← Chapters

အခန်း (၇၈၅)

Vol. 57 Ch. 785

အခန်း (၇၈၅)

Vol. 57 Ch. 785

လောထျန်း အသံတိတ်ပြီး ငြိမ်နေသည်ကို ကြည့်ရင်း အမျိုးသမီးက အောင့်သက်သက်ပြုံး၍ ပြောသည်။

" မင်း ကြောက်သွားတာလား ။ မထူးဆန်းပါဘူးလေ... "

သူမ ပြောနေရင်း ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ နေရာရွှေ့လိုက်ပြီးနောက် ... တစ်လုံးချင်း ဆက်ပြော၏။

" ဒီ စိတ်ဝိဥာဥ်ဝါးမြို အဆိပ်ပိုးကောင်က ထူးခြားတဲ့ အဆိပ်ပိုးကောင်တစ်မျိုးပဲ ။ အစစ်နဲ့ ပုံရိပ်ယောင် ရောထွေးနေတာလို့ ပြောလို့ရတယ် "

" လူတွေရဲ့ စိတ်ဝိဥာဥ်အစွမ်းအပေါ် မူတည်ပြီးတော့ အဲ့အဆိပ်ပိုးကောင်ကို အရွယ်အစား အမျိုးမျိုး တွေ့ရတတ်တယ် "

" ဥပမာ ပြောရရင် ငါမြင်ရတဲ့ အဆိပ်ပိုးကောင်က တောင်တစ်လုံးလောက်ကို အရွယ်အစားကြီးတယ် "

" ထျန်းလင်ဂိုဏ်းက ဒီကောင်လေး လာကြည့်မယ်ဆို အဲ့ကောင်က ကြယ်ကြီးတစ်ခုလောက်ကို ကြီးမှာ "

ထိုစကားကို ကြားသောအခါ လီချင်းယွမ် တစ်ကိုယ်လုံး တုန်သွားသည်။

ကြယ်ကြီးတစ်လုံးကို ကြီးမယ်တဲ့လား ...

ခန့်မှန်းပုံဖော်ကြည့်ရုံဖြင့်ပင် သူ့ကျောရိုးထဲမှ အေးစက်သွားသလို...

အမျိုးသမီးက စကားဆက်၏။

" ငါမပြောနဲ့ ၊ ထိပ်တန်းအဆင့် စိတ်ဝိဥာဥ်ပညာရှင်တွေတောင် ဒီ စိတ်ဝိဥာဥ်ဝါးမြို အဆိပ်ပိုးကောင်နဲ့ ရင်ဆိုင်ရရင် ကူကယ်ရာမဲ့ ဖြစ်သွားကြတာချည်းပဲ ။ ဒီကမ္ဘာကြီးမှာ ဒီပိုးကောင်ရဲ့ အဆိပ်ကို ကုသနိုင်တဲ့အခွင့်အရေး ရှိနိုင်တဲ့သူဆိုလို့ အများဆုံးမှ သုံးယောက်ကနေ ငါးယောက်လောက်ပဲ ရှိမှာ ။ ပြီးတော့ အဲ့လူတွေကလဲ ထိပ်ဆုံးအဆင့် စိတ်ဝိဥာဥ်ပညာရှင်တွေပဲ "

" အဲ့လိုလား.. "

ထိုစကားကြောင့် လီချင်းယွမ်၏ မျက်နှာက သိသိသာသာပင် သုန်မှုန်သွားသည်။

ထိုစဥ် လောထျန်းက ရုတ်တရက် ပြောလာ၏။

" တနည်းပြောရရင် ... အဲ့ စိတ်ဝိဥာဥ်ဝါးမြို အဆိပ်ပိုးကောင်ကို သတ်လိုက်တာနဲ့ ခင်ဗျားရဲ့ အဆိပ်ကိုလဲ ကုနိုင်မှာပေါ့.. ဟုတ်လား "

တဖက်အမျိုးသမီး အံ့အားသင့်နေပြီးနောက် ဒေါသထွက်သွားပုံ ပေါ်သည်။

သူမ ပြောခဲ့သော စကားများက အလကားဖြစ်နေသလိုလည်း ခံစားလိုက်ရပါ၏။

လောထျန်းက သူမစကားကို နားမထောင်ခဲ့ဘူးလား ...

အဆိပ်ပိုးကောင်ကို သတ်မယ်တဲ့လား ...

ထိုကောင်ကို သတ်ရန်သာ ဤမျှလွယ်နေခဲ့လျှင် သူမ ယခုလိုအခြေအနေသို့ ရောက်စရာ ဘာ

အကြောင်းရှိမည်နည်း ။

ထို့ကြောင့် သူမ ဒေါသထွက်သွားကာ လောထျန်းအား အေးစက်စက် ပြောလိုက်သည်။

" ဟုတ််တယ် ၊ အဲ့ကောင်ကို သတ်လိုက်ရင်ရပြီ ။ လုပ်လေ.. သတ်ကြည့်လိုက် "

လောထျန်း ခေါင်းညိတ်လိုက်၏။

" အိုး.. ကောင်းပါပြီ "

သူ ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်ကမ္ဘာထဲ၌ ခြေတစ်ဖက်မြှောက်၍ ပိုးကောင်ဆီသို့ ဖိနင်းလိုက်သည်။

တဖက်မှ အမျိုးသမီးက အေးစက်စက်အသံဖြင့် ဆက်ပြော၏။

" မင်းက ငယ်လွန်းသေးတော့.. အဲ့လို ယုံကြည်ချက်မျိုး ဘယ်ကနေရနေလဲဆိုတာ ငါ မသိဘူး ။ အဲ့ကောင်ကို သတ်ဖို့သာ ဒီလောက်လွယ်နေရင် ငါက ဘာဖြစ်လို့ ..... "

သူမစကား မဆုံးခင်မှာပင် လောထျန်း၏ ​ခြေဖဝါး

က ပိုးကောင်ပေါ်သို့ ကျသွားပါ၏။

စိတ်ဝိဥာဥ်ဝါးမြို အဆိပ်ပိုးကောင်ထံမှ အော်သံကြီး ထွက်လာပြီးနောက်. ...၎င်းမှာ အပိုင်းပိုင်း ဖိခြေခံလိုက်ရတော့သည်။

ထို့နောက် ၎င်းပိုးကောင်၏ ပြိုကွဲသွားသော အစိတ်အပိုင်းများက သန့်စင်လှသော စိတ်ဝိဥာဥ်အစွမ်းအဖြစ် ချက်ချင်းပြောင်းကာ စိတ်ဝိဥာဥ်ကမ္ဘာထဲ လွင့်ပါးပျောက်ကွယ်သွား၏။

လောထျန်းက ထို စိတ်ဝိဥာဥ်ကမ္ဘာထဲမှ သူ့စိတ်ဝိဥာဥ်အစွမ်းကို ပြန်ရုတ်သိမ်းလိုက်သည်။

" ဟင်... "

ထိုစဥ်တွင် အမျိုးသမီးမှာလည်း တစ်ခုကို သတိထားမိသွား၏။

သူမ ခန္ဓာကိုယ်ကို ရွှေ့ကြည့်လိုက်ရာ.. ဘာမှ ထူးခြားမှု ရှိမနေပါချေ။

သို့သော် သူမအား တစ်ချိန်လုံး တိုက်စားနေခဲ့သည့် အစွမ်းက ပျောက်ကွယ်သွားခဲ့လေပြီ...

ထို့အပြင်.. သူမ၏ အားကောင်းလှသော အသက်အစွမ်းကြောင့် သူမ၏ ကိုယ်ကလည်း တစ်ဖြည်းဖြည်း ပြန်ကောင်းလာသည်ကို ခံစားလိုက်ရပါသည်။

၎င်းမှာ စိတ်ဝိဥာဥ်ဝါးမြို အဆိပ်ပိုးကောင်ကြီး ရှင်းသွားပြီဆိုသည့် လက္ခဏာပင်...

သို့သော် ၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း ....

ဤမျှ အစွမ်းထက်လှသော ပိုးကောင်ကြီးက မည်သို့ သေသွားခဲ့ရပါသနည်း...

ထိုတခဏ၌ သူမ တစ်ခုတည်းသော ဖြစ်နိုင်ချေကို တွေးမိကာ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။

" မင်း... မင်းလုပ်ခဲ့တာ မဟုတ်လား "

သူမ အသံတုန်တုန်ဖြင့် မေးလိုက်၏။

လောထျန်း ခေါင်းညိတ်ပြသည်။

" ဟုတ်တယ် "

" ဒါပေမယ့်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ အဲ့ဒီ စိတ်ဝိဥာဥ်ဝါးမြို အဆိပ်ပိုးကောင်ကြီးက အဲ့လောက်အစွမ်းထက်တာကို.. ၊ မင်း ဘယ်လိုသတ်ခဲ့တာလဲ ။ ထိပ်တန်းအဆင့် စိတ်ဝိဥာဥ်ကျင့်စဥ်တွေ တတ်ထားလို့လား "

လောထျန်းက သူမကို ကြည့်ကာ အေးဆေးပင် ပြန်ပြော၏။

" ကျုပ် အဲ့ကောင်ကို ဒီတိုင်း ​ခြေထောက်နဲ့နင်းပြီးပဲ သတ်ခဲ့တာ "

သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်သွားသည် ။

ခြေနှင့်နင်းပြီး သတ်ခဲ့တာတဲ့လား ...

အမျိုးသမီးမှာ သူမ နားကြားများ လွဲသွားသလားဟု တွေးနေပုံပါပင် ...

လီချင်းယွမ်မှာလည်း နားမလည်နိုင်သည့် မျက်နှာကြီး ဖြစ်နေပါ၏။

ကြယ်တစ်လုံးလောက် ၊ သို့မဟုတ်.. တောင်တစ်လုံးလောက် ကြီးမားသော အကောင်ကြီးကို ခြေဖြင့်နင်း၍ သတ်လို့ရပါသလား ...

အမျိုးသမီးမှာ ရုတ်တရက်... ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားပြီး အသံတုန်တုန်ဖြင့် မေးလိုက်သည်။

" ခဏနေဦး.. ငါ မေးဦးမယ် ။ အဲ့ အဆိပ်ပိုးကောင်က ဘယ်အရွက်လောက်ရှိတယ်လို့ မင်း မြင်ရလဲ "

လောထျန်းက ခေတ္တမျှ စဥ်းစားပြီးမှ လက်ဖြင့် ဝိုင်းပြ၍ ပြောသည်။

" ဒီလောက်လောက် ရှိတယ် "

" ဘယ်လို . "

အမျိုးသမီး တုန်လှုပ်သွားရပြန်တော့သည်။

သူမ၏ မျက်လုံးတွင် တောင်တစ်လုံးစာ အရွယ်ရှိသော အကောင်ကြီးက လောထျန်းအတွက် အဲ့

လောက်လေး တဲ့လား ...

လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက မည်မျှ အားကောင်းပါသနည်း ..

အမျိုးသမီးက လောထျန်းအား တုန်လှုပ်စွာကြည့်ရင်း အသံတုန်တုန်ဖြင့် ဆက်မေးသည်။

" တဆိတ်လောက်... မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ငါ့ကိုပြလို့ ရမလား "

လောထျန်း စဥ်းပင်မစဥ်းစားဘဲ ခေါင်းညိတ်လိုက်၏။

" အဲ့ဒါက လွယ်ပါတယ် "

သူ ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်း အချို့ကို ထုတ်လွှတ်လိုက်သည်။

ဝီ ...

ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းကြီးတစ်ခုက တောင်ကြောတစ်ခုလုံးကို တမဟုတ်ချင်း လွှမ်းခြုံလာ၏။

" ဒါ... "

အမျိုးသမီးမှာ မြင်နေရသည့် မြင်ကွင်းကိုကြည့်ရင်း မှင်သက်သွားရတော့သည်။

" ဒီ စိတ်ဝိဥာဥ်အစွမ်းက ကြောက်စရာကောင်းလိုက်တာ ။ ဟို မသေမျိုးဘုရင် ဘွဲ့ရထားတဲ့ သူတွေထက်တောင် အများကြီး ပိုကြောက်စရာကောင်းသေးတယ် ။ ဒီကမ္ဘာကြီးမှာ အဲ့လိုဘီလူးကြီး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ "

သူမ ကြောက်ရွံ့ နေပါတော့သည်။

ထိုစဥ် လောထျန်းက အမျိုးသမီးကိုကြည့်ကာ ပြောလာ၏။

" ဒါဆို.. အခု ကျုပ်ကို မျောလွင့်တိမ်တိုက်ငှက်မွေး ပေးလို့ရပြီလား "

အမျိုးသမီး ခေတ္တမျှ အံ့အားသင့်နေပြီးမှ အသိပြန်ဝင်လာသည်။

ထို့နောက် သူမ ခေါင်းညိတ်၍ ပြောလိုက်၏။

" ဒါပေါ့... "

လက်ရှိတွင် သူမ၏ အသက်ကို ကာကွယ်ရန်အတွက် ထိုငှက်မွေးအား မလိုတော့ပေရာ လောထျန်းအား ပေးလိုက်၍လည်း ဘာမှမဖြစ်တော့ပါချေ။

သို့သော် သူမ ရုတ်တရက် ထပ်ပြောလိုက်သည်။

" ဒါပေမယ့်... တစ်လလောက်တော့ စောင့်လို့ရမလား "

" ဟင်... "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

သဘောတူပြီးသား ကိစ္စကို ယခုမှ ဘာကြောင့် စိတ်ပြောင်းနေရပါသနည်း...

လောထျန်းဖြစ်သွားသည့် မျက်နှာကိုကြည့်ရင်း အမျိုးသမီးက မြန်မြန်ရှင်းပြရှာသည်။

" ငါ ကတိဖျက်ချင်လို့ မဟုတ်ပါဘူး ။ ခုက ဒီ မျောလွင့်တိမ်တိုက်ငှက်မွေးမှာ ပြဿနာနည်းနည်း ရှိနေတယ် "

သူမ ပြောကု ငှက်မွေးအား ခက်ခက်ခဲခဲ ထုတ်ယူ

လိုက်၏။

ထိုစဥ်မှသာ.. ငှက်မွေးက အရောင်မှိန်နေပြီး ၎င်းပေါ်တွင်လည်း မသေမျိုးစိတ်ဝိဥာဥ် အနည်းငယ်လေးနှင့် တာအိုသံစဥ်နည်းနည်းလေးသာ ရှိနေသည်ကို လောထျန်း မြင်လိုက်ရသည်။

" ပြီးခဲ့တဲ့ နှစ်တွေမှာ စိတ်ဝိဥာဥ်ဝါးမြို အဆိပ်ပိုးကောင်ကြောင့် ဒီ မျောလွင့်တိမ်တိုက်ငှက်မွေးရဲ့ အစွမ်းတွေ အများကြီး ကုန်သွားခဲ့ရတယ် ။ ဒါကိုသာ ကျင့်ကြံခြင်းအတွက် သုံးမယ်ဆို ရလဒ်က သိပ်ကောင်းနိုင်မှာ မဟုတ်ဘူး ။ အဲ့တော့ ငါ့ကို အချိန်တစ်လပဲပေးပါ... အဲ့ကျရင် ငှက်မွေးက မူလအခြေအနေ ပြန်ရောက်နိုင်မယ်လို့ ငါ ယုံတယ် "

အမျိုးသမီး ပြောကာ လောထျန်းအား စိုးရိမ်တကြီး ကြည့်လိုက်သည် ။

လောထျန်း သူမ၏ မျက်လုံးကိုကြည့်ကာ ခဏတာမျှ စဥ်းစားနေပြီးမှ ခေါင်းညိတ်လိုက်၏။

" ကောင်းပါပြီ ၊ ဒါဆိုလဲ ခင်ဗျားပြောသလိုပဲ စောင့်ကြတာပေါ့ "

တဖက်လူက ထွက်ပြေးရဲမည်ဟု သူ မထင်ပါချေ။

" ကျေးဇူးတင်ပါတယ် သခင်လေး "

အမျိုးသမီးက အသံတုန်တုန်ဖြင့် ပြန်ပြောရှာသည်။

ထိုစဥ်တွင် လောထျန်းမှာ သူမအနေဖြင့် စော်ကားရန်စ၍ ရသူတစ်ယောက် မဟုတ်မှန်း သူမ နားလည်နေလေပြီ ။

" သခင်မကြီး... အခု ဘယ်နေရာမှာနေမယ်လို့ စဥ်းစားထားလဲဗျ "

ထိုစဥ် လီချင်းယွမ်က မေးလာ၏။

အမျိုးသမီး ခေတ္တမျှ မှင်သက်နေပြီးမှ ပြန်ပြောလိုက်သည်။

" အခုလောလောဆယ်တော့ ဒီမှာပဲနေပြီး ဒဏ်ရာတွေသက်သာအောင် ကုလိုက်ဦးမယ် "

လီချင်းယွမ် စဥ်းစားသွားရပုံ ပေါ်ပြီးမှ ရုတ်တရက် ပြော၏။

" ကျုပ်တို့နဲ့အတူ ထျန့်ကျီတောင်ကို လိုက်ခဲ့ပါလား

သခင်မကြီး ။ သခင်မကြီး ဒဏ်ရာတွေသက်သာသွားလို့ အရောင်အဝါသာ ထွက်သွားရင်.. ရန်သူတွေ အာရုံခံမိသွားနိုင်တယ်လေ ။ အဲ့ကျရင် သခင်မကြီးအတွက် ပြဿနာတွေ ဖြစ်လာလိမ့်မယ် "

သူ့စကားကြောင့် အမျိုးသမီး အံ့သြတုန်လှုပ်သွားဟန် တူသည်။

" ထျန့်ကျီတောင် ... မဟုတ်မှလွဲရော ... "

သူမ တုန်လှုပ်စွာဖြင့် လောထျန်းဘက် ထပ်လှည့်ကြည့်လိုက်၏။

ထျန့်ကျီတောင်မှာ ဘာဆိုသည့် အဓိပ္ပါယ်ကို သူမ မသိဘဲ မနေပါချေ။

တဖက်မှ လီချင်းယွမ်က အသံတိတ် ခေါင်းညိတ်ပြ၏။

အမျိုးသမီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ လောထျန်းဘက် ထပ်လှည့်ကြည့်လိုက်ပြန်သည်။

သူမစိတ်ထဲတွင်လည်း " သူ အဲ့လိုဖြစ်နေတာ မဆန်း

တော့ပါဘူး " ဟု တွေးမိလိုက်၏။

နောက်ဆုံးတွင်မူ.. သူမ ဆုံးဖြတ်ချက် ချလိုက်သည်။

" ဟား ဟား ... သက်ရှိတွေအတွက် တားမြစ်နယ်မြေ ဆိုတော့ရော ဘာဖြစ်သေးလဲ ။ အရင်တုန်းက မသေမျိုးဘုရင်ဘွဲ့ ရထားတဲ့သူကို ငါ ယုံကြည်ခဲ့တာတောင် နောက်ဆုံးမှာ ဒီလိုအခြေအနေ ရောက်ခဲ့ရသေးတာ ... ။ ဒီတော့ ထျန့်ကျီတောင်ကိုပဲ သွားလိုက်မယ် "

သူမ ထိုသို့တွေးကာ နံရံကို မှီထားရာမှ ခက်ခက်ခဲခဲ ရပ်လိုက်ပြီးနောက်... လောထျန့်ရှေ့ ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။

" ကျွန်မက မသေမျိုးမီးတောက် လုဟုန်လင်း ပါ ။ ခုချိန်ကစပြီးတော့ ကျွန်မ သခင်ကြီးအပေါ် သစ္စာစောင့်သိပြီး ဒေသကြီးကိုးခုကို ပေါင်းစည်းတဲ့နေရာမှာ အတတ်နိုင်ဆုံး ကူညီပါ့မယ် "

All Chapters