အခန်း (၄၃)
Vol. 4 Ch. 43
"ဒါက ငါ့အိမ်လိုပဲ တကယ်ကို ကြီးလည်း ကြီးတယ်၊ ခိုင်လည်းခိုင်ခံ့တယ်!"
"ဒါ့အပြင်ကိုမှ ဒီလိုအိမ်မျိုးကို ၃ ရက်ကနေ ၅ ရက်အတွင်း ဆောက်လုပ်နိုင်တာက၊ တကယ်ကို မြန်ဆန်တဲ့နှုန်းပဲ!"
"ဟုတ်တယ်၊ ငါ့အိမ်ဆိုရင် တစ်လကြာအောင် ဆောက်ခဲ့ရတာ။ ဒါပေမယ့် ဒီအိမ်နဲ့တော့ မယှဉ်နိုင်ဘူးလို့ ထင်တယ်!"
"ဒီဘိလပ်မြေက တကယ်ပဲ ဆောက်လုပ်ရေးအတွက် အံ့ဖွယ်ပဲ! ဒီလောက်တောင် ကောင်းတဲ့အရာပါလား!"
လူတိုင်းက အံ့ဩတကြီးနဲ့ မှတ်ချက်ပြုခဲ့ကြသည်။
"ဒါတင်မကသေးဘူး!"
ဟီရှန်း က "ဒီဘိလပ်မြေက ဆောက်လုပ်ရေးမှာ အံ့ဖွယ်ကောင်းအောင် စွမ်းဆောင်နိုင်သေးတယ်။ ဒီထက်ပိုပြီးတော့ မြစ်ရေကို တားတဲ့ တမံတွေ၊ မြို့ရိုးတွေ၊ လမ်းတွေ အစရှိတာတွေကို ဆောက်လုပ်ရာမှာလည်း အသုံးပြုလို့ရသေးတယ်။ ပိုကောင်းတဲ့ ရလဒ်တွေတောင် ရနိုင်သေးတယ်!" ဟု ပြောဆိုလိုက်သည်။
"ဟုတ်တာပေါ့၊ ဒါက အမှန်ပဲ၊ ငါတို့ ဘာလို့ ဒါကို တစ်ခါမှ မစဉ်းစားမိတာလဲ!"
"အမတ်မင်း ပြောတာ တကယ်မှန်တယ်!"
"အိမ်တွေ ဆောက်တာတောင် ဒီလောက်မြန်နေရင် မြို့ရိုးတွေ ပြုပြင်တဲ့နှုန်းက မယုံနိုင်လောက်အောင် မြန်မှာပဲ!"
"တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အရာပဲ!"
"အရေးကြီးဆုံးအချက်က ဒီဘိလပ်မြေကို အရှင်မင်းကြီးကိုယ်တိုင် တီထွင်ခဲ့တာပဲ!"
ဟီရှန်းက လင်းပိုင်ဖန် ကို စိတ်လှုပ်ရှားပြီး အားကျသည့် မျက်လုံးများဖြင့် ကြည့်ကာ "ဒီအချက်က အရှင်မင်းကြီးဟာ တကယ့်ကို ကံကြမ္မာရဲ့သားတော် အစစ်အမှန်ဖြစ်ပြီး၊ ခေတ်အဆက်ဆက်ရဲ့ ပညာရှိ ဘုရင်တစ်ပါး ဖြစ်ကြောင်းကို သက်သေပြနေတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော် တည်ငြိမ်ရေးအတွက် နတ်ဘုရားပေးအပ်တဲ့ ဘိလပ်မြေဆိုတဲ့ အံ့ဖွယ်ပစ္စည်းကို တီထွင်ဖို့ နတ်ဘုရားဆီက လမ်းညွှန်မှုကို ရခဲ့တာပဲ။ ဒီလို ပညာရှိဘုရင်နဲ့အတူ ကျွန်တော်တို့ ရှ နိုင်ငံ ဟာ မုချ တိုးတက်မြင့်မားလာမယ်၊ ထင်ရှား ကျော်ကြားလာမယ်၊ အရပ်မျက်နှာအားလုံးကို ကြောက်ရွံ့စေမယ်၊ ခေတ်အဆက်ဆက် တည်တံ့ခိုင်မြဲပြီး ထာဝရ ဆက်လက် တည်ရှိနေလိမ့်မယ်!" ဟု ပြောဆိုလိုက်သည်။
အခြားသူများကလည်း တစ်ပြိုင်တည်း "ဒီလို ပညာရှိဘုရင်နဲ့အတူ ကျွန်တော်မျိုးတို့ ရှရှားနိုင်ငံ ဟာ မုချတိုးတက်မြင့်မားလာမယ်၊ ထင်ရှားကျော်ကြားလာမယ်၊ အရပ်မျက်နှာ အားလုံးကို ကြောက်ရွံ့စေမယ်၊ ခေတ်အဆက်ဆက် တည်တံ့ခိုင်မြဲပြီး ထာဝရ ဆက်လက်တည်ရှိနေလိမ့်မယ်!" ဟု အော်ဟစ်လိုက်ကြသည်။
ထို့နောက် ဟီရှန်း က "အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ!" ဟု အော်ဟစ်လိုက်သည်။
အခြားသူများကလည်း ချီးမွမ်းသံများဖြင့် "ဧကရာဇ်မင်းကြီး အသက်ရာကျော် ရှည်ပါစေ!" ဟု နောက်မှ လိုက်ဆိုခဲ့ကြသည်။
ယောင်ယောင် ပင်လျှင် "မိုက်မဲတဲ့ ဧကရာဇ်လေး၊ ရှင်က တကယ့်ကို အထင်ကြီးစရာပဲ။ ကျွန်မ ရှင့်ကို အရင်က အထင်သေးမိခဲ့တာပဲ" ဟု မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
လူအများ၏ မြှောက်ပင့်သံများကြားတွင် လင်းပိုင်ဖန် သည် ကောင်းကင်ဘုံ၌ ပျံဝဲနေသကဲ့သို့ ခံစားလိုက်ရပြီး အောင်ပွဲခံကာ ရယ်မောလျက်- "ဟား..ဟား..! ငါကိုယ်တော်ရဲ့ အမတ်မင်းတို့၊ မောင်မင်းတို့ ငါကိုယ်တော်ကို ချီးမွမ်းလွန်းနေပြီ။ ဒါပေမယ့် မောင်မင်းတို့ရဲ့ စိတ်ရင်းကို ငါကိုယ်တော် နားလည်ပါတယ်။ မောင်မင်းတို့အားလုံး မပြန်မီ ရက်ရောတဲ့ ဆုလာဘ်တွေ ချီးမြှင့်မယ်!" ဟု ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး!" ဟု လူအုပ်က တစ်ဖန် သံပြိုင်ပြောခဲ့ကြသည်။
"ကောင်းပြီ၊ အရေးကြီးတဲ့ကိစ္စကို ပြန်သွားရအောင်!"
လင်းပိုင်ဖန်က ချောင်းဟန့်လိုက်ပြီး ဘေးနားရှိ အိမ်ကို လက်ညှိုးထိုးပြကာ "ငါကိုယ်တော်ရဲ့ အမတ်မင်းတို့၊ ဒီလို အိမ်မျိုးကို ရောင်းမယ်ဆိုရင် ဘယ်လောက်တန်ဖိုးရှိမယ်လို့ ထင်ကြလဲ" ဟု မေးလိုက်သည်။
"အရှင်မင်းကြီးအား လျှောက်တင်ပါသည်။ ဒီလိုကြီးမားပြီး ခိုင်ခံတဲ့အိမ်မျိုးက အနည်းဆုံး ငွေတေး ငါးဆယ် ကနေ ခြောက်ဆယ်ထိ ရှိသင့်တယ်!"
"ဟုတ်ပါတယ်၊ ကျွန်တော်မျိုးလို ရိုးသားတဲ့ သူကတောင် ငွေတေး ငါးဆယ် ကနေ ခြောက်ဆယ် ဟာ သင့်တော်မယ်လို့ ထင်ပါတယ်!"
"ကျွန်တော်မျိုး အရင်က ဝယ်ခဲ့တဲ့ အိမ်ဆိုရင် ဒီအရွယ်အစားလောက်ပဲရှိပြီး ငွေတေး ၆၀ ကျခဲ့ပါတယ်!"
လင်းပိုင်ဖန် က စိတ်မပါ့တပါဖြင့် ခေါင်းခါလိုက်ပြီး- "ဒါက အရမ်းများလွန်းတယ်။ ငါကိုယ်တော် ဒီအိမ်တွေကို သာမန်လူတွေဆီ ရောင်းဖို့ စီစဉ်ထားတာ။ သူတို့အတွက် ငွေတေး ငါးဆယ် ကနေ ခြောက်ဆယ် ဆိုတာက အဆမတန်များတဲ့ ဈေးနှုန်းဖြစ်နေပြီ။ သူတို့ လုံးဝ မတတ်နိုင်ဘူး!"
ဟီရှန်းက လက်လေးချောင်း ထောင်ပြကာ "ဒါဆိုရင် ငွေတေး ၄၀ပဲ ထားရင်ကော"
လင်းပိုင်ဖန် က ခေါင်းခါလိုက်သည်။ "ဒါကလည်း များနေတုန်းပဲ!"
"ဒါဆို ငွေတေး ၃၀ ဆိုရင်ရော ဘယ်လိုလဲ"
လင်းပိုင်ဖန် က ဆက်လက် ခေါင်းခါရင်း "ဒါကလည်း များနေတုန်းပဲ! သာမန်လူတစ်ယောက်က တစ်လကို ဝမ်၂၀၀ ပဲ ဝင်ငွေရှိတယ်။ ဒါဟာ တစ်နှစ်ကို ငွေတေး ၂.၄ ပဲ ရတာနဲ့ ညီတယ်။ မစား၊ မသောက်ဘဲ စုမယ် ဆိုရင်တောင် အိမ်တစ်လုံး ဝယ်ဖို့အတွက် ၁၂ နှစ် ကြာ စုဆောင်းရမှာ!"
"ခြိုးခြံချွေတာပြီး နေမယ်ဆိုရင်တောင်မှ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်။ ဘဝ တစ်လျှောက်လုံးမှာ အနှစ် ၂၀ ကာလက ဘယ်နှစ်ခါလောက် ရှိမှာမို့လို့လဲ။ ဒါ့အပြင် အိမ်ဈေးနှုန်းတွေ အရမ်း မြင့်မားနေတာကလည်း မကောင်းဘူး။ စီးပွားရေးကို ကျဆင်းစေတယ်။ ဒါကြောင့် ငါကိုယ်တော်ရဲ့ အမြင်အရဆိုရင်..."
လင်းပိုင်ဖန် သည် လက်နှစ်ချောင်းကို ထောင်ပြကာ "ငွေတေး ၂၀ ဆိုရင် လုံလောက်မယ်!" ဟု ပြောလိုက်သည်။
လူအုပ်က တစ်ဖန် အံ့အားသင့်သွားခဲ့ကြသည်။
"အရှင်မင်းကြီး၊ ဒီလိုမျိုး ကောင်းမွန်လှတဲ့ အိမ်အတွက် ငွေတေး ၂၀ က အရမ်းမသက်သာလွန်းဘူးလား"
"ကျွန်တော်မျိုးတို့ အရှုံးမပေါ်နိုင်ပေဘူးလား"
"ဈေးကို နည်းနည်း ထပ်တင်သင့်ပါတယ်"
လင်းပိုင်ဖန် က ခေါင်းခါလိုက်သည်။ "တကယ်တော့ ကုန်ကျစရိတ်က သိပ်မရှိဘူး! ဒီမြေက ငါကိုယ်တော်ရဲ့ ဟာဆိုတော့ တစ်ပြားမှ မကုန်ဘူး! အိမ်တွေဆောက်ဖို့ ဘိလပ်မြေနဲ့ ကုန်ကြမ်းတွေက ဘေးနားက တောင်ကုန်းတွေကနေ တူးယူတာဆိုတော့ အဲဒါလည်း သိပ်မကုန်ဘူး! အလုပ်သမားတွေ အတွက်ကတော့ အဲဒီအလုပ်သမားတွေကို မိုင်းလုပ်သားတွေဆီကနေ ခေါ်ယူထားတာဖြစ်ပြီး သူတို့ရဲ့ လုပ်ခတွေကိုလည်း ပေးပြီးသား! ဒါကြောင့် ဒီလိုအိမ်မျိုး ဆောက်တာက စုစုပေါင်း ကုန်ကျစရိတ်က အရမ်းကို သက်သာတယ်!"
လူတိုင်းက ခေါင်းညိတ်ကာ သဘောတူခဲ့ကြသည်။ တကယ်ပဲ ကုန်ကျစရိတ်က သိပ်မများပေ။
"ဈေးနည်းနည်းလျှော့ပြီး ရောင်းတာကလည်း ငါကိုယ်တော် ပြည်သူတွေကို ပေးတဲ့ အကျိုးခံစားခွင့် တစ်ခုလို့ သတ်မှတ်နိုင်တယ်!"
ဟီရှန်းက ချီးကျူးစကားဆိုလိုက်သည်။ "အရှင်မင်းကြီးက တကယ်ကိုပဲ ခေတ်အဆက်ဆက်ရဲ့ ပညာရှိလှတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး၊ တုနှိုင်းမဲ့လှတဲ့ မေတ္တာတရားရှင်ပဲ ဖြစ်ပါတယ်!"
လူအုပ်ကလည်း သံပြိုင်ကာ "အရှင်မင်းကြီးက တကယ်ကိုပဲ ခေတ်အဆက်ဆက်ရဲ့ ပညာရှိလှတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး၊ တုနှိုင်းမဲ့လှတဲ့ မေတ္တာတရားရှင်ပဲ ဖြစ်ပါတယ်!" ဟု မြှောက်ပင့်ခဲ့ကြသည်။
လင်းပိုင်ဖန် သည် တစ်ဖန် ဂုဏ်ယူစွာ ရယ်မောလိုက်သည်။ "ဟား...ဟား..."
ရယ်မောပြီးနောက် လင်းပိုင်ဖန်က မြေပုံတစ်ခုကို ဖြန့်ချကာ "မြို့တော်က လူများလွန်းလို့ ကျဥ်းမြောင်းသလို ဖြစ်နေပြီ! ဒါကြောင့် မြို့တော်ဘေးနားမှာ မြို့သစ်တစ်ခုကို တည်ဆောက်ဖို့ ငါကိုယ်တော် စီစဉ်ထားတယ်။ ဘိလပ်မြေကို အသုံးပြုပြီး အိမ်တွေ၊ လမ်းတွေ ဆောက်မယ်၊ ပြည်သူတွေကို ငြိမ်းချမ်းစွာ နေထိုင်အလုပ်လုပ်ခွင့် ပေးမယ်! ဒါက ငါကိုယ်တော် တစ်ညလုံး အလုပ်လုပ်ပြီး စီစဉ်ထားတဲ့ မြေပုံပဲ။ မောင်မင်းတို့ ကြည့်ပြီး ဘယ်လိုထင်ကြလဲ" ဟု ပြောလိုက်သည်။
လူတိုင်းက ကြည့်ရှုခဲ့ပြီး အံ့ဩတကြီး ဖြစ်ခဲ့ကြသည်။
မြေပုံထဲတွင် အိမ်များက သပ်ရပ်စွာ တန်းစီနေသည်။ လမ်းများက ကျယ်ပြန့်ပြီး သပ်ရပ်သည်။ မြို့ရိုးများက မြင့်မား၍ ခန့်ညားထည်ဝါသည်။
ဒါက မြို့သစ်တစ်ခုကို တည်ဆောက်တာတင် မဟုတ်နေဘူး!
ဒါက ဧကရာဇ်မင်းတစ်ပါးရဲ့ မြို့တော်ကို တည်ဆောက်နေတာ သေချာနေသည်။
"အရှင်မင်းကြီး၊ ဒါကို တကယ်ပဲ လုပ်နိုင်ပါ့မလား"
"ဘာလို့ မလုပ်နိုင်ရမှာလဲ။ အောင်မြင်မှုက ငါတို့ရဲ့ ကြိုးပမ်းအားထုတ်မှုအပေါ် မူတည်တယ်။ ငါတို့ အစွမ်းကုန် ကြိုးစားသရွေ့ တစ်နေ့ကျရင် အောင်မြင်မှာပဲ!" လင်းပိုင်ဖန်က ရယ်မောရင်း ပြောဆိုလိုက်ရာ သူ၏ ရင်ထဲတွင် ယုံကြည်မှုများဖြင့် ပြည့်လျှံနေခဲ့သည်။