အဆုံးမဲ့ဆောင်းည ၄
Vol. 21 Ch. 312
တွဲအမှတ် ၂၌ ကီကီသည် ရေဒီယိုလှိုင်းကြိမ်နှုန်းများကြား အဆက်မပြတ် ပြောင်းလဲနေသော်လည်း လုံးဝ တိတ်ဆိတ်ခြင်းကိုသာ တွေ့ရ၏၊၊
“ကြည့်ရတာ ပြင်းထန်တဲ့ လေပွေက ဒီ ဧရိယာကို လုံးဝ ဝါးမျိုလိုက်ပြီ ထင်တယ်။ ငါတို့ ဘာမှဖမ်းယူလို့ မရဘူး—စီလန်မြို့ ဒါမှမဟုတ် ဖီးနစ်ကနေ ကမ္ဘာလုံးဆိုင်ရာ အသံလွှင့်မှုတွေတောင် မရဘူး။ အကွာအဝေးတိုပဲ ရတဲ့ ရှင်သန်သူရေဒီယိုတွေတောင် သေနေပြီ”
ချန်ဆီရွှမ်သည် ရထား၏ ခေါင်မိုးဆီသို့ တစ်ချက် ကြည့်လိုက်၏၊၊ သူမသည် ၎င်းတို့၏ အပေါ်တွင် ကြီးမားသော ပြင်းထန် အေးစက်သောလေပွေသည် ကမ္ဘာကြီးကို ရေခဲခေတ်ဆီသို့ လျင်မြန်စွာ ပြန်ဆွဲခေါ်နေကြောင်း သိထား၏၊၊ အမှောင်ကျူးကျော်မှု၏ စွမ်းအားများဖြင့် ဖုံးလွှမ်းနေသော ဆီးနှင်းမုန်တိုင်းသည် အလွန် ပြင်းထန်လွန်းသောကြောင့် ရေဒီယိုဆက်သွယ်မှုများကိုပင် လုံးဝ ဖြတ်တောက်ပစ်လိုက်သည်၊၊
ဤအချိန်၌ အနန္တရထားသည် ဆီးနှင်းပြင်၏ အဆုံးမဲ့ အဖြူရောင်ချောက်နက်ကြီးထဲ မျောနေသော တစ်ကိုယ်တည်းသော ယာဥ်တစ်စီး အမှန်တကယ် ဖြစ်လာ၏၊၊
“ကျွန်မတို့ရဲ့ လက်ရှိ အရှိန်နဲ့ဆို စီလန်ကို ရောက်ဖို့ နောက်ထပ် ၁၀ နာရီလောက် အနည်းဆုံး ကြာဦးမယ်” ချန်ဆီရွှမ်က ခန့်မှန်းလိုက်သည်၊၊
လင်းရှန် ခေါင်းခါလိုက်၏၊၊
“ဒါက အကောင်းမြင်လွန်းတယ်။ မနက်ဖြန်ဆို ဆီးနှင်းက အနည်းဆုံး နှစ်ဆလောက် ထူလာလိမ့်မယ်။ တစ်နာရီ မိုင် ၅၀လောက်ပဲ ဆက်မောင်းနိုင်ရင်တောင် အံ့ဩစရာ ဖြစ်လိမ့်မယ်—ဆီးနှင်းမုန်တိုင်း မရပ်မချင်းပေါ့”
“အာ...” ကီကီ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နေ၏၊၊ သူမသည် လက်များကို ပွတ်သပ်ကာ ရေရွတ်သည်၊၊
“ဆီးနှင်းတွေ ပိုဆိုးလာရင် ကျွန်မတို့ အရှင်လတ်လတ် မြှုပ်ခံရမှာ မဟုတ်ဘူးလား”
“အဲဒီ အခြေအနေမျိုး ရောက်လာရင် ဆီးနှင်းသွားယာဉ်တချို့ကို ပြုပြင်ရလိမ့်မယ်... ဒါမှမဟုတ် မင်းပဲ အားလုံးကို စီလန်အထိ ပျံသန်းပေးရလိမ့်မယ်” လင်းရှန်သည် နောက်ပြောင်လိုက်သည်၊၊
အကယ်၍ အခြေအနေသည် ထိုအဆင့်သို့ အမှန်တကယ် ရောက်ရှိလာပါက အနန္တရထားကို စွန့်ပစ်ခြင်းသည် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာနိုင်၏၊၊
ဤစကားကို ကြားသောအခါ ကီကီ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွား၏၊၊ စိတ်မသက်မသာ ဖြစ်သော အမူအရာဖြင့် သူမ ညည်းတွားသည်၊၊
“ဖာ့ခ်…ကျွန်မက ရထားသံလမ်း ပြဿနာက အဆိုးဆုံးလို့ ထင်ထားပြီး… ဒီသောက်ကျိုးနည်း ဆီးနှင်းမုန်တိုင်းကို လျော့တွက်ခဲ့မိတာပဲ”
“လင်းရှန်”
ချန်ဆီရွှမ်သည် သူ့ကို တည်ကြည်စွာ ကြည့်သည်၊၊
“တခြားနည်းလမ်း မရှိတော့ဘူးလား”
လင်းရှန်သည် အသက်ပြင်းပြင်း ရှူလိုက်ကာ ခဏမျှ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ဖြင့် ပြောဆိုသည်၊၊
“ငါတို့ ဆီးနှင်းမုန်တိုင်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ ဒီည နောက်ပိုင်း မုန်တိုင်း အားနည်းသွားရင် အဆင်ပြေမယ်။ ဒါပေမဲ့ ပိုဆိုးလာရင်...”
သူ၏ မျက်လုံးများ ထက်မြက်လာ၏၊၊ “ဒါဆို ငါတို့မှာ အရာအားလုံးကို စွန့်စားပြီး ရှေ့ကို ဆက်တိုးရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး”
အမှောင်ထုသည် စိတ်ပျက်ဖွယ် ဖြစ်သော်လည်း ဆီးနှင်းဖြင့် မြှုပ်နှံခံရခြင်းသည် သေချာနေသော သေခြင်းတရားဖြစ်၏၊၊ ထိုနှစ်ခုကြား၌ ရှင်သန်နိုင်ခြေ အနည်းငယ်မျှသာ ရှိလျှင်ပင် ရှေ့သို့ တိုးခြင်းသည် ပို၍ ကောင်းသော ရွေးချယ်မှု ဖြစ်၏၊၊ အနည်းဆုံးတော့ မဖြစ်နိုင်သော အခွင့်အရေးကို ဆန့်ကျင်ပြီး ရှေ့သို့ ရွေ့လျားခြင်းသည် ရပ်တန့်နေခြင်း၊ ရထားကို စွန့်ပစ်ခြင်း၊ ခြေလျင် ခရီးသွားခြင်း သို့မဟုတ် ကီကီကို မှီခို၍ ရေခဲပြင်လွင်တီးခေါင်ကို ပျံသန်းခြင်းတို့ထက် ပိုကောင်းပေသည်၊၊
သို့သော် ယခုအချိန်တွင် ဆီးနှင်းမုန်တိုင်းသည် ထိုဆုံးဖြတ်ချက်ကို အတင်းအကျပ် ပြုလုပ်ရမည်အထိ လုံလောက်အောင် နက်ရှိုင်းခြင်း မရှိသေး၊၊
ချန်ဆီရွှမ် ခေါင်းညိတ်လိုက်၏၊၊
“နားလည်ပြီ။ ကင်းစောင့်တာဝန်ကို ကျွန်မ ယူမယ်”
လင်းရှန် ခေါင်းခါလိုက်သည်၊၊
“မလိုပါဘူး။ အရင်လိုပဲ—ငါ လုပ်မယ်”
စွမ်းအားရှင်တစ်ဦးအနေဖြင့် သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်သည် အများစုထက် သာလွန်၏၊၊ ထို့အပြင် သွေးကပ်ဘေးပန်းသည် တစ်ညလုံး စွမ်းအင်ကို ဆက်လက် ထုတ်လွှတ်ပေးမည် ဖြစ်ပြီး အဖွဲ့ဝင်များ၏ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို အထောက်အကူပြုမည်ကို သူ သိ၏၊၊ ၎င်းတို့အား သင့်လျော်စွာ အနားယူစေခြင်းသည် ရေရှည်တွင် ၎င်းတို့၏ ရှင်သန်နိုင်ခြေကို အမြင့်ဆုံး ဖြစ်စေမည်၊၊
ချန်ဆီရွှမ်သည် တွန့်ဆုတ်သွားကာ စိုးရိမ်ပူပန်စွာ သူ့ကို ကြည့်သော်လည်း နောက်ဆုံး၌ သဘောတူလိုက်၏၊၊
လေနှင့် ဆီးနှင်းတို့သည် အနန္တရထား၏ အပြင်ဘက် သံချပ်ကာကို တိုက်စားနေပြီး ဆီးနှင်းမုန်တိုင်း၏ ကျယ်လောင်သောအသံသည် တစ္ဆေသရဲဝိညာဥ်များ အော်မြည်သံအလား ဖြစ်ပေါ်စေသည်၊၊
နေထိုင်တွဲများ အတွင်း၌ အဖွဲ့ဝင်များသည် ၎င်းတို့၏ အပူထိန်းစက်ပစ္စည်းများနားတွင် တိုးဝှေ့နေကြ၏၊၊ အနားယူချိန်ရှိသောသူများသည် ၎င်းတို့၏ အပူထိန်းဝတ်စုံများကို ချွတ်ကာ စောင်ထူထူအောက်၌ ကွေးနေကြလေ၏၊၊
အပူပေးစနစ်သည် စွမ်းအင်အပြည့်ဖြင့် လည်ပတ်နေသော်လည်း အပြင်ဘက် ဆီးနှင်းမုန်တိုင်း ပြင်းထန်လာသည်နှင့်အမျှ ရထား၏ အတွင်းပိုင်း အပူချိန်သည် ၁၂-၁၃°C၌သာ နည်းနည်းလေး ရှိနေ၏၊၊ အပူပေးစက်များ အနီးရှိ နေရာများသာ နွေးထွေးပြီး အခြားနေရာတိုင်း၌ ရထား၏ သတ္တုနံရံများသည် အပူကို စုပ်ယူကာ အပြင်ဘက်မှ တွားသွားနေသော အအေးဓာတ်ကို ဝင်ရောက်စေသည်၊၊
ကံကောင်းစွာပင် အနန္တရထားသည် အအေးခံပစ္စည်းများကို သိုလှောင်ထားပြီး ချန်ဆီရွှမ်သည် ညစာအတွက် စည်သိပ်ဘူး အသားရိက္ခာများကို ဖြန့်ဝေထား၏၊၊ အခြေအနေများကြားမှ အားလုံးသည် ၎င်းတို့၏ ကုတင်များတွင် ပုန်းအောင်းနေပြီး သက်သောင့်သက်သာ ရှိနေကြသည်၊၊
သေးငယ်သော၊ သက်သောင့်သက်သာရှိသော နေထိုင်တွဲရှိ အခန်းငယ်တစ်ခု၌ ရှောင်ယွမ်သည် စောင်ထူထူထဲ ဝင်နေလေ၏၊၊ သူမသည် လိုက်ကာ ပြန်ဆွဲဖွင့်ပြီး အမှောင်ထဲမှ မုန်တိုင်းထန်နေသော ဆီးနှင်းများရှိရာ အပြင်သို့ ချောင်းကြည့်လျုက်၏၊၊ သူမ၏ နူးညံ့သောမျက်နှာပေါ်၌ စိုးရိမ်ပူပန်မှု၏ အရိပ်အယောင် ပေါ်လာသည်၊၊
လက်ကို ဆန့်၍ သူမသည် မှန်ကို ထိလိုက်၏၊၊ အရိုးထဲထိ စိမ့်သွားစေသော ပြင်းထန်သော အအေးဓာတ်သည် သူမ၏ အရေပြားထဲ ချက်ချင်း ဝင်လာရာ သူမကို မျက်မှောင်ကြုတ်သွားစေသည်၊၊
လျင်မြန်စွာ သူမသည် လိုက်ကာကို ပိတ်လိုက်ပြီး သူမ၏ ကုတင်ပေါ်တွင် ပြန်၍ ကွေးလိုက်၏၊၊
သူမ၏ ခေါင်းအုံးဘေးထောင့်၌ နှင်းဆီသီး သကြားလုံးဘူးနှစ်ဘူးကို သေချာစွာ သိမ်းထား၏၊၊
သကြားလုံးများကို တစ်ယောက်လျှင် တစ်ဘူးနှုန်းဖြင့် တစ်ရက်ခြား ကျပန်း ဖြန့်ဝေသော်လည်း ရှောင်ယွမ်သည် ချက်ချင်း မစားလိုဘဲ စုဆောင်းနေခဲ့၏၊၊ သူမသည် နှင်းဆီသီး သကြားလုံးများကိုသာ စုဆောင်းရန် အဖွဲ့ဖော်များနှင့်ပင် လဲလှယ်ခဲ့ပြီး ၎င်းတို့ကို သူမ၏ ခေါင်းအုံးဘေး၌ ဂရုတစိုက် သိမ်းထားသည်၊၊
ဘူးများကို ကြည့်၍ သူမသည် ချိုမြိန်စွာ ပြုံးလိုက်ပြီး အသက်ပြင်းပြင်းရှူကာ အိပ်ပျော်သွားရန် လျင်မြန်စွာ မျက်လုံးမှိတ်လိုက်သည်၊၊
လေးနာရီအတွင်း သူမသည် သူမ၏ ညစောင့်တာဝန်ချိန်အတွက် နိုးရလိမ့်မည်၊၊
ဆီးနှင်းမုန်တိုင်းသည် အရာရာတိုင်းကို ပို၍ အန္တရာယ် ရှိစေသောကြောင့် လင်းရှန်သည် အရေးပေါ်အခြေနေဖြစ်လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရန် အဖွဲ့အတွက် လေးနာရီခြားတစ်ခါ ညစောင့်တာဝန်ကို အလှည့်ကျစနစ်ဖြင့် သတ်မှတ်ပေးထားသည်၊၊
ဘဇ်... ဘဇ်...
ဝေးလ် 03E ကြီးမားသော ဓာတ်ငွေ့တာဘိုင်စက်ခေါင်းနှင့် Gemini 11R နျူကလီးယား လျှပ်စစ်ရထားစက်ခေါင်း နှစ်ခုစလုံးသည် စွမ်းအင်များ ဆက်လက်ဖွင့်ထားဆဲဖြစ်၏၊၊ လင်းရှန်သည် ၎င်းတို့ အေးခဲမသွားစေရန် အင်ဂျင်နှစ်ခုစလုံးကို လည်ပတ်နေစေသည်၊၊
ရထား၏ အပူပေးစနစ်သည် အမြင့်ဆုံး ထုတ်လွှတ်မှုဖြင့် လည်ပတ်နေပြီး အတွင်းဘက်သို့ အနွေးဓာတ်ကို အဆက်မပြတ် ထုတ်လုပ်ပေးနေသည်၊၊
၎င်းသည် ရှင်သန်မှုအတွက် လိုအပ်သော စွမ်းအင်သုံးစွဲမှုဖြစ်သော်လည်း Gemini 11R၏ ၁၀၀-မီဂါဝပ် အပူထုတ်လွှတ်မှုဖြင့် လျှပ်စစ်ဓာတ်အားသည် ပြဿနာ မဟုတ်ပေ၊၊
တစ်ခုတည်းသော တကယ့် ပြဿနာမှာ ရေ သုံးစွဲမှု ဖြစ်၏—လူသား၏ လိုအပ်ချက်များအတွက်သာမက ရထား၏ ရေတိုင်ကီများအတွက်ပါ လိုအပ်သည်၊၊
ယခုအချိန်၌ ၎င်းတို့သည် တိုင်ကီများကို ဖြည့်ရန် ဆီးနှင်းများကို အသုံးမပြုနိုင်ပေ၊၊ ချန်ဆီရွှမ်သည် ကြိုတင်၍ ထိပ်ဆုံးမှ ရေကို ဖြည့်ထားပြီး အရန်အဖြစ် ရေစည်ပိုင်းကြီးများစွာကို ပြင်ဆင်ထားသော်လည်း ပြဿနာသည် ပြင်းထန်နေဆဲပင်၊၊