← Chapters

အခန်း (၇၈၈)

Vol. 57 Ch. 788

အခန်း (၇၈၈)

Vol. 57 Ch. 788

တဖက်လူက သူ့အား အထင်သေးနေသည်ကို လောထျန်း ချက်ချင်း သဘောပါက်လိုက်သည်။

သူ မျက်ခုံးပင့်သွားကာ ပြောလိုက်၏။

" အဆင့်၇ မသေမျိုး အစီအမံလောက်ကို ဘာလို့ မလုပ်တတ်ရမှာလဲ "

တဖက်မှ အမျိုးသမီး လောထျန်းအား ကြည့်လိုက်သည်။

" ကျွန်မ လိုချင်တာက အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း ရှင့် "

လောထျန်း လန့်သွားပုံဖြင့် ရှောက်ရဘက်သို့ လှည့်ကြည့်လိုက်သည်။

" အဲ့နှစ်ခုက ဘာကွာလို့လဲ "

ရှောက်ရက ချက်ချင်း ရှင်းပြရှာ၏။

" ဒီလိုပါ လက်ထောက်ဂိုဏ်းချုပ်ကြီး... အစီအမံ

တွေမှာက စိတ်စွမ်းအင်ကျောက်တုံး တွေနဲ့ တခြားပစ္စည်းတွေ ပါတယ်လေ ။ အဲ့ဒါတွေက အချိန်တွေအကြာကြီးအထိ သုံးလို့ရတယ်ဆိုပေမယ့် တစ်နေရာကနေ တစ်နေရာကို စိတ်ရှိသလို ရွှေ့ပြောင်းလို့ မရဘူး "

" ဒီကဧည့်သည် လိုချင်တဲ့ အစီအမံပုံကြမ်းဆိုတာကျတော့... အဆောင်စာရွက်တွေမှာ ရေးထားတာမျိုးကို ပြောတာ ။ အဲ့အဆောင်ကိုကျတော့ လိုချင်တဲ့နေရာကို သယ်သွားလို့ရတယ်လေ... ပြီးမှ အဲ့ဒါကို အသက်သွင်းလိုက်ရင် အစီအမံတစ်ခုအဖြစ် ပြောင်းသွားမှာ ။ ပြောရရင်တော့ ရွှေ့ပြောင်းလို့ရတဲ့ အစီအမံပေါ့ရှင် ။ ဒါပေမယ့် အားနည်းချက်တစ်ခုကတော့ အဲ့လိုပုံကြမ်းတွေက အချိန်အကြာကြီး မခံဘူး ။ ပုံမှန်ဆိုရင်တော့ ကြာရှည်ခံတဲ့ အတိုဆုံးအချိန်က စက္ကန့်ပိုင်းလောက်ပဲ... အကြာဆုံးကတော့ နာရီပိုင်းပဲရှင် "

သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လောထျန်း နားလည်သွားပါသည်။

၎င်းမှာ တစ်ခါသုံး အစီအမံပါပင်...

တဖက်မှ အမျိုးသမီးမှာကား သူတို့နှစ်ယောက် ပြောနေသည်ကို နားထောင်ရင်း လောထျန်းအား ပို၍ မယုံမကြည် ဖြစ်သွားပါ၏။

တဖက်လူက ထိုအချက်ကိုပင် မသိထားဘူး မဟုတ်ပါလား ...

ထို့ကြောင့် သူမ သက်ပြင်းချ၍ ပြောလိုက်သည်။

" သခင်လေးတို့နှစ်ယောက်ကို အနှောင့်ယှက်ပေးသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ရှင် ။ ကျွန်မ တခြားဆီပဲ သွားမေးလိုက်တော့မယ် "

သူမ ပြောပြီး ထွက်သွားရန် ထပ်ပြင်လိုက်၏။

ရှောက်ရက မြန်မြန်ဝင်ပြောသည်။

" ခဏနေပါဦးရှင် ... မသွားပါနဲ့ဦး ။ ကျွန်မတို့ဆီမှာ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း တကယ်ရှိပါတယ် "

လောထျန်းက မသိသေးသော်လည်း ရှောက်ရကမူ ကောင်းကောင်းကြီး သိပါ၏။

သူမတို့ တိုင်လင်စင်မြင့်မှာ နောက်ပိုင်းတွင် စီးပွားရေး အလွန်ကျဆင်းလာခဲ့ပြီး ရသည့်ငွေက ဂိုဏ်း၏ကုန်ကျစားရိတ်ကို ကာမိရန်ပင် မလုံလောက်ပါချေ။

သို့ဖြစ်ရာ ယခုလို ပိုက်ဆံများများ ရနိုင်မည့် အခွင့်ကြီးအား လက်လွတ်၍ မဖြစ်ပေ ။

တဖက်မှ အမျိုးသမီး မျက်မှောင်ကြုံ့သွားကာ ပြန်ပြောသည်။

" ရှင်တို့ဆီမှာ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းတွေ ရှိတာ သေချာလို့လား "

ရှောက်ရက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြော၏။

" ဒါပေါ့ရှင် "

တဖက် အမျိုးသမီး တွန့်ဆုတ်သွားပြီးနောက်မှ ပြန်ပြောသည်။

" ကောင်းပြီ ။ ဒါဆိုရင်... ကျွန်မ အဲ့ဒါတွေကို အရင်ကြည့်လို့ရလား "

ရှောက်ရက လောထျန်းလက်ကို ရက်တရက်ဆွဲကာ ခန်းမအနောက်ဘက်သို့ ခေါ်လာလိုက်၏။

လောထျန်း သူမကိုကြည့်၍ မေးလိုက်သည်။

" ဘာဖြစ်လို့လဲ... ကျုပ်တို့ဆီမှာ အဲ့ဒါတွေ မရှိလို့လား "

ရှောက်ရ မျက်နှာပျက်စွာ ပြန်ဖြေသည်။

" သခင်ကြီး မရောက်လာခင် ကျွန်မတို့ထဲမှာ အစွမ်းအထက်ဆုံးက သခင်ကြီးရှု ပဲရှင့် ။ သူကလဲ အဆင့်လေး မသေမျိုးအစီအမံပညာရှင် တစ်ယောက်ပဲ ။ အဲ့တော့ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲရှင် ။ ဒါကြောင့်မို့လဲ အဲ့ဒါတွေကို လုပ်ဖို့ သခင်ကြီးကို ခေါ်လိုက်တာ "

လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးမှ ပြန်ပြောလိုက်၏။

" အစီအမံကို လုပ်ရတာတော့ ပြဿနာမရှိဘူးဗျ ။ ဒါပေမယ့်.. ကျုပ်က အစီအမံပုံကြမ်းကို တစ်ခါမှ မတွေ့ဖူးဘူးလေ ။ အဲ့တော့ ကျုပ်ကို နမူနာကြည့်စရာ အဆင့်နိမ့် အစီအမံပုံကြမ်းတွေ ပြပေးလို့ရမလား "

" ရတာပေါ့ "

ရှောက်ရက ပြောပြောဆိုဆိုပင် အဆင့်တစ် မသေမျိုးအစီအမံပုံကြမ်းကို ထုတ်၍ လောထျန်းအား ပေးလိုက်သည်။

" အဲ့ဒါ အဆင့်တစ် မသေမျိုးအစီအမံပုံကြမ်းပဲ သခင်ကြီး ။ အဲ့ဒါမျိုးကို ပြင်ဆင်တဲ့ပုံက ပုံမှန် အစီအမံပြင်ဆင်တာနဲ့ သဘောတရား အတူတူပဲ.. ၊ ထွင်းစာတွေကို အဆောင်ကျောက်ပြားပေါ်မှာ ရေးတာလေးတစ်ခုပဲ ကွာသွားတာ ။ အဲ့ဒါလောက်ကတော့ လက်ထောက်ဂိုဏ်းချုပ်ကြီးအတွက် ဘာပြဿနာမှ မရှိနိုင်ပါဘူး "

ရှောက်ရ စိတ်လှုပ်ရှားစွာ ဆို၏။

လောထျန်း စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ အဆောင်ကျောက်ပြားအား သေချာစစ်ဆေးကြည့်လိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။

" အင်း.. တကယ်လဲ မခက်ဘူးပဲ "

ရှောက်ရ ချက်ချင်း မျက်နှာဝင်းသွားသည်။

" ကျွန်မပြောသားပဲ.. လက်ထောက်ဂိုဏ်းချုပ်ကြီး လုပ်နိုင်ပါတယ်လို့ ။ အဲ့ဒီ အဆင့်၇ မသေမျိုး

အစီအမံပုံကြမ်းက အင်မတန် အဖိုးတန်ဆယ် ။ ကျွန်မ မှတ်မိသလောက်ဆို.. သခင်ကြီး ကောင်းကင်ဘုံစင်မြင့် ဆောက်ချင်နေတာ မဟုတ်လား ။ ဒီလို အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း အခု သုံးရာ ကနေ ငါးရာလောက်သာ ရောင်းလိုက်ရင် အဲ့ ကောင်းကင်ဘုံစင်မြင့်ဆောက်ဖို့ ပိုက်ဆံ လုံလုံလောက်လောက် ရသွားမှာ သခင်ကြီးရဲ့ "

လောထျန်းမှာ အစပိုင်းတွင် ထူးမခြားနားပုံ ပေါက်နေခဲ့သော်လည်း ထိုစကားအား ကြားပြီးနောက်တွင်မူ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

" ဘယ်လို... အစီအမံပုံကြမ်း သုံးရာ ကနေ ငါးရာလောက် ရောင်းလိုက်ရင် ကောင်းကင်ဘုံစင်မြင့် ဆောက်လို့ရပြီ ဟုတ်လား.. "

သူ ရှောက်ရ၏ ပြောစကားအတိုင်း ထပ်မေးလိုက်၏။

ရှောက်ရက အသည်းအသန် ခေါင်းညိတ်ပြသည်။

" အမှန်ပဲ ။ တကယ်လို့ သခင်ကြီးတာ တစ်ရ​က်ကို အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း တစ်ခုလောက် ပုံမှန်ရေးသွားရင် နောက်တစ်နှစ်ခွဲလောက်ဆို ပိုက်ဆံ

လုံလုံလောက်လောက် ရသွားမှာ။ ကျွန်မတို့ တိုင်လင်စင်မြင့်က အဲ့ ကောင်းကင်ဘုံစင်မြင့်ကို ဘယ်လိုဆောက်ရမယ်မှန်း မသိပေမယ့် ပိုက်ဆံသာပေးလိုက်ရင် လုပ်ပေးမယ့်သူတွေမှ အများကြီးပါရှင် "

သူမ ပြောနေစဥ်တွင် လောထျန်းတစ်ယောက် အသက်ရှူသံ မြန်လာသည်ကို သတိထားမိလိုက်ပါ၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး.. ဘာဖြစ်လို့လဲဟင် "

သူမ စိုးရိမ်စွာ မေးလိုက်သည်။

လောထျန်းက သူမကို တစ်ချက်ကြည့်ကာ ပြော၏။

" အခု အဆောင်ကျောက်ပြားတွေ သွားယူလာခဲ့ပါလား "

" ဟုတ်ကဲ့ "

ရှောက်ရက ချက်ချင်းပင် အဆောင်ကျောက်ပြားအချို့ ထုတ်ကာ လောထျန်းရှေ့ ချပေးလိုက်သည်။

လောထျန်း ၎င်းကိုကြည့်ကာ မျက်နှာ မသာမယာ

ဖြစ်သွား၏။

" အဲ့လောက်လေးနဲ့ ဘာလုပ်မှာလဲဗျာ.. ကျုပ်ကို ထပ်ပေးဦး ။ မဟုတ်သေးဘူး. ယ တိုင်လင်စင်မြင့်မှာ ရှိသမျှ အဆောင်ကျောက်ပြားတွေ အကုန်လုံးသာ ပေးဗျာ "

လောထျန်း အကျီလက်ကို ပင့်တင်၍ ပြောလိုက်သည်။

ရှောက်ရ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

" ဟုတ်သားပဲ.. အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းက လုပ်ဖို့မလွယ်တော့.. တကယ်လို့ အမှားပါသွားခဲ့ရင် ထပ်လုပ်လို့ရအောင် ကြိုပြင်ထားသင့်တာပေါ့ "

သူမ ပြောကာ လှည့်ထွက်သွားသည်။

တဖက်မှ လောထျန်း၏ ခေါင်းထဲတွင်ကား အခြားအတွေးသာ ရှိနေပါ၏။

" ခုနက အမျိုးသမီး ပြောသွားတာ.. သူ အစီအမံပုံကြမ်းကို ရနိုင်သလောက် လိုချင်တာတဲ့ ။ အဲ့တော့

နည်းနည်းလေးနဲ့ အလုပ်မဖြစ်လောက်ဘူး "

လောထျန်း တွေးပြီး စိတ်လှုပ်ရှားသွားကာ ခေါင်းထဲတွင်လည်း အဆင့်၇ မသေမျိုးအစီအမံ ပေါင်းစုံ ပေါ်လာသည်။

" အရင်ဆုံး ကြယ်ခုနစ်စင်း အဖျက်အဆီးအစီအမံ လုပ်မယ်ကွာ "

လောထျန်း တွေးကာ အဆောင်ကျောက်ပြားတစ်ခုကို ချက်ချင်းကောက်ယူ၍ ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် ရေးသားလိုက်တော့သည် ။

သုံးစက္ကန့် ကြာပြီးချိန်တွင်မူ ...

" ပြီးသွားပြီ ... "

လောထျန်းမှာ ပထမဆုံး မသေမျိုးအစီအမံပုံကြမ်းကို ရေးပြီးသွားရုံမက ၊ လိုအပ်ချက်များကိုလည်း ပြုပြင်၍ ပြီးသွားပါသည်။

စီးပွားရေးလုပ်ရာတွက် ကိုယ်ရောင်းသည့် ပစ္စည်းက ထိပ်ဆုံးအရည်အသွေး ရှိနေသင့်သည် မဟုတ်ပါလား...

ထို့နောက်.. သူ ဒုတိယတစ်ခု ထပ်ရေးလိုက်၏။ ပြီးနောက်.. တတိယတစ်ခု ...

ဤသို့ဖြင့် တခဏအချိန်လေးအတွင်းမှာပင် သူ့ရှေ့၌ ရှိနေသည့် အဆောင်ကျောက်ပြားများ အားလုံးကို သုံး၍ ပြီးသွားပါတော့သည်။

ထိုစဥ်မှာပင် အဆောင်ကျောက်ပြား တစ်ထပ်ကြီးကို ကိုင်ထားသော ရှောက်ရတစ်ယောက် ပြန်ရောက်လာ၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ယူခိုင်းတဲ့ အဆောင်ကျောက်ပြားတွေ ပါလာပါပြီ "

သူမ ပြောကာ အဆောင်ကျောက်ပြားများအား လောထျန်းရှေ့ ချပေးလိုက်သည်။

" အင်း.. ကောင်းတယ် "

လောထျန်းက ၎င်းကို မြင်သည်နှင့် အဆောင်

ကျောက်ပြားတစ်ခုကို ချက်ချင်းကောက်ယူပြီး တခဏအကြာတွင် ပြန်ချလိုက်၏။

" ဟင်... လက်ထောက်ဂိုဏ်းချုပ်ကြီး.. အဲ့လောက်မြန်မြန်ကြီး ကျရှုံးသွားတာလား "

၎င်းကို ကြည့်နေသော ရှောက်ရတစ်ယောက် မှင်သက်သွားသည်။

သူမရင်ထဲတွင်လည်း အနည်းငယ် ဝမ်းနည်းသွားပါ၏။ အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းကို ရေးဆွဲရန် ခက်သည်နှင့် တူပါသည်။

သို့သော် လောထျန်းက သူမကို တစ်ချက်ကြည့်ကာ ပြန်ပြောသည်။

" ဘာကို ကျရှုံးရမှာလဲ "

" အင်... ဒါဆိုရင်.. "

ရှောက်ရ တခဏမျှ အံ့သြမှင်သက်သွားကာ လောထျန်း ဘေးသို့ ပစ်ချထားသော မသေမျိုးအဆောင်အား လက်ညိုးထိုးပြလိုက်သည်။

သို့သော် တခဏတကြာတွင် သူမ နားလည်သွားပါသည်။

" ဟင်... ဒီအရောင်အဝါ.. ဒီထွင်းစာ... ဒီအစွမ်းက... ၊ ဒါ.. အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်း လား.. "

သူမ တုန်လှုပ်စွာ မေးလိုက်သည်။

" ဟုတ််တယ်လေ.. ဘာလို့လဲ ၊ ဟို အမျိုးသမီးက မလိုချင်ဘူးတဲ့လား "

လောထျန်း အနည်းငယ် နားမလည်နိုင် ဖြစ်သွား၏။

ရှောက်ရမှာမူ ၎င်းကိုကြည့်နေရင်း အသက်ရှူ မဝတော့သလိုပါပင် ...

" သခင်ကြီးက အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းကို အဲ့လောက်မြန်မြန်ကြီး ရေးလို့ ပြီးသွားခဲ့တာလား "

သူမ လောထျန်းအား စိုက်ကြည့်ကာ တုန်လှုပ်စွာ မေးလိုက်သည်။

သူမသည်လည်း အစီအမံပညာရှင် တစ်ယောက်ပါ

ပင်...

ထို့ကြောင့် မသေမျိုးအစီအမံပုံကြမ်း၏ ရှုပ်ထွေးပုံကို ကောင်းကောင်းကြီးသိပါ၏။

သူမဆိုလျှင်မူ.. အဆင့်တစ် မသေမျိုးအစီအမံပုံကြမ်းလေး တစ်ခုကို ရေးရန်ပင် အနည်းဆုံး အချိန် ငါးနာရီ ၊ ခြောက်နာရီကြာ အချိန်ယူရပါသည်။

သို့သော် လောထျန်းက မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်း ရေးလို့ ပြီးသွားခဲ့တာလား...

ဒေါသထွက်စရာ မကောင်းလွန်းဘူးလား...

ထိုစဥ် လောထျန်းက ခေါင်းယမ်း၍ ပြောလာသည်။

" ခင်ဗျား နားလည်မှု လွဲနေပြီ ။ ကျုပ် တစ်ခုတည်းကို မြန်မြန်ပြီးသွားတာ မဟုတ်ဘူး... "

" ဟင်... "

ရှောက်ရ အံ့သြသွားပြီးနောက် ခေါင်းညိတ်လိုက်၏။

ဟုတ်ပါသည် ... နားလည်မှုလွဲခြင်းသာ ဖြစ်ရပေမည် ။

မည်သူက ဤမျှလောက် မြန်နိုင်ပါမည်နည်း ။

လောထျန်းက ပြောပြောဆိုဆိုပင် အစီအမံပုံကြမ်း ဆယ့်နှစ်ခုကို ထုတ်၍ ဆက်ပြော၏။

" ကျုပ် ဒါတွေလဲ ရေးပြီးသွားပြီ "

" ဘယ်လို... "

ရှောက်ရ တုန်လှုပ်သွားရပြန်တော့သည်။

အစာကတစ်ခုနှင့် ပေါင်းလိုက်ပါက.. မသေမျိုးအစီအမံပုံကြမ်း ဆယ့်သုံးခုပင် ရှိသွားပြီလား ...

၎င်းတို့အားလုံးကိုလည်း အခုလေးတင် ရေးလိုက်တာတဲ့လား ...

သူမ ချက်ချင်း ခေါင်းမာ့လာကာ လောထျန်းအား ဘီလူးကြီး တစ်ယောက်သဖွယ် ကြည့်လိုက်သည်။

ထိုသူက လူသားတစ်ယောက်ရော ဟုတ်ပါသေးရဲ့လား ...

လောထျန်းက သူမကိုကြည့်၍ ထပ်ပြောလာ၏။

" ဧည့်သည်ကို ဒီ နမူနာပုံစံတွေ အရင်သွားပြလိုက်ဗျာ ။ ကျုပ်က ဒီကျန်တဲ့ အဆောင်ကျောက်ပြားတွေပေါ်မှာ မြန်မြန်ရေးထားလိုက်မယ် ။ ပိုက်ဆံရှာရမှာဆိုတော့ အပျင်းကြီးနေလို့ မဖြစ်ဘူး "

All Chapters