← Chapters

သွေးမျိုးဆက် နိုးထလာ‌လေပြီ

Vol. 4 Ch. 59

သွေးမျိုးဆက် နိုးထလာ‌လေပြီ

Vol. 4 Ch. 59

~...သို့ရာတွင်... မျောက်ဖြူက 'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်' ကို ကျွမ်းကျင်သွားသည့် နေ့က... နင်ချီ ခန့်မှန်းထားသော နှစ်လထက်... အများကြီး ပိုစောနေခဲ့ပါ၏။

...

ထိုနေ့….။

နှင်းပွင့်များက... သည်းသည်းမည်းမည်း... ကျဆင်းနေခဲ့သည်။

မျောက်ဖြူလေး... အောင်မြင်သွားခဲ့ချေပြီ။ မနက်စောစောမှာပင်... သူ... နင်ချီ၏ အိမ်အပြင်ဘက်တွင်... အသင့်... စောင့်ဆိုင်းနေခဲ့၏။ နင်ချီ ထွက်လာသည်ကို မြင်လိုက်ရသည်နှင့်... .. ချက်ချင်းပင်... ရိုသေစွာ... ဆိုလိုက်သည်။

"ဆရာ... တပည့်... 'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်' ကို... ကျွမ်းကျင်သွားပါပြီ..."

နင်ချီ၏ မျက်လုံးများတွင်... အံ့အားသင့်သော... အရိပ်အယောင်များ... ပြသသွားသည်။

ထို့နောက်... သူ... ကျေနပ်စွာ... ခေါင်းညိတ်လိုက်၏။

... 'ငါ... ထင်ထားတာထက်... လဝက်တောင်... ပိုစောတယ်။ ...ကြည့်ရတာ... မျောက်ဖြူလေး... တော်တော်... ကြိုးစားခဲ့ပုံပဲ'...။

သူက ဆိုလိုက်သည်။

"လာ... စမ်းသပ်ကြည့်ရအောင်။"

မျောက်ဖြူလေးက... အနည်းငယ်... တွန့်ဆုတ်သွားသည်။

အကြောင်းမှာ... နင်ချီက... တစ်ခါက... 'တခြားသူတွေရှေ့မှာ... သိုင်းပညာ မပြရဘူး'... ဟု. ပြောထားခဲ့ဖူးသောကြောင့်တည်း။

...'ဒီနေရာမှာ... အရမ်း... ဆူညံသွားပြီး... တခြားသူတွေ... မြင်သွားမှာ... စိုးတယ်'...။

နင်ချီက... သူ၏... အတွေးများကို... မြင်နေရသည့်အလား... ပြုံးလိုက်ကာ

"ကိစ္စမရှိပါဘူး...။ ...တစ်ယောက်ယောက်... ဒီဘက်ကို... လာခဲ့ရင်... ငါ... သတိထားမိမှာပါ။"

...စီနီယာအစ်ကိုအစ်မတွေ... လာတိုင်း... သူ... အဝေးကတည်းက... အာရုံခံမိနေခဲ့သည်... မဟုတ်ပါလား။

ဤစကားကို ကြားလိုက်ရသည့်အခါ...

မျောက်ဖြူ... လုံးဝ... မတွန့်ဆုတ်နေတော့ပေ...။

နင်ချီ၏... မျှော်လင့်တကြီး... စိုက်ကြည့်နေမှုအောက်တွင်... သူ... 'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်' ... ကို... စတင်... လည်ပတ်လိုက်ရာ... တစ်ခဏအတွင်းမှာပင်... နင်ချီ၏ မျက်လုံးများ... အံ့ဩမှုများဖြင့်... ပြည့်နှက်သွားရသည်။ မျောက်ဖြူ၏ ခန္ဓာကိုယ်သည်... မျက်စိဖြင့်... မြင်နိုင်သော... အရှိန်အဟုန်ဖြင့်... ဖောင်းပွလာခဲ့၏။ ...မူလက... သူသည်... နင်ချီနှင့်... အရပ်... တူညီလောက်... ရှိသော်လည်း... မျက်စိတစ်မှိတ်အတွင်းမှာပင်... သူ... နှစ်လံ နီးပါး... မြင့်မားသွားခဲ့သည်။

...ဒါ... နင်ချီ... အစောပိုင်းက... 'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်' ... ကို... လည်ပတ်ခဲ့စဉ်ကထက်ပင်... ပို၍... ကြီးမား... နေခဲ့သည်။

...ဤအခိုက်အတန့်မှ... မျောက်ဖြူကို...

...မျောက်ငယ်လေးဟု... ခေါ်ဆို၍... မရတော့ဘဲ... နှစ်လံ... မြင့်သော... မျောက်ဘီလူးကြီး... တစ်ကောင်... ဖြစ်နေခဲ့ပါပြီ။ သူ၏... တစ်ကိုယ်လုံးကို... ခြောက်သွေ့ခြင်း... မရှိသည့်အပြင်... အလွန်... တောက်ပပြောင်လက်နေသော... အဖြူရောင်... အမွေးအမှင်များဖြင့်... ဖုံးလွှမ်းထားသည်။ ...ကြွက်သားများက... အလွန်အမင်း... ဖုထစ်ထွက်နေပြီး... ခွန်အားများ... ပြည့်နှက်နေကြောင်း... ပြသနေ၏။

...ဒါတင်... မကသေး...။

မျောက်ဖြူ၏... မျက်ဝန်းများအတွင်းမှ... ရွှေရောင်... အရောင်သည်... ပို၍... ထင်ရှားလာပြီး... နတ်ဘုရားဆန်သော... ထူးခြားမှု... တစ်မျိုးကို... ဆောင်ကြဉ်းနေခဲ့သည်။

မျောက်ဖြူ၏ မျက်နှာသည်... အလွန်အမင်း... စိတ်လှုပ်ရှားနေပြီး... ဟိန်းဟောက်လိုက်ချင်ပုံ... ရသော်လည်း... ဤ... ပင်ကို... အသိစိတ်ကို... အတင်းအကျပ်... ချုပ်တည်းထားလိုက်ရသည်။

နင်ချီက... ဤအခိုက်အတန့်မှ... မျောက်ဖြူကို... ကြည့်ရင်း... မေးလိုက်၏။

"ထျန်းရှန်း... အခု... ဘယ်လို... ခံစားနေရလဲ။"

လေးလံသော... ဟိန်းသံ... တစ်ခု... မျောက်ဖြူထံမှ... ထွက်ပေါ်လာသည်။

"ဆရာ... ကျွန်တော့်... ခံစားချက်... အရင်ကထက်... အများကြီး... ပိုကောင်းလာတယ်...။ ...ကျွန်တော့်... ခွန်အားတွေ... အများကြီး... တိုးလာသလို... ခံစားရတယ်...။ ...ပြီးတော့... ကျွန်တော့်... အတွင်းထဲမှာ... မှော်ဆန်တဲ့... စွမ်းအားတစ်ခု... လှည့်ပတ်နေသလိုပဲ...။"

နင်ချီ၏ မျက်လုံးများ... အရောင်လက်သွားသည်။ ...အထူးသဖြင့်... မျောက်ဖြူ၏... ရွှေရောင်... မျက်ဝန်းများပေါ်တွင်... ခဏတာ... ရပ်တန့်သွား၏။

... 'ဒါ... ဒါ... သွေးမျိုးဆက်... ပဲ...။ ...ငါ... အရင်က... တွက်ဆထားသလိုပဲ...။ ...ရုပ်ခန္ဓာကိုယ်ကို... လျင်မြန်စွာ... သန်မာလာအောင်... လုပ်လိုက်တာက... သွေးမျိုးဆက်... နိုးထလာဖို့... ဖိအားပေးလိုက်တာပဲ...။ ...ဒါပေမဲ့... ထျန်းရှန်းမှာ... ဘယ်လို... သွေးမျိုးဆက်... ရှိနေလဲ... ဆိုတာ... ငါ... အတိအကျ... မသိသေးဘူး...။ ...ဖြစ်နိုင်တာကတော့... ဆရာ... သိလောက်တယ်'...။

သူက... ဆက်လက်... မေးလိုက်သည်။

"မင်းရဲ့... လက်ရှိ... အခြေအနေကို... ထိန်းထားဖို့... လွယ်ကူတယ်လို့... ခံစားရလား။"

ယွမ်ထျန်းရှန်းက... သူ၏... ခေါင်းကို... ကုတ်လိုက်ရင်း... ဆို၏။

"ကျွန်တော်... အဆင်ပြေတယ်လို့... ခံစားရတယ်...။ ...ပြင်းပြင်းထန်ထန်... တိုက်ခိုက်တာ... မဟုတ်ဘူးဆိုရင်... ...ကျွန်တော်... ဒါကို... အဆက်မပြတ်တောင်... ထိန်းထားနိုင်တယ်..."

နင်ချီတစ်ယောက်... အနည်းငယ်... အံ့အားသင့်သွားသည်။

...သူ... သိသည်မှာ... သူ... 'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်' ... ကို... ထိန်းသိမ်းထားသည့်အခါ... စွမ်းအင်... အဆက်မပြတ်... သုံးစွဲရန်... လိုအပ်၏... သူ၏... ရုပ်ပိုင်းဆိုင်ရာ... အခြေခံအုတ်မြစ်များဖြင့်ပင်... ...နာရီအနည်းငယ် ... ကြာအောင်... ထိန်းထားနိုင်ပြီးနောက်... အနားယူရန်... လိုအပ်လေသည်။

..မမျှော်လင့်ဘဲ... မျောက်ဖြူက... ၎င်းကို... အဆက်မပြတ်... ထိန်းထားနိုင်ခဲ့သည်။

...'ဒါဆို... ကြည့်ရတာ... သွေးမျိုးဆက်... နိုးထလာပြီး... 'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်' ... နဲ့... ပေါင်းစပ်သွားတဲ့အခါ... ...ပြောင်းလဲမှု... တချို့... ဖြစ်သွားတာပဲ...။ ...တစ်နည်းအားဖြင့်... ပြောရရင်... ...လက်ရှိ... အခြေအနေက... ထျန်းရှန်းရဲ့... 'အစစ်အမှန် ခန္ဓာကိုယ်' ... ပဲ... ဖြစ်သွားတာ...။ ...ဒါကြောင့်... ထိန်းသိမ်းထားရတာ... မပင်ပန်းတော့ဘူး...။ ...တိုက်ခိုက်တဲ့... အခါမှပဲ... ...စွမ်းအင်... သုံးစွဲမှုက... ပိုပြင်းထန်တာ'...။

နင်ချီတစ်ယောက်... အနည်းငယ်... ဝမ်းသာသွားမိသည်။

သူ... ဤ... မမျှော်လင့်ထားသော... ပြောင်းလဲမှုကို... သဘောကျသွား၏။

...'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်' ... က... သူ... ဖန်တီးခဲ့တာ... မှန်ပေမဲ့... မျောက်ဖြူ၏... သွေးမျိုးဆက်နှင့်... ပေါင်းစပ်ခြင်းက... ပြောင်းလဲမှု... အသစ်များ... ဖြစ်ပေါ်စေနိုင်ပြီး... သူ့ကို... အတွင်းအမြင်များ... ပိုမို... ရရှိစေနိုင်ပေမည်။

"လာ... မင်းရဲ့... လက်ရှိ... ခွန်အားကို... စမ်းကြည့်ရအောင်။"

နင်ချီက... လက်နောက်ပစ်လျက်... ရပ်နေလိုက်သည်။

မျောက်ဖြူက... တွေဝေ... မနေခဲ့...။

... 'နည်းနည်းလေးတောင်... တွန့်ဆုတ်နေမိရင်... ဒါ... ဆရာ့အပေါ်... မလေးမစား... လုပ်ရာ... ကျသွားလိမ့်မယ်...။ ...ပြီးတော့... ငါ့လို... မဖြစ်စလောက်... ခွန်အားလေးနဲ့... ဆရာ့ကို... ထိခိုက်မိအောင်... လုပ်နိုင်မှာတဲ့လား...။ ...မဖြစ်နိုင်တာ'...။

ယွမ်ထျန်းရှန်းက... အသက်ကို... ပြင်းပြင်း... ရှူသွင်းလိုက်သည်။ ...သူ၏... ညာဘက်... လက်မောင်း... ကြွက်သားများ... ရုတ်တရက်... ဖုထစ်လာပြီး... တွက်ချက်မရနိုင်သော ... ပေါင် တစ်သောင်း ခွန်အားကို... သယ်ဆောင်လျက်... တောင်ကြီးတစ်လုံး... ဖိချလိုက်သကဲ့သို့... ဖြစ်သွား၏။

...မည်သည့်... ဟန်ပြပညာ... မျှ... မပါဝင်...။ ...အကြွင်းမဲ့... ခွန်အား၏... ဖိနှိပ်ချုပ်ချယ်သော... ခံစားမှု... သက်သက်သာ... ရှိသည်။

...သို့သော်... နင်ချီကတော့... တည်ငြိမ်... အေးဆေးစွာ... ရှိနေခဲ့သည်။

သူ၏... ဘယ်ဘက်လက်က... နောက်တွင်... ပစ်ထားဆဲ... ဖြစ်ပြီး... ထို့နောက်... သူ၏... ညာဘက်... လက်ဖဝါးကို... ဖြည်းညှင်းစွာ... မြှောက်တင်လိုက်သည်။

...ကျောက်တုံးကြီးတစ်တုံး... အလား... ထင်မှတ်ရသော... မျောက်ဖြူ၏... ဧရာမ... လက်ဝါးကြီးသည်... နင်ချီ၏... လက်ဖဝါး... သေးသေးလေးထဲတွင်... လွယ်လွယ်ကူကူပင်... ရပ်တန့်သွားခဲ့သည်။ ...မြင်ကွင်း... အရ... ကွာခြားမှုက... အလွန်အမင်း... တုန်လှုပ်ဖွယ်... ကောင်းလှသော်လည်း... ခွန်အား... ကွာဟမှုက... မျောက်ဖြူကို... ပို၍ပင်... ကြည်ညို... လေးစားသွားစေသည်။ ...သူ... မူလက... ထင်ထားသည်မှာ... သူ၏... လက်ရှိ... အခြေအနေဖြင့်... ဆရာ့ကို... အနည်းငယ်... တုန်ခါသွားအောင်... လုပ်နိုင်လိမ့်မည်... ဟူ၍... ဖြစ်သည်။

...သို့သော်... ယခု... ဤမျှ... အနီးကပ်... ရောက်ရှိသွားသည့်အခါမှ... သူ၏... ဆရာသည်... မည်မျှ... ကျော်လွှား... မရနိုင်... ကြောင်း... သဘောပေါက်သွားရတော့သည်။

နင်ချီက... သူ၏... လက်ဖဝါးကို... ဖြည်းညှင်းစွာ... ပြန်ရုပ်သိမ်းလိုက်ပြီး... အသိအမှတ်ပြု... ခေါင်းညိတ်လိုက်သည်။

"မဆိုးဘူး...။ ...မင်း... အခု... 'ပေါင် သုံးသောင်း.. ခွန်အား... ရှိနေပြီ...။ ...မင်းရဲ့... ခန္ဓာကိုယ်... သန့်စင်ခြင်းက... ပြည့်စုံသွားပြီး... သွေးမျိုးဆက်က... ပိုပြီး... ဖွံ့ဖြိုးလာတဲ့အခါ... ...မင်း... 'ပေါင် ရှစ်သောင်း'... 'ကိုးသောင်း' ... လောက်... ခွန်အား... ရှိလာနိုင်တယ်"

... 'ဒါ... မျောက်ဘီလူးကြီး... အခြေအနေမှာ... ဆိုပေမဲ့... ...တော်တော်လေး... ကြောက်စရာ... ကောင်းနေပြီ'...။

... 'ဒါပေမဲ့... ...ငါ... မူလ... ဖန်တီးခဲ့တဲ့... 'အမြင့်မြတ်ဆုံး အခြေခံအုတ်မြစ်' ... နဲ့တော့... ယှဉ်လို့... မရသေးဘူး'...။

...နင်ချီသည်... မည်သည့်... လျှို့ဝှက်နည်းစနစ်... သို့မဟုတ်... သိုင်းပညာ... မျှ... မသုံးဘဲ... လက်တစ်ဖက်တည်းဖြင့်ပင်... 'ပေါင် တစ်သိန်း’. ခွန်အား... ရှိနေခဲ့သည်... မဟုတ်ပါလား။

မျောက်ဖြူသည်... သူ၏... မူလ... အခြေအနေသို့... ပြန်ရောက်သွားပြီး... ခေါင်းကို... ကုတ်လိုက်ကာ... ရှက်ရွံ့စွာ... ဆိုလိုက်သည်။

"ကျွန်တော်... ဒီ... အခြေအနေမှာ... အရင်ကထက်... ပိုကောင်းတယ်လို့... ခံစားရတယ်...။ ...နည်းနည်း... ဗိုက်ဆာတာ... တစ်ခုက... လွဲလို့ပေါ့...။"

နင်ချီက ခေါင်းညိတ်လိုက်၏။

"ဒါက... သွေးမျိုးဆက်... နိုးထလာလို့... ဖြစ်ရမယ်...။ ...ငါ... စီနီယာအစ်ကိုကို... မင်းအတွက်... အစားအစာတွေ... ရတနာ... ပစ္စည်းတွေ... ပိုပြီး... ပြင်ဆင်ခိုင်းလိုက်မယ်...။ ...မင်းရဲ့... ခွန်အားက... ဒီအချိန်အတောအတွင်း... ခုန်ပျံ... တိုးတက်လာလိမ့်မယ်...။ ...သွေးမျိုးဆက်... နိုးထလာပြီ... ဆိုတော့... မင်း... အရင်ကလို... သတိထားနေစရာ... မလိုတော့ဘူး...။ ...စီနီယာအစ်ကိုတို့... တခြားသူတွေကို... တဖြည်းဖြည်း... နည်းနည်း... ပိုသိအောင်... လုပ်လို့... ရပါပြီ...။"

အရင်တုန်းက... သူ... မျောက်ဖြူကို... တခြားသူတွေရှေ့မှာ... သူ့... စွမ်းရည်တွေ... မပြခိုင်းခဲ့ခြင်းမှာ... သတိထားသောအားဖြင့်... ...သူ... ခန္ဓာကျင့်စဉ်ကို... ကျွမ်းကျင်နေမှန်း... တခြားသူတွေ... မသိစေရန်... ဖြစ်သည်။

...ယခု အခိုက်အတန့်တွင်…

... ... သွေးမျိုးဆက်က... တဖြည်းဖြည်း... နိုးထလာခဲ့ပြီး... သူ... ဤ... 'ဆန်းပြားသားရဲ' ... ဆိုသည့်... နောက်ထပ်... ဂုဏ်ပုဒ် ရရှိလာပြီ... ဖြစ်ရာ... မျောက်ဖြူ၏... စွမ်းအားကို... ထုတ်ဖော်ပြသခြင်းက... ပြဿနာ... ကြီးကြီးမားမား... မရှိတော့ပါချေ။

နင်ချီက... မျောက်ဖြူ၏... ရွှေရောင်... မျက်ဝန်းများကို... လှမ်းကြည့်လိုက်သည်။

... 'တချို့... အစွမ်းထက်တဲ့... ဆန်းပြားသားရဲတွေက... အထူး... ပါရမီတွေ... နိုးထလာတတ်တယ်...။ ...ငါ... ခံစားမိတာ... မျောက်ဖြူရဲ့... ရွှေရောင်... မျက်ဝန်းတွေက... ...အဲ့လို... ပါရမီ... တစ်မျိုး... ဖြစ်နိုင်တယ်'...။

... 'ဘာလို့လဲဆိုတော့... မျောက်ဖြူ... ခုနက... ပြောသွားတယ်... ...သူ... အာရုံစိုက်လိုက်တဲ့အခါ... ...လှုပ်ရှားနေတဲ့... အရာဝတ္ထုတွေရဲ့... အရှိန်က... ...နည်းနည်း... နှေးသွားတယ်... တဲ့...။ ...ဒီလို... ပါရမီမျိုးက... ...အပြည့်အဝ... နိုးထလာခဲ့ရင်... ...သွေးမျိုးဆက်ကို... အတိုင်းအတာ... တစ်ခုအထိ... ဖွံ့ဖြိုးအောင်... လုပ်ဖို့... လိုအပ်တယ်'...။

သူ... ခံစားမိသည်မှာ... မျောက်ဖြူ၏... ရွှေရောင်... မျက်ဝန်း... ပါရမီသည်... အလွန်... အစွမ်းထက်လာလိမ့်မည်... ဟူ၍... ဖြစ်သည်။

...သူသာ... ဒါကို... သေချာ... လေ့လာ... ခွဲခြမ်းနိုင်ခဲ့လျှင်... ...ရလာမည့်... အကျိုးကျေးဇူးက... ...သံသယ... ရှိစရာ... မလို... ...အလွန်... ကြီးမားလိမ့်မည်..။

All Chapters