← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

​လင်းပိုင်ဖန် က ပြုံးပြီးတော့- "မင်းရဲ့နိုင်ငံကို ဖျက်ဆီးခဲ့တဲ့ အန်းနိုင်ငံ၊ ဖန်နိုင်ငံ နဲ့ ရှန်နိုင်ငံ တို့ကို လက်စားချေပြီး ဖျက်ဆီးပစ်ချင်လား? သူတို့ကိုလည်း နိုင်ငံပျက်စီးခြင်းရဲ့ ခါးသီးမှုကို မြည်းစမ်းစေချင်လား?"

​ မိုနိုင်ငံ ဧကရာဇ်က မဆိုင်းမတွပင် ခေါင်းညှိတ်လိုက်ပြီး- "သေချာတာပေါ့၊ ဖြစ်နိုင်ရင် မင်းရဲ့ ရှနိုင်ငံ ကိုပါ ဖျက်ဆီးပစ်ချင်တာ"

​ လင်းပိုင်ဖန်က စိတ်ဆိုးသွားပြီး- "လုံဖောင်းဖောင်း၊ စကားကို ဆင်ခြင်လိုက်။ မင်းရဲ့ မိုနိုင်ငံ ကို ဖျက်ဆီးခဲ့တာ ငါ မဟုတ်ဘူး"

​ မိုနိုင်ငံ ဧကရာဇ်က မကျေမနပ်ဖြင့် ပြန်ကြည့်ပြီး- "မင်းကြောင့်သာ မဟုတ်ရင် ငါ့တပ်သား ခြောက်သိန်းကို ဆုံးရှုံးပါ့မလား။ မင်းရဲ့လုပ်ရပ်တွေကြောင့် ငါ့စစ်အင်အား မချိနဲ့သွားရင် အဲဒီသုံးနိုင်ငံက တိုက်ခိုက်ပါ့မလား။ ဒါကြောင့် မင်းက အဓိက တရားခံပဲ"

​ "ကောင်းပြီ၊ မင်းက ဒီလိုပဲ အပုပ်ချဖို့ ဆုံးဖြတ်ထားရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ်၊ ငါက မိုက်မဲတဲ့ ဧကရာဇ်တစ်ပါးပဲ။ ဖုန်တွေ၊ ချေးတွေ အများကြီး ကပ်နေပြီးသားပဲ၊ နောက်ထပ် ရေပုံးတစ်ပုံးလောက် ထပ်လောင်းခံရလဲ ဘာများ ထိခိုက်မှာမို့လို့လဲ။ အခု ငါ မင်းကို တစ်ခုပဲ မေးချင်တယ်။ အဲဒီ သုံးနိုင်ငံကို ဖျက်စီးပစ်ချင်လား"

​ "သေချာတာပေါ့! အဲဒါကို ငါ အိပ်မက်မက်နေခဲ့ရတာ” မိုနိုင်ငံ ဧကရာဇ်က အံကြိတ်ပြီး ပြောလိုက်သည်။

​ လင်းပိုင်ဖန် က အသံကျယ်ကျယ်ဖြင့်- "ငါ မင်းကို ကူညီနိုင်တယ်”

​ "မင်းက ငါ့ကို ကူညီမယ်? ဘယ်လိုလုပ်ပြီး ကူညီမှာလဲ?" မိုနိုင်ငံ ဧကရာဇ်က အံ့သြစွာ မေးလိုက်သည်။

​ "သေချာတာပေါ့၊ သူတို့ကို ဖျက်စီး ပစ်လိုက်ခြင်း အားဖြင့်ပေါ့။ ဘာပဲပြောပြော၊ မင်းရဲ့ မိုနိုင်ငံ ပျက်စီးသွားရင် သူတို့ နောက်ထပ် လာတိုက်မှာက ငါ့ကို ပဲလေ။”

​"အဲဒါတော့ ဟုတ်တယ်"

​ မိုနိုင်ငံ ဧကရာဇ်က- "ရှန်နိုင်ငံ ရော အန်းနိုင်ငံ ကိုပါ ရန်လုပ်ခဲ့တာက မင်းရဲ့အပြစ်ပဲလေ။ အခု မိုနိုင်ငံ မရှိတော့ဘူးဆိုတော့ သူတို့က မင်းကို အလိုလို လာတိုက်မှာပဲ။ မင်းရဲ့ ကောင်းတဲ့နေ့ရက်တွေက ကုန်တော့မယ်။ မင်း ငါ့လိုမျိုး နိုင်ငံပျက်၊ အိမ်ပျက်ဘဝနဲ့ နိုင်ငံမဲ့တဲ့ ဘုရင် ဖြစ်မသွားခင် နည်းနည်းကြာကြာ တောင့်ခံနိုင်ပါစေလို့ မျှော်လင့်ပါတယ်၊ ဟား…ဟား…"

​ "မင်းရဲ့ စေတနာ စကားတွေအတွက် ကျေးဇူးတင်ပါတယ်"

​ လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- " ငါတို့ရဲ့ အကျိုးစီးပွားတွေက တူညီနေတယ်လို့ ပြောလို့ရတယ်။ ငါ ကြာကြာခံနိုင်လေ၊ သူတို့ ပျက်စီးဆုံးရှုံးမှုက ပိုများလေပဲ။ မင်း သဘောမတူဘူးလား?"

​ "မင်းပြောတာ မှန်တယ်။ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့ မိတ်ဆွေ မဟုတ်ရင်တောင်၊ မင်းတို့ အချင်းချင်း တိုက်ခိုက်နေတာကို မြင်ရတာက ငါ့အတွက် ပျော်ရွှင်စရာပဲ" ဟု မိုနိုင်ငံ ဧကရာဇ်က ပြောလိုက်သည်။

​ "ဒါပေမဲ့ မင်းလည်း သိပါတယ်၊ ငါတို့နိုင်ငံက သေးတယ်၊ ငါတို့ရဲ့ လူတွေကလည်း အင်အားနည်းတယ်။ သူတို့ကို ရင်ဆိုင်ဖို့က အရမ်း ခက်ခဲတယ်။ ဒါကြောင့် အခုအချိန်မှာ မင်း အထောက်အပံ့ ပေးသင့်တယ်လို့ မထင်ဘူးလား? ငါက မင်းကို အန်းနိုင်ငံ နဲ့ ရှန်နိုင်ငံ တို့ကို တားဆီး ကူညီပေးခဲ့တုန်းကလိုမျိုးပေါ့"

​ မိုနိုင်ငံ ဧကရာဇ်က- "ငါ ကူညီချင်ပါတယ်။ ဒါပေမဲ့ ငါ့လက်ထဲမှာ ဘာမှ မရှိတော့ဘူး။ ဘယ်လိုလုပ်ပြီး မင်းကို ကူညီနိုင်မှာလဲ?"

​ လင်းပိုင်ဖန် က အဓိပ္ပာယ်ပါသော လေသံဖြင့်- "မဟုတ်ဘူး၊ မင်းမှာ ရှိတယ်... အဲဒါတွေက တော်တော်လေးကို များတယ်"

​ မိုနိုင်ငံ ဧကရာဇ်၏ မျက်ခွံများ တုန်သွားပြီး- "မင်း ဘာတွေပြောနေမှန်း ငါ နားမလည်ဘူး! ငါလို နိုင်ငံပျက် မင်းတစ်ပါးမှာ ဘာများ ရှိနိုင်မှာလဲ?"

​ လင်းပိုင်ဖန် က တိုးတိုးလေး ကပ်ပြီး ပြောလိုက်တာက- "ဟန်ဆောင်တာကို ရပ်လိုက်ပါ။ မင်းရဲ့ ကြီးမြတ်သော လီ မင်းဆက် မှာ ရွှေ ငါးသန်း ကို ပုန်းလျှိုး ကွယ်လျှိုး ထားထားတာ မဟုတ်ဘူးလား? အဲဒါတွေကို လွှဲပြောင်းပေးလိုက်။ ငါ မင်းနဲ့ မင်းမိသားစုရဲ့ အသက်ကို ချမ်းသာပေးမယ်။ ဘယ်လိုလဲ"

​ မိုနိုင်ငံ ဧကရာဇ်၏ နှလုံးခုန်နှုန်းက ပြင်းထန်လာပြီး မျက်နှာက ဖြူဖျော့ကာ နီလိုက် ဖြူလိုက် ဖြစ်လာခဲ့သည်။

​ ‘သူ ဘယ်လိုလုပ် သိတာလဲ၊ သူ ဘယ်လိုမှ သိစရာ အကြောင်း မရှိဘူး…

​ သူက သူ့ကို ယုံကြည်ရတဲ့လူတွေလောက်ကိုပဲ ပြောခဲ့တာ!

​ ပြီးတော့ သူတို့ကို အခုလေးတင်မှ ဒီအကြောင်းတွေ ပြောခဲ့တာဖြစ်သည်

​ သူတို့ထဲမှာ သစ္စာဖောက်များ ပါနေတာလား

​ ဘယ်သူကများ ငါ့ကို သစ္စာဖောက်လိုက်တာလဲ’

​ လင်းပိုင်ဖန် က မိုနိုင်ငံ ဧကရာဇ်၏ ပခုံးကို ပုတ်ပြီး ပြုံးလျက် ပြောလိုက်သည်- "မင်း အမှန်အတိုင်း ဝန်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငါ့ကို ခက်ခဲအောင်တော့ မလုပ်နဲ့"

​ ထပ်ပြီး ငြင်းခုန်နေလည်း အချည်းနှီးပဲဆိုတာ သိသွားတဲ့ မိုနိုင်ငံ ဧကရာဇ်က- "ငါ ပြောပြရင် မင်းက ငါနဲ့ ငါ့မိသားစုကို ချမ်းသာပေးမယ် ထင်နေတာလား။ မင်းက ဒီလောက် စေတနာရှိမယ့်သူလို့ ငါ မထင်ဘူး။ ဒီလိုဆိုရင် ပြောပြလို့ ဘာ အကျိုးရှိမှာလဲ"

​ "လုံဖောင်းဖောင်း၊ ကိုယ့်စံနှုန်းနဲ့ သူများကို အကဲမဖြတ်နဲ့"

​ လင်းပိုင်ဖန် က ပြုံးကာ- "မင်းသာဆိုရင်တော့ ဘယ်သူ့ကိုမှ လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာက မှန်တယ်။ ဒါပေမဲ့ ငါကတော့ မတူဘူး! ငါ့အမြင်မှာ မင်းက ဘာခြိမ်းခြောက်မှုမှ မရှိတော့ဘူး။ ငါ မင်းကို လွှတ်ပေးသည် ဖြစ်စေ မပေးသည်ဖြစ်စေ ဘာမှ မထူးဘူး"

​ မိုနိုင်ငံ ဧကရာဇ်က နှာခေါင်းရှုံ့လိုက်ကာ- "ငါ လက်စားချေဖို့ ပြန်လာပြီး မင်းရဲ့ နယ်မြေတွေကို သိမ်းပြီး မင်းရဲ့ခေါင်းကို ဖြတ်မှာကို မကြောက်ဘူးလား"

​ "မကြောက်ဘူး! မင်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ ဒါမှမဟုတ် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပေးရင်တောင် မင်း ငါ့ကို မနိုင်နိုင်ဘူး" လင်းပိုင်ဖန် က အလွန် မောက်မာတဲ့ လေသံဖြင့် ပြောလိုက်ပြီး၊ သူ့လေသံထဲတွင် ကြီးမားသော ယုံကြည်ချက်များ ပြည့်နှက်နေခဲ့သည်။

​ မိုနိုင်ငံ ဧကရာဇ်၏ ကိုယ်ခန္ဓာက တစ်ဖန် တုန်ယင်သွားခဲ့သည်။

​ အဘယ်ကြောင့်ဆိုသော် လင်းပိုင်ဖန် ၏ စကားများသည် အချည်းနှီး ပြောနေတာ မဟုတ်ဘဲ ခွန်အားပေါ် အခြေခံထားသော ယုံကြည်ချက် ဖြစ်ကြောင်း သူ ခံစားမိသောကြောင့်ပင်ဖြစ်သည်။

​ ဒီအတောအတွင်းက ရှုံးနိမ့်မှုတွေကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်တော့ သူ့ရှေ့က ဒီ မိုက်မဲတဲ့ ဧကရာဇ်ကို သူ အထင်သေးခဲ့မိတယ်လို့ ခံစားလိုက်ရသည်။

​ မိုနိုင်ငံ ဧကရာဇ်က နက်နဲတဲ့ အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်- "မင်းကို ငါရော၊ ကမ္ဘာပေါ်က တခြားလူတွေပါ အထင်သေးခဲ့မိတယ် ထင်တယ်"

​ "ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။ ငါ့ကို အဲဒီလို ပြောတာ မင်းက ပထမဆုံးလူပဲ" လင်းပိုင်ဖန် က အနည်းငယ် ပြုံးလျက် ပြန်ဖြေလိုက်သည်။

​ "ကောင်းပြီ! ငါ မင်းကို ရွှေ ငါးသန်း ပေးနိုင်တယ်။ ဒါပေမဲ့ ငါ တခြားအရာ တစ်ခုကို ပြန်လိုချင်တယ်။ မင်း ဒါကို သဘောမတူဘူးဆိုရင် မင်း ငါ့ကိုရော တခြားသူတွေကိုပါ သတ်ပစ်ရင်တောင် ငါ ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး" ဟု မိုနိုင်ငံ ဧကရာဇ်က ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

​ "ဘယ်လို အခြေအနေလဲ၊ ပြောကြည့်ပါဦး" လင်းပိုင်ဖန် က ပြုံးလျက် ပြောလို​က်သည်။

​ မိုနိုင်ငံ ဧကရာဇ်က- "ဒီနေ့ကစပြီး ငါနဲ့ ငါ့မိသားစုကို မင်းရဲ့ ရှနိုင်ငံမှာ နေထိုင်ခွင့်ပေးရမယ်။ မင်း ငါတို့ကို စောင့်ကြည့်နိုင်တယ်၊ လှုပ်ရှားမှုတွေကိုပါ ကန့်သတ်နိုင်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ လုံခြုံရေးကိုတော့ အာမခံရမယ်။ ဒါ့အပြင်၊ ဒီအချက်ကို အပြင်လောကကို ကြေညာပြီး လူတိုင်းကို သိစေရမယ်။ မင်း သတ္တိရှိလား"

​ လင်းပိုင်ဖန် အံ့အားသင့်သွားခဲ့သည်။ တစ်ဖက်လူက ဒီလို အခြေအနေမျိုးကို တောင်းဆိုလာလိမ့်မယ်လို့ မထင်ထားမိခဲ့ပေ။

All Chapters