← Chapters

နယ်မြေသခင်နှစ်ယောက်၏ ပထမဆုံးတွေ့ဆုံမှုက အင်တာနက်ကဖေးတစ်ခုမှာလား

Vol. 32 Ch. 439

နယ်မြေသခင်နှစ်ယောက်၏ ပထမဆုံးတွေ့ဆုံမှုက အင်တာနက်ကဖေးတစ်ခုမှာလား

Vol. 32 Ch. 439

ရဲဆွေ့သည် ကြယ်တာရာမြို့တော်သို့ ရောက်လာခဲ့၏။

မကြာမီပင် သူသည် အင်တာနက်ကဖေးတစ်ခုရှေ့သို့ ရောက်သွား၏။

ကြယ်တာရာမြို့တော်ထဲသို့ မဝင်မီကတည်းက သူ၏ ကိုယ်ငွေ့ကို အပြည့်အဝ ဖျောက်ထားခဲ့ရာ မုန်ကျစ်ယွီက သူ့ကို အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။

အမှန်တကယ်တွင် သူသာ ကိုယ်ငွေ့ကို မဖျောက်ထားလျှင်ပင် မုန်ကျစ်ယွီက သူ့ကို သတိပြုမိမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မုန်ကျစ်ယွီ၏ အာရုံအားလုံးက ဂိမ်းထဲတွင် လုံးလုံး နှစ်မြုပ်နေသောကြောင့် ဖြစ်သည်။

မုန်ကျစ်ယွီမှာ ဤကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ဂိမ်းမကစားရသည်မှာ အတော်ပင် ကြာမြင့်နေပြီ ဖြစ်၏။

အရေးကြီးဆုံးမှာမူ မုန်ကျစ်ယွီ လက်တွေ့ကမ္ဘာပေါ်တွင် ရှိနေစဉ်က သူ၏ League of Legends အဆင့်မှာ ပလက်တီနမ်အဆင့်သာ အများဆုံးဖြစ်သော်လည်း ဤနေရာသို့ ရောက်သောအခါ သူက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။

ဟုတ်ပေ၏။ မသေမျိုးကျင့်ကြံရေးလောကတွင် ဂိမ်းကစားတတ်သူ အမှန်တကယ်ပင် နည်းပါးလွန်းသည်။

ရဲဆွေ့ကလည်း နယ်မြေသခင်အသစ်က အင်တာနက်ကဖေးထဲတွင် ဂိမ်းကစားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရဲဆွေ့သည် မုန်ကျစ်ယွီ၏ နောက်တွင် သွားရပ်လိုက်၏။

သူ့နောက်တွင် တစ်စုံတစ်ယောက် ရှိနေသည်ကို ခံစားမိသဖြင့် မုန်ကျစ်ယွီက နောက်သို့ လှည့်ကြည့်၍ ဘာမှမပြောဘဲ ဂိမ်းကိုသာ ဆက်ကစားနေလိုက်သည်။

ဂိမ်းစွဲနေသော မုန်ကျစ်ယွီကို မြင်သောအခါ ရဲဆွေ့မှာ အမှန်တကယ်ပင် ဘာပြောရမှန်း မသိတော့ချေ။

နောက်ဆုံး၌ ရဲဆွေ့မှာ ကွန်ပျူတာတစ်လုံး ဖွင့်၍ ဂိမ်းကစားလိုက်ရတော့သည်။

လူတစ်ယောက်က ဂိမ်းကစားနေသမျှ ကာလပတ်လုံး အချိန်များက ကုန်ဆုံးမြန်၏။

ဤသို့ဖြင့် မုန်ကျစ်ယွီ၏ အဖွဲ့မှာ အင်တာနက်ကဖေးထဲတွင် ငါးရက်ငါးညဆက်တိုက် ဂိမ်းကစားနေခဲ့ကြသည်။

ရဲဆွေ့ကလည်း သူတို့နှင့်အတူ ငါးရက်ငါးည ကစားခဲ့၏။

နှစ်ရက်ခန့် ကစားပြီးသောအခါ သူတို့လေးယောက်မှာ မကြာခဏ အတူတူ အဖွဲ့ကျလေ့ရှိပြီး တစ်ခါတစ်ရံ ပြိုင်ဘက်များ၊ တစ်ခါတစ်ရံ အသင်းဖော်များ ဖြစ်နေတတ်ကြသည်။

ကစားရင်း ကစားရင်းနှင့် မုန်ကျစ်ယွီနှင့် အခြားသူများမှာ သူတို့နှင့် မကြာခဏ အတူအဖွဲ့ကျသောသူမှာ သူတို့သုံးယောက်၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေမှန်း သိလာကြ၏။

“ညီလေး… ငါတို့ အပြင်မှာ ထမင်းသွားစားမလို့… လိုက်ခဲ့မလား…”

မုန်ကျစ်ယွီက ရဲဆွေ့ကို ဖိတ်ခေါ်လိုက်၏။

မုန်ကျစ်ယွီ၏ စကားကို ကြားသောအခါ ရဲဆွေ့က ခေါင်းညိတ်၍ စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။

'မင်း နောက်ဆုံးတော့ အင်တာနက်ကဖေးထဲက ထွက်လာပြီပေါ့'

အင်တာနက်ကဖေးမှ ထွက်လာပြီးနောက် ရဲဆွေ့မှာ တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။ သူ၏ အမြင်အရ ဤနယ်မြေသခင်အသစ်မှာ အင်တာနက်စွဲနေသော ကောင်လေးတစ်ယောက်သာ ဖြစ်ပုံရ၏။

ထို့အပြင် ဤနယ်မြေသခင်အသစ်၏ ရုပ်ရည်မှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ရှိသည်။

မုန်ကျစ်ယွီက ရဲဆွေ့ကို ရင်းနှီးနေသလို ရဲဆွေ့ကလည်း မုန်ကျစ်ယွီကို ရင်းနှီးနေ၏။

“ညီလေး… ဘာလို့ မင်းကိုကြည့်ရတာ ရင်းနှီးနေသလို ဖြစ်နေတာလဲ… မင်းက ငါ့အသိတစ်ယောက်နဲ့ နည်းနည်းတူတယ်…”

မုန်ကျစ်ယွီက ပြုံး၍ ပြောရင်း ရဲဆွေ့ကို ကြည့်လိုက်၏။

“ဟုတ်တယ်… ကျွန်တော်လည်း ခင်ဗျားကို ရင်းနှီးနေသလိုပဲ…”

ရဲဆွေ့ကလည်း ထောက်ခံလိုက်သည်။

သို့သော် မကြာမီပင် ရဲဆွေ့မှာ သူ မည်သူဖြစ်သည်ကို မှတ်မိသွားသည်။

“ခဏ… ခင်ဗျား… ခင်ဗျားက ပျောက်နေတဲ့ streamer မုန်ညီလေး မဟုတ်လား…”

ရဲဆွေ့၏ စကားကို ကြားသောအခါ မုန်ကျစ်ယွီလည်း အံ့အားသင့်သွားသည်။

“ဟာ… ဘာတုန်း… မင်းက လက်တွေ့ကမ္ဘာကလား…”

သူတို့နှစ်ဦး၏ စကားကို ကြားပြီးနောက် ရှီထိုက်လုံကပင် ရဲဆွေ့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်၏။

ရွာတစ်ရွာတည်းမှ ရွာသားအချင်းချင်း တွေ့ဆုံကြသောအခါ မျက်ရည်များပင် ဝဲတက်လာကြသည်။

သူတို့မှာ မျက်ရည်မကျသော်ငြားလည်း မုန်ကျစ်ယွီနှင့် ရှီထိုက်လုံတို့မှာ စိတ်လှုပ်ရှားသော အမူအရာများဖြင့် လက်တွေ့ကမ္ဘာပေါ်မှ သူတို့၏ အကြောင်းအရာများကို စတင် စုံစမ်းမေးမြန်းကြတော့သည်။

“ညီလေး… ငါပျောက်သွားပြီးနောက်မှာ ဘယ်သူ ငါ့ကို လိုက်ရှာသေးလဲ… ဥပမာ ငါ့မိဘတွေလေ…”

“ဟုတ်တယ်… ဟုတ်တယ်… နောက်ပြီး ငါက မြို့တော်က သူဌေးမျိုးနွယ်က… ငါ့နာမည် ရှီထိုက်လုံ…”

ဤသည်ကိုမြင်လျှင် ရဲဆွေ့က သူ၏လက်ကို မြှောက်၍ သူတို့နှစ်ယောက်ကို စိတ်တည်ငြိမ်ရန် အချက်ပြလိုက်သည်။

သူတို့နှစ်ဦး စကားပြော ရပ်တန့်သွားသည်ကို မြင်သောအခါ သူက ပြောလိုက်၏။

“ကျွန်တော် မြို့တော်မှာ မနေတာကြာပြီ… ရှီမိသားစုအကြောင်းတော့ သိပ်မသိဘူး… ဒါပေမဲ့ မုန်ညီလေးအကြောင်းတော့ နည်းနည်းသိတယ်… ခင်ဗျားမိဘတွေက ခင်ဗျားကို နေရာတကာမှာ လိုက်ရှာနေကြတယ်လို့ ကြားတယ်… အကူအညီတွေတောင်းပြီး လူပျောက်ကြော်ငြာတွေ နေရာအနှံ့ ကပ်ပြီး ခင်ဗျားရဲ့ သဲလွန်စကို ရှာနေကြတယ်…”

ဤစကားကို မုန်ကျစ်ယွီ ကြားသောအခါ သူ၏ စိတ်လှုပ်ရှားနေသော အမူအရာမှာ ဝမ်းနည်းသလို ဖြစ်သွားသည်။

“ ငါ့အဖေက သားအဖြစ်က စွန့်လွှတ်မယ် နောက်တစ်ယောက်မွေးမယ် ဘာညာနဲ့ ငါ့ကို တကယ်ပဲ ညာနေခဲ့တာကိုး…”

ဤသို့ ပြောပြီးနောက် မုန်ကျစ်ယွီက ရဲဆွေ့ကို ကြည့်၍ ဆက်မေးလိုက်၏။

“မင်း ဒီကို ရောက်နေ တာဆိုတော့ ငါတို့ကို လက်တွေ့ကမ္ဘာကို ဘယ်လိုပြန်ရမလဲ ပြောပြနိုင်မလား…”

ရဲဆွေ့မှာ အခြေအနေများက ဤသို့ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက နယ်မြေသခင်၏ စွမ်းအားကို ရရှိသွားသူမှာ မြင့်မြတ်နယ်မြေနန်းတော်မှ တစ်စုံတစ်ယောက် ဖြစ်လိမ့်မည်ဟု မူလက ထင်ထားခဲ့သော်လည်း လက်တွေ့ကမ္ဘာသားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ရဲဆွေ့က သူတို့နှစ်ဦးကို လက်တွေ့ကမ္ဘာသို့ ပြန်မည့်နည်းလမ်းကို ချက်ချင်း မပြောသေးဘဲ မေးလိုက်၏။

“ခင်ဗျားတို့ ဒီကို ဘယ်လိုရောက်လာတာလဲ…”

ရဲဆွေ့၏ မေးခွန်းကို ကြားသောအခါ မုန်ကျစ်ယွီနှင့် ရှီထိုက်လုံတို့မှာ တစ်ပြိုင်နက်တည်း ညည်းတွား ပြောဆိုကြတော့သည်။

“အာ… ပြောမနေနဲ့တော့… ငါတို့အားလုံး ရဲရှင်းဟွေ့ဆိုတဲ့ ခွေးမသားက ဖမ်းလာတာ…”

“ဟုတ်တယ်… အစတုန်းက သူက မေဇယ်ရန်ဆိုတဲ့ နာမည်တုနဲ့ ငါတို့ကို မသေမျိုးကျင့်ကြံရေးလောကထဲကို လှည့်စားခေါ်လာပြီးတော့ ဂိုဏ်းအမျိုးမျိုးမှာ ထားခဲ့တယ်… သူက ငါတို့ကို စစ်ဆင်ရေးတံစဉ်ဆိုလား ဘာဆိုလားအတွက် လိုတယ်လို့ ပြောတယ်…”

“အစီအစဉ် တစ်ဝက်တောင် မရောက်သေးဘူး… သူက ငါတို့ကို ပြန်စုပြီးတော့ မြင့်မြတ်နယ်မြေနန်းတော်ကို သွားခိုင်းပြန်ရော…”

ဘေးမှ ရှုရာ့သည် ဤစကားကို ကြားသောအခါ သူ၏ မျက်လုံးများကလည်း မီးတောက်လာသည်။

ရဲရှင်းဟွေ့ဆိုသည့် ခွေးမသားက ဤ ငတုံးသုံးကောင်ကို သူ၏ မြင့်မြတ်နယ်မြေနန်းတော်သို့ ပို့လိုက်မှန်း သူ အခုမှ သိတော့သည်။

“ဘယ်လောက်တောင် နက်နဲတဲ့ တွက်ချက်မှုလဲ…”

ရှုရာ့က ရဲရှင်းဟွေ့ဆိုသူကို ရှာတွေ့သည်နှင့် သူ့ကို အသေသတ်မည်ဟု ကျိန်ဆိုလိုက်၏။

ရဲဆွေ့မှာမူ သူ၏ အဖေက လက်တွေ့ကမ္ဘာသား သုံးယောက်ကို မသေမျိုးကျင့်ကြံရေးလောကထဲသို့ ထည့်သွင်းထားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ အရေးကြီးဆုံးအချက်မှာ သူတို့အားလုံးက မသေမျိုးကျင့်ကြံရေးလောကတွင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

တစ်ယောက်မှာ နယ်မြေသခင်အသစ်ပင် ဖြစ်လာခဲ့သည်။

“ညီလေး… မင်း ခုထိ မပြောသေးဘူး… ငါတို့ လက်တွေ့ကမ္ဘာကို ဘယ်လိုပြန်ရမလဲ…”

“ကျွန်တော် ခင်ဗျားတို့ကို လက်တွေ့ကမ္ဘာကို ပြန်ခေါ်သွားပေးလို့ရတယ်… ဒါပေမဲ့ ကြိုပြောထားချင်တာ တစ်ခုတော့ရှိတယ်…”

ရဲဆွေ့က လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“အင်း… ပြောလေ…”

“ခင်ဗျားတို့ ပြောနေတဲ့ ခွေးမသား ရဲရှင်းဟွေ့ဆိုတာက အမှန်တော့ ကျွန်တော့်အဖေပဲ…”

မုန်ကျစ်ယွီ: “…”

ရှီထိုက်လုံ: “…”

ရဲဆွေ့၏ စကားကို ကြားပြီးနောက် သူတို့နှစ်ယောက်မှာ ပြောစရာ စကား မရှိတော့ပေ။

မုန်ကျစ်ယွီ၏ ပထမဆုံး တုံ့ပြန်မှုမှာ ရဲဆွေ့ကို စိုက်ကြည့်၍ သူပြောသည့်စကားမှာ အမှန်ဟုတ်မဟုတ် သိချင်နေခြင်း ဖြစ်သည်။

ရှီထိုက်လုံ တွေးနေသည်မှာမူ 'အဲဒီ ခွေးမသား ရဲရှင်းဟွေ့မှာ ဒီလောက်ကြီးတဲ့ သားတစ်ယောက် ရှိတယ်ပေါ့… ဒါဆို သူ ဘယ်အသက်အရွယ်ကတည်းက မိန်းကလေးတွေကို ဖျက်ဆီးနေခဲ့တာလဲ… တကယ့် လူယုတ်မာပဲ… တကယ့် လူယုတ်မာပဲ…' ဟူ၍ ဖြစ်သည်။

ရဲဆွေ့က ရှီထိုက်လုံ၏ တုံ့ပြန်မှုကို ဂရုမစိုက်ခဲ့ပေ။ သူတို့သုံးယောက်၏ ခေါင်းဆောင်မှာ နယ်မြေသခင်ဖြစ်သူ မုန်ကျစ်ယွီ ဖြစ်၏။

“မင်း တကယ်ပဲ ရဲရှင်းဟွေ့ရဲ့ သားလား…”

မုန်ကျစ်ယွီက လေးနက်သော အသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ်… ကျွန်တော် အာမခံတယ်… ဒါ အမှန်ပဲ…”

ရဲဆွေ့က ပြန်ဖြေလိုက်၏။

“ရဲရှင်းဟွေ့ အခု ဘယ်မှာလဲ… ငါ သူ့ကို အခုတွေ့ချင်တယ်…”

ရဲဆွေ့သည် မုန်ကျစ်ယွီ၏ လေသံကို နားထောင်လိုက်ရာ လူယုတ်မာတစ်ယောက်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသော မိန်းကလေးတစ်ယောက်၏ လေသံနှင့် တူနေသဖြင့် သူ့မှာ အလွန်ပင် ထူးဆန်းသလို ခံစားလိုက်ရသည်။

All Chapters