အခန်း (၇၉၇)
Vol. 57 Ch. 797
" မင်း.. ဘာပြောလိုက်တယ် "
ဘိုးဘေး ၄ နှင့် ဘိုးဘေး ၆ တို့ နားမလည်နိုင် ဖြစ်သွားကြသည်။
ဒုတိယဘိုးဘေးသည် အကျင့်စရိုက် မကောင်းသူတစ်ယောက်မှန်း သူတို့ သိထားပြီးသည့်တိုင် ၎င်းမှာ ကိစ္စအသေးအမွှားလေးများသာ ဖြစ်ပါ၏။
ယခုလို လူမဆန်သော ကိစ္စကြီးတစ်ခုကို လုပ်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ဖူးပါ ။
ဒုတိယဘိုးဘေးက ထိုနှစ်ယောက်ကိုကြည့်ကာ လှောင်ပြုံးဖြင့် ပြောသည်။
" ညီလေးတို့.. ငါ အခုလို လုပ်ရအောင် မင်းတို့နှစ်ယောက်နဲ့ ဟို ယွမ်လောလင်ဆိုတဲ့ မိန်းကလေးက ဖိအားပေးခဲ့တာ ။ အရင်အတိုင်းဆို မင်းတို့တွေ နောက်ထပ်နှစ်တစ်ရာလောက် အေးအေးဆေးဆေး နေရဦးမှာကွ ။ ဒါပေမယ့်.. မင်းတို့က ခုလိုမျိုး ငါ့ အစီအစဥ်တွေကို ဖျက်ဆီးလိုက်ကြတာကိုး.. "
ဝုန်း..
သူ ပြောကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
အွတ် ..
တဖက်မှ ယွမ်လောလင် သွေးအန်သွား၏။
" အကို၂ ၊ မင်း... ဘာလုပ်မလို့လဲ "
ဘိုးဘေး ၄ တုန်လှုပ်စွာ မေးလိုက်သည်။
ထိုသူမှာ ယွမ်မိသားစု၏ ဒုတိယဘိုးဘေး လုပ်နေပြီး ယွမ်မိသားစု၏ လူငယ်မျိုးဆက်ကို အမှန်တကယ် တိုက်ခိုက်ရဲနေသတဲ့လား ..
ဒုတိယဘိုးဘေးက ဘိုးဘေး ၄ ဘက်သို့ လှည့်ကြည့်လာပြီး ပြန်ပြော၏။
" ငါလား... ငါက ယွမ်မိသားစုကို အင်အားပိုကြီးလာအောင် လုပ်မလို့လေကွာ "
" ဘယ်လို... "
ဘိုးဘေး၆ နားမလည်နိုင်သည့် မျက်နှာထား ဖြစ်သွားသည်။
ဒုတိယဘိုးဘေးက သူတို့နှစ်ယောက်ကို လှောင်ပြုံးဖြင့်ကြည့်ကာ ဆက်ပြော၏။
" မင်းတို့ရော ၊ ငါတို့ အကိုအကြီးဆုံးရောက ဘာမှ သုံးစားမရတဲ့သူတွေပဲ ။ စီးပွားရေးနဲ့ ပိုက်ဆံရှာတဲ့နေရာမှာပဲ တော်ကြတာ ။ ဒါပေမယ့်.. ငါတို့ ယွမ်မိသားစုက ချင်းယွမ်ဒေသမှာ အချမ်းသာဆုံး ဖြစ်လာတော့ရော ဘာလုပ်လို့ရမှာ မို့လို့လဲ ။ နောက်ဆုံးမှာ စဥ့်နှီတုံးပေါ် ရောက်နေတဲ့ အသားတုံးတွေကို သူများစိတ်တိုင်းကျ အသတ်ခံကြရမှာပဲလေ "
ထိုစကားကို ကြားသောအခါ တဖက်မှ ဘိုးဘေးနှစ်ယောက်လုံး မျက်မှောင်ကြုံ့သွားကြ၏။
ဒုတိယဘိုးဘေး ဆက်ပြောသည်။
" အရင်တုန်းကဆို ငါတို့ ယွမ်မိသားစုရဲ့ ပိုင်ဆိုင်မှုက ခုထက် အများကြီးပိုသာတာပေါ့ ။ ဒါပေမယ့်.. နောက်ဆုံးတော့ ဘာဖြစ်သွားခဲ့လဲ ... ငါတို့တွေ အမဲလိုက်သလို အလိုက်ခံရပြီး အိမ်ကနေ ထွက်ခဲ့ရတာပဲ
လေ "
ဘိုးဘေး၄ ၏ မျက်နှာ ဖြူရော်သွားသည်။
" အဲ့တော့ မင်းက ဘာလုပ်ချင်တာလဲ "
ဒုတိယဘိုးဘေးက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ငါက ယွမ်မိသားစုကို ကမ္ဘာကြီးမှာ နံပါတ်တစ် မိသားစုကြီးတစ်ခု ဖြစ်စေချင်တာ ။ ပိုင်ဆိုင်မှုပိုင်းမှာရော... အင်အားမှာရော... "
ဘိုးဘေး၆ ချောင်းဆိုးသွားသည်။
" အကို၂ ၊ မင်း... ရူးနေလား ... "
ဒုတိယဘိုးဘေးက ရယ်ရင်း ပြန်ပြော၏။
" ဟား ဟား.. ရူးရင်လဲ ရူးမှာပေါ့ကွာ ။ ဒါပေမယ့် ငါ့အမြင်မှာတော့ မင်းတို့အားလုံးက သုံးစားမရတဲ့ ကောင်တွေပဲ "
" မင်းတို့လဲ ဟိုဗျာဒိတ်ကို ကြားထားကြမှာပေါ့ ။ ဒီနေ့ခေတ် ကမ္ဘာမှာ မဟာတာအိုအစွမ်းက ပြောင်းလဲနေပြီးတော့ ကောင်းကင်နဲ့မြေကြီးကလဲ ပြောင်းလဲနေပြီတဲ့ ။ ကောင်းကင်နဲ့မြေကြီးကို ချုပ်နှောင်ထား
တဲ့ စည်းမျဥ်းတွေလဲ လျော့ကျလာပြီးတော့... ဒီမျိုးဆက်မှာ မသေမျိုးဧကရာဇ် တစ်ပါး သေချာပေါက် ပေါ်လာမယ် ဆိုတာလေ "
" အဲ့တော့ ငါသာ မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်လာရင် ငါတို့ ယွမ်မိသားစုကလဲ နံပါတ်တစ် မိသားစုကြီး ဖြစ်လာမှာပေါ့ကွာ "
သူ့စကားကြောင့် ဘိုးဘေး၄ နှင့် ဘိုးဘေး၆ တို့ ပိုတုန်လှုပ်သွားရတော့သည်။
" မသေမျိုးဧကရာဇ် ဟုတ်လား... ၊ အကို၂.. မင်း ရူးနေပြီလား ။ မင်းက အခုတောင် မသေမျိုးဘုရင်တစ်ယောက် မဟုတ်သေးဘူး ။ ပြီးတော့ မင်း မသေမျိုးဘုရင်တစ်ယောက် ဖြစ်လာရင်တောင် ဘာလုပ်နိုင်မှာလဲ ။ ဟို မသေမျိုးဘုရင်ဘွဲ့ ရထားတဲ့သူတွေကို သာနိုင်မှာလား "
ဘိုးဘေး၆ ဒေါသတကြီး အော်လိုက်သည်။
ဒုတိယဘိုးဘေး ရယ်၏။
" ဒါ့ကြောင့်မို့ မင်းတို့ကောင်တွေက ဘာမှသုံးစားမရဘူးလို့ ငါ ပြောတာ "
သူ ပြောပြောဆိုဆိုပင် လက်ဆန့်ထုတ်၍ သူ့အကျ်ီကို ဆွဲဖြဲလိုက်သည်။
" ဟင် ... ဒါက "
တဖက်မှ ဘိုးဘေးနှစ်ယောက်လုံး ၎င်းကိုကြည့်ကာ မှင်သက်သွားကြ၏။
ထိုစဥ်တွင် ဒုတိယဘိုးဘေး၏ ရင်ဘတ်၌ အပေါက်တစ်ခု ရှိနေပြီး ...
ထိုအပေါက်ထဲတွင် မိစ္ဆာပုလဲလုံးတစ်ခု မျောလွင့်နေပါ၏။
ဘိုးဘေး၄ က တအံ့တသြ ဆိုသည်။
" အဲ့ဒါက ... "
ဒုတိယဘိုးဘေးက လှောင်ပြုံးဖြင့် ထပ်ပြောလာ၏။
" စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး ဆိုတဲ့နာမည်ကို မင်းတို့ ကြားဖူးကြလား "
ထိုနာမည်ကို ကြားသည်နှင့် ဘိုးဘေးနှစ်ယောက်၏
မျက်နှာထားများ ရုတ်ချည်း ပြောင်းကုန်ကြသည်။
" အကို၂ ၊ ဒါ မင်းရဲ့ အစီစဥ် ပေါ့လေ.. "
ဘိုးဘေး ၄ က တအံ့တသြ မေးလိုက်၏။
ဒုတိယဘိုးဘေးက အပြုံးဖြင့် ပြန်ပြောသည်။
" ဟုတ်တယ်ကွ ။ ဒါက ယဇ်ပူဇော်ပြီးတော့ စိတ်ဝိဥာဥ်တွေအားလုံးကို စုစည်းပြီး စိတ်ဝိဥာဥ်တစ်သောင်းသခင်ကြီးရဲ့ အရိပ်အဖြစ် ပြောင်းလဲမှာ ။ စိတ်ဝိဥာဥ်တစ်သောင်းသခင်ကြီး ရဲ့ ပုံရိပ်က မသေမျိုးဧကရာဇ်အဆင့်မှာ ရှိမှာဆိုတော့ ဗျာဒိတ်အတိုင်း ငါက မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ် "
တဖက်မှ ဘိုးဘေးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး... သူတို့၏ အကို၂ က အမှန်တကယ်လည်း ရူးသွားခဲ့ပြီကို နားလည်လိုက်ကြသည်။
" အကို၂ ၊ မင်း.. စိတ်ဝိဥာဥ်တစ်သောင်းသခင်ကြီး ရဲ့ ပုံရိပ်နဲ့ ပေါင်းစပ်လိုက်ရင်... မင်းရဲ့စိတ်ဝိဥာဥ်က အကောင်းတိုင်း ရှိပါဦးမလား "
ဘိုးဘေး ၄ က သတိပေးစကား ပြော၏။
" ဟုတ်တယ် အကို ၂ ။ စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးဆိုတာ တကယ့် မိစ္ဆာနတ်ဘုရားကြီးပဲ။ အဲ့လမ်းက မသင့်လျော်ပါဘူး "
ဘိုးဘေး၆ ကလည်း အော်ပြောသည်။
" ပါးစပ်ပိတ်ထားကြစမ်း ၊ မင်းတို့က ငါ့ကို မနာလိုဖြစ်နေကြတာ "
ဒုတိယဘိုးဘေး ဒေါသတကြီး အော်လိုက်၏။
တဖက်မှ ဘိုးဘေးနှစ်ယောက်က သူ့အား ဆက်နားချရန် ပြင်လိုက်ကြပြန်သည်။
သို့သော် ထိုစဥ်တွင် ဒုတိယဘိုးဘေးက လက်ယမ်းလိုက်ရာ သူ့ကိုယ်ထဲရှိ ပုလဲလုံးမှ အမည်းရောင်အငွေ့များ ရုတ်တရက် ထွက်လာပြီး တဖက်လူနှစ်ယောက်ကို ဖိနှိပ်လာပါ၏။
" ကဲ... အရင်ဆုံး မင်းတို့နှစ်ယောက်နဲ့ စလိုက်ကြတာပေါ့ကွာ ။ ပြီးရင် မသေမျိုးဧကရာဇ် ဖြစ်လာမယ့်လမ်းကို လျှောက်ရတော့မယ် "
ဒုတိယဘိုးဘေးက အရူးတစ်ယောက်သဖွယ် အော်ပြောလိုက်သည်။
ဝုန်း ....
ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့နှင့် မိစ္ဆာအငွေ့အသက်များလည်း လေထဲသို့ တမဟုတ်ချင်း လွင့်မျောလာပါ၏။
ဒုတိယဘိုးဘေး၏ ကိုယ်မှ ထုတ်လွှတ်နေသော အရောင်အဝါမှာလည်း ကြောက်စရာကောင်းလှပါသည်။
အား ...
ဘိုးဘေး၄ နှင့် ဘိုးဘေး၆ တို့ နှစ်ယောက်လုံးထံမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်လာကြ၏။
ယွမ်လောလင် နှင့် အခြားသူများလည်း အလွန်ကြောက်ရွံ့ ထိတ်လန့်နေကြတော့သည်။
ထိုစဥ် ..ယွမ်မိသားစုအိမ်တော်၏ တံခါးအပြင်
ဘက်၌...
" ဒီအရောင်အဝါက... "
လောထျန်း မျက်မှောင်ကြုံ့သွားကာ.. ယွမ်မိသားစု အတွင်းပိုင်းထဲမှနေ၍ ကောင်းကင်ပေါ် လွင့်မျောတက်လာသော အမည်းရောင်အငွေ့များအား ကြည့်လိုက်သည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး.. အဲ့အရောင်အဝါက ဘာဖြစ်လို့လဲ "
ရှောက်ရက စိုးရိမ်တကြီး မေး၏။
လောထျန်း မျက်မှောင်ကြုံ့ရင်း ပြန်ဖြေလိုက်သည်။
" ကျုပ် ဒီအရောင်အဝါကို အရင်က မြင်ဖူးသလိုပဲ... "
ရှောက်ရ မျက်လုံးလေးပြူးသွားသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး သိထားတဲ့သူ တစ်ယောက်ယောက်များ ဖြစ်နေမလား.. "
လောထျန်း ခေါင်းယမ်းလိုက်၏။
" ကျုပ်လဲ မသိဘူး ။ ကဲလေ.. အထဲဝင်ပြီး သွားကြည့်လိုက်မယ် ။ ကျုပ်တို့ ပိုက်ဆံတွေ ပြန်ရမှဖြစ်မှာ ။ ပြီးရင် အိမ်ကို မြန်နိုင်သမျှမြန်မြန် ပြန်ကြမယ် "
ပိုက်ဆံအကြောင်း ပြောလိုက်သည်နှင့် ရှောက်ရ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
" ကျွန်မလဲ လက်ထောက်ဂိုဏ်းချုပ်ကြီးနဲ့ အတူတူလိုက်ခဲ့မယ် "
ရှောက်ရ ပြောသည်။
ထို့နောက်တွင်.. သူတို့နှစ်ဦးသား ယွမ်မိသားစု အိမ်တော်ထဲသို့ ဝင်လာခဲ့လိုက်ကြ၏။.
ထိုသို့ သွားနေသည့် လမ်းတစ်လျှောက်တွင်လည်း အံ့သြစရာအရာများ တွေ့လိုက်ရသည်။
ထိုအချိန်တွင် ယွမ်မိသားစုဝင် အများစုမှာ မြေပြင်တွင် ဒူးထောက်နေကြပါ၏။ သူတို့ထဲမှ အချို့ဆိုလျှင် အလွန်ဆိုးရွားသော နာကျင်မှုကို ခံစားနေရဟန်တူကာ အချို့ဆိုလျှင် မေ့ပင်လဲကျနေကြသည်။
" ယွမ်မိသားစု က ဘာဖြစ်နေတာလဲ... "
ရှောက်ရ နားမလည်နိုင်စွာ မေးလိုက်သည်။
လောထျန်းက အေးစက်နေသော မျက်နှာထားဖြင့် ပြော၏။
" သွားကြစို့... "
သူ့စိတ်ထဲတွင် မကောင်းသော အရာတစ်ခု ဖြစ်နေသည်ကို ခံစားမိနေပါသည် ။
ယွမ်လောလင် တစ်ခုခုဖြစ်တော့မည်လား.. ။
အမှန်တွင်မူ လောထျန်း စိတ်ပူသည်မှာ ယွမ်လောလင် မဟုတ်ပါ ။ အကယ်၍ ယွမ်လောလင် သေသွားခဲ့ပါက သူရမည့် ပိုက်ဆံအား မရတော့မည်ကို စိုးရိိမ်ခြင်းသာ ဖြစ်ပါသည်။
ထို့နောက်တွင် သူတို့နှစ်ဦး အရှိန်ပိုတင်လိုက်ကြပြီး... ယွမ်မိသားစု ခန်းမ၏ တံခါးရှေ့သို့ တခဏအတွင်း ရောက်သွားကြ၏။
" ရပ်ကြစမ်း "
ထိုစဥ် ဒုတိယဘိုးဘေး၏ မျိုးဆက်တစ်ယောက်က လောထျန်းသွားမည့်လမ်းကို ပိတ်တားလာပါသည်။
လောထျန်းက သူ့အား လှည့်ပင်မကြည့်ဘဲ အေးစက်စက် ပြောလိုက်၏။
" ဖယ်စမ်း.. "
ဝုန်း ...
ဖိအားတစ်ခုလည်း အလိုအလျောက် ထွက်လာကာ တဖက်လူမှာ ထိုဖိအားကြောင့် လွင့်ထွက်သွားတော့သည်။
ဘုန်း...
ထို့နောက် လောထျန်းက ခန်းမတံခါးအား ကန်ဖွင့်လိုက်ရာ ၎င်းက ချက်ချင်းပျက်စီးသွား၏။
" ဟင်... ဘယ်ကောင်လဲကွ "
ထိုစဥ် ယွမ်ကျဲ့နန်က မျက်နှာထား မာမာဖြင့် လောထျန်းအား လှည့်ကြည့်လာသည်။
လောထျန်း သူ့အား တစ်ချက်ကြည့်ကာ လျစ်လျူရှုထားလိုက်ပြီး.. မြေပြင်တွင် ဒူးထောက်ကျနေသော ယွမ်လောလင်အား တွေ့သွား၏။
" မိန်းကလေးယွမ် "
ရှောက်ရ တအံ့တသြ ရေရွတ်ကာ ယွမ်လောလင်ဘေးသို့ အပြေးသွားလိုက်သည်။
သို့သော်.. ယွမ်လောလင်မှာ စကားတစ်ခွန်းပင် မဟနိုင်အောင် ဖိနှိပ်ခံထားရရှာပါ၏။
" ဟင် ... မင်းက အဲ့ခွေးမရဲ့ မိတ်ဆွေလား "
ထိုစဥ် ယွမ်လွင်က ရှေ့တိုးလာကာ ရှောက်ရအား လှောင်ပြုံးဖြင့် ကြည့်လာသည်။
ရှောက်ရကလည်း သူ့ကိုပြန်ကြည့်ပြီး မေးလိုက်၏။
" အခု မင်းတို့ ဘာလုပ်နေကြတာလဲ "
ယွမ်လင်က လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" ဘာလုပ်နေလဲ.. ဟုတ်လား ၊ အဲ့ခွေးမက သခင်ကြီးပိုင်ကို ဒဏ်ရာတွေအများကြီးရအောင် လုပ်ခဲ့တာလေ ။ အဲ့တော့ သူ့ရဲ့ မိတ်ဆွေဖြစ်တဲ့ မင်းက သူ့
အကြွေးကို ပြန်ပေးရလိမ့်မယ် "
သူ ပြောပြောဆိုဆိုပင် လက်ထဲမှ အစီအမံပုံကြမ်း အထပ်လိုက်ကြီးအား ယမ်းပြ၏။
ထို အစီအမံပုံကြမ်းများမှာ လောထျန်းက ယွမ်လောလင်အတွက် ရေးပေးခဲ့သော အစီအမံပုံကြမ်းများပင် ။
အစောပိုင်းတွင် ယွမ်လောလင်တစ်ယောက် ဒုတိယဘိုးဘေး၏ ဖိနှိပ်မှုကို ခံလိုက်ရသည်နှင့် ယွမ်လွင်က ၎င်းအစီအမံပုံကြမ်းများအား ချက်ချင်း လုယူခဲ့သည်။
" မင်း.... "
၎င်းကိုမြင်သည်နှင့် ရှောက်ရ မျက်ခုံးပင့်သွားပြီး ဆဲဆိုရန် ပြင်လိုက်၏။
ထိုစဥ် တဖက်မှလောထျန်းက သူတို့ကို ကြည့်ရင်း အေးဆေးပြောလာသည်။
" ငါ မင်းတို့နဲ့ တိုက်ခိုက်ရမှာ ပျင်းလွန်းတယ် ၊ ဒါပေမယ့်.. အဲ့အစီအမံပုံကြမ်းတွေက ပိုက်ဆံအများကြီး
တန်တယ်ကွ။ မင်း အဲ့ဒါတွေကို လိုချင်ရင် ငါ့ကို ပိုက်ဆံပေး "
လောထျန်း ပြောပြီး တဖက်လူရှေ့သို့ လက်ဝါးဖြန့်ပြလိုက်သည်။
ယွမ်လွင်မှာ ထိုစကားကိုကြားကာ မှင်သက်သွားပြီးနောက်မှ ဒေါသတကြီး ပြော၏။
" မင်း ရူးနေတာလား ကောင်လေး ။ ငါ့ကို ပိုက်ဆံပေးစေချင်နေသေးတယ်ပေါ့လေ ။ ငါပြောမယ်.. အခု ဒီ အစီအမံပုံကြမ်းတွေအားလုံးက ငါ့အပိုင် ဖြစ်သွားပြီကွ ။ ပြီးရင်.. ငါက မင်းကို ပိုက်ဆံတစ်ပြားလေးတောင် မပေးမယ့်အပြင် ၊ မင်းရဲ့ အစီအမံတွေ သုံးပြီးတော့ မင်းကိုပါ သေအောင် ဖိနှိပ်ဦးမှာ "