစဉ်၆မျိုး၏ စွမ်းအားကို အပြည့်အ၀ ထုတ်ဖော်လိုက်ရာ သူ၏ ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်ရာစွမ်းအား ရှိသော အနက်ရောင် ဧရာမမြွေကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုမြွေက ကောင်းကင်ယံကို ကျော်ဖြတ်ကာ ကျန်းချန်ကို သတ်ဖြတ်ရန် ထိုးဆင်းလာခဲ့သည်။
"ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်"
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သိုင်းစွမ်းအားပုံရိပ်နှစ်မျိုးကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သိုင်းစွမ်းအားပုံရိပ် နှစ်ခုသည် အနက်ရောင် ဝတ်စုံ၀တ် အဖိုးအို၏ ဧရာမ အနက်ရောင် မြွေပုံရိပ်ကို လေထုထဲတွင် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ထို့နောက်တွင် နေရာလွတ်များက ပြိုကျသွားပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
နှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်မှုအောက်တွင် မိုင်၁၀၀ အတွင်းရှိအရာအားလုံးနီးပါးသည် ပျောက်ကွယ်သွားခဲ့၏။
"သိုင်းစွမ်းအား ပုံရိပ်နှစ်မျိုးပါလား ဒီကောင်လေးက နတ်ဘုရင် တစ်ပိုင်းအဆင့် နည်းစနစ်ကို ကျင့်ကြံထားတာပဲ"
ကျန်းချန်က သူ၏ အပြည့်အ၀ တိုက်ခိုက်မှုကို သိုင်းစွမ်းအားပုံရိပ် နှစ်မျိုးဖြင့် ပိတ်ဆို့လိုက်သည်ကို မြင်လျှင် အနက်ရောင်၀တ်စုံ၀တ် အဘိုးအို၏ မျက်၀န်းထဲ၌ အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဒီအဘိုးကြီးက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဆိုပေမဲ့သွေးအဆိပ် အဘိုးအိုထက် အများကြီး အစွမ်းထက်တာပဲ"
တစ်ခြား တစ်ဖက်တွင်လည်း ကျန်းချန်သည် လေထုထဲတွင် ခြေတစ်လှမ်းကျော်ခန့် နောက်ဆုတ်လိုက်ရသည်။
ထို့နောက်တွင် သူက ခန္ဓာကိုယ်ထဲမှ မတည်မငြိမ်ဖြစ်ကာ လှိုင်းထန်နေသော စွမ်းအားများကို ဖိနှိပ်လိုက်၏။
ဤတစ်ကြိမ်တွင် အနက်ရောင် ၀တ်စုံ၀တ် အဘိုးအိုကိုကြည့်နေသော သူ၏အကြည့်သည် ပိုမို၍ စူးရှလာခဲ့သည်။
နတ်ဘုရင်အဆင့် နည်းစနစ်သည် အနက်ရောင်၀တ်စုံ၀တ် အဘိုးအို၏ တိုက်ခိုက်မှုကို လုံလောက်စွာ ခံနိုင်ရည်ရှိခဲ့သည်။
မဟာမြေရိုင်းနယ်မြေရှိ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူသည် အလွန်ပင် အင်အားကြီးမားသည်။
ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ရှိသည့် သူ၏ ခွန်အားဖြင့် ထိုအဘိုးကို ကိုင်တွယ်ဖြေရှင်းရန် အနည်းငယ်ခက်ခဲသည်မှာ အမှန်တရားပင်။
ထို့ကြောင့် ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို တက်လှမ်းရန်အတွက် ပြီးပြည့်စုံသော လေစွမ်းအားကို လှုံ့ဆော်လိုက်သည်။
"ကောင်းကင်နတ်ဘုရား ကပ်ဘေး ထွက်ပေါ်လာတဲ့ အခါကျရင် ဒီအဘိုးကြီးကို ကောင်းကင်နတ်ဘုရားကပ်ဘေးထဲ ဆွဲထည့်ဖို့ ကြိုးစားကြည့်ရမယ်"
ကျန်းချန်၏ စိတ်ထဲတွင် ထူးဆန်းသော အကြံအစည်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အဆင့် ထိုးဖောက်သည့် အချိန်တိုင်းတွင် ကပ်ဘေးကို လှုံ့ဆော်နိုင်သော်လည်း အဆ၁၀၀စနစ်က သူ့အတွက် ကပ်ဘေး၏ အန္တရာယ်ကို ပိတ်ဆို့ပေးထားခဲ့သည်။
ကောင်းကင်နတ်ဘုရားကပ်ဘေး ထွက်ပေါ်လာသော အချိန်တွင် သူက အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုကိုကောင်းကင်နတ်ဘုရားကပ်ဘေး စက်ကွင်းထဲ ရောက်ရှိရန် လုပ်ဆောင်လိုက်လျှင် ထိုအဘိုးအိုကို ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် တိုက်ခိုက်နိုင်ပါသလော။
မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို အသုံးပြုကာ အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုကို သတ်ဖြတ်ဖို့ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"အောင်မြင်မှုမရရင်တောင် ငါ့အတွက် ဘာမှထိခိုက်မှု မရှိဘူးဆိုတော့ စမ်းသပ်ကြည့်ရမယ်"
ကျန်းချန်၏ မျက်၀န်းက အနည်းငယ် လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အနက်ရောင်၀တ်စုံ၀တ် အဘိုးအို ဆီသို့ ရွေ့လျားလာခဲ့သည်။
ကျန်းချန်က သူ့ဆီသို့ အကြောက်အလန့်မရှိ တိုးကပ်လာသည်ကို မြင်လျှင် အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုသည် အံ့အားသင့်သွားခဲ့သည်။
ထိုကောင်လေးသည် နတ်ဆိုးဆန်သော ပါရမီရှိပြီး တိုက်ခိုက်ရေးစွမ်းအားက ကောင်းကင်ကိုပင် ဆန့်ကျင်နေသော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ဖြစ်သည့် သူနှင့် ယှဉ်လျှင် အနည်းငယ် ကွာဟမှု ရှိနေဆဲပင်။
ဤအချိန်တွင် ကျန်းချန်က သူ့ကို သတ်ဖြတ်ရန်အတွက် ရဲဝံ့စွာ ရှေ့တက်လာလိမ့်မည်ဟု အနက်ရောင်၀တ်စုံ၀တ် အဘိုးအို မထင်ထားခဲ့ပေ။
"ဒီလောက်တောင် အတင့်ရဲလှမှတော့ သေဖို့သာ ပြင်ထားလိုက်တော့"
အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုက အေးစက်စက် ပြုံးလိုက်ပြီး နောက်ထပ် ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်ဧရာမမြွေတစ်ကောင်ကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ထိုအချိန်မှာပင် ကျန်းချန်သည် လုံး၀ တုံ့ဆိုင်းနေခြင်းမရှိဘဲ ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်လိုက်ပြီး သူ့ဆီသို့ကျဆင်းလာသော ဧရာမ အနက်ရောင်မြွေကို ပိတ်ဆို့လိုက်သည်။
တစ်ချိန်ထဲမှာပင် သူက လေလမ်းစဉ် ဥပဒေသ၏ ပြီးပြည့်စုံသော မူလစွမ်းအားကို လှုံ့ဆော်ကာ စတုတ္ထမြောက် ကမ္ဘာ့စွမ်းအားကို စတင် စုစည်းခဲ့သည်။
"ဂျိမ်း.. ဂျိမ်း"
ကျန်းချန်၏ ကမ္ဘာ့စွမ်းအား စုစည်းမှုနှင့် အတူ မိုးခြိမ်းသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
"ဒါ ဒါက ကောင်းကင်နတ်ဘုရား ကပ်ဘေးမိုးကြိုးပဲ "
မိုးကြိုးမုန်တိုင်းများဖြင့် လွှမ်းခြုံနေသော ဟင်းလင်းပြင်ကိုကြည့်ကာ အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုသည် ထိတ်လန့်သွားခဲ့သည်။
ယခု သူထုတ်ဖော်ထားသော စွမ်းအားက ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာနှင့် ထိပ်တိုက် ရင်ဆိုင်နေရ၍ တစ်ခဏတွင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။
သို့ဖြစ်ရာ ကျန်းချန်က ဤကဲ့သို့ အချိန်တွင် ကောင်းကင်နတ်ဘုရားကပ်ဘေးကို လှုံ့ဆော်လိုက်လျှင် သူသည်လည်း ဧကန်မလွဲကောင်းကင်နတ်ဘုရား ကပ်ဘေးကို ရင်ဆိုင်ရပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိလျှင် အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုသည် သွေးအန်တော့မလိုပင် ဖြစ်သွားခဲ့သည်။
"ဒီကောင်လေးက သောက်ရူးပဲ"
ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရားကပ်ဘေးကို လှုံ့ဆော်ခဲ့ခြင်းမှာ သူနဲ့အတူ သေဆုံးရန်အတွက် ကောင်းကင်နတ်ဘုရား ကပ်ဘေး၏ စွမ်းအားကို အသုံးပြုလိုခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
အခန်း(၁၇၄၈)ပြီး၏။
အခန်း(၁၇၄၉)
"လခွမ်း ဒီကောင်လေးက တကယ်ကို သောက်ရူးပဲဟ"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက စိတ်ထဲကနေ အထိတ်တလန့် ရေရွတ်လိုက်သည်။
သူက ဤအခြေအနေတွင် လုံးဝ ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးကာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ခုခံရတော့မည် ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်ကို ဂရုမစိုက်အားတော့ဘဲ ဟင်းလင်းပြင်တွင် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် မိုးကြိုးကပ်ဘေးကို စူးစိုက်၍ ကြည့်နေခဲ့သည်။
ကျန်းချန်က နတ်ဆိုးဆန်သော ပါရမီရှင်တစ်ဦး ဖြစ်ရာ သူ၏ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကပ်ဘေးသည် တခြားသော ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများ ကြုံတွေ့ရသော စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရားကပ်ဘေးထက် များစွာ ပို၍ အားကောင်းသည်။
ယခု သူက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သော်လည်း ဤကောင်းကင်နတ်ဘုရား ကပ်ဘေးကို သံသယဖြစ်ဖွယ်ရာမရှိ ခက်ခက်ခဲခဲရင်ဆိုင်ရလိမ့်မည် ဖြစ်၏။
သူသာ အနည်းငယ် ပေါ့ဆမိလျှင် ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သည့်တိုင် ထိုကောင်းကင်နတ်ဘုရားကပ်ဘေးအောက်တွင် ကျဆုံးသွားမည်ကို သူစိုးရိမ်နေမိသည်။
"ဂျိန်း.. ဂျိန်း"
အနက်ရောင်မိုးကြိုးတိမ်တိုက်များက စုစည်းလာခဲ့ပြီး ကောင်းကင်ယံကိုပင် တုန်လှုပ်စေသော မိုးခြိမ်းသံသည် ဟင်းလင်းပြင်တွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
ဤအချိန်တွင် ကျန်းချန်၏ အကြည့်သည်လည်း ဟင်းလင်းပြင်ရှိ ကောင်းကင်နတ်ဘုရားကပ်ဘေးဆီသို့ ကျရောက်နေခဲ့၏။
အကြောင်းအရင်းမှာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ကောင်းကင်နတ်ဘုရားကပ်ဘေးက တိုက်ခိုက် မတိုက်ခိုက် မသေချာသောကြောင့်ပင်။
အကယ်၍ ကောင်းကင်နတ်ဘုရားကပ်ဘေးကို အသုံးပြု၍ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ချောက်မချနိုင်ခဲ့လျှင် သူ၏ စွမ်းအားဖြင့်သာ အစွမ်းကုန် တိုက်ခိုက်ရပေတော့မည်။
နှစ်ဦးသား၏ စိုက်ကြည့်မှုအောက်မှာပင် ဟင်းလင်းပြင်ရှိ မိုးကြိုးကပ်ဘေးသည် လျင်မြန်စွာပင် ရောက်ရှိလာခဲ့သည်။
မကြာမီမှာပင် ပေရာချီရှိသော မိုးကြိုးတစ်စင်းသည် ဂျိန်းခနဲမြည်သံနှင့်အတူ ဧရာမ ငွေရောင်မြွေတစ်ကောင် ကဲ့သို့ ဟင်းလင်းပြင်ရှိ အနက်ရောင် တိမ်တိုက်ထဲကနေ ပေါက်ကွဲထွက်လာခဲ့သည်။
ငွေရောင်မိုးကြိုး၏ ပစ်မှတ်မှာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ဖြစ်၏။
သို့ရာတွင် မိုးကြိုးကပ်ဘေးကို အမှန်တကယ် လှုံ့ဆော်ခဲ့သော ကျန်းချန်ကိုမူ မိုးကြိုးကပ်ဘေးသည် လျစ်လျူရှုထားသကဲ့သို့ လုံးဝ တိုက်ခိုက်မှုမရှိခဲ့ပေ။
"တကယ်ကိုဖြစ်နိုင်တာပဲ"
သူ၏ရှေ့မှမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက စမ်းသပ်ကြည့်ရုံသာ ဖြစ်သော်လည်း တကယ်တမ်းအောင်မြင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခု သူက အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုဆီ ကောင်းကင်နတ်ဘုရားကပ်ဘေးအား သက်ရောက်စေခဲ့ချေပြီ။
သူ၏ စနစ်က သူ့အတွက် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ပိတ်ဆို့ပေးခဲ့သော်လည်း အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတွင်မူ သူကဲ့သို့ စနစ်မရှိ၍ ကောင်းကင်နတ်ဘုရားကပ်ဘေး၏ တိုက်ခိုက်ခြင်းကို တားဆီး၍မရခဲ့ပေ။
ကောင်းကင်နတ်ဘုရားကပ်ဘေး၏ မိုးကြိုးစွမ်းအားသည် ကပ်ဘေးကို ဖြတ်ကျော်သူ၏ စွမ်းရည်နှင့် တိုက်ရိုက် သက်ဆိုင်မှုရှိသည်။
ကျန်းချန်သည် ထူးခြားသော ပါရမီနှင့် အနှိုင်းမဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိ၏။
သူက ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများထက် များစွာပို၍ အားကောင်းသည်။
ယခုအခါတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်အထွတ်အထိပ် ကျင့်ကြံသူကပါ ကပ်ဘေးတွင် ပါဝင်လာသောကြောင့် ကောင်းကင်နတ်ဘုရားကပ်ဘေး၏ စွမ်းအားသည် ၂ဆမက ပိုမို အားကောင်းလာပေတော့မည်။
ဤကောင်းကင်နတ်ဘုရား ကပ်ဘေးဖြင့် အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုကို မရှင်းလင်းနိုင်ခဲ့လျှင်ပင် ထိုအဘိုးအိုကို ဒဏ်ရာ အပြင်းအထန် ရရှိသွားစေလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ အဘိုးအိုကို ရှင်းပစ်ရန်သည် သူ့အတွက် များစွာ ပိုမို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။
"ဝိညာဥ်လက်ဝါးရိုက်ချက်"
ကောင်းကင်ကနေ ဆင်းသက်လာသော မိုးကြိုးကပ်ဘေးကို ကြည့်ရင်း အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများသည် ကျုံ့ဝင်သွားခဲ့သည်။
သူက ခန္ဓာကိုယ် တစ်ခုလုံးမှ စွမ်းအင်များကို အစွမ်းကုန်ထုတ်ဖော်ကာ လျှို့ဝှက်ဆန်းကြယ်သော လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်၍ မိုးကြိုးကပ်ဘေးကို တိုက်ရိုက်ရင်ဆိုင်လိုက်၏။
ငွေရောင် တောက်ပနေသော မိုးကြိုးတစ်စင်းသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို သယ်ဆောင်ကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ လျှို့ဝှက်ဆန်းကြယ်သော လက်ဝါး ရိုက်ချက်နှင့် ထိပ်တိုက်ဆုံသွားခဲ့သည်။
"ဝုန်း.."
ကောင်းကင်ယံကိုပင် တုန်လှုပ်စေသည့် ကျယ်လောင်သောအသံသည် မိုင်ထောင်ပေါင်းများစွာ အထိ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက လေထဲတွင် ခြေ၂လှမ်း၊၃လှမ်းခန့် နောက်ဆုတ်လိုက်ရပြီး သူ၏ မျက်နှာအမူအရာက ပို၍ပင် အကျည်းတန်သွားခဲ့သည်။
ကျန်းချန်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်သို့ တက်လှမ်းရာတွင် မိုးကြိုးကပ်ဘေးကို လှုံ့ဆော်ရာ၌ သူက မိုးကြိုးကပ်ဘေး၏ စက်ကွင်းတွင် ပါဝင်နေသောကြောင့် မိုးကြိုးကပ်ဘေး၏ စွမ်းအားသည် သူထင်ထားသည်ထက်ပင် လုံးဝ သာလွန်နေခဲ့သည်။
ကောင်းကင်နတ်ဘုရားအဆင့်တွင် ပထမအဆင့်မှ ဆဋ္ဌမအဆင့်အထိ ထိုးဖောက်မှုတိုင်း အတွက် ကောင်းကင်နတ်ဘုရားကပ်ဘေး လိုအပ်သည်။
မှန်ပါသည်။ ကောင်းကင်နတ်ဘုရား ကပ်ဘေး၏ ခွန်အားသည် ကောင်းကင်နတ်ဘုရား အဆင့်၏ မတူညီသော အဆင့်များအပေါ် လိုက်၍ ကွဲပြားမှုရှိသည်။
ပကတိနတ်ဘုရား အဆင့်ကနေ ကောင်းကင်နတ်ဘုရား ပထမအဆင့်ကို ထိုးဖောက်သောအခါ ယေဘုယျအားဖြင့် မိုးကြိုးကပ်ဘေး ၃ခုကိုသာ ရင်ဆိုင်ရန် လိုအပ်၏။
ထို့အပြင် ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့် အမျှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသည် အဆင့်တစ်ဆင့် ထိုးဖောက်တိုင်းတွင် ရင်ဆိုင်ရသော မိုးကြိုးကပ်ဘေးသည် ပိုမို၍ အားကောင်းလာရုံသာမက တစ်ခု ပို၍ များပြားလာမည် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူသည် စတုတ္ထအဆင့်ကို ထိုးဖောက်ရာတွင် ရင်ဆိုင်ရသော မိုးကြိုးကပ်ဘေးသည် ခြောက်ခုအထိ ရှိလာမည် ဖြစ်သည်။
ထိုမိုးကြိုးကပ်ဘေး တစ်ခုချင်းစီ၏ စွမ်းအားသည် တဖြည်းဖြည်းချင်း တိုးမြှင့်လာလိမ့်မည် ဖြစ်၏။
ယခုအခါ ပထမဆုံး ကျရောက်လာသည့် မိုးကြိုးကပ်ဘေး၏ စွမ်းအားသည်ပင် ဤအဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ရာ နောက်ထပ် ကျရောက်လာမည့် မိုးကြိုးကပ်ဘေးငါးခု၏ စွမ်းအားသည် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါမည်နည်း။
သို့သော်လည်း ပထမဆုံး ကျရောက်လာသည့် မိုးကြိုးကပ်ဘေးက အစွမ်းထက်သည့်တိုင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ထိခိုက်မှု မရှိစေခဲ့ပေ။
သူ၏ ခွန်အားဖြင့်ဆိုလျှင် ပထမဆုံး ကျရောက်လာသည့် မိုးကြိုးကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသော်လည်း တစ်ဖက်မှ ကောင်လေးကမူ ခက်ခဲမည်မှာ သေချာ၏။
တစ်ဖက်ရှိ ကောင်လေးက မိုးကြိုးကပ်ဘေးအောက်တွင် ကျဆုံးသွားသရွေ့ မိုးကြိုးကပ်ဘေးသည်လည်း အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။
သူ၏ ခွန်အားဖြင့်ဆိုလျှင် ဤမိုးကြိုးကပ်ဘေးကို မခုခံနိုင်လျှင်ပင် ကျန်းချန်ထက် ပို၍ အချိန်ကြာကြာ တောင့်ခံရန် ပြဿနာမရှိဟု သူ ယုံကြည်ခဲ့သည်။
ထို့နောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မိုးကြိုးကပ်ဘေး ကျဆင်းလာပြီးနောက်တွင် ကျန်းချန်၏ အခြေအနေ မည်ကဲ့သို့ ဖြစ်နေမလဲ ဆိုသည်ကို သိရှိရန်အတွက် ကျန်းချန်ဆီသို့ လှမ်းကြည့်လိုက်သည်။
သို့သော်လည်း တစ်ဖက်ရှိ ကျန်းချန်၏ အခြေအနေကို မြင်လျှင် သူ၏ တစ်ကိုယ်လုံးသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး နေရာမှာပင် တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။
သူနှင့် ပေထောင်ပေါင်းများစွာ အကွာတွင် ကျန်းချန်သည် မိုးကြိုးကပ်ဘေး၏ သက်ရောက်မှုကို လုံးဝ မခံရသည့်အလား လက်ပိုက်၍ ရပ်နေခဲ့ပြီး ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးအေးလူလူ အမူအရာဖြင့် သူ့ကို လှမ်းကြည့်နေခဲ့သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မိုးကြိုးကပ်ဘေးက မင်းကို ဘာလို့ မတိုက်ခိုက်ရတာလဲ"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက မယုံကြည်နိုင်စွာဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။
သိထားရမည့်အချက်မှာ ဤမိုးကြိုးကပ်ဘေးကို လှုံ့ဆော်လိုက်သူသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို တက်လှမ်းရန် ပြင်ဆင်နေသည့် ကျန်းချန် ဖြစ်သည်။
ယခုအခါတွင် မိုးကြိုးကပ်ဘေးသည် တကယ့် လှုံ့ဆော်သူ ဖြစ်သည့် ကျန်းချန်ကို မတိုက်ခိုက်ဘဲ စက်ကွင်းမလွတ် ဖြစ်နေသည့် သူ့ကိုသာ တိုက်ခိုက်နေခဲ့သည်။
"အဘိုးကြီး ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး"
ကျန်းချန်က လက်ပိုက်၍ ရပ်နေရင်း ပြုံးကာ ပြောလိုက်သည်။
"ဒါက ကောင်းကင်ဥပဒေသတွေကို လျစ်လျူရှုနိုင်စွမ်း ရှိတဲ့အတွက် မိုးကြိုးကပ်ဘေးက ငါ့ကို ဘယ်တော့မှ တိုက်ခိုက်မှာမဟုတ်ဘူး"
"မင်း.. မင်းက ကောင်းကင်ဥပဒေသတွေကို လျစ်လျူရှုနိုင်တယ် ဆိုတော့ ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေတာလား"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက်တွင် သူက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"မေဘေး.. မင်း မင်းငါ့ကို လှည့်စားရဲတယ်"
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်က အဘယ်ကြောင့် သူ့ကို မြို့ပြင်သို့ ခေါ်ထုတ်ရဲကြောင်းအဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ထိုကောင်လေးသည် ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ပြီး ကောင်းကင်ဥပဒေသကို လျစ်လျူရှုကာ မိုးကြိုးကပ်ဘေးကို တားဆီးနိုင်သူ ဖြစ်သည်။
ထိုကောင်လေးသည် အစကတည်းကပင် သူ့ကို မိုးကြိုးကပ်ဘေးနှင့် စက်ကွင်းမလွတ်အောင် တမင်တကာ လုပ်ဆောင်ကာ မိုးကြိုးကပ်ဘေးကို အသုံးပြု၍ သူ့ကို ကိုင်တွယ်ရန် အစီအစဥ်ဆွဲထားခြင်း ဖြစ်ပုံရသည်။
ဤတစ်ကြိမ်တွင် ကျန်းချန်ကြောင့် ဆိုးဆိုးရွားရွား ခံစားခဲ့ရချေပြီ။
မိုးကြိုးကပ်ဘေး (ဝါ) ကောင်းကင်နတ်ဘုရား ကပ်ဘေးကို သူတစ်ယောက်တည်း ရင်ဆိုင်ရမည်ဟု တွေးမိသောအခါ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် သွေးအန်တော့မလိုပင် ဖြစ်သွားခဲ့သည်။
"ငါမင်းကို လှည့်စားတော့ရော မင်းက ဘာလုပ်နိုင်မှာမို့လဲ"
ကျန်းချန်က မဲ့ပြုံးပြုံးကာ အေးစက်စက် ပြောလိုက်သည်။
"အဘိုးကြီး ခင်ဗျားအတွက် ကျုပ်ပြင်ဆင်ပေးထားတဲ့ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို မြည်းစမ်းကြည့်လိုက်ပါဦး"
"လခွမ်း.. မေဘေးလေး ငါမင်းကိုသတ်မယ်"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူက ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ လှိမ့်တက်လာခဲ့ပြီး ဒုတိယမြောက် မိုးကြိုးကပ်ဘေးသည် ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်လောက်သော စွမ်းအားကို သယ်ဆောင်ကာ ဟင်းလင်းပြင်မှတစ်ဆင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုဆီသို့ ကျဆင်းလာခဲ့သည်။
ဟင်းလင်းပြင်မှ ကျဆင်းလာသည့် မိုးကြိုးကပ်ဘေးကို မြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာအမူအရာက အကြီးအကျယ်ပင် ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှစွမ်းအား အလုံးစုံကို စုစည်းကာ ဧရာမလက်ဝါး အဖြစ်သို့ ပြောင်းလဲ၍ ဒုတိယမြောက် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဝါးသည် ဒုတိယမြောက် ကျဆင်းလာသည့် မိုးကြိုးကပ်ဘေးနှင့် ထိပ်တိုက် ရင်ဆိုင်မိပြီးနောက်တွင် မီးရှုးမီးပန်းများ ကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဧရာမလက်ဝါးသည် ဒုတိယမြောက် မိုးကြိုးကပ်ဘေး၏အောက်တွင် လျင်မြန်စွာပင် မှေးမှိန်သွားခဲ့၏။
ထို့နောက်တွင် အင်အားအနည်းငယ် လျော့နည်းသွားသည့် မိုးကြိုးကပ်ဘေး၏ စွမ်းအားသည် ကောင်းကင်နှင့်မြေကြီး၏ အထွတ်အထိပ် စွမ်းအားကို သယ်ဆောင်ကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုဆီသို့ သက်ရောက်လာခဲ့သည်။
အခန်း(၁၇၄၉)ပြီး၏။