← Chapters

အခန်း (၇၈၉)

Vol. 57 Ch. 789

အခန်း (၇၈၉)

Vol. 57 Ch. 789

" ဟုတ်ကဲ့ "

ရှောက်ရ၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် အစီအမံပုံကြမ်း ကျောက်ပြားများအား တုန်တုန်ယင်ယင်ကိုင်၍ ရှေ့သို့ ထွက်သွားသည်။

တိုင်လင်စင်မြင့်၌ ပိုက်ဆံများစွာ မရှိခဲ့သည်မှာ မည်မျှ ကြာသွားခဲ့ပြီနည်း ...

ယခုတွင်မူ ... ဤအစီအမံပုံကြမ်းမှ ရလာမည့်ပိုက်ဆံသည်ပင် ကြောက်စရာကောင်းနေလေပြီ ။

အခြားဟာများကိုသာ ထပ်ပေါင်းလိုက်ပါက....

သူမ ဆက်ပင် မစဥ်းစားရဲတော့ပါ..

မကြာခင်ပင် သူမ ခန်းမရှေ့ပိုင်းသို့ ရောက်လာ၏။

အမျိုးသမီးမှာလည်း စိုးရိမ်တကြီး စောင့်နေရာမှ

ရှောက်ရကို မြင်သည်နှင့် ချက်ချင်းထရပ်လိုက်သည်။

" သခင်မကြီး ၊ ရှင်တို့ တိုင်လင်စင်မြင့်မှာ မရှိဘုးဆိုရင် ကျွန်မ တခြားဆီမှာပဲ သွားရှာလိုက်တော့မယ် "

သူမ ပြောလိုက်သည်။

သို့သော် ရှောက်ရက မြန်မြန်ပြန်ပြော၏။

" မရှိဘူးလို့ ဘယ်သူပြောလဲရှင် ။ ဒါတွေကို အရင်ကြည့်လိုက်ပါဦး "

သူမ ပြောပြောဆိုဆိုပင် လက်ထဒမှ အစီအမံပုံကြမ်း ဆယ့်သုံးခုကို ပေးလိုက်သည်။

တဖက်မှ အမျိုးသမီး အံ့သြသွားပုံ ရသော်လည်း ချက်ချင်းပင် ကျောက်ပြားများကို လှမ်းယူလိုက်ပါသည်။

၎င်း အဆောင်ကျောက်ပြားများအား ကြည့်လိုက်ပြီးချိန်တွင်မူ သူမ ခဏကြာ မှင်သက်မိသွား၏။

" ဒါ... မသေမျိုးအစီအမံပုံကြမ်း လား... "

သူမ၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" အစစ်ပါပဲရှင် "

ရှောက်ရ စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်၏။

အမျိုးသမီးက ကျောက်ပြားများကို တစ်ခုပြီးတစ်ခု ကြည့်လိုက်ရာ ၎င်းတို့ပေါ်တွင် စိတ်ဝိဥာဥ်အစွမ်းဖြင့် ရေးထားသော ထွင်းစာများ ပြွတ်သိပ်စွာ ရှိနေပြီး မရေမတွက်နိုင်သော တာအိုသံစဥ်များလည်း စီးမျောနေကြသည်ကို တွေ့လိုက်ရသည်။

ထိုတခဏ၌ အမျိုးသမီး၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု လက်သွားတော့သည်။

" ဒါတွေအားလုံးက တကယ်ကြီး အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းတွေပဲ ။ ဒါပေမယ့်... တစ်ခုခု လွဲနေသလိုတော့ ခံစားနေရတယ် "

အမျိုးသမီး တွန့်ဆုတ်စွာ ဆိုလာ၏။

ရှောက်ရက ချက်ချင်း ရှင်းပြရှာသည်။

" စိတ်မပူပါနဲ့ သခင်မလေး ၊ ကျွန်မတို့ တိုင်လင်စင်မြ

င့်က ထုတ်တဲ့ အစီအမံပုံကြမ်းတွေကို လုံးဝ အာမခံနိုင်ပါတယ် "

အမျိုးသမီး ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ ၊ ဒါဆိုရင်.. ခုနက ကျွန်မတို့ သဘောတူထားတဲ့ စျေးအတိုင်း ဒီ ဆယ့်သုံးခုလုံးကို ယူလိုက်မယ် "

သူမ ပြောကာ ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ထုတ်၍ ရှောက်ရအား ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင်.. သူမ အတွေးထဲ၌ .

" ငါက ကံစမ်းမယ်လို့ပဲ စဥ်းစားထားတာ ။ အခုလို အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းကို တကယ်ကြီး ဝယ်လို့ရမယ်လို့ ထင်တောင်မထင်ထားဘူး ။ ဒါနဲ့ မလုံလောက်နိုင်ဘူး ဆိုပေမယ့်.. ရတော့ရပါတယ်လေ "

သို့သော် တဖက်မှ ရှောက်ရက သူမကို မျက်တောင်လေးပုတ်၍ ကြည့်ကာ ပြန်ပြောလာ၏။

" ဧည့်သည်လေး.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

အမျိုးသမီး အံ့သြသွားကာ ပြန်မေးလိုက်သည်။

" ရှင်တို့ရဲ့ မသေမျိုးအစီအမံပုံကြမ်း အတွက် ပိုက်ဆံပေးတာလေ ။ ဘာပြဿနာ ရှိလို့လဲ "

​ရှောက်ရ ခေါင်းညိတ်လိုက်၏။

" ပြဿနာ ရှိတာပေါ့ရှင် ။ ဧည့်သည်လေးပြောတော့ အစီအမံပုံကြမ်းကို ရနိုင်သလောက် လိုချင်တာဆို "

အမျိုးသမီးမှာ ထိုစဥ်မှာ ရှောက်ရက ဘာဆိုလိုသည်ကို နားလည်သွားပြီး တုန်လှုပ်သွားရသည်။

" ရှင်ဆိုလိုတာက... ရှင်တို့ တိုင်လင်စင်မြင့်မှာ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းတွေ ထပ်ရှိသေးတယ်ပေါ့... ဟုတ်လား "

ရှောက်ရ ပြန်ပြော၏။

" ဒါပေါ့ရှင် ၊ အခုက နမူနာကြည့်စရာ နည်းနည်းလောက်ပဲ ယူလာပေးတာ ။ ဒီ အစီအမံပုံကြမ်းတွေကို သဘောကျရဲ့လား.. "

တဖက်မှ အမျိုးသမီး၏ မျက်နှာ ချက်ချင်းဝင်းသွားတော့သည်။

" မဆိုးဘူး... အားလုံးကောင်းတယ်ရှင့် ။ ရှင်ဆို့ဆီ

မှာ အဲ့လိုမျိုးတွေ ဘယ်လောက်လောက် ကျန်သေးလဲ "

ထိုစကားကို ကြားချိန်တွင်မူ ရှောက်ရ အနည်းငယ်ရှက်သွားသည်။

တဖက်လူက အလောတကြီး မေးလာ၏။

" အခု နှစ်ဆယ်လား "

ရှောက်ရ ဘာမှပြန်မပြောပါ ...

" ငါးဆယ်လား... "

အမျိုးသမီး အသက်ရှူသံ မြန်လာသည်။

ရှောက်ရ ခေါင်းအသာယမ်းလိုက်၏။

တဖက်အမျိုးသမီး အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ ဆိုလိုက်သည်။

" မဟုတ်မှလွဲရော.. အခုတစ်ရာလောက် ရှိတာလား.. "

ထိုစဥ် သူမ အလွန်လည်း စိတ်လှုပ်ရှားနေတော့၏။

အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းမှာ သာမာန် အရာတစ်ခု မဟုတ်ပါ ။

အင်အားကြီး နိုင်ငံကြီးများ၏ နန်းတော်တွင်ပင် ထိုသို့သော အစီအမံမျိုး အခုတစ်ရာလောက် ရှိရန်ခမဖြစ်နိုင်ပါချေ ။

အကယ်၍သာ သူမ တိုင်လင်စင်မြင့်မှ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း တစ်ရာလောက်ကိုသာ ရလိုက်လျှင် ... သူမတို့ မိသားစု၏ အခက်အခဲကို အနိုင်ရသွားပေမည် ။

သို့သော် တဖက်မှ ရှောက်ရက ခေါင်းယမ်းပြပါ၏။

အမျိုးသမီး အံအားသင့်သွားကာ မေးလိုက်သည်။

" တစ်ရာတောင် မဟုတ်ဘူးလား ။ ဒါဆို.. ဘယ်လောက်တောင် ရှိတာလဲ "

ရှောက်ရ ခေတ္တ စဥ်းစားနေပြီးမှ ပြန်ဖြေသည်။

" အဲ့ဒါက အဆောင်ကျောက်ပြား ဘယ်လောက်လောက် ရှိလဲဆိုတဲ့အပေါ်မှာ မူတည်တယ် "

ထို အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းများအား ရေးနေသူမှာ လောထျန်းဖြစ်ရာ... အဆောင်ကျောက်ပြားသာ လုံလုံလောက်လောက် ရှိထားပါက အစီအမံပုံကြမ်းကို လိုချင်သလောက် ရနိုင်ပါ၏။

" ဟင် "

အမျိုးသမီး မှင်သက်သွားကာ ထိုစကား၏ အဓိပ္ပါယ်ကို နားမလည်နိုင် ဖြစ်နေရှာသည်။

" ထားပါ... လောလောဆယ် ခဏလေး ထိုင်စောင့်ပါဦးရှင် ။ ကျွန်မ သွားကြည့်ပြီး ပြန်လာခဲ့ပါ့မယ် "

ရှောက်ရ ပြောလိုက်သည်။

အမျိုးသမီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။

" ကောင်းပါပြီ... ကျွန်မ စောင့်နေပါ့မယ် "

သူမအသွင်မှာလည်း ယခင်ကဲ့သို့ စိတ်မရှည်ဟန် လုံးဝ မရှိတော့ပါ ။

တဖက်မှ ရှောက်ရက ခန်းမနောက်သို့ မြန်မြန်ပင် ထွက်သွားလိုက်သည်။

ထို့နောက်တွင်ကား.. လောထျန်းရှေ့တွင် အထပ်လိုက် ပုံနေသည့် အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းများအား သူမ တွေ့သွား၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး.. ဘယ်လောက်လောက် ရေးပြီးသွားပြီလဲ "

သူမ မေးလိုက်သည်။

" ဟင်... ၇၀၀ ကျော်လောက် ရေးပြီးသွားပြီ "

လောထျန်း အဆောင်ကျောက်ပြားများအား တစ်ချက်ကြည့်ကာ အစီအမံပုံကြမ်းကို ဆက်ရေးနေလိုက်သည်။

ရှောက်ရ အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" ဟုတ်ကဲ့ပါ သခင်ကြီး "

ထို့နောက် သူမ ချက်ချင်းနောက်လှည့်၍ ခန်းမရှေ့သို့ ပြန်သွားလိုက်သည်။

" ဘယ်လောက်ရှိတာလဲ "

တဖက်မှ အမျိုးသမီးက စိုးရိမ်တကြီးဖြင့် ဆီးကြိုမေး၏။

တိုင်လင်စင်မြင့်၌ အစီအမံပုံကြမ်းများ လုံလုံလောက်လောက် မရှိမည်ကို သူမ စိုးရိမ်ပါသည်။

ရှောက်ရ ပြန်ပြော၏။

" အခုတော့ အခု ၇၀၀ ကျော် ရှိတယ် "

" ဘယ်လို... ၇၀၀ ကျော်.. ဟုတ်လား "

အမျိုးသမီး မျက်လုံးအပြူးသားဖြင့် ရုတ်တရက် ထရပ်မိသွားသည်။

" ဟင်.. အဲ့လောက်နဲ့ မလုံလောက်ဘူးလား "

ရှောက်ရက စိုးရိမ်သွားဟန်ဖြင့် မြန်မြန်မေးလာ၏။

အမျိုးသမီးမှာကား စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် နီရဲသွားသည်။

ထို့နောက် သူမ မြန်မြန် ပြန်ဖြေရှာ၏။

" အဲ့လောက်က လုံလောက်ပါတယ် ... ဒါပေမယ့်.. "

" ဘာဖြစ်လို့လဲ ဧည့်သည်လေး "ရှောက်ရ ပြန်မေး

လိုက်သည်။

အမျိုးသမီးက သူမ၏ အကျီစကို အိုးတို့အမ်းတမ်း ဆွဲဆုတ်ရင်း ပြော၏။

" ကျွန်မဆီမှာ ပိုက်ဆံတွေ အဲ့လောက်အများကြီး မပါလာဘူး "

အစပိုင်းတွင်မူ သူမသည် အလျင်စလို ဖြစ်နေ၍ အစီအမံကို မြန်မြန်ရရန် ရည်ရွယ်ချက်ဖြင့် စျေးကြီးကြီး ပေးခဲ့ပါသည်။

သူမ၏ စိတ်ထဲတွင်လည်း အစီအမံပုံကြမ်း သုံး ၊ လေး ခုလောက် ရလျှင်ပင် တော်လှပြီဟုသာ တွေးထားခဲ့သည်။

တိုင်လင်စင်မြင့်၌ ယခုကဲ့သို့ အစီအမံပုံကြမ်းများ များစွာရှိနေမည်ဟု သူမ အမှန်တကယ် မျှော်လင့်မထားခဲ့ပါ ။

ထို့ကြောင့်... လက်ရှိတွင် သူမ ပါလာခဲ့သော ပိုက်ဆံများက ဤမျှများသော အစီအမံပုံကြမ်းကို ဝယ်ရန် မလောက်တော့ပါချေ ။

ထိုစကားကို ကြားသောအခါ ရှောက်ရ မျက်နှာအနည်းငယ် ပျက်သွား၏။

ထိုစဥ် အမျိုးသမီးက ဆက်ပြောလာသည်။

" သခင်မကြီး... စိတ်မပူပါနဲ့ ။ လောလောဆယ် ကျွန်မဆီမှာ ပိုက်ဆံတွေအများကြီး မပါလာပေမယ့်.. ကျွန်မနဲ့သာ အိမ်ကို ပြန်လိုက်ခဲ့မယ်ဆိုရင် ကျွန်မရဲ့ မိသားစုက အားလုံးကို ရှင်းပေးမှာပါ "

" မိန်းကလေးရဲ့ မိသားစုက ဘယ်မိသားစုလဲ ပြောပြပေးလို့ ရမလားရှင် "

ရှောက်ရ မေးလိုက်သည်။

အမျိုးသမီး နှုတ်ခမ်းတွန့်ရုံပြုံးကာ ပြန်ပြော၏။

" ကျွန်မဘက်က ရိုင်းပြသလို ဖြစ်သွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်ရှင် ။ ကျွန်မနာမည်က ယွမ်လောလင် ပါ ၊ ကျွန်မရဲ့ အိမ်ကတော့... မင်ယွိဒုံ မှာပါရှင် "

ရှောက်ရ မျက်လုံးအနည်းငယ် ပြူးသွားပြီး ရုတ်တရက် မေးလိုက်သည်။

" မိန်းကလေးက မင်ယွိယွမ် မိသားစုကလား... "

ယွမ်လောလင် ခေါင်းညိတ်ပြ၏။

" ဟုတ်ပါတယ်ရှင်.. "

ရှောက်ရ၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားကြသည်။

" မင်ယွိယွမ် မိသားစုက အဲ့လောက်ချမ်းသာကြွယ်ဝပြီး အင်အားကြီးနေတာ မဆန်းတော့ပါဘူးရှင် ။ ကျွန်မတို့ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးကို အခုပဲ သွားခေါ်လိုက်ပါ့မယ် ။ ကျေးဇူးပြုပြီး ခဏစောင့်ပါ မိန်းကလေး "

ရှောက်ရက ​ပြောပြီးသည်နှင့် ခန်းမနောက်တွင် ရှိသော လောထျန်းဆီသို့ မြန်မြန်ထွက်သွားလိုက်သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး.. ဒီတစ်ယောက်ကတော့ တကယ့်ကို ငါးအကြီးကြီးပဲရှင် ... "

သူမ စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။

" ဘာဖြစ်လို့လဲ "

ထိုစဥ် လောထျန်းမှာ အစီအမံပုံကြမ်းများ ဆက်ရေးနေဆဲပင် ...

" အဲ့မိန်းကလေးက မင်ယွိယွမ် မိသားစုက သခင်ကြီးရဲ့... "

ရှောက်ရ ပြန်ပြောလိုက်သည်။

သို့သော် လောထျန်းမှာ သူမစကားကို နားလည်ပုံမပေါ်ပါ ။

ထိုစဥ်မှ လောထျန်းသည် အပေါ်ကမ္ဘာသို့ တက်လာသေးသည်မှာ မကြာသေးကြောင်း ရှောက်ရ မှတ်မိသွားပြီး ရှင်းပြလိုက်၏။

" မင်ယွိယွမ် မိသားစု ဆိုတာ... ဒါယွိနိုင်ငံထဲက အချမ်းသာဆုံး မိသားစုတွေထဲမှာ အဆင့် တစ်ဆယ်အတွင်း ဝင်တယ်ရှင့် ။ အဲ့ ယွမ်မိသားစုက မိန်းကလေးက ပြောတယ်... အဲ့ အစီအမံပုံကြမ်းတွေကိုသာ သူ့အိမ်ကို သယ်လာခဲ့ပေးရင် အားလုံးကို ဝယ်မယ်တဲ့

ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းမော့လာသည်။

" ဒါဆို ဘာစောင့်နေတာလဲ ၊ သွားကြမယ်လေ ။ ဒီ အဆောင်ကျောက်ပြားတွေကို သယ်လာခဲ့လိုက် "

" ဟုတ်ကဲ့ ... "

ရှောက်ရက ချက်ချင်းပင် အဆောင်ကျောက်ပြားများကို သိမ်းလိုက်ပြီး လောထျန်းနှင့်အတူ ခန်းမရှေ့သို့ ပြန်သွားလိုက်သည်။

" သခင်ကြီးတို့ ၊ ကျေးဇူးပြုပြီးတော့ ကျွန်မရဲ့ ရထားလုံးနဲ့ အတူ ယွမ်မိသားစုကို လိုက်ခဲ့ပါရှင် "

ယွမ်လောလင်က တိုင်လင်စင်မြင့် အပြင်ဘက်တွင် ရပ်ထားသော ရထားလုံးတစ်စင်းကို ညွှန်ပြရင်း အပြုံးဖြင့် ဆိုလိုက်သည်။

လောထျန်း ခေါင်းညိတ်လိုက်၏။

" ကောင်းပြီ ။ ဒါပေမယ့်. ကျုပ်ကို အခန်းသတ်သတ်ပေးနော် "

လောလောဆယ် သူ့လက်ထဲတွင် မသုံးရသေးသော အဆောင်ကျောက်ပြားများ ရှိနေသေးရာ ... သူ လမ်းခရီးတွင် ၎င်းတို့အားလုံးကို သုံးရန် စဥ်းစားထားပါသည်။

ယွမ်လောလင် ခေတ္တမျှ မှင်သက်သွားသော်လည်း ခေါင်းညိတ်ပြလိုက်ပါ၏။

" ရပါတယ်ရှင် "

သူမ အနည်းငယ်လည်း အံ့သြနေပါသည်။

" ဒီလူက သူ့ကို သံသယနဲ့ စောင့်ကြည့်မှာကို ဘယ်လိုရှောင်ရမလဲဆိုတာ သိနေတာပဲ "

All Chapters