← Chapters

အခန်း (၄၅)

Vol. 4 Ch. 45

အခန်း (၄၅)

Vol. 4 Ch. 45

​နောက်တစ်နေ့တွင် ထိုအရာရှိကပင် စျေးနှုန်းအသစ်ကို လာရောက်ကပ်နှံခဲ့သည်။

​ မကြာမီပင် မျက်စိလျှင်သော သာမန် ပြည်သူများက ဒါကို သတိပြုမိကာ "အရာရှိမင်း၊ ဒီဘိလပ်မြေအိမ်ရဲ့ စျေးနှုန်းက မနေ့ကမှ ၂၀ ပဲ ရှိပါသေးတယ်။ ဘာလို့ ဒီနေ့ ၂၁ တေးကို တက်သွားရတာလဲ" ဟု အံ့သြတစ်ကြီး မေးခဲ့ကြသည်။

​ အရာရှိက မတတ်သာစွာဖြင့် "ဘုရင်မင်းမြတ်က ခင်ဗျားတို့အတွက် ပြင်ဆင်ပေးထားတဲ့ တန်ဖိုးနည်းအိမ်တွေ မရောင်းရတာကို သိပြီးတော့ အင်မတန် စိတ်မချမ်းမသာဖြစ်နေတယ်။ ဒါကြောင့် ငွေတစ်တေး တိုးလိုက်ရတာပဲ" ဟု ပြောလိုက်သည်။

​ သာမန်ပြည်သူများ- "F**k!"

​ သူတို့အားလုံး လုံးဝ ကြောင်အသွားခဲ့ကြသည်။

​ သူတို့ စောင့်ကြည့်နေတာ နှစ်ရက်ပဲ ရှိသေးသည်! အိမ်က စျေးပေါတယ် ဆိုရင်တောင်မှ ငွေတေး ၂၀ တန်သည်။ ဒါက သူတို့ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ငွေပမာဏနဲ့ ညီမျှနေတာဖြစ်သည်။

​ ဒီလိုများပြားလှတဲ့ ပမာဏကို သေသေချာချာ စဉ်းစားဆင်ခြင်ပြီးမှသာ သုံးစွဲမှာဖြစ်သည်။

​ ဒါပေမဲ့ စိတ်မကောင်းဖြစ်ရုံနဲ့ စျေးကို တင်လိုက်တယ်၊ ငွေတစ်တေး ကြီးများတောင် တင်လိုက်တာဖြစ်သည်!

​ "ဘုရင်မင်းမြတ်ရဲ့ စိတ်က မတည်မငြိမ် မဖြစ်လွန်းဘူးလား?"

​ "အိုး၊ မိုက်မဲတဲ့ ဧကရာဇ်!"

​ အိမ်ဝယ်သူ အရေအတွက်ကတော့ နည်းနေဆဲဖြစ်ပြီး စောင့်ကြည့်နေသူတွေက ပိုများနေသည်။

​ နောက်တစ်နေ့လည်း ထိုနည်းအတိုင်းပဲ ကုန်ဆုံးသွားပြန်သည်။

​ ထိုအရာရှိကပင် အိမ်စျေးနှုန်းအဟောင်းကို ဆုတ်ဖြဲပြီး အသစ်ကို ထပ်ကပ်လိုက်သည်။

​ သာမန်ပြည်သူများက လျင်မြန်စွာ သတိပြုမိကာ- "စျေးနှုန်းက ဘယ်လိုလုပ်ပြီး ထပ်တက်သွားရတာလဲ? ဒီလို တက်သွားတာနဲ့ အခုဆို ငွေတေး ၂၂ တေး ဖြစ်သွားပြီ၊ မူလစျေးထက် ၂ တေး ပိုများသွားပြီ!" ဟု အံ့သြစွာ အော်ဟစ်ခဲ့လိုက်ကြသည်။

​ တစ်ဖန် အရာရှိက မတတ်သာစွာဖြင့်- "အိမ်တွေက မရောင်းရသေးဘူးဆိုတာကို ဘုရင်မင်းမြတ် သိတဲ့အတွက် အရမ်းကို စိတ်မချမ်းမသာဖြစ်ပြီး နောက်ထပ်တစ်တေး ထပ်တိုးလိုက်တာပဲ။ နားလည်ပြီး သည်းခံပေးကြပါ!"

​ သာမန်ပြည်သူများ- "F**k!"

​ "နောက်နေတာလား? အိမ်မရောင်းရလို့ စျေးထပ်တိုးပြန်ပြီလား?"

​ "စိတ်မချမ်းသာတာကို အိမ်စျေးပေါ် အပစ်မပုံလိုက်နဲ့လေ!"

​ "ဒုက္ခရောက်ရတာက ကျွန်တော်တို့ပဲ!"

​ တစ်ရက်ကုန်ဆုံးပြီးနောက် ထိုအရာရှိက စျေးနှုန်းအသစ် တစ်ခုနှင့်အတူ ထပ်ရောက်လာခဲ့သည်။

​ မျက်စိလျှင်သော သာမန်ပြည်သူများက တစ်ဖန် သတိပြုမိပြီး- "အရာရှိကြွး၊ အိမ်စျေးနှုန်း ထပ်တက်သွားတယ်လို့တော့ မပြောနဲ့နော်?" ဟု မေးလိုက်ကြသည်။

​ အရာရှိက ခေါင်းညှိတ်လိုက်ပြီး-"မှန်တယ်၊ နောက်ထပ် ငွေတစ်တေး ထပ်တက်သွားပြီ!"

​ သာမန်ပြည်သူများ- "ဘာလို့ ထပ်တက်သွားရတာလဲ? ဘုရင်မင်းမြတ် ထပ်ပြီး စိတ်မချမ်းမသာ ဖြစ်နေပြန်ပြီလား?" ဟု မေးလိုက်ကြသည်။

​ အရာရှိက ခေါင်းခါပြီး- "မဟုတ်ဘူး၊ ဘုရင်မင်းမြတ်က ဒီနေ့ စိတ်အရမ်း ကောင်းနေတယ်!"

​ သာမန်ပြည်သူများ- "ပျော်နေရင် ဘာလို့ စျေးတက်ရတာလဲ?" ဟု အံ့သြစွာ မေးခဲ့ကြသည်။

​ "ဘုရင်မင်းမြတ်က သူရဲ့ ပျော်ရွှင်မှုကို ပြည်သူတွေနဲ့ ဝေမျှချင်တယ်လို့ ပြောတယ်။ စျေးနှုန်းတွေ နည်းတုန်းက မင်းတို့ အိမ်ကို မဝယ်ကြဘူးလေ၊ ဒါက မကြိုက်ဘူးလို့ ဆိုလိုတာပဲ! ဒါကြောင့် စျေးတက်လိုက်တယ်၊ အဲဒါဆို ပိုများပြားတဲ့ လူတွေက ဝယ်ကြလိမ့်မယ်။ အခုတော့ ကြိုက်သင့်ပြီ မဟုတ်လား?"

​ သာမန်ပြည်များ- "F**k!"

​ "ဒါက ဘယ်လိုတောင်မှ သောက်ကျိုးနည်း ကျိုးကြောင်းဆီလျှော်မှုမျိုးလဲ?"

​ "စိတ်မချမ်းသာရင် စျေးတင်လိုက်တယ်၊ ပျော်နေရင်လည်း စျေးတက်တယ်!"

​ "ဒါဆို စျေးက တက်ဖို့ပဲ ရှိတော့မှာပေါ့!"

​ "ဘုရင်မင်းမြတ်၊ စိတ်မတည်မငြိမ်ဖြစ်နေတာ ရပ်ပေးပါတော့!"

​ စတုတ္ထနေ့တွင် လင်းပိုင်ဖန် က နောက်ထပ် ငွေတစ်တေး ထပ်တိုးလိုက်ပြီး “ဒီနေ့ စားတဲ့ ငါးရိုးတွေက မလတ်ဆတ်လို့ စိတ်အနှောင့်အယှက် ဖြစ်နေတယ်၊ ဒါကြောင့် သူရဲ့ ဆင်းရဲဒုက္ခကို လူတိုင်းနဲ့ ဝေမျှဖို့ စျေးနှုန်းကို မြှင့်တင်လိုက်တယ်” ဟု ကြေညာလိုက်သည်။

​ သာမန်ပြည်သူများ- "စောက်ကျိုးနဲ"

​ ပဉ္စမနေ့တွင် သူက နောက်ထပ် ငွေတစ်တေး ထပ်တိုးလိုက်ပြန်သည်။

​ အကြောင်းပြချက်က "ပျော်ဖို့အတွက် စျေးတက်လိုက်တာ၊ သတ္တိရှိရင် လာ ကိုက်ချေ"

​ သာမန်ပြည်သူများ- "သေလိုက်ပါတော့"

​ မကြာမီပင် ထိုကိစ္စသည် အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး လူတိုင်းက ရယ်မောကြရာ သေးပင် ထွတ်လုနီးပါး ဖြစ်ကုန်ကြသည်။

​ "တစ်ရက်ကို ငွေတစ်တေး တက်တယ်၊ မိုက်မဲတဲ့ ဧကရာဇ်က အိမ်မရောင်းရလို့ စိတ်ပျက်ပြီး ရမ်းကားနေတာ ဖြစ်ရမယ်!"

​ "ဟားဟား၊ ဟုတ်တယ်! လုံးဝကို စိတ်က အပြောင်းအလဲ မြန်နေတာပဲ!"

​ "တိုင်းပြည်က ဒီလိုလူမျိုး လက်ထဲမှာ နောက်ဆို ပျက်စီးသွားရမှာပဲ!"

​ "သူ ဘယ်လို သေမလဲဆိုတာပဲ မြင်ချင်တော့တယ်! ဟား…ဟား…!"

​ ဆဋ္ဌမနေ့တွင် ထိုအရာရှိကပင် အိမ်စျေးနှုန်းကို တစ်ဖန် ထုတ်ယူပြီး ကပ်ရန် ပြင်လိုက်သည်။

​ ထိုအခိုက်တွင် သူသည် သာမန် ပြည်သူ အုပ်စုတစ်စု၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

​ "အရာရှိကြီး၊ ကျေးဇူးပြုပြီး မကပ်ပါနဲ့ဦး။ ကျွန်တော်တို့ အိမ်ဝယ်ပြီးတဲ့အထိ စောင့်ပါဦး၊ တောင်းပန်ပါတယ်!"

​ "ဟုတ်ပါတယ်၊ စျေးနှုန်းတွေက ဒီ့ထက် ပိုတက်သွားရင် ကျွန်တော်တို့ အိမ်ကို တတ်နိုင်မှာ မဟုတ်တော့ဘူး!"

​ "စျေးက တစ်နေ့ကို ငွေတစ်တေး တက်နေတာ၊ ဘယ်သူက တတ်နိုင်တော့မှာလဲ?"

​ "ကျေးဇူးပြုပြီး သနားပါအုံး!"

​ အရာရှိသည် ခက်ခဲသော အခြေအနေတွင် ရောက်နေခဲ့သည်- "ဒါပေမဲ့ ကျွန်တော်လည်း မကပ်လို့ မဖြစ်ဘူးလေ! မကပ်ရင် နန်းတော်အမိန့်ကို ဖောက်ဖျက်ရာရောက်ပြီး ခေါင်းဖြတ်ခံရနိုင်တယ်။ မင်းတို့ စောစော မဝယ်ခဲ့လို့ မင်းတို့ အမှားပဲလေ၊ အခုမှ နောင်တရနေတာလား?"

​ သာမန်ပြသည်သူတို့က အလွန်အမင်း စိတ်မသက်မသာ ဖြစ်ခဲ့ကြသည်။

​ "ကျွန်တော်တို့ တကယ် နောင်တရပါတယ်။ ရက်အနည်းငယ်လောက် တုံ့ဆိုင်းနေရုံနဲ့ စျေးက သုံးဆယ်ကနေ လေးဆယ်ရာခိုင်နှုန်းလောက် တက်သွားတယ်!"

​ "ကျွန်တော်တို့ အရမ်း ဒေါသထွက်ပြီး တစ်ညလုံး မအိပ်နိုင်ဘူး။ ညပေါင်းများစွာလည်း အိပ်မပျော် ဖြစ်နေခဲ့ရတယ်!"

​ "ဒါကြောင့် ညသန်းခေါင်ကြီးမှာ လာစောင့်နေခဲ့တာ၊ မဟုတ်ရင် အိမ်ကို တတ်နိုင်မှာ မဟုတ်တော့ဘူး!"

​ "အရာရှိမင်း၊ ကျေးဇူးပြုပြီး သနားပါအုံး။ ကျွန်တော်တို့ကို အခွင့်အရေးပေးပါ။ အိမ်တစ်လုံးဝယ်ရတာ မလွယ်ပါဘူး!"

​ လူအများ၏ တောင်းပန်မှုအောက်တွင် အရာရှိက သက်ပြင်းချကာ "ကောင်းပြီလေ၊ မင်းတို့လည်း တကယ်ကို သနားစရာ ကောင်းပါတယ်။ မလွယ်ကူဘူးလေ! မင်းတို့အတွက် လုပ်ထုံးလုပ်နည်းတွေကို အရင် ဆောင်ရွက်ပေးမယ်၊ ပြီးမှ အိမ်စျေးနှုန်း အသစ်ကို ကပ်လိုက်မယ်!" ဟု ပြောလိုက်သည်။

​ သာမန်ပြည်သူတို့က ပျော်ရွှင်စွာ အော်ဟစ်ခဲ့ကြသည်။

​ "ကျေးဇူးတင်ပါတယ်၊ အများကြီး ကျေးဇူးတင်ပါတယ်!"

​ "အရှင်က တကယ်ပဲ တရားမျှတပြီး မြင့်မြတ်တဲ့ အရာရှိ ပါ!"

​ "ကျွန်တော်တို့ကြားက လူ့ဘုံက မြင့်မြတ်သူ တစ်ယောက်လိုပါပဲ!"

​ ထို့နောက် အရာရှိက လူတိုင်းအတွက် အိမ်ဝယ်ယူတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဦးစွာ ဆောင်ရွက်ပေးခဲ့လို​က်တယ်။

​ အခြားသော သာမန်ပြည်သူများက ဒီကိစ္စကို သိရှိသွားတဲ့အခါ သူတို့အားလုံး အိမ်ဝယ်ရန် အလုံးအရင်းဖြင့် ရောက်လာကြပြီး အပေါက်ဝသည် ရေပင် စိမ့်မဝင်နိုင်လောက်အောင် ပြည့်ကျပ်နေတော့သည်။

​ "ကျွန်တော့်ကို အရင်ဝယ်ခွင့်ပေးပါ။ ကျွန်တော့်မှာ ငွေအလုံအလောက် ပါလာပါတယ်!"

​ "ငါက အသက်ကြီးနေပြီ၊ သက်ကြီးရွယ်အိုတွေကို ဦးစားပေးသင့်တယ်၊ ငါ့ကို အရင် အိမ်ဝယ်ခွင့်ပေးပါ!"

​ "ကျွန်မက မိန်းမသား​နော်၊ လာပြီး အတင်းမတိုးနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနေပါတယ် လို့ အော်ပစ်လို​က်မယ်!"

​ လူတိုင်းက တစ်မိနစ်နောက်ကျရင် စျေးတွေ ထပ်တက်သွားမှာကို ကြောက်ရွံ့ပြီး သူ့ထက်ငါ အရင်ဦးအောင် အတင်းတိုးဝယ်နေကြသည်။

​ မြင်ကွင်းသည် မယုံနိုင်လောက်အောင် ရှုပ်ထွေး နေပြီး ဟီရှန်းက စနစ်တကျ ဖြစ်ရန် အရာရှိ တစ်ရာကျော်ကို ခေါ်ယူခဲ့လိုက်ရသည်။

All Chapters