စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး၏ ကိုယ်ပွားပုံရိပ်
Vol. 57 Ch. 798
" မင်း ဘာပြောလိုက်တယ် "
လောထျန်း၏ မျက်နှာထား ချက်ချင်းအေးစက်သွားသည်။
သူသည် ဤနေရာသို့ အကြွေးတောင်းရန် လာခဲ့ခြင်းဖြစ်ပြီး တဖက်မိသားစု၏ အတွင်းရေးပြဿနာကို ဂရုမစိုက်ပါချေ ။
သို့သော်... ထိုကောင်က သူ့ကို ပိုက်ဆံမပေးမယ့်အပြင်...
သူ့အစီအမံများကို သုံး၍ သူ့ကိုပါ ပြန်သတ်မယ်တဲ့လား...
မလွန်လွန်းဘူးလား ...
" ဟမ့်.. မင်းလို ဘာမဟုတ်တဲ့ တိုင်လင်စင်မြင့်ကကောင်ကများ ငါတို့ ယွမ်မိသားစုကိစ္စမှာ ဝင်ရှုပ်ရဲတယ်ပေါ့လေ ။ မင်းတို့အားလုံး သေကြစမ်း "
ယွမ်လွင်က ပြောပြီး လက်ထဲမှ အစီအမံပုံကြမ်းကို အသက်သွင်းရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင် သူ့လက်က ပေါ့သွားသည်ကို ခံစားလိုက်ရပြီး သူ့ရှေ့မှ လောထျန်းကလည်း ရုတ်တရက် ပျောက်ကွယ်သွား၏။
" ဟင် ... "
ယွမ်လွင် လန့်သွားပြီး လှည့်ကြည့်လိုက်ရာ သူ့လက်တစ်ဖက် ကျိုးနေသည်ကို တွေ့လိုက်ရသည်။ သူ့နောက်တွင်ကား အစီအမံပုံကြမ်းများကို ကိုင်ထားပြီး ရပ်နေသော လောထျန်းက သူ့အား အေးစက်စက် ကြည့်နေ၏။
" မင်း... ငါ့လက်ကို ချိုးလိုက်တာလား "
ယွမ်လွင် အလန့်တကြား အော်လိုက်သည်။
ထိုစဥ်မှာပင် ဆိုးရွားလှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ယွမ်လွင် အော်လိုက်ပြန်၏။
" သားလေး.. "
ယွမ်ကျဲ့နန် တုန်လှုပ်သွားသည်။
သူ အာရုံမစိုက်မိခင် အချိိန်လေးအတွင်း သူ့သားလက်က ကျိုးနေခဲ့လေပြီ ။
" ကောင်လေး.. မင်း သေပြီသာမှတ် "
ဝုန်း...
ယွမ်ကျဲ့နန်ကိုယ်မှ အသေမျိုးအစွမ်းများ ရုတ်ချည်း တိုးထွက်လာကာ လောထျန်းအား လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။
သို့သော်...
ဇွပ်...
သူ မတိုက်ခိုက်ရခင်မှာပင်... သူ့ရင်ဘတ်၌ အပေါက်တစ်ခု ပေါ်လာ၏။
" မင်း. .. မင်း ... "
ယွမ်ကျဲ့နန် ကြောက်ရွံ့နေသော မျက်လုံးများဖြင့်
လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။
လောထျန်းက မည်သို့ တိုက်ခိုက်လိုက်သည်ကိုပင် မတွေ့လိုက်ရဘဲ.. သူ အသက်ဆုံးသွားရလေပြီ ။
" အဖေ... "
ထိုစဥ် လက်ကျိုးနေသော ယွမ်လွင်ထံမှလည်း ကြောက်လန့်တကြား အော်သံကြီး ထွက်လာသည်။
လောထျန်းက သူ့ဘက်သို့ ရုတ်ချည်း လှည့်ကြည့်လာ၏။
ယွမ်လွင် သေမတတ်ပင် ကြောက်ရွံ့သွားတော့သည်။
သူ့ရှေ့မှ လောထျန်းမှာ ကြောက်စရာကောင်းလှပါတကား...
အကယ်၍ လောထျန်းသာ ထပ်တိုက်ခိုက်လာပါက သူ လောထျန်းလက်ချက်ဖြင့် သေရပေတော့မည် ။
ယွမ်လွင် ကူကယ်ရာမဲ့ ဖြစ်သွားပြီး နောက်လှည့်၍
အော်လိုက်၏။
" ဘိုးဘေး ၊ ကျုပ်ကို ကယ်ပါဦးဗျာ "
" ဟင်... "
ထိုစဥ်တွင် ဘိုးဘေး ၄ နှင့် ဘိုးဘေး ၆ တို့ကို ယဇ်ပူဇော်နေသော ဒုတိယဘိုးဘေးကလည်း ယွမ်လွင်၏ အသံကိုကြားပြီး လှည့်ကြည့်လာသည်။ ဘိုးဘေး၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွား၏။
သူ ဂုဏ်အယူရဆုံး မျိုးဆက်ဖြစ်သည့် ၊ ယွမ်ကျဲ့နန်က သူ့ရှေ့တွင် သေနေပြီဖြစ်ရာ သူ ဒေါသမထွက်ဘဲ မည်သို့နေပါမည်နည်း ။
" ကောင်လေး ၊ မင်းက အတင့်ရဲလှချည်လား "
သူ လောထျန်းအား ဒေါသတကြီး အော်လိုက်သည်။
ချွှင်...
ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းများလည်း ချွန်မြည့်သော ဓားသွားများအဖြစ် ပြောင်းကာ သူ့ခေါင်း
ထက်တွင် စုစည်းလာကြသည်။
" မင်းက ငါ့ရဲ့ မျိုးဆက်တွေကို ထိခိုက်အောင် လုပ်ရဲနေမှတော့... စိတ်ဝိဥာဥ်တစ်သောင်းက မင်းခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်သွားတဲ့ နာကျင်မှုကို ခံစားရမယ် "
သူ့စကား ဆုံးချိန်မှာပင် ချွန်မြည့်သော ဓားသွားများက လောထျန်းဆီသို့ တိုးဝင်လာကြသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး.. သတိထား.. "
၎င်းကိုမြင်သော ရှောက်ရက အော်၍ သတိပေးလိုက်၏။
ဒုတိယဘိုးဘေးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
" သတိထား.. ဟုတ်လား ။ သတိထားလဲ အသုံးမဝင်ဘူး ။ အဲ့ဒါ စိတ်ဝိဥာဥ်အစွမ်း ဓား ကွ ။ အဲ့ဒါကို ရှောင်လို့မရသလို ခုခံလို့လဲ မရဘူး.. စိတ်ဝိဥာဥ်အစွမ်း နဲ့ပဲ ခုခံနိုင်တာ "
ထိုသို့ ပြောပြီးသည်နှင့် သူ့မျက်နှာထက်တွင် ယုတ်မာကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာကာ လောထျန်းတစ်ယောက် နာကျင်ခံစားရမည်ကို
စောင့်ကြည့်နေပါ၏။
သို့သော်.. ထို စိတ်ဝိဥာဥ်အစွမ်းက လောထျန်းအနီးသို့ ရောက်ခါနီးအချိန်မှာပင်..
ဝှစ်...
ဓားသွားများ တစ်ခုပြီးတစ်ခု အငွေ့ပျံ ပျောက်ကွယ်သွားကြတော့သည်။
" ဘယ်လိုဖြစ်ပြီးတော့... "
ဒုတိယဘိုးဘေး မှင်သက်သွားရသည်။
သူ စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး၏ အမွေအနှစ်ကို ရခဲ့သည့်အချိန်မှစ၍ ထို အခြေအနေမျိုးနှင့် ကြုံရသည်မှာ ယခုက ပထမဆုံးပင် ။
ဘာတွေ ဖြစ်နေပါသလဲ...
ထိုသို့ ဖြစ်နိုင်ပါသလား ...
" ငါ ခုနက ယဇ်ပူဇော်တဲ့အချိန် ဆုံးရှုံးမှု ကြီးသွားလို့
များလား.. ။ ဟမ့်.. အဲ့လိုဆိုတော့လဲ ထပ်ကြိုးစားရမှာပေါ့ "
ဒုတိယဘိုးဘေး ပြောလိုက်သည်။ ထို့နောက် ဘိုးဘေး ၄ နှင့် ဘိုးဘေး ၆ တို့ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားသော သူ့ခန္ဓာကိုယ်မှ စိတ်ဝိဥာဥ်အစွမ်း အလင်းတန်းနှစ်ခု ထွက်လာ၏။
ဒုတိယဘိုးဘေး လက်ဝါးနှစ်ကို စုလိုက်သည်။
ဝီ ...
သူ့နောက်တွင် ဧရာမ စိတ်ဝိဥာဥ်အရိပ်ကြီးတစ်ခု စုစည်းလာ၏။
" ကောင်လေး ၊ ငရဲကို သွားစမ်း "
ထို့နောက်တွင် ယခင်တစ်ကြိမ်ထက် ပိုချွန်ပြီး ပိုများသော စိတ်ဝိဥာဥ်အစွမ်း ဓားများလည်း ထပ်မံ စုစည်းလာပြန်သည်။
သူ မတိုက်ခိုက်ခင်မှာပင် အေးစက်စက် လေပြင်း
တစ်ချက် တိုက်ခတ်လာသည်ကို အားလုံး ခံစားလိုက်ရ၏။
" ဒီလူမှာ .. အဲ့လောက်အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း ရှိတာလား.. "
ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေသော ရှောက်ရတစ်ယောက် တုန်လှုပ်သွားတော့သည်။
မသေမျိုးအစီအမံပညာရှင် တစ်ယောက်ဖြစ်သော သူမသည်လည်း စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံသူဖြစ်ပါသည်။
ထို့ကြောင့်လည်း ဒုတိယဘိုးဘေး၏ စိတ်ဝိဥာဥ်အစွမ်းကို မြင်ပြီး သူမ ကြောက်ရွံ့သွားရခြင်းပါပင် ။
သူမ ယခင်တွေ့ခဲ့ဖူးသည့် စိတ်ဝိဥာဥ်သခင်ကြီး အများစုပင် ယွမ်မိသားစု ဒုတိယဘိုးဘေးထက် များစွာ ပိုအစွမ်းနိမ့်ကြသည် မဟုတ်ပါလား..
ထိုလူက အပုန်းကောင်းလှပေသည်။
" သေစမ်းကွာ "
ထိုစဥ်မှာပင် ဒုတိယဘိုးဘေးက လောထျန်းအား တိုက်ခိုက်လိုက်၏။
ဤတစ်ကြိမ် သူ့ စိတ်ဝိဥာဥ်ဓားက ယခင်ထက် များစွာ ပိုအစွမ်းထက်လှပါသည်။
ထိုစဥ်... တဖက်မှ လောထျန်းမှာ ရန်သူ၏ တိုက်ခိုက်မှုကို ကြည့်ပြီး သက်ပြင်းချလိုက်ပါ၏။
" စီးပွားရေး လုပ်ရတာ အဲ့လောက်ခက်တာလားကွာ "
သူ ပြောပြီး စိတ်ဝိဥာဥ်အစွမ်း အမျှင်တန်းတစ်ခု ထုတ်လွှတ်လိုက်သည်။
ဝှစ်..
တစ်ချိန်တည်းမှာပင် ဒုတိယဘိုးဘေး၏ စိတ်ဝိဥာဥ်ဓားများ အငွေ့ပျံပျောက်ကွယ်သွားပြန်တော့၏။
ထိုမျှမကသေးဘဲ.. လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက ရှေ့သို့ ဆက်တိုးသွားပါသည်။
အား....
ဒုတိယဘိုးဘေး တစ်စုံတစ်ခုကြောင့် လောင်ကျွမ်းသွားရဟန်တူကာ ဘိုးဘေး ၄ နှင့် ဘိုးဘေး ၆ တို့ကို ပစ်ထားပြီး နောက်သို့ အသည်းအသန် ဆုတ်သွားလိုက်သည်။
ထိုဘိုးဘေး နှစ်ယောက်တို့မှာလည်း ဒဏ်ရာဆိုးရွားစွာ ရထားကြပုံတူပြီး အချုပ်အနှောင်မှ လွတ်သည်နှင့် လဲကျသွားကြ၏။ သူတို့ အကြိမ်အနည်းငယ် ကြိုးစားလိုက်ကြသေးသည့်တိုင်.. ပြန်မထနိုင်ကြရှာပါ ။
ထိုစဥ်တွင် လောထျန်းက ဒုတိယဘိုးဘေး ရှိရာဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။
ဒုတိယဘိုးဘေးမှာ ၎င်းကိုကြည့်ပြီး အလွန်ကြောက်ရွံ့တုန်လှုပ်သွား၏။
" မင်း.. ဘယ်သူလဲ ။ ဘာကြောင့်မို့ အဲ့လို စိတ်ဝိဥာဥ်အစွမ်း ရှိနေရတာလဲ "
သူ တုန်လှုပ်စွာ မေးလိုက်သည်။
လောထျန်းက သူ့မေးခွန်းကို လျစ်လျူရှုပြီး သူ့ထံသို့ ဆက်လျှောက်လာ၏။
၎င်းကိုမြင်သော ဒုတိယဘိုးဘေး ဒေါသူပုန်ထသွားသည်။
" ကောင်လေး.. ငါ့ကို အထင်မသေးနဲ့ကွ ။ ငါ.. ငါက မသေမျိုးဧကရာဇ် တစ်ပါး ဖြစ်လာဖို့ ဆုံးဖြတ်ထားပြီးသား ။ ငါ့ကို အာခံတဲ့သူ မှန်သမျှ သေကြရမယ် "
ဝုန်း...
သူ ပြောပြီးချိန်တွင် စိတ်ဝိဥာဥ်အစွမ်း ပေါက်ကွဲထွက်လာပြန်၏။
သူ့ ပါးနှစ်ဖက်တွင်လည်း ထူးဆန်းသောထွင်းစာများ ပေါ်လာကြသည်။
သူ့အရောင်အဝါလည်း စတင်ပြောင်းလဲလာ၏။
" ဟင်.. ဒီကောင့်ရဲ့ အရောင်အဝါက... "
လောထျန်းမှာ တဖက်လူကိုကြည့်ရင်း ထိုအရောင်အဝါအား သူ ရင်းရင်းနှီးနှီး သိသည်ကို ပိုသေချာလာပါသည်။
ထိုအချိန်တွင် ဒုတိယဘိုးဘေးက ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်သည့် မျက်နှာထားဖြင့် လောထျန်းကို ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။
" ကောင်လေး ၊ အစကတော့ ဒီသိုင်းကွက်ကို ငါ့ကို အာခံလာကြမယ့် မသေမျိုးဘုရင်ဘွဲ့ ရထားတဲ့သူတွေအတွက် ရည်ရွယ်ထားတာကွ ။ အခုတော့ မမျှော်လင့်ဘဲ ဘာမဟုတ်တဲ့ မင်းလိုကောင်မျိုးနဲ့ သုံးလိုက်ရပြီပေါ့ကွာ "
" အဲ့ဒါ မင်းအတွက် ဂုဏ်ယူစရာ ကိစ္စကြီးပဲ "
သူ ပြောပြီး လက်ဝါးနှစ်ဖက်ကို စုလိုက်ပြန်၏။
ဝုန်း... ဝုန်း... ဝုန်း ...
သူ့သွေးကြောများ ရုတ်ချည်း ပေါက်ထွက်လာကာ သွေးများမှ ထွင်းစာများအဖြစ် ပြောင်းသွားပြီး.. သူ့အနောက်ဘက်တွင် စုစည်းလာကြသည်။
" အရောင်အဝါက ကြောက်စရာကောင်းလိုက်တာ ။ လက်ထောက်ဂိုဏ်းချုပ်ကြီး.. ပြေးတော့ "
၎င်းကို မြင်သောအခါ ရှောက်ရတစ်ယောက် ကြောက်လွန်း၍ ဒူးများပင် မခိုင်တော့ပေ ။
ဆိုးရွားလှသော တစ်စုံတစ်ခု ဖြစ်တော့မည်ကိုလည်း သူမ ခံစားမိလိုက်ပါ၏။
" ပြေးရမယ်.. ဟုတ်လား "
တဖက်မှ လောထျန်းမှာမူ သူမစကားကို ကြားပြီး အံ့အားသင့်သွားပါသည်။
ဒုတိယဘိုးဘေးက လှောင်ပြုံးဖြင့် ပြောလာ၏။
" ထွက်ပြေးချင်တယ်ပေါ့လေ... ကံဆိုးတာက မင်းတို့ နောက်ကျသွားပြီကွ ။ ငါ ဒီသိုင်းကွက်ကို သုံးပြီးသွားရင် ဒါလောင် မသေမျိုးဘုရင်ကြီး ရောက်လာရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး.. "
ထိုသို့ပြောပြီးနောက်.. သူ သွေးအနည်းငယ် အန်သွားသည်။ ထို့နောက် အံကြိတ်၍ အော်လိုက်၏။
" နတ်ဘုရားမျိုးဆက် သိုင်းပညာ ၊ စိတ်ဝိဥာဥ်တစ်
သောင်း ကိုယ်ပွားပုံရိပ် "
ဝုန်း ...
သူ့ခေါင်းပေါ်၌ တံခါးအရိပ်တစ်ခု ပေါ်လာသည်။
ထို့နောက်... တံခါးက ဖြည်းညင်းစွာ ပွင့်လာ၏။
၎င်းတံခါးက အနည်းငယ်လေး ပွင့်လာစဥ်မှာပင်.. အစွမ်းထက်သော အရောင်အဝါတစ်ခု တိုးထွက်လာသည်။
ဝုန်း ...
ချက်ချင်းမှာပင်.. စိတ်ဝိဥာဥ်အစွမ်းတစ်ခုက ဘေးပတ်လည် မိုင်တစ်ထောင်ခန့်သို့ လွင့်ပျံ့သွားပြီး.. မရေမတွက်နိုင်သော လူများစွာပင် သူတို့၏ စိတ်ဝိဥာဥ်အစွမ်း ဖိနှိပ်ခံလာရသည်ကို ခံစားလိုက်ကြရသည်။ သူတို့ ရူးတော့မလိုလည်း ခံစားလိုက်ရပါ၏။
ထိုစဥ်မှာပင် ဒုတိယဘိုးဘေးက လောထျန်းအား ရူးသွပ်နေသူတစ်ယောက်၏ မျက်လုံးမျိုးဖြင့် ကြည့်
ကာ အော်ပြောလိုက်သည်။
" ကောင်လေး ၊ မင်း ဘယ်သူလဲဆိုတာ မသိပေမယ့်.. ငါ အခု စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးရဲ့ ကိုယ်ပွားပုံရိပ်ကို ဖိတ်ခေါ်ထားတယ်ကွ ။ မင်း အသက်ဆက်ရှင်နိုင်ဦးမလား ကြည့်ကြတာပေါ့ "
ဝုန်း..
ထိုစဥ်မှာပင် သူ့ခေါင်းပေါ်ရှိ တံခါးချပ်က တစ်ဝက်လောက်ပွင့်လာကာ ဧရာမ အေးစက်စက် မျက်နှာကြီးတစ်ခု တိုးထွက်လာသည်။
စာစဉ်ပြီး၏