← Chapters

ညတွင်းတိုက်ပွဲ

Vol. 4 Ch. 51

ညတွင်းတိုက်ပွဲ

Vol. 4 Ch. 51

~သုံးယောက်သား ခပ်ဟဟ ရယ်လိုက်ကြသည်။

ထျဲယင်း (လင်းယုန်) က စကားဆက်လာ၏။

"ဒါပေမဲ့... ငါတို့ရဲ့ပန်းတိုင်က ဒီတစ်ခါ အစစ်အမှန်သိုင်းဂိုဏ်းကို မျိုးဖြုတ်ဖို့ညဘူး... သူတို့ရဲ့ အမွေအနှစ်ကို လာယူတာ။"

ထျဲလုံ (နဂါး) က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... အဓိက ပစ်မှတ်က 'သိုင်းကျမ်းတိုက်' ပဲ။ ညီ နှစ်... မင်းက အမြန်ဆုံး။ အချိန်ကျရင် မင်းက သိုင်းကျမ်းတိုက်ကို တန်းသွား။ ငါက ရှေ့မှာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ပြီး ကျန်းပိုင်ရှန်းနဲ့ ဟိုတပည့်ရင်းကောင်တွေကို ငါ့ဆီဆွဲခေါ်ထားလိုက်မယ်။ မင်းလမ်းကို ပိတ်တဲ့ကောင်ရှိရင်... မြန်မြန်ရှင်းပစ်... ပြီးတော့ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ကျင့်စဉ်ကို ရှာခဲ့။"

"ညီသုံး... မင်းက နောက်ကနေ ပံ့ပိုးပေး။ တစ်ခုခုထူးခြားတာနဲ့ ငါတို့ကို ဆုတ်ခွာဖို့ ကူညီရမယ်။ ပြီးတော့... တောင်ခြေကိုလည်း အကဲခတ်ထားဦး။ တခြားကောင်တွေကလည်း အစစ်အမှန်သိုင်းဂိုဏ်းကို မျက်စိကျနေပြီး ငါတို့နဲ့ လာတိုးနေရင်... ဒုက္ခများကုန်လိမ့်မယ်။"

ထျဲဟူ (ကျား) နှင့် ထျဲယင်း (လင်းယုန်) တို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။

သူတို့သုံးယောက် နာမည်ဆိုးဖြင့် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့ပြီး ယခုထိ လွတ်လပ်ပေါ့ပါးစွာ ရှိနေနိုင်ခြင်းမှာ... သူတို့၏ အပြန်အလှန် နားလည်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုကြောင့်ပင် ဖြစ်သည်။

သို့သော် ထျဲဟူ (ကျား) ကတော့ နည်းနည်း နှမြောသလို ဖြစ်နေပုံရသည်။

"အစ်ကိုကြီး... 'ဝမ်' ဆိုတဲ့ကောင်က ဒီလောက်ဈေးကြီးပေးပြီး ငါတို့ညီအစ်ကိုသုံးယောက်ကို ငှားတာ... ကြည့်ရတာ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ အမွေအနှစ်က မသေးဘူးထင်တယ်။ ငါတို့က သူ့လက်ထဲ ဒီအတိုင်းပဲ ထည့်ပေးလိုက်ရတော့မှာလား။"

ထျဲလုံက သက်ပြင်းချလိုက်သည်။

"ဒီငတုံး... အဲ့ဒါမှ မင်းတုံးတာ။ အချိန်ကျရင် ငါတို့အတွက် တစ်စုံ တိတ်တိတ်လေး ပုံတူကူးထားရမှာပေါ့ကွ... ပြီးမှ တစ်စုံကို 'ဝမ်' ဆိုတဲ့ကောင့်ကို ပေးလိုက်မယ်။

တာအိုဆရာလုံရှန်းသာ အသက်ရှင်လျက်နဲ့ တကယ်ထွက်လာခဲ့ရင်... ငါတို့က အဲ့ကောင်လေးတွေကို ဒိုင်းကာအဖြစ် သုံးပြီး တာအိုဆရာလုံရှန်းရဲ့ အာရုံကို လွှဲထားလို့ရတာပေါ့။"

"သိုင်းလောကမှာ ကောလာဟလတွေ ထွက်နေတာ... တာအိုဆရာလုံရှန်းက အဲ့ဒီအမွေအနှစ်ကို ရခဲ့လို့ မူလအမြုတေနယ်ပယ်ကို ဒီလောက်မြန်မြန် ရောက်သွားတာတဲ့။ အခွင့်အရေးရှိတုန်း... ငါတို့ကိုယ်တိုင် တွေ့ကြည့်မှ ဖြစ်မယ်။"

"တကယ်လို့... ဒါက တုနှိုင်းမရတဲ့ အမွေအနှစ်ကြီး ဖြစ်နေခဲ့ရင်... ငါတို့ ယူပြီး 'ချန်းပြည်နယ်' ကို အဝေးကြီး ထွက်ပြေးကြမယ်။ အဲ့ဒီအခါကျ... 'ဝမ်' ဆိုတဲ့ကောင်နဲ့ တာအိုဆရာလုံရှန်းက တောင်တွေဖြတ်၊ မြစ်တွေကူးပြီး ငါတို့ကို လိုက်ရှာနိုင်မယ် ထင်နေသလား။"

သုံးယောက်သား ပြိုင်တူ ယုတ်မာစွာ ပြုံးလိုက်ကြသည်။

ညက ပိုနက်လာသည်။

ထျဲလုံက အချိန်ကို ကြည့်ပြီး အေးစက်စွာ ဆိုလိုက်၏။

"သွားမယ်"

သုံးယောက်လုံး လင်းယုန်ကြီးများပမာ လေထဲသို့ ပျံတက်သွားကြသည်။

ပြီးနောက် အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြ၏။

ထျဲဟူ (ကျား) က အစစ်အမှန်သိုင်းဂိုဏ်း၏ တောင်တံခါးအနီးတွင် ပုန်းဝပ်ကာ ပံ့ပိုးရန် စောင့်နေသည်။ ထျဲလုံ (နဂါး) ကတော့ အစစ်အမှန်သိုင်းဂိုဏ်းဆီ တန်းတန်းမတ်မတ် ဦးတည်သွား၏။ ထျဲယင်း (လင်းယုန်) ကတော့ ကိုယ်ဖျောက်ကာ အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

သိပ်မကြာလိုက်...

'ဒုန်း' ခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် အော်ဟစ်ဆဲဆိုသံများ လိုက်ပါလာသည်။

"ဘယ်ကောင်လဲ... ငါ့အစစ်အမှန်သိုင်းဂိုဏ်းမှာ ရမ်းကားရဲတာ.."

"ဘယ်က သူခိုးတွေလဲ... သေမလား ရှင်မလား မသိတဲ့ကောင်တွေ.."

"ချီစွမ်းအင်နယ်ပယ် ကျွမ်းကျင်သူဖြစ်ပြီး ခေါင်းကို ဖုံးကွယ်ထားရဲလား... ငါ ကျန်းပိုင်ရှန်း မင်းကို တွေ့ရသေးတာပေါ့.."

အစစ်အမှန်သိုင်းဂိုဏ်း၏ တပည့်များ တရိပ်ရိပ် စုရုံးလာကြသည်။

ထျဲလုံ၏ ခပ်ဩဩ ရယ်သံကြီးက ညလေထဲတွင် ပဲ့တင်ထပ်သွား၏။

"တာအိုဆရာလုံရှန်း သေခါနီးပြီဆိုလို့ ဟုတ်မဟုတ် လာကြည့်တာကွ။ တာအိုဆရာလုံရှန်းကို ထွက်လာခဲ့လို့ ပြောလိုက်... မင်းတို့လို ကလေးပေါက်စတွေနဲ့ စကားပြောဖို့ ငါ့မှာ အဆင့်မရှိဘူး။"

သိုင်းကစားကွင်းပေါ်တွင်...

မီးတုတ်များ အရပ်လေးမျက်နှာမှ စုစည်းလာသည်။

ထျဲလုံက လက်ပိုက်လျက် တစ်ယောက်တည်း ရပ်နေပြီး သူ့အရှိန်အဝါက တားဆီးမရနိုင်သလို ထင်မှတ်ရသည်။ သူက လက်ချောင်းများမှ ချီစွမ်းအင်တစ်ခုကို လှမ်းပစ်လိုက်ရာ အတွင်းစည်းတပည့်တစ်ဦးထံ အံ့မခန်းအရှိန်ဖြင့် တိုးဝင်သွား၏။

ထိုတပည့်ခမျာ ဦးနှောက်ထဲ ဘာမှမရှိတော့ဘဲ ဗလာကျင်းသွားသည်။ ...'သေပြီ'...။ သို့သော် ကံကောင်းစွာပင် ကျန်းပိုင်ရှန်းက အချိန်မီ ဝင်ရောက်လာပြီး ဓားချီစွမ်းအင်တစ်ခုကို လွှဲယမ်းကာ ထိုချီစွမ်းအင်ကို ဖြတ်တောက်လိုက်နိုင်သည်။

မဟုတ်ပါက ထိုတပည့်မှာ နေရာတွင်ပင် လည်ပင်းပြတ်သွားလောက်သည်။

...ဒါတောင်မှ... ချီစွမ်းအင်က ရှပ်ထိသွားရုံမျှဖြင့် သူ့ရင်ဘတ်တွင် အရိုးထိမတတ် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ချက် ကျန်ရစ်ခဲ့သည်။

...အတွင်းစွမ်းအားနယ်ပယ်နဲ့ ချီစွမ်းအင်နယ်ပယ်ကြားက ကွာဟချက်က သိပ်ကို ကြီးမားလွန်းလှပါသည်။

ကျန်းပိုင်ရှန်း၏ မျက်လုံးများ အေးစက်သွားပြီး ဟိန်းဟောက်လိုက်သည်။

"အားလုံး နောက်ဆုတ်ကြ... ဒီကောင့်ကို ငါရှင်းမယ်.."

သူသည် လျှပ်စီးကဲ့သို့ ရွေ့လျားကာ ထျဲလုံကို ဝင်တိုက်လေသည်။

...စကားလုံးများကတော့ ထျဲလုံ၏ နောက်ကြောင်းကို စမ်းသပ်ရင်း တရစပ် ပစ်ခတ်နေသည်။ သူ့စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်နေ၏။ ဤအနက်ရောင်ဝတ်စုံနှင့်လူ၏ ထူးကဲသော စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

.. 'ဒီလူက... ခွန်အား အားလုံးတောင် ထုတ်မသုံးသေးဘူး'...

"မင်း ဘာကိစ္စနဲ့ ညဘက်ကြီး ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းကို လာနှောင့်ယှက်တာလဲ။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။"

ထျဲလုံက ပြန်မဖြေဘဲ ခပ်ညစ်ညစ်သာ ပြုံးလိုက်သည်။

တာအိုဆရာလုံရှန်းကတော့ ခုထိ ပေါ်မလာသေး... ကြည့်ရတာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လို့မရတာ သေချာသွားပြီ...။ ဤအချက်က သူ့ကို စိတ်အေးသွားစေ၏။

သူကပင် လှောင်ပြောင်လိုက်သေးသည်။

"အစစ်အမှန်သိုင်းဂိုဏ်းရဲ့ တန်ခိုးက ဒီလောက်ပဲလား... နာမည်ကြီးနေတာကတော့ အလကားပဲ.."

ကျန်းပိုင်ရှန်းခမျာ ဒေါသကြောင့် မျက်နှာကြီး နီမြန်းလာသော်လည်း ဘာမှ ပြန်မပြောနိုင်ချေ။ ကံကောင်းစွာပင် ရှုံးရှီ၊ ယဲ့ချင်းဟယ်နှင့် အခြားတပည့်ရင်းများ ရောက်ရှိလာခဲ့ကြသည်။

"အစ်ကိုငါး... ခင်ဗျားကို ကူညီဖို့ ကျွန်တော်တို့ ရောက်ပြီ.."

တပည့်ရင်းများ အားလုံးပေါင်းလိုက်သော စွမ်းအားသည် ပေါ့သေးသေးတော့ မဟုတ်ပါ။

တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် သူတို့သည် ထျဲလုံကို ချက်ချင်း ချုပ်တည်းထားနိုင်ပြီး မည်သူ့ကိုမျှ ထိခိုက်ခွင့် မပေးတော့ချေ။

ဤဆူညံသံများ ထွက်ပေါ်လာသည်နှင့်...

ထျဲယင်း (လင်းယုန်) ၏ ဘက်တွင် ချက်ချင်း လှုပ်ရှားမှု စတင်သည်။

..."အချက်ပြမြား မလွှတ်သေးဘူး... ကြည့်ရတာ အစ်ကိုကြီးက လွယ်လွယ်ကူကူ နိုင်နေပုံပဲ။"...

မီးရောင်များအားလုံး သိုင်းကစားကွင်းဆီသို့ စုစည်းသွားသည်ကို မြင်သောအခါ သူက ယုတ်မာစွာ ပြုံးလိုက်ပြီး သိုင်းကျမ်းတိုက်ဆီသို့ တိတ်တဆိတ် ရွေ့လျားသွားတော့သည်။

ထျဲယင်း၏ ကိုယ်ဖော့ပညာက အတော်လေး မြင့်မားသည်။ ချီစွမ်းအင်ကို ခြေဖျားတွင် စီးဆင်းစေကာ ကြီးမားသော အကွာအဝေးများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်၏။ သိုင်းကစားကွင်းဆီသို့ ဦးတည်သွားနေသော တပည့်များကိုလည်း အားစိုက်ထုတ်စရာမလိုဘဲ ရှောင်တိမ်းသွားသည်။

...ဒါပေမဲ့... ဘာကြောင့်မှန်းမသိ...။

သူ့စိတ်ထဲ...ပို၍ စိတ်ထဲ မလုံမခြုံ ခံစားလာရသည်။

...'တစ်စုံတစ်ခုက... ငါ့ကို စိုက်ကြည့်နေသလိုပဲ'...

သူသည် မိမိ၏ နိုးကြားမှုကို အမြင့်ဆုံးသို့ တိတ်တဆိတ် မြှင့်တင်ထားလိုက်သည်။

"ဘယ်သူလဲ... ထွက်လာခဲ့.."

နောက်ဆုံးတော့ ထိုရူးသွပ်ချင်စရာကောင်းသော ခံစားချက်ကို မခံနိုင်တော့ဘဲ ထျဲယင်းက အနီးအနားရှိ အဆောင်

တစ်ခုဆီသို့ သူ၏လက်ကို ပေါ့ပေါ့ပါးပါး လွှဲယမ်းပစ်လိုက်သည်။

ချီစွမ်းအင်များ ပေါက်ကွဲထွက်သွားပြီး သစ်သားတန်းများ ကိုးလေး...းကြေသွားကာ အဆောင် တစ်ခုလုံး ယိုင်နဲ့နဲ့ ဖြစ်သွား၏။

ထျဲယင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အရိပ်များထဲမှ လူလတ်ပိုင်းအရွယ် တာအိုသမားတစ်ဦး ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ပေါ်လာသည်။ ထိုတာအိုသမား၏ ပုံစံမှာ သာမန်မျှသာဖြစ်ပြီး ကျောတွင် ဓားကြီးတစ်လက်ကို လွယ်ထားသည်။

ဤတာအိုသမားကား... အခြားသူ

မဟုတ်...။ ပုံစံပြောင်းထားသော နင်ချီပင် ဖြစ်လေသည်။

သိုင်းကစားကွင်းမှ ဆူညံသံများသည် သူ၏အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ကူညီရန် ရည်ရွယ်ခဲ့သည်။ သို့သော် ညဘက် ကျူးကျော်သူများက ဤမျှ ကောက်ကျစ်လိမ့်မည်ဟု သူ မထင်ထားခဲ့...။ ဟန်ပြတစ်ခုလုပ်ကာ သိုင်းကျမ်းတိုက်ကို ပစ်မှတ်ထားနေကြသည်။ ခဏလောက် အကဲခတ်ကြည့်ပြီးနောက် ဤသူသည် အားနည်းသော ပြိုင်ဘက်မဟုတ်... ချီစွမ်းအင်နယ်ပယ်မှ တစ်ဦးဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။

"ပုန်းလျှိုးကွယ်လျှိုး လုပ်နေတဲ့ကောင်... နောက်ဆုံးတော့ မင်းကိုယ်မင်း ပြရဲပြီပေါ့။"

ထျဲယင်းက ခပ်စောင်းစောင်း ပြုံးလိုက်သည်။

...သို့သော် အတွင်းစိတ်ထဲတွင်မူ သူ၏ ကာကွယ်မှုကို အမြင့်ဆုံးသို့ မြှင့်တင်ထားလိုက်၏။ ...'ဒီတာအိုသမား... ငါ သူ့ကို လုံးဝ အကဲခတ်လို့ မရဘူး'...

နင်ချီက အေးဆေးစွာ ဆိုသည်။

"ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာက ခင်ဗျား ဖြစ်မယ်ထင်တယ်။ ညဘက်ကြီး ကျုပ်ရဲ့ အစစ်အမှန်သိုင်းဂိုဏ်းကို လာလည်တာ... ဘာအလိုရှိလို့လဲ။"

သူသည် မူလက ချောင်းမြောင်းတိုက်ခိုက်ရန် စီစဉ်ထားသော်လည်း ချီစွမ်းအင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အာရုံခံနိုင်စွမ်းက ထူးကဲလှသည်။ သူ့ကို အနားကပ်ခွင့် မပေးခဲ့ဘဲ ဤလူက သူ့ကို အတင်းအကျပ် ထွက်လာစေရန် အရာဝတ္ထုများကို တမင်တကာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

...'မြန်မြန် ဖြတ်မှ ဖြစ်မယ်'...

ရှေ့တန်းမှ စီနီယာအစ်ကိုများ တိုက်ပွဲဝင်နေဆဲဖြစ်ရာ နင်ချီ အချိန်ဖြုန်း၍ မဖြစ်ပါ။

ထျဲယင်းက တစ်စုံတစ်ခု ပြန်ပြောရန် ပါးစပ်ဟရုံ ရှိသေးသည်။

ထိုတာအိုသမားသည် စကားတစ်ခွန်းမှ

မဆိုဘဲ... သိုင်းလောက၏ ထုံးတမ်းစဉ်လာများကို လုံးဝဂရုမစိုက်ဘဲ... သူ့ထံသို့ တရှိန်ထိုး ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

ထျဲယင်း ဆံပင်များ ထောင်ထသွား၏။ အသက်အန္တရာယ်၏ ခံစားချက်က သူ၏နှလုံးသားကို လွှမ်းခြုံသွားသည်။ ...'ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား... ဒါ နောက်ထပ် ချီစွမ်းအင်နယ်ပယ် တစ်ယောက်ပဲ'...

...'သေစမ်း... အစစ်အမှန်သိုင်းဂိုဏ်းမှာ ဒီလို ပုန်းကွယ်နေတဲ့ ဆရာကြီး တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ ဘယ်လိုမှ မထင်ထားမိဘူး။ ချီး..အဲ့ဒီ 'ဝမ်' ဆိုတဲ့ကောင်... ငါ့ကို လှည့်စားလိုက်တာပဲဟ'...

ထျဲယင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သူ၏ ချီစွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

လင်းယုန်လက်သည်း ချီစွမ်းအင် လက်သီးများသည် လေထဲသို့ ပေါက်ကွဲထွက်သွားပြီး ညကောင်းကင်ယံတွင် လင်းယုန်ငှက်၏ အော်မြည်သံ သဲ့သဲ့ကို ကြားလိုက်ရသည်။ ကောင်းကင်ပျံလင်းယုန်ဟု လူသိများသည့်အတိုင်း ထျဲယင်းသည် ကိုယ်ဖော့ပညာတွင် ထူးချွန်သော်လည်း သူ၏ခွန်အားမှာလည်း မနည်းလှပါ။ သူ လေ့ကျင့်ထားသော ကောင်းကင်လင်းယုန် အစစ်အမှန်ချီစွမ်းအင်သည် အလွန်ထက်ရှနေပြီး ချီစွမ်းအင်တစ်ခုစီသည် လေထုကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိုးဖောက်သွားသည်။

သို့သော်... နောက်တစ်ခဏ၌...

သူ၏မျက်လုံးများမှာ မယုံကြည်နိုင်ခြင်းဖြင့် ပြူးကျယ်သွားရသည်။

သူ့တစ်ဖက်မှ တာအိုသမားသည် ချီစွမ်းအင် တစ်စုံတစ်ရာ ထုတ်ဖော်ခြင်း မရှိ။ သူသည် သူ၏ ဓားကြီးကို ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်ရုံမျှဖြင့်... သူ၏ ချီစွမ်းအင်အားလုံးကို လုံးဝဥဿုံ ကြေမွသွားစေခဲ့သည်။

သို့သော် ချက်ချင်းပင် ထျဲယင်း

တစ်ယောက် ဒေါသထွက်လာသည်။

"ခွေးမသား... ချီစွမ်းအင်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး... ချီစွမ်းအင်တောင် ထုတ်မပြဘူး... မင်းက ငါ့ကို ကစားစရာ မှတ်နေတာလား.."

သူ၏အကြည့်များ အေးစက်သွားပြီး လင်းယုန်တစ်ကောင်ကဲ့သို့ ထိုးဆင်းတိုက်ခိုက်လိုက်သည်။ ကောင်းကင်လင်းယုန် အစစ်အမှန်ချီစွမ်းအင်သည် အနီးကပ်တိုက်ခိုက်ရာတွင် ထူးချွန်သည်။ ...'ဒီ မောက်မာတဲ့ တာအိုဆရာကို အရောင်နည်းနည်း ပြထားမှ ဖြစ်မယ်'...

နင်ချီကတော့ အတွင်းစိတ်ထဲတွင် 'နဂါးဇီးကွက်ဓား' သည် မည်မျှ ထူးကဲကြောင်း အံ့ဩနေမိသည်။ သူ့တစ်ဖက်မှ အနက်ရောင်ဝတ်စုံနှင့်လူက ဒေါသထွက်သွားပြီး ပြေးဝင်လာသည်ကို မြင်သောအခါ...

နင်ချီ အတွင်းစိတ်မှ မပြုံးဘဲ

မနေနိုင်တော့ချေ။

...သူ့အတွက် ချီစွမ်းအင် နယ်ပယ်သမားတွေရဲ့ အာရုံအနောက်ဆုံး အပိုင်းက... မီတာပေါင်းများစွာ အကွာအဝေးကနေ ချီစွမ်းအင်ကို လှမ်းပစ်နိုင်တာပဲ...။

တကယ်လို့... တစ်ဖက်လူက သူ့ကို အဝေးကနေသာ လှမ်းပစ်နေမယ်ဆိုရင်...

...သူ့အနေနဲ့ အနားကပ်ဖို့ အတော်လေး အားစိုက်ထုတ်ရဦးမည် ဖြစ်သည်။

...ဒါပေမဲ့... အခုတော့...

ထျဲယင်းက နင်ချီ၏ ဇစ်မြစ်ကို မသိဘဲ... သူ့ဖာသာသူ ပြေးဝင်လာခဲ့သည်။

...ဒါကတော့... ငရဲမင်းကို လက်ပြနှုတ်ဆက်တာနဲ့ သိပ်မကွာတော့ဘူးပေါ့လေ။

All Chapters