ယွမ်မိသားစု ဘိုးဘေး
Vol. 57 Ch. 791
ထိုသူမှာ ယွမ်မိသားစု၏ သခင်လေးဖြစ်သူ ၊ ယွမ်လွင် ဖြစ်ပါသည်။
သူနှင့် ယွမ်လောလင်တို့မှာ အသက် မတိမ်းမယိမ်းဖြစ်ပြီး .. ငယ်စဥ် ကလေးဘဝတည်းက တစ်ယောက်ကိုတစ်ယောက် ယှဥ်ပြိုင်လာခဲ့ကြသူများ ဖြစ်ပါ၏။
သို့သော်.. ကျင့်ကြံခြင်းတွင်သာမက ၊ စီးပွားရေး အမြင်တွင်ရော ၊ ပင်ကိုယ်စရိုက်တွင်ပါ ယွမ်လောလင်က များစွာ သာပါသည်။
ထို့ကြောင့်လည်း ယွမ်လွင်က သူမအား ငယ်စဥ်တည်းက မုန်းတီးခဲ့ခြင်းပင် ..
သူ ယွမ်လောလင်အား အနှောင့်ယှက် ပေးရန်အတွက် ယွမ်မိသားစု၏ စီးပွားရေးကိုပါ ဖျက်ဆီးခဲ့ဖူးပါ၏။
ယွမ်မိသားစုမှာ အလွန်ချမ်းသာပြီး အင်အားကြီးထားသောကြောင့်သာ သူ့လုပ်ရပ်က ကြီးကြီးမားမား မထိခိုက်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့်လည်း ယခုလိုနေ့မျိုး၌ သူ ယွမ်လောလင်အား မြင်သည်နှင့် ရန်စကားဆိုလာခြင်းပါပင် ။
ယွမ်လောလင်မှာလည်း သူ့ကို မြင်သည်နှင့် မျက်နှာထားချက်ချင်းမာသွားကာ ပြောလိုက်သည်။
" ရလဒ်တွေကို အခုထိ မသိရသေးဘူးလေ ။ ငါက ဘာလို့ ရှုံးရမှာလဲ "
ထိုစကားကို ကြားသောအခါ ယွမ်လွင် အသံကျယ်ကြီးဖြင့် အော်ရယ်သည်။
" ယွမ်လောလင်.. မင်းက ခုထိတောင် တည်ငြိမ်ချင်ယောင် ဆောင်နေတုန်းပါလားကွ ။ လက်ရှိ ဒါယွိနိုင်ငံထဲမှာ အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းကို ပိုင်တဲ့ ဘယ်အဖွဲ့မဆို မင်းကို အစီအမံပုံကြမ်း ရောင်းမှာမဟုတ်ဘူးဆိုတာ ငါ သိထားပြီးသား ။ ဒါနဲ့များ ငါ့ကို ပြန်ပြောချင်နေသေးတယ် ။ မင်း အစီအမံပုံကြမ်းလေး တစ်ခုတောင် ဝယ်လို့မရခဲ့ဘူး မဟုတ်လား "
ထိုသို့ ပြောပြီးနောက် သူ ဆက်ရယ်နေပြန်၏။
ယွမ်လောလင် မျက်မှောင်ကြုံ့သွားပြီး အခြေအနေကိုလည်း နားလည်သွားသည်။
ဤစမ်းသပ်ပွဲ အစကတည်းက တစ်စုံတစ်ယောက် သူမကို ပစ်မှတ်ထားနေခဲ့မှန်း သူမ ခံစားမိခဲ့ပါသည်။
သူ ပြောခဲ့သလိုပင် အဖွဲ့များအားလုံးက သူမအား အစီအမံရောင်းရန် ငြင်းခဲ့ကြပြီး အချို့သော အစီအမံပညာရှင်များဆိုလျှင် သူမကိုပင် ထွက်မတွေ့ခဲ့ကြပါချေ။
ယခု ယွမ်လွင်၏ စကားကို ကြားပြီးနောက်တွင်မူ သူမကို ပစ်မှတ်ထားနေခဲ့သူက သူပင်ဖြစ်ကြောင်း သိလိုက်ရပါ၏။
သို့သော် ... ယွမ်လင်လို သူဋ္ဌေးသားတစ်ယောက်မျှသာ အဆင့်ရှိသူတစ်ယောက်က ထိုသို့သော လုပ်ရပ်မျိုးကို လုပ်နိုင်စွမ်းမရှိမှန်း သူမ သိထားပြီးသားပါ
ပင် ။
ထိုကိစ္စအားလုံးမှာ ယွမ်လင်၏ အဖေဖြစ်သူ.. ယွမ်မိသားစု၏ လက်ရှိ မိသားစုခေါင်းဆောင် တစ်ယောက်ဖြစ်သော ၊ ယွမ်ကျဲ့နန်၏ လက်ချက်သာ ဖြစ်ရပေမည်။
ပုံမှန်ဆိုလျှင် ယခုလို လူငယ်မျိုးဆက်အတွက် စမ်းသပ်ပွဲမျိုး၌ အပြင်လူများ ဝင်ပါခွင့် မရှိပါ ။
သို့သော်... ယွမ်ကျဲ့နန်က မျက်နှာပြောင်တိုက်ပြီး လုပ်ခဲ့ပေရာ... စမ်းသပ်ပွဲက အစတည်းက မမျှတတော့ပေ ။
ယွမ်လင် အသက်ပြင်းပြင်းရှိုက်၍ စိတ်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ ထို့နောက် ယွမ်လွမ်ကို ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်၏။
" နင် မျှော်လင့်ထားသလို မဖြစ်တာတော့ စိတ်မကောင်းပါဘူးဟာ ။ ငါ့ဆီမှာ အဆင့်၇ မသေမျိုးအစီအမံပုံကြမ်း ပါလာတယ် "
" ဘယ်လို... "
ယွမ်လွင် မှင်သက်သွားကာ ယွမ်လောလင်အား တအံ့တသြ ကြည့်လိုက်သည်။
သို့သော် ချက်ချင်းမှာပင် သူ အေးစက်စက် နှာခေါင်းရှုံ့၍ ဆို၏။
" မဖြစ်နိုင်ဘူး ... ဒါယွိနိုင်ငံထဲမှာ မင်းကို အစီအမံပုံကြမ်း ရောင်းမယ့်သူ ဘယ်သူမှ မရှိနိုင်ဘူး "
ယွမ်လောလင် တည်တည်ငြိမ်ငြိမ်ပင် ပြုံး၍ ပြောလိုက်သည်။
" ဒါပေမယ့်.. တကယ်ကြီး ရှိတာတော့ နင့်အတွက် စိတ်မကောင်းစရာပဲ "
ယွမ်လင်၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ ထို့နောက် သူ လောထျန်းနှင့် ရှောက်ရတို့ နှစ်ယောက်ဘက် လှည့်ကြည့်ကာ မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။
" အဲ့ကောင်တွေက ရောင်းပေးခဲ့တာလား "
ယွမ်လောလင် ခေါင်းညိတ်လိုက်သည်။
" အမှန်ပဲ ။ သူတို့နှစ်ယောက်လုံးက တိုင်လင်စင်မြင့်က မသေမျိုး အစီအမံပညာရှင်တွေလေ ။ ဟိုတစ်
ယောက်ကဆိုရင်.. တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးပဲ "
သူမ၏ စကားကြောင့် ယွမ်လင် မျက်မှောင်ကြုံ့သွား၏။
" တိုင်လင်စင်မြင့် ... ဟုတ်လား "
ထိုနာမည်ကို သူ ကြားဖူးနေသလို ခံစားရသော်လည်း သေချာ မမှတ်မိပါချေ။
ထိုစဥ်.. သူ့နောက်မှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အသံကျယ်ဖြင့် အော်ရယ်လာ၏။
" ဟင်.. သခင်ကြီးပိုင် ၊ ဘာတွေ ရယ်နေတာလဲဗျ "
ယွမ်လင် ထိုလူဘက်သို့ ချက်ချင်းလှည့်ကြည့်ကာ တလေးတစား မျက်နှာထားဖြင့် မေးလိုက်သည်။
သခင်ကြီးပိုင်က ခေါင်းယမ်း၍ ပြန်ပြော၏။
" ငါက မိန်းကလေးယွမ် တကယ့်ပညာရှင်အစစ်နဲ့များ တွေ့ခဲ့တာလားလို့ တွေးနေတာကွာ ။ တကယ်တော့ တိုင်လင်စင်မြင့်က ဖြစ်နေတာကိုး "
" တိုင်လင်စင်မြင့်က ဘာဖြစ်လို့လဲဗျ "
ယွမ်လင် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
သခင်ကြီးပိုင် ပြုံးလိုက်သည်။
" သခင်လေးယွမ်က ငယ်သေးတော့ အဲ့ဒါတွေကို မသိတာ မဆန်းပါဘူး ။ အဲ့ဒီ တိုင်လင်စင်မြင့်ဆိုတာ ဒါယွိနိုင်ငံထဲမှာ အဆိုးဆုံး အစီအမံအဖွဲ့တစ်ခုလို့တောင် ပြောလို့ရတယ် ။ သူတို့အဖွဲ့ တစ်ခုလုံးမှာ အဆင့်ငါး မသေမျိုးအစီအမံပညာရှင်တောင် မရှိဘဲနဲ့များ ... အဆင့်၇ မသေမျိုးအစီအမံပုံကြမ်းကို ရောင်းရဲနေသေးတယ်ပေါ့ ။ ထင်တာတော့... မိန်းကလေးယွမ် အလိမ်ခံလိုက်ရပြီနဲ့ တူတယ် "
သူ ထိုသို့ပြောပြီးနောက် ယွမ်လောလင်အား လှောင်ပြောင်လိုဟန် မျက်နှာထားဖြင့် ကြည့်လိုက်၏။
ဘေးမှ နားထောင်နေသော ယွမ်လွင်မှာလည်း စစချင်း အံ့အားသင့်နေဟန် တူပြီးမှ အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။
" ရယ်ရလွန်းလို့ သေတော့မှာပဲဗျာ ။ ယွမ်လောလင်..
မင်းက တကယ်လဲ တုံးတာပဲ ။ မင်းက ငါ့လောက် လုပ်နိုင်စွမ်းမရှိတာ သိထားပြီးသားပေမယ့် ခုလိုလူတွေဆီကနေ အလိမ်ခံရလောက်အောင် တုံးမယ်လို့တော့ တကယ်ကို မထင်ထားမိဘူး "
ယွမ်လောလင် မျက်နှာကြီး သုန်မှုန်သွားပါ၏။
" ငါ အလိမ်ခံခဲ့ရတာ မဟုတ်ဘူး... "
ယွမ်လွင်က သူမကို လက်ကာပြ၍ ဖြတ်ပြောသည်။
" မခံရဘူးဆိုတော့လဲ မခံရဘူးပေါ့ကွာ ။ ငါ့ကို လာပြောနေလို့ ဘာထူးမှာလဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ခဏနေကျ.. ဘိုးဘေးရှေ့မှာ အရှက်ကွဲရမယ့်သူက မင်းပဲလေ ၊ ငါ မဟုတ်ဘူး ။ တကယ်လို့ တစ်ခုခုသာ လွဲသွားခဲ့ရင်တော့ မင်းတို့ တစ်ဖွဲ့လုံး မိသားစုကနေ အထုတ်ခံကြရမှာ "
ယွမ်လောလင် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ... သူတို့ရှိရာဘက်သို့ အဘိုးအိုတစ်ယောက် လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
" မိသားစုခေါင်းဆောင်ကြီးက ပြောလိုက်ပါတယ် ။ စမ်းသပ်ပွဲမှာ ဝင်ပါကြတဲ့ သူတွေအားလုံး အခု
ချက်ချင်း ခန်းမကိုသွားပြီးတော့ ဘိုးဘေးနဲ့ သွားတွေ့ကြပါတဲ့ "
၎င်းကို ကြားသည်နှင့် ယွမ်လွင် ချက်ချင်းဦးညွှတ်၍ ဆိုလိုက်သည်။
" ကောင်းပါပြီ "
ထို့နောက် သူ ဘေးမှ သခင်ကြီးပိုင်ဘက် လှည့်ကြည့်လိုက်၏။
" သခင်ကြီးပိုင် ၊ ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပါလား "
သခင်ကြီးပိုင် ခေါင်းညိတ်ကာ သူနှင့် လိုက်သွားပါသည်။
တဖက်မှ ယွမ်လောလင်မှာကား ထွက်ခွာသွားသော ထိုနှစ်ယောက်၏ နောက်ကျောကိုကြည့်ရင်း မျက်နှာကြီး ရှုံ့မဲ့နေတော့သည်။
သူမ လောထျန်းနှင့် ရှောက်ရဘက် လှည့်ပြောလိုက်၏။
" ကျွန်မ တောင်းပန်ပါတယ်.. သခင်ကြီးတို့ "
လောထျန်း လက်ကာပြ၍ ပြန်ပြောလိုက်သည်။
" ကိစ္စမရှိပါဘူး ၊ မင်းတို့ကြားမှာ ဖြစ်တဲ့ကိစ္စက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူးလေ ။ ကျုပ်က ဒီကို စီးပွားရေးလုပ်ဖို့ပဲ လာတာ "
အမှန်တွင်မူ လောထျန်းမှာ ထိုသို့သော မိသားစုပြဿနာများကြား ဝင်ပါရန် ပျင်းလွန်းလှပါ၏။
ထိုကိစ္စက သူနှင့်လည်း ဘာမှ မပတ်သက်ဘူး မဟုတ်ပါလား...
တဖက်မှ ယွမ်လောလင် ခေါင်းညိတ်၍ ပြန်ပြောသည်။
" ဟုတ်ကဲ့ ၊ ဒါဆိုရင် ကျေးဇူးပြုပြီး ခဏလောက် စောင့်နေခဲ့ပါဦးနော် ။ စမ်းသပ်ပွဲ ပြီးသွားတာနဲ့ ကျွန်မ ရှင်းစရာရှိတာအားလုံးကို ရှင်းပေးမှာပါ "
သူမ ပြောပြီးနောက် လောထျန်း၏ မသေမျိုးအစီအမံပုံကြမ်းများ အားလုံးကို ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်ကာ ယွမ်မိသားစု အိမ်တော်ခန်းမဆီ ထွက်သွားလိုက်တော့သည်။
သူမ ထွက်သွားပြီးနောက် ရှောက်ရက လောထျန်းဘက်လှည့်ကြည့်၍ မေး၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး... သခင်ကြီး လုပ်ခဲ့တဲ့ အဲ့အစီအမံပုံကြမ်းတွေ အားလုံးက အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်း တွေလား "
လောထျန်း၏အစွမ်းကို သူမ တွေ့ထားပြီး ဖြစ်သည့်တိုင် သူက ဤမျှအချိန်တိုလေးအတွင်း များလှစွာသော အစီအမံပုံကြမ်းများအား ရေးဆွဲနိုင်ခဲ့သည့်အချက်ကို သူမ တုန်လှုပ်သွားခဲ့ရဆဲပင် ။
ထို အစီအမံများကို ရေးဆွဲရာတွင် ကုန်မည့် စိတ်ဝိဥာဥ်အစွမ်း ပမာဏက အလွန်များမည်မှာ သေချာသည် မဟုတ်ပါလား ..
အကယ်၍ သာမာန်လူတစ်ယောက်သာ လောထျန်း၏ နှုန်းအတိုင်း အစီအမံပုံကြမ်းများ ရေးဆွဲပါက စိတ်ဝိဥာဥ်အစွမ်း ကုန်ဆုံးမှုကြောင့် သေဆုံးသွားရပေလိမ့်မည်။
သို့သော်... လောထျန်းက ခေတ္တမျှ စဥ်းစားနေပြီးမှ ပြောလာပါ၏။
" အားလုံးတော့လဲ မဟုတ်ဘူးဗျ "
" အင်.. "
ရှောက်ရ တုန်လှုပ်သွားတော့သည်။
ယခုအရောင်းအဝယ်မှာ တိုင်လင်စင်မြင့် အတွက် နှစ်တစ်ထောင်အတွင်း အကြီးဆုံး အရောင်းအဝယ် ဖြစ်ပါ၏။
အကယ်၍သာ အစီအမံ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်ပြီး ပြဿနာရှိသွားခဲ့လျှင် သူမတို့အဖွဲ့၏ ဂုဏ်သိက္ခာမှာလည်း ရစရာရှိတော့မည် မဟုတ်ပါ ။
လောထျန်းက အေးဆေးပင် ဆက်ပြောလာသည်။
" မိန်းကလေးက ကျုပ်တို့ဆီကနေ အစီအမံပုံကြမ်းတွေ အများကြီး ဝယ်ခဲ့တာဆိုတော့ သူ့အတွက် လျှော့စျေးလေးဘာလေး ပေးသင့်တယ်မဟုတ်လား ။ ဒါပေမယ့် ကျုပ်က စျေးကိုလဲ မလျှော့ပေးချင်တော့ အပိုအနေနဲ့ ပိုအဆင့်မြင့်တဲ့ အစီအမံပုံကြမ်းတစ်ခု လုပ်ပေးခဲ့တယ် "
ထိုစကားကို ကြားမှ ရှောက်ရ သက်ပြင်းချနိုင်သွား
သည်။
" အဆင့်ပိုမြင့်တဲ့ အစီအမံပုံကြမ်းကို ပေးလိုက်တာဆိုရင်တော့ ပြဿနာ မရှိနိုင်ပါဘူးရှင် "
သူမ စိတ်ထဲတွင်လည်း ထိုကိစ္စကို အလေးအနက် မထားလှတော့ပါ ။
လောထျန်း ပြောသည့် အဆင့်ပိုမြင့်သော အစီအမံပုံကြမ်းမှာ အဆင့် ၈ သို့မဟုတ် ၉ သာ ဖြစ်မည်မဟုတ်ပါလား ..
မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း မဖြစ်နိုင်ပါချေ။
ထိုသို့သော အစီအမံပုံကြမ်းမျိုးက ရှေးခေတ်တည်းမှစ၍ ပေါ်မလာတာ ကြာလှပြီမဟုတ်ပါလား ..
၎င်းက အဆင့် ၈ သို့မဟုတ် အဆင့် ၉ အစီအမံဆိုလျှင် သူမတို့အတွက် ဆုံးရှုံးမှုနည်းနည်း ရှိသည့်တိုင်
....
ယွမ်လောလင်သည် အစီအမံများစွာကို စျေးကောင်း
ပေး၍ ဝယ်ယူခဲ့ရာ.. တိုင်လင်စင်မြင့်အတွက် တွက်ချေကိုက်ပါသည်။
ထိုစဥ်တွင် တဖက်မှ ယွမ်လောလင်မှာ ယွမ်မိသားစု ခန်းမထဲသို့ ရောက်သွားပြီဖြစ်၏။
ခန်းမထဲတွင်ကား ယွမ်ကျဲ့နန်တစ်ယောက် စောင့်နေပြီး ..
ယွမ်လောလင် ရောက်လာသည်ကို မြင်သည်နှင့် သူ့မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့အချို့ ဖြတ်ပြေးသွားသည်။
ထို့နောက်တွင် ..
" ဘိုးဘေးတို့ ရောက်လာပါပြီ "
အသံတစ်သံ ထွက်လာကာ ၎င်းအသံနှင့် မရှေးမနှောင်းမှာပင် ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူ နှင့် အဘိုးအိုသုံးယောက်က လူများခြံရံလျက် ခန်းမထဲသို့ တစ်လှမ်းချင်း လျှောက်လာပါ၏။
" ကြိုဆိုပါတယ် ဘိုးဘေးတို့ "
ယွမ်ကျဲ့နန် အပါအဝင် ယွမ်မိသားစုဝင်များအားလုံး ကြမ်းပြင်၌ ဒူးထောက်လိုက်ကြသည်။
ထိုအဘိုးအိုသုံးယောက်မှာ ယွမ်မိသားစု စီးပွားရေးအား တည်ထောင်ခဲ့ကြသော ဘိုးဘေး ခြောက်ယောက်ထဲမှ နောက်ဆုံးကျန်သည့် သူများ ဖြစ်ပါ၏။
သူတို့က ယွမ်မိသားစုအား အမှန်တကယ် အုပ်ချုပ်သော သူများပင် ။
မိသားစုခေါင်းဆောင်ဖြစ်သော ယွမ်ကျဲ့နန်သည်ပင် ထိုဘိုးဘေးများကို မလေးမစား မလုပ်ရဲပါ ။