← Chapters

အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာ ကျင့်စဉ်

Vol. 4 Ch. 47

အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာ ကျင့်စဉ်

Vol. 4 Ch. 47

~ချင်ယွင်၏ အဖြစ်အပျက်ကတော့ စစ်မှန်သိုင်းဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်စေခဲ့သော ညတစ်ည၏ အမာရွတ်လိုပဲ။ လက်ရင်းတပည့် တစ်ယောက်ချင်းစီ၏ ရင်ထဲမှာတော့ တစ်စုံတစ်ခုသော ဟာတာတာခံစားချက်ကြီးက နေရာယူလို့ နေခဲ့သည်။

နင်ချီကတော့ သူ၏ အရင်ကျင့်ကြံခြင်းအခြေအနေဆီသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခဲ့၏။ သို့ပေမဲ့လည်း အစ်ကိုကြီး ရှစ် ချန်ထားခဲ့သည့် ကျမ်းစာအုပ်တွေကို ဖတ်မိသောအခါတိုင်းတော့ သူ့ကို မတွေးဘဲ မနေနိုင်ခဲ့။ နောက်တစ်ကြိမ်ပြန်ဆုံတွေ့တဲ့အခါ ဘယ်လိုအခြေအနေမျိုးနှင့်များ ကြုံရလေမလဲဟု နင်ချီ တွေးနေမိသည်။

သို့သော်လည်း အချိန်ဆိုတာကလည်း ဒဏ်ရာအားလုံးကို ကုစားနိုင်စွမ်း ရှိသည် မဟုတ်ပါလား။

အစစ်အမှန်သိုင်းဂိုဏ်းဟာလည်း ၎င်း၏အရင်ခေတ်က ခမ်းနားထည်ဝါမှုကို တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့ပါတော့၏။

လူတိုင်းကတော့ လာမည့် ကောင်းကင်ဘုံ လူသား ဂုဏ်ပြုပွဲကြီးအတွက် တစ်စုတစ်စည်းတည်း ပြင်ဆင်နေကြလေသည်။

ချင်ယွင်၏ အခြေအနေကြောင့် လွှမ်းမိုးသွားလို့လားတော့မသိ၊ တာအိုဆရာလုံရှန်းကတော့ တံခါးပိတ် ကျင့်ကြံခန်း ဝင်သွားလေ၏။ သူ နောက်တစ်ကြိမ်ပြန်ထွက်လာသည့် အခါမှာတော့ ကောင်းကင်ဘုံ လူသားနယ်ပယ်ကို အသေအချာပေါက် ရောက်ရှိနေလိမ့်မည်ဟု အားလုံးက ယုံကြည်ထားကြသည်။

အခုတစ်နှစ်တော့ တာအို ရှာဖွေ ကျောင်းတော်အပြင်ဘက်က မက်မွန်ပန်းတွေဟာ ပိုလို့တောင် လှလှပပ ပွင့်လန်းနေကြပါရောလား။

စီနီယာ အစ်မ ယဲ့ချင်းဟယ် တစ်ယောက်ကတော့ ထုံးစံအတိုင်း မက်မွန်ပန်းဝိုင်လုပ်ဖို့ ပန်းတွေခူးနေပြန်လေပြီ။

‘ဒီတစ်ခါတော့ တိတ်တိတ်ကလေးလုပ်ပြီး အားလုံးကို အံ့အားသင့်သွားအောင် လုပ်ပြလိုက်ဦးမယ်ပေါ့လေ...။’

နင်ချီတစ်ယောက် အတွေးနှင့်အတူ တိတ်တဆိတ် ပြုံးလိုက်မိ၏။

‘အဟား...။’

‘မျောက်ဖြူက ငါ့ကို အကုန်လာတိုင်ပြီးသား။ ဟိုအစ်မကြီးက ကျွန်တော့်ကို ခြိမ်းတစ်ခါ ခြောက်တစ်လှည့်နဲ့ သူ့အတွက် ဝိုင်တစ်အိုး ဖောက်ခိုင်းထားတယ်ဆိုပဲ။ ကိုယ့်ဟာကိုယ် အောင်မြင်ရင် ကိုယ့်ဟာ သုံးမယ်၊ မအောင်မြင်ရင် မျောက်ဖြူဟာကို ကိုယ့်ဟာ လုပ်မယ်ပေါ့...။ ဟားဟား၊ တော်တော် ကလေးဆန်တဲ့ အကြံပဲ။’

နင်ချီက ကြိမ်ကုလားထိုင်တစ်လုံးကိုယူကာ မက်မွန်ပင်အောက်တွင် အေးအေးလူလူ လှဲလျောင်းနေလိုက်သည်။

တည်ငြိမ် အေးချမ်းလို့ နေ၏...။

အသက်က ခြောက်နှစ်ကျော်ရုံသာ ရှိသေးပေမဲ့၊ သူ့ပုံစံက ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်လိုပင်။ တာအိုဝတ်ရုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး တည်ငြိမ်အေးဆေးသော မျက်ဝန်းတွေနှင့် ထူးကဲသော အရှိန်အဝါက သူ့ဆီမှာ ရှိနေခဲ့သည်။

သူကတော့ `မဟာအိပ်မက် သေခြင်းကိုးပါးအားကျမ်း` ထဲက အားအင်လွှဲပြောင်းခြင်းသိုင်းနည်းစနစ်ကို စဉ်းစားတွေးတောနေခြင်း ဖြစ်၏။

‘အားအင်လွှဲပြောင်းခြင်းသိုင်းနည်းစနစ်ဆိုတာက အတွင်းအားကို အရောင်အမျိုးမျိုးဆိုးပေးလိုက်တာပဲ...။ တချို့အရောင်တွေက ဘာအကူအညီမှမလိုဘဲ သူ့ဘာသာသူ ဖြစ်လာနိုင်တယ်။ ဥပမာ... ကောင်းကင်ကို တုန်ဟည်းစေတဲ့ အားတို့၊ မြေကြီးကို လှုပ်ခတ်စေတဲ့ အားတို့၊ ပင်လယ်ကို ဖုံးလွှမ်းစေတဲ့ အားတို့ပေါ့...။’

‘ဒါပေမဲ့ တချို့အရောင်တွေကျတော့ အပြင်ပစ္စည်းလိုတယ်...။ ရေခဲပိုးကောင်အားလိုမျိုးပေါ့။ အေးစက်တဲ့ ရတနာ တစ်ခုခုနဲ့ ကျင့်မှ အားပိုကောင်းမယ်တဲ့။ မဟုတ်ရင် သိပ်ပြီး မစွမ်းဘူးဆိုပဲ။’

‘ငါ လိုက်စားနေတာက အရောင် တစ်မျိုးတည်း မဟုတ်ဘူး။ အရာအားလုံးကို ခြုံငုံနိုင်တဲ့ အရာတစ်ခု... ဟိုးအရင် ` အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်´ လိုမျိုးပေါ့။’

နင်ချီသည် သူ သွားရမည့် လမ်းကို တဖြည်းဖြည်း မြင်လာခဲ့သည်။

သူ၏ အပြည့်အဝ နားလည်နိုင်စွမ်းနှင့် သာမန်လူတွေနှင့် ကွဲပြားခြားနားသည့် လမ်းကို လျှောက်ရမှာ မလွဲဧကန်ပင်။

နည်းလမ်းပေါင်းများစွာကို သန့်စင်ခြင်းအားဖြင့် နင်ချီကို အမြင့်ဆုံး အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်ပြီး ပိုမိုဝေးကွာသော ခရီးကို လျှောက်လှမ်းနိုင်စေလိမ့်မည်။

‘ဒီရက်ပိုင်းအတွင်း ငါအတွင်းစွမ်းအင်ကျင့်စဉ်တွေ အများကြီး ဖတ်ခဲ့တယ်။

သိုင်းကျမ်းတိုက်ထဲကရော၊ စီနီယာ အစ်ကို ရှစ် ထားခဲ့တာတွေရောပေါ့။ အတွင်းစွမ်းအင်ရဲ့ အရည်အသွေးဆိုတာက အခြေခံအားဖြင့် လူ့ခန္ဓာကိုယ်ထဲမှာ လမ်းကြောင်းအမျိုးမျိုး ဖန်တီးပြီးတော့ အရည်အသွေး အမျိုးမျိုး ဖြစ်ပေါ်လာစေတာပဲ။’

‘ဒါဆိုရင်... ငါသာ အဲ့ဒီလမ်းကြောင်းတွေကို ပုံသေ သတ်မှတ်မထားဘူးဆိုရင်၊ ဘယ်အချိန်မဆို စိတ်ကြိုက် ပြောင်းလဲလို့ ရနိုင်တာပေါ့။’

နင်ချီက မော့ကြည့်လိုက်တော့ မက်မွန်ပွင့်တစ်ပွင့်က ဖြည်းညင်းစွာ ကြွေကျလာသည်။

သူက အသာအယာ ဖမ်းယူလိုက်ရင်း ပြုံးလိုက်၏။

သူ အားအင်လွှဲပြောင်းခြင်း သိုင်းနည်းစနစ်ပေါင်း (၉၂) ခုကို နားလည် သဘောပေါက်ခဲ့ပြီ။ အားအင် လွှဲပြောင်းခြင်း၏ အနှစ်သာရကိုလည်း သိရှိသွားခဲ့ပြီ။ ကောင်းကင်နှင့် မြေကြီးပေါ်က အဖြစ်အရာမျိုးစုံကိုလည်း လေ့လာပြီး လမ်းကြောင်းအမျိုးမျိုးကို စမ်းသပ်ခဲ့ပြီးပြီလေ။

ဒီအချိန်မှာတော့ သူ နောက်ဆုံးမှာ နားလည်သွားခဲ့ပါပြီ။

သူ့ခန္ဓာကိုယ်အတွင်းမှာ...

အရင်ကတည်းက မယုံနိုင်လောက်အောင် ခိုင်မာနေခဲ့သော အတွင်းစွမ်းအင်သည် အဆက်မပြတ် လည်ပတ်နေရင်း သူ၏ အတွေးနှင့်အညီ အထူးလမ်းကြောင်းအမျိုးမျိုးအဖြစ်သို့ ပြောင်းလဲသွားလေ၏။

အတွင်းစွမ်းအင် အမှုန်အစလေး တစ်ခုက

နင်ချီ့လက်ဖဝါး တစ်လျှောက် ပေါက်ကွဲထွက်လာပြီး မီးလျှံလို ပူပြင်းသော အရှိန်တစ်ခု ပေါ်ထွက်လာသည်။ တစ်ချိန်က လန်းဆန်းတက်ကြွနေခဲ့သော မက်မွန်ပွင့်ဖတ်လေးသည် လေမတိုက်ဘဲ သူ့အလိုလို မီးငြိမ်းသွားပါတော့သည်။

ဒါပေမဲ့ ဒါက အဆုံးသတ်မဟုတ်သေး။

သူ့ခန္ဓာကိုယ်ထဲက အတွင်းစွမ်းအင်လမ်းကြောင်းက ပြောင်းလဲသွား၏။ မူလက ပူပြင်းလောင်ကျွမ်းနေသော အရှိန်သည် ပျောက်ကွယ်သွားပြီး ခဲတောင့်သည့် အအေးဓာတ်အဖြစ်သို့ ပြောင်းလဲသွားသည်။

“ဂျောက်” ခနဲ အသံတစ်ချက်နှင့်အတူ မီးလောင်နေသော ပန်းဖတ်လေးသည် ချက်ချင်း အေးခဲသွားကာ ရင်သပ်ရှုမောဖွယ် ရေခဲပန်းပုလေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။

နင်ချီ့စိတ်က တစ်ဖန်လှုပ်ရှားသွားပြန်သည်။

သူ့လက်ချောင်းတွေက မပြောင်းလဲဘဲ အတွင်းစွမ်းအင် တစ်မျှင်က အနည်းငယ်တုန်ခါမှုနှင့်အတူ ထွက်ပေါ်လာသည်။

ရေခဲပန်းပုလေးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး သလင်းကျောက်သဲမှုန်လေးများလို နင်ချီ့လက်ချောင်းများကြားမှ ကြွေကျပျောက်ကွယ်သွားလေ၏။

နင်ချီ့မျက်ဝန်းများတွင် ကြည်နူးမှုတို့ ပြည့်နှက်သွားသည်။

‘အတွင်းအားကို စိတ်ကြိုက်ပြောင်းလဲနိုင်တယ်... အရည်အသွေးတွေကို စိတ်တိုင်းကျ ချိန်းလို့ရတယ်... အရာအားလုံးကို ခြုံငုံနိုင်စွမ်း... ဒါက `မဟာအိပ်မက် သေခြင်းကိုးပါးအားကျမ်း´ ရဲ့ `အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် အခန်း´ ပဲ။ ဒါ... ငါ့ရဲ့ အားအင် လွှဲပြောင်းခြင်းသိုင်းနည်းစနစ်ပဲ။’

‘ငါ့ရဲ့အတွင်းအားက အလွန်ပူပြင်းနိုင်သလို၊ အလွန်အေးစက်နိုင်တယ်။ ‘တုန်ခါ’ နိုင်တယ်၊ ‘လည်ပတ်’ နိုင်တယ်။ နတ်ဘုရားကျားတစ်ကောင်လို၊ ရှေးဟောင်းသိမ်းငှက်တစ်ကောင်လို အနှစ်သာရကို ဖမ်းဆုပ်ပြီးတော့ ကြောက်စရာ အဆိပ်ကိုတောင် သယ်ဆောင်နိုင်သေးတယ်။ အလွန်

အေးစက်ပြီး တစ်ချိန်တည်းမှာ တုန်ခါနေတဲ့ အရည်အသွေးမျိုးစုံကိုလည်း ပေါင်းစပ်နိုင်သေးတာပဲ။’

ဒါကတော့ ဒီအချိန်အတောအတွင်း နင်ချီရရှိခဲ့တဲ့ အောင်မြင်မှုပါပဲ။

ဒီလိုလုပ်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။ တခြားသူတွေ၏ အတွင်းအားလမ်းကြောင်းတွေက အားအင်လွှဲပြောင်းပြီးတာနှင့် ပုံသေဖြစ်သွားသော်လည်း နင်ချီ့လမ်းကြောင်းတွေကတော့ ပြောင်းလဲနိုင်စွမ်းရှိသည်။ ဒီလို လုပ်နိုင်ဖို့ အလွန်အမင်းခိုင်မာသော ရုပ်ခန္ဓာ အခြေခံ လိုအပ်လေ၏။ နင်ချီ့လို သန်မာသည့် ရုပ်ခန္ဓာအခြေခံ ရှိမှသာ ဒါကို လုပ်နိုင်တာဖြစ်သည်။

တခြား တစ်ယောက်သာ ဆိုလျှင် သူတို့ခန္ဓာကိုယ်ဟာ ခဏလေးအတွင်းမှာ

ပြိုကွဲ ပျက်စီးပြီး သေဆုံးသွားလောက်သည်။

‘ဒါပေမဲ့ `'အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် အခန်း´ က တကယ့်ကို အရာအားလုံးကို ခြုံငုံနိုင်ဖို့ဆိုရင်တော့ အများကြီးလိုပါသေးတယ်။’

နင်ချီ့မှာ ထိုးထွင်းဉာဏ်မရှိတာတော့ မဟုတ်။ လက်ရှိ အားအင်လွှဲပြောင်းခြင်းသိုင်းနည်းစနစ်တွေက နည်းလွန်းနေသေးတာကြောင့်သာ ဖြစ်ပြီး (၉၂) မျိုးသာ ရှိသေးသည်။ ဒီအခြေခံပေါ်မှာ နင်ချီက အရည်အသွေးများစွာ ဖန်တီးခဲ့ပေမဲ့ ဒါက မလုံလောက်သေး။ နောက်ပိုင်းမှာ အားအင်လွှဲပြောင်းခြင်းသိုင်းနည်းစနစ်အသစ်တွေ စုဆောင်းရရင်တော့ ထပ်ပေါင်းထည့်လို့ ရနိုင်ပါသေးသည်။

'အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် အခန်း'နဲ့ဆိုတော့ ငါ့ရဲ့ စွမ်းအားက ပိုပြီးတောင် အားကောင်းလာပြီ။’

အရည်အသွေးတွေ ပေါင်းထည့်ထားသော အတွင်းအားဟာ ‘ဘာမှမပါသည့်’ အတွင်းအားနှင့် ယှဉ်၍ မရသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဥပမာအားဖြင့် ယခုဆိုလျှင် နင်ချီက တစ်စုံတစ်ယောက်ကို လက်ဖဝါးတစ်ချက်တည်းနှင့် ရေခဲရုပ်တုဖြစ်အောင် လုပ်နိုင်ပေမဲ့ ယခင်ကတော့ အားအသုံးပြုပြီး သတ်ရုံသာ တတ်နိုင်ခဲ့သည်။

‘နောက်တစ်ခုကတော့... အတွင်းစွမ်းအင်ပြီးပြည့်စုံမှုအဆင့်ကိုပဲ တစ်စိုက်မတ်မတ် ဦးတည်ရတော့မယ်။ ငါ့အတွင်းအား ခိုင်မာနေပုံအရဆိုရင် အဲ့ဒီအချိန်ရောက်တာနဲ့ ငါ့အတွင်းအားကို ခန္ဓာကိုယ်အပြင်ဘက် ထုတ်လွှတ်နိုင်တော့မှာ။’

နင်ချီ ဒီအဖြစ်ကို တော်တော်လေး မျှော်လင့်နေမိသည်။

‘ လေဆာဓား... ဟား... စိတ်ကူးကြည့်ရုံနဲ့တင် မိုက်နေပြီ။’ ။

ဟိုးအရင်က ရုပ်ရှင်တွေထဲက လေဆာဓားက သူ့ကို အမြဲတမ်း စိတ်ဝင်စားစေခဲ့၏။၊ အတွင်းအားကို ခန္ဓာကိုယ်အပြင်ဘက်ထုတ်လွှတ်နိုင်သော အစွမ်းကလည်း

လေဆာဓားနဲ့ အတူတူနီးပါးပဲ မဟုတ်ပါလား။ ခန္ဓာကိုယ်နှင့် ကင်းကွာပြီး ပျံသန်းလို့မရတာလေး တစ်ခုပဲ ကွာပါသည်။

ပန်းတိုင်တစ်ခု ရှိသွားပြီဆိုတော့...

နင်ချီ့မှာ ကျင့်ကြံဖို့အတွက် အားအင်တွေ ပိုပြည့်လာတော့သည်။

`မဟာအိပ်မက် သေခြင်းကိုးပါးအားကျမ်း` ကြောင့် သူ၏ ကျင့်ကြံနှုန်းက အမြဲတမ်း မြန်ဆန်ခဲ့သည်။

တစ်နှစ်ကျော်ကျော်လေးအတွင်းမှာ သူက အတွင်းစွမ်းအင် ပဉ္စမအဆင့်ကို ရောက်ခဲ့ပြီး အခုဆိုရင် ဆဋ္ဌမအဆင့် ပြီးပြည့်စုံမှုဆီသို့ ရောက်တော့မည်။

တာအိုရှာဖွေ ကျောင်းတော်အတွင်း...

မက်မွန်ပန်းတွေက တောက်ပစွာ ပွင့်လန်းနေ၏။

နင်ချီ၏ အမြင်အရဆိုလျှင် အရင်ကထက် သိုင်းကျမ်းတိုက်မှာ အဝင် အထွက်လုပ်နေသည့် တပည့်တွေ ပိုများလာသလိုပင်။

ချင်ယွင်က အစစ်အမှန်သိုင်းဂိုဏ်းကို သစ္စာဖောက်သွားသော သတင်းက အတွင်းစည်း၊ အပြင်စည်းဂိုဏ်းသားတွေကြားမှာ ကြာမြင့်စွာ ပျံ့နှံ့နေခဲ့လေပြီ။ တချို့က ဒေါသထွက်၊ တချို့က နောင်တရကြပေမဲ့၊ တချို့ကတော့ ကံကောင်းတယ်ဟု ခံစားမိကြသည်။ ချင်ယွင် မရှိတော့ဘူးဆိုတော့

တာအိုဆရာလုံရှန်းက တပည့်ထပ်လက်ခံနိုင်သည် ဆိုသော သဘောပဲ။ တချို့က ဒီအခွင့်အရေးကို အရယူပြီး ကောင်းကင်ထက်ကို ပျံတက်ချင်ကြသည်။

နင်ချီကတော့ ဒါကို ပြဿနာဟု

မမြင်ပါ။ ဒါက လူ့သဘာဝပဲလေ။

လူဆိုတာ အမြင့်ကို တက်လှမ်းဖို့ ကြိုးစားကြတာပဲ မဟုတ်လား။

သူကတော့ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။

ဒီအချိန်အတောအတွင်းမှာ အစ်ကို

ချင်ယွင်၏ ကိစ္စကြောင့် သူ၏ အစ်ကိုကြီး၊ အစ်မကြီးတွေက အရင်ကထက် ပိုပြီး အကြိမ်ရေ စိတ်စိတ် လာတွေ့ကြပြီး နင်ချီ့ကို အထူးဂရုစိုက်ကြသည်။

သူတို့က တစ်နေ့မှာ နင်ချီလည်း နှလုံးသားမိစ္ဆာဝင်မှာကို စိုးရိမ်နေကြပါသည်။ အတူတူနာကျင်မှုကို ဒုတိယအကြိမ် မခံစားချင်ကြတော့။

နင်ချီကတော့ စိတ်မဆိုးခဲ့ပါ။

သူ တဖြည်းဖြည်း နားလည်လာခဲ့သည်က ထာဝရ အသက်ရှည်ခြင်းကို လိုက်စားခြင်းက ကိုယ့်ကိုယ်ကိုယ် ခံစားချက်မရှိသော အေးစက်စက် ကျင့်ကြံခြင်းစက်ရုပ်ကြီးအဖြစ် ပြောင်းလဲပစ်ဖို့ မဟုတ် ဆိုတာကိုပင်။ ယခင်ကဆိုလျှငိ သူက တစ်ယောက်တည်းနေဖို့ အချိန်ပိုလိုချင်သည်၊ ကြီးပြင်းဖို့ အချိန်ပိုလိုချင်တယ်လို့ တွေးကောင်း တွေးမိလိမ့်မည်။ သို့သော် ာခုတော့ သူရှေ့မှာ ရှိနေသော လူတွေကို တန်ဖိုးထားဖို့ လိုအပ်တယ်ဆိုတာ နင်ချီနားလည်လာခဲ့ပါသည်။

သူ့အစ်ကိုကြီး၊ အစ်မကြီးတွေ လာတဲ့အခါ ဝမ်းမြောက်ဝမ်းသာ စကားစမြည်ပြောဖြစ်ပါသည်။ တကယ်တော့ အချိန်အများကြီးလည်း မကုန်ခဲ့ပါ။

ဒီလိုနှင့်...

မက်မွန်ပန်းတွေ အလှပဆုံး ပွင့်လန်းနေ

သည့် အချိန်မှာ...

နင်ချီဟာ သူ၏ ပဉ္စမမြောက် အသေတုအဖြစ်ကို ကြုံတွေ့ဖို့ အခွင့်အရေးရခဲ့သည်။

သူ၏ အတွင်းအားနှင့် ရုပ်ခန္ဓာက သိသိသာသာ ဆက်စပ်နေခဲ့လေပြီ။ ပဉ္စမမြောက် အသေတုအဖြစ်နှင့် ဆိုလျှင် သူက ဆဋ္ဌမအဆင့် နယ်ပယ်ကို တက်လှမ်းနိုင်ပြီး၊ အဲ့ဒီအခါကျရင်တော့ ‘လေဆာဓား’၏ စိတ်လှုပ်ရှားမှုကို စမ်းကြည့်လို့ ရလေပြီ။

သို့သော်... သူ ဘဏ္ဍာတိုက်ထဲကနေ အသေတု ဖြစ်စဉ်အတွက် လိုအပ်သည့် ပစ္စည်းတစ်ချို့ သွားယူမည် ကြံတုန်းမှာပဲ...။

လော့ဝမ်ထျန်းက ရင်ဘတ်ထဲက အကောင် ခုန်ထွက်သွားလောက်အောင် စိတ်လှုပ်ရှားစရာ သတင်းတစ်ခုကို သယ်ဆောင်လာခဲ့လေတော့သည်။ ထိုသတင်းကြောင့်

နင်ချီ၏ ခြေလှမ်းတို့ ခေတ္တရပ်တန့်သွားရတော့၏။

ပဉ္စမမြောက်တပည့်... ကျန်းပိုင်ရှန်း...ချီစွမ်းအင်နယ်ပယ်ကို အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီတဲ့။

All Chapters