← Chapters

နှင်းမုန်တိုင်းထဲသို့ ပြေးဝင်ခြင်း ၂

Vol. 21 Ch. 302

နှင်းမုန်တိုင်းထဲသို့ ပြေးဝင်ခြင်း ၂

Vol. 21 Ch. 302

အရုဏ်ဦး ချဥ်းကပ်လာခြင်း

အချိန်ကြာလာသည်နှင့်အမျှ ယဥ်တန်းသုံးခုမှ လူများသည် နိုးထလာကြပြီး ရှေ့ဆက်ရမည့် ခရီးအတွက် ပြင်ဆင်‌နေကြသည်။

အနန္တရထားပေါ်တွင် ချန်ဆီရွှမ်သည် နိုးနေပြီး ရထား၏ အတွင်းပိုင်းရေးရာများကို စီစဥ်နေသည်။

ခရက်…

နံနက် ၉ နာရီရောက်သော်လည်း ကောင်းကင်သည် မှောင်မည်းနေဆဲဖြစ်သည်။ ယဥ်တန်းများမှ အင်ဂျင်များသည် အသက်ဝင်လာပြီး ဝေါ်ကီတော်ကီများမှ အသံများ ကြားနေရသည်။

“ညီလေးလင်း ငါတို့ ထွက်ခွာတော့မယ်” —ဝူကျန်းဟိုင်။

“လင်း…အရာအားလုံးအတွက် ကျေးဇူးတင်တယ်” —လျောင်မင်။

“ညီလေးလင်း ငါတို့ အရင် ထွက်သွားပြီ။ အဲဒီမှာ ကံကောင်းပါစေ” —လော့ရန်၊၊

“လင်း ခရီးလမ်းမှာ ဘေးကင်းပါစေ” —လီယီ။

လင်းရှန်သည် ဝေါ်ကီတော်ကီကို ကောက်ယူလိုက်သည်။

“သတိထားကြပါ။ လမ်းကြောင်းတွေကို မှတ်သားဖို့ ကျုပ် ပြောခဲ့တာက နှင်းထုထည် ကြီးလေလေ ရပ်တန့်ဖို့ ခက်လေလေပဲ။ ခဗျားတို့အားလုံး စီလန်ကို ရောက်ဖို့ လုံလောက်တဲ့ ခွန်အားတွေ ရှိကြပါတယ်။ အာရုဏ်ဦးမှာ တွေ့မယ်”

“ကောင်းပြီလေ အာရုဏ်ဦးမှာ တွေ့ကြမယ်”

သံချပ်ကာယဥ်တန်းများသည် အသက်ဝင်လာပြီး မီးလုံးရာပေါင်းများစွာက အမှောင်ထုကို ခွဲထွက်သွားသည်။ မည်သည့် မြေပြင်အနေအထားမျိုးကိုမဆို သွားလာနိုင်သော ဝင်ရိုးစွန်းယာဉ်သည် ဦးဆောင်သွားပြီး မကြာမီပင် ကျယ်လောင်သော အင်ဂျင်သံများဖြင့် ယာဥ်တန်းကြီးသည် မြောက်ဘက်သို့ ဦးတည်ကာ ညအမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

“ငါတို့ အလှည့်ပဲ”

လင်းရှန်သည် ယာဉ်မောင်းခန်းထဲသို့ ဝင်ရောက်လိုက်သည်။ ချန်ဆီရွှမ်နှင့် ကီကီတို့သည် ရှေ့ရှိ လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာနေကြသည်။

ဗရွမ်းးးးး—

Gemini 11R နှင့် ဝေးလ် 03E တို့၏ အင်ဂျင်နှစ်လုံးသည် ကျယ်လောင်စွာ အသက်ဝင်လာပြီး နှင်းများကို ခါထုတ်လိုက်သည်။

အနန္တရထားသည် မုန်တိုင်းထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

ထိုကျောချမ်းဖွယ် စောင့်ကြည့်ခံနေရသည့် ခံစားချက်သည် ပျောက်ကွယ်မသွားခဲ့ပေ။ လင်းရှန်သည် လုံးဝ ကောင်းမွန်စွာ အိပ်မရခဲ့ပေ—သူ၏ စိတ်သည် ထူးဆန်းပြီး စိတ်မချမ်းမြေ့ဖွယ် ခံစားမှုများဖြင့် ဗြောင်းဆန်နေပြီး အမည်မသိထိတ်လန့်မှုနှင့် မဖယ်ရှားနိုင်သော အရာသည် သူ၏ မသိစိတ်ထဲတွင် ပုန်းအောင်းနေသကဲ့သို့ပင်။

“ထပ်”

အိပ်ရာမှ ထထိုင်လိုက်ရင်း လင်းရှန်သည် ပြင်းပြင်းရှူထုတ်ပြီး အမှောင်ကာထားသော လိုက်ကာများကို ဆွဲဖွင့်လိုက်သည်။ အပြင်ဘက် ကမ္ဘာကြီးသည် နေရောင်ခြည်ဖြင့် လင်းထိန်နေပြီဖြစ်သည်။ နေရောင်သည် သန့်စင်သော အဖြူရောင်လွင်ပြင်ကျယ်ကို ရောင်ပြန်ဟပ်သောကြောင့် ကျယ်ပြောသော နှင်းပြင်သည် မျက်စိကျိန်းလောက်နီးပါး တောက်ပစွာ တလက်လက်ဖြစ်နေသည်။

အနန္တရထားသည် ချောမွေ့စွာ ပြေးလွှားနေပြီး ၎င်း၏ ရေခဲဒိုင်းကာသည် ထူထဲသော နှင်းများကို ဓားပူပူဖြင့် ထောပတ်ကို လှီးဖြတ်သကဲ့သို့ ထိုးဖောက်သွားနေသည်၊၊

အဝေးသို့ ကြည့်လိုက်သောအခါ တောင်တန်းများသည် မိုးကုတ်စက်ဝိုင်းတစ်လျှောက် ဝေးလံစွာ တည်ရှိနေပြီး အနီးနားရှိ နှင်းများဖုံးလွှမ်းနေသော သစ်ပင်များသည် ပိုမိုကျဲပါးပြီး မြေရိုင်းဒေသဆန်လာသည်၊၊ ကျယ်ပြောသော ပါမားမြက်ခင်းပြင်များ၏ အတိတ်က စိမ်းလန်းစိုပြေသော မြက်ခင်းများသည် ပျောက်ကွယ်သွားခဲ့သည်။ ယခုမူ အဆုံးမဲ့ အဖြူရောင်ကမ္ဘာတစ်ခုသာ ကျန်ရှိတော့သည်။

“နိုးပြီလား”

ယာဉ်မောင်းခန်းမှ ချန်ဆီရွှမ်သည် သူ၏ မျက်လုံးများကို လမ်းပြရေဒါတွင် အာရုံစိုက်ထားပြီး သူ၏ မျက်နှာအမူအရာသည် တင်းမာကာ အာရုံစိုက်နေသည်။

“ရထားလမ်းတွေ မမြင်ရတော့ဘူး။ ရေဒါကလည်း အများကြီး မထောက်လှမ်းနိုင်တော့ဘူး။ ကျွန်မ နည်းနည်း နှေးထားလိုက်တယ်…”

သူမသည် စိတ်တည်ငြိမ်အောင် ကြိုးစားသော်လည်း သူ၏ အသံထဲတွင် စိုးရိမ်ပူပန်မှု အငွေ့အသက်များ သိသိသာသာ ပါဝင်နေသည်။

ရထား၏ ရှေ့လေကာမှန်ကို ဖြတ်၍ ရထားလမ်းကို ဝိုးတဝါး မြင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ နှစ်ဖက်စလုံးရှိ ရထားလမ်းတိုင်များနှင့် နံရံများကို ရံဖန်ရံခါ မြင်တွေ့ခြင်းဖြင့်သာ ဖြစ်သည်။ သို့သော် လမ်းကြောင်းသည် နှင်းခင်းပြင်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဦးတည်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်သည် ကျယ်ပြန့်လာသည်။ ၎င်းသည် အနန္တရထားသည် အဆုံးမဲ့ အဖြူရောင်သမုဒ္ဒရာကို ရွက်လွှင့်နေသကဲ့သို့ ခံစားရစေသည်။ မြင်ကွင်းသည် အသက်ရှုမှားလောက်အောင် လှပသော်လည်း ရထားမောင်းနှင်သူအတွက်မူ လုံးဝ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဝှူးးးးး

သွန်းလုပ်ထားသော အတွင်းသံချပ်ကာ သံမဏိနှင့် တန်စတင်-တိုက်တေနီယမ် သတ္တုစပ်ဖြင့် ပြုလုပ်ထားသည့် ရေခဲဒိုင်းကာသည် နှင်းများကို ထိုးခွဲကာ လမ်းရှင်းနေပြီး တန်ချိန်ထောင်ပေါင်းများစွာရှိသော သံမဏိမွန်းစတားကြီးသည် ရှေ့သို့ တိုးဝင်နေသည်။

လင်းရှန်သည် အပူချိန်တိုင်း ကိရိယာကို ကြည့်လိုက်ရာ အပြင်ဘက်တွင် -၁၂°C အထိ ကျဆင်းနေပြီဖြစ်ပြီး ၎င်းသည် ဆက်လက်ပြီး အလျင်အမြန် ကျဆင်းနေဆဲဖြစ်သည်။

သို့သော် ရထားအတွင်း၌ အပူချိန်မှာ သက်တောင့်သက်သာရှိသော ၂၆°C ဖြစ်ပြီး လူတိုင်းသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများဖြင့် ဝတ်ဆင်ထားဆဲဖြစ်သည်။

ကရက်… ကရက်…

အပြင်ဘက်မှ လေတိုက်ခတ်သံကြောင့် အေးခဲနေသော သံချပ်ကာပြားများက တိုးတိတ်စွာ အသံမြည်လာရာ လင်းရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သူနှင့် ချန်ဆီရွှမ်တို့ နှစ်ဦးစလုံးသည် အမှန်တကယ် ပြဿနာကို သိရှိကြသော်လည်း ပိုမိုကောင်းမွန်သော ဖြေရှင်းနည်း မရှိပေ။ ၎င်းတို့သည် ရှေ့သို့ ဆက်သွားရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။

လက်ရှိ နှင်းကျမှုသည် အလွန်အကျွံ မဖြစ်သေးသော်လည်း ၎င်းသည် နှစ်မီတာ သို့မဟုတ် ပိုဆိုးသည့် အခြေအနေအထိ စုပုံလာပြီး အဆင့် ၁၂ နှင်းမုန်တိုင်းနှင့် ပေါင်းစပ်ပါက ၎င်းသည် အမှန်တကယ် အိပ်မက်ဆိုး ဖြစ်လာပေမည်။

“ရဲရဲတင်းတင်း ဆက်သွားပါ။ ရထားလမ်း ချော်သွားရင်တောင် ငါတို့ ကိုင်တွယ်နိုင်တယ်”

လင်းရှန်က ချန်ဆီရွှမ်ကို အားပေးလိုက်ကာ သူ့မျက်လုံးများသည် ဆုံးဖြတ်ချက်ဖြင့် တောက်ပနေသည်။

ကံကောင်းစွာဖြင့် ဤသည်မှာ မြက်ခင်းပြင်ဖြစ်သည်—၎င်းတို့သည် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများကို မြင်နိုင်စွမ်းရှိသည်။ ပျက်စီးနေသော ရထားလမ်းများ သို့မဟုတ် အတားအဆီးများ ပေါ်လာပါက ၎င်းတို့သည် ၎င်းတို့ကို ထိုးဖောက်သွားနိုင်သည် သို့မဟုတ် ခဏတာ ရထားလမ်း ချော်သွားနိုင်သည်။ ချောက်ကမ်းပါးများ သို့မဟုတ် ဥမင်လိုဏ်ခေါင်းများ မရှိသရွေ့ အန္တရာယ်ကို ထိန်းချုပ်နိုင်ပေသည်။

ယခုအချိန်တွင် နှင်းများသည် ၃၀ စင်တီမီတာခန့် စုပုံနေပြီး ရထားလမ်းသည် နှင်းထူထပ်သော မြေပြင်ပေါ်၌ မမြင်ရလောက်နီးပါး ထောင်ထနေသည့် တောင်ကြောတစ်ခုနှင့်တူနေသည်။

လူနေထိုင်ရာ တွဲများအတွင်း၌ အဖွဲ့သားများသည် ၎င်းတို့၏ လိုက်ကာများကို ဖွင့်လှစ်ပြီး အပြင်ဘက်မှ နှင်းဖုံးနေသော ကမ္ဘာကြီးကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။

၎င်းတို့၏ အပေါ်တွင် နေရောင်ခြည်သည် အလွန်အေးသော လေပွေတွင် ဝဲပျံနေသော မကောင်းဆိုးရွားနှင်းမုန်တိုင်း တိမ်တိုက်များဖြင့် တဖြည်းဖြည်း ဝါးမျိုခံနေရသည်။ ကောင်းကင်သည် မှိန်ဖျော့ပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။

သတိပေးချက်: ရထားအတွင်း၌ အမှောင်ထု ကြောက်ရွံ့ခြင်းစွမ်းအင် ထောက်လှမ်းတွေ့ရှိသည်...

သတိပေးချက်: ရထားအတွင်း၌ အမှောင်ထု ကြောက်ရွံ့ခြင်းစွမ်းအင် ထောက်လှမ်းတွေ့ရှိသည်...

ထူးဆန်းသောကုဗတုံးသည် သည် ရုတ်တရက် အရေးပေါ် သတိပေးချက်ကို ထုတ်ဖော်နေရာ လင်းရှန်၏ မျက်နှာအမူအရာသည် ချက်ချင်း မည်းမှောင်သွားသည်။

သူ၏ ဆက်သွယ်ရေး ကိရိယာကို ဆွဲယူကာ အမိန့်များ ပေးလိုက်သည်:

“တွဲတွေအားလုံးကို ပုံမှန်မဟုတ်တာတွေ စစ်ဆေးကြ”

ဒုန်း ဒုန်း ဖျတ် ဖျတ်

သူ၏ အမိန့်အရ အဖွဲ့သားအားလုံးသည် အလျင်အမြန် လှုပ်ရှားလာကြသည်။

“တွဲ ၂၊ ၃ နဲ့ ၄ ရှင်းတယ်” —ရှားရှားက သတင်းပို့သည်။

“တွဲ ၅၊ ၆ နဲ့ ၇—ပြဿနာ မရှိဘူး” —လို့ဟွာက အတည်ပြုသည်။

“တွဲ ၈ ကနေ ၁၂ အထိ စစ်ဆေးပြီးပြီ—ထူးခြားတာ မရှိဘူး၊ ဒါပေမဲ့…”

“တွဲ ၁၁ ရဲ့ ဆက်သွယ်ထားတဲ့ နေရာမှာ ရေယိုစိမ့်နေတာ တွေ့တယ်” —ရှုချင်းက ထပ်ပြောသည်။

“ဟင် ကျွန်မတို့လည်း အတူတူပဲ…တွဲ ၂ နဲ့ ၃ ကြားမှာ ယိုစိမ့်မှု ရှိနေတယ်” —လို့ရှားရှားက လျင်မြန်စွာ ဆက်ပြောသည်။

“တွဲ ၅ နဲ့ တွဲ ၄ မှာလည်း ရှိတယ်” —လို့ဟွာက အော်ပြောသည်။

လင်းရှန်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူသည် တွဲ ၂ ဆီသို့ အလျင်အမြန် သွားခဲ့သည်။

သေချာသည်မှာ ရထားတွဲများ ဆက်သွယ်ထားသည့် နေရာများတွင် အရည်ပျော်နေသော နှင်းများ ရထားအတွင်းသို့ စိမ့်ဝင်လာနေပြီး အဆက်မပြတါ စိမ့်ကျနေသည်ကို သူ တွေ့လိုက်ရသည်။

ဒီဟာကြောင့်လား…

သူ၏ နှလုံးသားသည် ခုန်ပေါက်သွားသည်။ အရည်ပျော်နေသော နှင်းများသည် အမှောင်ထု၏ စွမ်းအားကို ဆောင်ယူလာခြင်းလား။ ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

ပိုမိုနီးကပ်စွာ စစ်ဆေးကြည့်သောအခါ သူသည် အဓိက အကြောင်းအရင်းကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်—တွဲ ၃ နှင့် ၄ တို့သည် မူလက Kor-3 ဇီဝဗေဒ သုတေသန တွဲများဖြစ်ကြပြီး အခြားရထားတွဲများနှင့် နှိုင်းယှဉ်ပါက ဆက်သွယ်မှု စံနှုန်းများ ကွဲပြားနေသည်။

သူသည် ၎င်းတို့ကို မြေအောက်မြို့ အမှတ် ၉ မှ ယူလာခဲ့စဥ်က အခြေခံဆက်သွယ်မှုသာ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် သူကိုယ်တိုင် အလုံပိတ်ခဲ့သည်။

သူသည် ပြီးခဲ့သောညကပင် ၎င်းတို့ကို အားဖြည့်ခဲ့သော်လည်း ရထားတွဲများကြားရှိ ဖွဲ့စည်းပုံ ကွဲပြားမှုများသည် သူ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုကြီးမားနေသည်။

ယခုအခါ အတွင်းနှင့် အပြင် အပူချိန် ကွာခြားမှုကြောင့် ခေါင်မိုးပေါ်မှ အရည်ပျော်နေသော နှင်းများသည် အပေါက်များမှတစ်ဆင့် စိမ့်ဝင်လာခဲ့ပြီး အမှောင်ထု၏ ကြောက်ရွံ့ခြင်းစွမ်းအင်ကို ရထားထဲသို့ ထိုးဖောက်သယ်ဆောင်လာခဲ့ကာ—ထူးဆန်းသောကုဗတုံး၏ သတိပေးချက်ကို ဖြစ်ပေါ်စေခဲ့သည်။

“လူတိုင်းပဲ အရည်ပျော်နေတဲ့ နှင်းတွေကို မထိကြနဲ့”

လင်းရှန်သည် ရှားရှားနှင့် လို့ဟွာတို့ ချဥ်းကပ်လာစဥ် အော်ဟစ်လိုက်သည်။

All Chapters