← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

​အလွန်လှပသော အမျိုးသမီးက ဆက်လက်၍ အတွေးနက်နက်ဖြင့် စဉ်းစားနေခဲ့ရာ လင်းပိုင်ဖန်၏ အရူးအနှမ်း လုပ်ရပ်များစွာတို့သည် မမျှော်လင့်ဘဲ အကောင်းဘက်သို့ ဦးတည်နေသည်ကို သတိပြုမိခဲ့သည်။

​ ဟုတ်ပါတယ်၊ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေထဲက သူမ လုံးဝ နားမလည်နိုင်တာတွေကလည်း အများကြီး ကျန်နေပါသေးတယ်။

​ ဥပမာအားဖြင့် ဘာကြောင့် သူက မိုနိုင်ငံကို နှစ်ကြိမ်တောင် တိုက်ခိုက်ခဲ့ပြီးမှ စစ်တပ်တွေ ရုပ်သိမ်းကာ မြေတွေကို ပြန်ပေးခဲ့ရတာလဲ၊ ဦးတည်ချက်မရှိ လုပ်ဆောင်နေသလိုမျိုးပေါ့။

​ ပြီးတော့ ရှန်နိုင်ငံကို တိုက်ခိုက်ဖို့အတွက် စစ်သည်အင်အား ၁၀၀,၀၀၀ ကို ဦးဆောင်ဖို့ အမျိုးသမီးတစ်ဦးကို စစ်သူကြီးအဖြစ် ဘာကြောင့် ခန့်အပ်ရတာလဲ။

​ သို့သော် ဒီအချက်တွေ အားလုံးက လင်းပိုင်ဖန် ပိုင်ဆိုင်ထားတဲ့ အရောင်အဝါ တွေကိုတော့ မလွှမ်းမိုးနိုင်ခဲ့ပါဘူး။

​ သူမ အခုချက်ချင်း နားမလည်နိုင်တာက သူမရဲ့ အသိပညာက အဲ့ဒီ အဆင့်ထိ မရောက်သေးလို့ပဲ ဖြစ်ရမယ်၊ သူမရဲ့ အတွေးအခေါ်က အဲဒီလောက်အထိ နက်ရှိုင်းမှုမရှိသေးလို့ ဖြစ်နိုင်ပေမယ့် အနာဂတ်မှာတော့ နားလည်လာမှာပါ။

​ ဆက်လက်ပြီး စောင့်ကြည့်ရမယ်၊ အကယ်၍ သူက ရှ နိုင်ငံတော်ကို နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာအောင် ဦးဆောင်နိုင်မယ်ဆိုရင် သူဟာ ကြီးမားတဲ့ အလားအလာရှိနေကြောင်းကို သက်သေပြပါလိမ့်မယ်။ အနာဂတ်မှာ တိုင်းပြည်ကြီးတစ်ခု၊ မင်းဆက်တစ်ခု တည်ထောင်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ငါတို့ မြင့်မြတ်သောဂိုဏ်းကလည်း သူ့ကို အကူအညီပေးလို့ရတယ်။

​ အသက်ရှူမှားလောက်အောင် လှပတဲ့ အမျိုးသမီးက ထိုင်ခုံမှာ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ သူမ၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။

​ လင်းပိုင်ဖန် နဲ့ပတ်သက်ပြီး ဝေဖန်မှု တချို့ကတော့ ရှိနေပေမယ့် ရှ နိုင်ငံတော်ကတော့ အလျှံအပယ်ကို တိုးတက်နေခဲ့တယ်။

​ အဲ့ဒီအချိန်မှာပဲ လင်းပိုင်ဖန် ဟာ မိုနိုင်ငံကနေ နောက်ဆုံးရ စစ်ပွဲသတင်းကို ရရှိခဲ့တယ်။

​ မိုနိုင်ငံက နိုင်ငံ သုံးနိုင်ငံကို တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး သုံးလကြာ ရပ်တည်ခဲ့နိုင်ခဲ့တယ်။

​ ဒါပေမဲ့ အခုတော့ မြို့တွင်းမှာ အစားအသောက်တွေ ပြတ်လပ်သွားခဲ့တယ်။ ပတ်ပတ်လည် ဝိုင်းရံခံထားရပြီးတော့ အစားအသောက်ကို ထောက်ပံ့နိုင်ခြင်း မရှိတဲ့အတွက် နောက်ဆုံးမှာ ဆက်ပြီး မခံနိုင်တော့ပါဘူး။ ရန်သူက မြို့တံခါးတွေကို ဖောက်ဝင်လာခဲ့ပြီး မြို့တွေ တစ်မြို့ပြီးတစ်မြို့ ကျဆုံးခဲ့ရတယ်။

​ ဒါပေမယ့် ရန်သူက မိုနိုင်ငံရဲ့ မြို့တော်ကို သိမ်းပိုက်နိုင်လိုက်တဲ့အခါ မို ဧကရာဇ်နဲ့ တော်ဝင်မိသားစုဝင် အချို့နဲ့ အရေးပါတဲ့ ဝန်ကြီးတွေဟာ ခြေရာလက်ရာမကျန် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီဖြစ်သည်။

​ “ဘယ်လိုတောင် အသုံးမကျတဲ့ မဟာမိတ်လဲ။ ငါကတော့ မင်းတို့အတွက် နိုင်ငံနှစ်နိုင်ငံကို တားဆီးပေးခဲ့တာတောင်မှ အခုတော့ အကုန်လုံး ပြိုလဲသွားပြီ” လင်းပိုင်ဖန် ဟာ အကြီးအကျယ် နောင်တရနေခဲ့တယ်။

​ မိုနိုင်ငံသာ နောက်ထပ် နှစ်လလောက် ထပ်မံ ခုခံနိုင်ခဲ့ရင်၊ သူဟာ ပြည်တွင်းက အခြေခံ စီမံကိန်းတွေကို အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်။

​ နောက်တွင် ဘာ စိုးရိမ်ပူပန်မှုမှ မရှိတော့ရင် သူဟာ ဒီအခွင့်အရေးကို အရယူပြီး နောက်ထပ်နိုင်ငံတစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်လိမ့်မည်ဖြစ်သည်။

​ ဒါပေမဲ့ ကံမကောင်းစွာပဲ ဘဝမှာ 'တကယ်လို့' ဆိုတာ မရှိသလို အရာအားလုံးကလည်း ကိုယ့်ဆန္ဒရှိတဲ့အတိုင်း ဖြစ်မလာတတ်ပေ။

​ ကံကောင်းစွာနဲ့ သူဟာ မိုနိုင်ငံရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အားလုံးကို မိုနိုင်ငံကနေ လုံးဝနီးပါးကို ရွှေ့ပြောင်းပြီးသွားပြီ ဖြစ်သည်။

​ လင်းပိုင်ဖန်က သူ့စိတ်ထဲကနေ တိတ်တိတ်လေး ရယ်မောလိုက်ပြီး သူတို့ အသက် သွေးချွေးများစွာနဲ့ အပင်ပန်းခံ တိုက်ခိုက်သိမ်းပိုက်ခဲ့ရတဲ့ မိုနိုင်ငံဟာ ဘာအရင်းအမြစ်မှ မရှိတော့တဲ့ ခြောက်သွေ့တဲ့ မြေရိုင်းဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ နိုင်ငံသုံးနိုင်ငံရဲ့ မျက်နှာပေါ်မှာ ဘယ်လိုအမူအရာတွေ ပေါ်လာမလဲဆိုတာကို တွေးနေမိတယ်။

​ “ဒါဟာ သေချာပေါက်ကို အရမ်း ရယ်စရာကောင်းလိမ့်မယ်၊ ဟား..ဟား..”

​ “အမိန့်ထုတ်ပြန်လိုက်၊ စစ်သူကြီး အန်လုရှန် နဲ့ ချိုင်ယွီရှင်း တို့ကို အလျှင်စလို မလုပ်ဖို့နဲ့၊ တပ်မတော်ကို ဦးဆောင်ပြီး ငါတို့နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို ခိုင်ခိုင်မာမာ ကာကွယ်ထားဖို့၊ အန်းနိုင်ငံ နဲ့ ရှန်နိုင်ငံ က စစ်သားတစ်ဦးတစ်ယောက်ကိုမှ နယ်စပ်ကို ဖြတ်ကျော်မလာစေဖို့ ညွှန်ကြားလိုက်ပါ”

​“အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး”

​ ထို့နောက် လင်းပိုင်ဖန်က သူ့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို စစ်ဆေးဖို့အတွက် အင်ပါယာ မြေပုံ ကို ဖွင့်လိုက်တယ်။

​အင်ပါယာ မြေပုံ ( စတင်ခြင်း အဆင့်)

​နယ်မြေဧရိယာ: စတုရန်းမိုင် ၃၂၀,၀၀၀ (စိုက်ပျိုးနိုင်သောမြေ စတုရန်းမိုင် ၂၄၀,၀၀၀)

​ပြည်တွင်း အရင်းအမြစ်များ: ငွေတေး ၈၁ သန်း (သံသတ္တုတွင်း ၁ တွင်း ၊ ကျောက်မီးသွေးတွင်း ၂ တွင်း၊ ကြေးနီတွင်း ၁ တွင်း)

​လူဦးရေ: ၃.၉ သန်း ( လူချမ်းသာ ၃%၊ သာမန်ပြည်သူ ၄၅%၊ ဆင်းရဲသား ၅၂%)

​စစ်အင်အား: ၆၀၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၃ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၂၅၀ ဦး)

​နိုင်ငံတော် စုစုပေါင်း စွမ်းအား: ၆၈၀ (နိုင်ငံငယ် အဆင့်)

​ မိုနိုင်ငံမှ ပြန်လာပြီးနောက် အချက်အလက်များနှင့် နှိုင်းယှဉ်ပါက နယ်မြေဧရိယာသည် စတုရန်းမိုင် ၃၂၀,၀၀၀ သို့ ကျုံ့သွားခဲ့သည်။

​ သို့သော် လူဦးရေမှာမူ တစ်သန်းနီးပါး တိုးလာခဲ့သည်။

​ ၎င်းတို့အနက် ချမ်းသာလာသူ ဦးရေမှာ ၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး၊ သာမန်ပြည်သူမှာ ၂၇ ရာခိုင်နှုန်း တိုးလာခဲ့ကာ ဆင်းရဲသား ဦးရေမှာ ၁၉ ရာခိုင်နှုန်းထိ လျော့ကျသွားခဲ့ရာ လူဦးရေဖွဲ့စည်းပုံကို အလွန်အမင်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။

​ စစ်အင်အားပိုင်းတွင် နှစ်ဆ တိုးလာခဲ့ပြီး ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးနှင့် ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၅၀ ဦး ထပ်ပေါင်းခဲ့သည်။

​ ထို့ကြောင့် နိုင်ငံတော်၏ စုစုပေါင်း စွမ်းအားသည် အမှတ် ၄၀ထိ တိုးလာခဲ့သည်။

​ လင်းပိုင်ဖန် သည် ဤအခြေအနေကို ကျေနပ်မိသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ရှနိုင်ငံ၏ နိုင်ငံတော်အင်အားသည် ဆက်လက် ခိုင်မာလာပေလိမ့်မည်။

​ “ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသည်နှင့်အမျှ သင့် စွမ်းအားသည်လည်း အချိုးကျ တိုးလာပါသည်။ သင့်အား မြင့်မြတ်သော စိတ်ဝိညာဥ် ဓားသိုင်း ကို ဆုချပါသည်”

​ မြင့်မြတ်သော စိတ်ဝိညာဥ် ဓားသိုင်းက ဓားသူရဲကောင်းတစ်ဦးမှ ဖန်တီးထားသော ထိပ်တန်း ဓားသိုင်းပညာဖြစ်ပြီး စုစုပေါင်း ဓားချက် ၂၃ ချက် ပါဝင်သည်။

​ ဓားပညာနှင့်ပတ်သက်တဲ့ နက်နဲပြီး ကျယ်ပြောလှသော နားလည်မှုတို့သည် လင်းပိုင်ဖန် ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

​ လင်းပိုင်ဖန်က ထိုဓားသိုင်းကို လုံးဝ နားလည်သဘောပေါက်စေရန် တစ်ညလုံး အချိန်ပေးကာ လေးလေးနက်နက် လေ့လာခဲ့သည်။

​ သူ နားလည်သွားပြီးနောက် သူသည် ဓားသိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီး သူ၏ ခွန်အားသည် သိသိသာသာ တိုးလာခဲ့သည်။

​ သူ၏ စိတ်ထဲတွင် အံ့ဩမှုနှင့် ဝမ်းမြောက်မှုတို့ ရောထွေးနေသော ခံစားချက်ဖြင့်- "ဒီ မြင့်မြတ်သော စိတ်ဝိညာဥ် ဟာ အရမ်းကို အစွမ်းထက်တယ်ဟ၊ အလွန် ကြမ်းတမ်းပြီး သနားညှာတာမှုမရှိဘူးပဲ။ ဓားချက် တစ်ခုချင်းစီက ရှေ့က တစ်ခုထက် ပိုကြောက်စရာကောင်းတယ်။ အထူးသဖြင့် နောက်ဆုံးဓားချက်ကတော့ ငရဲဓား လို့ ခေါ်ဆိုနိုင်ပြီး၊ ဒီဓားချက်နဲ့ ထိလိုက်တာနဲ့ အရာအားလုံး ရပ်တန့်သွားပြီး ပြိုင်ဘက်ကို ငါလိုသလို သတ်လို့ရပြီပဲ! တကယ့်ကို အစွမ်းထက်ဆုံး ဓားသိုင်းပဲ၊ ဒါကို ငါ့ရဲ့ ဝှက်ဖဲ အဖြစ်နဲ့ အသုံးပြုလို့ရတယ်" ဟု တွေးမိလိုက်သည်။

​ လင်းပိုင်ဖန်က သူရရှိခဲ့တဲ့ အကျိုးအမြတ်တွေအပေါ် အလွန် ကျေနပ်အားရနေခဲ့တယ်။

​ ပျော်ရွှင်စွာနဲ့ သူဟာ ပြည်တွင်းအခြေအနေကို ဆက်လက် စစ်ဆေးဖို့အတွက် အင်ပါယာ မြေပုံ ကို ကြည့်လိုက်တယ်။

​ အဲ့ဒီအချိန်မှာ လင်းပိုင်ဖန်ဟာ အကြီးအကျယ် အံ့ဩသွားပြီး- "မင်း ထွက်ပြေးပြီးတော့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီလို့ အပြင်လောကက ကောလဟာလတွေ ထွက်နေတာ! မင်း ငါ့နယ်မြေထဲကို တကယ် ရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ဟား…ဟား! တကယ်ပဲ ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ။ ငါ မင်းကို သေချာပေါက် သင့်တော်တဲ့ ကြိုဆိုမှုတစ်ခုကို လုပ်ပေးရမှာပေါ့" ဟု ဝမ်းသာစွာ ပြောလိုက်လေသည်။

All Chapters