← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

​အရေးတကြီး အခြေအနေကြောင့် ချိုင်ယွီရှင်းသည် ချက်ချင်းပင် စာတစ်စောင်ကို ရေးသားကာ လီ ၈၀၀ ကျော်ဝေးသော မြို့တော်ရှိ လင်းပိုင်ဖန်ထံ အမြန်ပို့ လိုက်သည်။

​ တစ်ရက်အကြာတွင် သူတို့သည် လင်းပိုင်ဖန်ထံမှ အကြောင်းပြန်စာကို လက်ခံရရှိခဲ့သည်။

​ ချိုင်ယွီရှင်းက စာကို အံ့အားသင့်စွာ ကိုင်ထားရင်း- "အရှင်မင်းကြီးက ဒုက္ခသည်အားလုံးကို လက်ခံဖို့ သဘောတူလိုက်ပြီ" ဟု ပြောလိုက်သည်။

​ အန်လုရှန်က အနည်းငယ် တုန့်ဆိုင်းနေဆဲဖြစ်ပြီး- "ဒါပေမဲ့ သူတို့ထဲမှာ သူလျှိုတွေ ရောနှောပါလာနိုင်တယ်လေ" ဟု ပြောလို​က်သည်။

​ ချိုင်ယွီရှင်းက စိတ်လှုပ်ရှားစွာဖြင့်- "စစ်သူကြီးအန် စိတ်ပူစရာမလိုပါဘူး၊ အရှင်မင်းကြီးက ဒီအချက်ကို ထည့်သွင်း စဉ်းစားပြီးသားဖြစ်ပြီးတော့ စာထဲမှာ ဖြေရှင်းနည်းကိုပါ ရေးထားတယ်။ စစ်သူကြီးအန် ကြည့်လိုက်ပါဦး"

​ စာကို ဖတ်ပြီးနောက် အန်လုရှန်က သက်ပြင်းချလိုက်ပြီး ပြုံးကာ-"ဒါက တကယ်ကို ကောင်းတဲ့ အစီအစဉ်ပဲ၊ ဒီအတိုင်းပဲ လုပ်ကြတာပေါ့" ဟု ပြောလိုက်သည်။

​ ခဏအကြာတွင် စစ်သားတစ်စုသည် လယ်ကွင်းအလယ်သို့ ရောက်လာကြသည်။

​ သူတို့သည် မြေယာရှင်းလင်းနေသော လယ်သမားများကို လှမ်းအော်ကာ- "မင်းတို့အားလုံး မို နိုင်ငံက လာခဲ့ကြတာလား" ဟု မေးလိုက်သည်။

​ လယ်သမားအဖွဲ့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့သည်။

​ ရှ နိုင်ငံက ရိတ်သိမ်းပြီးတော့မှ အကုန် ပြန်တောင်းတော့မှာလား။

​ သက်ကြီးလယ်သမားတစ်ဦးက ရှေ့သို့ထွက်လာပြီး အရိုအသေပေးကာ- "ခွင့်လွှတ်တော်မူပါ စစ်သည်တို့ ကျွန်တော်တို့ မို ပြည်နယ်က လာတာပါ။ အိမ်မှာ စားစရာ မရှိတော့လို့ ဒီကို အသက်မွေးဝမ်းကျောင်းပြုဖို့ လာခဲ့တာပါ။ ကျွန်တော်တို့ တစ်ခုခု အပြစ်လုပ်မိပါသလား" ဟု မေးလိုက်သည်။

​ စစ်သားက ကျယ်လောင်စွာ ရယ်မောပြီး- "မင်းတို့ ဘာအမှားမှ မလုပ်ထားပါဘူး။ တကယ်တော့ မင်းတို့ဆီ တကယ် ကောင်းတဲ့ အခွင့်အရေးကြီးတစ်ခုက ရောက်လာတာပဲ။ မင်းတို့ကို အကူအညီတစ်ခု တောင်းချင်လို့ပဲ။ ကောင်းကောင်း လုပ်ဆောင်နိုင်ရင် ရက်ရောတဲ့ ဆုလာဘ်တွေ ပေးမယ်" ဟု ပြောလိုက်သည်။

​ လယ်သမားအားလုံး သက်ပြင်း ချလိုက်ကြသည်။

​ ဒီလိုကိုး၊ စိတ်ပူစရာ မလိုတော့ဘူးပေါ့..

​ "ကြီးမြတ်တဲ့ စစ်သည်ခင်ဗျား ဒီကောင်းတဲ့ အခွင့်အရေးဆိုတာ ဘာများပါလဲ"

​ "ဘာတွေ ဖြစ်နေတာလဲဆိုတာ ပြောပြနိုင်မလား"

​ စစ်သားက လက်ကာပြလိုက်ပြီး- "ငါနဲ့ လိုက်ခဲ့၊ မကြာခင် သိလာလိမ့်မယ်။ မင်းတို့က အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ရမယ်။ ပထမဆုံး၊ မင်းတို့ လက်နဲ့ ခြေထောက်တွေကို သေချာဆေးကြောပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဝတ်လာခဲ့ကြ" ဟု ပြောလိုက်သည်။

​ "ကောင်းပါပြီ၊ ကောင်းပါပြီ၊ ချက်ချင်း အဆင်သင့်ဖြစ်အောင် လုပ်လိုက်ပါ့မယ်"

​ "ခဏလေး စောင့်ပါဦး"

​ နံ့သာတိုင်တစ်တိုင်စာမျှ ကြာပြီးနောက် လယ်သမားအဖွဲ့ကို စစ်တပ်စခန်းထဲသို့ ခေါ်ဆောင်လာပြီး ချိုင်ယွီရှင်းနှင့် တွေ့ဆုံစေခဲ့သည်။

​ "စစ်သူကြီးကို တွေ့ဆုံပါတယ်၊ ဘာအမိန့်ပေးစရာများ ရှိလို့ပါလဲ သိပါရစေ"

​ "ယဉ်ကျေးနေဖို့ မလိုပါဘူး"

​ ချိုင်ယွီရှင်းက ပြုံးကာ ပြောလိုက်သည်။ "မင်းတို့အားလုံးအတွက် အရေးကြီးတဲ့ မစ်ရှင်တစ်ခု ငါ့မှာ ရှိတယ်။ ကောင်းကောင်း လုပ်ဆောင်နိုင်ရင် တစ်ဦးချင်းစီကို ဝမ် ၅၀၀ စီ ဆုချမယ်"

​ လူအုပ်ကြီးက ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။

​ "ကျေးဇူးပါ… ကျေးဇူးပါ စစ်သူကြီး"

​"ကျွန်တော်တို့ အလုပ်ကို ပြီးမြောက်အောင် လုပ်ပါ့မယ်"

​ "အမိန့်ပေးတော်မူပါ စစ်သူကြီး"

​ "အခြေအနေက ဒီလိုပါ"

​ ချိုင်ယွီရှင်းက စိတ်ပါဝင်စားစွာနဲ့- "မို နိုင်ငံက ကျဆုံးသွားပေမဲ့ သူ့ရဲ့ ပြည်သူတွေကတော့ ကျန်ရှိနေသေးတယ်။ သူတို့ကို ရှန်၊ အန်း နဲ့ ဖန် သုံးနိုငံလုံးက ဒီကို မောင်းထုတ်လိုက်တယ်။ အရှင်မင်းကြီးက ကရုဏာကြီးမားစွာနဲ့ သူတို့ကို ခိုလှုံခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူတို့ထဲမှာ သူလျှိုတွေ ရှိနေမှာကို စိုးရိမ်တဲ့အတွက် မင်းတို့အားလုံးကို ဒီကို ခေါ်လိုက်တာပဲ"

​ "မင်းတို့တွေအားလုံး မို ပြည်နယ်က လာကြတာဖြစ်ပြီး မင်းတို့နိုင်ငံရဲ့ ပြည်သူတွေကို ရင်းနှီးတယ်။ မင်းတို့ရဲ့ အဓိက တာဝန်ကတော့ ဒုက္ခသည်တွေနဲ့ ဆက်ဆံပြီး သူတို့ရဲ့ လေယူလေသိမ်း၊ အမူအရာနဲ့ အသွင်အပြင်တွေကနေတစ်ဆင့် မိုနိုင်ငံရဲ့ တကယ့်နိုင်ငံသားတွေကို ခွဲခြားဖော်ထုတ်ဖို့ပဲ"

​ လူအုပ်က တစ်ဖန် ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။

​ "စစ်သူကြီး၊ ဒါက လွယ်ပါတယ်"

​ "ကျွန်တော်တို့ သေချာပေါက် လုပ်နိုင်ပါတယ်၊ ကောင်းကောင်း လုပ်ဆောင်ပေးပါမယ်"

​ "စိတ်ချလက်ချာ စောင့်နေလိုက်ပါ"

​ ချိုင်ယွီရှင်းက ကျေနပ်စွာ ခေါင်းညှိတ်လိုက်ပြီး၊ "ကောင်းပြီ" ဟု ပြောလိုက်သည်။

​ ထို့နောက် ချိုင်ယွီရှင်းသည် တဲအလုံးများစွာကို ပြင်ဆင်ပြီး မို နိုင်ငံမှ လူအနည်းငယ်စီကို တဲတစ်ခုစီတွင် ထားကာ သူတို့၏ နိုင်ငံသားများကို ရွေးချယ်ရန် စစ်ဆေးသူများအဖြစ် စီစဉ်လိုက်သည်။

​ ပြီးနောက် သူမသည် ဒုက္ခသည်တစ်သန်းကို ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်သည်- "အရှင်မင်းကြီးက ဒုက္ခသည်တွေကို ကရုဏာကြီးမားစွာနဲ့ လက်ခံလိုက်ပြီ။ ဒါပေမယ့် စစ်ဆေးမှုကို အောင်မြင်တဲ့ သူတွေကိုသာ နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုပြီး အသက်မွေးဝမ်းကျောင်းပြုဖို့နဲ့ နေထိုင်ဖို့ ခွင့်ပြုမှာ ဖြစ်တယ်။ ဒါ့ကြောင့် တဲတွေထဲသို့ တစ်ယောက်ပြီး တစ်ယောက် စည်းကမ်းတကျ တန်းစီဝင်ကြရမယ်။ စည်းကမ်းမလိုက်နာပါက ကျွန်ုပ်တို့ရဲ့ ဓားလှံတွေ မျက်စိမရှိတာကို အပြစ်မတင်ကြနဲ့"

​ ဒုက္ခသည်များက ထိတ်လန့်သွားသလို ဝမ်းလည်း ဝမ်းသာခဲ့ကြသည်။

​ " အရမ်းကောင်းတာပဲ"

​ "စိတ်မပူပါနဲ့! ကျွန်တော်တို့ သေချာပေါက် တန်းစီပါ့မယ်"

​ "ဘယ်တော့ စမှာလဲဗျ"

​ "အရင်ဆုံး ကျွန်တော့်ကို ဝင်ခွင့်ပြုပါ"

​ လူတိုင်း ဝမ်းသာအားရနှင့် စိတ်အား ထက်သန်နေခဲ့ကြသည်။

​ ဘာကြောင့်လဲဆိုတော့ တစ်ဖက်တွင် ဆန်ပြုတ်တွေ ချက်နေတာကို သူတို့ မြင်ခဲ့ရပြီး၊ ဆန်နံ့က လေထဲတွင် သင်းပျံ့နေလို့ပင် ဖြစ်သည်။

​ သူတို့သာ အဲ့ဒီဘက်ကို သွားနိုင်သရွေ့ ပူနွေးနေသော ဆန်ပြုတ်ကို သောက်ရပေလိမ့်မည်။

​"တန်းစီပါ၊ တန်းစီပါ! မတိုးကြပါနဲ့"

​ ဒီလိုနဲ့ ဒုက္ခသည်တွေဟာ တစ်ယောက်ပြီး တစ်ယောက် တဲထဲကို ဝင်ရောက်ပြီး မို နိုင်ငံက သူတွေရဲ့ စစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရသည်။

​ မင်းကို အသိဆုံးကတော့ မင်းရဲ့ လူမျိုးစုတွေပါပဲ။

​ စကားနည်းနည်းပြောရုံနဲ့ သူတို့ထဲက တစ်ယောက် ဟုတ်မဟုတ်ကို အတပ် ပြောနိုင်သည်။

​ မင်းက ဘယ်လို တောင်ကုန်းဒေသစွန်ဖျားက လာတာလဲဆိုတာကိုတောင် ခွဲခြားသိမြင်နိုင်တယ်။

​ ဒီတော့ လုပ်ငန်းစဉ်က ချောမွေ့စွာနဲ့ ရှေ့ဆက်သွားနေပြီး လူအများစုက စစ်ဆေးမှုကို အောင်မြင်ခဲ့ကြသည်။

​ အောင်မြင်ပြီးနောက် သူတို့ဟာ တစ်ဖက်က ဆန်ပြုတ် တစ်ပန်းကန်ကို ချက်ချင်းရလိုက်ပြီး ဝမ်းသာအားရ သောက်နေကြသည်။

​ ဒီမြင်ကွင်းက နောက်မှာ စောင့်ဆိုင်းနေတဲ့ လူတွေကို အကြီးအကျယ် စိတ်ဓာတ်များ တက်ကြွလာစေခဲ့တယ်။

​ ဟုတ်ပါတယ်၊ စိစစ်မှုကို မအောင်မြင်တဲ့ သူတွေလည်း ရှိခဲ့ပြီး အဲ့ နေရာမှာပဲ အဖမ်းခံလိုက်ရတယ်။

​ ဒီလိုနဲ့ တစ်ရက် ကုန်ဆုံးပြီးနောက် သံသယရှိသူ ၅၀,၀၀၀ နီးပါးကို ဖော်ထုတ်နိုင်ခဲ့တယ်။

​ လူတိုင်း တုန်လှုပ်သွားခဲ့ကြပေမဲ့ ဖမ်းမိတာကို သက်သာရာ ရသွားကြတယ်၊ မဟုတ်ရင် သူတို့က တစ်ခုခု ပြဿနာရှာခဲ့ရင် နောက်ဆက်တွဲကို ကြိုတင် မခန့်မှန်းနိုင်ပေ။

​ "ဒီလူတွေကို ဘယ်လို လုပ်သင့်လဲ" ဟု ချိုင်ယွီရှင်းက မေးလိုက်သည်။

​ "အားလုံးကို သတ်ပစ်လိုက်" အန်လုရှန်က ဘာမှမဟုတ်သလို အမူအရာနဲ့ ပြောလိုက်တယ်။

​ "သူတို့ကို သတ်လိုက်ရင် အလဟဿ ဖြစ်တာပေါ့။ သူတို့ကို မြစ်ချောင်းတွေ တူးခိုင်းပြီးတော့ ပိုက်ဆံမပေးဘဲ ငတ်မသေအောင်ပဲ ကျွေးရင်ကော" ဟု ချိုင်ယွီရှင်းက အကြံပြုလိုက်သည်။

​"ဒါက ကောင်းတဲ့ အကြံပဲ၊ ဒီလိုပဲ လုပ်ကြတာပေါ့" အန်လုရှန်က ခေါင်းညှိတ်ပြီး သဘောတူလိုက်သည်။

All Chapters