← Chapters

တခြားကမ္ဘာမှ ကော့စ်ပလေး

Vol. 32 Ch. 438

တခြားကမ္ဘာမှ ကော့စ်ပလေး

Vol. 32 Ch. 438

ဝိညာဉ်သားရဲအင်ပါယာ။

ရဲဆွေ့က ဟုန်လျန်နှင့် အားရိကို ဝိညာဉ်သားရဲအင်ပါယာ၏ မြို့စွန်သို့ ခေါ်ဆောင်သွားသည်။

အပြင်ဘက်မှ စိမ်းစိုသောအရောင်ကို ကြည့်၍ ရဲဆွေ့မှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

"ငါဒီနယ်မြေကို ဖန်တီးခဲ့တုန်းက သဲကန္တာရကြီးလိုပဲ… အခုဒီလောက် သိပ်သည်းတဲ့တောအုပ်ကြီး ဖြစ်လာလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး…"

ရဲဆွေ့၏ စိတ်လှုပ်ရှားစွာ ပြောဆိုမှုကို ကြားသောအခါ ဟုန်လျန်က ဆိုလိုက်သည်။

"ဟုတ်တယ်… ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ ဒီမှာမရေမတွက်နိုင်တဲ့ အဖြစ်အပျက်တွေနဲ့ ကပ်ဘေးတွေဖြစ်ခဲ့တယ်… ဒီတောအုပ်နဲ့ သူ့ရဲ့သက်ရှိတွေက မျိုးဆက်ပေါင်းများစွာ တည်ရှိခဲ့ပြီ…"

ဤတောအုပ်မှာ အမှန်စင်စစ် မသေမျိုးကျင့်ကြံရေးလောကနှင့် ဝိညာဉ်သားရဲအင်ပါယာကြားမှ အလွှာတစ်ခု ဖြစ်သည်။

၎င်းက နယ်မြေနှစ်ခုကြား၌ ရှိနေသောကြောင့် အာကာသ ကျုံ့ဝင်ခြင်း သို့မဟုတ် အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခြင်းများ မလွဲမသွေ ရှိပေလိမ့်မည်။

အာကာသ၌ ပြဿနာရှိတိုင်း ဤတောအုပ်အတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာခဲ့၏။

တကယ်တော့ ဝိညာဉ်သားရဲအင်ပါယာမှာ လက်တွေ့ကမ္ဘာကဲ့သို့ပင် အခြားကမ္ဘာတစ်ခု ဖြစ်သည်။

ရဲဆွေ့က ပေါင်ပေါင်းနှင့် တိုက်ခိုက်ခဲ့စဉ်က ကမ္ဘာကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး ကြီးငယ်မတူသော ကမ္ဘာများစွာ ပေါ်ပေါက်လာခဲ့သည်။

ရေတံခွန်ကို ဖြတ်ကျော်ပြီးနောက် သူတို့ သုံးယောက်မှာ ဝိညာဉ်သားရဲအင်ပါယာသို့ ရောက်ရှိသွားကြသည်။

ဝိညာဉ်သားရဲအင်ပါယာ၏ မျက်မှောက်ခေတ် စည်ပင်မှုကို မြင်သောအခါ ရဲဆွေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အမှန်တရားမှာ ရဲရှင်းဟွေ့နှင့် ရဲယင် နှစ်ယောက်စလုံးမှာ ဒုတိယမျိုးဆက် နယ်မြေသခင် ရဲဆွေ့ကို အထင်လွဲခဲ့ကြခြင်း ဖြစ်သည်။

ရဲရှင်းဟွေ့ ပထမဆုံး ရောက်ရှိလာစဉ်က ဝိညာဉ်သားရဲအင်ပါယာမှာ အနောက်တိုင်း စိတ်ကူးယဉ်ဟန် ရှိသည်ဟု ခံစားခဲ့ရသည်။

အနောက်တိုင်း စိတ်ကူးယဉ်ဟု တွေးလိုက်သည်နှင့် သူရဲကောင်းမျိုးစုံ၊ သားရဲမလေးများ၊ မှော်မိန်းကလေးများ၊ အစေခံများနှင့် အခြားအရာများစွာ စိတ်ထဲသို့ ပေါ်လာ၏။

သို့သော် ရဲဆွေ့က ဤနေရာကို ပထမဆုံး တည်ဆောက်ခဲ့စဉ်က အနောက်တိုင်း စိတ်ကူးယဉ်ဟန် မဟုတ်ဘဲ မျိုးနွယ်စုပေါင်းများစွာ၏ မဟာမိတ်အဖွဲ့တစ်ခုသာ ဖြစ်သည်။

ယခုကဲ့သို့ ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ ရဲဆွေ့က မထွက်ခွာမီ အနောက်တိုင်း စိတ်ကူးယဉ်ဟန် လက်စွဲစာအုပ်တစ်အုပ်ကို ထားခဲ့သောကြောင့် ဖြစ်သည်။

သူက မည်မျှကြာမည်ကို မသိသော နှစ်များစွာ ကြာပြီးနောက် ဤနေရာသို့ ပြန်လာ၍ အနောက်တိုင်း စိတ်ကူးယဉ်ဟန် မြို့တော်နှင့် မိန်းမပျိုလေးမျိုးစုံကို ကြည့်ရှုလိုခဲ့သည်။

ထို့နောက် သူက ထိုသားရဲမလေးများနှင့် ညီအစ်မများကို အတူတကွ ကော့စ်ပလေး ပြုလုပ်စေမည် ဖြစ်သည်။

ယခုအခါ သူ တစ်ချိန်က ရှိခဲ့ဖူးသော စိတ်ကူးမှာ အမှန်တကယ် အောင်မြင်နိုင်ဖွယ်ရှိပုံ ပေါ်နေသည်။

ရဲဆွေ့ ဝိညာဉ်သားရဲအင်ပါယာထဲသို့ ဝင်ရောက်သည်နှင့် ဝိညာဉ်သားရဲဘုရင်က ခံစားမိလိုက်ပြီးနောက် သူက ဝိညာဉ်သားရဲအင်ပါယာ၏ ဝင်ပေါက်သို့ အမြန်ဆုံး ပြေးလာခဲ့သည်။

ရဲဆွေ့၏ ရှေ့သို့ ရောက်ရှိသောအခါ ဝိညာဉ်သားရဲဘုရင်က တိုက်ရိုက် ဒူးထောက်လိုက်သည်။

"အရှင်နယ်မြေသခင်ကို အရိုအသေပြုပါတယ်…"

ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာများက သူတို့၏ဘုရင်က တစ်စုံတစ်ယောက်ကို ဒူးထောက်နေသည်ကို မြင်သောအခါ သူတို့လည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

"ထကြ… မင်းတို့ဝိညာဉ်သားရဲမျိုးနွယ်က ဒီနေရာကို ကောင်းကောင်းစီမံထားတာပဲ…"

ရဲဆွေ့၏ ချီးကျူးစကားကို ကြားသောအခါ ဝိညာဉ်သားရဲဘုရင်က လျင်မြန်စွာ ခေါင်းခါ၍ ပြောလိုက်သည်။

"ဒါတွေအားလုံးက အရှင်နယ်မြေသခင် ထားခဲ့တဲ့လက်စွဲစာအုပ်ကြောင့်ပါ…"

"ကောင်းပြီ… ငါ့ကိုလှည့်ပတ်ပြီး ခေါ်သွားပြ…"

ဤသည်ကို ကြားသော် ဝိညာဉ်သားရဲဘုရင်က ချက်ချင်း ထရပ်၍ ရဲဆွေ့ကို ဝိညာဉ်သားရဲအင်ပါယာ၏ အတွင်းပိုင်းသို့ လမ်းညွှန်ခေါ်ဆောင်သွားပြီး လမ်းတစ်လျှောက် အရာအားလုံးကို မိတ်ဆက်ပေးလိုက်သည်။

ရဲဆွေ့မှာမူ အခါအားလျော်စွာ ထိုကိုယ်လုံးကိုယ်ပေါက် လှပသော မိန်းကလေးများကို ကြည့်ရှုနေ၏။

အချို့မိန်းကလေးများမှာ သားရဲမလေးများ၏ လက္ခဏာများ ရှိကြပြီး အချို့မှာမူ ဟုန်လျန်နှင့် အားရိကဲ့သို့ လုံးဝ လူသားပုံစံ ဖြစ်ကြသည်။

ရဲဆွေ့က မိန်းကလေးများအပေါ် အာရုံစိုက်နေသည်ကို မြင်သောအခါ ဝိညာဉ်သားရဲဘုရင်က မျက်လုံးတစ်ချက် လှိမ့်၍ နောက်ဆုံးတွင် လျှောက်လာသော အားရိကို ဆွဲခေါ်လိုက်သည်။

"အရှင်နယ်မြေသခင်… ဒါကအားရိပါ…"

ဝိညာဉ်သားရဲဘုရင် စကားမဆုံးမီမှာပင် ရဲဆွေ့က တိုက်ရိုက် ဖြတ်ပြောလိုက်သည်။

"မင်းဒီမိန်းကလေးကို ဆက်သစရာမလိုပါဘူး… ငါမင်းကို ဒီခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်အောင် ကူညီပေးမယ်…"

ဝိညာဉ်သားရဲဘုရင် : "…"

သူ့အတွေးများကို ခန့်မှန်းခံလိုက်ရပြီးနောက် ဝိညာဉ်သားရဲဘုရင်မှာ အနည်းငယ် အရှက်ရသွားသည်။

ဝိညာဉ်သားရဲဘုရင် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် သူ့ရှေ့မှ နယ်မြေသခင်က သူ့ဘက်သို့ အာရုံလွှဲလိုက်သည်ကို သူမြင်လိုက်ရသည်။

‘သောက်ကျိုးနည်းပဲ။ ဒီနယ်မြေသခင်က မိန်းမမကြိုက်ဘဲ ယောက်ျားကြိုက်တာလား။ အိုး… နယ်မြေသခင်က ဒီလောက်အသက်ရှည်နေတာ၊ သူ့လိင်စိတ်က ပြောင်းလိုက် ပြန်ဖြစ်လိုက် ဖြစ်နေတာ သဘာဝပဲ’

ထိုသို့တွေးမိသော် ဝိညာဉ်သားရဲဘုရင်၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားသည်။ သူ အင်ပါယာအတွက် သူ၏ဂုဏ်သိက္ခာကို စတေးရန် အသင့်ဖြစ်နေပြီ ဖြစ်၏။

"အရှင်နယ်မြေသခင်… အရှင်က ကျွန်တော်မျိုးကို သဘောကျတယ်ဆိုရင် ကျွန်တော်မျိုး… ကျွန်တော်မျိုးလုပ်နိုင်ပါတယ်…"

ရဲဆွေ့ : "…"

ဝိညာဉ်သားရဲဘုရင်၏ စကားကို ကြားသောအခါ ရဲဆွေ့မှာ သူ့ကို ပါးရိုက်၍ သတ်ပစ်လုနီးပါး ဖြစ်သွားသည်။

ရဲဆွေ့က အသက်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

"ငါကမိန်းမကြိုက်တာ… မင်းကိုစိတ်မဝင်စားဘူး…"

ထိုသို့ပြောပြီးနောက် ရဲဆွေ့က လေသံပြောင်း၍ မေးလိုက်သည်။

"မင်းကော့စ်ပလေးလုပ်တာ ကြိုက်လား… မင်းက တိုမိုအဲဇာတ်ကောင်နဲ့ လိုက်ဖက်တယ်လို့ ငါထင်တယ်…"

ဝိညာဉ်သားရဲဘုရင် : "…"

ဝိညာဉ်သားရဲဘုရင်မှာ ကော့စ်ပလေး ဆိုသည်မှာ ဘာလဲ မသိသလို တိုမိုအဲက မည်သူဖြစ်သည်ကိုလည်း မသိချေ။

"နယ်မြေသခင်… ကျွန်တော်မျိုးကို တစ်ခုခုလုပ်စေချင်ရင် ပြောလိုက်ပါ… ကျွန်တော်မျိုး အရှင်ခိုင်းသမျှ လုပ်ပါ့မယ်…"

သူ ကော့စ်ပလေးက ဘာလဲ၊ တိုမိုအဲက ဘယ်သူလဲ မသိသော်လည်း နယ်မြေသခင်၏ အမိန့်ဖြစ်သရွေ့ သူ ၁၀၀ ရာခိုင်နှုန်း လိုက်နာရမည်ကိုတော့ သိသည်။

"ကောင်းပြီ… ဒီလိုလုပ်ကြစို့… မင်းအပါအဝင် ယောက်ျားဆယ်ယောက်နဲ့ မိန်းမဆယ်ယောက် ငါရှာနေတယ်… ခွန်အားကအရေးမကြီးဘူး… အရေးအကြီးဆုံးက ရုပ်ချောဖို့ပဲ… ဒါပေမဲ့ ယောက်ျားတွေအတွက်တော့ ပိုသန်မာတဲ့သူတွေကိုရှာ… ဒီမှာငါဖြေရှင်းရမယ့်ကိစ္စတွေပြီးသွားရင် မင်းတို့ကို ခရီးတစ်ခုခေါ်သွားမယ်…"

"အဲ… အရှင်နယ်မြေသခင်… ကျွန်တော်မျိုးတို့ကို ဘယ်ကိုခေါ်သွားမှာလဲ…"

ဤအချိန်တွင် ဝိညာဉ်သားရဲဘုရင်မှာ အနည်းငယ် ထိတ်လန့်သွားသည်။ သူက နယ်မြေသခင်က ယဇ်ပူဇော်မှုအချို့ လိုအပ်မည်ကို ကြောက်နေ၏။

အကယ်၍ အားနည်း၍ သာမန်ပြည်သူများကို ယဇ်ပူဇော်ရမည်ဆိုလျှင် သူ ဘာမျှ ပြောစရာမရှိသော်လည်း ပြဿနာမှာ သူ့ကိုလည်း ထည့်သွင်းထားခြင်းပင် ဖြစ်သည်။ ထို့အပြင် နယ်မြေသခင်က ယောက်ျားများကို သန်မာသူများ ဖြစ်ရန် လိုအပ်၏။

"စိတ်မပူပါနဲ့… ဒါကကိစ္စကောင်းတစ်ခုပဲ… ငါမင်းတို့ကို လောကကြီးကိုပြပြီး ကော့စ်ပလေးက ဘာလဲဆိုတာ သိအောင်လုပ်ပေးမယ်…"

ကိစ္စကောင်းတစ်ခု ဖြစ်ကြောင်း ကြားသောအခါ ဝိညာဉ်သားရဲဘုရင်မှာ စိတ်အေးသွားသည်။

ထို့နောက် အားလုံး ရဲတိုက်သို့ ရောက်ရှိသွားကြ၏။

ရဲတိုက်ထဲသို့ ဝင်ပြီးနောက် ရဲဆွေ့မှာ ပို၍ပင် ကျေနပ်သွားသည်။

"အင်း… တကယ်ကို အနောက်တိုင်းစိတ်ကူးယဉ်ဟန် ရှိတာပဲ… ဒီကအစေခံတွေကလည်း အရမ်းကောင်းတယ်…"

ရုတ်တရက် ရဲဆွေ့က ကော့စ်ပလေးကို စွဲလန်းသော သူ့ကျောင်းသားအုပ်စုကို ထပ်မံ သတိရသွားသည်။

"တစ်နေ့ကျရင် ငါသူတို့ကို ဝိညာဉ်သားရဲအင်ပါယာကိုခေါ်လာပြီး လောကကြီးကိုမြင်အောင်ပြမယ်… ပြီးတော့ ရုပ်ရှင်ရိုက်တာမျိုး ဒါမှမဟုတ် တစ်ခုခုလုပ်မယ်…"

ယခုမူ ရဲဆွေ့က ပျော်ရွှင်စွာ အချိန်ဖြုန်းချင်နေပြီး နယ်မြေသခင်၏ ခွန်အားမှာ သူ့အတွက် အရေးမကြီးတော့ပေ။

ဝိညာဉ်သားရဲအင်ပါယာကို လည်ပတ်ပြီးနောက် ရဲဆွေ့က တစ်ယောက်တည်း ထွက်ခွာသွားသည်။

သူက နယ်မြေသခင်အသစ်နှင့် စကားပြောရန် ကြံရွယ်ထား၏။

စိတ်ချင်းဖွင့်၍ စကားပြောခြင်းက အဆင်မပြေလျှင် သူ့ကို တစ်ကြိမ် ရိုက်နှက်လိုက်မည်။ ထိုသို့လုပ်၍မှ အဆင်မပြေသေးလျှင် နှစ်ကြိမ် ရိုက်နှက်မည်။ နှစ်ကြိမ် ရိုက်နှက်၍မှ အဆင်မပြေသေးလျှင် သူ တစ်ဖက်လူကို တိုက်ရိုက် သတ်ပစ်လိုက်မည် ဖြစ်သည်။

ရဲဆွေ့၌ ထိုခွန်အား ရှိမရှိ ဆိုသည်မှာမူ…။

ယခင် ရဲဆွေ့နှင့် နယ်မြေသခင်အသစ်တို့ ခွန်အားချင်း တူညီခဲ့လျှင် ယခု ရဲရှင်းဟွေ့၏ နတ်ဘုရားစွမ်းအားနှင့် နတ်ဘုရားဦးသျှောင်၏ ဆယ်ရာခိုင်နှုန်းနီးပါးကို လက်ခံရရှိထားသော ရဲဆွေ့မှာ နယ်မြေသခင်အသစ်ကို လုံးဝ ချေမှုန်းနိုင်လိမ့်မည်။

ထိုအချိန်မှာပင် ဖြစ်၏။

ကြယ်တာရာမြို့တော်ရှိ အင်တာနက်ကဖေးတစ်ဆိုင်ထဲ၌။

မုန်ကျစ်ယွီ၊ ရှုရာ့နှင့် ရှီထိုက်လုံတို့မှာ အတူတကွ ထိုင်၍ League of Legends ကစားနေကြသည်။

စောစောပိုင်းက ရှုရာ့က မုန်ကျစ်ယွီထံ ဝိညာဉ်ကျောက်တုံးများ လာပေးပြီးနောက် သူက မုန်ကျစ်ယွီနှင့် ရှီထိုက်လုံတို့ ဂိမ်းကစားနေသည်ကို မြင်ခဲ့ရာ သူတို့ အလွန် တည်ကြည်နေပုံ ပေါ်၏။

သိချင်စိတ်ကြောင့် ရှုရာ့ကလည်း ကွန်ပျူတာတစ်လုံး ဖွင့်၍ ကစားကြည့်လိုက်သည်။

ကစားပြီးနောက် ရှုရာ့မှာ လုံးဝ စွဲလမ်းသွား၏။

"ရှုရာ့… ဝင်တိုက်တော့…"

"သောက်ကျိုးနည်း… ငါ့စကေးက ကူးလ်ဒေါင်းဖြစ်နေတယ်…"

"တောခြောက်တဲ့ကောင် ဘယ်မှာလဲ… ရှီထိုက်လုံ… မင်းတောထဲမှာ သေသွားတာလား… အောက်လမ်းမှာ ငါတို့ကို လာမကူနိုင်ဘူးလား…"

"ချက်ချင်းပဲ… ဒီစခန်းကိုရှင်းပြီးတာနဲ့ သွားလိုက်မယ်…"

ဂိမ်းများက လူတို့အား အဆင့်အတန်း မြင့်သည်နိမ့်သည် ခွဲခြားစရာ မလိုတော့အောင် ပြုလုပ်နိုင်သည်ဟု ဆိုရိုးစကားတစ်ခွန်း ရှိ၏၊ အထူးသဖြင့် ပြိုင်ဆိုင်မှုဂိမ်းများ ဖြစ်သည်။

အစပိုင်းတွင် ရှုရာ့မှာ အနည်းငယ် သတိထားနေသေးသော်လည်း ကစားရင်း ကစားရင်းနှင့် သူ သိပ်ဂရုမစိုက်တော့ဘဲ လိုအပ်သလို ဝေဖန်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်တော့သည်။

သူ မုန်ကျစ်ယွီကို အရှင်နယ်မြေသခင်ဟု ခေါ်ရန်ပင် ဂရုမစိုက်တော့ဘဲ အဘိုးကြီးမုန်ဟု တိုက်ရိုက် ခေါ်ဆိုတော့သည်။

မုန်ကျစ်ယွီမှာမူ ခေါ်ဝေါ်ပုံကို သိပ်အာရုံမစိုက်ခဲ့ပေ။ နောက်ဆုံးတွင်… သူ ဤရင်းနှီးနေသော အင်တာနက်ကဖေး အငွေ့အသက်ကို မကြုံတွေ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

တောရှင်းနေသော ရှီထိုက်လုံမှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။

"စကားမစပ်… သူဌေး… ကျွန်တော်တို့ တစ်ခုခုမေ့နေသလား…"

"တစ်ခုခုမေ့နေတယ် ဟုတ်လား…"

မုန်ကျစ်ယွီမှာ အနည်းငယ် နားမလည် ဖြစ်သွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ပြောလိုက်သည်။

"အိုး… ဟုတ်သားပဲ… အင်တာနက်ကဖေးမှာ ဂိမ်းကစားရင် ခေါက်ဆွဲပြုတ်နဲ့ အအေးမပါဘဲ ဘယ်လိုဖြစ်မလဲ…"

ရှီထိုက်လုံ : "…"

တကယ်တော့ ရှီထိုက်လုံ ပြောချင်နေသည့်အရာမှာ သူတို့ ဆာလာပိုင်ကျီအတွက် ငွေရှင်းပေးရန် မေ့နေခြင်း ဖြစ်သည်။

သူတို့ သုံးယောက်မှာ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနေကြသော်လည်း ဆာလာပိုင်ကျီမှာမူ အခြေအနေများက ပို၍ ဆိုးရွားနေသည်။

ဆာလာပိုင်ကျီမှာ ပိုက်ဆံရှင်းရန် ငွေမရှိသောကြောင့် သူက ပန်းကန်ဆေးခြင်းနှင့် အကြွေးဆပ်ရန် အလုပ်ကြမ်းများ လုပ်ကိုင်ရန် နေခဲ့ရသည်။

အခါအားလျော်စွာ သူက ထောင်ထျဲ့နှင့် ပူးပေါင်း၍ လူများကို လိမ်လည်လှည့်ဖြားရန်ပင် အပြင်ထွက်ရသေး၏။

All Chapters