← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

​ထိုအချိန်တွင် လင်းပိုင်ဖန်၏ ဘိလပ်မြေ အိမ်များသည် အရှိန်အဟုန်ဖြင့် ဆက်လက် ရောင်းချနေဆဲဖြစ်သည်။

​ ထိုကဲ့သို့သော လျင်မြန်စွာဖြင့် ချမ်းသာကြွယ်ဝလာခြင်း နည်းလမ်းကို လူတိုင်းက မနာလိုလာခဲ့ကြသည်။

​ အထူးသဖြင့် နိုင်ငံအသီးသီးမှ ဧကရာဇ်မင်းများက လင်းပိုင်ဖန်က လဝက်ပင် မပြည့်မီ ငွေတေး နှစ်သန်းကျော် ရလိုက်သည်ကို မြင်သောအခါ မနာလို ဝန်တိုလွန်း၍ ဆံပင်တွေတောင် ကျွတ်မတက် ဖြစ်နေခဲ့ကြသည်။

​ “အဲ့ဒီ အရူးဧကရာဇ် လုပ်နိုင်ရင် ငါက ဘာလို့မလုပ်နိုင်ရမှာလဲ”

​ ထို့ကြောင့် နိုင်ငံအသီးသီးမှ ဧကရာဇ်မင်းများက လင်းပိုင်ဖန်၏ ဘိလပ်မြေကို စိတ်ဝင်စားလာကြသည်။

​ ဥပမာအားဖြင့် ရှန်နိုင်ငံကို ကြည့်လိုက်ပါ။

​ “အဲ့ဒီ အရူးဧကရာဇ်က ရက်အနည်းငယ်အတွင်း ကြီးမားပြီး ခိုင်ခံ့တဲ့ အိမ်တွေကို ဆောက်လုပ်နိုင်တဲ့ ဘိလပ်မြေလို့ ခေါ်တဲ့ အံ့ဖွယ်ဆောက်လုပ်ရေးပစ္စည်းကို တီထွင်ခဲ့တယ်လို့ ပြောနေကြတယ်။ သူက အဲ့ဒီအိမ်တွေကို ရောင်းချပြီး ငွေတေး သုံးသန်းကျော် ရရှိခဲ့တယ်”

​ ရှန်နိုင်ငံတော်ရဲ့ ဧကရာဇ်က ညီလာခံတွင် သက်ပြင်းချကာ- “လေးစားရပါတဲ့ မှူးမတ်အပေါင်းတို့၊ ဒီဘိလပ်မြေက အံ့ဖွယ် ဆောက်လုပ်ရေးပစ္စည်း တစ်ခုသာမကဘူး နိုင်ငံနှင့် ပြည်သူတွေကို အကျိုးပြုနိုင်တဲ့ ရတနာ တစ်ခုလည်း ဖြစ်တယ်။ ဒီဘိလပ်မြေ ထုတ်လုပ်တဲ့ နည်းလမ်းကို ကျွန်ုပ်တို့ ရယူနိုင်မယ်လို့ ထင်လား”

​ ထိုအချိန်တွင် ဝန်ကြီးချုပ်က ဦးညွှတ်လိုက်ပြီး ပြုံးကာ ရှေ့သို့တက်လာပြီး- “အရှင်မင်းကြီး၊ အဲ့ဒီအရူးဧကရာဇ်က ဘိလပ်မြေကို တီထွင်ပြီး အိမ်တွေဆောက်လုပ်ခဲ့သည်ကို ကျွန်တော်မျိုး ကြားသိရတဲ့အချိန်မှာ ကျွန်တော်မျိုးက စုံစမ်းရန် လူများ စေလွှတ်ခဲ့ပြီး ယခုအခါ ဘိလပ်မြေ ထုတ်လုပ်သည့် နည်းလမ်းကို ရရှိခဲ့ပါပြီ”

​“တကယ်ကြီးလား”

​ ရှန်နိုင်ငံ ဧကရာဇ်၏ မျက်လုံးများ အရောင်တောက်သွားပြီး စိတ်အားထက်သန်စွာဖြင့်- “ဝန်ကြီးချုပ် သင်က ကျွန်ုပ်တို့နိုင်ငံ၏ တကယ့်ကို ကျောရိုးအစစ် ပဲ။ အကျွန်ုပ်ရဲ့ အရေးတကြီး လိုအပ်ချက်တွေကို သစ္စာစောင့်သိစွာနဲ့ ဖြေရှင်းပေးနေတာပဲ၊ မြန်မြန် အဲ့ဒီ နည်းလမ်းကို အကျွန်ုပ်ကြည့်ဖို့ တင်ပြစမ်း”

​ ဝန်ကြီးချုပ်သည် စာရွက် တစ်ရွက်ကို ပေးအပ်လိုက်ကာ- “အရှင်မင်းကြီး၊ ဒီဘိလပ်မြေ ထုတ်လုပ်တဲ့နည်းက အလွန်ကို ရိုးရှင်းပါတယ်။ သံချေးအဖတ် ၊ ထုံးကျောက်နှင့် ရွှံ့စေးတို့ကို အချိုးအစားအတိုင်း ရောစပ်လိုက်ပြီး အပူပေးလိုက်ရုံဖြင့် ဘိလပ်မြေကို ထုတ်လုပ်နိုင်ပါတယ်”

​ “ဘိလပ်မြေကို ပြုလုပ်ပြီးနောက် သဲ၊ ကျောက်နှင့် ရေတို့ကို ရောစပ်ကာ အနှစ် ပျစ်ပျစ်တစ်ခု ဖြစ်လာစေပြီး အိမ်တွေကို ဆောက်လုပ်ရာမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်၊ ဆောက်လုပ်ရေး အရှိန်ကတော့ အံ့မခန်းစရာပါပဲ၊ ကြီးမားခိုင်ခံ့တဲ့ အိမ်တစ်လုံးကို သုံးရက်အတွင်း ဆောက်လုပ်နိုင်ပါတယ်”

​ ရှန်နိုင်ငံရဲ့ ဧကရာဇ်မင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး- “ကောင်းလိုက်လေခြင်း၊ အလွန်ကို ကောင်းလိုက်တာ၊ ဘိလပ်မြေ ထုတ်လုပ်နည်းက ရှိနေပြီဆိုတော့ ငါတို့ ရှန်နိုင်ငံ မကြီးပွားမှာကို ဘာလို့ စိုးရိမ်ရတော့မှာလဲ။ အဲ့ဒီ ဧကရာဇ်လေးက ဉာဏ်နည်းပြီး အရည်အချင်း မရှိသူပဲ၊ ဘိလပ်မြေ ထုတ်လုပ်တဲ့ နည်းလမ်းကို လျှို့ဝှက်ထားရမှန်း မသိဘဲ အကျွန်ုပ်တို့ကို အလွယ်တကူ ရရှိစေခဲ့တယ်။ သူ့ကို ငါကိုယ်တော် အမှန်တကယ် ကျေးဇူးတင်သင့်တယ်၊ တစ်ယောက်ယောက်၊ အကျွန်ုပ်အတွက် စာရေးကိရိယာ ယူခဲ့စမ်း၊ ဒီ ဘိလက်မြေအတွက် အဲ့ဒီအရူးဧကရာဇ်ကို ကျေးဇူးတင်ကြောင်း စာတစ်စောင် ရေးချင်တယ်”

​ အရာရှိများအားလုံး တိတ်တဆိတ် ကဲ့ရဲ့စွာ ပြုံးလိုက်ကြသည်။

​ သူတို့၏ ဧကရာဇ်သည် လင်းပိုင်ဖန်ကို အမှန်တကယ် ကျေးဇူးတင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ လှောင်ပြောင်ချင်ခြင်းသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေခဲ့ကြသည်။

​ သူတို့အားလုံး ဤဟာသကို မြင်ရ၍ အလွန်ပျော်ရွှင်နေကြသည်။

​ ခဏအကြာတွင် ရှန်နိုင်ငံ၏ ဧကရာဇ်သည် စာကို ရေးလို့ပြီး၍ သူ၏ အစေခံအား လွှဲပြောင်းပေးကာ ရယ်မောလျက်- “ဒီစာကို ရှနိုင်ငံရဲ့ အရူးဧကရာဇ်ဆီကို အမြန်ဆုံး ပေးပို့လိုက်ပြီး သူ့မျက်နှာအမူအရာကို သေချာ မှတ်သားထားပါ။ ပြန်လာပြီး ငါကိုယ်တော်ကို သတင်းပို့ရမယ်”

​ “ အမိန့်အတိုင်းပါ” အစေခံသည် စာကိုယူဆောင်သွားပြီးနောက် ဆုတ်ခွာသွားသည်။

​ “ဘိလပ်မြေ ထုတ်လုပ်နည်းကို ရပြီဆိုတော့ နိုင်ငံတော်ဘဏ္ဍာကို ပြည့်စေဖို့ အိမ်တွေကို အမြန်ဆောက်ကြစို့။

​ ရှန်နိုင်ငံ၏ ဧကရာဇ်က ရယ်မောရင်း ပြောလိုက်သည်- “ဒါက အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီတာဝန်ကို ဝန်ကြီးချုပ်ကို လွှဲအပ်လိုက်မယ်”

​ “အရှင်မင်းကြီး အမိန့်တော်အတိုင်းပါ”

​ ဝန်ကြီးချုပ်သည် အမိန့်တော်ကို ခံယူပြီး ဘိလပ်မြေကိစ္စများကို စီစဉ်ရန် ထွက်ခွာသွားခဲ့သည်။

​ ခြောက်ရက်ကြာပြီးနောက် ဘိလပ်မြေဖြင့် ဆောက်လုပ်ထားသော အိမ်တစ်လုံး ပြီးစီးသွားပြီး ၎င်းကို မြင်သောအခါ ရှန်နိုင်ငံ၏ ဧကရာဇ်မင်းက အလွန် ဝမ်းမြောက်သွားပြီး- “ကောင်းတယ်! အရမ်းကောင်းတယ်! ဘိလပ်မြေနဲ့ အိမ်ဆောက်တာက ဖြစ်နိုင်တယ်ဆိုရင် ဝန်ကြီးချုပ်၊ နိုင်ငံတော်ဘဏ္ဍာကို ဖြည့်တင်းဖို့ အိမ်တွေ အများကြီးကို အမြန်ဆောက်ပြီး ရောင်းချရမယ်”

​ သို့သော် ထိုအချိန်တွင် ဝန်ကြီးချုပ်က တွန့်ဆုတ်စွာဖြင့်- “အရှင်မင်းကြီး၊ ဒါ… ဒါက ခက်ခဲနိုင်ပါတယ်…”

​ ရှန်နိုင်ငံ၏ ဧကရာဇ်မင်းက မျက်မှောင်ကြုတ်ကာ- “ဝန်ကြီးချုပ်၊ ဒီလို တွန့်ဆုတ်နေတာက ဘာဖြစ်လို့လဲ၊ စိတ်ထဲရှိတာကို ပြောပါ”

​ ဝန်ကြီးချုပ်က အံကိုကြိတ်လိုက်ပြီး- “အရှင်မင်းကြီး၊ ဘိလပ်မြေအိမ်တွေကနေ ပိုက်ဆံရှာဖို့ဆိုတဲ့ စိတ်ကူးက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ တခြား နည်းဗျူဟာကို စဉ်းစားသင့်ပါတယ်” ဟု ပြောလိုက်သည်။

​ ဧကရာဇ်က မျက်မှောင်ကြုတ်ကာ အသံတွင် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သည့် လေသံဖြင့်- “ဝန်ကြီးချုပ်၊ သင်ဘာကို ဆိုလိုတာလဲ၊ ဟိုအရူးဧကရာဇ်ကတောင် ငွေတေး သုံးသန်းကျော် ရရှိခဲ့ပြီးပြီ။ ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ”

​ ဝန်ကြီးချုပ်က ကူရာမဲ့စွာ ပြုံးကာ- “အရှင်မင်းကြီး၊ အမှန်တကယ် မဖြစ်နိုင်ပါဘူး၊ သူလုပ်ခဲ့သလို အိမ်တွေကိုသာ ကျွန်တော်မျိုးတို့ တကယ်ရောင်းခဲ့ရင် ကျွန်တော်မျိုးတို့ရဲ့ အရင်းအနှီးပါမကျန် အားလုံး ဆုံးရှုံးသွားပါလိမ့်မယ်”

​ “ဒါဆို အခုပဲ ရှင်းပြစမ်း!” ရှန်နိုင်ငံရဲ့ ဧကရာဇ်မင်းက သူ၏ ဒေါသကို မထိန်းနိုင်ဘဲ မေးလိုက်သည်။

​ ဝန်ကြီးချုပ်က ဦးညွှတ်လိုက်ပြီး- “ဘိလပ်မြေ ပြုလုပ်ဖို့အတွက် ကျွန်တော်မျိုးတို့မှာ ပစ္စည်းသုံးမျိုး ရှိရပါမယ်- သံချေးအဖတ်၊ ထုံးကျောက်နဲ့ ရွှံ့စေးပါ၊ ကျွန်တော်မျိုးတို့မှာ သံချေးအဖတ် ရှိပါတယ်၊ ထုံးကျောက်လည်း ရှိပါတယ်၊ ဒါပေမဲ့ ဒီပစ္စည်းနှစ်ခုဟာ မြို့နဲ့ အလွန်ဝေးကွာပါတယ်။ အိမ်ဆောက်ဖို့နဲ့ မြို့ကို သယ်ယူပို့ဆောင်ဖို့ဆိုရင် လူအင်အားနဲ့ အရင်းအမြစ် အများကြီး လိုအပ်ပါလိမ့်မယ်”

​ “ဒါ့အပြင် ဘိလပ်မြေ ထုတ်လုပ်ရာမှာ ထင်းမီး အမြောက်အမြားလည်း လိုအပ်ပါတယ်။ ကျွန်တော်မျိုး ကြိုပြီး တွက်ချက်မှုအရ ဒီလိုအိမ်တစ်လုံး ဆောက်မယ်ဆိုရင် ကုန်ကျစရိတ်က ငွေတေး ၆၀ အထိ ရောက်ရှိသွားပါလိမ့်မယ်၊ ဒါဟာ အုတ်စိမ်းနဲ့ ဆောက်ထားတဲ့ အိမ်တစ်လုံးထက် ပိုစျေးကြီးပြီး လုံးဝ ရောင်းလို့ရမှာ မဟုတ်ပါဘူး”

​ ရှန်နိုင်ငံ၏ ဧကရာဇ်က အံ့သြ ထိတ်လန့်သွားပြီး- “ဘာ! ဘယ်လို ဖြစ်နိုင်မှာလဲ? ရှ နိုင်ငံက ဘာလို့ လုပ်နိုင်ရတာလဲ”

​ “အရှင်မင်းကြီး၊ ဒါဟာ ရှ နိုင်ငံရဲ့ သံနဲ့ ထုံးကျောက်တွင်းတွေဟာ သူတို့ မြို့တော်ရဲ့ မြို့အပြင်ဘက်နားမှာ ရှိနေလို့ပါ။ သူတို့က ဒေသတွင်း ပစ္စည်းတွေကို အသုံးပြုနိုင်ပြီး မရေတွက်နိုင်တဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေကို ချွေတာနိုင်ပါတယ်၊ ဒါ့အပြင်ကိုမှ အနီးအနားမှာ ကျောက်မီးသွေးတွင်းလည်း ရှိပြီး ထုတ်ယူထားတဲ့ ကျောက်မီးသွေးကို မီးရှို့ဖို့ တိုက်ရိုက် အသုံးပြုနိုင်တာကြောင့် ထင်းမီးကို ပိုပြီး ချွေတာနိုင်ပါတယ်၊ ဒါကြောင့် သူတို့ရဲ့ အိမ်တွေကို စျေးသက်သာစွာ ရောင်းချနိုင်ပြီး အမြတ်ရနေတာပါ”

​ “ဒီလိုကိုး၊ ဘယ်လောက် စိတ်တိုစရာ ကောင်းလိုက်လဲ” ရှန်နိုင်ငံ၏ ဧကရာဇ်မင်းသည် ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားခဲ့သည်။

​ ပိုက်ဆံရှာနည်းကို ရှင်းရှင်းလင်းလင်း သိနေပါလျက်နဲ့ မရှာနိုင်ဘဲ ရန်သူနိုင်ငံက အကျိုးအမြတ် ရနေတာကို ကြည့်နေရတာက အမှန်တကယ် စိတ်တိုစရာ ကောင်းလွန်းလှသည်။

​ စိတ်ပျက်အားငယ်မှုရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး လူသတ်ချင်စိတ်ပေါက်သည်အထိ ရူးသွပ်ခြင်းရဲ အစွန်းဆုံးကို ရောက်ရှိသွားခဲ့သည်။

​ ထိုအချိန်တွင် လင်းပိုင်ဖန်ထံ စာပို့ရန် စေလွှတ်ခဲ့သော အစေခံ ပြန်ရောက်လာခဲ့သည်။

​ “အရှင်မင်းကြီး၊ ဒါက ရှ နိုင်ငံရဲ့ ဧကရာဇ်ဆီက အကြောင်းပြန်စာပါ၊ ကြည့်ရှုတော်မူပါ”

​ ရှန်နိုင်ငံရဲ့ ဧကရာဇ်က ၎င်းကို ဖွင့်ကြည့်လိုက်ရာ စာလုံး ၁၄ လုံးသာ တွေ့ရသည်- “ဒုံဆီး၏ မျက်မှောင်ကြုတ်ခြင်းကို အတုယူခြင်း၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်း၊ ရယ်စရာ ကောင်းလိုက်လေခြင်း၊ ရယ်စရာ ကောင်းလိုက်တဲ့ စောက်ရူး”

​ ရှန်နိုင်ငံ၏ ဧကရာဇ်သည် ဒေါသဖြင့် သွေးအန်ခဲ့လေတော့သည်။

(စာပို: ဒုံးဆီး ရဲ့ မျက်မှောင်ကြုတ်တာကို အတုယူခြင်း။ မျက်မှောင်ကြုတ်ခြင်းက ချစ်စဖွယ်ဖြစ်စေတာ မဟုတ်ဘဲ၊ သူ့ရဲ့ အလှတရား ကြောင့်သာ အဲ့ဒီအမူအရာက ဆွဲဆောင်မှုရှိနေတာကို နားမလည်ဘဲ အတုခိုး ခြင်း)

All Chapters