← Chapters

ကောင်းကင်ဘုံလူသား လျှို့ဝှက်နည်းစနစ်

Vol. 4 Ch. 55

ကောင်းကင်ဘုံလူသား လျှို့ဝှက်နည်းစနစ်

Vol. 4 Ch. 55

တစ်နည်းအားဖြင့်တော့... သူတို့ မှန်းတာ မမှားပါ။

နင်ချီက အစစ်အမှန်သိုင်းဂိုဏ်း၏ 'ပုန်းကွယ်နေသော အစောင့်အရှောက်' ဖြစ်ပြီး... ဂိုဏ်း အုတ်မြစ်တွေထဲက တစ်ခု အမှန်ပင် ဖြစ်သည်။ .သို့သော်... သူတို့ မှားသွားသည့် အချက်

တစ်ချက်တော့ ရှိ၏။ နင်ချီက 'အဘိုးကြီး' တစ်ယောက် မဟုတ်ဘဲ... အသက် ခုနစ်နှစ်တောင် မပြည့်သေးသည့်... ကလေး

တစ်ယောက်သာ ဖြစ်နေခြင်းပင်။

နင်ချီတစ်ယောက် အတွင်းစိတ်ထဲမှ ပြုံးလိုက်မိသည်။

သူက ရှင်းပြဖို့ ဘာအစီအစဉ်မှ မရှိပါချေ။

...ပထမအချက်က... ချင်ယွင်နှင့် ဖြစ်ခဲ့သည့် အရင်ကိစ္စကြောင့်...။ ဒုတိယအချက်က... အစစ်အမှန်သိုင်းဂိုဏ်း၏ 'ပုန်းကွယ်နေသော အစောင့်အရှောက်' တစ်ယောက်အနေနှင့်... မလိုအပ်ဘဲနဲ့တော့... ပုန်းကွယ်နေတာက အကောင်းဆုံး ဖြစ်သည်။

...မဟုတ်လို့ကတော့... နင်ချီက သူ့စွမ်းအားကို ထုတ်ပြမှာ မဟုတ်...။ သူ လုံလောက်အောင် အားမကောင်းသေးခင်အထိ... ဒိုင်လျိုလေး နေဖို့ ကြိုးစားနေပါသည်။

...သူက... အရိပ်ထဲမှာ နေတာက ပိုကောင်းလိမ့်မည်။

... 'အင်း... သူတို့ ထင်ချင်သလို ထင်နေကြတာက ပိုကောင်းပါတယ်လေ'...။

"တော်သေးတာပေါ့... ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းမှာ... အမှောင်ထဲက ကာကွယ်ပေးနေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ ရှိနေသေးလို့...။ ...မဟုတ်ရင်... ဒီနေ့ အခြေအနေက... သေချာပေါက် ကပ်ဘေးတစ်ခု ဖြစ်သွားမှာပဲ။"

လူတိုင်း နည်းနည်းတော့ နောက်ကြောင်းပြန် ကြောက်သွားကြသည်။

...'ကောင်းကင်ပျံလင်းယုန်' သာ 'သိုင်းကျမ်းတိုက်' ကို လုယက်သွားနိုင်ခဲ့လျှင်... ဒါဟာ အစစ်အမှန်သိုင်းဂိုဏ်းအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်မှာ သေချာသည်။

"ဒီစီနီယာကြီးက... တကယ်တမ်း ဘယ်လို စွမ်းအားအဆင့်မျိုးတောင် ပိုင်ဆိုင်ထားလဲ မသိဘူးနော်။"

"ကျောက်စိမ်းအရည် နယ်ပယ်လား... ဒါမှမဟုတ်... ဆရာ့လိုမျိုး... မူလအမြုတေ နယ်ပယ်လား။"

လူတိုင်းက စပ်စုနေကြသော်လည်း... တာအိုဆရာလုံရှန်းကတောင် ဒီပုန်းကွယ်နေသော အုတ်မြစ်အကြောင်း သူတို့ကို မပြောပြမှတော့... သူတို့လည်း... ဆက်ပြီး စူးစမ်းဖို့ မလိုအပ်ကြောင်း သိကြသည်။

သူတို့က စိတ်ထဲမှာသာ မှန်းဆနေကြ၏။

...... ဒီလို မှန်းဆခြင်းက... လူတိုင်းကို အတော်လေး တက်ကြွလန်းဆန်း သွားစေသည်။

...ဘာပဲပြောပြော... ဒီနေ့ ဖြစ်ရပ်တွေက အစစ်အမှန်သိုင်းဂိုဏ်း၏ စိတ်ဓာတ်ကို တကယ်ပဲ ကျဆင်းစေခဲ့သည် မဟုတ်ပါလား။

နင်ချီကတော့... ရှုံးရှီက 'ကောင်းကင်ပျံလင်းယုန်'၏ ကျောကုန်းကနေ 'စိုးမိုးကျား အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' ကို ဖြတ်တောက်ယူနေတာကို... စူးစိုက်ကြည့်နေခဲ့သည်။ ...အထူးပြုလုပ်ထားသော နည်းလမ်းများဖြင့် ကျောကုန်းပေါ်တွင် တံဆိပ်ခတ်ထားသော အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကားကို... ဤသို့ ဖြတ်တောက်ခြင်းဖြင့်သာ ဖယ်ရှားနိုင်လေသည်။

...'အာ... လိုချင်လိုက်တာ'...။

သူ အနည်းငယ် တပ်မက်နေမိသည်။

...အစောပိုင်းက ခဏလေး လေ့လာကြည့်လိုက်ရုံနှင့်တင်... သူ သိုင်းပညာ တော်တော်များများကို နားလည် သဘောပေါက်သွားခဲ့သည်။

...တကယ်လို့သာ... သူ... အပြည့်အဝ စိတ်နှစ်မြှုပ် လေ့လာနိုင်ခဲ့လျှင်... သံသယရှိစရာမလို... ပိုကြီးမားသော အကျိုးကျေးဇူးတွေ ရမှာ သေချာသည်။

သို့ရာတွင် ... သူ အလျင်မလိုခဲ့ပါ။

... 'ဒီ 'စိုးမိုးကျား အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' က... 'သိုင်းကျမ်းတိုက်' ထဲမှာပဲ ထားဖြစ်မှာပါလေ'...။

ယဲ့ချင်းဟယ်တစ်ယောက် အတွေးနယ်ချဲ့နေသည်။ ကျန်းပိုင်ရှန်းနှင့် ရှုံးရှီတို့၏ စကားတွေကို ပြန်စဉ်းစားရင်း... သူမ နှလုံးသားထဲမှာ ထူးဆန်းသော ခံစားချက် တစ်ခုက ကသိကအောက် ဖြစ်နေသည်။

...'ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ပုန်းကွယ်နေတဲ့ အုတ်မြစ်လား..’

..'ကောင်းကင်ပျံလင်းယုန်' သေဆုံးသွားတာ... တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ...။ 'သိုင်းကျမ်းတိုက်' ကို သွားတဲ့လမ်းမှာ... အသတ်ခံရတယ်'...။

ယဲ့ချင်းဟယ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

ရုတ်တရက်...

ဓားကြီးတစ်လက်ကို လွယ်ထားပြီး... ရှုံးရှီက အရေပြားခွာနေတာကို အာရုံစိုက် ကြည့်နေသော ပုံရိပ်တစ်ခု... သူမ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

ယဲ့ချင်းဟယ်၏ မျက်ဝန်းများ တုန်ခါသွားသည်။

...'ဂျူနီယာ မောင်လေး?...'...

ကြောက်ခမန်းလိလိ အတွေးတစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်ပေါက်လာပြီး... သူမ၏ နှလုံးသားကို လှိုင်းတံပိုးများ ထန်သွားသလို တုန်ခါသွားစေသည်။

...သို့သော်.. ချက်ချင်းပင်... သူမ ခေါင်းခါလိုက်ရင်း... ကိုယ့်ကိုယ်ကိုယ် သောက်ပေါကျလိုက်တာ... ဟု ခံစားလိုက်ရကာ ခစ်ခနဲ ရယ်ချလိုက်သည်။

...'ကိုးလေးက ပါရမီရှင် တစ်ယောက် ဟုတ်ပါတယ်။ ...ဒါပေမဲ့... သူ သိုင်းလေ့ကျင့်တာ လေးနှစ်တောင် မပြည့်သေးဘူးလေ။ ...ငါ ခန့်မှန်းရ... သူ... အခုတလောမှ... 'အတွင်းစွမ်းအား နယ်ပယ်' ကို အနိုင်နိုင် ချိုးဖြတ်နိုင်ခဲ့တာ ဖြစ်ရမယ်။ ...'ချီစွမ်းအင် နယ်ပယ်' ကျွမ်းကျင်သူ တစ်ယောက်ကို... ချက်ချင်း အနိုင်ယူနိုင်တဲ့ စွမ်းအား... သူ့မှာ... ဘယ်လိုလုပ် ရှိနိုင်မှာလဲ'...။

ယဲ့ချင်းဟယ် စိတ်နှင့်လူ မကပ်ဘဲ ရှေ့သို့ တိုးသွားရင်း... နဂါးဇီးကွက်ဓားက အစွန်းအထင်းကင်းပြီး... သွေးနံ့တစ်စက်မှ မရှိတာကို သတိပြုမိလိုက်သည်။

ထိုအခိုက်အတန့်၌ နင်ချီက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလို... ပြုံးရင်း လှည့်ကြည့်လာသည်။

"စီနီယာအစ်မသုံး؟"

ယဲ့ချင်းဟယ်တစ်ယောက် သက်ပြင်းချလိုက်ပြီး... ဒီလို လက်တွေ့မကျသည့် အတွေးတွေ တွေးမိတဲ့အတွက်... ကိုယ့်ကိုယ်ကိုယ် 'ငတုံးမ' ဟု တိတ်တဆိတ် ကြိမ်းမောင်းလိုက်သည်။

သူမက ရယ်မောလိုက်ရင်း ဆိုသည်။

"ကိုးလေး..နငိက ကလေးပဲ ရှိသေးတာ... ဒါတွေ လာမကြည့်နဲ့။ ...ခဏနေ... စီနီယာအစ်ကိုနှစ်က 'အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' ကို သေချာကိုင်တွယ်ပြီး... ကြည့်ဖို့ ယူလာပေးလိမ့်မယ်... စိတ်မပူနဲ့။"

ဤသို့ပြောရင်း... သူမက နင်ချီကို ဆွဲခေါ်သွားတော့သည်။

...' အလောင်း အရေခွံခွာ' ခြင်းက... ကြည့်လို့ ကောင်းသော မြင်ကွင်းမှ မဟုတ်ဘဲ။

...သူတို့စိတ်ထဲမှာတော့... သူတို့ ၏ဂျူနီယာ မောင်လေးက... ခြံဝင်းထဲမှာ စာဖတ်လိုက်... ကျင့်ကြံလိုက် လုပ်နေတတ်သော... ဖြူစင်သည့် သိုးသငယ်လေး တစ်ကောင်... ဖြစ်နေတုန်းပင်။

...

'သံမဏိတောင်ကြော လူကြမ်းသုံးဦး' ဝင်ရောက်စီးနင်းခဲ့သည့် ညမှစ၍...

အစစ်အမှန်သိုင်းဂိုဏ်းတစ်ခုလုံး အရေးပေါ် သတိပေး အခြေအနေသို့ ရောက်ရှိသွားသည်။ ကင်းလှည့်သည့် တာဝန်များမှာ အရင်ကထက် အဆပေါင်းများစွာ တိုးလာပြီး... လစ်ဟာမှု မရှိစေရန် သေချာစေခဲ့၏။ ...ယခင်က နှစ်ပေါင်းများစွာ ပေါ့လျော့နေခဲ့သော်လည်း... တစ်ညတည်းနှင့်ပင် လူတိုင်းကို နိုးထစေရန် လုံလောက်ခဲ့သည်။ ...ဂိုဏ်းထဲတွင် သခင်ကြီးတစ်ပါး ရှိနေနိုင်သော်လည်း... သူတို့ လောင်းကြေးထပ်လို့တော့ မဖြစ်ပါ...။

ယခု... 'ကောင်းကင်ပျံလင်းယုန်' က အစစ်အမှန်သိုင်းဂိုဏ်းမှာ သေဆုံးသွားပြီ ဖြစ်ရာ... ရှုံးရှီနှင့် အခြားသူများက 'မြစ်ကို မှောက်လှန်သော နဂါး' နှင့် 'လမ်းလျှောက်ကျား' တို့က... ဒီအတိုင်း လွယ်လွယ် ကျေနပ်သွားမှာ မဟုတ်ဘဲ... လက်စားချေဖို့ ပြန်လာနိုင်လေသည်။

...ထို့အပြင်... တခြား အင်အားစုတွေကရော... အစစ်အမှန်သိုင်းဂိုဏ်းကို... မျက်စိကျနေမလား... ဘယ်သူသိနိုင်မည်နည်း။

..သို့ဆိုစေကာမူ.... နင်ချီကတော့ ပိုလို့တောင် စိတ်အေးလက်အေး ဖြစ်နေသည်။

...အကြောင်းကတော့... 'ကောင်းကင်ပျံလင်းယုန်' ကို သတ်ခဲ့တာ... သူမှန်း သူကိုယ်တိုင် သိနေသောကြောင့်ပင်။

...ကျန်နှစ်ယောက် လက်စားချေဖို့ လာမှာကို... သူ... တစ်စက်ကလေးမှ စိတ်မပူပါ...။

...'လာတယ်ဆိုတာ... အသေခံဖို့ လာတာပဲ...။ ...ဟင်းဟင်း... အဲ့နှစ်ကောင်... လာပါစေလို့တောင်... ငါ... မျှော်လင့်နေတာ'...။

...'ဒီလိုဆိုရင်... 'အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' သုံးချပ်လုံး စုစည်းမိဖို့... အခွင့်အရေး ရှိသွားတာပေါ့'...။

နင်ချီက သူ၏လက်ထဲမှ 'စိုးမိုးကျား အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' ကို ကြည့်ရင်း... အနည်းငယ် နှမြောတသ ဖြစ်သွားသည်။

..."ဒီ 'အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' က... တကယ်ပဲ... မရိုးရှင်းဘူး။"

..."'စိုးမိုးကျား ခန္ဓာကျင့်စဉ်'၊ 'စိုးမိုးကျား အားကျမ်း'၊ 'စိုးမိုးကျား အစစ်အမှန်ချီစွမ်းအင်'... 'ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်' ကနေ 'ချီစွမ်းအင် နယ်ပယ်' အထိ... ကျင့်ကြံခြင်း နည်းစနစ်တွေက... မျိုးရိုးတစ်ခုတည်းကနေ ဆင်းသက်လာတာ...။ ...အားလုံးက... သာလွန်ကောင်းမွန်တယ်...။"

..."ဒါ့အပြင်... 'ကောင်းကင်ဘုံလူသား လျှို့ဝှက်နည်းစနစ်' ... တစ်စိတ်တစ်ပိုင်းတောင်... ပါဝင်နေသေးတာ..."

ပြီးခဲ့သော ရက်အနည်းငယ်အတွင်း...

ရှုံးရှီက 'အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' ကို ကိုင်တွယ်ပြီးနောက်... နင်ချီက မတူညီသည့် သိုင်းပညာကျမ်းဂန်တွေကို အလွန် စိတ်ဝင်စားမှန်း သိနေတော့... သူ့ဆီ ပို့ပေးခဲ့သည်။

နင်ချီ၏ နားလည်နိုင်စွမ်းဖြင့်... 'အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' သည် သူ့ရှေ့တွင် လျှို့ဝှက်ချက် တစ်စုံတစ်ရာ မရှိတော့...။

...'လမ်းလျှောက်ကျား' ခမျာ... ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပမ်းစား လေ့လာခဲ့သော်လည်း... 'စိုးမိုးကျား အစစ်အမှန်ချီစွမ်းအင်' ၏ တစ်စိတ်တစ်ပိုင်းကိုသာ အနိုင်နိုင် နားလည်ခဲ့သည်။

...ဒါက... နင်ချီ... တစ်ညတည်း လေ့လာလိုက်ရုံနှင့် ရလိုက်သည့်... အတွင်းအမြင် ဉာဏ်ပွင့်မှု

လောက်တောင်... မရှိပါချေ။

..."ဒီ 'ကောင်းကင်ဘုံလူသား လျှို့ဝှက်နည်းစနစ်' အပိုင်းက... အနှစ်ကျဆုံးးပဲ...။ 'အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' ရဲ့... အနှစ်သာရ... လို့တောင် ပြောလို့ရတယ်..."

..."နှမြောစရာကောင်းတာက... ဒါက... သုံးပုံတစ်ပုံ... ပဲ ရှိနေတာ...။ ...ကျန်တဲ့ နှစ်ပုံက... 'ကောင်းကင်လင်းယုန် အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' နဲ့ 'ဒေါသထွက်နဂါး အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' တွေထဲမှာ... ပုန်းကွယ်နေလောက်တယ်"...။

နင်ချီက လူ့အရေခွံစာလိပ်ကို ဖြည်းညှင်းစွာ သိမ်းလိုက်ရင်း... အနည်းငယ် နှမြောသွားသည်။

...'အဲ့ဒီညတုန်းကသာ... ငါ... လိုက်ဖို့ ဆုံးဖြတ်ခဲ့ရင်... 'မြစ်ကိုမှောက်လှန်သောနဂါး' နဲ့ 'လမ်းလျှောက်ကျား' ကို... သတ်နိုင်ခဲ့လောက်တယ်။ ...ဒါဆို... 'အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' သုံးချပ်လုံး... ငါ့လက်ထဲ ရောက်နေလောက်ပြီ'...။

သို့သော်... သူ နောင်တ မရခဲ့ပါ။

...'အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' နှစ်ချပ်နဲ့ ယှဉ်လိုက်ရင်... သူက... သူ၏ စီနီယာအစ်ကိုအစ်မများ၏ ဘေးကင်းလုံခြုံမှုကို... ပို၍ တန်ဖိုးထားပါသည်။

...မမျှော်လင့်ထားသော အဖြစ်အပျက် တစ်ခုခုသာ ဖြစ်သွားခဲ့လျှင်... သူ့မှာ... အဆုံးမရှိ နောင်တတွေနှင့်... ကျန်ခဲ့ရလိမ့်မည်။

...'ဒါက... ပြဿနာကြီးကြီးမားမားတော့... မဟုတ်ပါဘူးလေ...။ ...အနာဂတ်မှာ... ငါ့နယ်ပယ် မြင့်လာတဲ့အခါ... ငါ... ဒါ‌တွေကို... ပြီးပြည့်စုံအောင် ကြိုးစားဖြည့်စွက်နိုင်မှာပါ...။ ...ဒီထက်... ပိုမြင့်တဲ့ အဆင့်တွေကိုတောင်... ရောက်နိုင်သေးတယ်'...။

ဘာပဲပြောပြော... နင်ချီက 'အတွင်းစွမ်းအား နယ်ပယ်' မှာသာ ရှိနေသေးသည်။

...ယခု... သူက 'ကောင်းကင်ဘုံလူသား လျှို့ဝှက်နည်းစနစ်' တစ်ခုကို ဖန်တီးဖို့ ဆိုတာက... အလွန်အမင်း အဆင့်မြင့်လွန်းနေမည်။

...'ကောင်းကင်ဘုံလူသား ပဲ့တင်ထပ်ခြင်း၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆင့်ခေါ်ခြင်း' ... ဆိုတာ... တကယ်တမ်း ဘာကို ဆိုလိုမှန်း... သူ... ခုထိ မသိသေး...။

သို့သော်... ဒီလို ဖြစ်နေရင်တောင်မှ... ဒီ 'စိုးမိုးကျား အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' က... နင်ချီကို အကျိုးကျေးဇူး ကြီးမားစွာ ပေးစွမ်းနိုင်ခဲ့သည်။

...သူ ဖန်တီးခဲ့သော 'အသင်္ချေဖြစ်ရပ်ဆန်းကြယ်' အခန်းသည် ပို၍ပင် တိုးတက်လာခဲ့သည်။

...အနာဂတ် 'ချီစွမ်းအင် နယ်ပယ်' ကျင့်ကြံမှုအတွက်... 'အသင်္ချေဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီစွမ်းအင်' ကိုပင်... စတင် ဖန်တီးနေခဲ့ပြီ ဖြစ်သည်။

...

ရက်အနည်းငယ် ကြာသွားသည်။

အစစ်အမှန်သိုင်းဂိုဏ်းသည် တည်ငြိမ်နေဆဲ...။ 'မြစ်ကိုမှောက်လှန်သောနဂါး' သို့မဟုတ် 'လမ်းလျှောက်ကျား' တို့၏ အရိပ်အယောင်ကို မတွေ့ရ...။

ကျန်းပိုင်ရှန်းနှင့် အခြားသူများ... အနည်းငယ် သက်ပြင်း

ချနိုင်ခဲ့သော်လည်း... သူတို့၏ သတိထားမှုကိုတော့ မလျှော့ချခဲ့ကြပါ။

ဤအခြေအနေသည်... ဆယ်ရက်ကြာသည်အထိ ဆက်လက် တည်ရှိနေခဲ့သည်။

လော့ဝမ်ထျန်းနှင့် တပည့်တစ်စုသည် တောင်တံခါးအပြင်ဘက်တွင် ပေါ်လာကြသည်။ ...သူတို့၏ မျက်နှာများမှာ... စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။ ကျန်းပိုင်ရှန်းနှင့် အခြားသူများကို မြင်သည်နှင့်... သူတို့ အကြိမ်ကြိမ် မေးမြန်းတော့၏။

လော့ဝမ်ထျန်း၏ မျက်နှာထားမှာ အနည်းငယ် တင်းမာနေသည်။

"ညီငါး... တကယ်တမ်း... ဘာတွေ ဖြစ်နေတာလဲ။"

...လော့ဝမ်ထျန်းသည် ခရမ်းမြစ်ဓားသခင်၏ မွေးနေ့ပွဲမှ ပြန်လာစဉ်... အကြောင်းကြားစာ ရရှိခဲ့ပြီး... အမြန်ဆုံးအရှိန်ဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းပိုင်ရှန်းက အလျင်အမြန် ဆိုသည်။

"စီနီယာအစ်ကိုတစ်... ဂိုဏ်းထဲမှာ ဘာမှမဖြစ်ပါဘူးဗျ။"

သူက ညဘက် ဝင်ရောက်စီးနင်းခံရသည့် အကြောင်းကို ချက်ချင်း အသေးစိတ် ပြောပြလိုက်တော့သည်။

...လော့ဝမ်ထျန်း ပြန်ရောက်လာသည်ကို မြင်သောအခါ... လူတိုင်း ပို၍ စိတ်အေးသွားကြသည်။

...လော့ဝမ်ထျန်း၏ ကျင့်ကြံမှုအဆင့်က အမြင့်ဆုံး မဟုတ်သော်ငြားလည်း... သူသည် ဂိုဏ်း၏ ကိစ္စအဝဝကို စေ့စေ့စပ်စပ် စီမံခန့်ခွဲလာခဲ့ပြီး... အစစ်အမှန်သိုင်းဂိုဏ်း၏ ကြီးထွားလာမှုတွင် သိသိသာသာ အကျိုးပြုခဲ့သည်။

လော့ဝမ်ထျန်း၏ မူလ တင်းမာနေသော မျက်နှာထားသည် အနည်းငယ် လျော့ကျသွားသော်လည်း... အလွန်အမင်း လေးနက်နေဆဲ။

သူက အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး ဆိုသည်။

"ငါတို့ တောင်ပေါ်က ထွက်သွားတာနဲ့... ဂိုဏ်းက ညဘက် ဝင်စီးခံရတာ...။ ...ဒီနှစ်ခု... ဆက်စပ်မှု မရှိဘူးလို့... ပြောရင်... ဘယ်သူက ယုံမှာလဲ..."

လူတိုင်းက ဒီအကြောင်းကို ကြာမြင့်စွာကတည်းက မှန်းဆမိနေကြသည်။ သူတို့၏ မျက်လုံးများက ဒေါသဖြင့် တောက်လောင်သွား၏။

"စီနီယာအစ်ကို ဆိုလိုတာက... 'ခရမ်းမြစ်ဓားဂိုဏ်း' ... ပေါ့။"

နင်ချီ၏ အကြည့်များ အနည်းငယ် တင်းကျပ်သွားသည်။

...'ခရမ်းမြစ်ဓားသခင်' ... ဆိုတာ... 'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူတစ်ယောက်... မဟုတ်ပါလား။

All Chapters